Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၃ | VOA On Mizzima
=============================

ထိုင်းနယ်စပ်မှာ ငှက်ဖျားရောဂါ ဖြစ်သူဦးရေ တိုးလာနေတဲ့အကြောင်းနဲ့ Iceland နိုင်ငံက မီးတောင်ပေါက်ကွဲမှုကို တအံ့တသြ ခရီးသွားတွေ လာကြည့်ကြတဲ့အကြောင်း၊ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေနဲ့ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/Ja3yfFckSlw

#VOA
#mizzimatv
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8😁2
Media is too big
VIEW IN TELEGRAM
Nature Article |သစ်ချသီးက သင့်ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးပြုသလဲ?

Watch more detail - https://youtu.be/LDVBy9pzCvY

#naturearticle #စကားဝိုင်း #naturearticleshorts #reels #shorts
👍7🌭2
​​Drishyam
==============

Vijay ဟာ အသေးစား ရုပ်ရှင်ချန်နယ်လေးတစ်ခုကို ထောင်ထားတဲ့သူပါ…တနေကုန် ရုံးမှာထိုင်နေပြီး ဘာမှလည်းလုပ်စရာမရှိတဲ့အတူ အမြဲလိုလို ရုပ်ရှင်တွေချည်း ထိုင်ကြည့်နေတတ်တဲ့သူ..
သူ့ရဲ့ ဗဟုသုတတွေဟာ ရုပ်ရှင်ကဘဲရတဲ့အပြင်
သူက ၄ တန်းဘဲအောင်တဲ့ မိဘမဲ့တစ်ယောက်လည်းဖြစ်ပါသေးတယ်..

အခုတော့ သူ့ဇနီးရယ် သမီးနှစ်ယောက်ရယ်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဘဝကြီးကို ဖြတ်သန်းနေသူပေါ့..

တစ်ရက်မှာ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဟာ သူ့တို့ဘဝကြီးစီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်…
Vijay ရဲ့ သမီးကြီးဟာ ဆယ်ကျော်သက်အရွယ်ပါ…

ကျောင်းကနေ ခရီးထွက်တဲ့အခါ သူအင်္ကျီလဲနေတာကို ချာတိတ်တစ်ယောက်က ခိုးပြီး ဗီဒီယိုရိုက်ထားခဲ့တယ်။ ရက်နည်းနည်းအကြာမှာတော့ ချာတိတ်က ဗီဒီယိုပြပြီးခြိမ်းခြောက်ပါတော့တယ်..
အင်တာနက်ပေါ်မတင်စေချင်ရင် ဒီည အိမ်တံခါးဖွင့်ထားဖို့နဲ့ သူလာခဲ့မယ်ဆိုပြီး သတိပေးလိုက်ပါတယ်..

ညကျ အိမ်လည်းလာရော Vijay ရဲ့ ဇနီးနဲ့သမီးရယ်နဲ့ ဟိုချာတိတ်တို့ ရန်ဖြစ်ပြီး Vijay သမီးဟာ ချာတိတ်ကို ရိုက်လိုက်တာ လက်လွန်ပြီး ချာတိတ်ခမျာ နေရာတင် အသက်ပျောက်ရှာတယ်..

Vijay ရဲ့ ဇနီးဟာ Vijay ထက် ပညာအရာမှာ တော်ပေမယ့် တကယ်တမ်းလက်တွေ့မှာကျ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပါတော့တယ်..မနက်ကျ Vikay တစ်ယောက်ရုံးကနေ တစ်ညလုံး ရုပ်ရှင်ကြည့်ပြီးပြန်လာတော့မှ အကြောင်းစုံရှင်းပြပါတော့တယ်…
ဒီတော့ တစ်မိသားစုလုံးရဲ့ နောင်ရေးတွေဟာ စာမတတ်တဲ့ လေးတန်အောင် Vijay ရဲ့ ခေါင်းပေါ်ကိုရောက်လာပါပြီ..

နောက်ထပ်သတင်းဆိုးကြီးတစ်ခုကလည်း စောင့်နေပါတော့တယ်။ အဲ့တာကတော့ သေသွားတဲ့ ချာတိတ်ရဲ့ အမေဟာ ဒေသတွင်းရဲချုပ်ကြီးဆိုတာပါဘဲ..

