အင်ဒိုနီးရှားတွင် စက်လှေ နစ်မြုပ်၍ လူ ၁၅ ဦး သေဆုံးပြီး ၁၉ ဦး ပျောက်ဆုံးနေ
=========================
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း ကမ်းခြေ၏ မလှမ်းမကမ်း ပင်လယ်ပြင်တွင် သစ်သားစက်လှေတစ်စင်း နစ်မြုပ်ပြီးနောက် လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး အခြား ၁၉ ဦး ပျောက်ဆုံးနေကြောင်း ရှာဖွေကယ်ဆယ်ရေးတာဝန်ရှိသူများက ဇူလိုင် ၂၄ ရက်တွင် ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6😢2
This media is not supported in your browser
VIEW IN TELEGRAM
ဗေဒင်ဆရာ လင်းညို့တာရာကို ဇူလိုင် ၁၅ ရက်နေ့မှာ ထပ်မံဖမ်းဆီးခဲ့တယ်လို့ မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်း စာတွေက သတင်းအမှား ဖြန့်ဝေထားပါတယ်။
သတင်းအပြည့်အစုံဖတ်ရန် https://www.mizzimaburmese.com/article/131090
#Misinformation_Buster #Fake_News #Shorts #Reels #လင်းညို့တာရာ #ဗေဒင်ဆရာ #မြန်မာ့အလင်း #ကြေးမုံ

👍8👏2😁2🤬1
ဇူလိုင်လ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================
01:00 - မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေတဲ့ သတင်း
03:36 - ကျောက်တံခါးမှာ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာကထုတ်ပြန်တဲ့သတင်း
05:35 - သေဒဏ်အမိန့်တွေ ဆက်ချမှတ်နေတာက ဥပဒေကို လျစ်လျူရှုနေတဲ့ သက်သေဖြစ်ကြောင်း APHR အဖွဲ့ပြောတဲ့သတင်းနဲ့
10:12 - အိန္ဒိယနဲ့ သီရိလင်္ကာကြား ကုန်းမြေဆက်သွယ်မှုတည်ဆောက်ဖို့သဘောတူတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/mOr4XTxXm80
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=======================
01:00 - မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေတဲ့ သတင်း
03:36 - ကျောက်တံခါးမှာ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာကထုတ်ပြန်တဲ့သတင်း
05:35 - သေဒဏ်အမိန့်တွေ ဆက်ချမှတ်နေတာက ဥပဒေကို လျစ်လျူရှုနေတဲ့ သက်သေဖြစ်ကြောင်း APHR အဖွဲ့ပြောတဲ့သတင်းနဲ့
10:12 - အိန္ဒိယနဲ့ သီရိလင်္ကာကြား ကုန်းမြေဆက်သွယ်မှုတည်ဆောက်ဖို့သဘောတူတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/mOr4XTxXm80
#4pmnews
#Mizzimanewshour
#mizzimatv
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
ဇူလိုင်လ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:00 - မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေတဲ့ သတင်း
03:36 - ကျောက်တံခါးမှာ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာကထုတ်ပြန်တဲ့သတင်း
05:35 - သေဒဏ်အမိန့်တွေ ဆက်ချမှတ်နေတာက…

👍10
ဇူလိုင်လနောက်ဆုံးပတ်တွင် မွန်ပြည်နယ်အပါအဝင် နေရာအချို့၌ မိုးကြီးနိုင်၍ ရေဘေးအန္တရာယ် သတိပြုကြရန် NUG-MOHADM ထုတ်ပြန်
👍12

