Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်
====================

ဂျူချန်း (မဇ္ဈိမ)။ ။ ထားဝယ်သပိတ်ကော်မတီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြားကနေ လက်ရှိအချိန်အထိ လူထုသပိတ်လှုပ်ရှားမှုတွေကို အရှိန်အဟုန်မပြတ် ဆက်လက် လုပ်ဆောင်နေပါတယ်။

“ကျနော်တို့က လုံခြုံလို့ လူထုသပိတ်တွေလုပ်နေတာမဟုတ်ဘူး။ တကယ်မလုံခြုံတော့လို့ လူထုသပိတ်ကို ဆင်နွှဲနေရတာဖြစ်တယ်” လို့ ထားဝယ်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူလူထုတစ်ရပ်လုံးနဲ့ စစ်ခင်းနေတာဖြစ်ပြီး ဘယ်လောက်ပဲ ကျောထောက်နောက်ခံကောင်းပါစေ ကမ္ဘာ့သမိုင်းမှာ ပြည်သူကိုမျက်နှာမမူတဲ့ ဘယ်အာဏာရှင်မှ နိုင်သွားတဲ့ ရာဇဝင်မရှိဘူးလို့ သူက ပြောပါတယ်။

မေးမြန်း/တည်းဖြတ်-ဂျူချန်း

https://youtu.be/FkDa9UvPa5A

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🔥1😁1
နယ်မြေရှင်းလင်းရာ မိုင်းနင်းမိ၍ YGF ရဲဘော် ပြင်းထန်ဒဏ်ရာရ
😢18👏2😱1
နယ်မြေရှင်းလင်းရာ မိုင်းနင်းမိ၍ YGF ရဲဘော် ပြင်းထန်ဒဏ်ရာရ
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းရှိ ရေးပြောက်ကျားတပ်ဖွဲ့(YGF)၏ ရှေ့တန်းစခန်းတစ်နေရာတွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မိုင်းနင်းမိ၍ ရဲဘော်တစ်ဦး ခြေတစ်ဖက်ပြတ် ပြင်းထန်ဒဏ်ရာ ရသွားကြောင်း YGF သတင်းနှင့်ပြန်ကြားရေး တာဝန်ခံထံမှ သိရသည်။

ဇူလိုင်လ ၁၂ရက်တွင် YGFတပ်ဖွဲ့က ရှေ့တန်းစခန်းကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဘက်က ထောင်ထားသည့် မြေမြှုပ်မိုင်းကို နင်းမိရာမှ ရဲဘော်တစ်ဦး ခြေထောက်တစ်ဖက် ပြတ်သွားပြီး မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဇူလိုင်လ ၁၀ရက်နေ့တွင် အင်အား ၆၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ မလွဲတောင်‌ကျေးရွာအနီးရှိ YGF ရှေ့တန်းစခန်းတစ်ခုအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်ဦးမှုရတာရယ်၊ အင်အားမမျှတာရယ်ကြောင့် ဆုတ်ခဲ့ရတယ်၊ အဲ့ဒါကို ၁၂ ရက်နေ့မှ ပြန်ချဉ်းကပ်ပြီးတော့ ရှင်းလင်းရေးပြန်လုပ်ခဲ့တာ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့)ဘက်က ထိခိုက်မှုရှိနိုင်ပေမယ့် အတည်မပြုနိုင်ဘူး” ဟု YGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်ရှိတွင် ထိခိုက်ထားသည့် ရဲဘော်သည် ဆေးကုသမှု ခံယူလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း YGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၆ရက်နေ့ ညတွင် KNLA နှင့် YGF၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် ရေးမြို့နယ်၊ မလွဲတောင်အနီး၊ ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ ဆက်သွယ်ရေးတာဝါတိုင်စခန်းကုန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ ရှေ့ထွက်မိုင်းသုံးလုံး၊ M16 ကျည် ၂၁၈ တောင့်၊ ၄၀မမ ကျည် ၂၀လုံး၊ လက်ပစ်ဗုံး ၂၀ လုံး၊ ဖောက်ခွဲရေးပစ္စည်း(ကပ်သီး) ၁၈ခု၊ ကျည်ဘောက် ၁၀ခု၊ ဖုန်း သုံးလုံး၊ စစ်ယူနီဖောင်းတစ်စုံ နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း YGF ကထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မွန်ပြည်နယ်
#ရေးမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢23😁2😱2👍1
​​အကြမ်းဖက်မှုများ ရပ်ရန်နှင့် ဒီမိုကရေစီသို့ ပြန်သွားရန် စစ်ကောင်စီကို ဖိအားပေးရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
=================

မြန်မာစစ်ကောင်စီက လက်နက်ချပြီး ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ ပြန်သွားရန် အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် ဖိအားပေးကြရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ နိုင်ငံခြားရေးဝန်ကြီးများအား သောကြာနေ့က ပြောခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအား ဖြုတ်ချပြီး စစ်အာဏာသိမ်းကာ သဘောထားကွဲလွဲသူများကို သေလောက်အောင် ဖြိုခွင်းသည့်နောက် သက်တမ်းနုသည် ဒီမိုကရေစီ အဆုံးသတ်သွားရသည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားလျက် ရှိနေခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့၊ ဒီမိုကရေစီ အုပ်ချုပ်ရေးဆီ ပြန်သွားဖို့ စစ်တပ်အုပ်ချုပ်သူတွေကို ကျွန်တော်တို့ ဖိအားပေးကြရမယ်”ဟု ဂျကာတာတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဘလင့်ကင်က ပြောသည်။

