Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
မြောက်ကိုရီးယာက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်

#internationalnews #Mizzima #NorthKorea #reels #shorts
👍5
ကုန်ဈေးနှုန်းတက်မှုကြောင့် လမ်းဘေးဈေးသည်တွေ အခက်တွေ့ | VOA on Mizzima
======================

ကုန်ဈေးနှုန်းတက်မှုကြောင့် ယူဂန်ဒါနိုင်ငံက လမ်းဘေးဈေးသည်တွေ အခက်ကြုံနေရပါတယ်။ ဂျုံနဲ့ ဆီဈေးနှုန်းတွေ တက်တာကြောင့် Rolex မုန့်လို့ ခေါ်ကြတဲ့ ချာပါတီ ဈေးတွေတက်သွားပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/A8O4pcfqOTA

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံအကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားတိုက်တွန်း

#internationalnews #Asian #indonesia #Mizzima #reels #shorts
👍5👏2
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်က ဘာဘီရုပ်ရှင်ကားကို ပြသခွင့်ပြုပေမဲ့ ဇတ်ဝင်ခန်းပါမြေပုံမျဉ်းတွေကို ဝါးပေးဖို့တောင်းဆို

#internationalnews #reels #shorts #Mizzima
👍7
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းရွေးကောက်ပွဲကော်မရှင်က ဝန်ကြီးချုပ်နေရာအတွက် မဲခွဲဆုံးဖြတ်မှုကို ဆိုင်းငံ့ထားဖို့ အကြံပြုထား

#internationalnews #reels #shorts #Thailand #Election
👎9👏4
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှုအခြေအနေ အာဆီယံအစည်းအဝင်းအတွင်း တင်ပြဖို့ရှိဟုဆို
=================

အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က သတင်းထောက်တွေကို ပြောဆိုထားပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အတည်ပြုပြောကြားထားပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့မှာ ဆက်လက်ကျင်းပနေတဲ့ အာဆီယံ အစည်းအဝေးအတွင်းမှာတော့ သူ့ခရီးစဉ်အတွင်း ‌ဒေါ်အောင် ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့အခြေအနေကို မစ္စတာ ဒွန်က တင်ပြသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျာကာတာမှာပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ဝန်ကြီးဒွန်ဟာ သူ့ရဲ့နေပြည်တော် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁ နာရီနီးပါးကြာ သီးသန့်တွေ့ဆုံခဲ့တာလို့လည်း ဆိုပါတယ်။

https://youtu.be/aEpJIM52WPw

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁11👍6
Media is too big
VIEW IN TELEGRAM
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးတွေ့ဆုံမှုအခြေအနေ အာဆီယံအစည်းအဝေးအတွင်း တင်ပြဖို့ရှိဟုဆို

Watch more detail - https://youtu.be/aEpJIM52WPw

#အာဆီယံအစည်းအဝေး #ဒေါ်အောင်ဆန်းစုကြည် #ထိုင်းဝန်ကြီးတွေ့ဆုံမှု #Mizzima #VideoNews #shorts #reels
🤮8👏3
ဇူလိုင်လ ၁၃ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
======================

01:06-ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ နိုင်ငံရေးလုပ်ကြံမှုဖြစ်ကြောင်း NUG ပြောတဲ့သတင်း

03:40-မြန်မာနိုင်ငံအကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းဖို့ အာဆီယံဥက္ကဌ အင်ဒိုနီးရှားတိုက်တွန်းတဲ့သတင်း

05:24-မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ အာဆီယံကတိုက်တွန်းနေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ကျူးလွန်နေတဲ့သတင်း

08:03-၆ လအတွင်း ရန်ကုန်မြို့ပြတော်လှန်ရေးရဲဘော် ၁၀၀ ကျော် ဖမ်းဆီးခံရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/wT_SzJMTyVA

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံမှာ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့ အာဆီယံကတိုက်တွန်းနေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်ကျူးလွန်နေ

Watch more detail - https://youtu.be/aEpJIM52WPw

#စစ်ကောင်စီ#အကြမ်းဖက်#အာဆီယံ#VideoNews #shorts #reels
👍7😁3👎2😢2🤣1
Media is too big
VIEW IN TELEGRAM
နိုင်ငံအေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်

