သထုံ-ဘားအံလမ်း ဘုရင့်ညီဂူနှင့် ဝါးပိုးတောလမ်းဆုံကြားရှိတံတား မိုင်းခွဲဖျက်ဆီးခံရ
👍6🔥2🤮1

=======================
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ တံတားတစ်စင်း ယနေ့ ဇူလိုင် လ ၁၀ ရက် နံနက် ၁ နာရီ ၁၀ မိနစ်ခန့်က မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသတွင်းသတင်းရင်းမြစ် များထံမှ သိရသည်။
သထုံ-ဘားအံလမ်းမကြီး ကရင်ပြည်နယ်ဘက်အခြမ်း၊ ဘားအံမြို့နယ်၊ ဂူဝကျေးရွာ၊ ဘုရင့်ညီဂူနှင့် ဝါးပိုး တောလမ်းဆုံကြားရှိ တံတား မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။
ဖောက်ခွဲမှုကြောင့် တံတားလက်ရန်းအချို့ပျက်စီးပြီး ကြမ်းခင်းအချို့ အက်ကွဲ၊ ပေါက်ပြဲသွားကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးကဆိုသည်။
“အခုတော့ လမ်းတစ်ခြမ်း ပိတ်ထားသေးတယ်။ ကျန်တဲ့အခြမ်းကနေ အကုန်ပြန်သွားလို့ရနေပါပြီ” ဟု ဒေသတွင်း လူမှုကူညီရေးအသင်းတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်အစောပိုင်းက တံတားပေါ်သို့ ယာဉ်ဖြတ်သန်း သွားလာမှုကို ပိတ်ဆို့ထားခဲ့ပြီး နံနက် ၉ နာရီဝန်းကျင်မှစ၍ အိမ်စီးကားများ၊ ဆိုင်ကယ်၊ သုံးဘီး အစရှိ သည့် ယာဉ်ငယ်များကို ဖြတ်သန်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
မွန်းလွဲ ၂ နာရီခွဲခန့်မှစတင်ကာ ကုန်ကားအချို့ကိုပါ ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုနေပြီဖြစ်ကြောင်း သိရသည်။
မိုင်းခွဲဖျက်ဆီးခံရသည့်တံတားတည်ရှိရာ သထုံ- ဘားအံလမ်းမကြီးသည် မြဝတီ-ဘားအံ-သထုံ-ရန်ကုန် ကုန်သွယ်ရေးအတွက် အဓိကအသုံးပြုနေကြရသည့်လမ်းဖြစ်ပြီး မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း မသိရသေးပေ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်၊ မိတ်ဖက်ရေးရာကော်မတီ ဥက္ကဋ္ဌထံ မဇ္ဈိမမှ ဖုန်းဖြင့်လေးကြိမ်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ချေ။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းအား တားဆီးရန် ဘီးလင်းမြို့ နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်ရှိ ကျုံအိတ်တံတား(ခ) ဗိုလ် ပလေးတံတားအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။
စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#တံတား
#မိုင်းခွဲဖျက်ဆီး
#သထုံ
#ဘားအံ
#ကရင်ပြည်နယ်
ဓါတ်ပုံ- Nay Lin Aung ( လူမှုကွန်ယက်)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍10❤1🔥1🤮1
အာဖဂန်တာလီဘန်များက ပါကစ္စတန်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် စတင် လုပ်ဆောင်နေ
====================
တာလီဘန်ဦးဆောင်သော အာဖဂန်ကြားဖြတ်အစိုးရသည် နယ်စပ်ဖြတ်ကျော်အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏စိုးရိမ်ပူပန်မှုများအပါအဝင် ပါကစ္စတန်နှင့် အခြားအိမ်နီးချင်းနိုင်ငံများနှင့် ဖြေရှင်းရန် ခြေလှမ်းများ စတင်နေပြီဖြစ်ကြောင်း ပါကစ္စတန်သံအမတ်က ပြောကြားသည်။
ဗွီအိုအေ သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အာဖဂန်နစ္စတန်ဆိုင်ရာ ပါကစ္စတန် အထူးကိုယ်စားလှယ် အာဆစ်ဒါရန်နီက အာဖဂန်နယ်စပ်ဒေသများမှ တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) စစ်သွေးကြွများကို ပြောင်းရွှေ့နေရာချထားခြင်းသည် သိသာထင်ရှားသော တိုးတက်မှုဖြစ်စဉ်တစ်ခုဖြစ်သော်လည်း ရလဒ်များကို ခန့်မှန်းရန် စောနေသေးကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက အာဖဂန်တာလီဘန်များ အာဏာပြန်ရလာပြီးနောက် ပါကစ္စတန် တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခဲ့ပြီး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများအတွက် တာဝန်ရှိ သည့် TTP အပါအဝင် အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသား အရေးယူရန် ပါကစ္စတန်က တာလီဘန်အာဏာပိုင်များကို တောင်းဆိုထားသည်။

