Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁,၀၀၀ ကျော် ပြန်လွတ်ရန်ရှိ
👍4🔥1
အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁,၀၀၀ ကျော် ပြန်လွတ်ရန်ရှိ
====================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ဒုတိယဝါဆိုလပြည့်နေ့တွင်ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ချခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၇,၇၄၉ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီကကြေညာခဲ့ရာ ထိုထဲတွင် ရန်ကုန်အင်းစိန် ထောင်မှ ၁,၀၀၀ ကျော် ပြန်လွတ်ရန်ရှိကြောင်း ရှေ့နေအသိုင်းအဝိုင်းမှ သိရသည်။

“ အင်းစိန်ထောင်ကနေ လွှတ်တော့မယ်ဗျ၊ ၁,၀၀၀ ကျော်လောက်လွတ်မယ်၊ ၅၀၅(က) တွေပါမယ်” ဟု မဇ္ဈိမသတင်းရင်းမြစ် ရှေ့နေကြီးတဦးကပြောသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်သတင်းများကြောင့် ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်း မှ စတင်ကာ အင်းစိန်ထောင်ဗူးဝရှေ့တွင် လာရောက်စောင့်ဆိုင်းနေသူများရှိကြောင်း သိရသည်။
အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ နောက် တကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံရမည်ဟူသော ခံဝန်စည်းကမ်းဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုံစာ - ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် လာရောက်စောင့်ဆိုင်းနေသည့် ပြည်သူများ။ (ပုံ - CJ)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ပြစ်ဒဏ်လွတ်ငြိမ်းခွင့်
#အင်းစိန်ထောင်
#ဓမ္မစကြာအခါတော်နေ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🔥3
မဇ္ဈိမမီဒီယာ (၂၅)နှစ်ပြည့် အမှတ်တရ
=================

မင်္ဂလာပါလို့ မဇ္ဈိမ မိသားစုမှ နှုတ်ခွန်းဆက်သလိုက်ပါရစေ။

၂၀၂၃ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် ပြည်သူများအတွက် သတင်းတင်ဆက်ပေးလာခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။စတင်ထုတ်လွှင့်တဲ့ ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် အခိုင်အမာအားပေးခဲ့ကြတဲ့ ပရိသတ်များအား မဇ္ဈိမမိသားစုမှအထူးအလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ။

၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ အတွင်းရှိ ဒေသ အသီးသီးမှာ သတင်းပြတ်လပ်မှု မရှိစေရန် မဇ္ဈိမရေဒီယို အစီအစဥ်ကို နေ့စဥ်အောင်မြင်စွာ ထုတ်လွှင့်ပေးနိုင်ခဲ့ပြီး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက်လည်း ဗမာဘာသာစကား အပြင် အခြား တိုင်းရင်းသားဘာသာစကားများအတွက် တိုင်းရင်းသားရေဒီယိုနဲ့ တိုင်းရင်းသား ရုပ်သံအစီအစဥ်များကို ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။

ဆက်လက်ပြီးမလျော့သော လုံလဝီရိယဖြင့်ပြည်သူများနဲ့ရပ်တည်၍ မှန်ကန်သောသတင်းများကိုတင်ဆက်ပေးနေမယ့် လွတ်လပ်သောမီဒီယာအဖြစ် ဆက်လက်ကြိုးစားသွားပါမယ်လို့ ကတိပြုရင်း ...

အထူးကျေးဇူးတင်စွာဖြင့်
မဇ္ဈိမ မိသားစု

https://youtu.be/fXnUdv0jk00

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
🥰9👍2👏2🔥1😁1
​​သမ္မတဦးဝင်းမြင့် တောင်ငူထောင်အတွင်းရှိနေဆဲဟုဆို
===================

ရွှေနွယ်
(မဇ္ဈိမ)။ ။နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယနေ့ ဩဂုတ်လ ၁ ရက်နေ့ နေ့လယ်ပိုင်းအထိ တောင်ငူထောင်အတွင်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း တောင်ငူအကျဉ်းထောင်ဝန်ထမ်းတဦးက ပြောသည်။

သမ္မတဦးဝင်းမြင့် အကျဉ်းကျနေသော တောင်ငူထောင်မှ ယနေ့နံနက်ပိုင်းတွင် အကျဉ်းသူ၊အကျဉ်းသား ၈၁ ဦးပြန်လည်လွတ်မြောက်လာပြီး ထိုသူများအနက် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပါဝင်သည်ဟု အကျဉ်းထောင်သတင်းရင်းမြစ်၏ပြောဆိုချက်သိရသည်။

