မိုးဗြဲ-လွိုင်ကော်လမ်းတွင် စစ်ကောင်စီတပ်အား ကရင်နီပူးပေါင်းတပ်မှတိုက်ခိုက်မှု ဗိုလ်ကြီးအပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးကြောင်း KNDF ပြော
👍20❤2👎1😁1

=================
ဂျူချန်း
မဇ္ဈိမ။ ။ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်သို့ ဆက်သွယ်ထားသည့် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်နီပူးပေါင်းတပ်တို့ကြား တပတ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်ကြီး တဦးအပါအဝင် စစ်ကောင်စီတပ်သား ၂၀ ဦး ထက်မနည်း သေဆုံးကြောင်း KNDF ထံမှ သိရသည်။
မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် ဇူလိုင်လ ၂၀ ရက်မှ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
သေဆုံးသူများအနက် ဗိုလ်ကြီးကျော်ကျော်နိုင် ပြန်တန်းဝင်အမှတ်(ကြည်း) (၄၉---)လည်း ပါဝင်ကြောင်း မြေပြင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။
“ကားပေါ်မှာ ပက်လက်လန်သေနေတာ အဲဒါသူတို့ဗိုလ်။ ဗိုလ်တွေပဲ ပစ်နေတာ၊ ဒါတောင် မမှတ်ဘူး သူတို့ က လာချင်သေးတယ်။ သူတို့စစ်ကြောင်းမှူးတွေဆို တကောင်ပြီးတကောင် သေနေတာ” ဟု ကာကွယ် ရေးတပ်ဖွဲ့ဝင်တဦးက မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တို့တွင် မိုးဗြဲမြို့မှထွက်လာသည့် တပ်မ(၅၅)နှင့် တပ်မ(၆၆) ပါ စစ်ကောင်စီယာဉ်တန်းသည် လွယ်ထွဲရွာသစ်ကျေးရွာနှင့် မော်ချီးစုစည်းကျေးရွာကြားတွင် တော်လှန်ရေး ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။
တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦး ထက်မနည်း သေဆုံးကြောင်း KNDF B02 မှ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ထို့ပြင် တိုက်ပွဲအတွင်း စစ်ကားတစီးကိုလည်း ဖျက်ဆီး နိုင်ခဲ့ကြောင်း ဆိုသည်။
“ယာဉ်တန်းက ကားအစီး ၆၀ လောက်ရှိတယ်၊ နှစ်စီးက မီးလောင်သွားတယ်။ တစီးက သူတို့ ကရိန်းနဲ့ ပြန်သယ်သွားတယ်” ဟု မြေပြင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
မိုးဗြဲ-လွိုင်ကော်လမ်းပိုင်း တစ်ပတ်တာတိုက်ပွဲတွင် ဇူလိုင်လ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့သည် အပြင်းထန် ဆုံးဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်းသေဆုံးသည့်အပြင် MA-1 ငါးလက်၊ MA-2 တလက်၊ MA-3 နှစ်လက်၊ ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲကို KA၊ KNDF B-02 ၊ KNDF B-03၊ KNDF B-14 ၊ KNDF B-12 ၊ KNDF ETD နှင့် Loikaw PDF တို့ ပူးပေါင်းကာ စစ်ကြောင်းများခွဲ၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ဖယ်ခုံမှမိုးဗြဲမြို့သို့ ထိုးလာသည့်စစ်ကြောင်းဖြစ်ပြီး မိုးဗြဲ-လွိုင်ကော် လမ်းပိုင်း၌ ဖယ်ခုံ PDF တပ်ရင်း(၂)၊ KNDF B03 ၊ URF တို့နှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
၎င်းစစ်ကြောင်းသည် မိုးဗြဲမြို့တွင် အင်အားဖြည့်တင်းပြီးန လွိုင်ကော်မြို့ဘက်သို့ ဆက်လက် စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
လက်ရှိတွင် တိုက်ပွဲများ ငြိမ်နေသဖြင့် လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းအား သွားလာခွင့် ပြုကြောင်း KNDF B02 မှ ဇူလိုင်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သို့သော်လည်း လွိုင်ကော် - မိုးဗြဲ - ဖယ်ခုံ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေသေးသောကြောင့် အဆိုပါလမ်းပိုင်းအား အသုံးပြုမည့် ပြည်သူများအနေဖြင့် သတိထား သွား လာကြရန် KNDF မှ သတိပေးထားသည်။
