Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကမ္ဘောဒီးယားရွေးကောက်ပွဲ အကြိုသုံးသပ်ချက် | VOA on Mizzima
======================

ဇူလိုင် ၂၃ ရက် တနင်္ဂနွေနေ့မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပေးဘဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ကမ္ဘောဒီယားအစိုးရက အခိုင်အမာ ပြောဆိုနေပေမယ့် အမေရိကန်အပါအဝင် အနောက်မဟာမိတ်အုပ်စု၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ ဒီမိုကရေစီ အရေး လှုပ်ရှားဆောင်ရွက်နေကြသူတွေကတော့ အဲဒီအပေါ်မှာ ဝေဖန်ရှုတ်ချလိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Luke Hunt ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။

https://www.youtube.com/watch?v=U9KiX7KA1jQ&t=134s

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍9🔥2😁2
​​မြန်မာနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို အမေရိကန်သံအမတ်ကြီးသစ် ချီးမွမ်းဂုဏ်ပြု
=======================

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးသစ် ဆူဆန် စတီဗင်ဆန်က မြန်မာပြည်သူများအား သူမ၏ မိတ်ဆက်သတင်းစကားပါးရာတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အုပ်ချုပ်သူများအား ဖိအားပေးနိုင်ရေး၊ ကျူးလွန်သူများအား တာဝန်ခံစေလာရေး နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများတွင် ရှေ့တန်းက ရပ်တည်နေကြောင်း ပြောဆိုထားသည်။

ထိုပြင် လွတ်လပ်ခွင့်အတွက် တောင်းဆိုနေကြသော၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် အကြမ်းဖက်မှုများ ကျူးလွန်နေသည့် စစ်အုပ်ချုပ်ရေး ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြင်းပြနေကြသော မြန်မာပြည်သူများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့ကိုလည်း အသိအမှတ်ပြုကြောင်း ပြောဆိုထားသည်။

“NUG၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် အားလုံးဟာ ပဋိပက္ခ ဖြေရှင်းနိုင်ရေး ကြိုးစားနေကြသည့် ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုတွေကို ကျွန်မတို့ အားပေးထောက်ခံတယ်၊ မြန်မာနိုင်ငံမှာ လိုအပ်နေသူတွေဆီ အထူးသဖြင့် စစ်အုပ်ချုပ်ရေးရဲ့ လက်သင့်ခံစရာ မရှိတဲ့ အကြမ်းဖက်မှုတွေ ကြုံရသူတွေဆီ လူသားချင်း စာနာထောက်ထားရေး အားချင်းအကူအညီတွေ ပေးပို့နိုင်ဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ဇူလိုင် ၁၇ ရက်က ဗီဒီယို မိန့်ခွန်းတွင် စတီဗင်ဆန်က ပြောသည်။
👍23👏5❤2😁1🤮1
​​မြန်မာစစ်တပ် လေယာဉ်ဆီ ရရှိနေမှုအပေါ် ပိတ်ပင်ကန့်သတ်ရေး နိုင်ငံတကာအစိုးရများကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ တိုက်တွန်း
=====================

နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာအပေါ် “ပိုမို ပြင်းထန်သော” ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ပြီး စစ်တပ်ထံ လေယာဉ်ဆီ မရောက်ရှိစေရန် ပိတ်ပင်ကန့်သတ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သည့် ကင်မ် အဲရစ် (ခေါ်) ကိုထိန်လင်းက Sky News သတင်းဌာနကို ပြောကြားသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ်က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဖမ်းဆီးအကျဉ်းချခံထားရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ် အဲရစ် Sky News နှင့် ယခု တွေ့ဆုံမှုမတိုင်မီ Sky News သတင်းဌာန၏ သတင်းထောက်ချုပ် စတူဝက် ရမ်ဆေးနှင့် အဖွဲ့သည် မြန်မာစစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင် အရှိန်မြင့်နေသည့် ပြည်တွင်းစစ်နှင့်ပတ်သက်ပြီး သတင်းရယူဖော်ပြရန် မြန်မာနိုင်ငံ တောတွင်းနေရာသို့ လျှို့ဝှက်သွားရောက်ခဲ့သည်။
👍30❤3😁1💩1
မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချမှု ကုလ စွပ်စွဲချက် တရုတ် ကန့်ကွက်
===================

