Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
၈၆၀ ရက်မြောက်အဖြစ် ကျေးရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
=====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ် ကော်မတီက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ ၃၀ ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။

ယနေ့ချီတက်ပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၆၀ ရက် မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်များကိုအလေးပြုခဲ့ကြကာ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြောင်းသိရ သည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤24🔥1😁1
​​ချင်းတွင်းမြစ် ဆန်တက်လာသည့် စစ်ရေယာဉ်တန်း မြစ်နံဘေးကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၊ ၅ ဦး ဒဏ်ရာရ
=========================

MTO
ချင်းတွင်းမြစ်ကို ဆန်တက်လာသည့် စစ်ကောင်စီ စစ်ရေယာဉ်တန်းသည် ဆားလင်းကြီးမြို့နယ် မြစ်ကမ်းနံဘေးရှိ ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရွေကုန်းရွာ ဒေသခံ နှစ်ဦးနှင့် ဒေသကာကွယ်ရေးရဲဘော် သုံးဦးထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ထိုရေယာဉ်တန်းသည် ဇူလိုင်လ ၂၉ ရက် မနက်ပိုင်းက ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်လာချိန်မှစ၍ မြစ်ကမ်းနံဘေးကျေးရွာများကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “ ရွှေကုန်းရွာက ပြည်သူ နှစ်ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်။ မြစ်ကမ်းတစ်လျှောက် မှာ ရှိတဲ့ ရွာတွေ ကတော့ အကုန်ရှောင်ရတာပဲ “ ဟု ပြောသည်။
ကျေးရွာအချို့မှ နေအိမ်များ ပျက်စီးခဲ့ပြီး အိမ်ခေါင်မိုးနှင့် နံရံများတွင် ကျည်ပေါက်ရာများ တွေ့ရှိရကြောင်း ၎င်းကဆိုသည်။
ရိက္ခာ ၊ စစ်လက်နက်ပစ္စည်းများနှင့် ဆီပေပါများ တင်ဆောင်လာသည့် သင်္ဘော ၆ စီး ၏ နောက်တွင် စစ်သင်္ဘော တစ်စီးက အကာအကွယ်ပေးလိုက်ပါလာပြီး စစ်ကိုင်းတိုင်း ခန္တီးမြို့ အထိသွားနိုင် ကြောင်း ဆားလင်းကြီး ပအဖ အဖွဲ့ ဝင် က ဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ သည် ချင်းတွင်းမြစ်ကြောင်းမှတစ်ဆင့် ရိက္ခာ ပို့ဆောင်နေပြီး မြစ်ကမ်းနံဘေး ကျေးရွာများကို ပစ်ခတ်သွား၍ မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ရေယာဥ်တန်း
#လက်နက်ကြီးဖြင့် ပစ်ခတ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤬7👏3❤1
စစ်ကောင်စီအာဏာသိမ်းသည့် ကာလအတွင်း နေအိမ်၊ အ​ဆောက်အအုံပေါင်း ၈ သောင်းကျော် မီးရှို့ဖျက်ဆီးခံရ
🤬13🔥2😁1😢1
စစ်ကောင်စီအာဏာသိမ်းသည့် ကာလအတွင်း နေအိမ်၊ အ​ဆောက်အအုံပေါင်း ၈ သောင်းကျော် မီးရှို့ဖျက်ဆီးခံရ
=====================

001
(မဇ္စျိမ)။ ။ စစ်ကောင်စီအာဏာသိမ်းသည့် နှစ်နှစ်ကျော် ကာလအတွင်း ဘာသာရေးအဆောက်အအုံများ အပါအဝင် နေအိမ်နှင့် အဆောက်အအုံပေါင်း ၈၁,၈၉၉ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ( ISP Myanmar) က ဇူလိုင်လ ၂၈ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါပမာဏထဲမှ ၃၀ ရာခိုင်နှုန်းနီးပါးမှာ ယခု ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရေအတွက်အားဖြင့် ၂၄,၀၀၀ ကျော် ရှိကြောင်း သိရသည်။ ထို ၂၄,၀၀၀ ကျော်၏
၈၂ ရာခိုင်နှုန်းကျော်မှာ စစ်ကိုင်းတိုင်းအတွင်းမှဖြစ်ကြောင်း ISP Myanmarက ဖော်ပြထားသည်။

ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက “မနေ့ကတော့ ယောက်သွားအိုင်ရွာအစွန်က အိမ်လေးတွေတချို့ကို မီးရှို့တယ်လို့တော့သိရတယ်။ ကျွန်တော်တို့ မဝင်ရသေးလို့ ဘယ်နှစ်အိမ်အရှို့ခံရတယ်တော့ မသိသေးဘူး။ ယောက်သွားအိုင်က အားလုံးပေါင်း အိမ်ခြေ ၂၀၀ ကျော် ၃၀၀ လောက်ရှိတယ်”ဟု ဆိုသည်။
လက်ရှိ စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီ လမ်းကြောင်းတစ်လျှောက် ကျေးရွာအချို့မီးရှို့ဖျက်ဆီးခံရမှုများရှိနေသည်။