ယခု သီတင်းပတ် အာဆီယံ အစည်းအဝေးတွင် မြန်မာ့ပဋိပက္ခက လွှမ်းမိုးထားပြီး မြန်မာစစ်ကောင်စီနှင့် မည်သို့ ဆက်လက်ဆက်ဆံရမည်၊ ဆက်ဆံသင့်မသင့် အာဆီယံ၌ သဘောထားကွဲနေသည်။
စစ်ကောင်စီကို အာဆီယံ အဆင့်မြင့် အစည်းအဝေးများမှ တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်လ၌ အငြင်းပွားဖွယ် “အလွတ်သဘော ဆွေးနွေးပွဲ”သို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားခဲ့၍ အဖွဲ့အတွင်း ကွဲလွဲမှု ထပ်တိုးရသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံသည် မြန်မာ့အရေးတွင် ထိထိရောက်ရောက် မရှိမှုကြောင့် ရေရှည် ဝေဖန်ခံနေရသကဲ့သို့ အကျပ်အတည်းအား ဖြေရှင်းရေး သံတမန်ကြိုးပမ်းမှုတွင် သဘောထားကွဲနေကြဆဲ ဖြစ်သည်။

အဘက်ဘက်မှ အကြမ်းဖက်မှုများကို ရှုတ်ချကြောင်းနှင့် စစ်ကောင်စီက မသိကျိုးကျွန် ပြုထားသည့် ဘုံသဘောတူညီချက် ငါးရပ်အား အခြေခံမူအဖြစ် ဆက်ထားရေးကို ကြာသပတေးနေ့ နှောင်းပိုင်း ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံက ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)
👍30😁5👏3
​​ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံသဖြင့် PDF များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်တော့ မည်ဟု သတင်းမှားဖြန့်
=================

ZZ
(မဇ္ဈိမ) ။ ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ ရာတွင် ၎င်းအနေဖြင့် NUG နှင့် PDF များကို အသိအမှတ်မပြု၊ မထောက်ခံကြောင်းပြောကြားခဲ့၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ကောင်စီထံ လက်နက်ချအလင်းဝင်ကာ နေအိမ်ပြန်ကြတော့မည်ဟု စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရန်ချန်နယ်များတွင် ဖော်ပြနေကြသည်။ ယင်းဖော်ပြချက်များ မှာ မှားယွင်းနေသည်။

“ကျော်စွာ” တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၁၃ ရက်နေ့တွင် “ အစကတည်းက ငါတိုက ပြောခဲ့ပါ တယ်။ ဇော်ဝေစိုး၊ ရည်မွန်၊ ဇင်မာအောင် ပြည်ပြေးတွေ ဂျင်းထည့်တာပါလို။ သူတိုက ပြည်ပြေးတွေဖြစ် နေပြီ အကြမ်းဖက်သတ်ဖြတ်မှုတွေကို pdf စီလွှချပြီး သူတိုနိုင်ငံရေးတစ်နေရာစာအတွက် အနေချောင်ဖို လုပ်နေတာ။ ဒေါ်စုကလက်မခံဘူးဆိုရင် ဒီလုပ်ရပ်တွေအားလုံးကို အင်တာပိုနဲ့ချိတ်ဆက်ပြီး ပြည်ပြေး တွေကို အစိုးရအဆက်ဆက်က ဖမ်းဆီးရေးလုပ်လိုရသွားပြီ”(မူရင်းအရေးအသားအတိုင်း) ဟုဆိုကာ ပုံ ၁၀ ပုံနှင့်အတူဖော်ပြထားသည်။

ယင်းအကြောင်းကို အခြားတယ်လီဂရမ်ချန်နယ် ၁၁ ခုတွင်လည်းပျံ့နှံ့နေပြီး ကြည့်ရှုသူ ၅၀,၀၀၀ ကျော် နေပြီဖြစ်သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ယင်းပုံများ ပျံ့နှံ့လျက်ရှိနေသည်။
ထိုပုံများသည် တော်လှန်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအပေါ် စိတ်ပျက် ကာ တော်လှန်ရေးဆက်မလုပ်ချင်တော့သယောင် ဖေ့စ်ဘုတ်တွင်ရေးသားထားသည့် ပိုစ့်များအဖြစ် Screenshot ယူထားသည့်ပုံများဖြစ်သည်။

အပြည့်အစုံ ဖတ်ရန် >>
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Fake_Account
#Fake_post

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤣39👍16💩4❤1😁1
​​ကျိုက်ထိုတွင် ရွှေတွင်းလုပ်သားများအပါအဝင် အရပ်သား ၁၆ ဦး ဖမ်းဆီးခံရ
====================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံအနောက်ဘက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းမှ ရွှေတွင်းလုပ်သားအားလုံးအပါအဝင် အရပ်သား ၁၆ ဦးအား စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၊ တော်လှန်ရေးအင်အားစုများထံက သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့၊ ညနေ ၄ နာရီ ၃၀ ဝန်းကျင်အချိန်က ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဆီအုန်းခြံအနောက်ဘက်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးဝန်းကျင် ရောက်ရှိလာပြီး ရွှေတွင်းလုပ်ကွက်ရှိ ဘက်ဟိုးမောင်းသမား သုံးဦး၊ ရွှေတွင်းလုပ်သား ၁၀ ဦးတို့အပြင် ရွှေတွင်းအနီးအနားရှိ ပန်းသီရိ စိုက်ပျိုးရေးကုမ္ပဏီမှ မန်နေဂျာ ကိုမျိုးမြင့်ကျော်နှင့် ဝန်ထမ်းနှစ်ဦးတို့ကိုပါ ဖောကားဖြင့်တင်၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