ဒီတော့ အင်အားအပြည့်နဲ့ အဖြေရှာနေတဲ့ ရဲချုပ်ကြီးဟာ Vijay တို့ မိသားစုဆီ ဆိုက်ဆိုက်မြိုက်မြိုက်ဘဲ ရောက်လာပါတော့တယ်..
ဒီတော့ Vijay တစ်ယောက် သူ့မိသားစုကို မဖိတ်ခေါ်ဘဲရောက်လာတဲ့ ကြမ္မာဆိုးကြီးလက်ထဲကနေ ဘယ်လိုကယ်တင်မလဲ ?
ရဲချုပ်ကြီးကရော သူ့သားကိုသတ်သွားသူတွေကို မိမလား ဆိုတာကိုတော့ ရုပ်ရှင်ထဲမှာဘဲဆက်ကြည့်ပါလေ..
လေးတန်းအောင် တစ်ယောက်ရဲ့ ညဏ်က ဘယ်လောက်ပြေးမလဲ သင်ထင်ပါသလဲ ??

Crime | Drama | Mystery | Thriller ဇာတ်ကားအမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားမို့ မကြည့်ရသေးသူများအတွက် အားရကျေနပ်မိမဲ့ ဇာတ်ကားတစ်ခုပါ…

Mizzima + တွင် ပြသနေသည့် ည (၈) နာရီအချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်..

#New ပြသမည့်ရက် ။ ။21.7.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။ 22.7.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

#bollywood
#indiamovie
👍5😁2
စစ်ကောင်စီက ဖျောက်ဖျက်ပစ်လို့ အာဇာနည်နေ့ မှေးမှိန်သွားမှာလား
=====================

ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေကို တော်လှန်ရေး အင်အားစုတွေက ဖော်ဆောင်နေကြပါတယ်။

လွတ်လပ်ရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည် ၉ ဦးသာမကဘဲ၊ စစ်ကောင်စီကို ဆန့်ကျင်‌တော်လှန်ရင်း ကျဆုံးခဲ့ရတဲ့ တိုက်ပွဲဝင်တိုင်းရင်းသားပေါင်းစုံကို ရည်ရွယ်ဦးညွတ်ရင်းတော်လှန်ရေး အင်အားစုတွေက အာဇာနည်နေ့ကို ပုံစံမျိုးစုံနဲ့ ကျင်းပကြတာလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ စစ်ကောင်စီက အာဇာနည်နေ့အခမ်းအနားကို အဆင့်နိမ့် အရာရှိတွေဦးဆောင်ပြီး မဖြစ်မနေ သဘောသာ ကျင်းပတာ တွေ့ရပါတယ်။

https://youtu.be/e0wO4doBmN0

#Newsfeature
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍17❤1🔥1😁1
​​လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ စစ်ကောင်စီ၏ဖမ်းဆီးခြင်း မခံရပါ
========================

လူငယ်ဗေဒင်ဆရာ လင်းညို့တာရာအား ထပ်မံဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်း စာများတွင် ဖော်ပြထားသည်။ ယင်းမှာ မှားယွင်းနေသည်။ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းနှင့်ကြေးမုံသတင်းစာများ၌ ဇူလိုင်လ ၁၇ ရက်နေ့က Hein Min Aung(Linn Nhyo Taryar) Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် (၇)ရပ်ကွက်နေ လင်းညို့တာရာ(ခ) ဟိန်းမင်းအောင်အား ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဖော်ပြထားသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😁2
ထိုင်းနိုင်ငံမှာ ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ များလာ | VOA On Mizzima
===================

ထိုင်းနိုင်ငံမှာ အခုရက်ပိုင်းတွေထဲ ငှက်ဖျားရောဂါဖြစ်ပွားသူတွေများလာတယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေက သတိပေးပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်ပွားကြတာလို့လည်း ဆိုပါတယ်။ ဒီအကြောင်း မညိုညိုလွင် ထိုင်းနိုင်ငံကနေ သတင်းပေးပို့ထားပါတယ်။

https://youtu.be/Dm4EnzZrjPk

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤6🔥1
လယ်သမားတွေကပြန်လည်သိမ်းယူခဲ့တဲ့ တရုတ်တစ္ဆေအိမ်ရာများ
==================

https://youtu.be/59fYUDja1ws

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2
This media is not supported in your browser
VIEW IN TELEGRAM
လယ်သမားတွေကပြန်လည်သိမ်းယူခဲ့တဲ့ တရုတ် တစ္ဆေအိမ်ရာများ