Watch more detail - https://youtu.be/FQioJfhiBdM

#ရွေးကောက်ပွဲ #စစ်ခေါင်းဆောင် #ကျင်းပ#VideoNews #shorts #reels
😁19👍4🔥1
အကြမ်းဖက်လုပ်ရပ်တွေရပ်တန့်ဖို့အာဆီယံတိုက်တွန်းချိန်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများဆက်ကျူးလွန်
==================

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အင်ဒိုနီးရှားနိုင်ငံမှာ ခေါင်းချင်းဆိုင် ဆွေးနွေးနေပေမဲ့ စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်မသွားဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ရွာတွေထဲဝင်ပြီးနေအိမ် မီးရှို့တာတွေ ဆက်တိုက်ကျူးလွန်နေပါတယ်။

ကရင်နီဒေသ (ကယားပြည်နယ်)ရှိ နေရာ ၂ခုကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်အစောပိုင်းက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ထိုင်း- ကယားနယ်စပ်အနီး၊ မယ်စဲ့မြို့နယ် ဒေါနို့ကူး စစ်ရှောင်စခန်းကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ပြင်းထန်စွာဒဏ်ရာရရှိသူများ ရှိကြောင်း သိရပါတယ်။

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်စခန်းသိမ်း တိုက်ပွဲများအပြီး မယ်စဲ့မြို့နယ်သာမက ကပ်လျက်မြို့နယ်များဖြစ်တဲ့ ဖားဆောင်းနဲ့ ဘောလခဲမြို့နယ်များမှ ပြည်သူများလည်းထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်စခန်းရှိ စာသင်ကျောင်း၊ ဆေးခန်းနဲ့ လူနေအိမ်များ ပျက်စီးခဲ့ကြောင်း သိရပါတယ်။

အလားတူပဲ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရွာတွေထဲ ဇူလိုင်လ ၁၁ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး မလဲသာ၊ ညောင်ပင်နဲ့ ကန်ရင်းရွာတွေက နေအိမ် ၁ဝဝ နီးပါးကို မီးရှို့သွားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဆေးရုံ စာသင်ကျောင်းစတဲ့ အရပ်သားတွေ ထိခိုက်သေကြေစေတဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာဇူလိုင်လ ၁၂ ရက်နေ့က ပြောဆိုတိုက်တွန်းသွားပါတယ်။

https://youtu.be/NfAsaMpsp1g

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10🤬6❤1🔥1🥰1
မူဆယ်တွင် မှိုစားမိ၍ လူ ၇ ဦး ဆေးရုံရောက်
😢7🔥2👍1
မူဆယ်တွင် မှိုစားမိ၍ လူ ၇ ဦး ဆေးရုံရောက်
================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ ပန်ခမ်းကျေးရွာတွင် လူခုနစ်ဦးသည် ကြံခင်းဘေးတွင် ပေါက်နေသည့်မှိုကို စားမိရာမှ အဆိပ်သင့်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဒေသခံထံက သိရသည်။

ပန်ခမ်းကျေးရွာတွင် ကြံစိုက်ခင်းအလုပ်လာလုပ်သည့် အသက် ၃၀ မှ ၄၀ ကြားရှိ အမျိုးသမီးငါးဦး နှင့် အမျိုးသား နှစ်ဦးသည် ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းတွင် ပိုးသတ်ဆေးဖြန်းမိထားသည့် မှိုများကို စားမိသဖြင့် မူးဝေအော့အန်ဖြစ်ကာ နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိခဲ့ကြောင်း ဒေသခံက ပြောသည်။

“ကြံစိုက်ခင်းဘေးက ပေါက်တဲ့မှိုစားတာ။ ပိုးသတ်ဆေးဖျန်းမိထားတဲ့မှိုလို့ ယူဆတယ်။ စားလို့ရတဲ့မှိုပဲ။ အိုးထဲမှာ တစ်ဝက်လောက် ကျန်သေးတယ်တဲ့။ ပထမ နှစ်ယောက် အခြေအနေဆိုးတယ်။ ဒီနေ့ညနေ (ဇူလိုင် ၁၂) မန္တလေးဆေးရုံကြီးရောက်ကြပြီ” ဟု မူဆယ်မြို့ခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

လက်ရှိတွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရသည့် စိုးရိမ်လူနာနှစ်ဦးမှာလည်း ပြန်လည်သက်သာလာပြီဖြစ်ကြောင်း သိရသည်။