ထို့ပြင် ခင်ဦးမြို့နယ်အနောက်ခြမ်းရှိ အိမ်ခြေ ၅၀၀ ဝန်းကျင်ရှိသော မြင်းဒေါင်းကျေးရွာတွင်လည်း နေအိမ်၊ ဆိုင်ခန်း ၇၀ နီးပါးကို စစ်ကောင်စီတပ်က ၂၀၂၂ခုနှစ်အတွင်းက မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ဒေသခံများမှာ လက်ရှိအချိန်အထိ အခြားရွာရှိဘုန်းကြီးကျောင်းတွင် နေထိုင်နေရကြောင်း မြင်းဒေါင်းရွာ ဒေသခံတစ်ဦးကပြောသည်။
“လောလောဆယ်ဘာမှ ပြန်မဆောက်နိုင်သေးဘူး။ အခုမီးရှို့ခံရတဲ့သူတွေက မုံတောရွာမှာလည်းရှိတယ်။ မုံလှကျေးရွာမှာလည်းရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာ နေနေရတာ “ဟုဆိုသည်။

အာဏာသိမ်းကာလအတွင်း စစ်ကိုင်းတိုင်း၌ နေအိမ်၊ အဆောက်အအုံ ၅၉,၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံရပြီး ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကိုင်းတိုင်းရှိ မြို့နယ်ပေါင်း ၁၂ ခုထက်မနည်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ကျေးရွာပေါင်း ၁၀၀ ကျော်ရှိနေအိမ် ၊ အဆောက်အအုံပေါင်း ၉,၂၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP Myanmarကဆိုသည်။

အာဏာသိမ်းမှုအလွန် နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံအနှံ့မြို့နယ်ပေါင်း ၁၀၆ ခုတွင် ​နေအိမ်၊ အ​ဆောက်အအုံများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မြို့နယ် ၃၇ ခုရှိသည့် စစ်ကိုင်းတိုင်းတွင် မြို့နယ် ၃၂ခု၊ မြို့နယ် ခုနစ်ခုရှိသည့် ကရင်ပြည်နယ်တွင် မြို့နယ် ​ခြောက်ခု၊ မြို့နယ် ၁၀ခုရှိသည့် တနင်္သာရီတိုင်းတွင် မြို့နယ် ရှစ်ခုတို့တွင် မီးရှို့ဖျက်ဆီးခံရခြင်းများ အသီးသီးရှိခဲ့​ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ISP Myanmar
#မီးရှို့ခံရ
Photo - ခင်ဦးမြို့နယ်၊ ကံသစ်​ကျေးရွာရှိ ​နေအိမ်များ ဇွန်လအတွင်းက မီးရှို့ခံရမှုအ​ခြေအ​နေ (ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား​ရေး)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14👍6🔥4
​​ဇူလိုင်လအတွင် စက်သုံးဆီဈေး ကျပ် ၃၀၀ ခန့် တက်
===============

007
(မဇ္စျိမ)။ ။ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများဆက်တိုက်မြင့်တက်နေပြီး ဇူလိုင်လအတွင်း တလီတာလျင် ကျပ် ၃၀၀ ခန့်အထိ ဈေးမြင့်တက်ခဲ့ကြောင်း မန္တလေးစက်သုံးဆီဈေးကွက်မှသိရသည်။
“ပုံမှန် တက်လိုက်ကျလိုက် အခြေအနေကနေ ၂၀,၀၀၀ တန်ဂယက်ထပြီး နောက်ရက်တွေမှာ ဈေးထိုး တက်သွားတာ တလအတွင်း ၃၀၀ လောက် ဈေးတက်သွားတယ်။ ဒါက ဓာတ်ဆီဈေးပေါ့နော် ဒီဇယ်ဆိုရင် ဇွန် ၃၀ ရက်ပေါက်ဈေးနဲ့ ဒီနေ့ပေါက်ဈေး ၄၀၀ လောက်ကွာတယ်” ဟု စက်သုံးဆီရောင်းဝယ်သူတဦးက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျပ် ၂၀,၀၀၀ တန်ငွေစက္ကူ ထုတ် ဝေမည်ဖြစ်ကြောင်းကြေညာအပြီးတွင် ရွှေဈေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်ခဲ့ပြီးနောက် စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
လအတန်ကြာငြိမ်နေခဲ့သည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဇူလိုင်လပထမပတ်မှစ၍ တရိပ်ရိပ် ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အမြင့်ဈေး၌တန့်နေကြောင်း သိရသည်။

ယမန်နှစ် မေလမှသြဂုတ်လတွင်းကလည်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း စံချိန်တင်ဈေးမြင့်တက်ခဲ့ဖူး သည်။ ထိုစဉ်က ဓာတ်ဆီအောက်တိန်း 92 တစ်လီတာလျှင် ကျပ် ၂,၆၀၀ ကျော်အထိ ပေါက်ဈေးဖြစ်ခဲ့ပြီး အောက်တိန်း 95 မှာ ပစ္စည်းပြတ်လပ်သည် အထိဖြစ်ခဲ့သည်။

