Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်
===============

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ၂၁ရက် ယနေ့တွင် ဆက်လက်ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် သူရဲကောင်းအာဇာနည်များကို ဦးညွှတ်အလေးပြုခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုပြီး ကြွေးကြော်သံများ ဆက်လက် ဟစ်ကြွေးကာ ဆန္ဒပြချီတက်ပွဲကို အဆုံးသတ်ခဲ့ကြသည်။

ယနေ့ဆန္ဒပြချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ရက်ပေါင်း ၈၅၁ ဖြစ်သည်။
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်
#ဆားလင်းကြီးမြို့
#ကျေးရွာပေါင်းစုံ
#သပိတ်စစ်ကြောင်း
👍11❤6🔥2😁1
ထိုင်းဆန္ဒပြပွဲတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားများမပါဝင်ကြရန်သတိပေး | Business Round Up (21.7.2023)
=======================

-မြန်မာ့မြေရှားသတ္တု တရုတ်ဝယ်ယူမှု ပမာဏ ၉ ဆ မြင့်တက်ခဲ့

-ဗြိတိန်က  မြန်မာနိုင်ငံအတွင်း အန္တရာယ်ရှိ တိုင်းနဲ့ ပြည်နယ် ၈ ခုသို့ ခရီးသွားခွင့် ဆက်လက်တားမြစ်

-စစ်ကောင်စီက စက်သုံးဆီလုပ်ငန်းရှင်များကို အစည်းအဝေးခေါ်ယူကာ မူဝါဒအသစ် ကျင့်သုံးဖို့ ပြင်ဆင်နေ

-အာဆီယံ ဒေသတွင်း တင်ပို့မည့် ပို့ကုန်များအတွက် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ RCEP ကို သြဂုတ်လမှာ စတင်ထုတ်ပေးမည်

-ထိုင်းဆန္ဒပြပွဲတွေမှာ မြန်မာရွှေ့ပြောင်းလုပ်သားများ မပါဝင်ကြရန် သတိပေး

https://youtu.be/h7rifMeAslM
 
#BusinessRoundUp
#mizzimatv
---------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11😁3
​​စစ်ကောင်စီတပ်က ပြည်သူ ၃ ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်
====================

ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်တံခါးမြို့နယ် နံဇကျေးရွာအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးရာ နေအိမ်အတွင်းရှိနေသော ပြည်သူ သုံးဦးကိုပါ အရှင်လတ်လတ်မီးထဲ ထည့်ရှို့သွားကြောင်း သိရသည်။

ထိုသို့ မီးရှို့ရာတွင် သုံးဦးအနက် တစ်ဦးမှာထွက်ပြေးလွတ်မြောက်လာကာ နှစ်ဦးမှာ သေဆုံးသွားသည်ဟု ကျောက်တံခါးမြို့မြေပြင်ဒေသခံ၏ပြောဆိုချက်အရ သိရသည်။

နံဇကျေးရွာအား ယမန်နေ့ နံနက်အစောပိုင်း ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်က အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး နေအိမ် ခုနစ်လုံးမီးလောင်ဆုံးရှုံးခဲ့သည်။

ထို့ပြင် ရွာသား သုံးဦးကိုပါ အရှင်လတ်လတ်မီးထဲထည့်ရှို့ခဲ့သည့်အတွက် နှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ရခြင်း ဖြစ်သည်။
“နေအိမ်အတွင်းမှာ အရှင်လတ်လတ်မီးထည့်ရှို့တာပါ။ မီးရှို့ခံရတာကတော့ ရွာသား သုံးဦးပါ။ စောအောင်ဝင်းကြိုင်ဆိုတဲ့ ရွာသားကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိမှာ အရမ်းကြောက်လန့်နေတဲ့အတွက် ဖြစ်စဉ်ကို ဘာမှမေးမြန်းလို့မရသေးပါဘူး" ဟု ကျောက်တံခါးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်မှ ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသူ အသက် ၅၀ နှစ်အရွယ် စောအောင်ဝင်းကြိုင်၏ ဒဏ်ရာရရှိမှုအခြေအနေနှင့် ဖြစ်စဉ်အသေးစိတ်အား အတိအကျမသိရှိရသေးပေ။

