Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ပထမအကြိမ်ကြိုးပမ်းမှုအရာမထင်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်လောင်းက လာမယ့်မဲခွဲမှုအတွက် စည်းရုံးရေးလုပ်ဆောင်နေ

#internationalnews #reels #shorts #Mizzima #Thailand
👍11🔥2😁1
This media is not supported in your browser
VIEW IN TELEGRAM
ကမ္ဘောဒီးယားဝန်ကြီးချုပ်က သူ့သားကို အာဏာလွှဲပေးဖို့ လမ်းစဖော်

#internationalnews #reels #shorts #Cambodia #Mizzima
👎7❤2👍2🔥2🤬1
Media is too big
VIEW IN TELEGRAM
ဆင်းရဲချမ်းသာကွာဟမှုက ဆင်းရဲမွဲတေမှုကို တာရှည်စေမယ်လို့ ကမ္ဘာ့ဘဏ်အကြီးအကဲပြော

#internationalnews #reels #shorts #Mizzima
👍8🔥2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယသူဌေးကြီး အက်ဒါနီက ဟင်ဒင်ဘာ့ဂျ်အစီရင်ခံစာကို မလိုမုန်းထားမှုအဖြစ် ပြစ်တင်ရှုတ်ချ

#internationalnews #reels #shorts #Mizzima #India
😁5👍1
BIMSTECအစည်းအဝေးကိုစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတတ်ရောက်ကာအဖွဲ့ဝင်နိုင်ငံ တချို့နဲ့သီးသန့်တွေ့ဆုံ
===================

BIMSTEC အစည်းအဝေးကို စစ်ကောင်စီတာဝန်ရှိသူတွေကို တက်ရောက်ခွင့်မပေးဖို့ တော်လှန်ရေးအင်အားစုတွေကနေ ပြီးခဲ့တဲ့နှစ်ကတည်းက စာထုတ်ကန့်ကွက်ခဲ့ကြပေမဲ့ မြန်မာကိုသီးသန့်ခွဲထားတာထက် တွေ့ဆုံညှိနှိုင်းရေးလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက သဘောထားရှိခဲ့ကြကာ စစ်ကောင်စီဝန်ကြီးကို ဖိတ်ကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းခဲ့တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နဲ့ ဘင်္ဂလားပင်လယ်အော်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနဲ့ ဘူတန် နိုင်ငံတွေက တက်ရောက်ခဲ့ကြပြီး အဲဒီအစည်းအဝေးတွေကို တက်ရောက်လာတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အဖွဲ့ဝင်နိုင်ငံတချို့ကဝန်ကြီးတွေဟာ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

https://youtu.be/EB8J8JdYZRQ

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🤬13👍3🤮3❤1👎1
This media is not supported in your browser
VIEW IN TELEGRAM
July - 19 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍4😁2
Media is too big
VIEW IN TELEGRAM
BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တတ်ရောက်ကာ အဖွဲ့ဝင်နိုင်ငံ တချို့နဲ့ သီးသန့်တွေ့ဆုံခဲ့

Watch more detail - https://youtu.be/EB8J8JdYZRQ

#စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတတ်ရောက် #BIMSTEC #အစည်းအဝေး #VideoNews #shorts #reels #Mizzima
🤮13👍2❤1👏1
ဇူလိုင်လ (၁၉)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

01:08 - BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တတ်ရောက်ကာ အဖွဲ့ဝင်နိုင်ငံ တချို့နဲ့သီးသန့်တွေ့ဆုံခဲ့တဲ့သတင်း

04:30 - စစ်ကောင်စီအင်အားချိနဲ့‌နေပြီဖြစ်ပြီး PDF၊ LDF၊ ပကဖ၊ ပလဖတွေအားလုံး စုစုစည်းစည်းရှိဖို့ NUG ၀န်ကြီးချုပ်ပြောကြားတဲ့သတင်း

05:49 - ရန်ကုန်တိုင်း မြို့နယ်တချို့မှာ အိမ်ငှားခစျေးတက်တဲ့သတင်း

07:19 - ဆောမြို့နယ်၊ လောင်းရှည်ဒေသမှာ စစ်ကောင်စီယာဥ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရမှု ၈၀ ဦးထက်မနည်း ထိခိုက်သေဆုံးတယ်လို့ NUG ထုတ်ပြန်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/NqcGe7dZW78

