Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.6K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Frank Sinatra နေထိုင်ခဲ့တဲ့ စံအိမ်ကြီး | VOA On Mizzima
================

Hollywood စွယ်စုံရအနုပညာရှင်ကြီး Frank Sinatra နေထိုင်သွားခဲ့တဲ့ California ပြည်နယ်ထဲက စံအိမ်ကြီးဆီကို မစုမြတ်မွန်က ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ ခေါ်သွားပါလိမ့်မယ်။

https://youtu.be/bm6PP0FtDbs

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1
ကမ္ဘောဒီးယားရွေးကောက်ပွဲဟာ ဟွန်ဆန်ရဲ့အောင်ပွဲကလွဲပြီး ဘာမှမဖြစ်နိုင်
==============

https://youtu.be/UuNnt6S2j4s

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🥴7👍2❤1
သတင်းထဲက အင်္ဂလိပ်စာ| VOA On Mizzima
==============

ဒီတပတ်ရဲ့ သတင်းထဲကအင်္ဂလိပ်စာအစီအစဉ်မှာ သတင်းတွေထဲ ဖော်ပြပါရှိတဲ့ လွတ်လပ်ရေးနေ့နဲ့ ဆိုင်တဲ့ စကားလုံး၊ အသုံးအနှုန်းတွေကို ကောက်နှုတ်တင်ပြထားပါတယ်။ မမြသဇင်အောင်နဲ့ ကိုအောင်လွင်ဦးတို့က စီစဉ် တင်ဆက်ပေးထားပါတယ်။

https://youtu.be/8T8hsQlGQtY

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6❤2🤮1
အိန္ဒိယနဲ့ သီရိလင်္ကာကြား ကုန်းမြေဆက်သွယ်မှုတည်ဆောက်ဖို့သဘောတူ

https://youtu.be/oiaQqxob40Q

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏3
ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲမှုရှုံးနိမ့်ခဲ့တဲ့ MFP ပါတီက မိတ်ဖက်ပါတီကိုယ်စားလှယ်လောင်းကို ထောက်ခံပေးဖို့ဖြစ်လာ
=================

https://youtu.be/-vvVQtgPL6w


#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍2🔥1😁1
ဇူလိုင်လ (၂၄)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ် 
================

- ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော် တို့ ၄ ဦးကို လက်တွေ့သေဒဏ်ပေးပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၄၀ နီးပါး ထပ်တိုးလာတဲ့သတင်း

- ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်မယ့် သတင်းကြေညာပြီးနောက် မန္တလေး နိုင်ငံခြားငွေလဲလုပ်ငန်းတွေ ယာယီပိတ်ထားတဲ့သတင်း

- ယာဒိုဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ပြီး ဒေသခံတွေ အရေးပေါ်အကူအညီလိုအပ်နေ တဲ့သတင်းနဲ့ 

- ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲမှုရှုံးနိမ့်ခဲ့တဲ့ MFP ပါတီက မိတ်ဖက်ပါတီကိုယ်စားလှယ်လောင်းကို ထောက်ခံပေးဖို့ဖြစ်လာတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/P6dToSEG1jQ

#12pmnews
#Mizzimanewshour
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🤮1
လောင်းလုံးမြို့နယ်တွင် ကျေးလက်အခြေပြု အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်
=======================

ကိုရွှေမြိတ်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး ကျေးလက်အခြေပြု အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် “ကမ္ဘာမကြေဘူးသီချင်း”သီဆိုခြင်း၊ ခေတ်ကာလတလျှောက် ကျဆုံးဒီမိုကရေစီ သူရဲကောင်းများအား အလေးပြုခြင်း၊ တော်လှန်‌ရေးသစ္စာပြုခြင်းအပါအဝင် ခရီးကြမ်းအတွက် ခွန်အား ဖြစ်စေမည့် တော်လှန်ရေးဇာတ်ကားများ ပြသကြည့်ရှုခြင်း စသည့် တော်လှန်ရေးလှုပ်ရှားမှု အစီအစဉ် များ ဖြင့် လှုပ်ရှားခဲ့သည်ဟု သိရသည်။

https://youtu.be/MORWJo0Niv0

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#သပိတ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14❤4🔥1
Media is too big
VIEW IN TELEGRAM
ကမ္ဘောဒီးယားရွေးကောက်ပွဲဟာ ဟွန်ဆန်ရဲ့အောင်ပွဲကလွဲပြီး ဘာမှမဖြစ်နိုင်

#InternationalNews #reels #shorts #Cambodia #Mizzima
😁5👍2
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယနဲ့ သီရိလင်္ကာကြား ကုန်းမြေဆက်သွယ်မှုတည်ဆောက်ဖို့သဘောတူ

#InternationalNews #reels #shorts #India #Srilanka #Mizzima
👏3
Media is too big
VIEW IN TELEGRAM
ဝန်ကြီးချုပ်ရာထူးအတွက် မဲခွဲမှုရှုံးနိမ့်ခဲ့တဲ့ MFP ပါတီက မိတ်ဖက်ပါတီကိုယ်စားလှယ်လောင်းကို ထောက်ခံပေးဖို့ဖြစ်လာ

