Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​KTV သွားသော ရဲတပ်ကြပ်နှင့်အဖွဲ့ သေနတ်ဖြင့် ပစ်သတ်ခံရပြီး ၄ ဦးသေဆုံး
==================

YT
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ KTV တစ်ခုသို့ ရောက်ရှိနေသည့် ရဲတပ်ကြပ်နှင့်အဖွဲ့အား သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

" KTV နာမည်က 101 ပါ။ အဲ့ဒီ KTV က စစ်ကောင်စီဒေါက်တိုင်တွေစစ်သားတွေ ရဲတွေ ပျော်ပါး စားသောက်ရာနေရာပါ။ ပျူစောထီး၊ ဒလန်၊ အင်ဖော်မာတွေ ထိုင်ကြတာပါ။ ပုံမှန်အပြင်လူတွေ လာလေ့လာထ သိပ်မရှိဘူး။ မြို့နယ်အတွင်း KTV ရှိခဲ့ရင်လည်း သူတို့ထိုင်တဲ့ နေရာတွေပါ။ ပြည်သူတွေက အာဏာသိမ်းပြီးကတည်းက အများစုက ညဘက် သိပ်မထွက်ကြပါဘူး" ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့၊ ညပိုင်းက ကျောက်တံခါးမြို့နယ်၊ ရန်ကုန်- မန္တလေးကားလမ်းဟောင်း (၁၀၁) မိုင်အနီးရှိ 101 အမည်ရ KTV အား ကျောက်တံခါးမြို့နယ် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ရဲနှစ်ဦး၊ ရဲသတင်းပေးနှစ်ဦး သေဆုံး၍ ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ အဆိုပါစစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ပိုင်ဆိုင်သော အိမ်စီးကားတစ်စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ KTV သည် စစ်ကောင်စီအာဏာသိမ်းပြီးကာလမှစ၍ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်နေသူများသာ လာရောက်ပျော်ပါးရာနေရာဖြစ်ကြောင်း၊ သာမန်ပြည်သူများ လာရောက်ပျော်ပါးလေ့ သိပ်မရှိကြောင်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ကျောက်တံခါးမြို့နယ် PDF ပူးပေါင်းအဖွဲ့​၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ် လင်းလင်းထိုက်နှင့် ရဲတပ်သားတစ်ဦး၊ ရဲသတင်းပေးနှစ်ဦး စုစုပေါင်း လေးဦး သေဆုံးခဲ့ပြီး ရဲနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ ပြန်ကြားရေး တယ်လီဂရမ်ချန်နယ်များ​များတွင်မူ ညကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးခန့်အဖွဲ့အား ရန်ကုန် – မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၀၃)မိုင်နှင့် (၁၀၄) မိုင်ကြားရှိ တံတားပေါ်တွင် PDF များက လက်နက်ငယ် ၁၃ ချက်၊ ရီမုမိုင်းတစ်လုံး ခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီ ပြန်ကြားရေးချန်နယ်များ​၏ ထုတ်ပြန်ချက်တွင် ရဲတပ်ကြပ် လင်းလင်းထိုက်၊ 101 KTV ပိုင်ရှင် ကိုဉာဏ်ဝေအောင်နှင့် အခြားအရပ်သားတစ်ဦး သေဆုံးခဲ့ပြီး ရဲတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ကျောက်တံခါးမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ၎င်း​၏ တပည့်ဖြစ်သူ ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့​၏ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း Bago Region PDF ထံက သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#BagoRegionPDF
#KTV
#ကျောက်တံခါးမြို့နယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏4🥴2
This media is not supported in your browser
VIEW IN TELEGRAM
ထိုင်းပြုပြင်ပြောင်းလဲရေးဝါဒီ ပီတရဲ့ ဝန်ကြီးချုပ်အိပ်မက် ရှေးရိုးစွဲအတိုက်အခံတွေကြောင့် ပျက်ပြားသွားခဲ့

#internationalnews #reels #shorts #Thailand #Mizzima
😢7😁2🤬2
အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်
================