👍4😁2
စပွန်ဆာမပါတဲ့ အိမ်ကွင်းအင်္ကျီဝတ်စုံအသစ်ကို ချယ်လ်ဆီးအသင်း ထုတ်ပြ
===================
ချယ်လ်ဆီးအသင်းဟာ အင်္ကျီရှေ့စပွန်ဆာမပါဘဲ ၂၀၂၃-၂၄ ရာသီအတွက် သူတို့ရဲ့ အိမ်ကွင်းဝတ်စုံကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ဆက်သွယ်ရေးကုမ္ပဏီ Three နဲ့ ရှပ်အင်္ကျီစာချုပ်ဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ သက်တမ်းကုန်ဆုံးချိန်မှာ သက်တမ်းတိုးခြင်းမရှိခဲ့ပါဘူး။
ပရီးမီးယားလိဂ်ဟာ သူတို့ရဲ့ ရုပ်သံထုတ်လွှင့်ခွင့်မူပိုင်ကိုင်ဆောင်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမှာကို စိုးရိမ်တာကြောင့် streaming ဝန်ဆောင်မှုပေးတဲ့ Paramount+ နဲ့ သဘောတူညီချက်ကို ပိတ်ပင်ခဲ့တာပါ။

👍8😁3
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
=======================
ပါကစ္စတန်နိုင်ငံရဲ့အဆုံးမရှိသော စီးပွားရေးဒုက္ခများ
မက်ဇဖာရာဘတ်တွင် ဝန်ထမ်းများကအာဏာပိုင်များကို ဆန္ဒပြ
နှစ်စဉ်ကျင်းပသော အရှင်ဂျဂန်နက်ရဲ့ရက်ရထရာပွဲတော်ကို တကမ္ဘာလုံးရှိ ကိုးကွယ်ယုံကြည်သူများလာရောက်ဆင်နွှဲ
အိန္ဒိယနိုင်ငံရဲ့မြင့်မြတ်တဲ့ ပူရီမြို့မှာ ရက်ရာထရာခေါ် ပန်းရထား ပွဲတော်ကို
ကြီးမြတ် နက်ရှိုင်းတဲ့ယုံကြည်မှုတွေနဲ့ ကျင်းပခဲ့
အာရှတစ်ခွင်က ထူးခြားတဲ့အကြောင်းအရာများကို သိရှိနိုင်မဲ့Asia Watch ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/loptfS_3fHU
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့
ပါကစ္စတန်နိုင်ငံရဲ့အဆုံးမရှိသော စီးပွားရေးဒုက္ခများ
မက်ဇဖာရာဘတ်တွင် ဝန်ထမ်းများကအာဏာပိုင်များကို ဆန္ဒပြ
နှစ်စဉ်ကျင်းပသော အရှင်ဂျဂန်နက်ရဲ့ရက်ရထရာပွဲတော်ကို တကမ္ဘာလုံးရှိ ကိုးကွယ်ယုံကြည်သူများလာရောက်ဆင်နွှဲ
အိန္ဒိယနိုင်ငံရဲ့မြင့်မြတ်တဲ့ ပူရီမြို့မှာ ရက်ရာထရာခေါ်…

