This media is not supported in your browser
VIEW IN TELEGRAM
ICC အစိုးရရှေ့နေလာရောက်ပြီးနာရီပိုင်းအကြာ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူ ၆ ဦးအသတ်ခံရ
#InternationalNews#reels #shorts #ICC
#InternationalNews#reels #shorts #ICC
👍6🔥2🥰1👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
July - 10 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour #reels #shorts #Mizzima

👍7😁1🍌1
Media is too big
VIEW IN TELEGRAM
ကိုရမ်ကျမ်းမီးရှို့မှုကို ရှုတ်ချဖို့အတွက် ပါကစ္စတန်မှာ လူထောင်နဲ့ချီစုဝေးခဲ့ကြ
#InternationalNews #reels #shorts #Pakistan #Mizzima

👍7🔥1😁1
ဇူလိုင်လ (၁၀)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
===================
00:56 - ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ စတင်ဖွဲ့စည်းတဲ့ သတင်း
03:41 တော်လှန်ရေးထောက်ပို့ဆောင်ရွက်နေတဲ့ မလေးရောက်မြန်မာများရဲ့ Clicker Team Malaysia အကြောင်း
09:44 - ဂျပန်ခေါင်းဆောင်ဟောင်း ရှင်ဇိုအာဘေးလုပ်ကြံခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်တဲ့ သတင်းနဲ့
11:21 - မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/zlq0DwHy_JU
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
ဇူလိုင်လ (၁၀)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
00:56 - ပြည်သူ့ဝန်ထမ်းများ သမဂ္ဂ စတင်ဖွဲ့စည်းတဲ့ သတင်း
03:41 တော်လှန်ရေးထောက်ပို့ဆောင်ရွက်နေတဲ့ မလေးရောက်မြန်မာများရဲ့ Clicker Team Malaysia အကြောင်း
09:44 - ဂျပန်ခေါင်းဆောင်ဟောင်း ရှင်ဇိုအာဘေးလုပ်ကြံခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်တဲ့ သတင်းနဲ့
11:21…

👍15😁2
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်
=====================
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ တစ်ဖက်သတ် ဆွေးနွေးခြင်းနဲ့ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ တင်ပြချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂအနေနဲ့ လူသားဆန်မှုနဲ့ ကြားနေအခြေခံမူများကို မကျင့်သုံးဘဲ လူ့အခွင့်အရေး အရေခြုံကာ နိုင်ငံရေးသွတ်သွင်းနေကြောင်း စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
အစီရင်ခံစာရေးသားသူနဲ့ ၎င်းလုပ်ပိုင်ခွင့်ကို ဖန်တီးတဲ့နိုင်ငံတွေဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းမရှိဘဲ အမှန်တရားကို မျက်ကွယ်ပြု ကာ နိုင်ငံအတွင်းမှာ စိတ်ဝမ်းကွဲပြားမှုများကို ဖန်တီးနေကြောင်းနဲ့ တည်ငြိမ်မှုကို နှောင့်ယှက်နေကြောင်း စစ်ကောင်စီကထုတ်ပြန်ထားတာပါ။
ကုလလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့တဲ့ "မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်စေတဲ့ နိုင်ငံတကာ လက်နက်ကုန်သွယ်မှုလမ်းကြောင်းများ"ခေါင်းစဉ်နဲ့အစည်းအဝေးစာရွက်စာတမ်း ထုတ်ပြန်ခဲ့မှု စတဲ့ လက်ခံနိုင်ဖွယ်မရှိသော အပြုအမူကို မီးမောင်းထိုးပြလိုကြောင်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲပြီး စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုချက်က ပြည်သူများကို ထိခိုက်စေရန်နဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ချိုးဖောက်ရန်အတွက်သာဖြစ်တယ်လို့ ရေးသားထားပါတယ်။
https://youtu.be/qv0irCrWlJQ
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
=====================
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ တစ်ဖက်သတ် ဆွေးနွေးခြင်းနဲ့ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ တင်ပြချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂအနေနဲ့ လူသားဆန်မှုနဲ့ ကြားနေအခြေခံမူများကို မကျင့်သုံးဘဲ လူ့အခွင့်အရေး အရေခြုံကာ နိုင်ငံရေးသွတ်သွင်းနေကြောင်း စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
