Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ဂျီ-၂၀ ဘဏ္ဍာရေးဆွေးနွေးပွဲတွေမှာ ကမ္ဘာ့ကြွေးမြီကိစ္စ လွှမ်းမိုးထား

#internationalnews #reels #shorts #Mizzima
🔥3
မွန်ပြည်နယ်၌ မိုးကြီးပြီး မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းရေကျော်နေ
❤3👏2🔥1
မွန်ပြည်နယ်၌ မိုးကြီးပြီး မုဒုံ-သံဖြူဇရပ်ကားလမ်းပိုင်းရေကျော်နေ
====================

ဂျူချန်း
(မဇ္ဈိမ)။ ။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-မွန်ပြည်နယ် ပြည်ထောင်စုလမ်းမှ မုဒုံ-သံဖြူဇရပ်မြို့ကြားတွင် ကားလမ်းရေကျော်နေပြီး ခရီးသွားပြည်သူများ သတိပြုသွားလာကြရန် ဒေသခံများနှင့် လူမှုရေးအသင်းအဖွဲ့များက အသိပေးသည်။
မွန်ပြည်နယ်တွင် ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာပြီးနောက် မုဒုံနှင့် သံဖြူဇရပ်မြို့ကြားရှိ နှီးပဒေါ၊ အဘစ်၊ ရောင်းဒေါင်း၊ ကွာန်လှာနှင့်ဖောင်စိန် ကျေးရွာတို့တွင် ယနေ့(ဇူလိုင်လ ၁၈ရက်)နံနက်မှစ၍ ကားလမ်းပေါ် ရေကျော်နေခြင်းဟုသိရသည်။

"မနက်ပိုင်းအစောကြီးကတော့ ကားဖြတ်လို့မရဘူး။ အခုတော့ ကားတွေဖြတ်လို့ရနေပြီ။ အခု ရေက ဒူးခေါင်းလောက်တော့ ရှိသေးတယ်။ ဒါပေမယ့် မိုးက ဆက်ရွာနေတုန်းပဲ။ နောက်ထပ်ကြီးဖို့တောင် ကြောက်နေရတယ်။ ရေတက်ရက်နဲ့လည်း ကိုက်နေတယ်လေ” ဟု နှီးပဒေါကျေးရွာဒေသခံတစ်ဦးက ယနေ့ နေ့လည် ၂နာရီခွဲခန့်တွင် ပြောသည်။

လက်ရှိတွင် ရေအနည်းငယ်ကျသွားသဖြင့် ကားများ ဖြတ်သန်းသွားလာနိုင်သော်လည်း မိုးဆက်လက်ရွာသွန်းလျက်ရှိရာ ထပ်မံရေကြီးမည်စိုးသဖြင့် မုဒုံနှင့် သံဖြူဇရပ်လမ်းပိုင်းတွင် နယ်မြေခံ ပရဟိတအသင်းများက စောင့်ကြည့်ပေးနေကြောင်း သိရသည်။
မုဒုံ-သံဖြူဇရပ်လမ်းပိုင်းအား အသုံးပြုရမည့် ခရီးသွားများအနေဖြင့် လက်ရှိ ရာသီဥတုအခြေအနေများကြောင့် လမ်းခရီးအခြေအနေကို စုံစမ်းပြီးမှသာ သတိထားသွားလာကြရန် လူမှုကူညီရေးအသင်းများက သတိပေးထားကြသည်။

သံဖြူဇရပ်မြို့နယ်၊ ပငကျေးကျေးရွာအုပ်စုတွင်လည်း မြေနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံနေပြီး ဆိုင်ကယ်နှင့် ကားများသွားလာ၍မရကြောင်း ဒေသခံများကပြောသည်။

“အနိမ့်ပိုင်းတွေမှာ ရင်ဘတ်အထိရောက်တယ်။ တချို့ခါးလောက်။ ခုထိတော့ ရေမကျသေးဘူး။ မိုးလည်း ဆက်ရွာနေတုန်းပဲ။ ရေစီးသန်တယ်။ ဘာမှသွားမရဘူး” ဟု ပငကျေးရွာဒေသခံတစ်ဦးက ယနေ့ညနေ ၃နာရီခန့်တွင် ပြောသည်။

မွန်ပြည်နယ်ဒေသအနှံ့တွင် ယမန်နေ့ ဇူလိုင်လ ၁၇ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျရေများဆင်းကာ မုဒုံမြို့၊ သံဖြူဇရပ်မြို့၊ ရေးမြို့နယ်အတွင်းရေလွှမ်းမိုးမှုကြုံတွေ့‌နေခြင်းဖြစ်သည်။