သမ္မတဦးဝင်းမြင့်သည် ယနေ့နေ့လယ် ၁၂ နာရီ ၄၅မိနစ်အထိ တောင်ငူထောင်အတွင်းရှိနေဆဲဖြစ်ပြီး ရွှေ့ပြောင်းဖို့ အရိပ်အယောင်လည်းမတွေ့ရသေးကြောင်း အထက်ပါ သတင်းရင်းမြစ်က အသ်ိပေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုတချို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီ၏ဝါဒဖြန့် ရုပ်သံလိုင်းများက ယနေ့ နေ့လည် ၁၂ နာရီခန့်တွင်ကြေညာခဲ့သည်။

အသက် ၇၂နှစ်အရွယ် သမ္မတဦးဝင်းမြင့်သည် အမှုပေါင်းရှစ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရပြီး ထိုအထဲမှ အမှုနှစ်ခုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

"ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှားစီရင်ပြီး ချမှတ်ခဲ့သည့်ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီးအမှတ် ၃၅/၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၃၆/၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့်ပြုသည်” ဟု စစ်ကောင်စီကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီ၏ ယနေ့ ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် အမှုငါးမှုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်းလည်း ပါရှိသည်။

ယနေ့ ကျရောက်သော ဒုတိယဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်အသီးသီး၌ပြစ်ဒဏ်ကျခံနေသော အကျဉ်းသား ၇၇၄၉ ဦးကို ပြစ်ဒဏ်များ လျော့ပေါ့ လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီမှထုတ်ပြန်ထားသည်။ စစ်ကောင်စီက ယနေ့ လွတ်ငြိမ်း‌ပေးသည့်သတင်းနှင့် ပတ်သက်သည့်အချက်အလက်များကို မဇ္ဈိမကဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။

စာတည်း - မောင်ကြီး

#mizzima
#နိုင်ငံတော်သမ္မတဦးဝင်းမြင့်
#လွတ်ငြိမ်းသက်သာခွင့်
#တောင်ငူထောင်တွင်းရှိနေ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12🤬2🤮2😁1
​​ဓမ္မစကြာနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၇,၇၄၉ ဦးအား လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီထုတ်ပြန်
======================

YT
(မဇ္ဈိမ)။ ။ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ စခန်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၇,၇၄၉ ဦးအား လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး​၏ နာမည်ဖြင့် စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ကျရောက်သော ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုများကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ လွတ်ငြိမ်းခွင့်ရသွားသော အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် လွတ်ငြိမ်းခွင့်ပြုခဲ့စဉ်ကာလက ကျခံရန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆက်စပ်၍ တရားစွဲဆိုခံထားရဆဲဖြစ်သည့် ၇၂ ဦးအားလည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမှုပတ်သိမ်းကြောင်း ကြေညာခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့သည် စစ်ကောင်စီက အာဏာသိမ်း​ကာလ သက်တမ်းထပ်မံတိုးထားသည့် ပထမဆုံးနေ့ဖြစ်ပြီး ဝါဆိုလပြည့်နေ့လည်း ဖြစ်သဖြင့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်များ ပြုလုပ်နေခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဓမ္မစကြာအခါတော်နေ့
#အထိမ်းအမှတ်
#လွတ်ငြိမ်းခွင့်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3😁2👍1👎1🤔1
Media is too big
VIEW IN TELEGRAM
စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်

Watch more detail - https://www.youtube.com/watch?v=NdHI8LvjLNg

#reels
#shorts
#politicalnews
😁4👍1
Media is too big
VIEW IN TELEGRAM
စစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် စစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆို

Watch more detail - https://www.youtube.com/watch?v=P4-6xWkSOA4

#reels
#shorts
#politicalnews
👍17🥱2
ဩဂုတ်လ (၁) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

00:58− ဒေါ်အောင်ဆန်းစုကြည် ထွက်လာပါကလည်း တော်လှန်ရေးလမ်းကြောင်း ပြောင်းသွားမှာမဟုတ်ကြောင်း NUCC နဲ့ NUG ကတိပြုတဲ့သတင်း