အစီရင်ခံစာရေးသားသူနဲ့ ၎င်းလုပ်ပိုင်ခွင့်ကို ဖန်တီးတဲ့နိုင်ငံတွေဟာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ သာယာဝပြောရေးကြိုးပမ်းမှုများကို အသိအမှတ်ပြုခြင်းမရှိဘဲ အမှန်တရားကို မျက်ကွယ်ပြု ကာ နိုင်ငံအတွင်းမှာ စိတ်ဝမ်းကွဲပြားမှုများကို ဖန်တီးနေကြောင်းနဲ့ တည်ငြိမ်မှုကို နှောင့်ယှက်နေကြောင်း စစ်ကောင်စီကထုတ်ပြန်ထားတာပါ။
ကုလလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့တဲ့ "မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်စေတဲ့ နိုင်ငံတကာ လက်နက်ကုန်သွယ်မှုလမ်းကြောင်းများ"ခေါင်းစဉ်နဲ့အစည်းအဝေးစာရွက်စာတမ်း ထုတ်ပြန်ခဲ့မှု စတဲ့ လက်ခံနိုင်ဖွယ်မရှိသော အပြုအမူကို မီးမောင်းထိုးပြလိုကြောင်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲပြီး စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် တောင်းဆိုချက်က ပြည်သူများကို ထိခိုက်စေရန်နဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ချိုးဖောက်ရန်အတွက်သာဖြစ်တယ်လို့ ရေးသားထားပါတယ်။
https://youtu.be/qv0irCrWlJQ
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ တစ်ဖက်သတ် ဆွေးနွေးခြင်းနဲ့ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ တင်ပြချက်များအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ…
😁15👍5🤣4❤1🔥1
ဇူလိုင်လပထမပတ်အတွင်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးဟု Bago Region-PDF ပြော
==========================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် ဇူလိုင်လပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ဦးနှင့်အထက်သေဆုံးသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေ တူးကျေးရွာမှ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား အိုးမြေတူးနှင့် ရှမ်းစုကျေးရွာကြား နှမ်းခင်း အရောက်တွင် ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ် ခတ်မှု မိနစ် ၃၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံး၍ ၁၆ ဦးဒဏ်ရာရသည်ဟု ပဲခူးတိုင်း စစ်ဒေသခွဲ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ပြင် ဇူလိုင်လ ၅ ရက်နေ့ ည ၉ နာရီခန့်တွင်လည်း စည်ပိုင်းကျေးရွာနှင့် မိချောင်းအိုင်ကျေးရွာကြားရှိ နဂျပ်ချောင်းစပ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ရာ မိနစ် ၃၀ ကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားခြောက်ဦး သေဆုံး သည်ဟု ဆိုသည်။
“တိုက်ပွဲတွေမှာ သူတို့ဘက်က အမြဲအထိနာနေတယ်ဆိုတာ ကျွန်တော်တို့ဘက်မှာ ပြည်သူလူထုရှိတယ်။ ပြည်သူလူထုက ကျွန်တော်တို့ရဲ့ထောက်လှမ်းရေးတွေပဲ။ စစ်ကြောင်း စစ်ယာဉ်တန်း တပ်လှုပ်တပ်ရွှေ့ အားလုံးက ပြည်သူလူထုက ကျွန်တော်တို့ကို ဆက်သွယ်ပြောပြပြီးတော့ ပူးပေါင်းပါဝင်မှု အားကောင်း တာကြောင့်ပါ။ ရင်ဆိုင်တိုက်ပွဲဖြစ်လိုက်ပြီဆိုတိုင်းမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကိုပါ လွှင့်ပစ် လွှတ်ချပြီး ထွက်ပြေးကြတာချည်းပဲ။ ကျွန်တော်တို့က စိတ်ဓာတ်နဲ့တိုက်နေတာ သူတို့က (စစ်ကောင်စီ တပ်သားများ) မဖြစ်လို့သာလုပ်နေကြတာ စိတ်ဓာတ်တွေ ယိုင်းယိမ်ပျက်စီးနေကြပြီ” ဟု ပဲခူးတိုင်း စစ်ဒေသခွဲ၏ သတင်းပြန်ကြားရေးတာဝန်ရှိသူ ကိုဝေယံက မဇ္ဈိမကိုပြောသည်။
https://youtu.be/qjbs9UKJY9A
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

ဇူလိုင်လပထမပတ်အတွင်းကျောက်တံခါးနှင့်ရေတာရှည်တို့တွင်စစ်တပ်သား ၃၀ ကျော်သေဆုံးဟု Bago Region-PDF ပြော
ရွှေနွယ်(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးနှင့် ရေတာရှည်မြို့နယ်တို့တွင် ဇူလိုင်လပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ဦးနှင့်အထက်သေဆုံးသည်ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၏…
👍19👏7😁2🍌1
Media is too big
VIEW IN TELEGRAM
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက် ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်
Watch more detail - https://youtu.be/qv0irCrWlJQ
#reels #PoliticalNews #shorts #MizzimaTV

🤣13👍1🔥1👏1
မြင်းခြံအကျဉ်းထောင်မှ ထောင်ဝန်ထမ်း ၃ ဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး ထောင်ချခံရ
=========================
001