" ကားနဲ့ဝင်လာတာ လူ ၅၀ လောက်ပါမယ်ထင်တယ်။ ယူနီဖောင်းတွေရော အရပ်ဝတ်တွေရောပါတယ်။ သေနတ်တွေ ပစ်တယ်။ လက်နက်ကြီးနဲ့လည်း အပေါ်ဘက်ကို ထုသေးတယ်။ ရွှေတွင်းထဲက တန်းလျားတွေတော့ အကုန်မီးရှို့ခံလိုက်ရတယ်။ တန်းလျားဆိုတာကလည်း အလုပ်သမားတွေနေတာဆိုတော့ ဖြစ်သလို ဆောက်ထားတဲ့ဟာတွေပဲ။ ဘာကြောင့်ဖမ်းသလဲတော့ ကျွန်တော်လည်း မသိဘူး" ဟု အင်္ဂဘိုကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ်သားများသည် ရွှေတူးဖော်ရေး လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားများ နေထိုင်ရာ တဲ၊ တန်းလျားများအား မီးရှို့ဖျက်ဆီးခဲ့ကာ အနီးအနား ပတ်ဝန်းကျင်သို့ လက်နက်ကြီးများ၊ သေနတ်များ ပစ်ခတ်ခဲ့သေးကြောင်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းခွင်မှ ရွှေမျှောစက်တစ်လုံး၊ ဘက်ဟိုးသုံးစီးတို့အား သိမ်းဆည်းသွားကြောင်း သိရသည်။

အဆိုပါ ရွှေတူးဖော်ရေးလုပ်ငန်းခွင်သည် ရန်ကုန်မြို့မှ ဦးအောင်အောင် ပိုင်ဆိုင်သည့် လုပ်ငန်းခွင်ဖြစ်ပြီး ဝင်ရောက်ဖမ်းဆီးချိန်တွင် ၎င်းသည် လုပ်ငန်းခွင်အတွင်း မရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

" ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ ကျွန်တော်တို့အသေးစိတ် စုံစမ်းနေဆဲပါ၊ အဲ့ဒီရွှေလုပ်ကွက်တွေဆိုတာလည်း ကျွန်တော်တို့တော်လှန်ရေးဘက်နဲ့ သက်ဆိုင်မှုမရှိတော့ ဘာကြောင့်ဖမ်းတယ်ဆိုတာ အသေးစိတ်တော့ မသိရသေးပါဘူး" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

အဆိုပါ အရပ်သား ၁၆ ဦးအား လက်ရှိတွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာရှိ တပ်မ (၄၄) ဌာနချုပ်နှင့် ကျိုက်ထိုမြို့နယ်ရဲစခန်းတို့တွင် ဖမ်းဆီးထားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် စစ်ကောင်စီတပ်​၏ မကြာခဏ ဖမ်းဆီး စစ်ဆေးခံရလေ့ရှိသော်လည်း ရွှေတူးဖော်ရေးလုပ်ငန်းအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျိုက်ထိုမြို့နယ်
#စီးပွားရေးလုပ်ငန်းရှင်
#စစ်ကောင်စီတပ်​
#ရွှေတွင်းလုပ်သား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬20👍14❤2😁2
Mizzima Weekly Sports အစီအစဉ် 
===============

တပတ်အတွင်း အားကစားလောကရဲ့ထူးခြားတဲ့ သတင်းအကြောင်းအရာတွေကို ပရိသတ်တွေအတွက် စုစည်းတင်ဆက်ပေးသွားမယ့် Mizzima ရဲ့ Weekly Sports အစီအစဉ် ဖြစ်ပါတယ်။ 

-------------

ဒီတစ်ပတ်မှာတော့ .....

- Oliveirense အသင်းနဲ့ သက်တမ်းတိုးတဲ့ ကမ္ဘာ့အသက်အကြီးဆုံးဘောလုံးသမား ကာဇူရိုရှီ မူရာ

- အက်ဒ်ဝင်ဗန်ဒါဆာ - နယ်သာလန်ဂိုးသမားဟောင်း `အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့’

- စပွန်ဆာမပါတဲ့ အိမ်ကွင်းအင်္ကျီဝတ်စုံအသစ်ကို ချယ်လ်ဆီးအသင်း ထုတ်ပြ

- MMA ကြယ်ပွင့် ဖရန်စစ် အန်ဂန်နူနဲ့ ရင်ဆိုင်ရမယ့် WBC ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဖြူရီ စတဲ့အကြောင်းအရာတွေအပါအဝင် စိတ်ဝင်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/6cSv76PbWBs

#weeklysport 
#MizzimaTV 
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2🥰1
​​Bitcoin မှ ကမ္ဘာတစ်၀န်းတွင် လူ့အခွင့်အရေးများကိုကူညီပေးနေပုံ

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။)

[https://www.facebook.com/bitcoin.MM.initiatve](https://www.facebook.com/bitcoin.MM.initiatve"‌")