03:00− စစ်အာဏာသိမ်း နောက်ခြောက်လသက်တမ်းထပ်တိုးမှု အမေရိကန်နဲ့ကုလ စိုးရိမ်တကြီးတုံ့ပြန်တဲ့သတင်း

06:33− လက်ခတ်တောင်စခန်းကုန်းကို ထိုးစစ်ဆင်နိုင်ဖို့ စစ်ကောင်စီကြိုးပမ်းနေတဲ့သတင်းနဲ့

10:03− ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် စစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆိုကြတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/h8UeyRXIclw

Photo - CJ
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10🍌2❤1
Media is too big
VIEW IN TELEGRAM
စေ့စပ်ရေးလုပ်သူ မှန်သမျှ ပြည်ပြတ်သားသား ဆန့်ကျင်ရှုတ်ချကြောင်း တော်လှန်ရေး ၁၁ ဖွဲ့ထုတ်ပြန်

Watch more detail - https://www.youtube.com/watch?v=h16Wv3p4B1s

#reels
#shorts
#politicalnews
👍8👏4😁2
​​ကျွန်းစုတွင် ရင်ခွင်ပိုက် ကလေးငယ် အပါဝင် လူ ၁၇ ဦး ဖမ်းဆီးခံရ
===================

ကိုရွှေမြိတ်
(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လထဲ၌ ရင်ခွင်ပိုက် ကလေးငယ် အပါဝင် လူ ၁၇ ဦးကို PDF အဖွဲ့နှင့် ဆက်စပ်နေဟု ဆိုကာ စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ် လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးခံ ဒေသခံ ၁၇ ဦးထဲတွင် အမျိုးသား သုံးဦး၊ အမျိုးသမီး ကိုးဦး၊ နို့စို့အရွယ် ကလေးငယ် တစ်ဦးနှင့် မူလတန်းကျောင်းသားအရွယ် ကလေးနှစ်ဦး ပါဝင်ကြောင်း သိရသည်။
၎င်းတို့သည် ဇူလိုင်လ ၂၇ ရက်နေ့ ည ၈ နာရီအချိန်တွင် မြိတ်မြို့မှ ကျွန်းစုမြို့နယ် သဇင်ကျေးရွာသို့အပြန် ချောင်းဝအရောက်တွင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“လှေက ခရီးသည် လှေပါ၊ ရွာက ဒေသထွက်ကုန်တွေဖြစ်တဲ့ မီးသွေးနဲ့ အခြားသော ရေထွက် ပစ္စည်းတွေကို လာရောက် ရောင်းချပြီးအပြန်မှာ ဆန်တွေ တွေ့တော့ PDF ကို ထောက်ပံ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာ ဖြစ်တယ်”ဟု ကျွန်းစုမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ယင်း စက်လှေသည်၊ ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာရွာရှိ ခရီးသည်တင် စက်လှေ တစ်စီးဖြစ်ပြီး သဇင်ရွာရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးပြီးနောက် လက်ရှိမှာ ကျွန်းစုမြို့နယ် ရဲစခန်းကို ဇူလိုင်လ ၂၉ ရက်နေ့က ထပ်မံပို့ဆောင်လိုက်ကြောင်း ဒေသခံများက ပြောသည်။

“ရွာ အပြန်မှာ ရိက္ခာတွေဖြစ်တဲ့ ဆန်တွေပါတော့ PDF ကို ထောက်ပံ့တဲ့ စွပ်စွဲချက်နဲ့ ရိုက်နှက် စစ်ဆေးခံရပြီး ပို့လိုက်တာ” ဟု ဘန္ဒနဲကျေးရွာနေ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံနေရအချိန် အသက်မပြည့်သေးသော ရင်ခွင်ပိုက် ကလေးငယ်၏ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်းလည်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကျွန်းစုမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လထဲ၌ ရှော်တောမော်ရွာ ရဲစခန်းနှင့် ပျူစောထီး အဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်မှုများ ရှိခဲ့သည်။ ယင်း ပစ်ခတ်မှု အပြီးတွင် ဝါရစ်ရွာက အမျိုးသား သုံးဦးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် ဖမ်းဆီးပြီး တစ်ရက်အကြာတွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

ပုံစာ - ကျွန်းစုမြို့နယ်အား တွေ့ရစဉ်
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကျွန်းစု
#မြိတ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤬7😁4❤1🔥1
ရွှေဘိုမြို့နယ်က စစ်ဘေးရှောင် ၃,ဝဝဝ ကျော် အကူအညီလိုနေ (ရုပ်၊သံ)
===================