ဓါတ်ပုံ- လွိုင်ကော်မြို့အနီး မော်ချီးစုစည်းရွာတွင် ဇူလိုင် ၂၄၊၂၅ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ (ပုံ- ပေးပို့)
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#မိုးဗြဲ
#လွိုင်ကော်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍20👏4❤3🔥1
အင်အားပြန်စုပြီး လက်ခတ်တောင် စခန်းကုန်းကို ထိုးစစ်ဆင်ဆင်ရန် စစ်ကောင်စီတပ် ပြင်ဆင်နေ
======================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်နိုင်ရန်အတွက် အင်အားပြန်စုပြီး လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ကော်ဘရာစစ်ကြောင်းနှင့် ဒေသသတွင်း စစ်ရေးသတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။
ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်က စတင်ကာ ညနေ ၃နာရီဝန်းကျင်အထိ လက်နက်ကြီးများဖြစ်သည့် ၈၁ မမ၊ ၁၂၀မမ၊ ဟောက်ဝစ်ဇာအမြောက်များကို အကြိမ်ရေ ၃၀ ကျော် ပစ်ခတ်ခဲ့ကြောင်း Cobra စစ်ကြောင်းက ပြောသည်။
စစ်ကောင်စီတပ်၏ ကြက်ကင်ကုန်း၊ ခမရ (၂၇၅) ၊ခလရ (၃၅၅) နှင့် မေတ္တာလင်းမြိုင်ကျေးရွာအနီးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။
“စစ်ကောင်စီဘက်က ထိုးစစ်ဆင်ဖို့ လက်နက်ကြီးပစ်ကူပေးတဲ့သဘောပေါ့၊ စကစဘက်က အင်အားများတယ်၊ သုံးနေရာလောက် ထိုးစစ်ဆင်မယ်လို့ ယူဆရတယ်၊ ဗျူဟာခင်းနေတဲ့ သဘောပေါ့၊ တစ်နေရာကို ၃၀၀ ကျော်လောက် ရောက်နေတယ်၊ စောချစ်သူဦးဆောင်တဲ့ BGF တွေလည်းပါတယ်၊ ထိုးစစ်ဆင်မယ့်ကိစ္စ သူတို့ ပါမှာလားဆိုတာတော့ မသိသေးဘူး” ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ကဘက်က လက်ခတ်တောင်ကုန်းတစ်လျှောက် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေ ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လက်ခတ်တောင်စခန်းကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် စစ်ကောင်စီတပ်မှ အင်အားအများပြားစုဆောင်းပြီး ထိုးစစ်ဆင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရကြောင်း CDM ဗိုလ်ကြီးတစ်ဦးက ပြောသည်။
“မြဝတီ - ဝေါ်လေကားလမ်းက စခန်းတွေထဲက အင်အားတွေကို သူတို့ထုတ်နုတ်ထားတယ်၊ သေ့ဘောဘိုးစခန်းကုန်းက အင်အားတွေပါလာတယ်၊ ဒီဘက်စစ်ကြောင်းထိုးဖို့ သူတို့ အင်းအားအတော်ပြန်စုနေရတယ်၊ တပ်မ (၄၄) လက်အောက်ခံတပ်က အမည်ပဲ ရှိတော့တာ၊ အင်အားမရှိတော့ဘူး”ဟု CDM ဗိုလ်ကြီးတစ်ဦးမှ ပြောသည်။
လက်ခတ်တောင်စခန်းကုန်းကို ထိုးစစ်ဆင်နိုင်ရန်အတွက် စစ်ကောင်စီတပ်စစ်ကူများလာသည့် လမ်းတစ်လျှောက်ကို တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများမှ ကြားဖြတ်တိုက်ခိုက်နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ၂၅ ရက်နေ့တွင် လက်ခတ်တောင်စခန်းကုန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး အထိနာကာ ဆုတ်ခွာသွားခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ လက်ခတ်တောင်စခန်းကုန်းသည် မြဝတီမြို့ ခံစစ်စည်းဖြစ်ကာ စစ်ရေးဗျူဟာမြောက်သည့် နေရာဖြစ်ပြီး ဇူလိုင်လ၂၁ ရက်နေ့တွင် ကော်ဘရာစစ်ကြောင်း (၁) နှင့် ကျားသစ်နက်စစ်ကြောင်းတို့မှ တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ခတ်တောင်တိုက်ပွဲတွင် ဆုတ်မိန့်မရဘဲ တပ်ဆုတ်ပြေးခဲ့သည့် ကျိုက်ထို အခြေစိုက် တပ်မ (၄၄) လက်အောက်ခံ ခလရ (၂)မှ တပ်ရင်းမှူး အာကာအောင်နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင်တို့ကို အမိန့်ဖီဆန်သဖြင့် စစ်ကောင်စီတပ်က ထောင်ချထားသည်။
ဓာတ်ပုံ- ပုံဟောင်း
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#Mizzima
#လက်ခတ်တောင်
#KNLA

