Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ဆွီဒင်မှာ ကိုရမ်ကျမ်းကိုခြေဖြင့်နင်းပြီးဆန္ဒပြမှု ထပ်မံဖြစ်ပွား

#InternationalNews #reels #shorts #Sweden #Protests #Mizzima
👍5🔥2👏1
စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်
====================

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေမြင့်တက်လာပြီး ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ဥရောပသမဂ္ဂ (အီးယူ)က  မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ခြောက်ဦးနဲ့ အဖွဲ့အစည်းတစ်ခုကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်လိုက်တဲ့အကြောင်း ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ပိုဆိုးလာတဲ့ အခြေအနေတွေကြောင့် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ၇ ကြိမ်မြောက် အရေးယူပိတ်ဆို့မှုအနေနဲ့  လူပုဂ္ဂိုလ် ၆ ဦးနဲ့ နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကို  အရေးယူပိတ်ဆို့ဒဏ်ခတ်လိုက်တာဖြစ်ပါတယ်။

ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာ စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီး သုံးဦး၊ စစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးနဲ့ စစ်ထောက်ချုပ်တစ်ဦးတို့ အပြင် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မြန်မာ့သတ္တုတွင်းလုပ်ငန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်တယ်လို့ ပါရှိပါတယ်။

အခုအချိန်မှာ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၉၉ ဦးနဲ့ အဖွဲ့အစည်း ၁၉ ခုကို ပိတ်ဆို့အရေးယူထားပြီး ဒီစာရင်းထဲမှာ ပါဝင်သူကို ခရီးသွားလာခွင့် ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေကို ဆိုင်းငံ့ထားတာနဲ့ ငွေကြေးလွှဲပြောင်းပေးအပ်မှုတွေကို တားမြစ်ချက်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

ဒီအထဲမှာ စာရင်းသွင်းခံရသူတွေဟာ ပိုင်ဆိုင်မှု ထိန်းချုပ်ခံရတာ၊ ဥရောပသမဂ္ဂ နယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းကို တားမြစ်ခံရပါတယ်။
 ဒါ့အပြင် ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေဟာလည်း အခုလို အရေးယူဒဏ်ခတ်ပိတ်ဆို့ စာရင်းသွင်းခံထားရသူတွေ ဝင်ငွေရစေတဲ့ လုပ်ငန်းအဆက်အဆံလုပ်ခြင်းကိုလည်း တားမြစ်ထားပါတယ်။

မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ နှိပ်စက်ညှဉ်းပန်းတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကျားမအခြေပြု အကြမ်းဖက်မှုတွေအပြင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ သတင်းသမားတွေကို ဆက်လက်နှိပ်စက်ညှဉ်းပန်းနေတာတွေကို လည်း ဥရောပသမဂ္ဂကရှုတ်ချထားပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို လက်နက်နဲ့စက်ပစ္စည်းတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေမှာ လက်နက်အဖြစ်သုံးနိုင်တဲ့ ကုန်ပစ္စည်းတွေကို မတင်ပို့ဖို့လည်း တားမြစ်ထားပြီး မြန်မာစစ်တပ်ကို သင်တန်းပေးတာတွေ အားလုံးကိုလည်း ရပ်တန့်ထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂကနေ မြန်မာအစိုးရကို တိုက်ရိုက်ပေးအပ်နေတဲ့ ဘဏ္ဍာရေးအကူအညီတွေကို ရပ်ဆိုင်းထားပြီး၊ စစ်ကောင်စီကို တရားဝင်ဖြစ်မှုပေးတယ်လို့ ယူဆရတဲ့ အကူအညီအားလုံးကို ရပ်တန့်ထားပါတယ်။

https://youtu.be/P8OfVR7ahgI


#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11😁3👏2
Pop Culture အစီအစဉ် | VOA On Mizzima
=================