တရုတ်နိုင်ငံအနေနဲ့ မြန်မာစစ်အာဏာရှင်တွေကို ဘဏ္ဍာငွေကြေး ထောက်ပံ့မှုပေးနေပြီး စစ်လက်နက်တွေ ရောင်းချနေကြောင်း ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို တရုတ်အစိုးရက ငြင်းဆို ကန့်ကွက် လိုက်ပါတယ်။

မြို့တော် ဘေကျင်းမှာ ပုံမှန်ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ မစ္စမောင်နင်းက ပြေကြားသွားတာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တင်သွင်းခဲ့တဲ့အစီရင်ခံစာဟာ လုပ်ပိုင်ခွင့်ကို ကျော် လွန် လုပ်ဆောင်နေသလိုမျိုးဖြစ်နေတယ်လို့ တရုတ်အစိုးရက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

အဲဒီအစီရင်ခံစာဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကြား စစ်လက်နက်ပစ္စည်း ပုံမှန်အရောင်း အဝယ်လုပ်ဆောင်မှုတွေကို အပုပ်ချတာမျိုးတွေအပြင် မမှန်ကန်တဲ့အချက်အလက်တွေကို အခြေခံထားတာမျိုး ဖြစ်နေတယ်။ အဲဒီအစီရင်ခံစာကို တရုတ်အစိုးရက ကန့်ကွက်ဆန့်ကျင်ပါတယ် လို့ ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရုတ်၊ ရုရှား နိုင်ငံတို့ထံကနေ စစ်လက်နက်ပစ္စည်းများ တင်သွင်းလျက်ရှိနေကြောင်း ပြီးခဲ့တဲ့မေလက တင်သွင်းခဲ့တဲ့ တွန်အန်ဒရူးရဲ့အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

https://youtu.be/Xi-bOt08W7M

#politicalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
😁9👍6👏4
Media is too big
VIEW IN TELEGRAM
မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချမှု ကုလ စွပ်စွဲချက် တရုတ် ကန့်ကွက်

Watch more detail - https://youtu.be/Xi-bOt08W7M

#မြန်မာစစ်တပ် #ကုလစွပ်စွဲချက် #China #VideoNews #shorts #reels #Mizzima
😁14👍3👏1🍓1
This media is not supported in your browser
VIEW IN TELEGRAM
July - 20 [12 Pm] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍6😁1🍌1
Media is too big
VIEW IN TELEGRAM
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးတိုးမြှင့်

Watch more detail - https://youtu.be/Xi-bOt08W7M

#မြန်မာ့ပညာရေး #အကျပ်အတည်းကြုံ #ကမ္ဘာ့ဘဏ်သတိပေး #VideoNews #shorts #reels #Mizzima
👍8🔥2👏1
ဇူလိုင်လ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================

-နွေဦးဖွံ့ဖြိုးရေးဘဏ်ရဲ့ ရှယ်ယာရှင်တွေကို ဘဏ်တည်ထောင်တဲ့ ပထမနှစ်မှအပ နှစ်စဉ်အမြတ် ငွေထုတ်ပေးမယ်ဆိုတဲ့သတင်း

- မြန်မာစစ်တပ်အတွက် လက်နက်ရောင်းချမှု ကုလ စွပ်စွဲချက် တရုတ် ကန့်ကွက်တဲ့သတင်း

-မြဝတီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှဗိုလ်ကြီးသေဆုံးပြီး ၅ ဦးဒဏ်ရာရကြောင်း Cobra ပြောတဲ့သတင်း

-ထိုင်းပြုပြင်ပြောင်းလဲရေးဝါဒီ ပီတာရဲ့ ဝန်ကြီးချုပ်အိပ်မက် ရှေးရိုးစွဲအတိုက်အခံတွေကြောင့် ပျက်ပြားသွားခဲ့တဲ့သတင်းအပါအဝင် တခြားအရေးကြီး သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/p_wDPEAKhSY