မီးလောင်သေဆုံးသူနှစ်ဦးမှာ စောပီးလူး (အသက် ၄၀နှစ်) နှင့် စောဗိုက်ပူ (အသက် ၅၀နှစ်)တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နံဇကျေးရွာမှ ပြည်သူ ၄၈ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့်အတွက် တောင်ငူဆေးရုံသို့ပို့ဆောင်ထားရကြောင်း သိရသည်။
နံဇကျေးရွာအား မီးရှို့ဖျက်ဆီးပြီးနောက်တွင် အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းသည် နံဇရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးသည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်မှ ပြောသည်။
အဆိုပါစစ်ကောင်စီတပ်သားသေဆုံးအရေအတွက်နှင့်အတူ တိုက်ပွဲဖြစ်စဉ်အသေးစိတ်အား မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားများမှာ နံဇရွာမှဆုတ်ခွာ၍ ကျောက်တံခါးမြို့ပေါ်သို့ ပြန်လည်ရောက်ရှိသွားကြပြီဖြစ်သော်လည်း နံဇရွာမှပြည်သူများမှ ရွာသို့မပြန်ရဲကြသေးဘဲ တိမ်းရှောင်နေကြရဆဲ ဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကျောက်တံခါးမြို့နယ် နံဇကျေးရွာအုပ်စု ဗောဓိကွင်းအုပ်စုနှင့် သမင်အင်းကုန်းအုပ်စုများဘက်သို့ စစ်ကောင်စီတပ်၏ ရဟတ်ယာဉ်များဝဲပျံနေကြောင်း ကျောက်တံခါးမြို့ မြေပြင်ဒေသခံ၏ပြောဆိုချက်အရသိရသည်။

ကျောက်တံခါးမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ အတွင်းမှစတင်ကာ အင်အား ၂၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ကလည်း ကျောက်တံခါးမြို့ပေါ်တွင်အထိုင်ချထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ နံဇအုပ်စု၊ တလိုင်းခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး နေအိမ်သုံးလုံးမီးလောင်ပျက်စီး၍ အသက် ၃၅ နှစ်အရွယ် ကိုနိုင်နိုင်မိုး သေဆုံးခဲ့ရသည်။

စာတည်း- သန့်​ဇော်(သန်လျင်)
ကျောက်တံခါးမြို့နယ် နံဇကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေပုံ

#mizzima
#ကျောက်တံခါးမြို့နယ်
#မီးလောင်
#အရှင်လတ်လတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9😢5❤4👍2🔥1
​​ထိုင်းတွင် တရားမဝင် မြန်မာရွှေ့ပြောင်းသူများ တင်ဆောင်လာသောကား ယာဥ်တိုက်မှုဖြစ်ပြီး ၅ ဦး သေဆုံး
=======================

ထိုင်းနိုင်ငံ မောင်းခရိုင်တွင် ပစ်ကပ်ထရပ်ကား တစ်စီးနှင့် ခြောက်ဘီးကားတစ်စီးတို့ ယမန်နေ့ နံနက်အစောပိုင်းက တိုက်မိပြီး မြန်မာနိုင်ငံမှ တရားမဝင် အလုပ်ရှာဖွေသူဟု ယူဆရသူ လေးဦးအပါအဝင် လူ ငါးဦး သေဆုံးပြီး တစ်ဒါဇင် ထိခိုက်ဒဏ်ရာ ရသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9❤1🔥1
မြို့ပြစစ်ဆင်ရေးသည်သာ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်ကြောင်း SOF တာဝန်ခံ ပြော
👍16🔥1😁1
မြို့ပြစစ်ဆင်ရေးသည်သာ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်ကြောင်း SOF တာဝန်ခံ ပြော
=========================

ဂျူချန်း၊ YT
မဇ္ဈိမ။ ။ မြို့ပြစစ်ဆင်ရေးသည်သာ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) တာဝန်ခံက ၎င်းတို့အဖွဲ့အစည်း တည်ထောင်ခြင်းနှစ်နှစ်ပြည့်တွင် မဇ္ဈိမကိုပြောသည်။

