Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုး၍ ဒေသခံများ တိမ်းရှောင်နေရ
🤬6😢3👍2😁2🔥1
ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုး၍ ဒေသခံများ တိမ်းရှောင်နေရ
=======================

MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ်တောင်ခြမ်းရှိ ကျေးရွာများကို ဇူလိုင်လ ၁၉ရက်နှင့် ၂၀ရက်တို့တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံဦးရေ၁၀,၀၀၀ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

“စစ်ကြောင်းလည်းထိုးနေသလို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ဒေသခံ သေဆုံးတာတွေရှိပါတယ်” ရေဦးမြို့နယ်အခြေပြု People's Defense Comrade မှ ကိုထူးခန့်ဇော်က ပြောသည်။
ဇူလိုင်၁၉ရက်နှင့် ၂၀ရက်တို့တွင် ရေဦးမြို့နယ် တောင်ခြမ်းရှိ ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ ပေါက်သာ၊ ဆည်ကြီး၊ ချောင်းပေါက်ကျေးရွာများနှင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးခတွင်း၊ အောင်ချမ်းသာ၊ သရက်တော၊ လက်ဆည်၊ သပြေသာ၊ နှဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ သစ်တုံ၊ ကုန်းကြီးကျေးရွာများမှ ဒေသခံ
များ ထွက်ပြေးတိမ်းရှောင်ကြရခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

“ရေဦး တိုင်းရင်းဆေးရုံကနေ ၁၂၀ မမ တွေနဲ့ ပစ်ခတ်ခဲ့တာမှာ ခင်ဦးနယ်အနောက်ခြမ်းထဲက ရွာတွေထဲ ကျပြီး အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လေးဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တယ်ဗျ” ဟု ၎င်းကပြောသည်။

အခြားဒေသခံ တစ်ဦးကလည်း “ဒီပဲယင်းကျေရွာအရှေ့ခြမ်းက ကျေးရွာတွေကတော့ ရွာတွေကို ပြန်ဝင်ကုန်ကြပြီ။ ရေဦးနယ်တောင် ဘက်ခြမ်းနဲ့ ခင်ဦးနယ်အနောက်ခြမ်းက ကျေးရွာတွေကတော့ လက်နက်ကြီး အန္တရာယ်ကြောက်ရသေးလို့ ခုချိန်ထိ တိမ်းရှောင်နေကြရတယ်“ ဟု ပြောသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် စစ်ကြောင်းရှင်းလင်းသွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ က လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လာနိုင်သည့်အတွက် ကျေးရွာအချို့မှ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ရေဦးမြို့နယ်
#ခင်ဦးမြို့နယ်
#တိုက်ပွဲဖြစ်ပွား
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬6😢3😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
နှစ်ဘက်ဗိုလ်ချုပ်တွေရဲ့ ဗီဒီယိုဖိုင်တွေ ထွက်ပေါ်လာပြီးမကြာမီ ဆူဒန်မြို့တော်နဲ့ တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာခဲ့

#InternationalNews #reels #shorts #Mizzima
👍6🔥1👏1
​​စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားသည့် ငပုတော NLD လွှတ်တော်ကိုယ်စားလှယ် ရဲစခန်းသို့ သွားရောက်အဖမ်းခံ
===================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း ၊ငပုတောမြို့နယ်မှ စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးထားသည့် NLD လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်စိုးသည် ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင် ၎င်းကိုယ်တိုင် ရဲစခန်းသို့သွားရောက် အဖမ်းခံခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံက သိရသည်။

"ရဲနဲ့ တပ်တွေဘက်က အကြောင်းကြားလို့ အဖမ်းလာခံတဲ့ သက်ပိုင်စိုးကို ရဲတွေက ငပုတောသင်္ဘောဆိပ်မှာ လာခေါ်ကြတယ်။အဲ့ဒီကမှတစ်ဆင့် ငပုတောရဲစခန်းကို ခေါ်သွားပြီး အဖမ်းခံတဲ့သဘောပါ"ဟု ဆိုသည်။