မုတ်သုံလေအားအလွန်ကောင်းနေသောကြောင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင် ဇူလိုင်လ ၂၁ရက်အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုဘေး သတိထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက သတိပေးထားသည်။

စာတည်း - မောင်ကြီး

#mizzima
#ရန်ကုန်-မွန်ပြည်နယ်ပြည်ထောင်စုလမ်း
#ကားလမ်းရေကျော်
#တောင်ကျရေ
#သတိပေး

ဓါတ်ပုံ-ဗြဟ္မဝိဟာရ လူမှုကူညီရေးအသင်း၊ Myat Min
ပုံစာ-မုဒုံ-သံဖြူဇရပ် ကားလမ်းပိုင်း နှင့် ပငကျေးရွာတွင် ရေကြီးမှု ဖြစ်ပွားစဉ် (ဇူလိုင်၁၈)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤1👎1🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယအနေဖြင့် ဘုံအကျိုးစီးပွားအတွက် နယ်စပ်တင်းမာမှုတွေ ပြေပျောက်စေဖို့ တရုတ်နှင့် တွေ့ဆုံသင့်ကြောင်း ဝမ်ယိပြော

Watch more detail - https://www.youtube.com/watch?v=Ggcdqo7RTwk

#BusinessRoundUp #reels #shorts #Mizzima #India #China
👍3🔥3
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
===================

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှစုပေါင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၁၈ရက် ယနေ့တွင်ဆက်လက်ချီ တက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်မျိုးသေရိုးမရှိ” ဆိုသည့် စာတန်းကို ကိုင်စွဲ ပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ဆန္ဒပြ ချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး ရက်ပေါင်း (၈၄၈) မြောက်ဖြစ်ပြီး ချီတက်မှုအပြီး ကျဆုံးခဲ့သည့် အာဇာနည်များ အလေးပြုခြင်း ၊ သွေးသစ္စာသီချင်သံပြိုင်သီဆိုခြင်းနှင့် ကြွေးကြော်သံများဖြင့်အဆုံး သတ်ခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီး ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

#ရွာပေါင်းစုံသပိတ်
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤11👍8😁2🥰1
လိုင်ဇာအနီးတိုက်ပွဲကြောင့် ထွက်ပြေးလာသူများ အကူအညီလိုအပ်နေ
👍7😢7😁2
လိုင်ဇာအနီးတိုက်ပွဲကြောင့် ထွက်ပြေးလာသူများ အကူအညီလိုအပ်နေ
======================

KMN
(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး နမ်ဆန်ယန်ကျေးရွာတဝိုက်ကို ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ဝန်းကျင်မှစပြီး စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ရွာခံ ၁,၀၀၀ ခန့် နီးစပ်ရာ မြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယင်းအနက် လူဦးရေ ၅၀၀ ခန့်မှာ ယခင်နေထိုင်ခဲ့သည့် ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကက်သလစ် စစ်ရှောင် စခန်းတွင် ဇူလိုင်လ ၁၄ ရက်နေ့မှစကာ ပြန်လည်နေထိုင်နေကြပြီး စားနပ်ရိက္ခာ၊ အမိုးအကာအတွက် အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူများက ပြောသည်။

“မိုင်းနားစစ်ရှောင်စခန်းကို မြစ်ကြီးနားဘုရားကျောင်းတခုကနေ လွန်ခဲ့တဲ့ သောကြာနေ့ (ဇူလိူင် ၁၄) က ရောက်သွားကြတာ၊ အိမ်ထောင်စု ၅၈ စုနဲ့ လူဦးရေက ၅၀၀ ကျော်လောက်ရှိတယ်၊ ထောက်ပံ့တဲ့ အဖွဲ့ အစည်းက မရှိသလောက်ပဲ။ ခါတိုင်းဆို စစ်ရှောင်လာပြီဆို တသီးပုဂ္ဂလ ထောက်ပံ့တာရှိတယ်၊ သီးသန့် အလှူရှင်တွေရှိတယ်၊ ခုကမရှိသလောက်ပဲ” ဟု စစ်ဘေးရှောင် ကူညီပေးနေသည့် နမ်ဆန်ယန်ကျေးရွာ၊ ကက်သလစ်ကျောင်းထိုင်ဘုန်းတော်ကြီးက မဇ္ဈိမကို မိန့်ကြားသည်။