" ၂၀၂၃ မှာ အပြောင်းအလဲတစ်ခုဖြစ်လာမယ်ဆိုတာက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆုံးအဖြတ်တစ်ခုလည်းဖြစ်မယ်။ အဆုံးသတ်အနေနဲ့လည်း ဖြစ်ရင် ဖြစ်သွားနိုင်ပါတယ်။ သေချာတာကတော့ ၂၀၂၃ နှစ်ကုန်အလွန်မှာဆိုရင် နယ်မြေစိုးမိုးရေးနဲ့ ပတ်သက်ပြီး မျှော်လင့်ထားတဲ့အတိုင်း အောင်မြင်မယ်လို့ယုံကြည်ပါတယ်။ အခုက ကျွန်တော်တို့ ပြောသလိုပဲ မြို့ပြစစ်ဆင်ရေးဟာ မဖြစ်မနေ အဆုံးသတ် အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲမျိုး ဖြစ်တဲ့အခါကျတော့ မြေပြင်ကအဖွဲ့တွေနဲ့ ချိတ်ဆက်မှုကောင်းကောင်းနဲ့ လုံခြုံရေးအရ သတိဝိရိယရှိရှိနဲ့ အရှိန်အဟုန်နဲ့ လုပ်ရင်တော့ ဒီထက်ပိုပြီးကောင်းလာမယ်" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

SOF ပြုလုပ်ခဲ့သည့် မြို့ပြစစ်ဆင်ရေးများနှင့် ကျေးလက်စစ်ဆင်ရေးများ စုစုပေါင်း ၈၇ ကြိမ်အတွင်း စစ်ကောင်စီတပ်သား ၂၆၂ ဦးသေဆုံးပြီး လက်နက်ကြီး၊ သေနတ် ၅၄ လက်နှင့် စစ်ကောင်စိထတပ်သားများထံက မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့ကားအချို့ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

" ပြည်သူ့ခုခံတော်လှန်စစ် ( D Day) စတဲ့အချိန်၊ ၂၀၂၁ စက်တင်ဘာလ ၇ ရက်နေ့ မတိုင်ခင်ကတည်းက SOF တပ်ရင်းတစ်ရင်းလုံးက ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ပဲခူး အဲ့ဒီမှာ ကျွန်တော်တို့ ဝင်ပြီးအခြေချတယ်။ အဲ့ဒီမှာ အခြေချပြီးတော့ D Day ဆိုပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရကနေ စတင်ကြေညာတဲ့အချိန်ကနေ စပြီးတော့ မြို့ပြစစ်ဆင်ရေးတွေကို ဆောင်ရွက်ခဲ့ပါတယ်" ဟု SOF တာဝန်ခံ ကိုအောင်စံရှားက မဇ္ဈိမကိုပြောသည်။

SOF သည် မြို့ပြစစ်ဆင်ရေးအား" ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေး" အစရှိသည့် စစ်ဆင်ရေးအမည်များဖြင့် လှုပ်ရှားခဲ့ပြီး အောင်မြင်မှုများစွာ ရရှိသကဲ့သို့ ရဲဘော်များ၊ ရဲဘော်မိသားစုဝင်များ မတရား အဖမ်းအဆီးခံရခြင်းများရှိကြောင်း၊ အခြားသော မြေပြင်တပ်ဖွဲ့များနှင့်လည်း ချိတ်ဆက်မှု အားနည်းခဲ့ကြောင်း SOF တာဝန်ခံက ဆိုသည်။

" မြို့ပြစစ်ဆင်ရေးတွေမှာ ကျွန်တော်တို့အနေနဲ့ အောင်မြင်မှုတွေလည်း ရခဲ့သလို ဆုံးရှုံးမှုတွေ၊ ရဲဘော်တွေ အချို့မတရားဖမ်းဆီးခံလိုက်ရတာတွေလည်းရှိတယ်။ အချို့ ရဲဘော်မိသားစုတွေလည်း မတရားဖမ်းဆီးခံရတာတွေရှိတယ်၊ အဲ့ဒီအတွက် ပိုအလုပ်လုပ်ရမှာပေါ့။ နောက်တစ်ခုက မြို့ပြစစ်ဆင်ရေး စလုပ်တဲ့အချိန်မှာက အခြားအဖွဲ့တွေရော ကျွန်တော်တို့တွေပါ မြို့ပြစစ်ဆင်ရေးမှာ အားနည်းနေသေးတယ်၊ ပူးပေါင်းဆောင်ရွက်မှုလည်း အားနည်းခဲ့တယ်ပေါ့" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မြို့ပြစစ်ဆင်ရေးများအပြင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နှင့် တပ်မဟာ (၄) နယ်မြေများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့် ကျေးလက်စစ်ဆင်ရေးများစွာကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