“နှစ်တိုင်းဖြစ်ဖူးတယ်တချို့အသက်ဆုံးတယ်။ သွေးထဲရောက် ကျောက်ကပ်ပျက် အသဲပျက်။ တချို့ကောင်းမယ်ထင်ပြီးမှ ဆိုးသွားတာ။ မှိုဆိုအရမ်းစားကြတာ။ စားဖူးတဲ့မှိုပေမယ့်ဆေးဖြန်းမိထားတာ မသိတာနေမှာ” ဟု ဒေသခံက ပြောသည်။

မိုးဦးကျချိန်တွင် အရိပ်ကျသည့် နေရာများ၌ မှိုများပေါက်တတ်ပြီး ထိုမှိုများအား ပိုးသတ်ဆေးဖြန်းမိထားသည်ကို သတိမထားမိသဖြင့် စားမိကြခြင်းဖြစ်ကြောင်း သိရသည်။ ထိုဖြစ်စဉ်သည် နှစ်စဉ်နှစ်တိုင်း မကြာခဏ ဖြစ်ပွားလေ့ရှိရာ ပိုးသတ်ဆေးဖြန်းထားသည့်မှို သို့မဟုတ် အဆိပ််ဖြစ်သည့် မှိုကို စားသုံးမိသဖြင့် မူဆယ်မြို့အနီးပတ်ဝန်းကျင်တွင် သုံးနှစ်အတွင်း အသက်သေဆုံးသူ ၁၀ ဦးခန့်ရှိကြောင်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့တွင် မှိုစားမိရာမှ အစာအဆိပ်သင့်ပြီး သားအမိနှစ်ဦး သေဆုံးခဲ့ကာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အစာအဆိပ်သင့်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
# ပိုးသတ်ဆေး
#ပန်ခမ်းကျေးရွာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢4🔥2❤1
တပ်စခန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးကြောင်း MRDA ‌ပြော
==================

လွှမ်းမိုး (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့ပေါ်၊ အောင်မင်္ဂလာရပ်ကွက် အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး သေဆုံးသွားကြောင်း Myanmar’s Royal Dragon Army (MRDA) စေတန်တပ်ခွဲက မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၁၁ ရက် ညပိုင်း ၁၁ နာရီခွဲ အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Myanmar’s Royal Dragon Army စေတန် တပ်ခွဲမှူးက ပြောသည်။

“စစ်အင်အား ၃၀ ခန့် ရှိတဲ့ တပ်စခန်းကို အချိန်ကြာ စောင့်ကြည့်ပြီးမှ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်၊ လက်နက်ငယ်အပြင် လက်နက်ကြီးပစ်ကူအဖြစ် ၄၀ မမ တွေကိုလည်း အသုံးပြု တိုက်ခိုက်ခဲ့ပါတယ်၊ အတွင်းသတင်းပေးအရ စစ်သား သုံးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်” ဟု တပ်ခွဲမှူးက ပြောသည်။

ထိုတိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ ၊ Royal Tigerတပ်ဖွဲ့ ၊ L.W.B.R.F နှင့် K.U (UG) တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့ပေါ်ရှိ တပ်စခန်းကို တိုက်ခိုက်မှုမှာ နှစ်ကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ဇွန်လ ၂၉ ရက်နေ့က တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

https://youtu.be/9NOO3RX1yqs

#ခင်ဦးမြို့ပေါ်
#တပ်စခန်းတိုက်ခိုက်ခံရ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👏11👍10❤2😁2
နိုင်ငံအေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်ထပ်ပြောပြန်
======================

နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အချိန်မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံ ပြောကြားလာပြန်ပါတယ်။
စစ်တပ်အနေနဲ့ နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အချိန် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်လို့ အာမခံပြီးဖြစ်တယ်ဆိုပြီးလည်း ပြောပါတယ်။

