Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
အီးယူလွှတ်တော်အမတ်တွေက ဂရိရဲ့ရွှေ့ပြောင်းလှေမှောက်မှု စုံစမ်းစစ်ဆေးခြင်းအပေါ် သံသယရှိနေ

#internationalnews #reels #shorts #Mizzima
👍2🔥2
သရက်ချောင်းမြို့နယ်တွင် "ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
==================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ယနေ့ ဇူလိုင်လ ၇ ရက်တွင် ကျရောက်သော (၆၁) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုကို တော်လှန်ရေး လူငယ်များက ဦးဆောင် ပြုလုပ်ကြသည်ဟု သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် "7 July စိတ်ဓာတ် ကိုင်စွဲကြ၊ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ် ချေမှုန်းကြ" " ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်" ခေါင်းစဥ်ဖြင့် လှုပ်ရှားမှု ပြုလုပ်ကြခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#ဆဲဗင်းဂျူလိုင်
#လှုပ်ရှားမှု

http://www.mizzimaburmese.com/article/130532
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
ဝဂ္ဂနာခေါင်းဆောင် ရုရှားမှာရှိနေဆဲဖြစ်ကြောင်း ဘီလာရုစ်ခေါင်းဆောင်ပြော

#internationalnews #reels #shorts #Mizzima
👏3❤2
​​ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များကို ICC က မှတ်တမ်းယူ
=======================

မြန်မာစစ်တပ်ကို လူမျိုးတုံး သတ်ဖြတ်မှုအတွက် စုံစမ်းစစ်ဆေးခြင်း တစ်စိတ်တစ်ဒေသအဖြစ် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) သည် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ ထွက်ဆိုချက်များကို မှတ်တမ်းရယူနေသည်။

အိမ်နီးချင်း မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အများအပြား ရှိနေရာ ဘင်္ဂလားဒေ့ရှ် လာရောက်ပြီး ရှေ့နေ ကာရင် အာဆတ် အာမတ် ခန်းက ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် ကော့ဘဇားမှ စခန်း (၁) နှင့် (၁၂) တို့မှ ဒုက္ခသည်များနှင့် ဇူလိုင် ၆ ရက်တွင် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

“ရှေ့နေ ခန်းကို သင့်တင့်တဲ့ အမေးအဖြေတွေ လုပ်နိုင်အောင် ဖြေဆိုမယ့်သူတွေကို ရွေးချယ်ပေးတဲ့ စကားပြန်အပါအဝင် အဖွဲ့တစ်ဖွဲ့က ကူညီပေးတယ်”ဟု ရိုဟင်ဂျာဒုက္ခသည်များအတွက် တာဝန်ရှိထားသော ဒုက္ခသည် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ရုံးမှ အကြီးတန်းတာဝန်ရှိသူ ခါလစ် ဟူစိန်က ပြောသည်။
👍8👏2🤮1🤣1
Media is too big
VIEW IN TELEGRAM
တရုတ်နဲ့ဆက်ဆံရေးတည်ငြိမ်ဖို့ ကြိုးပမ်းနေစဉ်အတွင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ပေကျင်းသို့ရောက်ရှိ

#China #American #internationalnews #reels #shorts
👍5🤣2😢1
မုံရွာသပိတ်အင်အားစုက ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်နှင့် စစ်အာဏာရှင်ဆန်ကျင့်ရေး လှုပ်ရှားမှုပြုလုပ်
==================

ပါခွီး
(မဇ္စျိမ)။ ။ မုံရွာသပိတ်အင်အားစုက ယနေ့ ဇူလိုင်လ ၇ ရက်တွင် ကျရောက်သော ဆဲဗင်းဂျူလိုင် (၆၁) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြသည်။

အဆိုပါ သပိတ်အင်အားစုသည် မုံရွာမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းအရှေ့မှစတင်၍ “7 ဂျူလိုင် စိတ်ဓာတ်ကိုင်စွဲပြီး တိုက်ပွဲဝင်ကြ” ဆိုသည့် စာတန်းကို ကိုင်ဆွဲချီတက်ခဲ့ကြကြောင်း သိရသည်။