👍4😁1
စစ်အုပ်စုက တရားမဝင် မူးယစ်ဆေးရောင်းဝယ်မှု၌ ပါဝင်ပတ်သက်မှုကို ဖုံးကွယ်ထားစဉ် မူးယစ်ဆေးစွဲသူများ ဒုက္ခရောက်နေ
====================
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ပျံ့နှံ့ရှိနေသော မူးယစ်ဆေးစွဲနေသူတို့မှာ ဥပဒေချိုးဖောက်သော စက်ဝန်းတစ်ခုထဲ ပိတ်မိလျက် ရှိရင်း အာဏာပိုင်များထံမှ အကူအညီ မရရှိသလောက် ဖြစ်နေကြရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်တွင် ကျရောက်သည့် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာနေ့နှင့်ပတ်သက်ပြီး ယခုနှစ် မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ မက်ဆေ့ချ်တွင် ဇောက်ထိုးစကားတစ်ခု ရှိနေသည်။
အဓိက ဆောင်ပုဒ်လား။ “ပြည်သူသာလျှင် အဓိက၊ ကာကွယ်မှုအားကောင်းစေဖို့ ဝေဖန်ပြစ်တင်ခြင်းနှင့် ခွဲခြားဆက်ဆံမှုကို ရပ်တန့်စို့” ဖြစ်သည်။ စစ်ကောင်စီသည် မက်သာဖက်တမင်းမှ စပြီး ကီတာမင်း၊ ဘိန်းနှင့် ဘိန်းဖြူအထိ ဖမ်းဆီးရမိထားသော တရားမဝင် မူးယစ်ဆေးဝါးများ အမြောက်အမြားကို မီးရှို့ဖျက်ဆီးသည့် အခမ်းအနားများနှင့်အတူ ထိုစာတန်းအတိုင်း သံယောင်လိုက်သည်။
၂၀၂၁ ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် တရားမဝင် ရပ်တည်နေသည့် စစ်ကောင်စီသည် မူးယစ်ဆေးစွဲနေသူများ ပုံမှန်ဘဝရောက်စေရေး အကူအညီပေးရန်နှင့် ပြည်သူကို အလေးထားရန် ပျက်ကွက်နေရုံတင်မကဘဲ စစ်တပ်နှင့်ရဲတပ်ဖွဲ့အပါအဝင် စစ်ကောင်စီလက်အောက်ခံ အရာရှိအများအပြားသည် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်ရင်း အလုပ်များလျက် ရှိသည်။ ဒီမိုကရေစီ စမ်းသပ်မှု ဆယ်စုနှစ်ကာလအတွင်း ယူနီဖောင်းဝတ် အမျိုးသားများ ပါဝင်ပတ်သက်မှုလယ်ဗယ်က အရှိန်မြင့်ခဲ့ပြီး အာဏာသိမ်းမှုအလွန် ဖရိုဖရဲအခြေအနေကာလအတွင်း ယင်းလယ်ဗယ်က စတင်၍ ဇယ်စက်သလို တိုးမြင့်လာခဲ့ကြောင်း အကဲခတ်လေ့လာသူများအရ သိရသည်။
မူးယစ်ဆေးစွဲနေသူများနှင့် ရွှေတြိဂံဒေသရှိ အပျက်သဘောဆောင်စွာ ထိခိုက်ခံစားထားရသူများ၏ ဘဝ၊ အသက်များအတွက် ကြောက်မက်ဖွယ် အခြေအနေများက ဆိုးဝါးနေသည်။ အဓိကအားဖြင့် ရှမ်းနှင့် ကချင်ပြည်နယ်တို့ အပါအဝင် တိုင်းရင်းသားဧရိယာများရှိ ယာယီသုံး စက်ရုံ၊ စခန်းများ၌ ထုတ်သည့် မက်သ် ဆေးပြားများနှင့် ဘိန်းဖြူတို့က အရှေ့တောင်အာရှ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ယုတ်စွအဆုံး ထိုထက် ကျော်လွန်အလှမ်းဝေးသည့် ဒေသများရှိ နိုင်ငံများ၏ လမ်းများပေါ်သို့ သွားနေသည်။

👍13❤1🔥1😁1
Misinformation Buster | သတင်းမှားများကို တိုက်ဖျက်ခြင်း
==================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
• လိုင်ဇာမြို့တွင်းကို စစ်ကောင်စီတပ်များဝင်ရောက်နေပြီဖြစ်ကြောင်း ဗီဒီယိုအဟောင်းနဲ့ ဖြန့်တဲ့ သတင်းတုနဲ့အတူ
• ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး စာကြည့်တိုက် မီးလောင်တယ်ဆိုတဲ့သတင်းမှား
• လယ်ပိုင်ရှင်အမျိုးသားကို သတ်ပြီး လယ်မြေအတင်းအဓမ္မရယူထားတယ် ဆိုတဲ့ သတင်းမှား နဲ့
• အီရန်နိုင်ငံရဲ့ ရေယာဉ်ငယ်ပုံကို ပြုပြင်ပြီး ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) အလံနဲ့ အစားထိုးထားတဲ့ ပုံအတု စတဲ့ တစ်ပတ်အတွင်း ပျံ့နှံ့ခဲ့တဲ့ သတင်းတုတွေအကြောင်းကို ဂျူချန်းက တင်ဆက်ထားပါတယ်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
https://youtu.be/03dHN0-og1s
#Misinformation_Buster
#Weekly_Package
#Fake_News
-------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ပြင်သစ်နိုင်ငံရဲ့ အကြီးဆုံး စာကြည့်တိုက် မီးလောင်တယ်ဆိုတဲ့သတင်းမှား |Misinformation Buster S3| Ep.74
Misinformation Buster | သတင်းမှားများကို တိုက်ဖျက်ခြင်း
................................................
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
…