“တဒေါ်လာကို ၂,၁၀၀ ကျပ်သတ်မှတ်လိုက်ပြီး နောက်တရက်မှာ ဆီဈေး ရုတ်တရတ်ထိုးတက်သွား တယ်။ အဲဒီတုန်းက ကားတစီးကို ၂၀,၀၀၀ ဖိုးပဲရောင်းပေးပြီး 95 ဆိုရင် ဆီလုံးဝပြတ်သွားတယ်။ ငါး လပိုင်း လောက်ကနေ ဈေးစတက်တာ ရှစ်လပိုင်းမှာ ၂၆၀၀ ကျော်သွားတယ်။

အဲဒါ ပုံမှန် ၂,၀၀၀ ၀န်းကျင် ကနေ ဈေးထိုးတက်သွားတာ။ ဒီနှစ် မနှစ်ကလိုအခြေအနေပြန်ဖြစ်မလား၊ ပိုဆိုးလာမလား ဆိုတာ ကတော့ လူ တွေလက်ထဲ ၂၀,၀၀၀ တန်ရောက်ပြီးမှ သိရမှာ” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မန္တလေးမြို့တွင် ယနေ့ ဇူလိုင် ၃၀ စက်သုံးဆီဈေးများမှဦ ဓာတ်ဆီအောက်တိန်း 92 တလီတာလျှင် ၂,၂၈၀ ကျပ်၊ 95 တလီတာလျှင် ၂,၃၉၅ ကျပ်နှင့် ဒီဇယ်တလီတာလျှင် ၂,၃၆၀ ကျပ်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့က 92 တစ်လီတာလျှင် ၁,၉၉၀ ကျပ်၊ 95 တလီတာလျှင် ၂,၀၈၅ ကျပ်နှင့် ဒီဇယ်တလီတာလျှင် ၁,၉၇၅ ကျပ် ဖြစ်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးမြို့
#စက်သုံးဆီဈေးကွက်
#၂၀,၀၀၀တန်
#ငွေစက္ကူသစ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥4🤬4👏1
​​အိန္ဒိယတွင် ကျားကောင်ရေ ၃,၆၀၀ အထိ ရှိနေပြီး ကမ္ဘာ့ကျားကောင်ရေစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထား
=====================

အိန္ဒိယ၏ ကျားကောင်ရေပမာဏသည် လက်ရှိတွင် ၃,၆၀၀ ကျော် ရှိသည်ဟု ခန့်မှန်းရကြောင်း အစိုးရက ထုတ်ပြန်သည့် အချက်အလက်သစ်များအရ သိရသည်။ ယင်းသည် မျိုးသုဉ်းအန္တရာယ်ရှိသည့် မျိုးစိတ်များအား ထိန်းသိမ်းစောင့်ရှောက်သည့် အားထုတ်မှုများကို သက်သေထူလျက် ရှိသည်။

ကျားများသည် တစ်ချိန်က အာရှ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် လှည့်လည်ကျက်စားခဲ့သော်လည်း ပြီးခဲ့သည့် ရာစုနှစ်အတွင်း ၎င်းတို့၏ သမိုင်းဝင် စားကျက်မြေတို့၏ ၉၅ ရာခိုင်နှုန်းနီးပါးကို ဆုံးရှုံးထားခဲ့ရသည်။

လက်ရှိတွင် ကမ္ဘာ့ကျားကောင်ရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းသည် အိန္ဒိယတွင် ရှိနေပြီး အဆိုပါ နိုင်ငံတွင် ကင်မရာ အသုံးပြု စစ်တမ်းကောက်ယူမှုအပြီး ကျားကောင်ရေ ၃,၁၆၇ ကောင် ရှိသည်ဟု ဧပြီလက ထုတ်ဖော်ကြေညာခဲ့သည်။

ယခုအခါ အိန္ဒိယ တောရိုင်းတိရစ္ဆာန် အင်စတီကျူ့၏ တူညီသော စစ်တမ်း ဒေတာများအပေါ် ထပ်မံ အကဲဖြတ်စိစစ်ခွဲခြမ်းမှုအရ နိုင်ငံတစ်ဝန်း ပျမ်းမျှ ကျားကောင်ရေ ၃,၆၈၂ ကောင် ရှိမည်ဟု ခန့်မှန်းရကြောင်း အစိုးရက ဇူလိုင် ၂၉ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

အဆိုပါ ကိန်းဂဏန်းအရ နှစ်စဉ် ကျားကောင်ရေ တိုးပွားမှုနှုန်း ၆ ဒသမ ၁ ရာခိုင်နှုန်း ရှိသည်ဟု ပြသနေကြောင်း အိန္ဒိယအစိုးရက ပြောသည်။