#InternationalNews #reels #shorts #China #Mizzima
👍6🔥2
Iceland မီးတောင်ပေါက်မှု ဧည့်သည်တွေ တအံ့တသြ သွားကြည့် | VOA On Mizzima
======================

Iceland နိုင်ငံက Litli-Hrútur (လစ်တလီ ဟျူးတို) မီးတောင် ပေါက်ကွဲနေတဲ့အတွက် ဧည့်သည်တွေ အနားမကပ်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဒါပေမယ့်လည်း အန္တရာယ်များတဲ့ ချော်ရည်တွေနဲ့ ပေါက်ကွဲနေတဲ့ မီးတောင်ကို ရင်သပ်ရှုမောဖြစ်ပြီး အနားကပ်ကြည့်ဖို့ လာကြတဲ့သူတွေအများကြီးရှိနေတာပါ။ Reykjavik (ရေးကဗစ်)မြို့တော်နဲ့ ၁၈ မိုင်လောက်ဝေးတဲ့နေရာက မီးတောင်က ဇူလိုင်လလယ်မှာ ပေါက်ကွဲပြီး ဓာတ်ငွေ့တွေလည်း ထွက်နေတာပါ။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအိသန့်စင် တင်ဆက်ထားပါတယ်။

https://youtu.be/N2qdKkmOgT4

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥2
Media is too big
VIEW IN TELEGRAM
တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကစ်ဆင်ဂျာတို့ ဘေဂျင်းမှာတွေ့ဆုံခဲ့

#InternationalNews #reels #shorts #Mizzima #China #American
👍6
မြန်မာနိုင်ငံက ထိခိုက်နာကျင်မှုတွေအတွက် တရုတ်မှာ တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲ ပြော
=====================

တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို အထင်ရှားဆုံး ထောက်ခံသူဖြစ်တာကြောင့် မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေတဲ့ ထိခိုက်နာကျင်မှုတွေအတွက် တရုတ်မှာ အများကြီး တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးဌာန MI6ရဲ့ အကြီးအကဲ ဆာရစ်ချတ်မိုး ကပြောကြားခဲ့ပါတယ်။

တရုတ်က အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေကို ခိုင်ခိုင်မာမာ ဆက်လက် အားပေး ထောက်ခံနေတာကြောင့်လည်း အခုလိုတွေ ကြုံနေရတာ ဖြစ်တယ်လို့ သူက ချက်နိုင်ငံ၊ ပရက်ဂ်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

အံ့သြလောက်စရာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို မြင်တွေ့ရတာ တုန်လှုပ်ချောက်ချားစေပါတယ်လို့ ဆာရစ်ချတ်မိုးက ပြောပါတယ်။

သူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ဖူးပြီး မြန်မာ့အရေးဟာ အလွန်ကို စိုးရိမ်စရာအခြေအနေတစ်ခုလို့ သူက ပြောပါတယ်။

MI6ဟာ ဗြိတိန် အစိုးရအတွက် နိုင်ငံတကာ ထောက်လှမ်းရေး လုပ်ငန်းတွေကို အဓိက တာဝန်ယူပေးနေတဲ့ ဌာန ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရမ်းကို ဆိုးရွားပြီး ကြေကွဲစရာ ဖြစ်နေကြောင်း၊ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို အထင်ရှားဆုံး ထောက်ခံသူဖြစ်တာကြောင့် တရုတ်မှာလည်း အခုလို အနေအထားအတွက် တာဝန်ရှိနေကြောင်း မိုးက စွပ်စွဲ ဝေဖန်သွားပါတယ်။

မေလတုန်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရပေမယ့် တရုတ်နဲ့ ရုရှားအပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံတချို့ရဲ့ ထောက်ပံ့ ကူညီမှုတွေကို ရရှိနေဆဲပါ။

စစ်တပ်ဟာ လက်နက်ကိုင် ခုခံမှုတွေကို ဖြိုခွင်းဖို့ ကြိုးစားရမှာ အရပ်သား ပြည်သူတွေ၊ လူနေ ဧရိယာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံနဲ့ ကျန်းမာရေး အဆောက်အအုံတွေ၊ ဘာသာရေး အဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နေ့တိုင်းလိုလို ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ များပြားလာနေပြီး လူပေါင်း ၁.၉ သန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အခုနောက်ဆုံးထုတ်ပြန်တဲ့ UNOCHA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

https://youtu.be/i7UiGlogln0


#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍23😁2
This media is not supported in your browser
VIEW IN TELEGRAM
ဆွီဒင်မှာ ကိုရမ်ကျမ်းကိုခြေဖြင့်နင်းပြီးဆန္ဒပြမှု ထပ်မံဖြစ်ပွား