=================
ရွှေနွယ်
(မဇ္ဈိမ)။ ။ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဇူလိုင်လနောက်ဆုံးပတ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်လာနိုင်ပြီး မုတ်သုံလေအားကောင်းလာနိုင်သောကြောင့် မွန်ပြည်နယ်အပါအဝင် မြန်မာ့ကမ်းရိုး တန်းဒေသများနှင့် ကုန်းတွင်းဒေသများ၌ မိုးပိုမိုရွာသွန်းကာ နေရာကွက်၍မိုးကြီးနိုင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန(MOHADM) က ထုတ်ပြန်သည်။
ဇူလိုင်လ ၂၄ ရက်နေ့မှ ဇူလိုင် ၃၀ ရက်နေ့အထိ သီတင်းပတ်အတွက် မိုးလေဝသအခြေအနေကို NUG-MOHADM က ယမန်နေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်အသိပေးထားခြင်းဖြစ်ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် ရေဘေးအန္တရာယ်သတိပေးချက်ကိုပါ ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပိုမို အားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိလာကာ အိန္ဒိယနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားနိုင် သည်ဟု NUG-MOHADM မှခန့်မှန်းထားသော်လည်း အဆိုပါ မုတ်သုံမုန်တိုင်းငယ်၏အရှိန်ကြောင့် မွန် ပြည်နယ်၊ တနင်္သာရီတိုင်းတို့အပြင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်လာနိုင်သည်ဟု သတိပေးထားသည်။
အဆိုပါ မိုးသည်းထန်မှု၏နောက်ဆက်တွဲအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်အရှေ့ပိုင်း၊ မွန် ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့ရွာများတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးအန္တရာယ်များကို အထူးသတိထားပြင်ဆင်နေထိုင်ကြရန် သတိပေးထားသည်။
ပြီးခဲ့သည့် သတင်းပတ်အတွင်းကလည်း ဇူလိုင်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၂၁ ရက်နေ့အထိ မွန်ပြည်နယ် အတွင်းရှိ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး စသည့် မြို့များတွင် မိုးသည်း ထန်မှုကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် လေဦးရေနစ်သေဆုံးခဲ့ကာ လမ်းတံတားပြိုခြင်း၊ အုတ်တံတိုင်းပြိုခြင်းနှင့် မြေသားနံရံပြိုခြင်းများဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။
“ကျွန်တော်တို့က ရေနားမှာပဲနေတဲ့သူတွေဖြစ်တော့ ကျွန်တော်တို့မြို့မှာ ရေကြီးတာက ထူးဆန်းတဲ့ကိစ္စ တော့ မဟုတ်ဘူး။ ရက်ပိုင်းလောက်ရေကြီးတာကတော့ ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးတော့ ကလေးတွေရေနစ်သေဆုံးခဲ့ရတာဟာ ပေါ့ဆတာကြောင့် အများကြီးပါတယ်။ ဆိုတော့ ရေ ကြီးလာချိန်မှာ ဖြစ်လေ့ရှိတာပဲဆိုပြီး မပေါ့ဆဖို့တော့လိုပါတယ်” ဟု မော်လမြိုင်မြို့ခံတဦးကပြောသည်။
စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း မွန်ပြည်နယ်၊ ကရင် ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် လာမည့်နှစ်ရက်အတွင်း မိုးကြီးနိုင်ကြောင်း ယနေ့ ဇူလိုင်လ ၂၄ ရက် နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မိုးကြီး
#ရေဘေးအန္တရာယ်
#လေဖိအားနည်းရပ်ဝန်း
#မုန်တိုင်းငယ်

👍13
Media is too big
VIEW IN TELEGRAM
နှစ်သောင်းကျပ်တန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ စစ်ကောင်စီကြေညာပြီးနောက် ဒေါ်လာနဲ့ ရွှေဈေး မြင့်တက်
Watch more detail - https://youtu.be/_SyeNKb3SD8
#PoliticalNews #reels #shorts #MizzimaTV