“လာမယ့် မျိုးဆက်တွေအတွက် အိန္ဒိယရဲ့ ကျားတွေနဲ့ သူတို့ရဲ့ ဂေဟစနစ်တွေရဲ့ အနာဂတ်ကို စိတ်ချရစေဖို့အတွက် ကျားတွေရဲ့ ကျက်စားရာနေရာတွေနဲ့သွားလာရာ လမ်းကြောင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဆက်လက်ကြိုးပမ်းဖို့က အဓိကကျပါတယ်”
၁၉၄၇ ခုနှစ် ဗြိတိန်ထံမှ လွတ်လပ်ရေးရစဉ်အချိန်က အိန္ဒိယတွင် ကျားကောင်ရေ ၄၀,၀၀၀ ခန့်အထိ ရှိခဲ့မည်ဟု ယုံကြည်ရသည်။

ယင်းနောက်ပိုင်း ဆယ်စုနှစ်များအတွင်း အိန္ဒိယ၏ ကျားကောင်ရေသည် ဆက်တိုက်ကျဆင်းပြီး ၂၀၀၂ ခုနှစ်တွင် ကောင်ရေ ၃,၇၀၀ ခန့် ကို ကျဆင်းကာ ယင်းနောက် လေးနှစ်အကြာတွင် ၁,၄၁၁ ကောင်အထိ စံချိန်တင် ကျဆင်းခဲ့သည်။ ယင်းနောက်တွင်မှ ကျားကောင်ရေသည် တဖြည်းဖြည်းချင်း ပြန်လည်တိုးပွားလာခြင်းဖြစ်သည်။
သစ်တောပြုန်းမှု၊ အခွင့်မရှိဘဲ တိရစ္ဆာန် ခိုးဖမ်းမှုနှင့် တိရစ္ဆာန်တို့၏ ကျက်စားရာနေရာများကို လူသားတို့ ချဉ်းနင်းကျူးကျော်မှုတို့ကြောင့် အာရှတစ်ခွင်တွင် ကျားကောင်ရေအပေါ် ထိခိုက်စေခဲ့သည်။

သို့သော် အိန္ဒိယအနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု၊ နိုင်ငံ၏ ထိန်းသိမ်းစောင့်ရှောက်မှု အလေ့အထတို့ကြောင့် ကျားကောင်ရေကို တိုးပွားအောင် လုပ်ထားနိုင်ကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက ဧပြီလတွင် ပြောသည်။
👍14😁2❤1
Media is too big
VIEW IN TELEGRAM
ရင်သားကျန်းမာရေး | ကျန်းမာသုတ လူမှုဘ၀

Watch more detail - https://youtu.be/dwJy7ZJ0XCs

#ကျန်းမာသုတလူမှုဘဝ
#ရင်သားကျန်းမာရေး
#reels
#shorts
🍌2
​​မင်းတပ်မြို့အဝင် ၄ မိုင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF – Mindat တိုက်ခိုက်
=====================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ် ၊ မင်းတပ်မြို့အဝင် လေးမိုင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အား ယနေ့ ဇူလိုင်လ ၃၀ရက် နံနက် ၇နာရီ ၂၅မိနစ်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (မင်းတပ်) CDF – Mindat က ထုတ်ပြန်သည်။

“တိုက်ပွဲက ၁၅မိနစ်ပဲကြာပါတယ် ။ သူတို့က အသင့်အနေအထားနဲ့ ကုန်းမှာနေတာဆိုတော့ ကျနော်တို့ရဲဘော်နှစ်ယောက် ဒဏ်ရာရပါတယ် ။ သူတို့ဘက်က တစ်ယောက်သေတယ်” ဟု CDF – Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှူး ကိုဇလပ်သွေးက မဇ္စျိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် အနီးအနားရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်‌လေ့ရှိကြောင်းလည်း သိရသည်။

ဇူလိုင်လ ၂၆ရက်နေ့ကလည်း ကန်ပလက်မြို့မှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF – Mindat နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း- CDF - Mindat ရဲဘော်များ

#ချင်းပြည်နယ်
#မင်းတပ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤3🔥1😁1
သပိတ်ကျင်း ဆယ်ဇင်းကုန်း ရွာသား ၆ဝခန့်ကို စစ်ကောင်စီ ဖမ်းဆီးပြီး ရွာကို မီးရိူ့ (ရုပ်၊သံ)
==========================

KMN
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ဆယ်ဇင်းကုန်း ကျေးရွာသား ၆ဝ ခန့်ကို ဇူလိုင် ၂၆ ရက်နေ့ထဲက စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ဒီကနေ့ မနက်ပိုင်းအထိ ကျေးရွာနေအိမ်တွေကို မီးရိူ့နေတယ်လို့ ဆယ်ဇင်းကုန်းရွာ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဇူလိုင် ၂၆ ရက်က ဆယ်ဇင်းကုန်း ဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့ပြီး သက်ကြီးရွယ်အို နဲ့ ကလေးမိခင်တွေ အပါအဝင် ရွာသား ၆၀ ခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာပါ။