SOF သည် တော်လှန်ရေး​၏ မြှားဦးအနေဖြင့် စစ်ဆင်ရေးဆောင်ရွက်ချက်များကို စတင်ခဲ့ကြပြီး ဆက်လက်၍လည်း မတရားဖမ်းဆီးခံထားရသူများ၊ ကျဆုံးသွားသော အာဇာနည်ရဲဘော်များနှင့် မြန်မာတစ်နိုင်ငံလုံး​၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကို အပြည့်အဝအာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ဖြစ်ထွန်းပေါ်ပေါက်သည်အထိ တော်လှန်ရေး​၏ အမြုတေအဖြစ် ဆက်လက်တိုက်ပွဲဝင်သွားမည့်အကြောင်း အသိပေးထုတ်ပြန်ထားသည်။

SOF အား၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် အင်အား ၁၇၀ ဝန်းကျင်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့​၏ စီမံချက်အတိုင်း မြို့ပြစစ်ဆင်ရေးအနေဖြင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် မြို့ပြစစ်ဆင်ရေးများကို သတင်းထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့ကြောင်း SOF တာဝန်ခံထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#SOF
#နှစ်နှစ်ပြည့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤17👍11🔥1😁1
ဇူလိုင်လ ၂၁ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

00:57-ရွှေကူမြို့ ဆင်တပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁ဝ ဦးသေဆုံးတဲ့သတင်း

02:41-PDF များ ထွက်ပြေးမှု ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၇ ဦးထောင်ဒဏ် ၆ လစီ အမိန့်ချတဲ့သတင်း

04:48-စစ်ကောင်စီဝန်ကြီးတွေအပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့အဖွဲ့အစည်းတစ်ခုကို အီးယူ ပိတ်ဆို့ ဒဏ်ခတ်တဲ့သတင်း

09:30-ဆွီဒင်မှာ ကိုရမ်ကျမ်းကိုခြေဖြင့်နင်းပြီးဆန္ဒပြမှု ထပ်မံဖြစ်ပွားတဲ့သတင်းတွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။

https://youtu.be/rqjHEpZRBLM

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤1🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
July - 21 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
😁1🍌1
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုး၍ ဒေသခံများ တိမ်းရှောင်နေရ
🤬6😢3👍2😁2🔥1
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုး၍ ဒေသခံများ တိမ်းရှောင်နေရ
=======================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်တောင်ခြမ်းရှိ ကျေးရွာများကို ဇူလိုင်လ ၁၉ရက်နှင့် ၂၀ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံဦးရေ၁၀,၀၀၀ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကြောင်းလည်းထိုးနေသလို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဒေသခံ သေဆုံးတာတွေရှိပါတယ်” ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ကိုထူးခန့်ဇော်က ပြောသည်။
ဇူလိုင်၁၉ရက်နှင့် ၂၀ရက်တို့တွင် ရေဦးမြို့နယ် တောင်ခြမ်းရှိ ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ ပေါက်သာ၊ ဆည်ကြီး၊ ချောင်းပေါက်ကျေးရွာများနှင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးခတွင်း၊ အောင်ချမ်းသာ၊ သရက်တော၊ လက်ဆည်၊ သပြေသာ၊ နှဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ သစ်တုံ၊ ကုန်းကြီးကျေးရွာများမှ ဒေသခံ
များ ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

“ရေဦး တိုင်းရင်းဆေးရုံကနေ ၁၂၀ မမ တွေနဲ့ ပစ်ခတ်ခဲ့တာမှာ ခင်ဦးနယ်အနောက်ခြမ်းထဲက ရွာတွေထဲ ကျပြီး အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လေးဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တယ်ဗျ” ဟု ၎င်းကပြောသည်။

အခြားဒေသခံ တစ်ဦးကလည်း “ဒီပဲယင်းကျေရွာအရှေ့ခြမ်းက ကျေးရွာတွေကတော့ ရွာတွေကို ပြန်ဝင်ကုန်ကြပြီ။ ရေဦးနယ်တောင် ဘက်ခြမ်းနဲ့ ခင်ဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကတော့ လက်နက်ကြီး အန္တရာယ်ကြောက်ရသေးလို့ ခုချိန်ထိ တိမ်းရှောင်နေကြရတယ်“ ဟု ပြောသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် စစ်ကြောင်းရှင်းလင်းသွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ က လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာနိုင်သည့်အတွက် ကျေးရွာအချို့မှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ရေဦးမြို့နယ်
#ခင်ဦးမြို့နယ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬6😢3😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
နှစ်ဘက်ဗိုလ်ချုပ်တွေရဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာပြီးမကြာမီ ဆူဒန်မြို့တော်နဲ့ တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာခဲ့