👍8
ချင်းတွင်းမြစ်အတွင်း ရိက္ခာပို့လာသည့်စစ်ကောင်စီရေယာဉ် တိုက်ခိုက်ခံရ
===============
ပါခွီး
(မဇ္စျိမ)။ ။ချင်းတွင်းမြစ်အတိုင်းဆန်တက်လာသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)သို့ ရိက္ခာ ဖြည့်တင်းရန်လာသော စစ်ကောင်စီ၏ရေယာဉ်နှစ်စီးကို ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group တာဝန်ခံထံမှ သိရသည်။
နမခသို့ လက်နက်ခဲယမ်း၊ ရိက္ခာနှင့် ဆီများတင်ဆောင်လာသော ရေယာဉ်နှစ်စီးကို ချင်းတွင်းမြစ်ကြောင်း တနေရာတွင် ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရှေ့ထွက်မိုင်း ၁၀ လုံးဖြင့် တိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။
“ကျနော်တို့ ပစ်ခတ်မှုအတွင်းမှာ မော်တော်ကို ထိမှန်တာရှိတယ်။ စစ်ကောင်စီတပ်သား သုံးယောက်သေ ပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်” ဟု Chindwin Fighter Group တာဝန်ခံငှက်ခါးက မဇ္စျိမသို့ ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း ဆိုသည်။
စစ်ကောင်စီတပ်သားများ၏ သေဆုံး၊ ဒဏ်ရာရှိမှုနှင့်ပတ်သက်၍ မဇ္စျိမအနေဖြင့် ဒေသခံများထံမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း (၁၀) Farmers Revolution Force- 3 တပ်ခွဲ (၂) Chindwin Fighter Group (CFG) နှင့် မဟာမိတ်ညီနောင်ဖြစ်သော ဗန္ဓုလနှင့် အဖွဲ့သားများနှင့် ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီရေယာဉ်များသည် ဆန်တက်ရာလမ်းတလျောက်ရှိ မြစ်ကမ်းဘေးမှ ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိဒေသခံများ တိမ်း ရှောင်ခဲ့ရကြောင်းသိရသည်။
ယမန်နေ့က မုံရွာမြို့တွင်ရပ်နားခဲ့သည့် ရိက္ခာနှင့် လက်နက်ခဲယမ်းများတင်ဆောင်လာသော စစ်ရေယာဉ် မှာ ဇူလိုင်လ ၂၄ ရက် ယနေ့တွင် မုံရွာမြို့မှ အထက်သို့ ဆန်တက် လျက်ရှိကြောင်း သိရှိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မုံရွာမြို့
#ရေယာဉ်
#ချင်းတွင်းမြစ်
#ရိက်ခာ
ဓါတ်ပုံ (အညာပစ်တိုင်ထောင်လေးများ )

👍17👏4❤2
Media is too big
VIEW IN TELEGRAM
မုဒုံ-သံဖြူဇရပ်လမ်းပိုင်းမှာ ရေကြီးပြီး ကားလမ်းပိတ်နေတဲ့အချိန်မှာ PDFတွေက ခရီးသည်တွေကို ဓားပြတိုက်တယ်ဆိုတဲ့သတင်းမှား ပျံ့နေပါတယ်။
သတင်းအပြည့်အစုံဖတ်ရန်
https://www.mizzimaburmese.com/article/131037
#Misinformation_Buster #Fake_News #Shorts #Reels #PDF #ရေကြီး #ဓါးပြတိုက်

👍6
This media is not supported in your browser
VIEW IN TELEGRAM
ဇူလိုင်လ (၂၄)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
July - 24 [4 Pm] Mizzima News Hour
Mizzima Headline News
#4pmnews #mizzimanewshour #reels #shorts

👍5😁2
Media is too big
VIEW IN TELEGRAM
မြန်မာနိုင်ငံက ရာဇဝတ်မှုအထူပြောဆုံးနိုင်ငံအဖြစ် တတိယနေရာမှာရှိနေ
Watch more detail - https://youtu.be/z91gQRWX048
#PoliticalNews #reels #shorts #MizzimaTV
Watch more detail - https://youtu.be/z91gQRWX048
#PoliticalNews #reels #shorts #MizzimaTV
👍11🔥1
နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်ဖွင့်လှစ် | Business Roundup (24.7.2023)
=====================
- နှစ်သောင်းတန်ငွေစက္ကူကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု စစ်ကောင်စီ ဗဟိုဘဏ်ပြော
- နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်ဖွင့်လှစ်
- အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းသူများ မှတ်ပုံမတင်ပါက အရေးယူမယ်လို့ စစ်ကောင်စီပြော
- မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးခွင့် ဆင်ဆာတင်ရမယ်လို့ စစ်ကောင်စီထုတ်ပြန်
- အိန္ဒိယအစိုးရက မြန်မာနိုင်ငံကိုဖြတ်ကျော်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကို လျှပ်စစ်ရောင်းချဖို့ စိတ်ဝင်စားနေ
https://youtu.be/3bKYlT84UFw
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