#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁1
Media is too big
VIEW IN TELEGRAM
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး

Watch more detail - https://youtu.be/Xi-bOt08W7M

#မြန်မာ့ပညာရေး #အကျပ်အတည်းကြုံ #ကမ္ဘာ့ဘဏ်သတိပေး#VideoNews #shorts #reels #Mizzima
👍10🔥2😢1
ကရင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်းတွင် နယ်စပ်လုံခြုံရေးတိုးမြှင့်
===============

ကရင်ပြည်နယ် တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေက နယ်စပ်တလျှောက် လက်နက်ကြီးတွေနဲ့ နေ့ရောညပါ အဆက်မပြတ် ပစ်ခတ်နေတာတွေကြောင့် ထိုင်းမြန်မာ နယ်စပ်ဒေသတွေ ဖြစ်တဲ့ မဲဆောက်၊ မယ်လမ၊ ဖွတ်ဖရထာ့၊ ဆောင်ရန်း နဲ့ အုန်းဖြန် မြို့နယ် ၅ ခုမှာ ဇူလိုင်လ ၁၈ ရက်နေ့ကစလို့ လုံခြုံရေး တိုးမြှင့်ချထားလိုက်ကြောင်းသိရပါတယ်။

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ လက်နက်ကြီးပစ်ခတ်တဲ့ အသံတွေကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ဘက်အထိ ကြားခဲ့ရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတွေက ပြောဆိုကြပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက် ထိုင်းဘက်ခြမ်းကို ထိုင်းစစ်တပ်က လုံခြုံရေး တိုးမြှင့်ချထားတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ထိုင်းနယ်ခြား စောင့်တပ်နဲ့ နယ်မြေရဲတပ်ဖွဲ့တွေက နယ်ခြား အဝင်ထွက်နေရာတွေကို အသေးစိတ် စစ်ဆေး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

https://youtu.be/TAVW7CWpcTg

#Political News
#MizzimaTV
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥3😢2
This media is not supported in your browser
VIEW IN TELEGRAM
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပင်လယ်ထဲသို့ ပစ်လွှတ်

#internationalnews #reels #shorts #NorthKorea #Mizzima
👍6❤2👏2
နျူကလီးယားယိုစိမ့်မှုအန္တရာယ် ကြိုတင်ပြင်ဆင် | VOA on Mizzima
==================

ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဥရောပရဲ့ အကြီးဆုံး ဇာပိုရီးရှီးယား (Zaporizhzhia) နျူကလီးယားဓာတ်ပေါင်းဖို စက်ရုံအနီး နေထိုင်ကြသူတွေဟာ စက်ရုံကို ရုရှားက ဖျက်ဆီးမယ်ဆိုတဲ့ သတိပေးချက်တွေ ထွက်လာပြီးနောက်မှာ နျူကလီးယား ယိုစိမ့်မှုဒဏ်နဲ့ ရေဒီယို ဓာတ်သတ္တိကြွ ပြိုကွဲမှု အန္တရာယ်တွေ အတွက် ကြိုတင် ပြင်ဆင်နေကြပါတယ်။ ဝါဆောမြို့အခြေစိုက် ဗွီအိုအေ သတင်းထောက် Lesia Bakalets ရဲ့ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုငြိမ်းချမ်းအေးက တင်ဆက်ထားပါတယ်။

https://youtu.be/0pg1t8FraJI

#voa
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍3🔥2🤬1
​​ဒိုက်ဦးထောင်မှ ထောင်ပြောင်းရွှေ့စဉ် သတ်ဖြတ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၈ ဦးရှိလာ
=========================

001
(မဇ္စျိမ)။ ။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်မှ ထောင်ပြောင်းရွှေ့မည်ဟုဆိုကာ စစ်ကောင်စီတပ်က ခေါ်ထုတ်သွားပြီးနောက် သတ်ဖြတ်ခံရသူ ရှစ်ဦးအထိရှိလာပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ ၁၉ ရက်နေ့တွင် အတည်ပြုထုတ်ပြန်သည်။