KMN
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေတာကြောင့် ဒေသခံ ၃,ဝဝဝ ကျော် ဘေးလွတ်ရာပြေးနေရပြီး သူတို့အတွက် အကူ အညီလိုအပ်နေတယ်လို့ ကူညီပေးသူတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေပြီး ဆိပ်ခွန်နယ်မြေ ရဲစခန်းမှာ တပ်စွဲခဲ့တာပါ။ အဲဒီစခန်းမှာတပ်စွဲပြီး ဇူလိုင် ၂၉ ရက်နေ့ကတည်းက ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ရမ်းသန် ပစ်ခတ်ခဲ့တာပါ။

ဆိပ်ခွန်နယ်မြေရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်နေမှုကြောင့် ဆိပ်ခွန်၊ ဘိုတည်းကုန်း၊ ကျောက်မြင့်၊ ဒင်တဲ၊ ချီပါ စတဲ့ကျေးရွာခြောက်ထက်မနည်းက စစ်ဘေးရှောင် ထောင်နဲ့ချီ ပြေးနေရတာပါ။ ရက်ရှည်လာရင် စာဝတ်နေရေးကူညီဖို့အတွက် အခက်အခဲရှိလာနိုင်တယ်လို့ S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

https://youtu.be/1ulZ86oZHkc

#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍3🔥2😁1
​​တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များကို လွတ်ငြိမ်းခွင့်ပေး၍ ဆက်စပ်သူများကို အမှုရုပ်သိမ်း
=========================

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များကို လွတ်ငြိမ်းခွင့်ပေးကာ လက်နက်ကိုင်အဖွဲ့များနှင့်ဆက်စပ်သူများအား စွဲဆိုထားသည့်အမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်လိုက်ကြောင်း စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ဦးကို လွတ်ငြိမ်းခွင့်ပေး၍ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူများဟု စွပ်စွဲဖမ်းဆီးထားသူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲဖြစ်သည့် ပြစ်မှုဆိုင်ရာအမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များဖြစ်သည့် MNDAA အဖွဲ့မှ နှစ်ဦး၊ TNLA အဖွဲ့မှ ၁၆ ဦး၊ SSPP/SSA အဖွဲ့မှ သုံးဦးနှင့် AAအဖွဲ့ဝင်တစ်ဦး စုစု‌ပေါင်း၂၂ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း နာမည်စာရင်း၊ အဖွဲ့အစည်းအမည်များနှင့် အတိအကျ ဖော်ပြထားသော်လည်း လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်သူ ၇၂ဦးကိုမူ ဖော်ပြထားခြင်း မရှိပေ။

ယနေ့ ဩဂုတ်လ ၁ရက်နေ့သည် စစ်ကောင်စီ၏ အာဏာသိမ်းသက်တမ်း ထပ်တိုးထားသည့် ပထမဆုံးနေ့ဖြစ်ပြီး စစ်ကောင်စီက တည်နေသည့်ဘုရား နေကဇာတင်သည့် နေ့လည်းဖြစ်ကာ ဝါဆိုလပြည့်နေ့လည်းဖြစ်သည့်အတွက် စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အမှုချို့ကို ပိတ်သိမ်းပေးခဲ့သည့်အပြင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားအကျဉ်းသူ ၇,၇၄၉ ဦးကိုလည်း စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးခဲ့သည်။

၎င်းတို့ကို နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသည့် စည်းကမ်းချက်ဖြင့် စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးခဲ့ခြင်းဖြစ်သည်။

Photo- စစ်ကောင်စီ၏ လွတ်ငြိမ်းကြောင့် အင်းစိန်ထောင်ရှေ့စောင့်ဆိုင်းနေသူများ
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကောင်စီ
#လွတ်ငြိမ်း
#တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2
​​မုံရွာ ဇလုပ်အဝိုင်းပတ်အနီးတိုက်ခိုက်မှု ရဲ ၂ဦးသေ၊ သုံးဦးဒဏ်ရာရဟုဆို
====================