👍23🥰3🔥1😁1🤬1
အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁,၀၀၀ ကျော် ပြန်လွတ်ရန်ရှိ
====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ဒုတိယဝါဆိုလပြည့်နေ့တွင်ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ချခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၇,၇၄၉ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီကကြေညာခဲ့ရာ ထိုထဲတွင် ရန်ကုန်အင်းစိန် ထောင်မှ ၁,၀၀၀ ကျော် ပြန်လွတ်ရန်ရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။
“ အင်းစိန်ထောင်ကနေ လွှတ်တော့မယ်ဗျ၊ ၁,၀၀၀ ကျော်လောက်လွတ်မယ်၊ ၅၀၅(က) တွေပါမယ်” ဟု မဇ္ဈိမသတင်းရင်းမြစ် ရှေ့နေကြီးတဦးကပြောသည်။
စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်သတင်းများကြောင့် ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်း မှ စတင်ကာ အင်းစိန်ထောင်ဗူးဝရှေ့တွင် လာရောက်စောင့်ဆိုင်းနေသူများရှိကြောင်း သိရသည်။
အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ နောက် တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံရမည်ဟူသော ခံဝန်စည်းကမ်းဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ - ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် ပြည်သူများ။ (ပုံ - CJ)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်
#အင်းစိန်ထောင်
#ဓမ္မစကြာအခါတော်နေ့

👍12🔥3
မဇ္ဈိမမီဒီယာ (၂၅)နှစ်ပြည့် အမှတ်တရ
=================
မင်္ဂလာပါလို့ မဇ္ဈိမ မိသားစုမှ နှုတ်ခွန်းဆက်သလိုက်ပါရစေ။
၂၀၂၃ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် ပြည်သူများအတွက် သတင်းတင်ဆက်ပေးလာခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။စတင်ထုတ်လွှင့်တဲ့ ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် အခိုင်အမာအားပေးခဲ့ကြတဲ့ ပရိသတ်များအား မဇ္ဈိမမိသားစုမှအထူးအလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ။
၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ အတွင်းရှိ ဒေသ အသီးသီးမှာ သတင်းပြတ်လပ်မှု မရှိစေရန် မဇ္ဈိမရေဒီယို အစီအစဥ်ကို နေ့စဥ်အောင်မြင်စွာ ထုတ်လွှင့်ပေးနိုင်ခဲ့ပြီး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက်လည်း ဗမာဘာသာစကား အပြင် အခြား တိုင်းရင်းသားဘာသာစကားများအတွက် တိုင်းရင်းသားရေဒီယိုနဲ့ တိုင်းရင်းသား ရုပ်သံအစီအစဥ်များကို ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီးမလျော့သော လုံလဝီရိယဖြင့်ပြည်သူများနဲ့ရပ်တည်၍ မှန်ကန်သောသတင်းများကိုတင်ဆက်ပေးနေမယ့် လွတ်လပ်သောမီဒီယာအဖြစ် ဆက်လက်ကြိုးစားသွားပါမယ်လို့ ကတိပြုရင်း ...
အထူးကျေးဇူးတင်စွာဖြင့်
မဇ္ဈိမ မိသားစု
https://youtu.be/fXnUdv0jk00
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

YouTube
မဇ္ဈိမမီဒီယာ (၂၅)နှစ်ပြည့် အမှတ်တရ
မင်္ဂလာပါလို့ မဇ္ဈိမ မိသားစုမှ နှုတ်ခွန်းဆက်သလိုက်ပါရစေ။
၂၀၂၃ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် ပြည်သူများအတွက် သတင်းတင်ဆက်ပေးလာခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။စတင်ထုတ်လွှင့်တဲ့ ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် အခိုင်အမာအားပေးခဲ့ကြတဲ့ ပရိသတ်များအား မဇ္ဈိမမိသ…