ဒိုက်ဦးထောင်မှ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးမှာ ဇွန်လ ၂၇ ရက်နေ့က ထောင်ပြင်ပ ခေါ်ထုတ်ခံရခြင်းဖြစ်ပြီး ထိုအထဲမှ သေဆုံးကြောင်း အကြောင်းကြားစာရရှိသူများမှာ ကိုခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုရာလေး(ခ) ကိုဇင်မြင့်ထွန်း၊ ကိုဂျာကြီး (ခ) ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်းနှင့် ကိုနေအေးတို့ ဖြစ်သည်။

ပျောက်ဆုံးနိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံသို့ စစ်ကောင်စီက တစ်ရက်ချင်း သေဆုံးကြောင်း အကြောင်းကြားစာ ပေးပို့နေခြင်းဖြစ်ပြီး ယင်းမှာ နိုင်ငံရေးအကျဉ်းသားများအား တရားမဲ့သတ်ဖြတ်နေသည်သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ စိတ်ပိုင်းဆိုင်ရာအရ ပြင်းထန်စွာ ညှဥ်းပန်းနှိပ်စက်နေခြင်းဖြစ်ကြောင်း AAPP ကပြောသည်။

အဆိုပါ အကျဉ်းသားများကို စစ်ကောင်စီက အင်းစိန်ထောင်နှင့် သာယာဝတီထောင်သို့ ပြောင်းရွှေ့မည်ဟုဆိုကာ ခေါ်ထုတ်သွားခြင်းဖြစ်ပြီး မိသားစုဝင်များထံသို့ လမ်းခရီးတွင် မော်တော်ယာဉ် တိမ်းမှောက်မှုကို အခွင့်ကောင်းယူပြီး ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း အကြောင်းကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူများထဲမှ မြင်းခြံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုဇင်ဝင်းထွဋ်မှာ ဇွန်လ ၂၇ ရက်နေ့တွင် သေဆုံးသွားကြောင်း ၎င်း၏ မိသားစုထံသို့ စစ်ကောင်စီက ဇူလိုင်လ ၁၈ ရက်နေ့ ညဦးပိုင်းတွင် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အကြောင်းကြားလာခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စာထဲမှာပါတဲ့ဟာတွေကြောင့်လို့ မထင်ဘူး၊ ထောင်ပြောင်းတဲ့အခါဆို သူတို့လုပ်နေကျပေါ့နော်။ ထောင်မှာ ခြေကျင်းဝတ်တွေခတ်တယ်၊ လက်ထိပ်တွေ ခတ်တယ်၊ လုံခြုံရေးအပြည့်အစုံနဲ့ထွက်တယ်ပေါ့နော်။ ထောင်ပြောင်းရင် ပိုတောင် ဂရုစိုက်ကြတာ လမ်းမှာ ကားပျက်လို့ အခွင့်ကောင်းယူထွက်ပြေးတယ်ဆိုတာ ကျွန်တော်ကတော့ မထင်ဘူး။ သူတို့ သက်သက်မဲ့ကို ရက်ရက်စက်စက် သတ်ချင်လို့ကို သတ်တယ်လို့ထင်တယ်”ဟု ဆိုသည်။

ကိုဇင်ဝင်းထွဋ်မှာ ​ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံထားရသူဖြစ်ပြီး ​ထောင်မ​ပြောင်းခင် တစ်လအလိုတွင်လည်း ဒိုက်ဦး​ထောင်တွင် တိုက်ပိတ်ခံခဲ့ရ​ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ​ကော်မတီက​​ပြောသည်။

အဆိုပါ ဒိုက်ဦးထောင်တွင် နောက်ထပ်နိုင်ငံရေးအကျဉ်းသားနှစ်ဦးဖြစ်သည့် ကိုအောင်စိုးမိုးနှင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီတို့လည်း ယခု ဇူလိုင်လအတွင်းကပင် သေဆုံးခဲ့ကြောင်း AAPP က ဖော်ပြသည်။

