Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းဝန်ကြီးချုပ်ရာထူးဆက်ခံဖို့ တစ်ပြေးနေသူက ပါလီမန်မဲခွဲမှုတွေမတိုင်မီ ထောက်ခံသူတွေကို စည်းရုံး

#InternationalNews #reels #shorts#Thailand #Mizzima
❤13😁3👍1
ကလေးသူငယ်များ ထိခိုက်သေဆုံးမှုဆိုင်ရာ ကုလအစီရင်ခံစာကို စစ်ကောင်စီ ပယ်ချ
 =======================
 
မြန်မာမှာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်သေဆုံးထိခိုက်တဲ့အရေအတွက်ဟာ အရင်နှစ်ကထက်စာရင် ၅ ရာခိုင်နှုန်းအထိ တိုးလာနေကြောင်း ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂက နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာကို စစ်ကောင်စီက ကန့်ကွက်ပယ်ချလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေဟာ အခြေအမြစ်မရှိ လိုရာဆွဲ ရေးသားထားတာ ဖြစ်တယ်လို့ မြန်မာစစ်ကောင်စီက တုံ့ပြန် စွပ်စွဲထားပါတယ်။
အစီရင်ခံစာထဲမှာ မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ ကလေးသူငယ်တွေကို ထိခိုက်စေတဲ့ စာသင်ကျောင်းနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေဟာ အရင်နှစ်တွေ ကထက် ၂ ဆကျော်တိုးလာခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း အယောက် ၇,၀၀၀ နီးပါးအထိရှိတယ်လို့ပြောကြားထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း တိုက်ခိုက်မှုတွေမှာတော့ စစ်ကောင်စီကို အဓိက တရားခံအဖြစ် ဖော်ပြထားပြီးဒါကို ကန့်ကွက်ပယ်ချတဲ့အကြောင်း စစ်ကောင်စီက သတင်းစာမှာ ပြောလာတာပါ။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးပြု ထည့်သွင်း ဖော်ပြချက်တွေ ပါဝင်ပြီး၊ တဖက်သက် တဆင့်စကားတွေနဲ့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံထားတာကို စိတ်ပျက်ဖွယ် တွေ့ရှိရတာကြောင့် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက်ဖို့ တောင်းဆိုတယ်လို့ စစ်ကောင်စီဘက်က တုံ့ပြန် ထုတ်ပြန်ထားပါတယ်။

https://youtu.be/KgYkg-oeDII

#PoliticalNews 
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9🔥3👍1😱1
Ministers and members of the delegates convene during the Association of Southeast Asian Nations (ASEAN) Foreign Ministers’ Meeting on Southeast Asia Nuclear Weapon-Free Zone (SEANWFZ) in Jakarta, Indonesia, 11 July 2023. Indonesia is hosting the 56th ASEAN foreign ministers' meeting and related meetings from 08 to 14 July. EPA-EFE
👍3😁3
Media is too big
VIEW IN TELEGRAM
စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသော မြန်မာလူငယ်များနှင့် အာဆီယံအထူးသံမန်ရုံး သံအမတ်ကြီးတို့ တွေ့ဆုံခဲ့

Watch more detail - https://youtu.be/A4pTd1o2Hd8

#PoliticalNews #reels #shorts #MizzimaTV
❤7👍3😁2
This media is not supported in your browser
VIEW IN TELEGRAM
July - 11 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍3🔥1
ခြောက်လအတွင်းKNUထိန်းချုပ်နယ်မြေမှာတိုက်ပွဲ၂၅၀၀နီးပါးဖြစ်ခဲ့ပြီးစစ်ဘေးရှောင်ပြည်သူ၆သိန်းခန့်ထိရှိလာ
=====================

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်ဘေးရှောင်ပြည်သူ ၅၉၉၄၀၀ဦး အထိရှိလာပြီဖြစ်တယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ် နယ်မြေတပ်မဟာ ခုနစ်ခုမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် စစ်ဘေးဒုက္ခသည် ဦးရေ များလာနေပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ စစ်ဘေးဒုက္ခသည် သုံးသိန်းခြောက်သောင်းရှိခဲ့ရာကနေ ၆သိန်းခန့်အထိ တိုးလာတာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ကထက် အခု ၂၀၂၃ ခုနှစ်မှာ တိုက်ပွဲ ပိုပြီးများလာနေပြီး နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ဦးရေ ပိုမိုတိုးလာခဲ့ကာ အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးတိုင်းက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေတွေထဲမှာ ၂၀၂၃ ခုနှစ်ရဲ့ ပထမ ခြောက်လအတွင်း တိုက်ပွဲပေါင်း ၂၅၀၀ နီးပါး (၂၄၉၅ ကြိမ်) ဖြစ်ပွားခဲ့တယ် လို့ KNU က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေတဲ့ အဖွဲ့အစည်းအများအပြား ခိုလှုံနေတဲ့အတွက် စစ်ကောင်စီတပ်က စစ်ရေး အရ ပစ်မှတ်ထားဖိအားပေးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ KNU ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။

https://youtu.be/-_dwGUMG2Sw

#PoliticalNews
#Mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😢6🔥1
ဇူလိုင်လ (၁၁)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

01:02 − စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားတဲ့ မြန်မာလူငယ်တွေနဲ့ အာဆီယံအထူးသံတမန်ရုံး သံအမတ်ကြီးတို့ တွေ့ဆုံကြတဲ့သတင်း

03:30 − ဒိုက်ဦး ကျိုက်စကောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးပျောက်ဆုံးနေတဲ့သတင်း

05:56 − မြန်မာနိုင်ငံကိုပြန်ပို့ခံရမယ့် ကလေးငယ် ၁၀၀ ကျော်အရေး NUG စောင့်ကြည့်ဆောင်ရွက်နေတဲ့သတင်းနဲ့

10:02 − အင်ဒိုနီးရှားနိုင်ငံက တစ်ခါသုံးပလက်စတစ်အသုံးပြုမှု ၂၀၃၀ မတိုင်ခင် တားမြစ်ဖို့လုပ်ဆောင်နေတဲ့သတင်း တွေအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/9yeFfiwKmbw

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁5
Media is too big
VIEW IN TELEGRAM
ကလေးသူငယ်များ ထိခိုက်သေဆုံးမှုဆိုင်ရာ ကုလအစီရင်ခံစာကို စစ်ကောင်စီ ပယ်ချ

Watch more detail - https://youtu.be/KgYkg-oeDII

#reels #PoliticalNews #shorts #MizzimaTV
💩4😁3👏1😱1
Media is too big
VIEW IN TELEGRAM
ခြောက်လအတွင်း KNU ထိန်းချုပ်နယ်မြေမှာ တိုက်ပွဲ ၂၅၀၀ နီးပါးဖြစ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၆သိန်းခန့်ထိ ရှိလာနေ

Watch more detail - https://youtu.be/-_dwGUMG2Sw

#PoliticalNews #reels #shorts #MizzimaTV #KNU
👍12🔥3😁1
ကရင်နီဒေသအတွက် ကိန္နရာဆေးရုံ တည်ဆောက်ရန်ရှိ
👍20🔥2