#InternationalNews #reels #shorts #Mizzima
👍6🔥1👏1
​​စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားသည့် ငပုတော NLD လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းသို့ သွားရောက်အဖမ်းခံ
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ငပုတောမြို့နယ်မှ စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားသည့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးသည် ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင် ၎င်းကိုယ်တိုင် ရဲစခန်းသို့သွားရောက် အဖမ်းခံခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံက သိရသည်။

"ရဲနဲ့ တပ်တွေဘက်က အကြောင်းကြားလို့ အဖမ်းလာခံတဲ့ သက်ပိုင်စိုးကို ရဲတွေက ငပုတောသင်္ဘောဆိပ်မှာ လာခေါ်ကြတယ်။အဲ့ဒီကမှတစ်ဆင့် ငပုတောရဲစခန်းကို ခေါ်သွားပြီး အဖမ်းခံတဲ့သဘောပါ"ဟု ဆိုသည်။

ဦးသက်ပိုင်စိုးသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ငပုတောမြို့နယ်အတွင်းပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက လိုက်လံ ဖမ်းဆီးခဲ့သည့်အတွက် ရှောင်တိမ်းနေခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ လ ၂၃ ရက်နေ့တွင် ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းရွာ၌ နေထိုင်သည့် ဦးသက်ပိုင်စိုး၏ ဇနီးနှင့် ၁၀ လ အရွယ်သမီးငယ်တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ကိုးရက်ခန့်အကြာတွင် ဦးသက်ပိုင်စိုး၏ ဇနီးနှင့် သမီးတို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဦးသက်ပိုင်စိုးက စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးခဲ့သည်။
ပ
ုသိမ်ခရိုင်၊ ကျုံပျော်မြို့တွင် PDF သင်တန်းဆင်းများ အလင်းဝင်ပွဲခေါင်းစဥ်ဖြင့် စစ်ကောင်စီကပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ခံဝန်လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းကိုယ်တိုင် သွားရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

"ငပုတော ၊ ပြင်ခရိုင်နဲ့ ငရုတ်ကောင်းရဲစခန်းတွေကနေ သက်ပိုင်စိုးကို အကြမ်းဖက်ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားလို့ သူကိုယ်တိုင်သွားပြီး အဖမ်းခံတာပါ။ခံဝန်ထိုးတုန်းက ပုဒ်မတချို့ကို ဖြေလျှော့ပေးပြီး၊ အကြမ်းဖက်ပုဒ်မတွေ ကျန်လို့ ရဲတွေဘက်က ထပ်ပြီး အမှုဖွင့်တာလို့ ယူဆရတယ်။လောလောဆယ်မှာတော့ ရဲတွေဘက်က တရားစွဲဖို့ လုပ်နေပြီ"ဟု ရဲသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဦးသက်ပိုင်စိုးအား ငပုတောရဲစခန်းအချုပ်တွင် ဖမ်းဆီးထားသည်ဟု သိရပြီး ပုသိမ်ခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးရန် ပြင် ဆင်နေကြသည်ဟု ရဲသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

ဦးသက်ပိုင်စိုး ရဲစခန်းသို့သွားရောက်အဖမ်းခံသည့် ဖြစ်စဥ်နှင့် ပတ်သက်၍ "ပြည်သူနဲ့တသားတည်းရှိရမယ့် ဒီကာလမှာ အာဏာရှင်ဆီသွားပြီး အောက်ကျခံ အလင်းဝင်သွားတာတွေ၊ အဖမ်းခံတာတွေလုပ်တာတော့ မကောင်းဘူးပေါ့။ကျွန်တော်ကတော့ သူ့နိုင်ငံရေးကို သူကိုယ်တိုင်သတ်တာလို့ပဲမြင်တယ် "ဟု NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပြုသည်။
အ
ာဏာသိမ်းပြီးနောက် စစ်ကောင်စီထံ ခံဝန်လက် မှတ်ထိုးထားသည့် ဧရာဝတီတိုင်းမှ NLD လွှတ်တော်ကိုယ် စားလှယ် ၂၀ ဦးခန့်ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
စ
ာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ဧရာဝတီတိုင်း
#ပုသိမ်မြို့နယ်
#စစ်ကောင်စီ

ဓာတ်ပုံ-ဦးသက်ပိုင်စိုး ကျုံပျော်မြို့တွင် ခံဝန်လက်မှတ်ထိုးစဥ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
👍10🤮7😁4👎1