00:12 နှစ်သောင်းတန်ငွေစက္ကူကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု စစ်ကောင်စီ ဗဟိုဘဏ်ပြော
03:14 နွေဦးဖွံ့ဖြိုးရေးဘဏ် စတင်ဖွင့်လှစ်
05:20 အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းသူများ မှတ်ပုံမတင်ပါက အရေးယူမယ်လို့ စစ်ကောင်စီပြော
07:53 မြန်မာရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးခွင့်…

❤9👍6
“သူရဲကောင်းတို့မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” ဟူသည့် ကျေးရွာပေါင်းစုံသပိတ်
========================
ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာများစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၂၄ ရက် ယနေ့တွင် “သူရဲကောင်းတို့မျှော်ရည်ချက် ပြည်သူ့အားနဲ့ ဆက်ချီတက်” ဟူသည် စာတမ်းကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲများအတွင်းကျဆုံးခဲ့သည့် အာဇာ နည်များ၏ မျှော်လင့်ချက်များ၊ တောင့်တချက်များကို ပြည်သူများအနေဖြင့် ၎င်းတို့ကိုယ်စား စုစည်း တော်လှန်တိုက်ပွဲဝင်ပေးကြပါရန် တောင်းဆိုသည့်အနေဖြင့် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ယင်းမာပင်နှင့် ဆာလင်းကြီးမြို့နယ်များအတွင်း ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် သပိတ်စစ် ကြောင်း၏ (၈၅၄) ရက်နေ့မြောက်ဖြစ်ကြောင်းသိရသည်။
#ကျေးရွာပေါင်းစုံသပိတ်
#သူရဲကောင်း
#ဆန္ဒပြ
Website Link - http://www.mizzimaburmese.com/article/131213