ကမ္ဘာကျော် ပေါ့ဂီတအဆိုတော် Madonna ဆေးရုံတက်ရပြီး ဖျော်ဖြေရေးခရီးစဉ်တွေ ရွှေ့ဆိုင်းထားရပါတယ်။ နယ်သာလန်နိုင်ငံမှာတော့ လိမ်ပြောင်းအလှမယ်တဦး နိုင်ငံကိုယ်စားပြု မယ်စကြဝဠာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒီလို ကမ္ဘာပေါ်မှာ ခေတ်စားနေတာတွေ၊ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာရှင်တွေရဲ့ သတင်းတွေကို မအေးသန္တာကျော်က Pop Culture အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

https://youtu.be/3mEg-yKo7y4
 
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6🔥1
​​အီးယူက မြန်မာအပေါ် ၇ ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်
=========================

ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ မှစကာ အကြမ်းဖက်မှုများ မြင့်တက်နေခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခြင်းများကို တုံ့ပြန်ခြင်းအဖြစ် ဆိုလျက် ဥရောပသမဂ္ဂ အီးယူသည် မြန်မာနိုင်ငံအပေါ် ခုနစ်ကြိမ်မြောက် ဒဏ်ခတ်ပိတ်ဆို့မှုအား ဇူလိုင် ၂၀ ရက်တွင် ချမှတ်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏2😁1😢1🤣1
ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ သေဆုံးမှု AAPP သတင်းထုတ်ပြန်
=====================

ပြီးခဲ့တဲ့ ဇွန်လထဲ ဒိုက်ဦး (ကျိုက်ဇကော) ထောင်က နိုင်ငံရေးအကျဉ်းသား (၃၇) ဦး ပျောက်ဆုံးနေတဲ့ထဲက သေဆုံးသူ ရှစ်ဦးအထိ အတည်ပြုထားနိုင်ပြီ လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်လိုက်ပါတယ်။
မတရား ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးရသူတွေ ခုရက်ပိုင်း ပိုများလာနေတဲ့အကြောင်း နဲ့ အရေးပေါ် စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင် လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်ကနေ ခေါ်ထုတ်ခံရပြီး ပျောက်ဆုံးနေတဲ့ နိုင်ငံရေး အကျဉ်းသား ၃၇ ဦး ရှိခဲ့ပြီး အဲဒီထဲက ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်း တို့ နှစ်ဦးသေဆုံးတဲ့အကြောင်း ဇူလိုင်လ ပထမအပတ်မှာ မိသားစုဝင်တွေဆီ အကျဉ်းဦးစီးက ပထမဆုံး အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီ သေဆုံးကြောင်း ဆက်တိုက်အကြောင်းကြားစာတွေ ပေးပို့နေပြီး နောက်ထပ် ခြောက်ဦး အထိထပ်တိုးလာတယ် လို့ AAPP က အမည်စာရင်းနဲ့ ထုတ်ပြန်လာပါတယ်။

အေအေပီပီ ရဲ့ ထုတ်ပြန်ချက်အရ အတည်ပြုနိုင်တဲ့ သေဆုံးသူ ၈ ဦးကတော့ ခန့်လင်းနိုင်၊ ကိုပြည့်ဖြိုးဟိန်း၊ ကိုဇင်မြင့်ထွန်း၊ ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ၊ ကိုဘိုဘိုဝင်းနဲ့ ကိုနေအေးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒိုက်ဦးထောင်ထဲမှာပဲ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်တဲ့ ကိုအောင်စိုးမိုး နဲ့ ဝေါမြို့နယ်အမတ် ဦးမောင်ဒီ တို့ ဇူလိုင် ၁၆ ရက် နဲ့ ၁၇ ရက် တွေမှာ သေဆုံးခဲ့တဲ့ အကြောင်း အေအေပီပီ ကပြောပါတယ်။
 