#InternationalNews #reels #shorts #Sweden #Protests #Mizzima
👍5🔥2👏1
စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်
====================

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေမြင့်တက်လာပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဥရောပသမဂ္ဂ (အီးယူ)က  မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ခြောက်ဦးနဲ့ အဖွဲ့အစည်းတစ်ခုကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တဲ့အကြောင်း ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ပိုဆိုးလာတဲ့ အခြေအနေတွေကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ၇ ကြိမ်မြောက် အရေးယူပိတ်ဆို့မှုအနေနဲ့  လူပုဂ္ဂိုလ် ၆ ဦးနဲ့ နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကို  အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီး သုံးဦး၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးနဲ့ စစ်ထောက်ချုပ်တစ်ဦးတို့ အပြင် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မြန်မာ့သတ္တုတွင်းလုပ်ငန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ ပါရှိပါတယ်။

အခုအချိန်မှာ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုကို ပိတ်ဆို့အရေးယူထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေးလွှဲပြောင်းပေးအပ်မှုတွေကို တားမြစ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒီအထဲမှာ စာရင်းသွင်းခံရသူတွေဟာ ပိုင်ဆိုင်မှု ထိန်းချုပ်ခံရတာ၊ ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းကို တားမြစ်ခံရပါတယ်။
 ဒါ့အပြင် ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာလည်း အခုလို အရေးယူဒဏ်ခတ်ပိတ်ဆို့ စာရင်းသွင်းခံထားရသူတွေ ဝင်ငွေရစေတဲ့ လုပ်ငန်းအဆက်အဆံလုပ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ နှိပ်စက်ညှဉ်းပန်းတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကျားမအခြေပြု အကြမ်းဖက်မှုတွေအပြင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ သတင်းသမားတွေကို ဆက်လက်နှိပ်စက်ညှဉ်းပန်းနေတာတွေကို လည်း ဥရောပသမဂ္ဂကရှုတ်ချထားပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို လက်နက်နဲ့စက်ပစ္စည်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေမှာ လက်နက်အဖြစ်သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေကို မတင်ပို့ဖို့လည်း တားမြစ်ထားပြီး မြန်မာစစ်တပ်ကို သင်တန်းပေးတာတွေ အားလုံးကိုလည်း ရပ်တန့်ထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂကနေ မြန်မာအစိုးရကို တိုက်ရိုက်ပေးအပ်နေတဲ့ ဘဏ္ဍာရေးအကူအညီတွေကို ရပ်ဆိုင်းထားပြီး၊ စစ်ကောင်စီကို တရားဝင်ဖြစ်မှုပေးတယ်လို့ ယူဆရတဲ့ အကူအညီအားလုံးကို ရပ်တန့်ထားပါတယ်။

https://youtu.be/P8OfVR7ahgI


#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11😁3👏2
Pop Culture အစီအစဉ် | VOA On Mizzima
=================

ကမ္ဘာကျော် ပေါ့ဂီတအဆိုတော် Madonna ဆေးရုံတက်ရပြီး ဖျော်ဖြေရေးခရီးစဉ်တွေ ရွှေ့ဆိုင်းထားရပါတယ်။ နယ်သာလန်နိုင်ငံမှာတော့ လိမ်ပြောင်းအလှမယ်တဦး နိုင်ငံကိုယ်စားပြု မယ်စကြဝဠာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒီလို ကမ္ဘာပေါ်မှာ ခေတ်စားနေတာတွေ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေရဲ့ သတင်းတွေကို မအေးသန္တာကျော်က Pop Culture အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

https://youtu.be/3mEg-yKo7y4
 
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6🔥1
​​အီးယူက မြန်မာအပေါ် ၇ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်
=========================

ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ မှစကာ အကြမ်းဖက်မှုများ မြင့်တက်နေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို တုံ့ပြန်ခြင်းအဖြစ် ဆိုလျက် ဥရောပသမဂ္ဂ အီးယူသည် မြန်မာနိုင်ငံအပေါ် ခုနစ်ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုအား ဇူလိုင် ၂၀ ရက်တွင် ချမှတ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏2😁1😢1🤣1
ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ သေဆုံးမှု AAPP သတင်းထုတ်ပြန်
=====================