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10😁2🥰1
Media is too big
VIEW IN TELEGRAM
ကရင်နီဒေသ တိုက်ပွဲတွေကြောင့် စစ်ရှောင်များ ပိုများလာပြီး အကူညီပေးရေးမှာလည်း ပိုခက်ခဲလာနေ

Watch more detail - https://youtu.be/F7E0sfWNQK8

#ကရင်နီဒေသ #စစ်ရှောင် #အကူညီပေးရေး #Mizzima #VideoNews #shorts #reels
👍12🔥1😁1🥴1
အာဇာနည်နေ့အခမ်းအနား ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရခြင်းမရှိဘဲ ဦးအောင်ဆန်းဦး တက်ရောက်
👎16👍2👏2🤮2❤1
အာဇာနည်နေ့အခမ်းအနား ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရခြင်းမရှိဘဲ ဦးအောင်ဆန်းဦး တက်ရောက်
==================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ရခြင်းမရှိဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဆုံးဖြစ်သော ဦးအောင်ဆန်းဦး တက်ရောက်လာသည်ကို တွေ့မြင်ရသည်။

ယနေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင် သားအကြီးဆုံး ဦးအောင်ဆန်းဦး၊ သခင်မြ မိသားစုဝင် သားဖြစ်သူ ဦးရဲမြင့်အောင်နှင့် မြစ်ဖြစ်သူ မောင်ထက်ဘုန်းနိုင် ၊မန်းဘခိုင် မိသားစုဝင် (၁) မြေးများ ။ မိသားစုဝင် (၂) သမီးနှင့်မြေး ၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ မိသားစုဝင် သား ၊ ချွေးမ နှင့် မြေး၊ မြေးချွေးမ၊ မြစ် ၊ ဦးရာဇတ် မိသားစုဝင် သား၊ မြေး ၊ မြေးချွေးမ ၊ ဦးအုန်းမောင် မိသားစုဝင် သား နှင့်မြေးများ ၊ ရဲဘော်ကိုထွေး မိသားစုဝင် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ဦးအောင်ကိုကို၊ တူများ၊ မြေး တို့တက်ရောက်ခဲ့ပြီး ဒီးဒုတ်ဦးဘချို နှင့် ဦးဘဝင်းတို့၏ မိသားစုဝင်များ(မိသားစုဝင်ဟုပြော၊ တော်စပ်ပုံ၊ အမည်များမဖော်ပြခဲ့ပါ) လည်း တက်ရောက်ကာ လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ကြကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာတစ်ခု၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုမှတစ်ဆင့်သိရသည်။

ယနေ့ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်လာသော အာဇာနည်နေ့အတွက် အခမ်းအနားမှာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် သုံးကြိမ်မြောက်ကျင်းပခြင်းဖြစ်သည့် အခမ်းအနားဖြစ်သည်။

အခမ်းအနား သုံးကြိမ်လုံးတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခြင်းမရှိဘဲ ယနေ့ အခမ်းအနားတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းကသာ ဦးဆောင်ကျင်းပသွားသည်ကို တွေ့ရသည်။

ယနေ့တွင် ရန်ကုန်မြို့၌ အာဇာနည်နေ့အခမ်းအနားအား ဗဟန်းမြို့နယ်ရှိ အာဇာနည်ကုန်းတွင် နံနက် ၈ နာရီမှစတင်ကာ ကျင်းပလျက်ရှိသဖြင့် အဆိုပါမြို့နယ်နှင့် ထိစပ်မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များ၏ လုံခြုံရေးအင်အား တိုးမြှင့်တင်းကျပ်ထားကြောင်း မြေပြင်ကင်းထောက်များထံက တစ်ဆင့်သိရသည်။

သို့သော်လည်း တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ လုံခြုံရေးတင်ကျပ်ထားမှုများကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဖြိုချရေးအတွက် ဆန္ဒပြ၊ ပြောက်ကျားသပိတ် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အာဇာနည်နေ့
#အထိမ်းအမှတ်
#စစ်အာဏာရှင်စနစ်
#ဒေါ်အောင်ဆန်းစုကြည်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8👎3🤮2💩2❤1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံအတွက် စတာလင်ပေါင်သန်း ၃ဝ ကျော် ဗြိတိန်အစိုးရ ကူညီ