ဘုန်းကြီးကျောင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရတဲ့
ဖမ်းဆီးခံရသူ တချို့ သေသလား ရှင်သလား သတင်းမရသေးဘူးလို့ ဆယ်ဇင်းကုန်းရွာ စစ်ဘေးရှောင်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေကြောင့် ဆယ်ဇင်းကုန်းရွာခံ ဦးရေ ၃ဝဝ နီးပါးဟာ တောတောင်တွေထဲ ထွက်ပြေးနေရပြီး ဒီကနေ့အထိ စားစရာမရှိဘဲ မိုးထဲလေထဲမှာ နေထိုင်နေရတယ်လို့ ရွာခံတစ်ဦးကဆိုပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/Bk_7vddsB3U

#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬14🔥3👍2😁1😢1
​​"Mrs. Chatterjee Vs Norway
=================

ဒီဇာတ်လမ်းဟာ ၂၀၁၁ ခုနှစ်မှာ တကယ်ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ နော်ဝေနိုင်ငံမှာ သွားရောအခြေချနေထိုင်နေကြတဲ့ ဒီဘိကာနဲ့ အနီရုဒ်ချတ္တာဂျီး ဇနီးမောင်နှံဟာ နော်ဝေနိုင်ငံရဲ့ ကလေးသူငယ်စောင့်ရှောက်ရေး စည်းမျဉ်းဥပဒေတွေအရ သူတို့ရဲ့ ကလေးနှစ်ယောက်ကို နော်ဝေအစိုးရက ထိန်းသိမ်းစောင့်ရှောက်မှုကို ခံလိုက်ရပါတယ် မိခင်ဖြစ်သူ ဒီဘီကာကတော့ အရူးမီးဝိုင်းသလိုဖြစ်နေပေမယ့် ယောင်္ကျားဖြစ်သူ အနီရုဒ်ကတော့ နိုင်ငံသားခံယူခွင့်လျှောက်ထားတာကို ထိခိုက်မှာစိုးတဲ့အတွက် ခပ်အေးအေးပဲနေခဲ့ပါတယ် မနေနိုင်တဲ့ မိခင်ဖြစ်သူ ဒီဘီကာဟာ ကလေးတွေကို ပြန်ရနိုင်ဖို့ နည်းလမ်းမျိုးစုံသုံးရင်း ရုံးရောက်ဂတ်ရောက်အခြေအနေအထိ ကြုံခဲ့ရသလို နောက်ဆုံးမှာ နိုင်ငံအဆင့်ထိပါ ပါလာပြီး ပြဿနာက ပိုပြီး ကြီးသထက်ကြီးသွားပါတော့တယ် ...

ဒီဘီကာရဲ့ ကလေးတွေ ပြန်ရဖို့ကြိုးစားရင်း ကြုံတွေ့ခဲ့ရတာတွေကို ရှုစားကြည့်ပါဦး

ဝါရင့်မင်းသမီးကြီး ရာနီ မူကာဂျီက ဒီဘီကာအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်"

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၃၀.၇.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၂၉.၇.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍9🔥1👏1
အမျိုးသမီးတွေ ရာသီလာချိန် ရင်သားနာတာ ဘာကြောင့်လဲ......? | ကျန်းမာသုတ လူမှုဘ၀ Episode - 23
================

ဒီတပတ်ရဲ့ ''ကျန်းမာသုတ လူမှုဘ၀'' အစီအစဉ်မှာ ရင်သားကျန်းမာရေးနဲ့ ပတ်သက်ပြီး တင်ဆက်ပေးချင်ပါတယ်။
အမျိုးသမီးတွေ ရာသီလာချိန် ရင်သားနာတာ ဘာကြောင့်လဲ။
ရင်သားနာတာကို သက်သာအောင် ဘာတွေလုပ်လို့ရမလဲ။
ပုံမှန်ထက် ပိုပြီး ရင်သားနာနေရင်၊ အလုံးအကြိတ်တွေ စမ်းမိရင် ရင်သားကင်ဆာဖြစ်နိင်လားဆိုတာတွေကို ဒေါက်တာ ဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/dwJy7ZJ0XCs

#ဒေါက်တာဖြိုးသီဟ
#mizzima
#ကျန်းမာသုတလူမှုဘဝ
#BreastCancer
#BreastCare
#WomenandBreast
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥2🤔1🍌1
​​ပဲခူးတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက်ဟုဆိုကာ အလှူငွေ လိမ်လည်ကောက်ခံနေ
=======================

JC
(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအတွင်းရှိ ကျောက်ကြီး၊ ရွှေကျင်၊ မုန်း စသည့် မြို့နယ်များမှ စစ်ဘေးရှောင်များအတွက်ဟုဆိုကာ အလှူငွေ လိမ်လည်ကောက်ခံနေသည့် စာမျက်နှာတစ်ခု ထွက်ပေါ်လျက်ရှိသည်။

“ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာသည် စစ်ဘေးရှောင်ပြည်သူများ၏ ဓာတ်ပုံများကို ဖော်ပြပြီး အလှုငွေကောက်ခံလျက်ရှိနေသည်။