ဒိုက်ဦးထောင်၊ သာယာဝတီထောင်နဲ့ မြင်းခြံ ထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင်ထဲကနေ ခေါ်ထုတ်ရိုက်နှက် စစ်ဆေးတာတွေ စစ်ကောင်စီဘက်က ခုနောက်ပိုင်း ခပ်စိပ်စိပ် လုပ်လာနေပြီး ဒီအထဲမှာ သေဆုံးသူတွေနဲ့ အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိတဲ့အကြောင်း AAPP က ပြောပါတယ်။
မတရားဖမ်းဆီးခံပြီး စစ်ကြောရေးမှာညှင်းပမ်း နှိပ်စက်မှုကြောင့် သေဆုံးသွားရတဲ့သူတွေ၊ စစ်ကောင်စီက မြို့ရွာတွေထဲ စစ်ကြောင်းထိုးပြီး လူသတ်မီးရှို့မှုတွေအတွင်း သေဆုံးရသူတွေနဲ့ အကျဉ်းထောင်တွင်းသေဆုံးမှုတွေ အခုရက်ပိုင်းအတွင်း ပိုပြီး များလာတယ်လို့လည်း AAPP က ပြောပါတယ်။

ဒိုက်ဦးထောင်မှာတင်မဟုတ်ဘဲ တခြားသော အကျဉ်းထောင် တချို့မှာလည်း နိုင်ငံရေးအကျဉ်းသားတွေ ခေါ်ထုတ်ခံရပြီး သေဆုံးတာ၊ ပျောက်ဆုံးတာ၊ လွတ်ရက်စေ့ပြီးမှ ပြန်လည် ခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေတာတွေလည်း ရှိတယ်လို့ AAPP က ထောက်ပြထားပါတယ်။

ခုလို တရားလက်လွတ် အနိုင်ကျင့် သတ်ဖြတ်နေတာတွေနဲ့ပတ်သက်လို့ အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ အမြန်ဆုံးလုပ်ပြီး ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေကို အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းဆောင်ရွက်ပေးကြ ဖို့ AAPP ကတိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၉၆၂) ဦးရှိပြီး အဲဒီထဲက (၁၉၀၀၀)ကျော်က ဆက်လက် ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ခုနှစ်ထောင်နီးပါး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သတ်ဖြတ်ခံရသူ ၃၈၀၀ ကျော် ရှိတယ်လို့ AAPP ကထုတ်ပြန်ထားပြီး စစ်ကောင်စီကတော့ AAPP က ထုတ်ပြန်တဲ့ စာရင်းတွေဟာ ချဲ့ကား ဖော်ပြထားတာ ဖြစ်တယ်လို့ စွပ်စွဲ ပြောဆိုလေ့ရှိပါတယ်။

https://youtu.be/BqIhP7Mq55U


#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍15😁3🤬2
Media is too big
VIEW IN TELEGRAM
ကိုရမ်ကျမ်းကို ခြေနဲ့နင်းပြီး ထပ်မံဆန္ဒပြမှုကြောင့် ဆွီဒင်သံအမတ်ကို အီရတ်မှနှင်ထုတ်

#InternationalNews #reels #shorts #Mizzima
🔥2👍1
ဇူလိုင်လ ၂၁ ရက်၊ မွန်းတည့် ၁၂ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=========================

00:57-မြန်မာနိုင်ငံက ထိခိုက်နာကျင်မှုတွေအတွက် တရုတ်မှာတာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲ ပြောတဲ့သတင်း

03:10-"စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲလိုက်တဲ့ ရွာတွေဟာ ပျူရွာတွေ ဖြစ်လာတယ်" ဆိုတဲ့သတင်း

08:38-လယ်သမားတွေကပြန်လည်သိမ်းယူခဲ့တဲ့ တရုတ်တစ္ဆေအိမ်ရာများဆိုတဲ့သတင်း

မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေဈေး၊ စက်သုံးဆီဈေးနဲ့ စားအုန်းဆီဈေးတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/xxwLsQxv3-A