“ဒါတွေဟာ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ လူသတ် အလောင်းဖျောက်တဲ့ ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သက်သေပြနေတာပဲဖြစ်တယ်”ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်ကပြောသည်။

စစ်ကောင်စီတပ်၏ ပြည်သူများအပေါ် တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေမှုများအား အရေးပေါ် စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံးပြုလုပ်၍ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ချက်ချင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရများနှင့် နိုင်ငံတကာ တရားရေးမဏ္ဍိုင်များကို AAPP ကတိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- ဒိုက်ဦးထောင်ကို တွေ့ရစဉ် (CJ)

#mizzima
#AAPP
#စစ်ကောင်စီတပ်
#ဒိုက်ဦးမြို့နယ်
#ကျိုက်စကောထောင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬16👍10❤2😁2🔥1
မြိုင်မြို့နယ် ပျူစောထီးရွာ အီနာဂါဗုံးသီးချ တိုက်ခိုက်ခံရ
=================

ပါခွီး (မဇ္စျိမ) ။ ။ မကွေးတိုင်း ၊ မြိုင်မြို့နယ် ၊ သရက်ကွ ပျူစောထီးကျေးရွာကို အီနာဂါဗုံးသီး ခြောက်လုံးချပြီး တိုက်ခိုက်ခဲ့ကြောင်း ဝံပုလွေပြောက်ကျား တပ်ဖွဲ့(မြိုင်) က ဇူလိုင်လ ၂၀ရက် ယနေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ထားသည့် ပျူစောထီးများ နေထိုင်သည့် မြိုင်မြို့မှ လေးမိုင်အကွာတွင် တည်ရှိသော သရက်ကွရွာကို ဇူလိုင်လ ၁၉ရက် မနက် ၁၀နာရီအချိန်ခန့်တွင် ဒရုန်းနှင့် အီနာဂါဗုံးသီးများချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အဲဒီပျူရွာမှာ အင်အားနည်းလာနေပြီး ရိက္ခာပါအဖြတ်ခံထားရတဲ့အချိန် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မီးပွား က မဇ္စျိမ ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ဇူလိုင် ၁၉ရက်နေ့တွင် ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်များနှင့်တကွ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ရသော ရဲဘော်များအား လွမ်းဆွတ် တမ်းတခြင်း အထိမ်းအမှတ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် ပျူစောထီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး လက်နက် ဂိုထောင်ပေါက်ကွဲခဲ့ကြောင်းကို ၎င်းတို့၏ သတင်းပေးထံမှ ပြန်လည်သိရှိရကြောင်း ဗိုလ်မီးပွားက ဆက်ပြောသည်။

တိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျား(မြိုင်) နှင့် အတူ မဟာမိတ်ညီနောင်များဖြစ်သော ဓားမင်းကြီးအဖွဲ့ ၊ Black Cheetah Hero New GZ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
သရက်ကွရွာတွင် အိမ်ခြေ ၁၅၀ ခန့်ရှိသော်လည်း စစ်ကောင်စီတပ်စွဲပြီးနောက် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ လက်ရှိ ပျူစောထီး အင်အား ၂၅ဦးခန့် နှင့် ၎င်းတို့၏ မိသားစု ၇၀ ဦးခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

ပျူစောထီးများသည် အင်အားနည်းပါးလာနေပြီး စစ်ကောင်စီတပ်ဖွဲများ မရှိပါက နယ်မြေအတွင်း လှုပ်ရှားမှုများပြုလုပ်နိုင်ခြင်းမရှိဘဲ ရိက္ခာများနည်းပါးလာနေ၍ လုံခြုံရေးမရှိပါက အပြင်သို့မထွက်ရဲတော့ကြောင်း ပြောက်ကျားခေါင်းဆောင်က ဆိုသည်။

