Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
တစ်ဖက်သတ်အသာစီးယူထားတဲ့ရွေးကောက်ပွဲအတွက် ကမ္ဘောဒီးယားရုပ်သံက ဟွန်ဆန်အကြောင်းဝါဒဖြန့်ရုပ်သံဇာတ်ကားတွေ ဆက်တိုက်ထုတ်လွှင့်နေ

#InternationalNews #reels #shorts #Mizzima #Cambodia
👍7🤮5🔥4
ဇူလိုင်လ (၁၇)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================

01:00 − ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး ကြတဲ့သတင်း

03:36 − နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိစ္စ အထူးအယူခံအမှုတွေ တရားလွှတ်တော်ချုပ်မှာ ကြားနာမယ့်သတင်း

05:23 − ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်လာဖို့ မလုံခြုံသေးကြောင်း အမေရိကန်သံတမန် ပြောတဲ့သတင်း နဲ့

06:55 − ပြုပြင်ပြောင်းလဲရေးလုပ်မယ့်ကိုယ်စားလှယ်လောင်းကို ကန့်ကွက်ခဲ့တဲ့ ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ်အတွက်မဲခွဲမှု ဆက်လက်ပြုလုပ်မယ့် သတင်း တွေအပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/ZLdx-kVGKqY


#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤2🍌2
အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက်
================

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အာဆီယံကြေညာချက်ကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၄ ရက်နေ့က ကန့်ကွက်ပယ်ချ လိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပခဲ့တဲ့ (၅၆)ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်ပါ မြန်မာ့အရေး ဖော်ပြချက်အချို့က “အာဆီယံပဋိညာဉ်ပါမူကြီးများနဲ့ မကိုက်ညီဘူး” ဆိုပြီး လက်မခံဘဲ ကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အစည်းအဝေးအပြီး ပူးတွဲကြေညာချက်မှာ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှု၊ အရပ်ဘက်အဆောက်အအုံ တွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီကတော့ ဒီကြေညာချက်ဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကြိုးပမ်းမှုကို ထည့်သွင်းမစဉ်းစားဘဲ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်တယ် လို့ ဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲကြညာချက် မူကြမ်းကို ညှိနှိုင်းတဲ့အချိန်မှာ စစ်ကောင်စီအနေနဲ့ ပါဝင်ဆွေးနွေးခဲ့ပေမယ့် ကြေညာချက်ထုတ်ပြန်ချိန်မှာ ပြင်ဆင် ဖြည့်စွက်လိုတဲ့အချက်တွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျစ်လျူရှုခဲ့တယ်လို့ စစ်ကောင်စီက သဘောထားထုတ်ပြန်ပါတယ်။

https://youtu.be/p-uf4nS8qcQ

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁8👏4👍3🔥1
ပြုပြင်ပြောင်းလဲရေးလုပ်မယ့်ကိုယ်စားလှယ်လောင်းကို ကန့်ကွက်ခဲ့တဲ့ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ်အတွက်မဲခွဲမှု ဆက်လက်ပြုလုပ်မယ်လို့ဆို
======================

https://youtu.be/ikQnbttceZ8

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2
Media is too big
VIEW IN TELEGRAM
အာဆီယံ ပူးတွဲကြေညာချက် စစ်ကောင်စီ ကန့်ကွက်

Watch more detail - https://youtu.be/p-uf4nS8qcQ

#PoliticalNews #reels #shorts #MizzimaTV
😁8🤣3👏2
This media is not supported in your browser
VIEW IN TELEGRAM
ပြုပြင်ပြောင်းလဲရေးလုပ်မယ့်ကိုယ်စားလှယ်လောင်းကို ကန့်ကွက်ခဲ့တဲ့ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ်အတွက်မဲခွဲမှု ဆက်လက်ပြုလုပ်မယ်လို့ဆို

#InternationalNews #Mizzima #Thailand #Reels #Shorts
👍8😁2❤1
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး
====================

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးပြီးနောက်ရက်ပိုင်းအကြာမှာ မြန်မာ့အရေးအတွက် တရုတ်နဲ့ ရှရှားတို့နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးတန်း သံတမန် ဝမ်ယိနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်းတို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ကြတာဖြစ်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ကတော့ထိုင်းနိုင်ငံကိုရောက်ရှိနေစဉ် မစ္စတာ ဒွန်နဲ့တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