👍3🍌2
ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
=================
https://youtu.be/X6xpjbE6LGc
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=================
https://youtu.be/X6xpjbE6LGc
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။…

🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
ချွတ်ခြုံကျနေတဲ့နိုင်ငံကနေ သီရိလင်္ကာနိုင်ငံသားတွေ စွန့်ခွာဖို့ကြိုးစားနေကြ
#internationalnews #reels #shorts
#internationalnews #reels #shorts
👍4🔥3
အရာတော်အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် စ.ခ.တ(၁၀)ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
================
MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် စ.ခ.တ (၁၀) ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ကတုတ်ကျင်း ကင်းတဲဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါအဖွဲ့မှတာဝန်ရှိသူ ကိုနောင်ရိုးက ပြောသည်။
“ ၁၀၇ မမ တလုံး သွားရောက်ပစ်ခတ်ခဲ့တာပါ။ အရာတော်နဲ့ မြင်းမူ နယ်နိမိတ်ထိစပ်နေတဲ့ ကျေးရွာတွေ ကို စစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက် သွားရောက်တိုက်ခိုက်ခဲ့တာ ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအတိကျကို မသိရသေးသကဲ့သို့ မဇ္ဈိမမှ အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်ခဲ့သေးကြောင်း Danger Force LPDF အဖွဲ့ကဆိုသည်။
အရာတော်မြို့အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် စ.ခ.တ (၁၀) ကို ဇူလိုင်လအတွင်း ဒုတိယအကြိမ် မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့ နံနက်အစောပိုင်းကလည်း ရှော့တိုက်ဒုံး ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ထုတ်ပြန်တွင်ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုကို Danger Force LPDF အဖွဲ့နှင့်အတူ မုံရွာခရိုင်တပ်ရင်း(၆)မှ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
https://youtu.be/u4OVSWDhjHo
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#အရာတော်
#စစ်အခြေခံလေ့ကျင့်ရေးတပ်
#ရှော့တိုက်ဒုံး
#Danger Force LPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
================
MTO
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် စ.ခ.တ (၁၀) ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ ကတုတ်ကျင်း ကင်းတဲဘေးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အဆိုပါအဖွဲ့မှတာဝန်ရှိသူ ကိုနောင်ရိုးက ပြောသည်။
“ ၁၀၇ မမ တလုံး သွားရောက်ပစ်ခတ်ခဲ့တာပါ။ အရာတော်နဲ့ မြင်းမူ နယ်နိမိတ်ထိစပ်နေတဲ့ ကျေးရွာတွေ ကို စစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက် သွားရောက်တိုက်ခိုက်ခဲ့တာ ” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအတိကျကို မသိရသေးသကဲ့သို့ မဇ္ဈိမမှ အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ ဒေသခံများထံမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်ခဲ့သေးကြောင်း Danger Force LPDF အဖွဲ့ကဆိုသည်။
အရာတော်မြို့အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် စ.ခ.တ (၁၀) ကို ဇူလိုင်လအတွင်း ဒုတိယအကြိမ် မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့ နံနက်အစောပိုင်းကလည်း ရှော့တိုက်ဒုံး ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ထုတ်ပြန်တွင်ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှုကို Danger Force LPDF အဖွဲ့နှင့်အတူ မုံရွာခရိုင်တပ်ရင်း(၆)မှ ပူးပေါင်းဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
https://youtu.be/u4OVSWDhjHo
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#အရာတော်
#စစ်အခြေခံလေ့ကျင့်ရေးတပ်
#ရှော့တိုက်ဒုံး
#Danger Force LPDF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
အရာတော်အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် စ.ခ.တ(၁၀)ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်
MTO(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့အခြေစိုက် စစ်အခြေခံလေ့ကျင့်ရေးတပ် စ.ခ.တ (၁၀) ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း Danger Force LPDF အဖွဲ့မှ ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၉ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး…