ဦးသက်ပိုင်စိုးသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ငပုတောမြို့နယ်အတွင်းပြုလုပ်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက လိုက်လံ ဖမ်းဆီးခဲ့သည့်အတွက် ရှောင်တိမ်းနေခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီ လ ၂၃ ရက်နေ့တွင် ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းရွာ၌ နေထိုင်သည့် ဦးသက်ပိုင်စိုး၏ ဇနီးနှင့် ၁၀ လ အရွယ်သမီးငယ်တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ ဖမ်းဆီးသွားပြီးနောက် ကိုးရက်ခန့်အကြာတွင် ဦးသက်ပိုင်စိုး၏ ဇနီးနှင့် သမီးတို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် ဦးသက်ပိုင်စိုးက စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးခဲ့သည်။
ပ
ုသိမ်ခရိုင်၊ ကျုံပျော်မြို့တွင် PDF သင်တန်းဆင်းများ အလင်းဝင်ပွဲခေါင်းစဥ်ဖြင့် စစ်ကောင်စီကပြုလုပ်သည့် အခမ်းအနားတစ်ခု၌ ခံဝန်လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းကိုယ်တိုင် သွားရောက်အဖမ်းခံခဲ့ခြင်း ဖြစ်သည်။

"ငပုတော ၊ ပြင်ခရိုင်နဲ့ ငရုတ်ကောင်းရဲစခန်းတွေကနေ သက်ပိုင်စိုးကို အကြမ်းဖက်ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားလို့ သူကိုယ်တိုင်သွားပြီး အဖမ်းခံတာပါ။ခံဝန်ထိုးတုန်းက ပုဒ်မတချို့ကို ဖြေလျှော့ပေးပြီး၊ အကြမ်းဖက်ပုဒ်မတွေ ကျန်လို့ ရဲတွေဘက်က ထပ်ပြီး အမှုဖွင့်တာလို့ ယူဆရတယ်။လောလောဆယ်မှာတော့ ရဲတွေဘက်က တရားစွဲဖို့ လုပ်နေပြီ"ဟု ရဲသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် ဦးသက်ပိုင်စိုးအား ငပုတောရဲစခန်းအချုပ်တွင် ဖမ်းဆီးထားသည်ဟု သိရပြီး ပုသိမ်ခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးရန် ပြင် ဆင်နေကြသည်ဟု ရဲသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

ဦးသက်ပိုင်စိုး ရဲစခန်းသို့သွားရောက်အဖမ်းခံသည့် ဖြစ်စဥ်နှင့် ပတ်သက်၍ "ပြည်သူနဲ့တသားတည်းရှိရမယ့် ဒီကာလမှာ အာဏာရှင်ဆီသွားပြီး အောက်ကျခံ အလင်းဝင်သွားတာတွေ၊ အဖမ်းခံတာတွေလုပ်တာတော့ မကောင်းဘူးပေါ့။ကျွန်တော်ကတော့ သူ့နိုင်ငံရေးကို သူကိုယ်တိုင်သတ်တာလို့ပဲမြင်တယ် "ဟု NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပြုသည်။
အ
ာဏာသိမ်းပြီးနောက် စစ်ကောင်စီထံ ခံဝန်လက် မှတ်ထိုးထားသည့် ဧရာဝတီတိုင်းမှ NLD လွှတ်တော်ကိုယ် စားလှယ် ၂၀ ဦးခန့်ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
စ
ာတည်း ။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ဧရာဝတီတိုင်း
#ပုသိမ်မြို့နယ်
#စစ်ကောင်စီ

ဓာတ်ပုံ-ဦးသက်ပိုင်စိုး ကျုံပျော်မြို့တွင် ခံဝန်လက်မှတ်ထိုးစဥ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U
👍10🤮7😁4👎1
This media is not supported in your browser
VIEW IN TELEGRAM
ပြင်သစ်အဓိကရုဏ်းများအတွင်း ထောင်ဒဏ်ချမှတ်ခံရသူ ၇၀၀ ကျော်ရှိကြောင်း တရားရေးဝန်ကြီးပြော

#InternationalNews #reels #shorts #Mizzima #France
👍2🔥2👏2
အသည်းကြက်သွန်ဖြူကြော်နဲ့ ဝက်သားပြားကန်စွန်းရွက်သောက်ဆမ်း Easy Thai Cooking Show | Episode (23) Promo
===================