၎င်းစာမျက်နှာသည် ယခုနှစ် မေလ ၂၄ ရက်နေ့တွင် “ကျောက်ကြီး ၊ မုန်းဒေသ စစ်ဘေးရှောင်ကူညီရေးအဖွဲ့” အမည်ဖြင့် စတင်ခဲ့ပြီး ဇူလိုင် ၁၇ ရက်နေ့တွင် လက်ရှိအမည်သို့ ပြောင်းလဲခဲ့သည်။
ထိုပေ့ချ်သည် လိုက်ခ်လုပ်သူ ၃၅၀ ကျော်နှင့် ဖော်လိုဝါ ၅၀၀ ကျော်သာရှိသော်လည်း အလိမ်ခံနေရသည်မှာ သိန်းပေါင်းရာနှင့်ချီ ရှိနေပြီ ဖြစ်သည်။

နွေဦးတော်လှန်ရေးဆရာတော် (ခ) ဦးကေသရ မှ ဇူလိုင်လ ၉ ရက်နေ့တွင် ထိုပေ့ချ်မှတစ်ဆင့် အလှူငွေထည့်သွင်းရန် U Bo To အမည်ရှိ Kpay နံပါတ် 09756788690 သို့ ငွေကျပ် သိန်း ၂၀ အား လှူဒါန်းခဲ့သည်။

ထို့နောက် မသင်္ကာသဖြင့် ထိုပေ့ချ်အကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား မေးမြန်းရာ ထိုပေ့ချ်သည် အတုဖြစ်ကြောင်းနှင့် စစ်ရှောင်များမှ အကူအညီတောင်းသည့်အခါတွင်လည်း အကူအညီမပေးကြောင်း ပြောသည်။

“သူက ပိုက်ဆံသိန်းရာချီရနေတယ်၊ အဲ့ဒီတော့ ဒုက္ခရောက်တဲ့ပြည်သူတွေက ကျောက်ကြီး မုန်းဒေသ(ပေ့ချ်) ကို သွားဆက်သွယ်တဲ့အခါမှာ ဘာမှပြန်လှူဒါန်းတာ၊ တကယ်ဒုက္ခရောက်တဲ့သူတွေကို ပေးတာကျွေးတာ မရှိဘူး။ မရှိတဲ့အတွက်ကြောင့် ပေ့ချ်အတုဖြစ်ကြောင်းကို အတည်ပြုပေးတာက ကျောက်ကြီး ပကဖ က အတည်ပြုပေးတယ်” ဟု နွေဦးတော်လှန်ရေးဆရာတော်က မဇ္ဈိမ ကို မိန့်သည်။

အလှူငွေထည့်ရန် ဖုန်းနံပါတ် 09756788690 ဖြင့် K pay အကောင့်အပြင် wave money အကောင့်ဖြင့်လည်း လိမ်လည်နေပြီး ထိုင်းဘဏ်အကောင့် Mrs. Khin Myo Nwe အမည်ဖြင့် အကောင့်နံပါတ် 1483379222 ဖြင့်လည်း ထိုင်းရောက်မြန်မာများမှ အလှူငွေလိမ်လည်နေကြောင်း သိရသည်။

နွေဦးတော်လှန်ရေးဆရာတော်မှ အလှူငွေကိစ္စနှင့်ဆက်စပ်၍ ထိုပေ့ချ်အား ထပ်မံဆက်သွယ်မေးမြန်းရာ “KNU Brigade 3- Army 9 - 1035” ကို ညွှန်ပြပြီး KNLA တပ်မဟာ(၃) တပ်ရင်း(၉) မှ တပ်ခွဲမှူး ပဒိုစောကျော် ၏ ခွင့်ပြုချက်ဖြင့် ဖွင့်ထားသည်ဟု ပြောသည်။
KNLA တပ်မဟာ(၃) တပ်ရင်း(၉)တွင် “ပဒိုစောကျော်” ဟူသောအမည်ဖြင့် တပ်ခွဲမှူးမရှိကြောင်းနှင့် “ပဒို” ဟူသောအသုံးအနှုန်းသည် KNU အုပ်ချုပ်ရေးပိုင်းတွင်သာ သုံးလေ့ရှိပြီး KNLA တွင် အမည်အရှေ့၌ “စော” ဟုသာ သုံးလေ့ရှိကြောင်း ကျောက်တံခါးမြို့နယ် ပကဖ မှ ရှင်းပြသည်။

“ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့” မှညွှန်ပြသည့် “KNU Brigade 3- Army 9 - 1035” ပေ့ချ်သည်လည်း ပေ့ချ်အတုဖြစ်ကြောင်း မဇ္ဈိမ မှ ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။