ကိုခင်မောင်
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီ တပ်နှင့် ပျူစောထီးများအား ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းလုလင် - LPDF တပ်ဖွဲ့ကပြောသည်။

ဇူလိုင် ၁၉ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဘန့်ဘွေးရွာမရှိ စစ်ကောင်စီတပ်များကို ဒေါင်းလုလင် - LPDF နှင့် Bant Two ထုတ်လုပ်‌ရေးအဖွဲ့ ၊ B.Two Fighters PDF ၊ B-21 ၊ Fighter One ၊ MRDA ခွဲ(၁) ၊ Double K စသည့် မဟာမိတ်ညီနောင်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပစ်ခတ်မှု တနာရီလောက်ကြာခဲ့ပါတယ်ဗျ။ အပြန်အလှန်ပစ်ခတ်ခဲ့ကြတာပါ။ ဒါပေမယ့် ကျနော်တို့ဖက် က ကျည်အခက်အခဲကြောင့် အားနည်းခဲ့ရပါတယ်။ စစ်ကောင်စီဖက်က အထိအခိုက်တော့မသိရသေးဘူး၊ ကျနော်တို့ဖက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူးဗျ” ဟု ဒေါင်းလုလင်-LPDF မှ ဗိုလ်ကျားကြီးက မဇ္စျိမ ကို ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှထိခိုက်သေဆုံးမှု အခြေအနေကိုမသိရသေးသလို ဒေသကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာသည် စစ်ကောင်တပ်သားများနှင့် ပျူစောထီးဆိုသူ များ အထိုင်ချတပ်စွဲထားသောကျေးရွာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို အကြိမ် ကြိမ်ခံခဲ့ရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှဒရုန်းဖြင့် အီနာဂါဗုံးသီးချတိုက်ခဲ့သေးကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/6vkquqeCDrg

#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဘန့်ဘွေးကျေးရွာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏3😁2❤1
ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရ
=====================

လွှမ်းမိုး (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ အနောက်ဘက်ခြမ်း ၊ကန့်ဒေါင့် ကျေးရွာရှိ ရဲစခန်းဟောင်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး ဒဏ်ရာရရှိသွားကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ တာဝန်ရှိသူထံက သိရသည်။

အဆိုပါ စခန်းတွင် ကပစ တပ်ရင်း-၂၃ က စစ်အင်အား ၆၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲနေ၍ ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့ဝင် ရဲဘော် ဒေါင်းညိုက မဇ္ဈိမကို ပြောသည်။

“ တိုက်ပွဲမှာ လက်နက်ငယ်ရော ၊ လက်နက်ကြီးရော တော်တော်များများ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီခွဲကြာခဲ့ပြီး စစ်သား သုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။ ဒေသခံတွေရဲ့ပြောကြားချက်အရ စစ်သားတစ်ဦးက အခြေအနေမကောင်းဘူးလို့ သိရပါတယ်” ဟု ၎င်းကဆိုသည်။

ထိုတိုက်ခိုက်မှုကို သခင်ဒေါင်းညိုတပ်ဖွဲ့ ၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ MRDA တပ်ရင်း-၂ ၊ ဒေါင်းညီနောင် တပ်ဖွဲ့ နှင့် ပုလဲ တိုက်နယ်-၇ ပကဖ တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်က ရဲဘော်တစ်ဦး ညာဘက် လက်ပြင် ကျည်ထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း သိရပါသည်။

အဆိုပါ ကျေးရွာသည် ပုလဲ-ဂန့်ဂေါ် လမ်းမ အနီးကပ်လျက်ရှိပြီး တိုက်ပွဲ ဖြစ်ပွားပြီးနောက် လုံခြုံရေး တိုးမြှင့်ကာ ခရီးသွားပြည်သူများကို အတင်းအကြပ် စစ်ဆေးနေကြောင်းသိရပါသည်။