၁၉၆၂ခုနှစ်မှ စတင်ပြီး စစ်တပ်၏ ယုတ်မာရက်စက်မှုများကို မိဘပြည်သူများအနေဖြင့် တွေ့မြင်ရပြီးဖြစ်ကြောင်းနှင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောကြားခဲ့သကဲ့သို့ “သမဂ္ဂအဆောက်အအုံကိုသာ ဖြိုလို့ရမယ် ၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓါတ် ကိုတော့ ဖြိုလို့မရ” ဟူသောစကားအတိုင်း "ကျောင်းသားရှိနေသရွေ့ ကျောင်းသား သမဂ္ဂရှိနေမည်" ဟု သပိတ်အင်အားစုက ဆိုသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ဆဲဗင်းဂျူလိုင်
#ချီတက်ဆန္ဒပြ
#မုံရွာသပိတ်အင်အားစု

http://www.mizzimaburmese.com/article/130536
👍8❤4🔥3
ဇူလိုင်လ (၇)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:03 - စစ်ကောင်စီက ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ်ချုပ်ကိုင်ထားဆဲ ဆိုတဲ့သတင်း

09:35 - တောပုရွာကို လက်နက်ခဲယမ်းလာပို့တဲ့စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခံရပြီး ၂ ဦးသေဆုံးတဲ့သတင်း

03:52 - Mytel တာဝါတိုင် ၁၀၀ နီးပါးတွင် စစ်ကောင်စီတပ်မိုင်းထောင်ထား၍ ပြည်သူများသတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့သတိပေး

10:50 - တောင်အာဖရိကဆင်းရဲသားရပ်ကွက်မှာ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၇ ဦးထက်မနည်းသေဆုံးတဲ့ သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/Lg-XYw4hC74

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🔥1😁1
​​ဖီနာဘာချီအသင်းမှ အသက် ၁၈ နှစ်အရွယ်တိုက်စစ်မှူး အာဒါ ဂူလာကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်
===================

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဖီနာဘာချီအသင်းမှ အသက် ၁၈ နှစ်အရွယ် တူရကီ playmaker ကစားသမား အာဒါ ဂူလာကို အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

"တူရကီမက်ဆီ"လို့ အမည်ပေးထားတဲ့ ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်ကစားသမား ဂျူဒီ ဘယ်လင်ဂမ်နဲ့ ပူးပေါင်းမယ့် ဘာနေဗျူးမှာ ၆ နှစ်စာချုပ် ချုပ်ဆိုထားတာပါ။

ဂူလာဟာ ပြီးခဲ့တဲ့ရာသီက လေးဂိုး သွင်းယူကာ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ပေးခဲ့ပြီး တူရကီဖလား ဗိုလ်လုပွဲမှာ အကောင်းဆုံးပွဲစဉ် ကစားသမားဆု ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
👍7🔥1
Business Round Up (7 July 2023)
==================

- ပြည်တွင်း ဖုန်းအော်ပရေတာ (၄)ခုကို အမေရိကန်ဒေါ်လာ (၁)သိန်းစီ ဒဏ်ငွေချမှတ်

- ထိုင်းရောက် မြန်မာများ အလုပ်လုပ်ခွင့်ကဒ် ဇူလိုင်လကုန်အထိ လျှောက်ထားနိုင်

- စစ်ကောင်စီက နယ်စပ် ပို့ကုန် သွင်းကုန် မူဝါဒ ထပ်မံပြောင်းအလဲပြန်

- အာဖဂန်မှာ အမျိုးသမီးအလှပြင်ဆိုင်တွေပိတ်ဖို့ တာလီဘန်အမိန့်ထုတ်

- အိန္ဒိယမှ ရေနံချက်စက်ရုံလုပ်ငန်းရှင်များက ရုရှားရေနံစိမ်းကို ယွမ်ငွေဖြင့် ပေးချေ

https://youtu.be/4u8Xba0hIqA

#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🔥2👏1
ခင်ဦးမြို့နယ်တွင် နေအိမ်နှင့်ကြက်ခြံများ မီးရှို့ဖျက်ဆီးခံရပြီး မီး​လောင်ထားသည့် ရုပ်အလောင်းတွေ့ရှိ
🤬10❤1👍1😁1