ဒီတစ်ပတ်မှာ ချက်ပြပေးမှာကတော့ Chef Eve ရဲ့ အသည်းကြက်သွန်ဖြူကြော် နဲ့ ဝက်သားပြားကန်စွန်းရွက်သောက်ဆမ်း ချက်ပြုတ်ပုံတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အသည်းကြက်သွန်ဖြူကြော် နဲ့ ဝက်သားပြားကန်စွန်းရွက်သောက်ဆမ်းကို ထိုင်းစတိုင်လ်ပုံစံမျိုး ဘယ်လိုချက်ပြုတ်ထားလဲဆိုတာကို အခုလာမယ့် ဇူလိုင်လ (၂၂)ရက်၊ စနေနေ့ ညနေ (၆) နာရီမှာ Mizzima + Channel ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/7Okn7wytIm4

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👏4🔥2
This media is not supported in your browser
VIEW IN TELEGRAM
ရုရှားက ယူကရိန်းဆိပ်ကမ်းတွေကို တတိယမြောက်နေ့အဖြစ် ဒုံးကျည်နဲ့ပစ်ခတ်တိုက်ခိုက်

#InternationalNews #reels #shorts #Mizzima #Ukraine #Russia
🤬4❤1😁1
ကရင်နီစစ်ရှောင် အချို့ ရာသီတုပ်ကွေး၊ ငှက်ဖျားရောဂါ နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေ
====================

KMN (မဇ္ဈိမ)။ ။ကရင်နီပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်သူအချို့ဟာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး သူတွေကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ထိုးစစ်ဆင်မှုကြောင့် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်မိသားစုတွေဟာ မိုးကာတဲငယ်လေးတွေမှာ လူဦးရေထူထပ်စွာ နေထိုင်နေကြရပါတယ်။

မိုးတွင်းကာလရောက်လာတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဟာ ရာသီတုပ်ကွေးရောဂါခံစားနေကြရပြီး ခြင်ပေါက်ဖွားမှုများလာတာကြောင့် ငှက်ဖျားရောဂါဖြစ်ပွားသူတွေ တွေ့လာရတယ်လို့ Hope - လူသားခြင်းစာနာမှုဆိုင်ရာကူညီစောင့်ရှောက်ရေးအဖွဲ့ ကျန်းမာရေး စောင့်ရှောက်ပေးသူကပြောပါတယ်။

https://youtu.be/AOv59rfkreY

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN

#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍4🔥4😁1🤬1
​​အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန် CNF တိုက်တွန်း
====================

ပါခွီး
(မဇ္စျိမ) ။ ။ အိမ်နီးချင်းနိုင်ငံများတွင်ရောက်ရှိနေသော ချင်းလူမျိုးများအနေဖြင့် ပြည်တွင်းနိုင်ငံရေးကို ပါဝင်စွက်ဖက်ခြင်းမပြုကြရန်နှင့် အနှောင့်အယှက်ဖြစ်စေသော လှုပ်ရှားမှုများမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။

CNF ၏ အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်သော သဘောထားပေါ်လစီကို ထုတ်ပြန်ခဲ့ရာ၌ ယင်းသို့ ချင်းပြည်သူများကို ဇူလိုင်လ ၁၆ရက်နေ့တွင် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် တရားမဝင်သောနည်းလမ်းဖြင့် နိုင်ငံသားအသိအမှတ်ပြုကဒ်များရယူခြင်း မပြုလုပ်ရန်နှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသောတရားမဝင်လှုပ်ရှားမှုများ မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦး ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“အခုလိုထုတ်ပြန်တာကောင်းပါတယ် ၊ ကျနော်တို့ နိုင်ငံသားတွေကလည်း ထိန်းသိမ်းဘို့လိုနေတာတွေရှိပါတယ် ၊ ကိုယ်တွေက နိုင်ငံခြားသားဖြစ်နေပြီး ဒီဖက်ကနိုင်ငံရေး ပါတီတွေကို ထောက်ခံနေတဲ့အကြောင်း လူသိရှင်ကြားပြောဆိုနေတာတွေက သူတို့ နိုင်ငံရေးတွေကြားမှာ ကြားညှပ်သွားမဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်” ဟု မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး က မဇ္စျိမ ကိုပြောသည်။
မြန်မာပြည်မှ လာသောစစ်ဘေးရှောင်များထဲတွင် ဒေသခံနိုင်ငံသား အထောက်အထားများကိုသာမက ပတ်စပို့များရယူနိုင်ရန်ကြိုးစားမှုများရှိလာနေသဖြင့် ဒေသခံများ၏ ငြိုငြင်မှုကို ခံလာရနိုင်ကြောင်း ဆိုသည်။

အထူးသဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုလုပ်ငန်းနှင့် တရားမဝင်မှောင်ခို လုပ်ငန်းများတွင် ပါဝင်ပတ်သက်ဆက်နွယ်သူများကို CNF နှင့် မဟာမိတ်များက လုံးဝ သည်းခံမည်မဟုတ်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံမှ တင်သွင်သော ဘိန်းဖြူအပါအဝင် စိတ်ကြွဆေးများမှာ မီဇိုရမ်ပြည်နယ်အတွင် ယခုလတွင် ဖမ်းဆီးမှု နှစ်ဆခန့်မြင့်တက်လာနေကြောင်း ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ဖော်ရွေစွာနေထိုင်ပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရေးအတွက် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ရန် လုပ်ဆောင်လျက်ရှိပြီး ချင်းလူမျိုး များအတွက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ဆောင်ချက်များကို လက်မခံဘဲ အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းလူမျိုးများ၏ အကျိုးစီးပွားအတွက်ဆောင်ရွက်နေသော တော်လှန်ရေးအဖွဲ့အစည်းအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ် ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေးစီရေးတို့အတွက် ရည်မှန်းချက်များမြှင့်တင်ရန်အတတ်နိုင်ဆုံးကြိုးပမ်းနေကြောင်း CNF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံရှိ မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းနှင့် နယူးဒေလီတို့တွင် မြန်မာနိုင်ငံသား ၅၀,၀၀၀ ကျော် ဝင်ရောက်ခိုလှုံနေကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ချင်းလူမျိုးများ
#CNF
#တရားဥပဒေစိုးမိုးရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ကင်ညာမှာ ဆန္ဒပြပွဲတွေဆက်လက်ဖြစ်ပွားနေပေမဲ့ ဈေးများနဲ့ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့

#InternationalNews #reels #shorts #Mizzima #Protests
👍9👏1
​​မြန်မာတွင် အကူအညီများကို ကန့်သတ်ခြင်းများ ရှိနေဆဲဟု USAID သတိပေး
======================

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဖြစ်ရသော ပျက်စီးမှုများအပါအဝင် မြန်မာနိုင်ငံ၌ ပြည်သူသန်းပေါင်းများစွာသည် လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့များ အလွန်တရာ လိုအပ်လျက် ရှိနေသည်။

ရခိုင်ပြည်နယ်၌ မိုခါမုန်တိုင်း သက်ရောက်ခဲ့ရာ ပြည်သူများသို့ အရေးကြီးသော အကူအညီ အထောက်အပံ့များ ပေးပို့မှုတွင် ဝင်ရောက်ခွင့် ကန့်သတ်ချက်များကြောင့် ကြန့်ကြာစေမှုများ ဖြစ်စေသည်ဟု အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ( USAID )ကို ကိုးကားပြီး ကမ္ဘာတစ်လွှား လူသားချင်း စာနာထောက်ထားရေး သတင်းအချက်အလက် ထုတ်ပြန်ရာ ReliefWeb က ဇူလိုင် ၁၉ ရက်တွင် ဖော်ပြသည်။

ထိုပြင် ဇန်နဝါရီ ၁ ရက်မှ မေ ၁၆ ရက်ကြား မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှု ၁၄၀ ခန့်နှင့် အခြား မတော်တဆမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအပေါ် သက်ရောက်နေပြီး များစွာသော ကျန်းမာရေးဌာနများ ပိတ်ရကာ မရှိမဖြစ် ဆေးဝါးကုသရေးအတွက် ပြည်သူများမှာ ကန့်သတ်တားဆီး ခံနေရသည်။
👍12😁1
မြန်မာနိုင်ငံသား ၄ ဦး အပါအ၀င် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေ
👍3
မြန်မာနိုင်ငံသား ၄ ဦး အပါအ၀င် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေ
=======================