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍6❤1🔥1
​​တရုတ်ဆီ မြန်မာ မြေရှားဒြပ်စင် တင်ပို့မှု ပထမနှစ်ဝက်အတွင်း ထိုးတက်
========================

တရုတ်နိုင်ငံသည် မော်တော်ကားနှင့် လေစွမ်းအင်ကဏ္ဍ ကြီးထွားလာခြင်းအတွက် လိုအပ်သော မြေရှားဒြပ်စင် ထုတ်လုပ်မှုကို အရှိန်မြှင့်တင်လာရာ မြေရှားဒြပ်စင်ကို ဒုတိယအများဆုံး ပေးသွင်းသည့် မြန်မာနိုင်ငံဆီမှ တင်သွင်းခြင်းသည် ယခုနှစ်၌ ထိုးတက်ခဲ့ကြောင်း အကောက်ခွန်အချက်အလက်များက ပြသသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍4❤1👎1
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံက ထိခိုက်နာကျင်မှုတွေအတွက် တရုတ်မှာ တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲ ပြော

Watch more detail - https://youtu.be/i7UiGlogln0

#PoliticalNews #reels #shorts #MizzimaTV #Myanmar #China
👍15😁1
ရှမ်း-ကယားနယ်စပ် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်
====================

ကိုဇာနည် (မဇ္ဈိမ)။ ။ ကရင်နီပြည်နယ်၊ ရှမ်း-ကယားနယ်စပ်၊ ပီကင်းကောခူနှင့် ဝါရီကောခူကျေးရွာအနီး၌ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့ ဇူလိုင်လ ၂၀ရက် ညနေ ၆နာရီ အချိန်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

"ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကြောင်းထိုးလာတယ်၊ ခဏနေတော့ သေနတ်သံ အကြီးရောအသေးရော စကြားရတယ်၊ လက်နက်ကြီးက ရွာထဲအထိ ကျလာတယ်၊ ပီးကင်းကောခူနဲ့ ဝါရီကောခူရွာနှစ်ရွာလုံးက ညတွင်းချင်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ် "ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေကို မသိရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာ ရထားသည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရသူ သုံးဦးသည် ပီးကင်းကောခူ ကျေးရွာက နှစ်ဦးနှင့် ဝါရီကောခူ ကျေးရွာက တစ်ဦးတို့ဖြစ်ပြီး ယနေ့ နံနက်ပိုင်းအထိ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟုလည်း သိရသည်။

https://youtu.be/SRCDHcep2F0

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကရင်နီပြည်နယ်
#စစ်ကောင်စီ
#တိုက်ပွဲဖြစ်ပွား
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍12🔥2
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်

Watch more detail - https://youtu.be/P8OfVR7ahgI

#PoliticalNews #reels #shorts #MizzimaTV
👍12😁2👏1
ကလေးမြို့နယ် စစ်ရှောင်ကလေးငယ်များ သွေးလွန်တုပ်ကွေးအဖြစ်များနေ
👍4🔥3😢2
ကလေးမြို့နယ် စစ်ရှောင်ကလေးငယ်များ သွေးလွန်တုပ်ကွေးအဖြစ်များနေ
====================

ကိုခင်မောင်
(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးများတွင် သွေးလွန်တုပ်ကွေးအဖြစ်များနေသည်ဟု ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း(ကလေး) အဖွဲ့ ထံမှ သိရသည်။

“စစ်ရှောင်ကလေးငယ်တွေပါ ၊ နှစ်နှစ်ခွဲကနေ ၁၄ နှစ် ၊ ၁၅နှစ်အထိ အဖြစ်များနေပါတယ်။ သွေးလွန်တုပ်ကွေးအတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို ရောဂါအဆင့်အလိုက် ကုသပေးနေရပါတယ်” ဟု ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း(ကလေး)မှ တာဝန်ခံ Dr. Josephက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ တစ်လအတွင်းမှာပင် သွေးလွန်တုပ်ကွေးဖြစ်ပွားကာ ဆေးရုံတက်ရောက်ကုသသူ ၃၀ ဦးဝန်းကျင်ရှိပြီး သွေးလွန်တုပ်ကွေး အလွန်ပြင်းထန်အဆင့်ထိ ရောက်ရှိသူ မတွေ့ရသေးကြောင်း Dr. Josephက ပြောသည်။