လင့်- https://www.mizzimaburmese.com/article/131320
ထို့အပြင် “ကျောက်ကြီး ရွှေကျင် မုန်းဒေသ စစ်ဘေးဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့” ပေ့ချ်တွင် အခြားပြည်နယ်နှင့်တိုင်းမှ ဓာတ်ပုံများဖြင့် ကျောက်ကြီး၊ ရွှေကျင်၊ မုန်း စသည့် ဒေသမှ စစ်ဘေးရှောင်ပုံများသကဲ့သို့ ဖြန့်ဝေလေ့ရှိကြောင်း တွေ့ရသည်။
ဇူလိုင်လ ၂၆ ရက်နေ့တွင် ဖော်ပြထားသည့် “ကျောက်တံခါးမြို့နယ်အတွင်း စစ်တပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တို့ နေ့စဥ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ စစ်ဘေးရှောင်ဒုက္ခသည် ၄,၅၀၀ ကျော် ရှိလာ” ဟူသည့် ပို့စ်မှ ဓာတ်ပုံများသည် ကရင်နီပြည်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ စစ်ဘေးရှောင် ပုံများအား အသုံးပြုထားခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဇွန်လတွင် တနင်္သာရီတိုင်း ပုလောမြို့နယ်မှ စစ်ဘေးရှောင်များ၏ ဓါတ်ပုံများ။ လင့်- https://www.bnionline.net/mm/news-92037
ကရင်နီပြည်​ မယ်စဲ့မှ စစ်ဘေးရှောင်ပုံများ။ လင့် - t.ly/MJ-7t
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှ ၂၀၂၁ ခုနှစ်တုန်းမှ စစ်ဘေးရှောင်အဘွားအိုတစ်ဦးပုံ။ လင့် - https://shorturl.at/qsvEK
အလားတူအခြားကျန်ရှိနေသည့် ဓာတ်ပုံများသည်လည်း ပုံဟောင်းများနှင့် ကျောက်ကြီး၊ ရွှေကျင်၊ မုန်းဒေသမှ စစ်ရှောင်များမဟုတ်ဘဲ အခြားဒေသမှ စစ်ဘေးရှောင်၏ ဓါတ်ပုံများဖြစ်သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် RFA မှဖော်ပြထားသည့်ပုံ။ လင့် - t.ly/VXJ9t
ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းမှ ၂၀၁၇ ခုနှစ်တွင်ဖော်ပြခဲ့သည့်ပုံ ။ လင့် - t.ly/zLjmj
ဇူလိုင်လ ၁၈ ရက်နေ့တွင်လည်း စစ်ရှောင်များအတွက် အလှုငွေလိုအပ်နေကြောင်း အလှူခံပို့စ်တင်ကာ ကလေးငယ်များ၏ ဓာတ်ပုံဖြင့် ဖော်ပြထားသည်။ ၎င်းပုံများသည်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မှ ဓာတ်ပုံများဖြစ်ကြောင်း တွေ့ရသည်။

ဧရာဝတီသတင်းဌာန မြန်မာပိုင်းမှ ၂၀၂၁ ခုနှစ်တွင်ဖော်ပြခဲ့သည့်ပုံ။ လင့် - t.ly/TZnvW
🤬11👍5😁3🥱2
Media is too big
VIEW IN TELEGRAM
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အသစ် လိုအပ်ပြီလား” | Editors’ Talk Episode-18

https://youtu.be/xPBEw1etjEg#စကားဝိုင်း

#shorts #reels #EditorsTalk #Mizzima
👍1🔥1😁1
ဇူလိုင်လ (၃၀) ရက်၊ တနင်္ဂနွေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
==================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေကဒေသခံအများအပြားကို လူသားဒိုင်းအဖြစ်ဖမ်းဆီးထားတဲ့သတင်းနဲ့အတူ

"ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး" ဖွဲ့စည်းထားတဲ့အကြောင်း သတင်းလွှာအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း အားကစားသတင်း၊ စီးပွားရေးနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ Spring University ကပေးပို့တင်ဆက်ထားတဲ့ လူထုဦးလှရဲ့ “အချိန်အရင်းအနှီး” ဆိုတဲ့ အကြောင်းကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ “နိုင်ငံရေးတွေမပြောချင်ဘူးကိုတုတ်ကြီးရယ်” အစီအစဉ်ကို ထုတ်လွှင့်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/OTr3YS2u39g

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍13🔥1😁1🤬1
“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အသစ် လိုအပ်ပြီလား” | Editors’ Talk Episode-18
=====================

ဘယ်အချိန်ကာလကမှ ငြိမ်းချမ်းမှုမရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက လုပ်နေတယ်ဆိုတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဆိုတာဟာ တကယ်တမ်း ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ကြပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်အသစ် လိုနေပါပြီလား၊ ဘယ်လို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မျိုး လိုအပ်နေပါသလဲ၊ အဲဒီလို ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မျိုးကိုအကောင်အထည်ဖော်ဖို့ ဘယ်လိုအခြေအနေတွေ လိုအပ်ပြီး ဘယ်သူတွေက ကမကထပြု စတင် လုပ်ဆောင်သင့်ပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ကြရပါမယ်။

တော်လှန်လူငယ်တဦးလည်းဖြစ်၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုင်ရာ လေ့လာသူတဦးလည်းဖြစ်တဲ့ မဟင်္သာ၊ မြန်မာပြည်ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးလေ့လာသူ ကိုအောင်ကိုကိုတို့နဲ့အတူ ကိုကျော်ကျော်သိန်းက မေးမြန်း ဆွေးနွေးထားပါတယ်။