Bitcoin ဟာဗဟိုထိန်းချုပ်မှု မရှိတဲ့ကမ္ဘာပေါ်က digital ငွေကြေး ( Digital Gold တစ်ခုဖြစ်ပါတယ်။Bitcoinဟာသမာရိုးကျဘဏ်စနစ်ကိုအသုံးမပြုလိုတဲ့လူတစ်ဦးတစ်ယောက်ချင်းဆီရဲ့ပိုင်ဆိုင်မှုများကို စိတ်ချယုံကြည်စွာသိမ်းဆည်ထားနိုင်ရုံသာမကဘဲကမ္ဘာပေါ်ရှိလူ့အခွင့်အရေးကိစ္စများတွင်လည်းများစွာကူညီခဲ့ပါတယ်။ လုံခြုံစွာငွေလွဲနိုင်ခြင်းနှင့်လွတ်လပ်စွာသုံးစွဲနိုင်မှု အာဏာပိုင်များကကြိုးကိုင်မှုမရှိခြင်းတို့ကကမ္ဘာတစ်၀န်းကနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့်လူ့အခွင့်အခွင့်အရေးကြိုးပမ်းနေသူများအတွက်များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုများနှင့်စီးပွါးရေးမတည်ငြိမ်မှုများရင်ဆိုင်နေရသော ဗင်နီဇွဲလားနိုင်ငံတွင်Bitcoinဟာအသက်သွေးကြောသဖွယ်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ငွေကြေးတန်ဖိုးဟာလျင်မြန်စွာကျဆင်းသွားမှုကြောင့် ဗင်နီဇွဲလားနိုင်ငံသားများဟာ ၄င်းတို့ရဲ့ကြွယ်၀ချမ်းသာမှုများ ထိန်းသိမ်းနိုင်ရန် နှင့်တန်ဖိုးရှိပစည်းများကို ဆက်လက်၀ယ်ယူနိုင်ရန် Bitcoin ဟာပြောင်းလဲသုံးစွဲစရာတစ်ခုအနေနဲ့ဖြစ်လာခဲ့ပါတယ်။ Bitcoin ဟာလူတစ်ဦးတစ်ယောက်ချင်းစီအပေါ် အစိုးရရဲ့ထိန်းချုပ်မှုများမရှိဘဲကိုယ်ပိုင်စီမံခန့်ခွဲနိုင်မှုကခက်အခဲများကြားမှာရှင်သန်ဖို့အတွက်နည်းလမ်းတစ်ခုဖြစ်စေခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တွင် ဗနီဇွဲလားကဲ့သို့ပင်နိုင်ငံရေးအခြေအနေပြင်းထန်ခဲ့သောဇင်ဘာဘွေနိုင်ငံတွင်လည်းငွေကြေးဖောင်းပွမှုများဖြစ်ပေါ်နေသောအခြေအနေတွင် Bitcoin ကို အသုံးပြုကာလျင်မြန်စွာကျဆင်းနေသောနိုင်ငံငွေကြေးအကြပ်တည်းများကြားတွင်မိသားစုများကိုဆက်လက်ထောက်ပံ့နိုင်ခဲ့ပါတယ်။ နောက်ပြီးတင်းကြပ်သော ဗဟိုထိန်းချုပ်မှုရှိပြီးရင်းနှီးမြှုပ်နှံမှုများကိုစောင့်ကြည့်လျက်ရှိသောတရုတ်နိုင်ငံတွင်လည်းအစိုးရမှစောင့်ကြည့်မှုမခံလိုသူများနှင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကြားတွင် Bitcoin ဟာရေးပန်းစားလျက်ရှိပါတယ်။ Bitcoinဟာလွတ်လပ်စွာပြောဆိုနိုင်ခွင့်များအတွက်လည်းကူညီပေးနေလျက်ရှိပါတယ်။ နိုင်ငံအတွင်းအကျင့်ပျက်ချစားမှုငွေကြေးဖောင်းပွမှု နှင့်သမာရိုးကျဘဏ်၀န်ဆောင်မှုလုပ်ငန်းများ အကန့်အသတ်ဖြင့်ရသောနိုင်ဂျီးရီးယားနိုင်ငံတွင်လည်း Bitcoin ဟာအရေးပါသောကဏ္ဍတစ််ခုမှပါ၀င်နေလျက်ရှိပါတယ်။ လူငယ်အရေအတွက်များပြားလာခြင်းနှင့်အတူ Bitcoin ဟာစွန့်ဦးတီထွန်မှုများနှင့်စီးပွားရေးဆိုင်ရာများအတွက်လည်းအခွင့်အလမ်းများရရှိစေပါတယ်။ Paxel နှင့် Binance ကဲ့သို့သော Platform များသည် နိုင်ဂျီးရီးယားလူမျိုးများအတွက်နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်း၀ယ်ရေး၊ကမ္ဘာ့နိုင်ငံများစျေးကွက်များသို့၀င်ရောက်နိုင်မှုနှင့်သူတို့ရဲ့ လူမှုအကျိုးစီးပွါးကိုတိုးတက်စေရန်အထောက်အကူပြုလျှက်ရှိပါတယ်။ဟောင်ကောင်နှင့်မြန်မာနိုင်ငံတွင်လည်းနိင်ငံရေးတက်ကြွလှုပ်ရှားသူများ ဒီမိုကရေစီလှုပ်ရှားမှုများအကြားတွင်ငွေကြေးဆိုင်ရာထောက်ပံ့မှုရန်ပုံငွေရှာဖွေခြင်းများကိုဖြတ်တောက်ခြင်းပိုင်ဆိုင်မှုဘဏ်အကောင်းများကို ပိတ်သိမ်းခြင်းမှ ကာကွယ်ရန်သမာရိုးကျဘဏ်စနစ်ကိုရှောင်ရှားနှင့်ဆေးဝါးနှင့်


Ref ; Reason : Bitcoin is protecting human rights around the world

Reddit : Hundreds of people in Argentina forming the shape of a Bitcoin in 

protest during soaring inflation

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

Telegram တွင် စောင့်ဖတ်ရန် → [https://t.me/BitcoinMyanmarEDU](https://t.me/BitcoinMyanmarEDU "smartCard-inline")
👍18😁2❤1🥰1
Media is too big
VIEW IN TELEGRAM
ကြက်သားအာလူးဟင်း | Chef Eve's Easy Thai Cooking Show | Ep - 22

Watch more detail- https://youtu.be/0DMgl4iaY_w

#reels #shorts #ကြက် #အာလူး #ChefEve’s
👍2😁1🤮1
တစ်ကျော့ပြန် ရက်ရှည်တိုက်ပွဲတွေကြားက နန်ဆန်ယန် (ရုပ်/သံ)
===================

အဂမ် 

မြစ်ကြီးနား - ဗန်းမော် ပြည်ထောင်စုလမ်းမကြီးပေါ်က နန်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့‌တွေက ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမပတ်မှာ ပြန်လည်စစ်ကြောင်းထိုးလာတဲ့အတွက် KIA နဲ့ တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းတလျှောက် စစ်ကောင်စီဂိတ်တွေကနေ ယာဉ်သွားလာခွင့်ကို ကေအိုင်အေက ကန့်သတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် KIA နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်တပ်ဖွဲ့က နန်ဆန်ယန် ရွာထဲမှာ နေရာမယူကြတော့ဘဲ တောတွင်းမှာ နေရာယူထားကြတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မဇ္ဈိမက ကနဦး စုံစမ်းသိရှိထားပါတယ်။

https://youtu.be/OKyIS9z7eE0

#နန်ဆန်ယန်
#လိုင်ဇာ
#တိုက်ပွဲဖြစ်
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13👏3🔥1
​​ကျိုက်စကော အကျဥ်းထောင်မှ အကျဥ်းသားများ သီးသန့်စစ်ကားဖြင့် ခေါ်ထုတ်ခံရ၊ သေဆုံးပြီဖြစ်ကြောင်း ၄ ဦး၏ မိသားစုဝင်များ အကြောင်းစာ လက်ခံရရှိ 
====================