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ ထောင်ဝန်ထမ်းသုံးဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး တဦးလျှင် ထောင်ဒဏ်ခြောက်လစီချမှတ်ခံလိုက်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က တပ်ကြပ် နေမျိုးသိန်း၊ ဒုတပ်ကြပ်တဦးနှင့် အခြား ထောင်ဝန်ထမ်းတဦး တို့ကို မြင်းခြံထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှတာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
“အဓိကကတော့ အကျဉ်းသားတွေကို ကူညီပေးလို့ဆိုတဲ့ အကြောင်းပြချက်တွေပါတယ်။ ပြီးတော့ သူတို့ ထဲက တချို့ကမူးယစ်ဆေးဝါးတွေ သွင်းတယ်ဆိုပြီး ပြောတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ ဝန်ထမ်းများအား မည်သည့်ပုဒ်မဖြင့်တရားစွဲခံခဲ့ရကြောင်းကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးအား ပြင်ပရှိ PDF များနှင့် ဖုန်းဖြင့်ဆက်သွယ်သည်ဟူသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ထောင်ပြင်ပသို့ ခေါ်ဆောင် ရိုက်နှက်စစ်ဆေးခဲ့ပြီး ထောင်ဝန်ထမ်းအချို့လည်း စစ်ဆေးခံရမှုများ ရှိခဲ့သည်။
မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၉၈၀ ကျော်ရှိပြီး ထောင်ပြင်ပသို့ ခေါ်ထုတ်ရိုက်နှက်ခံရ သည့် နိုင်ငံရေးအကျဉ်းသားများမှာ ဇွန်လကုန်ပိုင်းက မကွေးအကျဉ်းထောင်နှင့် သရက်အကျဉ်းထောင် သို့ ပို့ဆောင်ခံလိုက်ရကြောင်း သိရသည်။
လက်ရှိတွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်စကောအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ထောင်ပြောင်းရွှေ့ခံရကာ ထိုအထဲမှ နိုင်ငံရေးအကျဉ်းသားအချို့ သတ်ဖြတ်ခံရသည့်အပြင် ထောင် ဝန်ထမ်းအချို့လည်း စစ်ဆေးခံနေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#မြင်းခြံမြို့
#အကျဉ်းထောင်
#ထောင်ဒဏ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
001
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်မှ ထောင်ဝန်ထမ်းသုံးဦး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရပြီး တဦးလျှင် ထောင်ဒဏ်ခြောက်လစီချမှတ်ခံလိုက်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က တပ်ကြပ် နေမျိုးသိန်း၊ ဒုတပ်ကြပ်တဦးနှင့် အခြား ထောင်ဝန်ထမ်းတဦး တို့ကို မြင်းခြံထောင်တွင်းတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှတာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။
“အဓိကကတော့ အကျဉ်းသားတွေကို ကူညီပေးလို့ဆိုတဲ့ အကြောင်းပြချက်တွေပါတယ်။ ပြီးတော့ သူတို့ ထဲက တချို့ကမူးယစ်ဆေးဝါးတွေ သွင်းတယ်ဆိုပြီး ပြောတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ ဝန်ထမ်းများအား မည်သည့်ပုဒ်မဖြင့်တရားစွဲခံခဲ့ရကြောင်းကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးအား ပြင်ပရှိ PDF များနှင့် ဖုန်းဖြင့်ဆက်သွယ်သည်ဟူသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က ထောင်ပြင်ပသို့ ခေါ်ဆောင် ရိုက်နှက်စစ်ဆေးခဲ့ပြီး ထောင်ဝန်ထမ်းအချို့လည်း စစ်ဆေးခံရမှုများ ရှိခဲ့သည်။
မြင်းခြံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၉၈၀ ကျော်ရှိပြီး ထောင်ပြင်ပသို့ ခေါ်ထုတ်ရိုက်နှက်ခံရ သည့် နိုင်ငံရေးအကျဉ်းသားများမှာ ဇွန်လကုန်ပိုင်းက မကွေးအကျဉ်းထောင်နှင့် သရက်အကျဉ်းထောင် သို့ ပို့ဆောင်ခံလိုက်ရကြောင်း သိရသည်။
လက်ရှိတွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်စကောအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ထောင်ပြောင်းရွှေ့ခံရကာ ထိုအထဲမှ နိုင်ငံရေးအကျဉ်းသားအချို့ သတ်ဖြတ်ခံရသည့်အပြင် ထောင် ဝန်ထမ်းအချို့လည်း စစ်ဆေးခံနေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#မြင်းခြံမြို့
#အကျဉ်းထောင်
#ထောင်ဒဏ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤5🔥2👏1
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနေပြည်တော်သို့နေ့ချင်းပြန်လာရောက်ပြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ
==========================
ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ ဒွန်ပရာ မူဝီနိုင်း (Don Pramudwinai) ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့တွေ့ဆုံခဲ့မှု သတင်းကို မထုတ်ပြန်ဘဲ စစ်ကောင်စီက လျှို့ဝှက်ထားကြောင်း သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က နေပြည် တော်သို့ ထိုင်းစစ်တပ် အထူးလေယာဉ်ဖြင့် လာရောက်ခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်မှာ ပြန်လည် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို အကာအကွယ်ပေး ထိတွေ့ဆက်ဆံနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinaiရဲ့ နေ့ချင်းပြန် ခရီးစဉ်ဟာ အကြမ်းဖက် မင်းအောင်လှိုင်ကို နောက်ဆုံး လာရောက်တွေ့ဆုံတဲ့ ခရီးစဉ်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မတိုင်မီ လာရောက်ခြင်းလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ Don Pramudwinai ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ကာ မြန်မာ့အရေး ဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ အပြင်းအထန် ဝေဖန်မှုကို ခံနေရသူလည်းဖြစ်ပါတယ်။
https://youtu.be/RUYnGJo8TnQ
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
==========================
ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ ဒွန်ပရာ မူဝီနိုင်း (Don Pramudwinai) ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့တွေ့ဆုံခဲ့မှု သတင်းကို မထုတ်ပြန်ဘဲ စစ်ကောင်စီက လျှို့ဝှက်ထားကြောင်း သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က နေပြည် တော်သို့ ထိုင်းစစ်တပ် အထူးလေယာဉ်ဖြင့် လာရောက်ခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်မှာ ပြန်လည် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီကို အကာအကွယ်ပေး ထိတွေ့ဆက်ဆံနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinaiရဲ့ နေ့ချင်းပြန် ခရီးစဉ်ဟာ အကြမ်းဖက် မင်းအောင်လှိုင်ကို နောက်ဆုံး လာရောက်တွေ့ဆုံတဲ့ ခရီးစဉ်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မတိုင်မီ လာရောက်ခြင်းလည်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး လည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ Don Pramudwinai ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ခေါ်ကာ မြန်မာ့အရေး ဆွေးနွေးပွဲကို လုပ်ဆောင်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ အပြင်းအထန် ဝေဖန်မှုကို ခံနေရသူလည်းဖြစ်ပါတယ်။
https://youtu.be/RUYnGJo8TnQ
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
ထိုင်းနိုင်ငံခြားရေးဝန်ကြီးနေပြည်တော်သို့နေ့ချင်းပြန်လာရောက်ပြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံ
ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်သူ ဒွန်ပရာ မူဝီနိုင်း (Don Pramudwinai) ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့တွေ့ဆုံခဲ့မှု သတင်းကို မထုတ်ပြန်ဘဲ စစ်ကောင်စီက လျှို့ဝှက်ထားကြောင်း သိရပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊…
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊…
👍5🤮5🔥4💩4❤1
သံတောင်တွင် အရပ်သား၂ ဦး စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံး
======================
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့သစ် ၁၃ မိုင်မှ လူငယ်တစ်ဦး၊ ပျားစခန်း ကျေးရွာမှ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ရကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၂) သတင်းရင်းမြစ်များထံမှ သိရသည်။
သံတောင်ကြီးမြို့နယ်၊ ပျားစခန်းကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ကိုမင်းဇော်ဦးသည် ဇူလိုင်လ ၈ ရက် နေ့ ညနေပိုင်းက ဈေးရောင်းပြီးအပြန်တွင် စစ်ကောင်စီတပ်သားများနှင့် ထိပ်တိုက်တွေ့ရာမှ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။
“အခုထိ အလောင်းပြန်မရသေးဘူးဗျ။ ဖြစ်စဉ်က ဈေးရောင်းပြီး ပြန်လာတဲ့အချိန် သေနတ်နဲ့ပစ်ခံရတာလို့ တော့ သိထားရတယ်၊ သာမာန်ပြည်သူ လူငယ်လေးပါ” ဟု KNU တပ်မဟာ (၂)၊ တပ်ရင်း (၅) တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။