ပြီးခဲ့တဲ့ ဇွန်လထဲ ဒိုက်ဦး (ကျိုက်ဇကော) ထောင်က နိုင်ငံရေးအကျဉ်းသား (၃၇) ဦး ပျောက်ဆုံးနေတဲ့ထဲက သေဆုံးသူ ရှစ်ဦးအထိ အတည်ပြုထားနိုင်ပြီ လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်လိုက်ပါတယ်။
မတရား ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသူတွေ ခုရက်ပိုင်း ပိုများလာနေတဲ့အကြောင်း နဲ့ အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးနေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၇ ဦး ရှိခဲ့ပြီး အဲဒီထဲက ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်း တို့ နှစ်ဦးသေဆုံးတဲ့အကြောင်း ဇူလိုင်လ ပထမအပတ်မှာ မိသားစုဝင်တွေဆီ အကျဉ်းဦးစီးက ပထမဆုံး အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီ သေဆုံးကြောင်း ဆက်တိုက်အကြောင်းကြားစာတွေ ပေးပို့နေပြီး နောက်ထပ် ခြောက်ဦး အထိထပ်တိုးလာတယ် လို့ AAPP က အမည်စာရင်းနဲ့ ထုတ်ပြန်လာပါတယ်။

အေအေပီပီ ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၈ ဦးကတော့ ခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုဇင်မြင့်ထွန်း၊ ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်းနဲ့ ကိုနေအေးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒိုက်ဦးထောင်ထဲမှာပဲ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်တဲ့ ကိုအောင်စိုးမိုး နဲ့ ဝေါမြို့နယ်အမတ် ဦးမောင်ဒီ တို့ ဇူလိုင် ၁၆ ရက် နဲ့ ၁၇ ရက် တွေမှာ သေဆုံးခဲ့တဲ့ အကြောင်း အေအေပီပီ ကပြောပါတယ်။
 
ဒိုက်ဦးထောင်၊ သာယာဝတီထောင်နဲ့ မြင်းခြံ ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်ထဲကနေ ခေါ်ထုတ်ရိုက်နှက် စစ်ဆေးတာတွေ စစ်ကောင်စီဘက်က ခုနောက်ပိုင်း ခပ်စိပ်စိပ် လုပ်လာနေပြီး ဒီအထဲမှာ သေဆုံးသူတွေနဲ့ အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိတဲ့အကြောင်း AAPP က ပြောပါတယ်။
မတရားဖမ်းဆီးခံပြီး စစ်ကြောရေးမှာညှင်းပမ်း နှိပ်စက်မှုကြောင့် သေဆုံးသွားရတဲ့သူတွေ၊ စစ်ကောင်စီက မြို့ရွာတွေထဲ စစ်ကြောင်းထိုးပြီး လူသတ်မီးရှို့မှုတွေအတွင်း သေဆုံးရသူတွေနဲ့ အကျဉ်းထောင်တွင်းသေဆုံးမှုတွေ အခုရက်ပိုင်းအတွင်း ပိုပြီး များလာတယ်လို့လည်း AAPP က ပြောပါတယ်။

ဒိုက်ဦးထောင်မှာတင်မဟုတ်ဘဲ တခြားသော အကျဉ်းထောင် တချို့မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ခေါ်ထုတ်ခံရပြီး သေဆုံးတာ၊ ပျောက်ဆုံးတာ၊ လွတ်ရက်စေ့ပြီးမှ ပြန်လည် ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေတာတွေလည်း ရှိတယ်လို့ AAPP က ထောက်ပြထားပါတယ်။

ခုလို တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေတာတွေနဲ့ပတ်သက်လို့ အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေကို အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းဆောင်ရွက်ပေးကြ ဖို့ AAPP ကတိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၉၆၂) ဦးရှိပြီး အဲဒီထဲက (၁၉၀၀၀)ကျော်က ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ခုနှစ်ထောင်နီးပါး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သတ်ဖြတ်ခံရသူ ၃၈၀၀ ကျော် ရှိတယ်လို့ AAPP ကထုတ်ပြန်ထားပြီး စစ်ကောင်စီကတော့ AAPP က ထုတ်ပြန်တဲ့ စာရင်းတွေဟာ ချဲ့ကား ဖော်ပြထားတာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုလေ့ရှိပါတယ်။

https://youtu.be/BqIhP7Mq55U


#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15😁3🤬2