စစ်ရှောင်စခန်းများ၌ ခြင်ဆေးဖျန်းခြင်းများ လုပ်ဆောင်ပေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကိုလည်း ပညာပေးဖြန့်ဝေခြင်းများ လုပ်ဆောင်ပေးနေသည်ဟု သိရသည်။

“လက်ရှိကုသရေးအတွက် ဆေးဝါးမလုံလောက်တာတွေနဲ့ ကြုံနေရပါတယ်” ဟု Dr. Josephကပြောသည်။

ဇွန်လ ၂၀ရက် နောက်ပိုင်းမှစ၍ ကလေးမြို့နယ်တွင် ကျန်းမာရေးတစ်စုံတစ်ခု ဖြစ်လာပါက လိုအပ်သည့်ဆေးဝါးကို အလွယ်တကူ ဝယ်ယူ၍ မရတော့ကြောင်း ၎င်းကရှင်းပြသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် နီးစပ်သည့် စစ်ရှောင်နေရာအချို့သို့ ကျန်းမာရေးစောင့်ရှောက်သည့်အဖွဲ့အ‌ေနေဖြင့် လုံခြုံရေးအရ မသွားရောက်နိုင်သော်လည်း ပြည်သူများက စွန့်စားပြီး အချိန်မီ လာရောက် ပြသကြကြောင်း သိရသည်။

ကလေးမြို့နယ်အတွင်းက စစ်ရှောင်များအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း (ကလေး)သည် လတ်တလောအဖြစ်များနေသည့် ရာသီတုပ်ကွေးရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများအတွက် ဆေးဝါးမလုံလောက်သည့်ကြားက ကူညီဆောင်ရွက်ပေးနေရသည်ဟု သိရသည်။
ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း (ကလေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသည်ဟုလည်း သိရသည်။
ယင်းအဖွဲ့၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ကူညီထောက်ပံ့ ပေးကြရန်လည်း ဖိတ်ခေါ်ထားသည်။

လှူဒါန်းကူညီလိုသူများအနေဖြင့်

https://www.facebook.com/peopleshealthcarenetworkkalay/

သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။

စာတည်း - ဖူးသိမ်ကျ
စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)
ဓာတ်ပုံ- People's Health Care Network Kalay

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#စစ်ဘေးရှောင်
#သွေးလွန်တုပ်ကွေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢2🔥1🤬1
​​PDF များ ထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၇ ဦးထောင်ဒဏ် ၆ လစီ အမိန့်ချ
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူအကျဉ်းထောင်မှ အကျဉ်းသား ၁၀ ဦး လက်နက်လုယူထွက်ပြေးမှု ဖြစ်ပွားပြီးနောက်တွင် ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်း ခုနစ်ဦးအား စစ်ကောင်စီမှဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်လိုက်သည်ဟု တောင်ငူထောင်နှင့်နီးစပ်သည့်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

တောင်ငူထောင်မှ အကျဉ်းသား ၁၀ ဦးထွက်ပြေးလွတ်မြောက်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သော မေလ ၁၈ ရက်နေ့ နောက်ပိုင်းမှစတင်ကာ ထောင်ပိုင်နှင့်ထောင်ဝန်ထမ်း ခြောက်ဦးအား စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၁၇ ရက်နေ့တွင်မူ တောင်ငူထောင်တွင်းတရားရုံးမှ တစ်ဦးလျင် ထောင်ဒဏ် ခြောက်လစီ အမိန့်ချမှတ်ခဲ့ကြောင်းနှင့် လက်ရှိတွင် တောင်ငူထောင်အတွင်း ချုပ်နှောင်ထားကြောင်း တောင်ငူထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်မှ ပြောသည်။