သခင်ဒေါင်းညို တပ်ဖွဲ့သည် ပုလဲမြို့နယ် အတွင်းတွင် အခြေစိုက်သည့် တပ်ဖွဲ့ တစ်ခုဖြစ်ပြီး ယင်းမာပင် ၊ မြိုင် စသည့် မြို့နယ်များမှ မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲများ ဆက်တိုက်ဖော်ဆောင်နေသည်။ လက်ရှိတွင် တိုက်ပွဲများ ဖော်ဆောင်ရန်နှင့် လက်နက်ကြီး ပစ်ကူများအတွက် လက်နက်ကြီး ထုတ်လုပ်ရန် ငွေကြေးအခတ်အခဲ ရှိနေကြောင်း သိရသည်။

https://youtu.be/fDmpOvHejGk

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#သတင်းဒေါင်းညှိုအဖွဲ့
#သုံးဦးသေ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍17👏2😁2
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများမှ ရွာပေါင်းစုံစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ယနေ့ ဇူလိုင် ၂၀ ရက် တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “အာဇာနည်မျိုးသေရိုးမရှိ” ဟူသည့် စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆာလးင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း (၈၅၀) ရက်နေ့မြောက် ဖြစ်ကြောင်းဆိုသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ယင်းမာပင်
#ဆားလင်းကြီး
#ရွာပေါင်းစုံသပိတ်

http://www.mizzimaburmese.com/article/131053

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2❤1
​​ကျောက်တံခါးတွင် စစ်ကောင်စီတပ်က နံဇရွာအားမီးရှို့ဖျက်ဆီးပြီးနောက် တိုက်ပွဲပြင်းထန်
======================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်က နံဇရွာအားဝင်ရောက် မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်နှင့် တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်ဒေသခံများထံက သိရသည်။

" မီးရှို့သွားတာက အိမ် ခုနစ်အိမ်ကနေ အိမ် ၂၀ လောက်အထိပါသွားနိုင်ခြေရှိတယ်။ လောလောဆယ် နှစ်ဖက် စစ်ဆိုင်နေတာကြောင့် ရွာကိုဘယ်သူမှမကပ်ရဲသေးဘူး။ တိုက်ပွဲက ခုထိမပြီးသေးဘူး။ လက်ရှိရထားတဲ့သတင်းအရတော့ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ကြားထားတယ်။ ဘာမှတော့ အတိအကျပြောလို့မရသေးပါဘူး ” ဟု ကျောက်တံခါးမြို့နယ် မြေပြင်ထောက်ပို့ရဲဘော်က ဇူလိုင် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင်ပြောသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၅ နာရီခန့်တွင် အင်အား ၂၀၀ ခန့်ပါသော စစ်ကောင်စီတပ်က နံဇကျေးရွာအားမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့ကိုဖမ်းဆီးသွားကြောင်း ၎င်းကဆိုသည်။ ထို့နောက် EAO၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့်ထိတွေ့၍ ယနေ့ နံနက် ၁၁ နာရီခန့်မှစ၍ တိုက်ပွဲပြင်းထန်နေခြင်းဟုသိရသည်။

သို့သော် ဖမ်းဆီးခံရသည့်ပြည်သူအရေအတွက်နှင့် အသေးစိတ်အချက်အလက်များကိုမှု မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

နံဇကျေးရွာသည် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၂,၇၃၉ ဦးနေထိုင်နေသည့် ရွာဖြစ်ပြီး လက်ရှိတွင် ဒေသခံအားလုံး ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကစတင်ကာ စစ်ကောင်စီတပ်သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းနှင့် စစ်ကြောင်းထိုးခြင်းများကို စတင်လုပ်ဆောင်နေပြီး PDF ပူးပေါင်းတပ်များနှင့် စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

ဇူလိုင်လ ၁၈ ရက်၊ ညပိုင်းက ကျောက်တံခါးမြို့နယ် ရန်ကုန်−မန္တလေးလမ်းဟောင်းရှိ မိုင်တိုင်အမှတ် ၁၀၁ အနီး KTV တွင် ရောက်ရှိနေသောရဲတပ်ကြပ်အဖွဲ့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်ပစ်ခတ်ရာ သေဆုံးသူရှိခဲ့ကြောင်း ကျောက်တံခါး PDF က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကျောက်တံခါးမြို့နယ်
#ပြည်သူ့ကာကွယ်ရေး
#နံဇရွာ
#မီးရှို့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14❤6👏1
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပညာရေး အကျပ်အတည်းကြုံနေရကြောင်း ကမ္ဘာ့ဘဏ်သတိပေး
==========================

အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် စိုးရိမ်ဖွယ်အနေအထားမှာ ရှိကြောင်း အခုနောက်ဆုံးထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ဇူလိုင်လ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အထက်တန်းပညာရေး ဝင်ရောက်သင်ကြားသူ ကျောင်းသားဦးရေ ကျဆင်းသွားခဲ့ပြီး ၂၂ ရာခိုင်နှုန်းသာ အထက်တန်းပညာရေးကို သင်ယူဖို့ ကျောင်းအပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၁၇ ကနေ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ကျောင်းအပ်နှုန်း ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့လည်း ဖော်ပြထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ကျောင်းတွေ ပိတ်ခဲ့ရပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကလေးအများစုက ကျောင်းပြန်မတက်ကြတော့ဘူးလို့ အိမ်ထောင်စု ၈၅၀၀ နီးပါးကို ကောက်ယူတဲ့ စစ်တမ်းကို အခြေခံပြီး ကမ္ဘာ့ဘဏ်က ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းမှုကြောင့် အာဏာဖီဆန် CDM လှုပ်ရှားမှုမှာလည်း ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမတွေ ပါဝင်ကြတာ ဖြစ်ပြီး အလုပ်ထွက် ကျောင်းထွက်ခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေ ပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာဆို ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေဟာ စာသင်ခန်းတွေကို စွန့်ခွာပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတယ်လို့ ကျောင်းဆရာ ဆလိုင်းက အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

https://youtu.be/MpnIYT0hE3A

#politicalnews
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍16🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဆယ်စုနှစ်များအတွင်း ပထမဆုံးအဖြစ် နျူကလီးယားတပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘော တောင်ကိုရီးယားသို့ရောက်ရှိ

#internationalnews #reels #shorts #Nuclear #American #SouthKorea #Mizzima
❤10🔥2
ဇူလိုင်လ ၂၀ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================

-ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ နယ်စပ်လုံခြုံရေးတိုးမြှင့်တဲ့သတင်း

-ဗန်းမော်-မြစ်ကြီးနားလမ်းမှာ အိမ်စီးကားပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်နဲ့ စကားပြန်အမျိုးသမီး ကျည် ထိမှန်တဲ့သတင်း

-တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်တွေအတွက် ရိက္ခာလိုအပ်ချက် ပိုမိုခက်ခဲလာတဲ့သတင်း

-တောင်ကိုရီးယားမှာ ပြစ်ဒဏ်ချခံခဲ့ရတဲ့ အမေရိကန်စစ်သား မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/ok_qgvpficw

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11😁2
သိမ်ဇရပ်တွင် စစ်ကောင်စီတပ်သားနှင့် ဆိုင်ကယ်မတော်တဆဖြစ်သူကို တပ်တွင်းသို့ ခေါ်ယူသတ်ဖြတ်
🤬10🔥3👍1
သိမ်ဇရပ်တွင် စစ်ကောင်စီတပ်သားနှင့် ဆိုင်ကယ်မတော်တဆဖြစ်သူကို တပ်တွင်းသို့ ခေါ်ယူသတ်ဖြတ်
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ကောင်စီတပ်၏ အမတ(၃၁၀)က အရပ် သားတဦးအား တပ်တွင်းသို့ခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများကပြောကြားသည်။

