Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကန်ပလက်မှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်
😢13😁2
ကန်ပလက်မှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်
========================

ကိုခင်မောင်
မဇ္စျိမ။ ။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်းဒွေးမြို့သို့ ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ ရိက္ခာပို့ စစ် ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာ ၁၂ ရွာခန့်မှဒေသခံများ စစ်ဘေးရှောင် နေရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီပေးနေသူ တဦးကပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် ကန်ပက်လက်မြို့နယ် မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်၊ မှန်တောင်၊ ဒိုလောက်၊ ဘောင်ဘင်၊ ဆိုင်နန်၊ ဆေကေး၊ စလင်းမင်းသား၊ အထက်ပန်းသာ၊ အောက်ပန်းသာ၊ ခန်နန် စသည့်ကျေးရွာ ၁၂ ရွာခန့်မှ ဒေသခံများ နီးစပ်ရာတောတောင်ထဲတွင် တောင်ကြောအလိုက် စစ်ရှောင်နေကြရကြောင်း သိရသည်။

“စစ်ရှောင်တဲ့ရွာက ၁၂ ရွာပါရှင်။ အဲဒီထဲကမှ ကျင်ဒွေးကိုသွားတဲ့စစ်ကြောင်းက မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်၊ မှန်တောင်၊ ဒိုလောက် လမ်းကြောပေါ်ဖြတ်တော့ အဲဒီငါးရွာကတော့ ပိုဆိုးတယ်။ တောထဲက သစ်ပင်တွေအောက်မှာ နေနေကြရတော့ အမိုးအကာ အရေးပေါ်လိုအပ်တယ်။ ပြီးတော့ အခြေခံဆေးဝါး တွေနဲ့ ခြင်ထောင် အဓိကလိုအပ်တယ်။ စားနပ်ရိက္ခာကလည်း တပတ်စာလောက်ပဲရှိတယ်” ဟု စစ်ဘေး ရှောင်များကို ကူညီပေးသူတဦးက မဇ္စျိမသို့ ပြောသည်။

စစ်ဘေးရှောင်နေရသည်မှာကြာမြင့်နေပြီဖြစ်ကာ လက်ရှိတွင် ကျေးရွာ ၁၂ ရွာအနက် ခုနစ်ရွာမှ ဒေသခံ များမှာ ၎င်းတို့နေရပ်သို့ ပြန်ဝင်နေကြကြောင်းသိရပြီး ကျင်ဒွေးသို့သွားသော လမ်းကြောပေါ်ရှိ ကျေးရွာ ငါးရွာမှ ဒေသခံ ၁,၀၀၀ ကျော်မှာ ဆက်လက်တိမ်းရှာင်နေဆဲဖြစ်သည်ဟု ဆိုသည်။

“စစ်ဘေးရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အတူတူ မျှဝေကူညီဖို့ ဖိတ်ခေါ်လိုပါတယ်။ မိဘပြည် သူတွေရဲ့ ထည့်ဝင်လှူဒါန်းမှုတွေကို ဆန်၊ ခြင် ထောင်၊ တာလပတ်ဝယ်ဖို့အတွက်ဦးစားပေးသတ်မှတ် ထားပြီး ပမာဏထက်ပိုရင်တော့ ဆေးဝါးဝယ်ယူလှူဒါန်းသွားမှာပါ” ဟု လည်းဆိုသည်။

ကန်ပက်လက်မြို့နယ်၊ မှန်တောင်အုပ်စု၊ မဆာတွီကျေးရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၈ ရက်နေ့ တွင် လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ်ငါးလုံး ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းသည် ကျင်ဒွေးမြို့မှပြန်လည်ဆင်းလာရာ ကန်ပက်လက်မြို့နယ် မဆွာတွီကျေး ရွာအနီးသို့ရောက်ရှိနေပြီဖြစ်ပြီး လမ်းကြောင်းတလျောက်မှပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ စနစ် တကျ ရှောင်တိမ်းနေထိုင်ပေးကြပါရန် ဂန့်ဂေါခရိုင်အမှတ်(၆)တပ်ရင်း Laung She Regional People's Defence Force က ဇူလိုင် ၃၁ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

ပုံစာ။ ။ ကန်ပက်လက်မြို့နယ်မှ စစ်ဘေးရှောင်ဒေသခံများ
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ချင်ပြည်နယ်
#ကန်ပက်လက်မြို့နယ်
#စစ်ဘေးရှောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢4😁2
ဩဂုတ်လ (၁) ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

00:58- ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ရဲ့ အမှုတစ်ချို့ စစ်ကောင်စီလွတ်ငြိမ်းခွင့်ပေးတဲ့သတင်း

02:28- သမ္မတဦးဝင်းမြင့် တောင်ငူထောင်အတွင်းရှိနေတဲ့သတင်း

03:28- ပူးတွဲစစ်ရေးလေ့ကျင့်မှုအားလုံးမှာ တရားမဝင် စစ်ကောင်စီကို ချန်လှပ်ထားဖို့ အာဆီယံ လွှတ်တော်အမတ်တွေ တောင်းဆိုတဲ့သတင်းနဲ့

06:09- အင်အားပြန်စုပြီး လက်ခတ်တောင် စခန်းကုန်းကို ထိုးစစ်ဆင်ဖို့ စစ်ကောင်စီတပ် ပြင်ဆင်နေတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/-Z4cgtvgAkk

Photo - CJ

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁4
Media is too big
VIEW IN TELEGRAM
တရုတ်နိုင်ငံမြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လူ ၂ ဦးသေဆုံးခဲ့တဲ့ ပေကျင်းမှာ သတိပေးချက်ထုတ်ပြန်ထား