ရွှေနွယ်

 (မဇ္ဈိမ)။ ။ သေဆုံးပြီဖြစ်ကြောင်း မိသားစုဝင်များထံ စာပို့ခံရသည့် ကျိုက်စကော အကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသားလေးဦးသည် စစ်ကောင်စီ စစ်ကားဖြင့် သီးသန့်ခေါ်ထုတ်ခံရသူများတွင် ပါဝင်ကြောင်း ယုံကြည်စိတ်ချရသည့် ကျိုက်စကောအကျဉ်းထောင်သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ကျိုက်စကောအကျဉ်းထောင်မှ အကျဥ်းသား ၃၇ ဦးကို ထောင်ပြောင်းရွေ့ခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၁၄ ဦးကိုလည်း သီးသန့် စစ်ကားဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်သည်။ 

" ထောင်ပြောင်းတာက အချုပ်ကားနဲ့ အဲ့ဒီအထဲမှာ နိုင်ကျဉ်းတွေမပါဘဲ အခြားသောအမှုအခင်းနဲ့ထောင်ကျနေသူတွေဖြစ်ပါတယ်။ ၃၁ ယောက် အင်းစိန်ထောင်ကိုရောက်ရှိပါတယ်။ ၃၇ ဦးဆိုတာက စာမှာဖော်ပြထားတာအရ ၃၇ ဦးပေါ့ ။ ကားထဲမှာ ၃၇ ဦး ပါ ၊ မပါတော့ အတိအကျ မသိဘူး။ ၃၀ ကျော်လောက်ပါတယ်လို့ သိပါတယ်။ အခု သေဆုံးကြောင်းစာပို့ခံရတဲ့ နိုင်ကျဉ်းတွေက အဲ့ဒီကားထဲမှာမပါပါဘူး ။ သူတို့ကိုက စစ်ကားနဲ့သပ်သပ်ခေါ်ထုတ်သွားတာပါ။ အဲ့ဒီထဲက သေဆုံးကြောင်းစာပို့ခံရတဲ့ မိသားစုတွေရှိတယ်။ ကျန်တဲ့သေဆုံးကြောင်းစာပို့မခံရတဲ့ လူတွေလည်း အသက်အန္တရာယ်ရှိတယ်လို့တော့ကြားထားပြီးပါပြီ။ စာပို့ခံရသူရော ကျန်စာပို့မခံရသူရော ထောင်ကနေ ခေါ်ထုတ်သွားတာ စုစုပေါင်း ၁၄ ဦးရှိပါတယ်” ဟု အကျဉ်းထောင်သတင်းအရင်းမြစ်က ပြောသည်။

အဆိုပါ နိုင်ကျဥ်း ၁၄ ဦးအနက် ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း (ခေါ်) ကိုပြည့်၊ ကိုအောင်မျိုးသူနှင့် ကိုရာလေး(ခေါ်) ကိုဇင်မြင့်ထွန်း တို့၏ မိသားစုများထံ သေဆုံးကြောင်း အကြောင်းကြားစာများ ရောက်ရှိပြီးဖြစ်သည်ဟုသိရသည်။

ကိုပြည့်ဖြိုးဟိန်း (ခေါ်) ကိုပြည့်၏ မိသားစုဝင်များထံသို့ ရောက်ရှိလာသည့်အကြောင်းကြားစာတွင် “ သာယာဝတီထောင်သို့ ပြောင်းရွှေ့စဉ် လမ်းခရီး၌ ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ သေဆုံး" ဟုဖော်ပြထားသည်။ 

 ကိုရာလေး (ခေါ်) ကိုဇင်မြင့်ထွန်း၏ မိသားစုထံသို့ အကြောင်းကြားရာတွင်မူ “ အင်းစိန်ထောင်သို့ ပြောင်းရွှေ့စဉ် လမ်းခရီး၌ ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာထွက်ပြေးသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ သေဆုံး” ဟုဖော်ပြထားသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ကိုခန့်လင်းနိုင်၏ မိသားစုထံသို့ လည်းကောင်း၊ ဇူလိုင် လ ၈ ရက်နေ့တွင် ကိုပြည့်ဖြိုးဟိန်း၏ မိသားစုထံသို့လည်းကောင်း သေဆုံးသွားကြောင်း အကြောင်းကြား စာစစ်ကောင်စီက ပေးပို့ခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။ 

အဆိုပါ အကြောင်းကြားစာတွင် ဒိုက်ဦးထောင်မှ အင်းစိန်ထောင်သို့ပြောင်းရွှေ့ရာလမ်းခရီး၌ မော်တော် ယာဉ်တိမ်းမှောက်မှုကို အခွင့်ကောင်းယူကာထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ် ခတ် ဖမ်းဆီးရာ သေဆုံးသွားကြောင်း ပါရှိသည်။

လက်ရှိတွင် ထောင်ပြင်ပ ခေါ်ထုတ်ခံရသူများအနက် ကိုအောင်သူရလှိုင်၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုခန့်လင်းနိုင်၊ ကိုဇင်မြင့်ထွန်း၊ ကိုအောင်မျိုးသူနှင့် ကိုပြည့်ဖြိုးအောင်တို့ ခုနစ်ဦး သေဆုံးသွားကြောင်း အတည်ပြုထားနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPN )တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဆိုသည်။