သိမ်ဇရပ်မြို့ ကားဂိတ်လမ်းဆုံတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်၌ အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေးနှင့် သိမ်ဇရပ်အခြေစိုက် အမတ(၃၁၀)မှ စစ်ကောင်စီတပ်သားတဦးတို့ ဆိုင်ကယ်ချင်းချိတ် မိရာမှ မတော်တဆဖြစ်ပွားခဲ့ရာ ဖြစ်စဉ်ဖြစ်ပွားပြီး ၁၅ မိနစ်အကြာတွင် စစ်ကောင်စီတပ်သားများ ရောက် ရှိလာပြီး မောင်ချစ်လေးအား ဆိုင်ကယ်နှင့်အတူ တပ်တွင်းသို့ခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရင်းမြစ် ကပြောသည်။

“ဈေးကနေ အထုတ်နှစ်ထုပ် ဆိုင်ကယ်ပေါ်တင်ပြီးထွက်လာတာ။ ကားဂိတ်လမ်းလမ်းဆုံမှာ မတော်တဆ ဖြစ်ပြီး မောင်ချစ်လေးက တောင်းပန်သေးတယ်။ တဖက်က ဖုန်းပဲဆက်နေပြီး နောက် ၁၅ မိနစ်လောက် နေတော့ စစ်သားတွေရောက်လာပြီး တပ်ထဲခေါ်သွားတာ။ နောက်တရက်ကျတော့ အလောင်းလာထုတ် ခိုင်းတယ်” ဟု သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဆိုင်ကယ်ဖြင့်ချိတ်မိသည့် စစ်ကောင်စီတပ်သားသည် မည်သည့်အဆင့်ရာထူးရှိသည်ကို မသိရသော် လည်း ဈေးဝထိပ်တွင်ရှိသည့် ကားဂိတ်လမ်းဆုံတွင်ဖြစ်ပွားခဲ့သောကြောင့် မျက်မြင်သက်သေများရှိ ကြောင်း ၎င်းက ဆက်ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် တပ်တွင်းသို့ခေါ်ဆောင်သွားပြီးနောက် ဇူလိုင် ၁၉ ရက်နေ့ နံနက်ပိုင်းတွင် သိမ်ဇရပ်တိုက်နယ်ဆေးရုံအုပ် ဒေါက်တာမြတ်ဆုဝေ၏လက်မှတ်ဖြင့် အမတ(၃၁၀)မှ အလောင်းလာ ရောက်ထုတ်ယူရန် မိသားစုထံသို့ အကြောင်းကြားစာပို့ခဲ့သည်။
သေဆုံးသူ မောင်ချစ်လေး၏ခန္ခာကိုယ်တွင် ခေါင်းပိုင်းညိုမဲစွဲဒဏ်ရာ၊ နှုတ်ခမ်းကွဲဒဏ်ရာ၊ လည်ပင်း နှင့်ကုတ်ပိုး ညိုမည်းစွဲဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာများ တွေ့ရှိရကြောင်း သတင်းရင်းမြစ်မှ ပြောသည်။
အလောင်းသွားရောက်ထုတ်ယူရာတွင် စစ်ကောင်စီ၏ အမတ(၃၁၀)သို့ ငွေကျပ် ၂၀၀,၀၀၀ ပေးခဲ့ရပြီး သေဆုံးသူမောင်ချစ်လေး၏ ဆိုင်ကယ်နှင့် အထုပ်နှစ်ထုပ်ကို ပြန်မပေးကြောင်း မိသားစုနှင့်နီးစပ်သူမှ သတင်းရင်းမြစ်ကို ပြောကြားသည်။

“ပိုက်ဆံက စစ်တပ်က တောင်းတာ။ ဆိုင်ကယ်နဲ့ ဈေးထုပ်တွေလည်း ပြန်မပေးဘူး။ ကာယကံရှင်ကို လည်း ဆက်မမေးရက်တော့ဘူး။ သူလည်း ကြောက်နေတာ” ဟု သတင်းရင်းမြစ်က ပြောသည်။
မောင်ချစ်လေးသေဆုံးကြောင်း အကြောင်းကြားစာ၌ ဇီးပြောင်း(၁)ကျေးရွာနေထိုင်သူဟု ဖော်ပြထားပြီး ၎င်းမှာ ချောင်းစောက်ကျေးရွာတွင်နေထိုင်သည့် သာမာန်အရပ်သားတဦးသာဖြစ်ကြောင်း သိရသည်။