#internationalnews
#reels
#shorts
👍5👏3🔥2
​​ခြောက်လ သက်တမ်းတိုး စစ်ခေါင်းဆောင်ကို “အာဏာရူး”ဟု NLD ပြော
=====================

ဂျူချန်း
(မဇ္ဈိမ) ။ ။ “နိုင်ငံရေးအခြေအနေအရ” ဟုဆိုကာ ခြောက်လသက်တမ်းကို လေးကြိမ်မြောက်ထပ်တိုးခဲ့သည့် စစ်ခေါင်းဆောင်အား အာဏာရူး ဟု ခေါ်ဝေါ်လိုက်ပြီး ၎င်းတို့ပြဋ္ဌာန်းထားသောဥပဒေကိုပင် ပြန်လည်ချိုးဖောက်နေသည်ဟု NLD ဗဟိုအလုပ်ကော်မတီဝင် ဦးထွန်းမြင့်က တုံ့ပြန်လိုက်သည်။

“အာဏာကိုရူးလို့ လုယူထားတာ ဒီမင်းအောင်လှိုင်က။ ဖွဲ့စည်းပုံက သူတို့စိတ်ကြိုက်ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်။ ခြောက်လ၊ ခြောက်လ နှစ်ကြိမ်ပဲ တိုးပိုင်ခွင့်ရှိတာကို သာမန်အခြေအနေ ပုံမှန်ဖြစ်အောင် မထိန်းသိမ်းနိုင်လို့ ခြောက်လကို သူတိုးချင်သလောက်တိုးမယ်၊ ရပ်ချင်သလောက်ရပ်မယ်ဆိုတဲ့ပုံစံကတော့ စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ဇူလိုင်လ ၃၁ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (ကာလုံ) ၌ နောက်ထပ်ခြောက်လ သက်တမ်းတိုးကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ၊ ပုဒ်မ ၄၂၅ တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးပါက သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြတင်ပြလာပါက သာမန်အားဖြင့်တစ်ကြိမ်လျှင် ခြောက်လအထိကို နှစ်ကြိမ် တိုးမြှင့်ပေးနိုင်ကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ သက်တမ်းခြောက်လ ထပ်မံတိုးလိုက်ခြင်းသည် ၎င်းတို့ပြဋ္ဌာန်းထားသည့်ဥပဒေကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်နေခြင်းနှင့် အာဏာသိမ်းမှုမအောင်မြင်ကြောင်းကို ပြသနေခြင်းဖြစ်သည်ဟု NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောကလည်းဆိုသည်။
ထို့အပြင် စစ်ကောင်စီမှကျင်းပမည်ဟု ကြွေးကြော်ထားသည့် ရွေးကောက်ပွဲကိုလည်း အောင်မြင်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ဝန်ခံခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
“ သူတို့အရေးပေါ်အခြေအနေကို ကြေညာတာဟာ သူတို့အတွက် အရေးပေါ်နေတာကို ပြနေတာပါပဲ။ သူတို့ပြောတဲ့ ရွေးကောက်ပွဲကို သူတို့ကိုယ်တိုင် မလုပ်နိုင်ဘူးဆိုတာ ဝန်ခံတဲ့ အချက်ပါ” ဟု ဦးကျော်ဇော ကဆိုသည်။

ဇူလိုင် ၃၁ ရက်နေ့၌ကျင်းပသည့် ကာလုံအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ တနင်္သာရီတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှ နေရာအချို့ကိုချန်လှပ်ကာ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း ပြောကြားခဲ့သည်။

ထိုအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#အာဏာရူး
#စစ်ခေါင်းဆောင်,
#NLD
#NUG
#သက်တမ်းတိုး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍20😁4👏3🤮2💩1
This media is not supported in your browser
VIEW IN TELEGRAM
လူအသေအပျောက်များတဲ့ ပေါက်ကွဲမှုအပြီး ပါကစ္စတန်ရဲတပ်ဖွဲ့က ဗုံးခွဲရာနေရာကို ပိုက်စိတ်တိုက်ရှင်းလင်း

#internationalnews
#reels
#shorts
👍9👏2🔥1
Media is too big
VIEW IN TELEGRAM
ပြင်သစ်က စစ်ရေးအရဝင်ရောက်စွက်ဖက်ဖို့ ကြံစည်နေကြောင်း နိုင်ဂျာအာဏာသိမ်းစစ်တပ်ပြော

#internationalnews
#reels
#shorts
👏7👍6
​​မြန်မာ အရေးပေါ် အခြေအနေ သက်တမ်းတိုးခြင်းအတွက် အမေရိကန် စိုးရိမ်
=====================

မြန်မာအာဏာသိမ်း စစ်ကောင်စီက အရေးပေါ် အခြေအနေကို နောက်ထပ် သက်တမ်း ခြောက်လတိုးလိုက်ခြင်းအတွက် အမေရိကန်အနေဖြင့် “အလွန် စိုးရိမ်ပူပန်ကြောင်း” နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက တနင်္လာနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁6
Media is too big
VIEW IN TELEGRAM
ကရာဘက်မှာ လူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ကြက်ခြေနီတောင်းဆို

#internationalnews
#reels
#shorts
👍7🔥2
စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
====================

ပါခွီး
(မဇ္စျိမ) ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဩဂုတ်လ ၁ ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး ကျဆုံးအာဇာနည်များကို အလေးပြုခဲ့ကြကာ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

ယနေ့ချီတက်ပွဲသည် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၆၂ ရက် မြောက်အဖြစ် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ် လ ၉ ရက်မှစတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍3🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာစစ်အုပ်စုထံ စစ်လက်နက်ပစ္စည်း ရောင်းချမှု ပိတ်ဆို့ရန် စင်ကာပူ အစိုးရ ပြတ်သားသင့်ဟုဆို

#shorts #reels #mizzimatv #mizzima
👍8😁2