အဆိုပါ ၁၄ ဦးထဲတွင်ပါသွားသည်ဟု သတင်းအစအနရရှိပြီး သေဆုံးကြောင်း အကြောင်းကြားစာမရရှိသည့် နိုင်ငံရေးအကျဉ်းသားအချို့၏ မိသားစုဝင်များသည် ထောင်သို့ဆက်သွယ်မေးမြန်းရာတွင် အဆိုပါ အကျဉ်းသားများမှာ ထောင်တွင်မရှိတော့ကြောင်းနှင့် ၎င်းတို့အနေဖြင့် အဆိုပါကိစ္စရပ်များကို မသိကြောင်းသာ ဖြေကြားသည်ဟုသိရသည်။

"ဒီရက်ပိုင်းအတွင်းမှ ဒီလမ်းဒီခရီးတွေမှာလည်း အချုပ်ကားမှောက်တယ်တို့ ကားမှောက်တယ် ပစ်ခတ်မှုဖြစ်တယ်တို့ ဘာသတင်းမှမကြားရဘူး။ ဖြစ်တယ်ဆိုရင်ကို သိနေကြရတာပဲ ။ အခုခေတ်က။ နောက်ပြီး သေဆုံးကြောင်းရတဲ့သူက သာယာဝတီပို့တယ်ပြောထားတော့ ကျန်သေဆုံးကြောင်းမရဘဲ ကျိုက်စကောထောင်မှာလည်းသူတို့လူမရှိတော့ဘူး အပြောခံရတဲ့မိသားစုတွေက သာယာဝတီကိုလိုက်ကြတယ်။ ဟိုရောက်တော့ သာယာဝတီကို ၁၁ ဦး ထောင်ပြောင်းရောက်လာတယ် ။ ဒါပေမယ့် အဲ့ဒီ ၁၁ ဦးက ကျိုက်စကောထောင်ကနေ ရောက်လာတာမဟုတ်ဘူး ။ အခြားကတဲ့။ ဆိုတော့ အင်းစိန်လည်း မရောက်ဘူးကြားထားပြီးပြီ ။ သာယာဝတီလည်းမရောက်ဘူးအပြောခံရတော့ သေဆုံးကြောင်းမရတဲ့ ကျန် ၁၀ ဦးက ပျောက်နေတာပေါ့။ ဒီလူတွေလည်း အသက်အန္တရာယ်အများကြီးရှိတယ်။ ပြောမကောင်းပေမယ့် ဟိုမေး၊ ဒီမေးကနေ ရထားတဲ့သတင်းအစအနတွေအရတော့ အသတ်ခံလိုက်ရပြီလို့တောင်ကြားထားပါတယ်" ဟု အဆိုပါ အကျဉ်းသားများအနက် တစ်ဦးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
🤬17👍8❤2😁2😢2
Media is too big
VIEW IN TELEGRAM
ပုဇွန်ဆနွန်းမှုန့်ထမင်းကြော် | Chef Eve's Easy Thai Cooking Show | Ep - 22

Watch more detail- https://youtu.be/0DMgl4iaY_w

#reels #shorts #ပုဇွန် #ထမင်းကြော် #ChefEve’s #Mizzima
😁3👍2
KNU နယ်မြေမှာ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များလာ (ရုပ်/သံ)

KMN

(မဇ္ဈိမ) ။  ။ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ်မှာ စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများလာ တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။

ကရင်ပြည်နယ်က ဒူးပလာယာခရိုင်၊ မူတြော်ခရိုင် ၊ခလယ်လွီထူခရိုင် ၊ဒူးသထူခရိုင် စတဲ့ ခရိုင်တွေမှာစစ်ကောင်စီ ခြေမြန်တပ်ရင်း (၂၇၅)၊ တပ်ရင်း (၃၁၄)၊ တပ်ရင်း (၄၁၀) စတဲ့ တပ်တွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် ဇူလိူင် လ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း အရပ်သား နှစ်ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဇူလိူင် ၇ ရက်နေ့အထိ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကရင်ပြည်နယ်မှာ အရပ်သား ၅၃ ဦးသေဆုံးခဲ့ပြီး ၁၃၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံက မဇ္ဈိမကိုပြောပါတယ်။

တင်ဆက်/တည်းဖြတ် - KMN

https://youtu.be/dhtO4tltWoA

#Mizzima
#KNU
#အရပ်သားသေဆုံးမှုများလား
#လေကြောင်းတိုက်
#ကရင်ပြည်နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8👏4🔥3👍1
This media is not supported in your browser
VIEW IN TELEGRAM
လုံခြုံရေးကြောင့်ဒဏ်ရာရရှိတဲ့ အဆိုတော် Britney Spears

Watch more detail - https://youtu.be/xt0NtKK6-2Y

#reels #shorts #celecity #Mizzima
👍2💩1
Cele City - Episode 27
==============

🔈 Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ..

ဒီအပတ်မှာဆိုရင်

👉 Captain Jack Sparrow ဇာတ်ကောင် မျိုးနဲ့ထပ်မံတွေ့ရနိုင်တဲ့ မင်းသား Johnny Depp

👉 လုံခြုံရေးကြောင့်ဒဏ်ရာရရှိခဲ့တဲ့ အဆိုတော် Britney Spears

👉 စိတ်ကျရောဂါကြောင့်အဆုံးစီရင်ခဲ့တဲ့ Legendary အဆိုတော် Coco Lee

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/xt0NtKK6-2Y

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🍌2
အပိုင်း (၁၁) ဖက်ဒရယ်နိုင်ငံရေးစနစ်ထဲကတရားစီရင်ရေး
================

ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ အစီအစဥ် ----
မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ် Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။

https://youtu.be/ryIsSFjLa8I

ထုတ်လွှင့်ပြီးအပိုင်းများ ပြန်လည်ကြည့်ရှုရန် - https://youtube.com/playlist...
https://youtu.be/ryIsSFjLa8I
👍9🔥2
​​ဇွန်လ အတွင်း KNU တပ်မဟာ (၅) နယ်မြေတွင် စစ်ကောင်စီတပ်သား ၁၅၀ နီးပါး သေဆုံး
========================