#InternationalNews #reels #shorts #Mizzima
👍9😁1
သေဒဏ်အမိန့်တွေ ဆက်ချမှတ်နေတာက ဥပဒေကို လျစ်လျူရှုနေတဲ့ သက်သေဖြစ်ကြောင်း APHR အဖွဲ့ပြော
==================

စစ်တပ်က လူအများအပြားကို သေဒဏ်အမိန့်တွေ ဆက်ပြီးချမှတ်နေတာဟာ ဥပဒေကို လျစ်လျူရှုနေတယ်ဆိုတဲ့ သက်သေတွေဖြစ်တယ်လို့ အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ APHR အဖွဲ့က ဇူလိုင် ၂၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တာဟာ မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် ဆုံးရှုံးမှုကြီးဖြစ်ပြီး တစ်နှစ်ကြာတဲ့အထိ တရားမျှတမှု မရသေးဘူးလို့ APHR ဥက္ကဋ္ဌ Mercy Barends က ပြောပါတယ်။

ဒါ့အပြင် တရားဥပဒေစိုးမိုးရေးကို ပျက်ရယ်ပြုနေတဲ့ လုပ်ရပ်တွေအတွက် မြန်မာစစ်တပ် အနေနဲ့ တာဝန်ခံရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီခုံရုံးက သေဒဏ်ချမှတ်ခဲ့တာ တစ်နှစ်ပြည့်ခါနီးအချိန်မှာ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့(APHR)က ထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

APHR က စစ်တပ်ရဲ့ ဆိုးရွားတဲ့ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICC, ICJ တို့ မှာ အရေးယူအပြစ်ပေးနိုင်အောင် ခိုင်မာတဲ့အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ အာဆီယံနဲ့ နိုင်ငံတကာကို တိုက်တွန်းတောင်းဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို စနစ်တကျ ကျူးလွန်နေဆဲဖြစ်တယ်လို့လည်း ပါရှိပါတယ်။

စစ်ကောင်စီရဲ့ လက်တွေ့‌‌‌သေဒဏ်ကျင့်သုံးမှုကြောင့် အမိန့်ချမှတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေဘက်က စိုးရိမ်မှုမြင့်တက်နေပြီး နိုင်ငံတကာကလည်း ဒီလိုလုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက် ပြစ်တင်ထားပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားခဲ့သူထဲက အကျဉ်းထောင်တွေမှာ အကျဉ်းချခံရပြီး သေဒဏ်အမိန့်ချမှတ်ခံထားရသူ ၁၁၅ ယောက်ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်အရ သိရပါတယ်။

သေဒဏ်အမိန့်ချခံရသူတွေဟာ အသက် ၁၉ နှစ်ကနေ ၅၀ အရွယ်ကြားရှိသူတွေဖြစ်ပြီး အဲဒီထဲမှာ အမျိုးသားအရေအတွက်က အယောက် ၁၀၀ နဲ့အများဆုံးဖြစ်ပါတယ်။

သေဒဏ်အမိန့်ချခံထားရတဲ့ အမျိုးသမီး ၁၅ ဦးလည်းရှိပါတယ်။
အဲဒီထဲက အယောက် ၉၀ ဝန်းကျင်ဟာ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ဒုတိယအများစုကတော့ မန္တလေးအကျဉ်းထောင်ထဲမှာဖြစ်ပါတယ်။

ကိုဂျင်မီတို့ လေးဦးကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၄ ရက်နေ့မှာမှ ပြစ်ဒဏ်စီရင်ပြီးကြောင်း သတင်းစာတွေကနေ ကြေညာခဲ့တာဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူတွေကို စစ်ကောင်စီက အခုလို သေဒဏ်အမိန့်တွေချမှတ်နေသလို သေဒဏ်စီရင်တာကိုလည်း တကျော့ပြန် ပြန်လည်ကျင့်သုံးလာတာဖြစ်ပါတယ်။

ဒီကနေ့ဟာ အဲဒီအမျိုးသား ၄ ဦး သေဒဏ်ပေးခံခဲ့ရတာ တစ်နှစ်ပြည့်တဲ့နေ့လည်းဖြစ်ပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ် စီရင်တာ အကျည်းထောင် လက်စွဲဥပဒေအတိုင်း လုပ်တာဖြစ်ပြီး တရားဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်တာမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

https://youtu.be/kKJiE-fB8u0

#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍14🤣3🔥1
သရက်ချောင်းမြို့တွင် ကျဆုံးသူရဲကောင်းများအတွက် လှုပ်ရှားမှုပြုလုပ်
====================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းက “သူရဲကောင်းတို့သွေး ဘယ်တော့မှမခန်းခြောက်ဘူးဟေ့” ခေါင်းစဉ်ဖြင့် ကျဆုံးသူရဲကောင်းလေးဦး အတွက် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဂျင်မီအပါအဝင်ရဲဘော်လေးဦးအား စစ်ကောင်စီမှကြိုးပေးကွပ်မျက်သည့်နေ့တွင် ဒီမိုကရေစီ သူရဲကောင်းများကို ဂုဏ်ပြုသောအနေဖြင့် သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဟုဆိုသည်။

#တနင်္သာရီတိုင်း
#သရက်ချောင်းမြို့နယ်
#ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ

Website Link - http://www.mizzimaburmese.com/article/131195

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17🔥2