သရက်ကွရှိ ပျူစောထီးများကို ဆက်လက်ပြီး မောင်းသူမဲ့လေယာဉ်များအပါအဝင် ပုံစံအမျိုးမျိုးဖြင့် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ယခုအချိန်တွင် ပြည်သူဖက်သို့ အလင်းဝင်ကြရန်နှင့် ဆက်လက်ခုခံမည်ဆိုပါက ငဲ့ညှာသွားမည်မဟုတ် ကြောင်း ဗိုလ်မီးပွား က သတိပေးပြောဆိုခဲ့သည်။

https://youtu.be/Q6-1ABcf11s

စာတည်း - သန့်ဇော်(သန်လျင်)


#mizzima
#မြိုင်မြို့နယ်
#ပျူစောထီးရွာ
#အီနာဂါဗုံးသီး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍16❤3👏3😁2
​​KTV သွားသော ရဲတပ်ကြပ်နှင့်အဖွဲ့ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ၄ ဦးသေဆုံး
==================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ KTV တစ်ခုသို့ ရောက်ရှိနေသည့် ရဲတပ်ကြပ်နှင့်အဖွဲ့အား သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

" KTV နာမည်က 101 ပါ။ အဲ့ဒီ KTV က စစ်ကောင်စီဒေါက်တိုင်တွေစစ်သားတွေ ရဲတွေ ပျော်ပါး စားသောက်ရာနေရာပါ။ ပျူစောထီး၊ ဒလန်၊ အင်ဖော်မာတွေ ထိုင်ကြတာပါ။ ပုံမှန်အပြင်လူတွေ လာလေ့လာထ သိပ်မရှိဘူး။ မြို့နယ်အတွင်း KTV ရှိခဲ့ရင်လည်း သူတို့ထိုင်တဲ့ နေရာတွေပါ။ ပြည်သူတွေက အာဏာသိမ်းပြီးကတည်းက အများစုက ညဘက် သိပ်မထွက်ကြပါဘူး" ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့၊ ညပိုင်းက ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း (၁၀၁) မိုင်အနီးရှိ 101 အမည်ရ KTV အား ကျောက်တံခါးမြို့နယ် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦး၊ ရဲသတင်းပေးနှစ်ဦး သေဆုံး၍ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ အဆိုပါစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ပိုင်ဆိုင်သော အိမ်စီးကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ KTV သည် စစ်ကောင်စီအာဏာသိမ်းပြီးကာလမှစ၍ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေသူများသာ လာရောက်ပျော်ပါးရာနေရာဖြစ်ကြောင်း၊ သာမန်ပြည်သူများ လာရောက်ပျော်ပါးလေ့ သိပ်မရှိကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ကျောက်တံခါးမြို့နယ် PDF ပူးပေါင်းအဖွဲ့​၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် လင်းလင်းထိုက်နှင့် ရဲတပ်သားတစ်ဦး၊ ရဲသတင်းပေးနှစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ပြန်ကြားရေး တယ်လီဂရမ်ချန်နယ်များ​များတွင်မူ ညကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်အဖွဲ့အား ရန်ကုန် – မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၀၃)မိုင်နှင့် (၁၀၄) မိုင်ကြားရှိ တံတားပေါ်တွင် PDF များက လက်နက်ငယ် ၁၃ ချက်၊ ရီမုမိုင်းတစ်လုံး ခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ ပြန်ကြားရေးချန်နယ်များ​၏ ထုတ်ပြန်ချက်တွင် ရဲတပ်ကြပ် လင်းလင်းထိုက်၊ 101 KTV ပိုင်ရှင် ကိုဉာဏ်ဝေအောင်နှင့် အခြားအရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ၎င်း​၏ တပည့်ဖြစ်သူ ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့​၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Bago Region PDF ထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#BagoRegionPDF
#KTV
#ကျောက်တံခါးမြို့နယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏4🥴2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းပြုပြင်ပြောင်းလဲရေးဝါဒီ ပီတရဲ့ ဝန်ကြီးချုပ်အိပ်မက် ရှေးရိုးစွဲအတိုက်အခံတွေကြောင့် ပျက်ပြားသွားခဲ့

#internationalnews #reels #shorts #Thailand #Mizzima
😢7😁2🤬2
အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်
================

ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်နှင့် ပျူစောထီးများအား ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းလုလင် - LPDF တပ်ဖွဲ့ကပြောသည်။

ဇူလိုင် ၁၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဘန့်ဘွေးရွာမရှိ စစ်ကောင်စီတပ်များကို ဒေါင်းလုလင် - LPDF နှင့် Bant Two ထုတ်လုပ်‌ရေးအဖွဲ့ ၊ B.Two Fighters PDF ၊ B-21 ၊ Fighter One ၊ MRDA ခွဲ(၁) ၊ Double K စသည့် မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်ခတ်မှု တနာရီလောက်ကြာခဲ့ပါတယ်ဗျ။ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာပါ။ ဒါပေမယ့် ကျနော်တို့ဖက် က ကျည်အခက်အခဲကြောင့် အားနည်းခဲ့ရပါတယ်။ စစ်ကောင်စီဖက်က အထိအခိုက်တော့မသိရသေးဘူး၊ ကျနော်တို့ဖက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူးဗျ” ဟု ဒေါင်းလုလင်-LPDF မှ ဗိုလ်ကျားကြီးက မဇ္စျိမ ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှု အခြေအနေကိုမသိရသေးသလို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာသည် စစ်ကောင်တပ်သားများနှင့် ပျူစောထီးဆိုသူ များ အထိုင်ချတပ်စွဲထားသောကျေးရွာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို အကြိမ် ကြိမ်ခံခဲ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှဒရုန်းဖြင့် အီနာဂါဗုံးသီးချတိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/6vkquqeCDrg

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဘန့်ဘွေးကျေးရွာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏3😁2❤1
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ
=====================

လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်ဘက်ခြမ်း ၊ကန့်ဒေါင့် ကျေးရွာရှိ ရဲစခန်းဟောင်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရရှိသွားကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

အဆိုပါ စခန်းတွင် ကပစ တပ်ရင်း-၂၃ က စစ်အင်အား ၆၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲနေ၍ ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ဝင် ရဲဘော် ဒေါင်းညိုက မဇ္ဈိမကို ပြောသည်။

“ တိုက်ပွဲမှာ လက်နက်ငယ်ရော ၊ လက်နက်ကြီးရော တော်တော်များများ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခွဲကြာခဲ့ပြီး စစ်သား သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရ စစ်သားတစ်ဦးက အခြေအနေမကောင်းဘူးလို့ သိရပါတယ်” ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို သခင်ဒေါင်းညိုတပ်ဖွဲ့ ၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ MRDA တပ်ရင်း-၂ ၊ ဒေါင်းညီနောင် တပ်ဖွဲ့ နှင့် ပုလဲ တိုက်နယ်-၇ ပကဖ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်က ရဲဘော်တစ်ဦး ညာဘက် လက်ပြင် ကျည်ထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း သိရပါသည်။

အဆိုပါ ကျေးရွာသည် ပုလဲ-ဂန့်ဂေါ် လမ်းမ အနီးကပ်လျက်ရှိပြီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် လုံခြုံရေး တိုးမြှင့်ကာ ခရီးသွားပြည်သူများကို အတင်းအကြပ် စစ်ဆေးနေကြောင်းသိရပါသည်။

သခင်ဒေါင်းညို တပ်ဖွဲ့သည် ပုလဲမြို့နယ် အတွင်းတွင် အခြေစိုက်သည့် တပ်ဖွဲ့ တစ်ခုဖြစ်ပြီး ယင်းမာပင် ၊ မြိုင် စသည့် မြို့နယ်များမှ မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်နေသည်။ လက်ရှိတွင် တိုက်ပွဲများ ဖော်ဆောင်ရန်နှင့် လက်နက်ကြီး ပစ်ကူများအတွက် လက်နက်ကြီး ထုတ်လုပ်ရန် ငွေကြေးအခတ်အခဲ ရှိနေကြောင်း သိရသည်။

https://youtu.be/fDmpOvHejGk

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သတင်းဒေါင်းညှိုအဖွဲ့
#သုံးဦးသေ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍17👏2😁2