မြန်မာ့အရေး နိုင်ငံရေးအရ အဖြေရှာရာမှာ တရုတ်နိုင်ငံအနေနဲ့ အရေးပါသောအခန်းကဏ္ဍက ဆက်လက်ပါဝင်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ တရုတ်နိုင်ငံ အဆင့်မြင့်သံတမန် ဝမ်ရိကလည်း အာဆီယံအနေနဲ့ ၎င်းတို့ရဲ့ နည်းလမ်းဖြင့် မြန်မာနိုင်ငံအရေးကို ဖြေရှင်းခြင်းနဲ့ နိုင်ငံများအားလုံး လက်ခံသော လမ်းပြမြေပုံအား ဆောင်ရွက်ခြင်းများအတွက် ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

https://youtu.be/4hOTPT8MkjI

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁5🤮3
Media is too big
VIEW IN TELEGRAM
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တရုတ်၊ရှရှားတို့နှင့်တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

Watch more detail - https://youtu.be/4hOTPT8MkjI

#PoliticalNews #reels #shorts #MizzimaTV #Thailand #China
🤮8😁5👏3
This media is not supported in your browser
VIEW IN TELEGRAM
ဂျာမနီရဲ့ တရုတ်နဲ့ဆက်ဆံရေးမဟာဗျူဟာသစ်က အန္တရာယ်ရှိကြောင်း ဘေဂျင်းအစိုးရပြော

#InternationalNews #reels #shorts #China #Germany #Mizzima
👏2👍1
စစ်ကောင်စီက အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးတွင် လုံခြုံရေးတိုးမြှင့်ချထား
🤮9💩3👍2👏2😁2
စစ်ကောင်စီက အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးတွင် လုံခြုံရေးတိုးမြှင့်ချထား
=====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်းနှင့် ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံးတို့တွင် လုံခြုံရေး တိုးမြှင့်ချထားပြီး အာဇာနည်နေ့အခမ်းအနားအတွက် ပြင်ဆင်‌မှုပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိသူ၏ ပြောပြချက်အရ သိရသည်။

“အဲဒီနှစ်နေရာမှာ လုံခြုံရေးပိုချထားတာ တွေ့ရတယ်။ စစ်တာဆေးတာတွေတော့ အဲဒီလောက်မလုပ်ဘူး။ အာဇာနည်ကုန်းဆိုလည်း အထဲမှာ အသေးစား တယောက်စာဘန်ကာလေးတွေ ချထားတယ်။ အခမ်း အနားအတွက် ပြင်ဆင်နေတာတွေ့ရတယ်။ ပွဲနေရာထိုင်ခင်းတွေလည်း အဖွဲ့စုံပဲပြင်နေတာတွေ့ရတယ်။ အထဲတွေမှာတော့ အထူးလုံခြုံရေးချထားတယ်။ ခြံစည်းရိုးဘေးပတ်ပတ်လည်တွေမှာလည်း သေနတ် တွေနဲ့ တကိုယ်စာနေရာယူထားကြတယ်။ အဲဒီထဲဝင်မယ့်သူတွေကိုတော့ စစ်ရင်စစ်မယ့် သဘောရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် အာဇာနည်းကုန်းရှိသည့် ဗဟန်းမြို့နယ်တွင် လုံခြုံရေးတိုးမြှင့်တပ်စွဲထားမှုများရှိကာ ဝန်ကြီး များရုံးပတ်ဝန်းကျင်တွင်လည်း ပုံမှန်ထက်လုံခြုံရေးတင်းကြပ်ထားကြောင်း ရန်ကုန်မြေပြင် ကင်းထောက် တဦးက ပြောသည်။