"ဘာပုဒ်မနဲ့လဲဆိုတာကိုတော့ တိတိကျကျမသိရပါဘူး။ ၁၇ ရက်နေ့ကအမိန့်ချတာပါ။ ထောင်ဝန်ထမ်းတော်တော်များများလည်း အပြောင်းအရွှေ့ရှိပါတယ်" ဟု တောင်ငူထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်မှ ပြောသည်။

ဖမ်းဆီး၍ ထောင်ဒဏ်ချမှတ်ခံရသော တောင်ငူထောင်ဝန်ထမ်းများမှာ ထောင်ပိုင် ဦးကြည်ဦး၊ ထောင်မှူး ဦးသန်းထွန်း၊ ထောင်မှူး ဦးထွန်းထွန်းဦး၊ ဒုတပ်ကြပ် သန့်ဇင်ဝင်း၊ ဒုတပ်ကြပ် ဦးတိုး၊ တပ်သားခန့်စည်သူနှင့် ဖိုးကောက်တို့ ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် တောင်ငူထောင်တွင်း ဖမ်းဆီးအကျဉ်းချခံထားရသော အကျဉ်းသား ၁၀ ဦးမှာ ထောင်တွင်းအထူးတရားရုံးသို့ ရုံးထုတ်လာစဉ် အစောင့်တပ်သားများအား တိုက်ခိုက်၍ လက်နက်လုယူထွက်ပြေးခဲ့သည်။

ထိုကဲ့သို့တိုက်ခိုက်ထွက်ပြေးမှုတွင် အကျဉ်းသား ကိုးဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး တစ်ဦးမှာမူ ကျည်ထိမှန်၍ ကျန်နေခဲ့ပြီးနောက် သေဆုံးခဲ့သည်။

ထွက်ပြေးလွတ်မြောက်လာသော အကျဉ်းသားများ၏ပစ်ခတ်မှုကြောင့် အစောင့်လိုက်ပါလာသော ထောင်တပ်ကြပ်မောင်မျိုးမှာ နေရာတွင်ပင်သေဆုံးခဲ့သည်။

ထို့နောက် ကျန်အစောင့်လိုက်ပါလာသူ နှစ်ဦးဖြစ်သည့် ဒုရဲအုပ်အေးသော်နှင့် တပ်ကြပ်ကြီး ကျော်ထွေးတို့ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ကြောခဲ့ပြီး တပ်ကြပ်ကြီးကျော်ထွေးမှာ မေလ ၂၉ ရက်နေ့က စစ်ကြောရေး၌ပင်သေဆုံးသွားကြောင်း မေလအတွင်းက မဇ္ဈိမ၏သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့ဖူးသည်။

တောင်ငူထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့သူ ကိုးဦးမှာ ကိုသန့်ဇင်၊ ကိုအောင်ကျော်ဦး၊ ကိုဗေဒါ (ခ) ဘုန်းညွန့်ဇော်၊ ကိုဇင်ကိုကိုအောင်၊ ကိုသီဟအောင်၊ ကိုငြိမ်းချမ်းအောင်၊ ကိုတိုးနိုင်ထွန်း၊ ကိုစည်သူသန်းအေးနှင့် မခင်မျိုးကြည် တို့ဖြစ်သည်။

၎င်းတို့သည် အကြမ်းဖက်မှုဥပဒေပုဒ်မများဖြစ်သော ၄၉ (က)၊ ၅၀ (က)၊ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂ (က) တို့ဖြင့်တရားစွဲဆိုခံထားရသူများဖြစ်ပြီး ၎င်းတို့အနက် သုံးဦးသည် သေဒဏ်ချမှတ်ခံထားရခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တောင်ငူအကျဉ်းထောင်
#PDF
#အကြမ်းဖက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁5👏2❤1🔥1
Media is too big
VIEW IN TELEGRAM
ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတချို့ သေဆုံးမှု AAPP သတင်းထုတ်ပြန်