Watch more detail - https://youtu.be/vVRyHDrFx0U

#မြန်မာနိုင်ငံ #ဗြိတိန်အစိုးရ #ကူညီ #VideoNews #shorts #reels #Mizzima
👍18😁2
​​မကြာမီ လာမည့် ကမ္ဘာ့အစီအစဉ် (New global order) အသစ်သုံးလွှာနှင့် နိုင်ငံရေးအတွေး‌‌အခေါ်ဟောင်း၊ လုပ်ရိုးလုပ်စဉ်ဟောင်းတွေ လွှမ်းမိုးနေသေးတဲ့ မြန်မာ့နွေးဦးတော်လှန်ရေး အကျပ်အတည်း
====================

ဇော်တူးဆိုင်း
အင်အားကြီး ရုရှားအကျ၊ ကိုဗဒ်အလွန် တရုပ်စီးပွားရေး မဟာပြန် အဖွင့်နှင့် ယူကရိန်းစစ်မျက်နာမှာ လက်စွမ်းပြနေတဲ့ အ‌မရိကန် (ကန်) ရဲ့ စစ်လက်နက်နှင့် နည်းပညာတွေဟာ မတူညီတဲ့ ကမ္ဘာ့ အစီအစဉ်သစ် (New global order) အလွှာ သုံးလွှာ ကို ဆောင်ကြဉ်းတော့မယ်လို့ ပညာရှင်တွေ မှန်းဆကြပါတယ်။ ဒီကြားထဲမှာ မြန်မာ့နွေးဦးတော်လှန်ရေး ကတော့ နိုင်ငံရေး ရဲ့ အခြေအမြစ်ကို ဟောင်းနွမ်းတဲ့ နားလည်မှုတွေ၊ တစ်ပတ်ရစ် လုပ်ရိုးလုပ်စဉ်၊ အားနည်းတဲ့ ခေါင်းဆောင်မှုနှင့် ပြည့်နှက် နေတာကို တွေရပါလိမ့်မယ်။

ယနေ့ နိုင်ငံတကာ သတင်းခေါင်းစဉ် တွေကို ကြည့်လိုက်လျှင် ၉၀ ရာခိုင်နှုန်းကျော်ဟာ ပထဝီနိုင်ငံရေး တင်းမာမှု နှင့် ပဋိပက္ခတွေ အကြောင်းအရာတွေက များပါတယ်။ ဒီလို ဖြစ်နေတာဟာ အောက်မှာ ဆွေး‌‌‌နွေးမယ့် အကြောင်းအရင်း သုံးချက်ကြောင့် ဖြစ်ပေါ်နေတယ်လို့ ယူဆလို့ ရပါတယ်။

(၁) အချက်ကတော့ စစ်အေးအလွန် ရုရှားဟာ သမ္မတ ပူတင်ခေါင်းဆောင်မှုနှင့် သူတို့ရဲ့ စီပွားရေးနဲ့ စစ်ရေးတွေရဲ့ (Capability) စွမ်းဆောင်နိုင်မှုတွေ ညံ့ဖျင်:မှု၊ ၎င်းရဲ့ အင်အားကြီး (Super Power) နိုင်ငံက‌နေ အောက်ကျသွားတာကို ယူကရိန်း စစ်မျက်နှာမှာ ဖွင့်ချလိုက်တာပါပဲ။ အခုလို ရုရှားဟာ စစ်ရေးအရ မဟာဗျူဟာ ချထားခဲ့ သလို ယူကရိန်း တစ်နိုင်ငံလုံးကို လွှမ်းမိုး၊ထိန်းချုပ်နိုင်ခြင်း မလုပ်နိုင်‌တော့တာကြောင့် ရုရှားခေါင်းဆောင်တွေဟာ အကြီးကျယ် ဒေါသ ထွက်နေကြပါတယ်။

(၂) အချက်ကတော့ တရုတ်နိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ် တို့လို အဖွဲ့အစည်းများတွင် ပေါင်းစည်းခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနစ်တွေမှာ အရင်းရှင် စီးပွားရေးလှိုင်းထဲကို ၀င်လာပြီး အများကြီး ချမ်းသာ လာခဲ့ပါတယ်။ ဒါကြောင့် စစ်ရေးအရလည်း အားကောင်းလာပြီး တောင်တရုပ်ပင်လယ်မှာ နယ်မြေချဲ့ထွင်တဲ့ အပြုအမှုတွေ လုပ်လာပါတယ်။ ဒီလိုဘဲ အနောက်နိုင်ငံတွေက မျှော်လင့်ခဲ့ သလို့ နိုင်ငံရေးအရ လစ်ဘရယ် ဒီမိုကရေစီ ဘက်ကို ယိမ်းမလာဘဲ တရုတ်နည်း တရုပ်ဟန် အာဏာရှင် ကွန်မြူနစ် နိုင်ငံဖြစ်နေတုန်း ပါဘဲ။ အစိုးရထိန်းချုပ်တဲ့ အရင်းရှင် စီးပွားရေးအား ကောင်းလာတဲ့ တရုတ်တွေဟာ အမေရိကန်တွေလိုပဲ ဖြစ်လာခဲ့လိမ့်မယ်ဆိုပြီး အနောက်လစ်ဘရယ်တွေက တွက်ဆခဲ့ကြပါတယ်။ တရုတ်တွေဟာ တရုပ်တွေပဲ ဖြစ်နေတုန်းပါပဲ။ အမေရိကန်က အဲဒါကို အထူး ဘ၀င် မကျပါဘူး။