သေဆုံးသူနောက်တဦးမှာ သံထောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂)တွင် နေထိုင်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်သားများက နေအိမ်ကို ရောက်လာပြီး ပစ်သတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
နှစ်ဦး ပစ်ခတ်ခံရခြင်းဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသား သေဆုံးသွားခြင်းဖြစ်ကာ တဦးမှာ ဦးခေါင်းတွင် ဒဏ်ရာရပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
“နှစ်ယောက်အပစ်ခံရတာ၊ အရပ်သားတွေချည်းပဲ။ သေသွားတဲ့တယောက်မှာက ကလေးနှစ်ယောက်ရှိ တယ်လို့ကြားတယ်။ အသက်က ၃၀ ကျော်လောက်ရှိမယ် နာမည်တော့ မသိရသေးဘူး။ အိမ်နှစ်လုံးလည်း မီးရှို့သွားတယ်” ဟု KNU တပ်မဟာ (၂) သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သားများသည် သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂)မှ နေအိမ်နှစ်လုံးကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အရပ်သားနှစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီ ဘက်မှ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိပေ။
သံတောင်ကြီးမြို့နယ်အတွင်း၌ တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု၊ ဒေသခံ များအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ရွာသားအများစု ဘေးလွတ်ရာထွက်ပြေးတိမ်း ရှောင်နေကြရကြောင်းလည်း ဒေသခံများက ပြောသည်။
ယင်းကြောင့် မြို့ထဲတွင်နေထိုင်သူ လူအနည်းငယ်သာရှိကြောင်းလည်း ဒေသတွင်း သတင်းရင်းမြစ်များ ထံမှ သိရသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#သံတောင်ကြီးမြို့နယ်
#လူ၂ဦးပစ်သတ်ခံရ

🤬12👍6❤1🔥1😁1
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ နေ့ချင်းပြန်လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံ
Watch more detail - https://youtu.be/RUYnGJo8TnQ
#reels #PoliticalNews #shorts #MizzimaTV
Watch more detail - https://youtu.be/RUYnGJo8TnQ
#reels #PoliticalNews #shorts #MizzimaTV
💩11❤1🔥1
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဉ် မြန်မာ့အရေးဆွေးနွေးမည်
===================
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ လာမယ့်သီတင်းပတ် အင်ဒိုနီးရှားခရီးစဉ်အတွင်း အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံရင် မြန်မာ့အရေးကိစ္စဟာ အဓိကဆွေးနွေးဖို့ အကြောင်းရပ်တခုဖြစ်မယ်လို့ နိုင်ငံခြားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်း မြန်မာစစ်ကောင်စီကို အာဆီယံက ပြင်းထန်စွာ အရေးယူရန် ဖိအားပေးမျှော်လင့်ထားပြီး မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်စွာ အရေးယူရန်နဲ့ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်ရဲ့ လုပ်ရပ်များကို ပြန်လည်တွန်းလှန်ရေး အာဆီယံနိုင်ငံများကို စည်းရုံးရန် အမေရိကန်က မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဆိုင်ရာ ထိပ် တန်း နိုင်ငံခြားရေးဌာန အရာရှိ ဒန်နီရယ် ခရတန်ဘရစ်ခ်က ပြောကြားထားတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ ဇူလိုင်လဒုတိယအပတ်မှာ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မှာဖြစ်ပါတယ်။
မြန်မာ့အရေးဟာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစတင်ကာ အာဆီယံ ထိပ်သီးအစည်းအဝေးတိုင်း ဆွေးနွေးရတဲ့ အဓိကပြဿနာများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောပါတယ်။
https://youtu.be/aCszTLGdvB0
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
===================
