Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
July - 11 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
👍3🔥1😁1
ပုလောမြို့နယ်တွင် ဒေသခံများ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှုရှိဟုဆို
😢6🔥3😁1
ပုလောမြို့နယ်တွင် ဒေသခံများ မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှုရှိဟုဆို
==================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပွားနေ သည်ဟု မြိတ်ခရိုင်တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ က ပြောသည်။

“အတော်များများ မိုင်းနင်းမိတဲ့သူတွေက သာမန် အရပ်သားတွေချည်းပဲ များတယ်”ဟု ၎င်းက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့က နှစ်လကျော်အတွင်း ကောက်ယူရရှိထားသည့် စာရင်းများအရ မိုင်းနင်းမိသဖြင့် အရပ်သားသုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခုတခေါက် မင်းထိန်ရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး တိုက်မိုင်းထိပြီး ထိခိုက်ဒဏ်ရာ ရတယ်၊ ခြေထောက်ဖြတ်လိုက်ရတဲ့အထိ အခြေအနေပြင်းထန်တယ်လို့သိရပါတယ်”ဟု မြိတ်ခရိုင် တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးရာတွင် အသုံးပြုလေ့ရှိသော လမ်းများကို PDF ဘက်မှ တိုက်မိုင်းများ ထောင်ထားခြင်းရှိ၍ ဒေသခံများအနေဖြင့် နယ်မြေကူးသန်းသွားခြင်းများပြုလုပ်ပါက ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံ ဆက်သွယ်အကြောင်းကြား၍ သွားလာကြရန် တောင်းဆိုထားသည်။

ပုလောမြို့နယ်သည် စစ်အုပ်ချုပ်ရေးသတ်မှတ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သားများ က ဒေသခံများရှိရာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသည်ဟုလည်း သိရ သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#မိုင်း
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥4😢3😁1
​​ထိုင်းတွင် ပျောက်ဆုံး ဂျာမနီစီးပွားရေးလုပ်ငန်းရှင်၏ ရုပ်အလောင်း အပိုင်းအစများကို ရေခဲသေတ္တာအတွင်း တွေ့ရှိ
================

သီတင်းပတ်ကြာ ပျောက်ဆုံးနေသော အသက် ၆၂ နှစ်အရွယ် ဂျာမနီစီးပွားရေးလုပ်ငန်းရှင်၏ ရုပ်အလောင်း အပိုင်းပိုင်း အပြတ်ပြတ်ကို ထိုင်းတောင်ပိုင်းရှိ အိမ်တစ်အိမ်ထဲက ရေခဲသေတ္တာအတွင်း တွေ့ရှိကြောင်း ရဲက ဇူလိုင် ၁၁ ရက်တွင် ပြောသည်။

တနင်္လာနေ့ ည ၁၁ နာရီခန့်တွင် ဟန်-ပီတာ မတ်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခြင်းဖြစ်ကြောင်း နွန်ပရီမြို့ မြို့နယ်ရဲမှူး တာဝီကက်သာလန်းက ပြောသည်။

ယင်း ဧရိယာမှ လုံခြုံရေးကင်မရာ မြင်ကွင်းများကို အသုံးပြုပြီး အလောင်းရှိနေရာကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်ဟု တာဝီက ဆိုသည်။
🔥5👍1😱1
ပျဉ်းမဖြူရဲ့အကျိုးကျေးဇူးများ
============

-ပျဥ်းမဖြူက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-ပျဥ်းမဖြူမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-ပျဥ်းမဖြူမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/QuNFcQnr5eo

#Nature
#NatureArticle
#VideoNews
#MizzmaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥1🌭1
This media is not supported in your browser
VIEW IN TELEGRAM
ဆွီဒင်ရဲ့နေတိုးအဖွဲ့ဝင်ဖြစ်ရေးကို တူရကီရဲ့အီးယူအဖွဲ့ဝင်ဖြစ်ရေးနဲ့ချိတ်ဆက်ပြီး အာဒိုဂန်ပြောဆို

#InternationalNews #reels #shorts #Sweden #Mizzima
👍6😁2
Media is too big
VIEW IN TELEGRAM
Nature Article |ပျဥ်းမဖြူက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/QuNFcQnr5eo

#naturearticle #စကားဝိုင်း #naturearticleshorts #reels
👍2🌭2
မုံရွာမြို့နယ် မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ မိသားစုလိုက်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး
🤬5🔥2😁2👍1
မုံရွာမြို့နယ် မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ မိသားစုလိုက်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး
==================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မအူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ မိသားစုလိုက်ထိမှန်ခဲ့ပြီး မိခင်ဖြစ်သူသေဆုံးခဲ့ကြောင်း မုံရွာ-အမြင့် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူ တဦးက မဇ္စျိမသို့ပြောသည်။

မုံရွာမြို့အဝင် မအူမုခ်ပေါက်ဂိတ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သားများက ဇူလိုင်လ ၁၀ ရက် ညနေ ၅ နာရီ ၅၁ မိနစ်အချိန်တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