👍15❤2👏2🔥1😁1
ရေဦးမြို့ ထန်းတောရွာကို စစ်ကောင်စီ လျှပ်စစ်မီးဖြတ်တောက်၊ ရေဦးပကဖက တန်ပြန်သတိပေးချက်ထုတ်ပြန်
==================
ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ထန်းတောကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၇ရက်မှစတင်ကာ လျှပ်စစ်မီးဖြတ်တောက်လိုက်ကြောင်း ဒေသခံသတင်းရင်းမြစ်များက မဇ္စျိမကို ပြောသည်။
“ထန်းတောရွာက လျှပ်စစ်လိုင်းကို ဖြတ်တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်က ဘာကြောင့် ဖြတ်တောက်ထားလဲဆိုတာကိုတော့ မသိဘူး။ တစ်ရွာလုံးရဲ့ မီးလိုင်းကို လွန်ခဲ့တဲ့ လေး ရက်လောက်ကတည်းကနေ ဖြတ်တောက်ထားတာပါ“ ဟု ဒေသခံသတင်းရင်းမြစ်က ယနေ့ ဇူလိုင်လ ၁၀ရက် ပြောသည်။
ထန်းတောကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့ အထိုင်ချတပ်စွဲထားသည့် ရေဦးမြို့နှင့် နီးကပ်စွာ တည်ရှိသည့်အတွက် စစ်ကောင်စီစစ်ကြောင်းများ မကြာခဏ ၀င်ရောက်လေ့ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားမှုမရှိကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီအနေဖြင့် ထန်းတောရွာအပြင် အခြားကျေးရွာများကို လျှပ်စစ်မီးဖြတ်တောက်ရန် ထပ်မံ ကြိုးစားပါက ဒေသတွင်းရှိ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် သက်ဆိုင်ရာဌာနများကို တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်က ဇူလိုင်လ ၈ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။
" ဆက်လက်ပြီး အခြားသောကျေးရွာများကို ပေးထားသည့်မီးလိုင်းများအား ဖြတ်တောက်ရန် ဆက်လက်ကြိုးစားမည် ဆိုပါက မိမိတို့အနေဖြင့် PDF/ပကဖ/ပအဖ တို့ပူးပေါင်းပြီး လုပ်စရာရှိသည့်အလုပ်များ ဆက်လုပ်သွားမည်ဖြစ်ပါတယ်" ဟု သတိပေးချက်တွင် ပါဝင်သည်။
ထို့အပြင်" လျှပ်စစ်ဓါတ်အားလိုင်းများ နှင့် သက်ဆိုင်ရာနေရာဌာနများ၏ ကောင်းကျိုး၊ ဆိုးကျိုးများသည် စကစ၏တာဝန်သာဖြစ်ပြီး မိမိတို့အနေဖြင့် တာဝန်ယူမည်မဟုတ်ပါကြောင်း ကြေညာအပ်ပါတယ်"ဟု သတိပေးထားသည်။
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာ ၄၀ ထက်မနည်း မီးရှို့ဖျက်ဆီးထားပြီး ဒေသခံ ထောင်နှင့်ချီကာ စစ်ဘေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက် ၉ နာရီ ၄၀မိနစ်ခန့်ကလည်း ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ် စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပြင် စေတီအချို့လည်းပျက်စီးခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။
စာတည်း - မောင်ကြီး
#mizzima
#ရေဦးမြို့နယ်
#ထန်းတောကျေးရွာ
#လျှပ်စစ်မီးဖြတ်တောက်

👍19🤣2
This media is not supported in your browser
VIEW IN TELEGRAM
တပတ်အတွင်း ဖော်ထုတ်ထားတဲ့ သတင်းတု/မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။
အပြည့်အစုံကြည့်ရန် - https://www.youtube.com/watch?v=03dHN0-og1s
#Misinformation_Buster #Fake_News #reels #shorts #package

👍6😁2
US Treasury Secretary emphasizes curbs are 'highly targeted' during China visit
=====================
https://youtu.be/r3kgMH5feBo