❤14👍5
ပုလဲ ကန့်ဒေါင့်ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်
==================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ကန့်ဒေါင့်ရဲစခန်းကို ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးကိုးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် Cross က ပြောသည်။
“ ဘန်ကာထဲကို ငါးလုံးချတယ်။နောက်ပြီး ဘန်ကာဘေးက သူတို့ နားနေဆောင်တွေပေါ်ကို လေးလုံးကြဲချခဲ့တယ်။ရဲသုံးဦးထိတယ်လို့ သိရတယ်” ဟု၎င်းက ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ Jammer များကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ဒရုန်းနှစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ကန့်ဒေါင့်ရဲစခန်းတွင် ရဲနှင့်ပျူစောထီး ပူးပေါင်းအင်အား ၃၀ ခန့် ရှိပြီး ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် ခရီးသွားပြည်သူများအား စစ်ဆေးမှုများပြုလုပ်ခြင်း၊ မတရားငွေတောင်းခံခြင်းများ ပြုလုပ်လေ့ ရှိ ကြောင်း ဗိုလ်Crossက ဆိုသည်။
ယခုတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ် Drone တပ်ဖွဲ့၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တပ်ခွဲ (၂)၊ ပုလဲနယ်မြေခံတပ်ဖွဲ့ နှင့် Earthquake People's Defense Force တို့ ပူး ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ပုလဲမြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းရှိနေပြီး ဒေသခံပြည်သူများစစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ပုလဲမြို့နယ်
#ကန့်ဒေါင့်ရဲစခန်း
#မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==================
MTO
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ကန့်ဒေါင့်ရဲစခန်းကို ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးကိုးလုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် Cross က ပြောသည်။
“ ဘန်ကာထဲကို ငါးလုံးချတယ်။နောက်ပြီး ဘန်ကာဘေးက သူတို့ နားနေဆောင်တွေပေါ်ကို လေးလုံးကြဲချခဲ့တယ်။ရဲသုံးဦးထိတယ်လို့ သိရတယ်” ဟု၎င်းက ပြောသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ Jammer များကြောင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ဒရုန်းနှစ်စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
ကန့်ဒေါင့်ရဲစခန်းတွင် ရဲနှင့်ပျူစောထီး ပူးပေါင်းအင်အား ၃၀ ခန့် ရှိပြီး ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် ခရီးသွားပြည်သူများအား စစ်ဆေးမှုများပြုလုပ်ခြင်း၊ မတရားငွေတောင်းခံခြင်းများ ပြုလုပ်လေ့ ရှိ ကြောင်း ဗိုလ်Crossက ဆိုသည်။
ယခုတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ် Drone တပ်ဖွဲ့၊ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တပ်ခွဲ (၂)၊ ပုလဲနယ်မြေခံတပ်ဖွဲ့ နှင့် Earthquake People's Defense Force တို့ ပူး ပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လတ်တလောတွင် ပုလဲမြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းရှိနေပြီး ဒေသခံပြည်သူများစစ်ရေးသတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
စာတည်း - မောင်ကြီး
#mizzima
#ပုလဲမြို့နယ်
#ကန့်ဒေါင့်ရဲစခန်း
#မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏11👍8
သရက်ချောင်းမြို့နယ် ရငဲရွာခံ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးရိုက်နှက်
======================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ရငဲကျေးရွာမှ လယ်သမားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးရိုက်နှက်ခံရသူများမှာ ဦးသန်းလှ၊ ဦးကျော်ဝင်း၊ ကိုဇေယျာဦးနှင့် ကိုမဲကျော်တို့ဖြစ်ပြီး ၎င်းတို့ကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင်ဖမ်းဆီးကာ စစ်ကောင်စီတပ်စွဲထားသော မြွေတောင်ပေါ်သို့ ခေါ် ဆောင်ရိုက်နှက်ခဲ့ခြင်းဟုဆိုသည်။
“တောင်ပေါ်မှာ စစ်သားတွေတပ်စွဲထားလို့ ဒေသခံတွေရွာမှာ မနေတာကြာပြီ။ အလုပ်ကိုင်ကမရှိတော့ စားရေးသောက်ရေး အရမ်းအခက်ခဲဖြစ်နေလို့ အလုပ်ရှာဖို့ဆင်းသွားချိန် ဖမ်းဆီးခံလိုက်ရတာ” ဟု ရငဲရွာခံတဦးကပြောသည်။
အဆိုပါအမျိုးသားလေးဦးကို ညနေပိုင်း၌ပြန်လည်လွှတ်ပေးခဲ့သော်လည်း အသက် ၅၀ အရွယ် ဦးကျော် ဝင်းသည် ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဆိုသည်။
ရငဲကျေးရွာတွင် စစ်ကောင်စီတပ်မှ တပ်စွဲထားသည်မှာ နှစ်လနီးပါးရှိနေပြီး လက်ရှိအချိန်အထိ ဒေသခံ များရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ကာယကံရှင်များက ပြောသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ရငဲရွာခံအများစုသည် ဥယျာဉ်ခြံလုပ်ငန်းများဖြစ်သော ရော်ဘာနှင့် ကွမ်း သီးခြံလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်းလည်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#သရက်ချောင်း
#ရငဲရွာ
#ဖမ်းဆီး
#ထားဝယ်ခရိုင်