Watch more detail - https://youtu.be/BqIhP7Mq55U

#PoliticalNews #reels #shorts #MizzimaTV #AAPP
😢8😁2👍1
​​ရွှေကူမြို့ ဆင်တပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံး
==================

KMN
(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင်တည်ရှိသည့် ဆင်တပ်ရွာ အနီးတွင် ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့၊ ညနေ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးကြောင်း Myo Hla PDF( မြို့လှ K-PDF) က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)မှ ဗိုလ်မှူးကိုကိုနိုင် ဦးဆောင်သည့် အင်အား ၄၀ ကျော်ပါစစ်ကြောင်း နှင့် ခမရ(၄၁၅) တပ်ရင်းမှူးထွန်းရန်နိုင် ၊ဒုတပ်ရင်းမှူး အောင်လင်းထွန်း တို့ ဦးဆောင်သော အင်အား ၆၀ ကျော်ပါ တပ်ရင်းနှစ်ရင်းသည် ဇူလိုင် ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ရွှေကူမြို့နယ် ကျောက်ကြီးရွာ မှ ရွှေပဒေသာရွာသို့ စစ်ကြောင်းထိုးခဲ့သည်။

၎င်းစစ်ကြောင်းများသည် ရွှေပဒေသာရွာ ပြည်သူများ၏ နွား နှင့် ကြက်များအား ဖမ်းဆီး သတ်ဖြတ်စားသောက်ပြီးနောက် ညနေပိုင်း ၄ နာရီခန့်တွင် ဆင်တပ်ရွာဘက်သို့ စစ်ကြောင်းဆက်ထိုးစဥ် မြို့လှ K-PDF တပ်ရင်း ကမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုကို မြို့လှ K-PDF တပ်ရင်း ဗိုလ်မိုးကြိုး ဦးစီးသော တပ်ခွဲ(၁)အဖွဲ့က ပြုလုပ်ခဲ့ပြီး မြေပြင်သတင်းအရ စစ်ကောင်စီတပ်သား ၂၅ ဦးထိခိုက်ပြီး ၁၀ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာပြင်းထန်နိုင်ကြောင်း ၎င်းအဖွဲ့ တာဝန်ရှိသူကဆိုသည်။

"စစ်ကောင်စီ အဖွဲ့က ထိခိုက်ကြဆုံးသွားတဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို ညနေပိုင်း ၆ နာရီလောက်မှာ စက်လှေတွေကို ချောဆွဲပြီး ရွှေကူဘက်ကမ်းကို အားချင်း သယ်ယူသွားတာတွေ့တယ်။
ခလရ(၅၆)တပ်ထဲကို အရေးပေါ် သယ်ယူသွားတယ်လို့လည်း သိရတယ်" ဟု မြို့လှ K-PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခလရ (၁ဝ) ခမရ (၄၁၅) တပ်ရင်းများသည် ပြီးခဲ့သည့် မေလကလည်း ရွှေကူမြို့နယ်တစ်ဖက်ကမ်း ရေလဲရွာမှ အိမ်ခြေ ၄၀ ကျော် ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ၎င်းစစ်ကြောင်းများသည် မကြာခဏ ဝင်ထွက်သွားလာနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်များသည် ပြီးခဲ့သည့် ဧပြီလအတွင်းက ရွှေကူမြို့နယ် စီသာကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာကို ၁၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ၎င်းကျေးရွာများက ပြည်သူအများစုမှာ ယခုချိန်ထိ စစ်ဘေးရှောင်နေရဆဲဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
ဓာတ်ပုံ - မြို့လှ K-PDF
(မြို့လှ K-PDF ရဲဘော်များ)

#Mizzima
#မြို့လှ K-PDF
#ဆင်တပ်ရွာတိုက်ပွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20👏4😁2❤1