YT
(မဇ္ဈိမ)။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်သား ၁၄၆ ဦးသေဆုံးခဲ့ကြောင်း KNU မူတြော်သတင်းစဉ်က ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့က သတင်းထုတ်ပြန်သည်။

" ကျွန်တော်တို့ဆီမှာက တိုက်ပွဲတွေဖြစ်နေပေမယ့် တိုးတိုးတိတ်တိတ် ချနေရတဲ့ အခြေအနေတွေဗျ။ နေ့တိုင်း တစ်နေရာမဟုတ် တစ်နေရာမှာတော့ ချတာပဲ" ဟု တပ်မဟာ (၅) KNLA သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပေါင်း ၁၇၀ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဒု-တပ်ကြပ်တစ်ဦး အပါအဝင် ၁၄၆ ဦး သေဆုံးခဲ့ကာ ၄၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်များအတွင်း တပ်မဟာ (၅) KNLA၊ PDF ပူးပေါင်းတပ်များဘက်တွင်လည်း ရဲဘော်သုံးဦး ကျဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ပိုင်ဆိုင်သည့် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီိးတို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်​၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU တပ်မဟာ (၅) နယ်မြေတွင် နေထိုင်သည့် ဒေသခံတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဇွန်လအတွင်း တပ်မဟာ (၅) နယ်မြေ၊ လူသောမြို့နယ်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လူထိခိုက်မှု မရှိခဲ့သော်လည်း မျိုးဆက်သစ် ကရင်အထက်တန်းကျောင်း အဆောက်အအုံ သုံးခု၊ ကျောင်းခန်းမဆောင် တစ်ဆောင်၊ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု - ISP Myanmar ​၏ မေလ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားခဲ့သော တိုက်ပွဲအရေအတွက်​ အများဆုံးသည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်အနက် အကြိမ်ရေ ၄,၂၀၀ ကျော်သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း၊ ထိုအကြိမ်ရေသည် နှစ်နှစ်ကျော်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲအားလုံး​၏ ၄၅% ရှိကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#KNU တပ်မဟာ (၅) နယ်မြေ
#စစ်ကောင်စီတပ်သား သေဆုံး
#ပူးပေါင်းတပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2👏1
​​ကျောက်ဆည်တွင် ကြံ့ခိုင်ရေးပါတီဝင် အသတ်ခံရ
=================

007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာအနီး၊ ကျောက်ဆည်-စက်မှုဇုံသွား ကားလမ်းဘေးတွင် ယနေ့နံနက်ပိုင်းက ကြံ့ခိုင်ရေးပါတီဝင်အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

"နာမည်က ဦးမျိုးအောင်တဲ့၊ စကစအတွက် မီတာခလိုက်ကောက်တဲ့အလုပ်လုပ်တယ်၊ မနက်က ကျောက်ဆည်မီတာရုံးမှာ မီတာဖိုးတွေသွားသွင်းပြီးပြန်အလာမှာ အပစ်ခံရတာ၊ ဆိုင်ကယ်နဲ့နှစ်ယောက်က နောက်ကနေလိုက်လာပြီး ပစ်သွားတာ" ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်က၊ ကျောက်ဆည်မြို့နယ်၊ရဲဘော်ကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးမျိုးအောင်(အသက် ၄၇ နှစ်)သည်၊ ကျေးရွာအတွင်းမှ မီတာကြေးကောက်ခံရရှိငွေများကို ကျောက်ဆည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သွားရောက်ပေးသွင်းပြီးအပြန်၊ ဆိုင်ကယ်ဖြင့်လိုက်လာသူ နှစ်ဦးက၊ အခင်းဖြစ်နေရာအရောက်တွင်၊ သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အဝန်းမှ သိရသည်။

သေနတ်ပစ်ခံရမှုကြောင့် ဦးမျိုးအောင်တွင် ဝမ်းဗိုက်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်မောင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ လည်ပင်းဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ရင်ညွန့်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်၊ စုစုပေါင်းဒဏ်ရာငါးချက်ရရှိပြီး၊ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းအသတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးပေ။

မန္တလေးတိုင်းတွင် ဇွန်လ ၃ ရက်နေ့မှ ယနေ့အထိ၊ စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားတွင် ပူးပေါင်းပါဝင်သော ကြံ့ခိုင်ရေးပါတီဝင် ငါးဦး၊ သေနတ်ဖြင့်ပစ်ခံရပြီး လေးဦးသေဆုံးခဲ့သည်။
စစ်တပ်အာဏာသိမ်းသည့်အချိန်မှ ယမန်နှစ်လယ်ပိုင်းအထိ ကြံ့ခိုင်ရေးပါတီ၀င်များနှင့် ၀န်းရံထောက်ခံသူ စုစုပေါင်း ၁,၃၂၇ ဦးသေဆုံးခဲ့ကြောင်း၊ ထိုစဉ်က ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးသန်းဌေးက ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ပါတီ၀င်များသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန် ခြင်းမရှိတော့ပေ။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကျောက်ဆည်
#ကြံ့ခိုင်ရေးပါတီ
#စစ်ကောင်စီ
#မန္တလေးတိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤1😁1🤬1
​​မဇ္ဈိမက သတင်းသမားများအား သတင်တန်းပေးနေခြင်းကို ထိုင်းရှိ ပိုလန်သံရုံး အားပေးကူညီ
=====================