🤬11🔥1
စစ်ကောင်စီလက်ထက်မှာ မြန်မာပြည်သူတွေဒုက္ခ ဒီထက်ပိုပြီးဆိုးစရာမရှိ | သတင်းသုံးသပ်ချက်
=======================
စစ်ကောင်စီရဲ့ ကျပ်ငွေ ၂၀၀၀၀ တန်ငွေစက္ကူကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့ကနေစပြီး ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် စီးပွားရေးလောကမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသလို၊ ပြည်သူတွေအကြားမှာလည်း မြန်မာ့ငွေကြေး ဖောင်းပွမှုအတွက် စိုးရိမ်မှုတွေ ဖြစ်နေပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌက ဘုရားဒကာအဖြစ်လှူဒါန်းထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ဆောက်ပြီးစီးမှု အထိန်းအမှတ် အနေနဲ့ရော မနှစ် ဇူလိုင် ၂၃ ရက်နေ့က တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒက ရဲ့ တစ်နှစ်ပြည့် အထိန်းအမှတ် အနေနဲ့ပါ ဒီငွေစက္ကူအသစ်တွေကို ထုတ်ဝေတာလို့ ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ ၂၀၀၀၀ တန် ငွေစက္ကူကို အထိန်းအမှတ်အတွက် အကန့်အသတ်နဲ့သာ ထုတ်ဝေမှာ ဖြစ်တဲ့အတွက် ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ ၂၀၀၀၀ တန် ထုတ်ဝေမယ်ဆိုတဲ့ သတင်း ကြေညာပြီးချိန်မှာ နိုင်ငံခြားငွေ လဲလှည်တဲ့ နေရာတွေ ပိတ်သွားပြီး ရွှေဆိုင်တွေမှာလည်း ရောင်းသမျှရွှေကိုသာ ဝယ်ပြီး အရောင်းပိတ်လိုက်တာမျိုးတွေ လုပ်လာကြတယ်လို့ သတင်းတွေက ဆိုပါတယ်။
ပြည်ပကြွေးမြီတွေများတာ၊ ပြည်တွင်းမှာ သုံးစရာပြတ်လပ်သွားတာမျိုးတွေ ဖြစ်တဲ့နိုင်ငံတွေဟာ အခုလို ငွေစက္ကူသစ်တွေထုတ်တာ၊ ငွေစက္ကူအများအပြား ရိုက်နှိပ်ထုတ်ဝေတာတွေ လုပ်လေ့ရှိတယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။
မတည်ငြိမ်တဲ့ နိုင်ငံတွေမှာ ပြည်သူတွေဟာ ဘဏ်တွေကို အယုံအကြည်မရှိကြတော့ဘဲ ငွေကြေး စုဆောင်းမှုတွေ မလုပ်ကြတော့တဲ့အတွက် အစိုးရမှာ ငွေကြေးသုံးစွဲဖို့ အခက်အခဲဖြစ်စေပါတယ်။
အစိုးရလခစားဝန်ထမ်းတွေကို လစာပေးဖို့ကအစ ငွေလိုလာတဲ့အတွက် စစ်ကောင်စီမှာ ငွေလိုလာတာကြောင့် ငွေစက္ကူအသစ်တွေကို ရိုက်နှိပ်ထုတ်ဝေလာတာလို့ ခန့်မှန်းရပါတယ်။
စစ်ကောင်စီလက်ထက် ၂ နှစ်ခွဲကာလမှာ မြန်မာပြည်ဟာ ငွေကြေးဖောင်းပွမှုနှုန်း အဆမတန် မြင့်တက်လာတာ တွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက ၁၃၀၀ ဝန်းကျင်မှာပဲ ရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာ ပြင်ပပေါက်ဈေး ၃၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေ လဲနှုန်းတွေလည်း အဆမတန် မြင့်တက်ခဲ့တဲ့အတွက် မြန်မာငွေဈေး ထိုးကျတာဟာ သိသိသာသာ မြင်နေရပါတယ်။