US Treasury Secretary Janet Yellen says that during meetings with Chinese officials, she emphasized that Washington's trade curbs would be "highly targeted and clearly directed" at a few sectors where there are national security concerns. She also said that…
👍5🔥2
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်နဲ့တရုတ်ကြား တိုက်ရိုက်ဆွေးနွေးပွဲများနဲ့ ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ အတွက် ကန်ဘဏ္ဍာရေးဝန်ကြီးတိုက်တွန်း
#InternationalNews#reels #shorts #American #China

👍5🔥4
ဇူလိုင်လ (၁၀) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=======================
- ရေဦးမြို့နယ်မှ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့သတင်း
- MAI လေကြောင်းလိုင်း ဘဏ်အကောင့်တွေကို စင်ကာပူUOB ဘဏ်ပိတ်သိမ်းလိုက်တဲ့သတင်း
- သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတဲ့သတင်း
- ပြင်သစ်ဘဏ္ဍာရေးအဖွဲ့အစည်း ၆ ခု က မြန်မာစစ်အုပ်စု နှင့် စီးပွားရေး ပတ်သတ်မှု ရှိတဲ့ ကုမ္ပဏီတွေမှာ ဒေါ်လာ ၆ ဘီလီယံဖိုးရင်းနှီးမြှပ်နှံထားတဲ့သတင်း
- အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းဖို့ ဆွေးနွေးနေတဲ့သတင်းနဲ့
- ချွတ်ခြုံကျနေတဲ့နိုင်ငံကနေ သီရိလင်္ကာနိုင်ငံသားတွေ စွန့်ခွာဖို့ကြိုးစားနေကြတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/-3-EhhyT1nM?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
- ရေဦးမြို့နယ်မှ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့သတင်း
- MAI လေကြောင်းလိုင်း ဘဏ်အကောင့်တွေကို စင်ကာပူUOB ဘဏ်ပိတ်သိမ်းလိုက်တဲ့သတင်း
- သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတဲ့သတင်း
- ပြင်သစ်ဘဏ္ဍာရေးအဖွဲ့အစည်း ၆ ခု က မြန်မာစစ်အုပ်စု နှင့် စီးပွားရေး ပတ်သတ်မှု ရှိတဲ့ ကုမ္ပဏီတွေမှာ ဒေါ်လာ ၆ ဘီလီယံဖိုးရင်းနှီးမြှပ်နှံထားတဲ့သတင်း
- အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်းဖို့ ဆွေးနွေးနေတဲ့သတင်းနဲ့
- ချွတ်ခြုံကျနေတဲ့နိုင်ငံကနေ သီရိလင်္ကာနိုင်ငံသားတွေ စွန့်ခွာဖို့ကြိုးစားနေကြတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/live/-3-EhhyT1nM?feature=share
#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၁၀) ရက်၊ ည ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
- ရေဦးမြို့နယ်မှ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဥ် နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့သတင်း
- MAI လေကြောင်းလိုင်း ဘဏ်အကောင့်တွေကို စင်ကာပူUOB ဘဏ်ပိတ်သိမ်းလိုက်တဲ့သတင်း
- သထုံ-ဘားအံလမ်းမကြီးပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရတဲ့သတင်း…

👍9🔥1🍌1
Media is too big
VIEW IN TELEGRAM
July - 10 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍7🍌2
ဇူလိုင်လ (၁၀) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================
ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို နေ့ချင်းပြန် လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့သတင်းနဲ့အတူ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားခရီးစဉ်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆွေးနွေးမှုတွေရှိလာနိုင်မလဲ ဆိုတဲ့သတင်းအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေအပြင် စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk “ အစီအစဉ် ကိုနားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/bTVB2ocf89U
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=================
ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို နေ့ချင်းပြန် လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့သတင်းနဲ့အတူ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားခရီးစဉ်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆွေးနွေးမှုတွေရှိလာနိုင်မလဲ ဆိုတဲ့သတင်းအပါအဝင်
နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေအပြင် စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။
အဲ့ဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဍတွေအနေနဲ့ “Mizzima Editorial Talk “ အစီအစဉ် ကိုနားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/bTVB2ocf89U
#Mizzimaradio
#Eveningradio
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၁၀) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
ဒီကနေ့ နားဆင်ရမယ့်သတင်းတွေကတော့
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို နေ့ချင်းပြန် လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံတဲ့သတင်းနဲ့အတူ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ဒိုနီးရှားခရီးစဉ်မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘယ်လိုဆွေးနွေးမှ…

👍14❤3😁1