မိုင်းနား ကက်သလစ်စစ်ဘေးရှောင်စခန်းရောက် နမ်ဆန်ယန်ရွာခံများကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ် ၁၀၀ ခန့်၊ မြစ်ကြီးနားကရုဏာအသင်းက စားနပ်ရိက္ခာအချို့လှူဒါန်းမူရှိခဲ့သော်လည်း အလှူရှင် နည်းပါးနေသည့်အတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

မိုင်းနား ကက်သလစ်စစ်ရှောင်စခန်းရှိ အခန်းအချို့သည် စစ်ဘေးရှောင်များ ပြန်လည်နေထိုင်ရန်အတွက် ပြုပြင်ရန်လိုအပ်နေပြီး အမိုးအကာများလည်း လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

မြစ်ကြီးနား-လိုင်ဇာ-ဗန်းမော် လမ်းပိုင်းတွင် တည်ရှိသည့် နမ်ဆန်ယန်ကျေးရွာသည် လူဦးရေ ၁,၀၀၀ ခန့် နေထိုင်သည့် ရွာကြီး ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာခံများ ထွက်ပြေးခဲ့ရကာ ရွာပျက်ကြီးအဖြစ် ကျန်ခဲ့သည်။

ယင်းနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်ဆန်းမှ စတင်ကာ ရွာခံများ တဖြည်းဖြည်း ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကြောင်းများ မကြာ ခဏဝင်ထွက်နေခြင်းကြောင့် ရွာခံများထပ်မံတိမ်းရှောင်နေရရာ ယခုနှစ် ဇူလိူင် ၃ ရက်နေ့ဝန်းကျင်မှစကာ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသည့်အတွက် ရွာလုံးကျွတ် တကျော့ပြန်ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရခြင်း ဖြစ်သည်။
“တောင်ယာက ကြက်တွေ၊ ဝက်တွေ စောင့်ကြည့်တဲ့သူရယ်၊ ရွှေတူးဖော်နေတဲ့သူရယ်လောက်ပဲ ကျန် နိုင်တယ်၊ ရွာသားတွေတော့ အာလုံးတိမ်းရှောင်ကုန်ပြီ” ဟု နမ်ဆန်ယန်ရွာ စစ်ဘေးရှောင် ကူညီပေးသူ တဦးက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၁၂ မိုင် အကွာရှိ နမ်ဆန်ယန်ကျေးရွာ အနီးတွင် ဇူလိုင် ၈ ရက်နေ့က စတင်တိုက်ပွဲများ ဖြစ်ခဲ့ပွားခဲ့ရာ လိုင်ဇာမြို့အနီးကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက်အရေးပါသည့် နမ်ဆန်ယန် ကျေးရွာအနီးရှိ ဒွမ်ဘန်ဘွမ်၊ ထွယ်ဝါဘွမ့်၊ ဖုန်ကရောင်ဘွမ့် စသည့်နေရာများတွင် စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲချင်သည့်အတွက် စစ်ကြောင်းထိုးရာမှ တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ကချင်သတင်းဌာနသို့ ပြောကြားထားသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
Photo - CJ နန်ဆန်ယန်ရွာ(ပုံဟောင်း)

#Mizzima
#နန်ဆန်ယန်
#KIA
#လိုင်ဇာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😢7🥰2😁2❤1
This media is not supported in your browser
VIEW IN TELEGRAM
သကြားဈေးနှုန်းများ အမြင့်ပိုင်းတွင်သာ ဆက်ရှိနေ

Watch more detail - https://www.youtube.com/watch?v=Ggcdqo7RTwk

#BusinessRoundUp #reels #shorts #Mizzima
🔥3
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ ဇူလိုင် ၂၀၂၃) 
====================

စစ်ကောင်စီနှင့်အကျိုးတူပူးပေါင်းနေသည့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့ အကျိုးစီးပွားများ တည်ရှိရာ မြို့များ နှင့် နေပြည်တော်ကို စစ်ကောင်စီ ထိန်းချုပ်နိုင်ရန် မျှော်လင့်နေကြပြီး ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးတပ်များ နေပြည်တော်ကို တက်မသိမ်းရန် ရပြီဟု ပြောဆိုသည်အထိ ကိုယ်ကျိုးစီးပွားသာ ကြည်သည်ကို တွေ့ရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8❤3😁3