(၃) ကတော့ အမေရိကန်ပြည်ထောင်စုရှိ သန်းနှင့်ချီသော နိုင်ငံသားများနှင့် အခြားချမ်းသာသော ဒီမိုကရေစီနိုင်ငံများရှိတဲ့ လူထုက ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် နောက်ကျ ကျန်ရစ်နေရတယ်လို့ ခံစားနေ ကြရပါတယ်။ လူလတ်တန်းစာ (middle class) တွေလည်း နည်းလာနေပါတယ်။ ဆယ်စုနှစ်များစွာ လျစ်လျူရှုထားတဲ့ အကျိုးဆက်ကြောင့် ၎င်းတို့၏အစိုးရများနှင့် ခေါင်းဆောင်တွေကို အားမလိုအားမရ ဖြစ်ပြီး အနောက်နိုင်ငံ အစိုးရ ခေါင်းဆောင်တွေရဲ့ တရား၀င်မှု ရှိမရှိ မေးခွန်း ထုတ်နေကြပါတယ်။


စာညွှန်း
https://www.youtube.com/watch?v=uiUPD-z9DTg
https://ispmyanmar.com/community/category/isp-data-matters/
https://www.cfr.org/.../what-did-prime-minister-modis...
https://burma.irrawaddy.com/.../2023/07/03/335956.html
(ဇော်တူးဆိုင်းအကြောင်း - ငယ်နာမည် ငဇော်၊ အညာသားပါ။ တောင်သူလယ်သမား မိဘတွေကမွေးပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ပြည်တွင်းနိုင်ငံရေး အခြေအနေ ကျပ်တည်းလာတော့ လက်နက်ကိုင်တိုက်ချင်လို့ အသက် ၁၇ နှစ်မှာ တောခိုပါတယ်။ ဒုက္ခသည်စခန်းမှာ ခုနစ်နှစ်နေရင်း ကျောင်းသားတပ်မတော်မှာ ရုံးလုပ်ငန်းတွေ တာဝန်ယူခဲ့ပါတယ်။ ဒေလီတက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဂုဏ်ထူးတန်းဖွဲ့ ၂၀၀၃ မှာ ရပြီး ဖောင်ဒေးရှင်းတစ်ခု မှာ ဝန်ထမ်းလုပ်ပါတယ်။ ကချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျတော့ ဇော်တူးဆိုင်:ရယ်လို့ ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်မှာ နေထိုင်ပြီး ကိုလံဘီယာတက္ကသိုလ် (Columbia University) ကနေ နိုင်ငံတကာရေးရာ၊ ဘောဂဗေဒဆိုင်ရာပြည်သူ့ ဆိုင်တဲ့ မူဝါဒ (Public Policy) မဟာဘွဲ့ ရရှိခဲ့ပါတယ်။)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤3😁2
​​အာဇာနည် ၉ ဦးအပြင် တော်လှန်ရေးတွင်ကျဆုံးခဲ့ရသော သူရဲကောင်းများအားဂုဏ်ပြုလှုပ်ရှားမှု ရန်ကုန် တွင် ပြုလုပ်
===================

ဂန္ဒမာ
(မဇ္ဈိမ)။ ။အာဇာနည်ကိုးဦးအပြင် စစ်ကောင်စီတပ်၏ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသည့် သူရဲကောင်းများအားဂုဏ်ပြုသည့်အနေဖြင့် လှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အခု ကျရောက်တဲ့အာဇာနည်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းကိုးဦးအပြင် ဒီတော်လှန်ရေး မှာကျဆုံးသွားတဲ့ သူရဲကောင်းတွေက အများကြီးပါပဲ။ ဒီလှုပ်ရှားမှုဟာ အာဇာနည်သူရဲကောင်း အားလုံး ကိုဂုဏ်ပြုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ကျွန်တော်တို့လူငယ်တွေကို မတရားဖမ်းဆီးချုပ်နှောင်ပြီး မတရား ဥပဒေပုဒ်မတွေတပ်ကာ ဖမ်းဆီးနေပေမဲ့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုများဟာ အန္တရာယ်တွေ ကြားကနေ ခက်ခက်ခဲခဲလှုပ်ရှားနေကြပါတယ်” ဟု ယနေ့လှုပ်ရှားမှုအကြောင်းအရင်းကို စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု Anti - Junta Alliance Yangon မှ တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