သိမ်ဇရပ်တွင် စစ်ကောင်စီတပ်က အရပ်သားများအားတပ်တွင်းသို့ ခေါ်ယူသတ်ဖြတ်ခြင်းဖြစ်စဉ် နှစ်ကြိမ် ရှိပြီဖြစ်ပြီး ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း ရွှေကျင်မြို့နယ်၊ ဆိပ်ကလေးကျေးရွာနေ ကိုကျော်ဇင်လတ် သည် ခရီးသွားလာရင်း အမတ(၃၁၀)ရှေ့တွင် ဈေးဆိုင်ဖွင့်ထားသည့် တပ်ကြပ်ကြီး ဦးတင့်ရွှေ(ငြိမ်း)၏ ချွေးမဖြစ်သူ မဥမ္မာနှင့် ဈေးဝယ်ရင်းစကားများရန်ဖြစ်ရာမှ စစ်ကောင်စီတပ်သားများကတပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

ထို့နောက် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကိုကျော်ဇင်လတ်သေဆုံးကြောင်း ခမရ(၂၀၇)မှ အကြောင်းကြား စာပို့ခဲ့ကြောင်း။ ၎င်းအကြောင်းကြားစာတွင် ကိုကျော်ဇင်လတ်မှာ အရက်အလွန်အကျွံ သောက်သုံးသဖြင့် သေဆုံးကြောင်းဖော်ပြထားသော်လည်း သေဆုံးသူ၏ခန္ဓာကိုယ်တွင် ရိုက်နှက်ခံထားရသည့် ညိုမဲစွဲဒဏ် ရာများတွေ့ရကြောင်း သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကြောင့် အရပ်သား ၃၈၁၀ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဇူလိုင်လ ၁၉ ရက် နေ့အထိ မွန်ပြည်နယ်တွင် စစ်ကောင်တပ်စီကြောင့် အရပ်သား ၆၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ ထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မွန်ပြည်နယ်
#ကျိုက်ထိုမြို့နယ်
#သိမ်ဇရပ်မြို့
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍7😁2🔥1
​​မော်လမြိုင်တွင် ၇၁ နှစ်အတွင်း စံချိန်တင်မိုးကြီး၊ မော်လမြိုင်နှင့်ပေါင်တွင် ရေဘေးကြောင့် ၃ ဦးသေ ၁ ဦးပျောက်ဆုံး
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် နှစ်ပေါင်း ၇၁ အတွင်း စံချိန်တင်မိုးကြီးပြီးနောက် ‌ပြည် နယ်အတွင်း မြို့နယ်အချို့၌ ရေဘေးကြုံတွေ့ခဲ့ပြီး လူသုံးဦးရေနစ်သေဆုံးကာ တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

မွန်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင် မိုးကြီးပြီးနောက် မော်လမြိုင်မြို့တွင် ယမန်နေ့ ဇူလိုင်လ ၁၉ရက်က ၂၄နာရီအတွင်း မိုးရေချိန် ၂၂ဒဿမ၇၅ လက်မ ရွာသွန်းခဲ့သည်။ အဆိုပါ မိုးရေချိန်သည် ၇၁နှစ်အတွင်း အမြင့်ဆုံး စံချိန်တင်မိုးရေချိန်ဖြစ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနကထုတ်ပြန်ထားသည်။

မော်လမြိုင်မြို့တွင်သာမက မွန်ပြည်နယ်အတွင်းမြို့နယ်အများစုတွင် မိုးကြီးခဲ့ပြီး မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့နယ်များတွင် ဇူလိုင် ၁၇ရက်မှစ၍ ရေကြီးနစ်မြုပ်မှု ကြုံတွေ့ခဲ့သည်ဟု ဒေသခံများကပြောသည်။မော်လမြိုင်မြို့တွင် ယမန်နေ့‌နေ့လည်ကမြို့ပေါ်ရပ်ကွက်များ၌ ရေကြီးနေစဉ် သီရိမင်္ဂလာ (၁၇) လမ်းမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် မိန်းကလေးတစ်ဦး၊ သီရိမြိုင်(၉) လမ်းအောက်ပိုင်းအသက် ၁၃နှစ်နှင့် ၁၄နှစ်အရွယ်ယောင်္ကျားလေးနှစ်ဦး ရေနစ်သေဆုံးခဲ့သည်ဟု မြို့ခံများက ပြောသည်။

အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ် ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ “အိမ်မှာ အဖိုးအဖွားနဲ့ နေရင်းမှ ပျောက်ဆုံးလို့ ရှာဖွေရာမှ ခြံထဲမှာရေနစ်သေဆုံးလျှက် တွေ့ရှိရခြင်းပါ” ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူဒေသခံတစ်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

နောက်ထပ်ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်နှစ်ဦးမှာ ရေထဲတွင်ဆင်း၍ ဆော့ကစားရာမှ နစ်မြုပ်သွားခြင်းဟု သိရသည်။ သုံးဦးစလုံး၏ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းများနှင့် ဒေသခံများက ဇူလိုင်လ ၁၉ရက်ည‌နေတွင်ပင် ရှာဖွေတွေ့ရှိခဲ့သည်ဟုသိရသည်။

ယမန်နေ့က မိုးသည်းထန်ပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် မော်လမြိုင်မြို့၊သီရိမင်္ဂလာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်အများစု ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။ လူဦးရေ ၇၀၀ ထက်မနည်းကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ကလည်း ပေါင်မြို့နယ်၊ ဥတ္တံားကျေးရွာတွင် အသက် ၃၀နှစ်အရွယ် ရွာသားတစ်ဦးသည် တောင်ကျချောင်းရေနှင့်အတူ မျောပါလာသော ထင်းကိုဆယ်ရင်း ‌ရေနစ်ပျောက်ဆုံးသွားကြောင်း သိရသည်။

“အဲ့ရက်က မိုးလည်းတအားရွာတာ။ ချောင်းရေကလည်း ရေစီးကြမ်းတော့ မျောသွားတာ။ မီးသတ်တွေလိုက်ရှာပေမယ့် ပြန်မတွေ့ဘူး” ဟု ဒေသခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံခြင်းအပြင်အချို့နေရာများ၌ အုတ်တံတိုင်းနှင့် လမ်းတံတားပြိုခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဇူလိုင်၁၉ ရက်နေ့နံနက်ပိုင်း၌ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ မော်လမြိုင်-ဘားအံကားလမ်းဘေးရှိ အဆောက်အဦအုတ်တံတိုင်းပြိုကျပြီး လူနှစ်ဦး ပိတ်မိခဲ့သည့် အတွက် ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်ခဲ့ရသည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန် သည်။ ယင်းနေ့နံနက် ၇နာရီခွဲခန့်တွင် ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာတွင် တောင်မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး၏ အနောက်ဘက် ပျက်စီးခဲ့သည်။ အနီးဝန်းကျင်ရှိ နေအိမ်ခြောက်လုံးမှ ဒေသခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ရေးမြို့နယ်၊ ရေး-ကျောင်းရွာလမ်းပိုင်း၊ ကျောက်မိချောင်းကျေးရွာအနီးရှိ ချောင်းကူး တံတားတစ်စင်းလည်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မွန်ပြည်နယ်သည် မိုးတွင်းကာလ မုတ်သုံလေအားကောင်းပါက မိုးအဆက်မပြတ်ရွာသွန်းပြီး ရေ ဘေးရင်ဆိုင်ရလေ့ရှိသည်။ ၂၀၁၉ခုနှစ် မိုးရာသီက ကြုံတွေ့ခဲ့သော ရေဘေးတွင် မော်လမြိုင်၊ ဘီလင်း၊ ရေး၊ ပေါင်နှင့် သထုံမြို့နယ်တို့၌ ရေကြီးနစ်မြုပ်မှုဆိုးရွားစွာကြုံတွေ့ခဲ့သည်။ ရန်ကုန်- မွန်ပြည်နယ်လမ်းမပေါ်ရှိ ပေါင်မြို့နယ်၊ သဲဖြူကုန်းရွာမှ မလတ်တောင်သည် ၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၉ရက်တွင် ပြိုကျခဲ့ရာ လူ၇၀ ဦးထက်မနည်း သေဆုံးခဲ့သည်။ မွန်ပြည်နယ်တွင် ထိုကာလက ၁၀ရက်ဆက်တိုက် နေ့စဉ် မိုးရေချိန် ၁၀လက်မကျော်ရွာပြီး အထက်ပါ သဘာဝဘေး ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် မွန်ပြည်နယ်၌ မိုးရွာသွန်းမှု လျော့ကျသွားသော်လည်း ရေဘေးဆက်လက်ကြုံတွေ့မည်ကို ဒေသခံများကစိုးရိမ်နေသည်။မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းတွင် ဇူလိုင်လ ၁၇ရက်မှ ယနေ့ ဇူလိုင်လ ၂၁ရက်နေ့အထိ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှုဘေးနှင့် မြေပြိုမှု‌ဘေးအန္တရာယ်သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက ဇူလိုင်လ၁၇ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