“အာဇာနည်းကုန်းမှာ တယ်လီဖုန်းလှိုင်းဖြတ်စက် (Jammer)တပ်ဆင်ခြင်းတွေ ဆောင်ရွက်နေပါတယ် ။ ဗဟန်းနဲ့ထိစပ်နေတဲ့မြို့နယ်တွေမှာ ဧည့်စစ်တာ၊ ကင်းလှည့်တာတွေ ပိုလုပ်လာပါတယ်။ ဝန်ကြီးများရုံး ဘက်မှာလည်း ပုံမှန်ထက် လုံခြုံရေးတင်းကြပ်ထားပါတယ်။ ဝန်ကြီးများရုံး ပတ်ဝန်းကျင်ကလမ်းတချို့ကို ကားပေးမဖြတ်ဘဲ စစ်တပ်ကပိတ်နေတာတွေ့ရပါတယ်။ အဲဒီမြို့နယ်တွေမှာ အသွားအလာလုံခြုံရေး အထူးဂရုစိုက်ဖို့လိုပါတယ်” ဟု ဆိုသည်။

လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည်ဖြစ်သော (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များက အစစ်အဆေးများ ပိုမိုပြုလုပ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အရေးကြီးကိစ္စများမှလွဲ၍ အပြင်ထွက်ခြင်းမပြုကြရန်နှင့် တော်လှန်ရေးအင်အားစု များအနေဖြင့် မိမိအဖွဲ့၏ ချမှတ်ထားသည့်လုံခြုံရေးစည်းကမ်းများကို အတိအကျလိုက်နာရန် ရန်ကုန်ရှိ တော်လှန်ရေးအင်အားစုတခုက အသိပေးသည်။

အာဇာနည်ကုန်းနှင့် ဝန်ကြီးများရုံးတို့တွင် လုံခြုံရေးတိုးမြှင့်ထားမှုများကို ကြည့်ခြင်းအားဖြင့် တော်လှန် ရေးအင်အားစုများ၊ မြို့ပြပြောက်ကျားများ၏ ဆန္ဒထုတ်ဖော်ခြင်း၊ တိုက်ခိုက်မှုပြုလုပ်ခြင်းတို့ မပြုလုပ် နိုင်ရန် ၂၄ နာရီပတ်လုံး စောင့်ကြည့်နေခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့နေ ဒေသခံတဦးက မှတ်ချက်ပြု သည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် (၇၄) နှစ်မြောက်နှင့် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား နှစ်ကြိမ်ကျင်းပခဲ့ပြီး အရပ်သားအစိုးရလက်ထက်က ကာကွယ်ရေးဦးစီးချုပ်အဖြစ် တက်ရောက်ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခြင်းမပြုတော့ဘဲ ယမန်နှစ် ကပြုလုပ်သည့် (၇၅)နှစ်မြောက်အခမ်းအနားသို့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတက်ရောက်ခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အာဇာနည်နေ့
#ရန်ကုန်မြို့
#လုံခြုံရေးတိုးမြှင့်

ဓာတ်ပုံ - ရန်ကုန်မြို့တွင်း၌ စစ်ဆေးရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များ (ပုံဟောင်း)
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍10🤬4🔥1
ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု
======================

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေအားလုံး ချက်ခြင်းရပ်တန့်ပြီး မြန်မာပြည်သူတိုင်းအတွက် လူအခွင့်အရေး ကာကွယ်မှုပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တောင်းဆိုပါတယ်။

 မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်ဆလင်နဲ့ အခြား လူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၃ ကြိမ်မြောက် အစည်းအဝေးမှာ ချမှတ်အတည်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ထဲမှာ နိုင်ငံတွင်းက အကြမ်းဖက်မှုတွေ၊ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေ အားလုံး ချက်ခြင်းရပ်တန့်ဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂ တာဝန်ပေးအပ်ထားသူတွေနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ယန္တယားတို့ကို မြန်မာတာဝန်ရှိသူတွေဖက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပြီး၊ လူ့အခွင့်အရေးအခြေအနေကို အဟန့်အတားမရှိ စောင့်ကြည့်နိုင်ဖို့လည်း တောင်းဆိုထားပါတယ်။
ပြေးလွှားပုန်းရှောင်နေကြရတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ လူနည်းစု တိုင်းရင်းသားတွေအတွက် သူတို့ဆန္ဒနဲ့အညီ နေရပ်ပြန်နိုင်မယ့် အခြေအနေမျိုး ဖန်တီးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

https://youtu.be/kG9D4Vmzd4o

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7❤6🤣2
Media is too big
VIEW IN TELEGRAM
ရိုဟင်ဂျာနဲ့ လူနည်းစုအရေးဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေးကောင်စီ အတည်ပြု