ဇူလိုင်လ ၁၁ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တွေတပ်နယ်နဲ့ ကမ်းနီတပ်နယ်တို့ကို သွားရောက်ခဲ့စဉ်မှာ ယခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မှန်မှန် လျှောက်လှမ်းနိုင်ရေး ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက်သွားမယ်လို့ လည်း ၎င်းက ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း အရေးပေါ်ကာလဆိုင်ရာ ပြဠာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ၂၀၂၃ခုနှစ် ဩဂုတ်လအတွင်း ကျင်းပမယ်လို့ ပြောဆိုထားပေမယ့် ကျင်းပနိုင်တဲ့အလားအလာ မတွေ့ရှိရသေးဘူးလို့ ပြောဆိုမှုများရှိနေတာဖြစ်ပါတယ်။
ဒါ့ပြင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး တပ်မတော်အနေဖြင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်၊ နိုင်ငံရေးဦးတည်ချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး ကောင်းမွန်တဲ့ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်တဲ့အတွက် လုပ်ငန်းများအောင်မြင်မယ်လို့ ယုံကြည်ကြောင်းလည်း ၎င်းကထည့်သွင်းပြောကြားသွားပါသေးတယ်။

https://youtu.be/FQioJfhiBdM

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤣22👍5💩5🤮3👏1
​​မန္တလေးနတ်ဆိုး မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဖမ်းဆီးခံရ
==================

007

(မဇ္စျိမ)။  ။မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တခုဖြစ်သော နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်း ဆောင် ပြီးခဲ့သည့်ရက်ပိုင်းက ဖမ်းဆီးခံလိုက်ရကြောင်း မန္တလေးတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“စစ်ဆင်ရေးမှာရရှိဒဏ်ရာကြောင့် ဆေးခန်းမှာဆေးသွားကုရင်း အဖမ်းခံရတယ်။ ဆေးကုပေးတဲ့ ဆရာမ နဲ့အတူ အဖမ်းခံရတာပါ” ဟု တော်လှန်ရေးအင်အားစု၀င်တဦးက ပြောသည်။

၎င်းအဖမ်းခံရမှုနှင့်ပတ်သက်၍ စစ်အုပ်စုဝါဒဖြန့်သတင်းများတွင်လည်း အတည်ပြုထားသည်ကို တွေ့ရသည်။

နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ကိုငြိမ်းချမ်းအောင်(ခ)အားသစ် ကို ဇူလိုင်လ ၈ ရက် နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက်မှ ဆေးခန်းတခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း မန္တလေးရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကလည်း အတည်ပြုသည်။

မန္တလေးမြို့တွင်အခြေစိုက်ပြီး စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားကိုပစ်မှတ်ထားတိုက်ခိုက်သည့် နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့ကို အဖွဲ့ခေါင်းဆောင် ကိုငြိမ်းချမ်းအောင်(ခ) အားသစ် (ဗိုလ် နတ်ဆိုး) ဆိုသူက ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ထူထောင်ခဲ့ခြင်းဖြစ်သည်။

တပ်ဖွဲ့ထူထောင်ခဲ့ပြီးနောက် ပုသိမ်ကြီးမြို့နယ်အတွင်း ရေထွက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေ၊ လျှပ် စစ်ရုံးမန်နေဂျာ ဦးကျော်ရင်အောင်၊ ကံသာကျေးရွာ ရာအိမ်မှူးဦးသန်းဆွေတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး၊ မြကန်သာစျေးအနီးစျေး၀ယ်နေသော စစ်ကောင်စီတပ်ဖွဲ့၀င်များကိုလည်း လက်နက်ငယ်များ ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြို့နယ်လျှပ်စစ်ရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတို့ကိုလည်း လက်လုပ်မိုင်းဖြင့် တိုက်ခိုက် ခဲ့သေးသည်။
လက်ရှိတွင် အဖွဲ့ခေါင်ဆောင်အား နန်းတွင်းစစ်ကြောရေး၌ဖမ်းဆီးထားပြီး ဖမ်းဆီးရန်ကျန်သူများအား ကွင်းဆက်လိုက် စုံစမ်းနေကြောင်း စစ်အုပ်စုသတင်းများအရ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေး
#နတ်ဆိုးမြို့ပြပြောက်ကျားတပ်ဖွဲ့
#တော်လှန်ရေးအင်အားစု
#ဖမ်းဆီးခံရ
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢29👍3🔥2👏1
This media is not supported in your browser
VIEW IN TELEGRAM
July - 13 [2 Pm] Mizzima News Hour

Mizzima Headline News

#2pmnews #mizzimanewshour #reels #shorts
😁3👍1