ယနေ့ လှုပ်ရှားမှုမှာ ရန်ကုန်မြို့တနေရာတွင် “အာဇာနည်မျိုး သေရိုးမရှိ” ဟူသော စာတန်းအား ချိတ်ဆွဲခဲ့ ခြင်းဖြစ်သည်။ နွေဦးအာဇာနည်များ၊ ဒီမိုကရေစီအာဇာနည်များကို မမေ့ဖို့နှင့် သတိတရဖြစ်စေရန် ရည် ရွယ်ကာ ရန်ကုန် တော်လှန်ရေး လူငယ်အဖွဲ့များက ဘန်နာများ ချိတ်ဆွဲကာ ပြည်သူအများကို သတိပေး တိုက်တွန်းပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဇာနည်နေ့ နီးကပ်လာသည်နှင့်အမျှ ရန်ကုန်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့များ၏ လုံခြုံရေးတင်းကြပ်ထားပြီး ယနေ့ အာဇာနည်နေ့တွင်လည်း လုံခြုံရေးတိုးမြှင့်ထားသည့်ကြားမှ တော်လှန် ရေးအင်အားစုများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသလို ပြည်သူများကလည်း တော်လှန်ရေးတွင် ရရာနေရာမှ နိုင်သည့်ဝန်ကိုထမ်းကာ ပါဝင်ပေးကြရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက တောင်းဆိုခဲ့သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#အာဇာနည်နေ့
#ရန်ကုန်မြို့
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#နွေဦးတော်လှန်ရေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤4😁2
ကရင်နီဒေသ တိုက်ပွဲတွေကြောင့် စစ်ရှောင်များ ပိုများလာပြီး အကူညီပေးရေးမှာလည်း ပိုခက်ခဲလာနေ
=================

လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာ ဒီလအတွင်း တိုက်ပွဲတွေ ကြိုကြားဆက်ဖြစ်နေသလို၊ စစ်ကောင်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် စစ်ပြေးဒုက္ခသည်ဦးရေ တနေ့တခြား ပိုများလာနေပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုနဲ့ စစ်ပြေး ဒုက္ခသည်ဦးရေဟာ ပြီးခဲ့တဲ့သီတင်း ၂ ပတ်အတွင်း သိသိသာသာ တိုးလာခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
ကရင်နီ (ကယား) ပြည်ရှိ စစ်ရှောင်များဟာ ထွက်ပြေးတိမ်းရှောင်ချိန် ကြာလာတာနဲ့အမျှ အကူညီပေးရေး ပိုမို ခက်ခဲလာနေကြောင်း စစ်ရှောင်းများကို ကူညီနေသူတွေကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ ပြည်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ သိန်းနဲ့ချီ ရှိနေပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေးအတွက် လက်ရှိမှာ အလှူရှင် ကြပ်တည်းလာခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းကြောင့် အကူညီပေးရေးအတွက် ခက်ခဲလာနေတယ်လို့ သိရပါတယ်။

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်း ခိုလုံသူတွေ အပါအဝင် လက်ရှိဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်တွေ ကနေ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် ၉,၀၀၀ လောက် ရှိနေပြီး ရာသီတုပ်ကွေးနဲ့ နားမကျန်းဖြစ်သူတွေလည်း များပြားနေပါတယ်။

အထူးသဖြင့် ဖားဆောင်း နဲ့ မယ်စဲ့မြို့နယ်တွေမှာ ဒီလထဲ စစ်ရှောင်စခန်းတချို့နဲ့ ကျေးရွာတချို့ လေကြောင်းကနေ တိုက်ခိုက်ခံရလို့ ကလေးငယ်တွေ အပါအဝင် ထိခိုက်သေဆုံးသူတွေ အများအပြား ရှိခဲ့ပါတယ်။

https://www.youtube.com/watch?v=F7E0sfWNQK8

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🔥3😁1