လက်နက်ကြီးကျည်သည် နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲပြီး မအူကျေးရွာမှ မနွယ်ဝင်း(၄၅ နှစ်)သေ ဆုံးခဲ့ပြီး ၎င်း၏ခင်ပွန်း (၅၀ နှစ်)အပြင် အသက် ခုနစ်နှစ်နှင့် ငါးနှစ်အရွယ်ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ အဲဒီဂိတ်ကို ကာကွယ်ရေးအဖွဲ့တဖွဲ့က သွားပစ်တယ်လို့ကြားတယ်။ လက်နက်ကြီးအသံ လေး - ငါး ချက် လောက်ကြားလိုက်ရတယ် ” ဟု ဒေသခံတဦးက မဇ္စျိမသို့ပြောသည်။

သို့သော် အဆိုပါဂိတ်ကို မည်သည့်အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဆိုသည်ကို မဇ္စျိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်မှုအပြီး ဇူလိုင်လ ၁၁ ရက် ယနေ့နံနက် ၇ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်း ထိုးလာပြီး မအူရွာကိုဝင်ရောက်ကာ နေအိမ် ကိုးလုံးကို မီးတင်ရှို့ခဲ့ကြောင်း သိရသည်။
မအူဂိတ်သည် စစ်ကောင်စီတပ်သား ၄၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး ဒေသတွင်း ခရီးသွားများကို စစ်ဆေးခြင်းများအပြင် နယ်မြေတွင်းစစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

ထို့ကြောင့် မအူဂိတ်သည် မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး ၎င်းဂိတ်နှင့်မနီးမဝေးတွင်ရှိသော မုံရွာမြို့ ကညန ရုံး၊ ရေဦးဆန်ဆိုင်ဂိတ်များတွင်လည်း စစ်ကောင်စီတပ်မှ တပ်စွဲထားမှုများရှိနေသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#မအူဂိတ်
#မုံရွာမြို့နယ်
#လက်နက်ကြီး
#ဒေသခံ
Photo - မီးရှို့ခံထားရသည့် မအူကျေးရွာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍5😁2😢2❤1
​​သိုင်းငင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်
======================

ပါခွီး
မဇ္စျိမ။ ။ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာတွင် ယနေ့ ဇူလိုင်လ ၁၁ ရက်အထိ တိုက်ပွဲ ပြင်းထန်နေကာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲပြီး ကလေးမြို့မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၁ ရက် ယနေ့နံနက်တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေခြင်း ဖြစ်သည်။

“ကလေးမြို့ကနေ စစ်ကား ၁၀ စီး၊ အမြောက်တင်ကားလည်းပါတယ် ၊ ချင်းတောင်ဖက်ကို စစ်ကူတက် သွားတယ်။ လက်နက်ကြီးကတော့ မနက်ကတည်းက တောက်လျှောက်ထုနေတာ” ဟု ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။
ကလေးမြို့ အမြောက်တပ်နှင့် ဒကစတို့မှ ယနေ့ နံနက် ၃ နာရီမှ စတင်ပြီး ချင်းတောင်၊ သိုင်းငင်းဖက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကလေးမြို့၊ တာဟန်းရပ်ကွက် အ.ထ.က(၂) ဘောလုံးကွင်း မြောက်ဘက်ရှိ အ.လ.က (၁) ကျောင်းလမ်းအနောက်ဖက်ခြမ်းတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲပြီး အမျိုးသမီးတဦး သေဆုံးပြီး ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သိုင်းငင်းကျေးရွာဝန်းကျင်၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး အခြေနေအသေးစိတ်ကို မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။

သိုင်းငင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှ ဒေသခံများကို တော်လှန်ရေးအဖွဲ့ဝင်များ (သို့မဟုတ်) ပတ်သက်ဆက်နွယ်မှုများရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများရှိခဲ့သဖြင့် CDF – CDM SIYIN က ဇွန်လ ၃၀ ရက်နေ့တွင် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြရန် သတိပေးစာ ထုတ်ပြန်ခဲ့သည်။

ယင်းသို့စာထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၁ ရက်နေ့တွင် ကလေးမြို့မှ စစ်ကောင်စီအင်အား ၆၀ ခန့်သည့် သိုင်းငင်းတပ်စခန်းသို့ အင်အားဖြည့်တင်းလာခဲ့ပြီး ချင်းတောင်သို့ ထွက်ခွာမည့်ယာဉ်များကို ပိတ်ပင်တား ဆီးခဲ့ကြောင်း ဒေသခံများက ပြော သည်။
သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ သုံးနာရီခန့် ကားဖြင့်သွားရပြီး ကလေး-ဖလမ်း-ဟားခါးလမ်းနှင့် တီးတိန်-ရိဒ်နယ်စပ်ကုန်သွယ်ရေးလမ်းဆုံတွင် တည်ရှိသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#သိုင်းငင်းကျေးရွာ
#တီးတိန်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁3🔥2
နယ်မြေမငြိမ်သက်မှုများကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ်
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးရှိ ကျေးရွာများမှစုပေါင်း၍ နယ်မြေမငြိမ်သက်မှုကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၁၁ရက် ယနေ့တွင် ဆက်လက်ချီ တက်ခဲ့ကြသည်။

ဒေသအတွင်းတွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်ဝဲပျံလျက်ရှိနေကြောင်း သပိတ်ဦးဆောင်သူတစ်ဦးကပြောသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်းကို သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။
ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၄၁ ရက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံ စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
#ကျေးရွာပေါင်းစုံ
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ဆန္ဒပြပွဲ
❤8😁2👍1