ရောင်နီ
(မဇ္စျိမ)။ ။ မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့သည့် ကုန်တင်သင်္ဘောတစ်စင်းမှ မြန်မာနိုင်ငံသား လေးဦး အပါအ၀င် ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရ သိရသည်။

မလေးရှားနိုင်ငံ Kuching မြို့ ဆိပ်ကမ်း မှ Sarikei မြို့ ဆိပ်ကမ်းသို့ သွားရောက်သည့် MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘောသည် ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက Pulau Burung ပင်လယ်တွင် အဆက်အသွယ်ပြတ်တောက်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

“ မလေးက သင်္ဘောပေါ်မှာ လုပ်နေတဲ့ အသိတစ်ယောက်က လှမ်းပြောပြတာပါ။ မလေးရှားပြည်တွင်းပဲ ပြေးဆွဲတဲ့ ကုန်တင်သင်္ဘောဖြစ်ပါတယ်။ ဘာကြောင့် တိမ်းမှောက်ရတယ်ဆိုတာတော့ မသိရသေးဘူး၊ တိမ်းမှောက်တဲ့အထဲမှာ မြန်မာနိုင်ငံသား လေးဦးအပြင် မလေးနဲ့ အင်ဒိုနီးရှားလူမျိုး စုစုပေါင်း ကိုးဦးပါတယ်လို့ သိရပါတယ်။ အခုလက်ရှိအထိလည်း ရှာဖွေနေတုန်းပါပဲ” ဟု Myanmar Seaman Life At Sea မှ ကိုမျိုးကျော်အောင်က မဇ္စျိမကို ပြောသည်။

ယခု သဘော်နစ်မြုပ်မှုသည့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများ လိုက်ပါတာ၀န်ထမ်းဆောင်နေသည့် သင်္ဘောတစ်စီး ပထမဆုံးအကြိမ် နစ်မြုပ်သွားမှု ဖြစ်ကြောင်း ၎င်းက ဆိုသည်။
သင်္ဘောတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသည့် မြန်မာနိုင်ငံသားများမှာ ကိုသက်မင်းဇူလိုင်၊ ကိုရဲလင်းထက်၊ ကိုလှဝင်းထွန်းနှင့် ကိုထွန်းလင်းဦးတို့ဖြစ်သည်။

ထို့အပြင် မလေးရှားနိုင်ငံသား လေးဦးနှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးလည်း ပျောက်ဆုံးမှုတွင်ပါ၀င်နေပြီး အသက်အရွယ်အားဖြင့် ၂၀ နှစ်မှ ၅၂ အရွယ်ကြားရှိကြောင်း သိရသည်။

MV Tung Sung အမည်ရှိ မလေးရှားအလံတင်ထားသည့် ကုန်တင်သင်္ဘောတိမ်းမှောက်ကြောင်း သတင်းရရှိပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်ခဲ့ကြောင်း မလေးရှား ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီ (MMEA)က ဒေသတွင်းမီဒီယာများကို ပြောကြားထားသည်။

“ အခုလက်ရှိကတော့ မလေးရှားအစိုးရအဖွဲ့အစည်းတွေက ရှာနေတယ်လို့ ပြောတယ်ဆိုပေမယ့် သေဆုံးတယ်ဆိုတာကိုတော့ အတိအလင်း ထုတ်ပြန်ထားတာ မရှိသေးပါဘူး၊ သူတို့ရှာနေတဲ့ သတ်မှတ်အချိန်ကျော်သွားရင်တော့ တစ်ခုခုထုတ်ပြန်လာမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေပါတဲ့အတွက် အသက်ရှင်ရက် ပြန်တွေ့နိုင်ပါစေလို့ ဆုတောင်းနေပါတယ်။ “ ဟု Myanmar Seaman Life At Sea မှ ကိုမျိုးကျော်အောင်က ပြောသည်။

ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်၍လည်း သင်္ဘောတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသူများကို ပြည်နယ် မီးသတ်ဌာနနှင့် ကယ်ဆယ်ရေးဌာနများက ရှာဖွေမှု ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