လုံခြုံရေးအခြေအနေအရ မဟင်္သာက အသံနဲ့ပဲ ပါဝင်ဆွေးနွေးထားပါကြောင်း ကြိုတင် အသိပေးလိုပါတယ်။

https://youtu.be/xPBEw1etjEg

#Editors’Talk
#ငြိမ်းချမ်းရေး
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍8🔥2
​​လောကဓံ အတက်အကျမြန်သော တရုတ်နိုင်ငံခြားရေး ဝန်ကြီး ကျင်ဂန်း 
====================

တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းအား ရာထူးမှ ဖယ်ရှားလိုက်ခြင်းသည် တရုတ် ကမ္ဘာ့နိုင်ငံရေးတွင် ထွန်းတောက်လာခဲ့သော ကြယ်တစ်ပွင့်၏ သံတမန်ရေးခရီး ရုတ်ခြည်းအဆုံးသတ်ခြင်းကို ကမ္ဘာက မြင်တွေ့လိုက်ရသည်။ သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက် တွင် ဂုဏ်သိက္ခာ ထိန်းသိမ်းသူ တစ်ဦး အဖြစ် သတ်မှတ်ခံရသည်။ အဆိုပါ ဖြစ်ရပ်သည် တရုတ်တွင် အသစ်အဆန်း မဟုတ်သော်လည်း ရှီ၏ ခေါင်းဆောင်မှုပုံစံ အပြင် ပါတီကို ချုပ်ကိုင်ထားမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာနိုင်သည်။

ကျင်ဂန်း ကို ဇူလိုင် ၂၅ ရက်က ရာထူးမှဖယ်ရှားခဲ့ပြီး ယခင်နိုင်ငံခြားရေး ဝန်ကြီး‌‌‌ဟောင်း ဝမ်ယိ နှင့် အစားထိုးခဲ့သည်။ ပြီးခဲ့သည့် ၁ လတာ လုံး ကျင်ဂန်း သည် လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်း ကို ဖယ်ရှားပြီး ဝမ်ယိ ကို ခန့်အပ်ကြောင်း ၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။ ဇူလိုင် ၂၅ ရက် တွင် အစည်းအ ဝေးကျင်းပနေစဉ် တရုတ်နိုင်ငံ ထိပ်တန်းဥပဒေပြုလွှတ်တော်က ဝမ်ယိ အား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မဲခွဲဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။
👍9🔥1😁1
​​Alive
========

တစ်ကမ္ဘာလုံးသာ Zombie ဖြစ်သွားခဲ့ရင် ဘယ်လိုအသက်ရှင်ကြမလဲ?

ကိုရီးယားနိုင်ငံမှာ ကူးစက်ရောဂါတစ်ခုဖြစ်သွားခဲ့ပြီး ရောဂါလက္ခဏာအနေနဲ့ အကြမ်းဖက်ခြင်းနဲ့လူသားစားခြင်းတွေကို လုပ်ဆောင်လာကြပါတယ်...

ရုတ်ချည်းဖြစ်သွားတဲ့ ကူးစက်ရောဂါဟာ ရောဂါရှိသူရဲ့ အကိုက်ခံရမှုကနေတစ်ဆင့် လူအယောက်ပေါင်းများစွာကို အလျင်အမြန်ကူးစက်သွားခဲ့တယ်...

မနက်နောက်ကျမှနိုးလာတဲ့ Jun-U ဆိုတဲ့ကောင်လေးကတော့ ဂိမ်းကစားနေရင်းကနေ တီဗီကလာတဲ့သတင်းကြောင့်အပြင်လောကကို ကြည့်မိချိန်မှာတော့....

တစ်အိမ်လုံးမှာ သူတစ်ယောက်တည်းကျန်ခဲ့ရာကနေ ဘ​ယ်နှရက်အထိ တောင့်ခံနိုင်မှာလဲ

သတင်းထဲမှာတော့ အပြင်မထွက်ဖို့ အထပ်ထပ်သတိပေးထားပေမဲ့ စားနပ်ရိက္ခာကုန်သွားချိန်မှာတော့အသက်ရှင်ကျန်ရစ်သူများလည်း အပြင်ထွက်ပြီး အသက်စွန့်ကာ ရိက္ခာရှာရပါတော့တယ်...

ဒီလိုနဲ့ ကိုယ့်လိုအသက်ရှင်တဲ့လူအချင်းချင်းတွေ့ပြီး အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစိတ်ဝင်တစား ကြည့်ရှုရမယ့်ကားပဲဖြစ်ပါတယ်
..
Mizzima + HD တွင် ပြသနေသည့် ည ၁၀နာရီခွဲ အချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။
Mizzima+HD Channel တွင် ပြသသည့်အချိန်မှာပဲ Mizzima App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့Mizzima Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

ပြသမည့်ရက်။ ။ 30.7.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥2❤1😁1