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ လာမယ့်သီတင်းပတ် အင်ဒိုနီးရှားခရီးစဉ်အတွင်း အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံရင် မြန်မာ့အရေးကိစ္စဟာ အဓိကဆွေးနွေးဖို့ အကြောင်းရပ်တခုဖြစ်မယ်လို့ နိုင်ငံခြားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်း မြန်မာစစ်ကောင်စီကို အာဆီယံက ပြင်းထန်စွာ အရေးယူရန် ဖိအားပေးမျှော်လင့်ထားပြီး မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်စွာ အရေးယူရန်နဲ့ တောင်တရုတ်ပင်လယ်အရေးမှာ တရုတ်ရဲ့ လုပ်ရပ်များကို ပြန်လည်တွန်းလှန်ရေး အာဆီယံနိုင်ငံများကို စည်းရုံးရန် အမေရိကန်က မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှဆိုင်ရာ ထိပ် တန်း နိုင်ငံခြားရေးဌာန အရာရှိ ဒန်နီရယ် ခရတန်ဘရစ်ခ်က ပြောကြားထားတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ပါဝင်တက်ရောက်ဖို့ ဇူလိုင်လဒုတိယအပတ်မှာ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်မှာဖြစ်ပါတယ်။
မြန်မာ့အရေးဟာ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှစတင်ကာ အာဆီယံ ထိပ်သီးအစည်းအဝေးတိုင်း ဆွေးနွေးရတဲ့ အဓိကပြဿနာများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောပါတယ်။
https://youtu.be/aCszTLGdvB0
#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဉ် မြန်မာ့အရေးဆွေးနွေးမည်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ လာမယ့်သီတင်းပတ် အင်ဒိုနီးရှားခရီးစဉ်အတွင်း အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံရင် မြန်မာ့အရေးကိစ္စဟာ အဓိကဆွေးနွေးဖို့ အကြောင်းရပ်တခုဖြစ်မယ်လို့ နိုင်ငံခြားရေးဌာနတာဝန်ရှိသူက ပြောပါတယ်။…
👍17👏4🤮2
တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
🥰10👍2🔥1
တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်
=====================
KMN
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းနှင့် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းတို့အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ဇူလိုင်လ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
“ခလယ်တံခွန်တိုင် ရဲစခန်းကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား တဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမသို့ ပြောသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား ၆၀ မမ၊ ၈၁ မမ ဗုံးသီး များဖြင့်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ရှေ့ထွက်မိုင်းများ၊ ၆၀ မမ၊ ၈၁ မမ ဗုံးသီးများဖြင့် ဆက်လက်ဖောက်ခွဲ တိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။
တောင်ကလေးရဲစခန်း တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ဖောက်ခွဲတိုက်ခိုက်မှုတွင် 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်း စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းစစ်ရေးလူပ်ရှားမှုများအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့ တို့က ရှေ့ထွက်မိုင်းများ၊ ဒရုန်းဖြင့် ပစ်ခတ်ရသော ဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#မွန်ပြည်နယ်
#ရဲစခန်း
#တိုက်ခိုက်မှု
Photo - Cloud Wings
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
KMN
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တောင်ကလေးရဲစခန်းနှင့် ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်ရှိ ခလယ်တံခွန်တိုင်ရဲစခန်းတို့အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ဇူလိုင်လ ၉ ရက်တွင် သတင်းထုတ်ပြန်သည်။
“ခလယ်တံခွန်တိုင် ရဲစခန်းကို နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား တဦး သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမသို့ ပြောသည်။
ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား ၆၀ မမ၊ ၈၁ မမ ဗုံးသီး များဖြင့်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ရှေ့ထွက်မိုင်းများ၊ ၆၀ မမ၊ ၈၁ မမ ဗုံးသီးများဖြင့် ဆက်လက်ဖောက်ခွဲ တိုက် ခိုက်ခဲ့သည်ဟု ဆိုသည်။
တောင်ကလေးရဲစခန်း တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အားခွဲရုံအား ဖောက်ခွဲတိုက်ခိုက်မှုတွင် 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်း စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းစစ်ရေးလူပ်ရှားမှုများအား KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့ တို့က ရှေ့ထွက်မိုင်းများ၊ ဒရုန်းဖြင့် ပစ်ခတ်ရသော ဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#မွန်ပြည်နယ်