သို့သော် ယနေ့ မွန်းလွဲပိုင်း (ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်)အထိ ပျောက်ဆုံးနေသူများကို ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း Sebuyau ပြည်နယ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက မီဒီယာများကို ပြောကြားထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မြန်မာနိုင်ငံသား
#မလေးရှားနိုင်ငံ
#ရေပိုင်နက်
#နစ်မြုပ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18
ခင်ဦးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ၂ ရက်အတွင်း ကလေးငယ် အပါအဝင် ၄ ဦးသေဆုံး
==================

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အသက် ခြောက်နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေဦးမြို့တောင်ခြမ်းမှာရှိတဲ့ တိုင်းရင်းဆေးရုံဝန်းအတွင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဖွဲ့ က ဇူလိုင်လ ၁၉ ရက် နဲ့ ၂၀ ရက်တွေမှာ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အခုလိုမျိုး အရပ်သားပြည်သူတွေ သေဆုံးသွားရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက မဇ္ဈိမကို ပြောပါတယ်။

https://youtu.be/VcMWeE7Ioho

သတင်း - MTO
တင်ဆက်၊တည်းဖြတ် MTO
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬8😢3👍2🔥1😁1
​​ဒေါပုံမြို့နယ် ဗကသဥက္ကဌဟောင်း ကျောင်းသားကို စစ်ကောင်စီက ထောင်ဒဏ် ၂၀ နှစ်ချမှတ်
==================

ကီရာ
(မဇ္ဈိမ)။ ။အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ရန်ကုန်တိုင်း ၊ ဒေါပုံမြို့နယ် ဗကသ ‌ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ သုံးခုဖြင့် ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ကိုဉာဏ်ဝင်းထက်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြစ်သည့် ၅၁(ဂ) ဖြင့် ထောင်ဒဏ် ရှစ်နှစ် ၊ပုဒ်မ (၃) ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသည့်အပြင်၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ငါးနှစ် ထပ်မံအမိန့်ချခဲ့ခြင်းဖြစ်သည်ဟု ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

"ဗကသကျောင်းသားတွေ အပါအဝင် နိုင်ငံတဝန်းက ပြည်သူလူထုကို မတရား အကြမ်းဖက်ဖမ်းဆီး ထောင်ချတာတွေ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ အားလုံးက ဖက်ဆစ်တပ်မှာ အပြည့်အဝ တာဝန်ရှိတယ်။ တစ်ပါတည်းပြောချင်တာက တော်လှန်ရေးသမားကို ဖမ်းဆီးထောင်ချရုံ အကြမ်းဖက်သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ ဆုံးခန်းတိုင်အောင် ဆက်ပြီးတိုက်ပွဲဝင်သွားမယ်"ဟု ဗကသများအဖွဲ့ချုပ်မှ ဗဟိုအမှုဆောင်တစ်ဦးက ပြောသည်။

အသက် ၂၂နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာဌာန၏ ဒုတိယနှစ် ကျောင်းသားတစ်ဦး ဖြစ်ပြီး ၂၀၂၂ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ဒေါပုံမြို့နယ်ရှိ ၎င်းနေအိမ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ( ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင် ကျောင်းသား ၅၀ကျော်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိ အကျဉ်းထောင်တွင် ၃၂ဦး အကျဉ်းကျနေကာ ၁၄ဦးသေဆုံးခဲ့ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ သုံးဦး နှင့် တစ်ဦး သေဒဏ်ချမှတ်ခံထားရသည်ဟု ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်က ဆက်ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ရန်ကုန်တိုင်း
#ဒေါပုံမြို့နယ်
#အင်းစိန်အကျဉ်းထောင်
#ထောင်ဒဏ်

ဓာတ်ပုံ အဖမ်းဆီးခံထားရသည့် ကိုဉာဏ်ဝင်းထက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍3😢3🥰1👏1
"မမများနဲ့ပွဲကမယ်" ဘဏ္ဍာငွေ ရှာဖွေရေးအစီအစဥ်မှ ဒေါ်လာ ၁.၉၈ သန်း လက်ခံရရှိ
👍10❤2