အဲဒီလို ပြည်ပငွေလဲနှုန်းတွေ မြင့်တက်သွားတဲ့အတွက် ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ ဝင်ငွေတွေဟာ သိသိသာသာ လျော့ကျသွားပြီး ထွက်ငွေက မြင့်တက်သွားပါတယ်။ အရင် ဒေါ်လာဈေး ၁၀၀၀ ခေတ်မှာ လစာငွေ ကျပ်တစ်သိန်းရတဲ့သူက အခုအချိန်မှာ လစာ ၃၅၀၀၀ လောက်ပဲ ရသလို ဖြစ်သွားတာပါ။
ဒါ့အပြင် မြန်မာပြည်မှာ ပြည်ပပို့ကုန်က နည်းနည်းပဲရှိပြီး ကုန်ပစ္စည်းတိုင်းနီးပါးကို ပြည်ပကမှာယူ တင်သွင်းနေရတဲ့အတွက် ဒေါ်လာဈေးတက်တာနဲ့အမျှ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးတွေက ပိုမြင့်လာတာ ဖြစ်ပါတယ်။
ပြည်တွင်းထုတ်ကုန်တွေဟာလည်း စက်သုံးဆီဈေးမြင့်တက်လို့ သယ်ယူပို့ဆောင်စားရိတ်တွေ မြင့်တက်တာကြောင့် ဈေးတက်တာပါပဲ။ ဆန်ကြမ်းတစ်ပြည်ကိုတောင် ၄၀၀၀ လောက် ပေးဝယ်စားနေရတာ ဖြစ်ပါတယ်။
ငွေကြေးချမ်းသာသူတွေကလည်း စစ်ကောင်စီလက်ထက်မှာ မြန်မာကျပ်ငွေကို အယုံအကြည် မရှိတော့တဲ့ အတွက် ဘဏ်တွေမှာ ငွေမအပ်တော့ဘဲ မြေဝယ်တာ၊ ရွှေဝယ်စုဆောင်းတာတွေ လုပ်လာကြတဲ့အတွက် ရွှေဈေး၊ မြေဈေးတွေ အဆမတန် ထိုးတက်နေပြီ ဖြစ်ပါတယ်။
ဒါတွေဟာ စစ်ကောင်စီ ကျပ် ၂၀၀၀၀ တန်ငွေစက္ကူ ထုတ်ဝေမယ်လို့ မကြေညာခင်ကတည်းက ဖြစ်နေတဲ့ အနေအထားပါ။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ငွေကျပ် ၂၀၀၀၀ တန် ထုတ်တာဟာ ငွေကြေးဖောင်းပွမှုကို စိုးရိမ်စရာ မလိုဘူးလို့ ဆိုပေမယ့် ၂၀၀၀၀ တန်ပဲထုတ်ထုတ် ၁၀၀၀၀ တန်၊ ၅၀၀၀ တန် အသစ်တွေပဲ ထပ်ထုတ်ထုတ် မြန်မာပြည်မှာ ငွေကြေးဖောင်းပွမှုက စစ်ကောင်စီလက်ထက်မှာ တရိပ်ရိပ် မြင့်တက်နေတယ်ဆိုတာ သိသာထင်ရှား နေပါတယ်။
စစ်ကောင်စီ အနေနဲ့လည်း ဒေါ်လာငွေ လိုအပ်ချက်များနေတဲ့အနေအထားမှာ စင်ကာပူက ဘဏ် ၂ ခုမှာ ဒေါ်လာ ၅ သန်းကျော် ပိတ်မိနေတဲ့အကျပ် ဆိုက်နေပါပြီ။ ဝန်ထမ်းလစာပေးတာလို ပြည်တွင်း သုံးစွဲဖို့ ငွေကြေးကိုတောင် အသစ်ရိုက်နှိပ်ထုတ်ဝေနေရတာလည်း မြင်သာနေပါတယ်။
စစ်ကောင်စီလက်ထက်မှာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခဟာ ဒီထက်ပိုပြီး ဆိုးစရာမရှိတော့ပါဘူး။ ပြည်သူတွေ အနေနဲ့ အကျပ်ရိုက်နေတဲ့ စစ်ကောင်စီအမြစ်ပြတ်တဲ့အထိ ဆက်လက်တောင့်ခံထားနိုင်ဖို့သာ လိုကြောင်း ဖော်ပြလိုက်ပါတယ်။

👍24🔥3❤2
ထိုင်ဝမ် ဒုသမ္မတ၏ အမေရိကန်ခရီးစဉ်ကို အလေးထားတားဆီးမည်ဟု တရုတ်အစိုးရ ပြောကြား
==================
ထိုင်ဝမ်ကို မိမိ၏ပိုင်နက်နယ်မြေအဖြစ် သဘောထားသည့် တရုတ်နိုင်ငံသည် အချုပ်အခြာအာဏာ ပိုင်ဆိုင်ကြောင်း ၎င်း၏တောင်းဆိုမှုကို လက်ခံရန် ဖိအားပေး ကြိုးပမ်းသည့်အနေဖြင့် လွန်ခဲ့သည့် ၃ နှစ်အတွင်း စစ်ရေးနှင့် နိုင်ငံရေးဖိအားများ တိုးမြှင့်လာခဲ့သည်။ အဆိုပါ တောင်းဆိုချက်ကို ထိုင်ဝမ်အစိုးရက ပြတ်ပြတ်သားသား ပယ်ချထားသည်။

👍10😁4🔥2👏1