ထိုင်းနိုင်ငံရှိ ပိုလန်သံရုံးနှင့် မဇ္ဈိမသတင်းဌာနတို့က ဇူလိုင် ၁၄ ရက်တွင် စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးပြီး မြန်မာသတင်းသမားများ၏ စွမ်းဆောင်ရည် တည်ဆောက်ရေးအတွက် ပိုလန်သံရုံးမှ အမေရိကန်ဒေါ်လာ ၁၈,၅၀၀ အား ပေးအပ်ကူညီသွားမည် ဖြစ်သည်။ အဆိုပါ ရန်ပုံငွေသည် ၂၀၂၃ ၌ ပြုလုပ်မည့် မဇ္ဈိမ မီဒီယာ လေ့ကျင့်သင်ကြားမှုအဖွဲ့ MMTI ၌ မြန်မာသတင်းသမားများအတွက် လေ့ကျင့်သင်တန်းပေးခြင်း စတုတ္ထအသုတ်အတွက် ကုန်ကျစရိတ်များကို ကျခံသွားမည် ဖြစ်သည်။

“MMTI ကို အားပေးကူညီတဲ့ “ပိုလန်အကူအညီ’ စီမံကိန်းကနေပြီး မြန်မာ လူငယ် လွတ်လပ်တဲ့ သတင်းသမားတွေအတွက် အကူအညီပေးရတာ ကျွန်တော်တို့ ဝမ်းမြောက်တယ်၊ ဒီ အကူအညီက အနာဂတ်မှာ လွတ်လပ်တဲ့မီဒီယာအခင်းအကျင်း ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပေးလိမ့်မယ်လို့ ကျွန်တော် ယူဆတယ်”ဟု စာချုပ်လက်မှတ်ရေးထိုးမှု၌ ထိုင်းနိုင်ငံဆိုင်ရာ ပိုလန်သံအမတ်ကြီး H.E. Artur Dmochowski က ပြောသည်။

ပိုလန်နိုင်ငံသည် ၎င်း၏ နိုင်ငံအတွင်း၌ အပါအဝင် လွတ်လပ်သော မီဒီယာ အခွင့်အရေးအတွက် တိုက်ပွဲဝင်သည့် ရေရှည်သမိုင်းကြောင်း ရှိထားသည်။ သံအမတ်ကြီး Dmochowski ကိုယ်တိုင်က သတင်းပညာနှင့် ပတ်သက်သော နောက်ခံရှိထားသူဖြစ်ပြီး ကွန်မြူနစ်အုပ်ချုပ်သည့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပိုလန်၏ မြေအောက်သတင်းမီဒီယာ လှုပ်ရှားမှုများတွင် အဓိက ပါဝင်ခဲ့သူဖြစ်ကာ အကြိမ်ကြိမ် ဖမ်းဆီးခံရသူလည်း ဖြစ်သည်။

“ပိုလန်မှာတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ဒီမိုကရေစီနိုင်ငံမှာ နေနေရတယ်ဆိုပြီး အရမ်းကံကောင်းတယ်လို့ ထင်လို့ရတယ်၊ ပိုလန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်က ကျွန်တော်တို့ရဲ့ အခြေခံအခွင့်အရေးလို့ သတ်မှတ်ထားတာ ဖြစ်တယ်၊ လွတ်လပ်တဲ့ မီဒီယာတွေက ကွဲပြားခြားနားတဲ့ အမြင်သဘောထားတွေကို ဖော်ပြကြတယ်”ဟု သံအမတ်ကြီးက မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ သမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့တွေ စိန်ခေါ်မှုတွေ အတောမသတ် ကြုံခဲ့ရတယ်၊ အထူးသဖြင့် ၂၀ ရာစုက ကွန်မြူနစ်အုပ်ချုပ်မှုအောက်မှာ နေရချိန်ကပေါ့၊ ဒါကြောင့် အခြေခံလူသားလွတ်လပ်ခွင့် ချို့တဲ့တာဟာ ဘယ်လိုဆိုတာကို ကျွန်တော်တို့တွေ နားလည်တယ်၊ ဒါကြောင့် မြန်မာနိုင်ငံအတွက် အထူးသဖြင့် မဇ္ဈိမအတွက် ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ မကြာခင် ရရှိခံစားရဖို့ ဆုတောင်းပေးတယ်”ဟု ၎င်းက ပြောသည်။

မဇ္ဈိမအပါအဝင် မြန်မာနိုင်ငံက လွတ်လပ်သော မီဒီယာများသည် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် တရားမဝင်အဖြစ် ကြေညာခံရသည်။ မြန်မာနိုင်ငံသည် နယ်စည်းမခြား သတင်းသမားများ (RSF) ၏ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း၌ နိုင်ငံ ၁၈၀ ရှိရာတွင် ဆိုးဝါးစွာ အဆင့် ၁၇၃ တွင် ရှိနေသည်။ အာဏာမသိမ်းခင်က အဆင့် ၁၃၉ တွင် ရှိခဲ့ခြင်း ဖြစ်သည်။

MMTI မှာ မြန်မာနိုင်ငံ၏ လွတ်လပ်သော မီဒီယာနှင့် သတင်းသမားများအတွက် ပြိုင်ဘက်ကင်း ရင်းမြစ်တစ်ခုပဲ ဖြစ်သည်။ ၂၀၂၂ ဩဂုတ်တွင် ထူထောင်သော MMTI သည် မြန်မာနိုင်ငံအနှံ့မှ သင်တန်းသားများကို မြန်မာကျွမ်းကျင်သူများနှင့် ကျော်ကြားသည့် နိုင်ငံခြားဧည့်သည်များဖြင့် သင်တန်းပေးနေခြင်း ဖြစ်သည်။
MMTI မှ မြန်မာနိုင်ငံမှ လူငယ်သတင်းသမားများအား လေ့ကျင့်သင်တန်းပေးရာတွင် ပိုလန်အပြင် လူဇင်ဘတ်နှင့် အိုင်ယာလန်အစိုးရတို့ကလည်း ရန်ပုံငွေ အကူအညီများ ပေးအပ်ကြသည်။

(မိုးသဲ ဘာသာပြန်သည်။)
👍17❤5🔥1🥴1