Watch more detail - https://youtu.be/kG9D4Vmzd4o

#PoliticalNews #reels #shorts #MizzimaTV
👍7😁2
​​ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းမြို့နယ်များရှိ ကျေးရွာ ၂၅ ရွာအား စစ်ကောင်စီက ၄ လကျော်ကြာ လျှပ်စစ်မီးဖြတ်
===================

KMN
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းမြို့နယ်တို့မှ ကျေးရွာ ၂၅ ရွာအား စစ်ကောင်စီက လေးလကျော်ကြာသည်အထိ လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း ဒေသခံများက ပြော သည်။

ယင်းကျေးရွာများအား ပျူစောထီးတပ်ဖွဲ့များအထိုင်ချရာ ကျွန်းလှမြို့နယ်၊ ကံပေါက်ရွာရှိ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးဌာနမှ မီးပေးနေခြင်းဖြစ်ပြီး အနီးအနားရှိကျေးရွာများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှစတင်ကာ လျှပ်စစ်မီးဖြတ်တောက်ထားခြင်း ဖြစ်သည်။
မီးဖြတ်ခံထားရသည့်ကျေးရွာများမှာ ကန့်ဘလူမြို့နယ်မှ မကျီးကုန်း၊ အင်ငုတ်တို၊ ညောင်ကုန်းနှင့် လက် ခုပ်ပင်၊ စုစုပေါင်းလေးရွာဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ထံမှသိရသည်။

အလားတူ ကျွန်းလှမြို့နယ်တွင် တောင်ယာဆိပ်၊ ဘတ်အင်းသရက်တော၊ သရက်တော၊ ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ မြင်သာဦးနှင့် အောင်ရန်ကင်းစသည့် ၁၂ ရွာ ဖြစ်သည်။

ကောလင်းမြို့နယ်အတွင်းရှိ အောင်ချမ်းသာ၊ ပေတပင်၊ ရွာသစ်၊ ဇမ္ဗူရစ်၊ ခေါင်းဖြူ၊ ပန်းပရဲ၊ သစ်ဆိမ့်ကုန်း၊ ကြာအင်းနှင့် ယင်းတိုက်စသည့် ကျေးရွာကိုးရွာမှာလည်း လျှပ်စစ်မီး ဖြတ်တောက်ခံထားရသည်။

အထက်ပါ ၂၅ ရွာအနက် အောင်ချမ်းသာနှင့် ပေတပင်ကျေးရွာတို့မှာ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း အောင်ချမ်းသာကျေးရွာတိုက်ပွဲ ဖြစ်ပွားသည့်နေ့ကတည်းက ဖြတ်တောက်ခံရခြင်းဖြစ်ကြောင်း ဆိုကြ သည်။

“အောင်ချမ်းသာရွာက တရွာလုံး မီးရှို့ခံရသလို ဂျက်ဖိုက်တာနဲ့လည်းအပစ်ခံရတော့ မီးလိုင်းအကုန်ပြတ် သွားတာ။ ပေတပင်ရွာကျတော့ ရွာထဲထိုင်ထားတဲ့ ထရန်စဖော်မာကို ဂျက်ဖိုက်တာနဲ့ပစ်သွားတော့ လျှပ်စစ်မီးပြတ်သွားတာ ယနေ့အချိန်ထိပဲ ” ဟု ဒေသခံတဦးက ပြောသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနရှိသည့် ကံပေါက်ရွာနှင့် လယ်လှကျေးရွာများရှိ ပျူစောထီးများသည် အနီးအနားကျေးရွာများအား လျှပ်စစ်ဓာတ်အားဖြတ်တောက်ထားသည့်အပြင် အတင်းအဓမ္မမဲနှိုက်၍ ပျူစောထီးသင်တန်းတက်ရောက်ခိုင်းမှုများရှိကြောင်း ၎င်းကဆိုသည်။

ထို့ပြင် သင်တန်းမတက်ရောက်လိုသူများထံမှလည်း ငွေကြေးတောင်းခံမှုများ ဆက်တိုက်ကျူးလွန်လျက် ရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က သတင်းထုတ်ပြန် ထား သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ကန့်ဘလူ
#ကျွန်းလှ
#ကောလင်း
#ပျူစောထီး
#လျှပ်စစ်မီး

ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

(ကန့်ဘလူခရိုင်အတွင်းရှိ ဓာတ်အားလိုင်းဖြန့်ဖြူးသည့် တ‌နေရာအားတွေ့ရစဉ်)

-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬13👍6🔥1👏1
Media is too big
VIEW IN TELEGRAM
ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်လာဖို့ မလုံခြုံသေးကြောင်း အမေရိကန်သံတမန်ပြော

#InternationalNews #reels #shorts #American #Mizzima
👍9😁2
ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲကြားရောက်သွားသည့် ခရီးသည်တင်ကား ပစ်ခတ်ခံရ၍ ၂ ဦးသေဆုံး
😢9👍3🔥2
ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲကြားရောက်သွားသည့် ခရီးသည်တင်ကား ပစ်ခတ်ခံရ၍ ၂ ဦးသေဆုံး
========================

သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြစိမ်းရောင်လမ်းမ(ပုလိန်-ခလယ် လမ်း)ပေါ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ် ပွားနေစဉ် ခရီးသည်တင်ကားတစ်စီး စစ်ကောင်စီတပ်ဖွဲ့၏ပစ်ခတ်ခြင်းခံရကာ နှစ်ဦးသေဆုံးသွား ကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

“ကားလမ်းမ ဟိုဘက်ဒီဘက်ပစ်နေကျတာ၊ ကြားထဲကို ဘုရားသုံးဆူကိုဆွဲနေတဲ့ ခရီးသည်တင်ကားဝင် လာတာ ကျနော်တို့က အရပ်သားကားဖြစ်တဲ့အတွက်ရပ်ပေးလိုက်ပေးမယ့် ရန်သူ(စစ်ကောင်စီတပ်ဖွဲ့) ဘက်က ဝိုင်းပစ်တာ။ ကားကတော့ရပ်သွားတယ် အရပ်သားတွေဆင်းပြေးကြတဲ့အချိန်မှ မပြေးနိုင်တဲ့သူ နှစ်ဦးကတော့ သေသွားတယ်”ဟု နဂါးနီဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

အဆိုပါနေရာ၌ KNU/KNLA တပ်ရင်း(၁၆) ၊ နဂါးနီစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ငါးဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ငါးဦး မစိုးရိမ်ဒဏ်ရာများရရှိခဲ့ ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဖွဲ့က ကားပေါ်တွင်ပါလာသည့် ခရီးသည် ၁၇ ဦးကို လူသားဒိုင်းအဖြစ် ပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု သိရသည်။ အဆိုပါဖမ်းဆီးခံရသည့် ၁၇ ဦးတွင် အမျိုးသား ၁၃ ဦး နှင့် အမျိုးသမီးလေး ဦးပါဝင်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် စိုးရိမ်ရသည့်ဒဏ်ရာများရရှိထားကြသည်ဟု ဆိုသည်။

“အမျိုးသားနှစ်ယောက်ကတော့ လွတ်မြောက်လာတယ်။ မိုးရွာတာကို အခွင့်ကောင်းယူပြီး ထွက်ပြေးလာ တာ။ ကျနော်တို့က သက်ဆိုင်ရာကိုအကြောင်းကြားပြီး စီစဉ်စရာရှိတာလုပ်ထားပြီး ပြုစုစောင့်ရှောက် ထားပါတယ်”ဟု နဂါးနီဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောသည်။

ကြာအင်းဆိပ်ကြီးဒေသတွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က အရပ်သားများအား ဖမ်းဆီးခြင်း များပြုလုပ်နေကြောင်း ဒေသခံများကပြောကြားသည်။ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ပုလိန်ရွာသား ခြံလုပ်သားလေးဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူများအား စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၁၇ ရက် သတင်းမေးမြန်းချိန်အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း နဂါးနီစစ်ကြောင်းမှူးက မဇ္ဈိမသို့ ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#ကြာအင်းဆိတ်ကြီးမြို့နယ်
#စစ်ကောင်စီတပ်
#ဖမ်းဆီးမှု

ပုံစာ။ ။ ပစ်ခတ်ခံရ၍ သေဆုံးသွားသည့် ခရီသည် ၂ဦးနှင့် ပစ်ခတ်ခံရသည့်ယာဉ်။
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢7❤2🔥1😁1