ပါခွီး
(မဇ္စျိမ) ။ ။ မုံရွာမြို့၊ ဇလုပ်အဝိုင်းပတ်အနီးတွင် လမ်းသွားလမ်းလာများအား စစ်ဆေးနေသော စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ကို တိုက်ခိုက်ရာ ရဲနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားကြောင်း မုံရွာခရိုင်၊အမှတ် (၂၇) တပ်ရင်း၊ Black Dragon Force ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

မုံရွာ - အရာတော်လမ်းပိုင်း၊ ဇလုပ်အဝိုင်းပတ်အနီးမှ အင်အား ၁၅ဦးခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ယမန်နေ့ ဇူလိုင်လ ၃၁ရက် နေ့လယ် ၂နာရီခန့်တွင်တိုက်ခိုက်ခဲ့ခြင်းဟုသိရသည်။

“အဲဒီအဝိုင်းမှာ စကစတပ်သားနဲ့ ရဲတွေက အမြဲလိုလိုစစ်ဆေးနေကြဗျ။ လမ်းပေါ် ဗြောင်ထွက်ပစ်ရတော့ မိနစ်ပိုင်းလေးပဲကြာတယ်” ဟု Black Dragon Force အဖွဲ့ခေါင်းဆောင်က မဇ္စျိမကိုပြောသည်။
ရဲနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသွားသည်ဟု ၎င်းကဆိုသည်။ ထိုအချက်ကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်သည့် အနီးနားရှိ မုံရွာစီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က စစ်ကူလာနိုင်သောကြောင့် အလစ်အငိုက်ပစ်ခတ်ပြီး အလျင်အမြန်တပ်ဖျောက်ခဲ့ရသည်ဟု ဆက်ပြောသည်။စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း Black Dragon Force ကထုတ်ပြန်သည်။

တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၂၇) တပ်ရင်း တပ်ခွဲ(၁) နှင့် တပ်ခွဲ(၂) ၊ Royal Kings People Defense Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မုံရွာမြို့အဝင်ဆိုင်းဘုတ်( ပုံဟောင်း)
စာတည်း - မောင်ကြီး

#mizzima
#မုံရွာမြို့
#ဇလုပ်အဝိုင်းပတ်
#စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့
#တိုက်ခိုက်ခံရ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍8👏3😁2🔥1
​​အာဆီယံ၊ ထိုင်းနှင့် မြန်မာ မျက်နှာစာ အချိုးအကွေ့ (ဆောင်းပါး)
========================

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်တို့၏ ဇူလိုင် ၉ ရက်က နေပြည်တော်တွင် တွေ့ဆုံမှုသည် မြန်မာနိုင်ငံအတွက် နိုင်ငံရေးငြိမ်းချမ်းမှုလုပ်ငန်းစဉ်အတွက်သာမက အာဆီယံ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးကိုပါ “အသစ်လမ်းဖွင့်ခြင်း” ဟု မျှော်လင့်ချက်များ ဖြစ်ပေါ်စေသည်။ ဘုံသဘောတူညီချက် ငါးရပ် 5PC အား အကောင်အထည်ဖော်ရေး အာဆီယံဥက္ကဋ္ဌနှင့် အခြား အာဆီယံအဖွဲ့ဝင်များ၏ မြောက်မြောက်မြားမြား အားထုတ်မှုများမှ နောက်ဆုံး အဆင့်နှင့် ရလဒ်များကို လာမည့် စက်တင်ဘာအစောပိုင်း အာဆီယံဆက်စပ် အစည်းအဝေးများတွင် အပြည့်အဝ ပြန်လည်သုံးသပ်သွားကြမည် ဖြစ်သည်။

-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍1
အယ်လ်နီညိုကြောင့် လာမည့်နွေရာသီ ရေရှားပါးမှုများကြုံတွေနိုင် | Business Roundup (01.8.2023)
======================

- မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ဆိုရန် စင်ကာပူ အစိုးရ ပြတ်သားသင့်ဟုဆို

- ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားနေကြောင်း စစ်ခေါင်းဆောင်ပြောဆိုပြန်

- ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ငါးအဝယ်ရပ်လိုက်တာကြောင့် ရခိုင်နယ်စပ်ကုန်သွယ်ရေး ထိခိုက်

- အယ်လ်နီညိုကြောင့် လာမည့်နွေရာသီ ရေရှားပါးမှုများကြုံတွေနိုင်

https://youtu.be/CzE8MwHJ3pk

#BusinessRoundUp
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🔥2❤1😁1
ကန်ပလက်မှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်
😢13😁2