စာတည်း-မောင်ကြီး
Photo - အေးမြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့
#mizzima
#မွန်ပြည်နယ်
#စံချိန်တင်မိုးကြီး
#လူလေးဦးရေနစ်သေဆုံး
👍13🔥4🤬1
This media is not supported in your browser
VIEW IN TELEGRAM
တောင်ကိုရီးယားမှာ ပြစ်ဒဏ်ချခံခဲ့ရတဲ့ အမေရိကန်စစ်သား မြောက်ကိုရီးယားမှာ ဖမ်းဆီးခံထားရ

#Internationalnews #American #Northkorea #Mizzima #Reels #Shorts
😭4🔥1👏1
​​ဖိထာ၏ ဝန်ကြီးချုပ်ဖြစ်ရေး ကြိုးပမ်းချက် မအောင်မမြင် ဖြစ်ပြီးနောက် နိုင်ငံတွင် တည်တည်ငြိမ်ငြိမ် ရှိကြရေး ထိုင်းအစိုးရ တိုက်တွန်း
=====================

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲအနိုင်ရ ရှေ့သို့ချီ (MFP) ပါတီခေါင်းဆောင် ပြုပြင်ပြောင်းလဲရေးသမား ဖိထာ လင်မ်ဂျရွန်ရတ်၏ ဝန်ကြီးချုပ်ရာထူး ရယူနိုင်ရေး ကြိုးပမ်းမှုက စစ်တပ်နှင့် ဘုရင်စနစ်ထောက်ခံသော အမတ်များ၏ ကဖျက်ယဖျက်လုပ်မှုကြောင့် အထမမြောက် ဖြစ်ခဲ့ရပြီးနောက် နိုင်ငံ၌ တည်တည်ငြိမ်ငြိမ် ရှိကြရေးအတွက် ယာယီဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဇူလိုင် ၂၀ ရက်တွင် တိုက်တွန်းပြောကြားသည်။

ဖိထာ၏ ပါတီသည် ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရခဲ့သော်လည်း ယမန်နေ့ ဇူလိုင် ၁၉ ရက်တွင် ဖိထာသည် ပါလီမန်အမတ်အဖြစ်မှ ယာယီ ဆိုင်းငံ့ခံခဲ့ရသလို ၎င်းကို ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် မဲခွဲရွေးချယ်ခွင့်မပြုရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ဟားဗက် ကျောင်းဆင်း လစ်ဘရယ် ခေါင်းဆောင်၏ ဝန်ကြီးချုပ်ရာထူး ကြိုးပမ်းချက် ကဖျက်ယဖျက်လုပ်ခံရမှုအပေါ် မကျေနပ်ဒေါသထွက်မှုများကို ထုတ်ဖော်ရန် ယမန်နေ့ညက လူ ၁,၀၀၀ ခန့်သည် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခဲ့ကြပြီး ယင်းနောက် ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြသည်။
👏4👍2🔥2😁2