#ရဲစခန်း
#တိုက်ခိုက်မှု
Photo - Cloud Wings
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏4🔥1
အလံပုံကိုပြုပြင်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ရေယာဉ်ငယ်ပုံကဲ့သို့ ဖြန့်ဝေ
=====================
အီရန်တော်လှန်ရေးအစောင့်တပ်၏ ရေယာဉ်ငယ်ပုံမှအလံကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ၏ အလံဖြင့် အစားထိုးပြုပြင်ထားသည့်ပုံတပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။
“မြောက်ဦးမြေက လွမ်းနေမယ်” ဟု အဓိပ္ပာယ်ရသည့် ရခိုင်ဘာသာဖြင့်ရေးသားထားသည့် ဖေ့စ်ဘုတ် အကောင့်တစ်ခုက ဇူလိုင်လ ၆ ရက်နေ့တွင် “ကြည့်ကြပါဦး ချစ်အမျိုးတို့” ဟုဆိုကာ ရခိုင်ဘာသာဖြင့် စတင်ဖြန့်ဝေထားသည်။ လက်ရှိတွင် ပို့စ်အားဖျက်သွားသော်လည်း လူမှုကွန်ရက်တွင် ဆက်လက်ပျံ့နှံ့ နေ ဆဲဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
အီရန်တော်လှန်ရေးအစောင့်တပ်၏ ရေယာဉ်ငယ်ပုံမှအလံကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA) ၏ အလံဖြင့် အစားထိုးပြုပြင်ထားသည့်ပုံတပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။
“မြောက်ဦးမြေက လွမ်းနေမယ်” ဟု အဓိပ္ပာယ်ရသည့် ရခိုင်ဘာသာဖြင့်ရေးသားထားသည့် ဖေ့စ်ဘုတ် အကောင့်တစ်ခုက ဇူလိုင်လ ၆ ရက်နေ့တွင် “ကြည့်ကြပါဦး ချစ်အမျိုးတို့” ဟုဆိုကာ ရခိုင်ဘာသာဖြင့် စတင်ဖြန့်ဝေထားသည်။ လက်ရှိတွင် ပို့စ်အားဖျက်သွားသော်လည်း လူမှုကွန်ရက်တွင် ဆက်လက်ပျံ့နှံ့ နေ ဆဲဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
This media is not supported in your browser
VIEW IN TELEGRAM
July - 10 [2 Pm] Mizzima News Hour
Mizzima Headline News
#2pmnews #mizzimanewshour #reels #shorts #mizzimadailynews

🍌2
Media is too big
VIEW IN TELEGRAM
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုခရီးစဉ် မြန်မာ့အရေးဆွေးနွေးမည်
Watch more detail - https://youtu.be/aCszTLGdvB0
#reels #PoliticalNews #shorts #MizzimaTV
Watch more detail - https://youtu.be/aCszTLGdvB0
#reels #PoliticalNews #shorts #MizzimaTV
👍18❤3👎1🤮1
ဇူလိုင်လ ( ၁၀)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
− လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်တဲ့သတင်း
− ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို နေ့ချင်းပြန်လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့သတင်း
− ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့
− ICC အစိုးရရှေ့နေလာရောက်ပြီးနာရီပိုင်းအကြာ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူ ၆ ဦးအသတ်ခံရတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/EJ1aHdVyIfI
#2pmnews
#Mizzimanewshour
#mizzimatv
================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
− လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်တဲ့သတင်း
− ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို နေ့ချင်းပြန်လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့သတင်း
− ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့သတင်းနဲ့
− ICC အစိုးရရှေ့နေလာရောက်ပြီးနာရီပိုင်းအကြာ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ လူ ၆ ဦးအသတ်ခံရတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/EJ1aHdVyIfI
#2pmnews
#Mizzimanewshour
#mizzimatv
================
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ ( ၁၀)ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 − လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေးချက်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း စစ်ကောင်စီထုတ်ပြန်တဲ့သတင်း
04:23 − ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို နေ့ချင်းပြန်လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့သတင်း
06:46 − ကချင်လွ…

👍12😁1