🥰9👍2👏2🔥1😁1
သမ္မတဦးဝင်းမြင့် တောင်ငူထောင်အတွင်းရှိနေဆဲဟုဆို
===================
ရွှေနွယ်
(မဇ္ဈိမ)။ ။နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းအထိ တောင်ငူထောင်အတွင်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း တောင်ငူအကျဉ်းထောင်ဝန်ထမ်းတဦးက ပြောသည်။
သမ္မတဦးဝင်းမြင့် အကျဉ်းကျနေသော တောင်ငူထောင်မှ ယနေ့နံနက်ပိုင်းတွင် အကျဉ်းသူ၊အကျဉ်းသား ၈၁ ဦးပြန်လည်လွတ်မြောက်လာပြီး ထိုသူများအနက် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်သည်ဟု အကျဉ်းထောင်သတင်းရင်းမြစ်၏ပြောဆိုချက်သိရသည်။
သမ္မတဦးဝင်းမြင့်သည် ယနေ့နေ့လယ် ၁၂ နာရီ ၄၅မိနစ်အထိ တောင်ငူထောင်အတွင်းရှိနေဆဲဖြစ်ပြီး ရွှေ့ပြောင်းဖို့ အရိပ်အယောင်လည်းမတွေ့ရသေးကြောင်း အထက်ပါ သတင်းရင်းမြစ်က အသ်ိပေးသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုတချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီ၏ဝါဒဖြန့် ရုပ်သံလိုင်းများက ယနေ့ နေ့လည် ၁၂ နာရီခန့်တွင်ကြေညာခဲ့သည်။
အသက် ၇၂နှစ်အရွယ် သမ္မတဦးဝင်းမြင့်သည် အမှုပေါင်းရှစ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ထိုအထဲမှ အမှုနှစ်ခုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့်ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုသည်” ဟု စစ်ကောင်စီကြေညာချက်၌ ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီ၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် အမှုငါးမှုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်းလည်း ပါရှိသည်။
ယနေ့ ကျရောက်သော ဒုတိယဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီး၌ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား ၇၇၄၉ ဦးကို ပြစ်ဒဏ်များ လျော့ပေါ့ လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီမှထုတ်ပြန်ထားသည်။ စစ်ကောင်စီက ယနေ့ လွတ်ငြိမ်းပေးသည့်သတင်းနှင့် ပတ်သက်သည့်အချက်အလက်များကို မဇ္ဈိမကဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။
စာတည်း - မောင်ကြီး
#mizzima
#နိုင်ငံတော်သမ္မတဦးဝင်းမြင့်
#လွတ်ငြိမ်းသက်သာခွင့်
#တောင်ငူထောင်တွင်းရှိနေ

👍12🤬2🤮2😁1
ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၇,၇၄၉ ဦးအား လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီထုတ်ပြန်
======================
YT
(မဇ္ဈိမ)။ ။ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ စခန်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၇,၇၄၉ ဦးအား လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ နာမည်ဖြင့် စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်သည်။
ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျရောက်သော ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုများကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ လွတ်ငြိမ်းခွင့်ရသွားသော အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် လွတ်ငြိမ်းခွင့်ပြုခဲ့စဉ်ကာလက ကျခံရန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်၍ တရားစွဲဆိုခံထားရဆဲဖြစ်သည့် ၇၂ ဦးအားလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမှုပတ်သိမ်းကြောင်း ကြေညာခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့သည် စစ်ကောင်စီက အာဏာသိမ်းကာလ သက်တမ်းထပ်မံတိုးထားသည့် ပထမဆုံးနေ့ဖြစ်ပြီး ဝါဆိုလပြည့်နေ့လည်း ဖြစ်သဖြင့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်များ ပြုလုပ်နေခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဓမ္မစကြာအခါတော်နေ့
#အထိမ်းအမှတ်
#လွတ်ငြိမ်းခွင့်

🔥3😁2👍1👎1🤔1
Media is too big
VIEW IN TELEGRAM
စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်
Watch more detail - https://www.youtube.com/watch?v=NdHI8LvjLNg
#reels
#shorts
#politicalnews

😁4👍1
Media is too big
VIEW IN TELEGRAM
စစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် စစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆို
Watch more detail - https://www.youtube.com/watch?v=P4-6xWkSOA4

👍17🥱2