Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဂျမူး-ကက်ရှ်မီးယား ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပုဒ်မ ၃၇၀ ဖျက်သိမ်း ပြီးနောက် တိုးတက်ပြောင်းလဲ လာကြောင်း အိန္ဒိယအစိုးရ ပြောကြား
====================

ဂျမူး နှင့် ကက်ရှ်မီးယား ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပုဒ်မ ၃၇၀ ကို တရားဝင် ဖျက်သိမ်းလိုက်ပြီးနောက် ကဏ္ဍအသီးသီး တွင် ထူးထူးခြားခြား အသွင်ကူးပြောင်းမှုများ ပြုလုပ်ခဲ့ပြီး အခွင့်အလမ်းသစ်များနှင့် တိုးတက်မှုများဖြစ်စေခဲ့သည်။

ဒေသတွင်းရှိ ပညာရေးအဖွဲ့အစည်းများသည် အနှောင့်အယှက်မရှိ လည်ပတ်နေသလို လွယ်ကူ ချောမွေ့သော အင်တာနက် ဝန်ဆောင်မှုများရရှိနိုင်မှုက ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရန် အထောက်အကူတစ်ခု ဖြစ်လာသည်။

နယ်စပ်ခရီးသွားလာမှု တိုးတက် လာသဖြင့် နိုင်ငံအနှံ့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားလာကာ ဒေသ အသီးသီးတွင် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာခဲ့သည်။ အဆိုပါ ပြောင်းလဲမှုများ၏ ဘက်စုံအကျိုးသက်ရောက်မှုများကို လေ့လာကြည့်လျှင် ပုဒ်မ ၃၇၀ ဖျက်သိမ်းပြီးနောက်တွင် ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် သိရှိနိုင်မှုများကို မျှဝေကြ သောကြောင့် ဖြစ်သည်။

ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ အဆင်ပြေ ချောမွေ့စွာ လည်ပတ်နေမှုသည် ပုဒ်မ ၃၇၀ အလွန် အသွင်ကူးပြောင်းခြင်း၏ အထင်ရှားဆုံး အပြုသဘောဆောင်သည့် ရလဒ်များထဲမှ တစ်ခုဖြစ်သည်။ အကူးအပြောင်းကာလတွင် စိန်ခေါ်မှုများရှိနေသော်လည်း ကျောင်းများနှင့် ကောလိပ်များသည် ကျောင်းသားများအား တည်ငြိမ်ပြီး အနှောက်အယှက်ကင်းသော သင်ကြားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးလျက်ရှိပါသည်။
👍4🔥2
Media is too big
VIEW IN TELEGRAM
ဆီနီဂေါမှာ ဘတ်စ်ကားတစ်စီးကို ဓါတ်ဆီဗုံးနဲ့တိုက်ခိုက်မှုအတွင်း လူ ၂ ဦးသေဆုံး

#internationalnews #reels #shorts
👍6🤯2🔥1
​​ကမ္ဘောဒီးယားရွေးကောက်ပွဲအပေါ် ဝေဖန်သူများကို ဟွန်ဆန် ပြန်လည်ခွန်းတုံ့ပြန်
=======================

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရာထူးမှ ဆင်းပေးတော့မည့် ဟွန်ဆန်က သူ၏ ပါတီ အနိုင်ရခဲ့သော ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများနှင့်ပတ်သက်ပြီး ဩဂုတ် ၃ ရက်တွင် ပြင်းထန်စွာ ပြန်လည်ခွန်းတုံ့ပြန်သွားခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
🤣12👏5👍2
​​Lakshmi
===========

အသက် ဆယ်နှစ်အရွယ် “ လက်ရှမီ ”ဟာ သူမ ဖခင်ရဲ့ သွေးအပြည့်ပါသူ ပီပီ အက ကို လွန်စွာ ရူးသွပ်သူဖြစ်ပါတယ် ။

ဒါပေမယ့် သူမရဲ့ မိခင်ဖြစ်သူ “ နန်ဒါနီ “ ဟာ ဂီတနှင့်အကကိုလွန်စွာ မုန်းတီးသူ ဖြစ်ပါတယ်။

“ လက်ရှမီ ” ဟာ သူမရဲ့ မိခင်မကြိုက်နှစ်သက်တဲ့ ဒီ အက ပညာရပ်ကိုမှ ရူးသွပ်တာကြောင့် မိခင်နဲ့ ဝါသနာကြားဗျာများနေခဲ့တာပါ ။
တနေ့ သူမရဲ့ဝါသနာ အက ပညာလွတ်လွတ်လပ်လပ်လေ့ကျင့်လို့ရတဲ့ ကော်ဖီဆိုင် တစ်ဆိုင်ကို ရှာတွေ့သွားပါတော့တယ် ။

“ ဗီဂျေ ကတ်ရှ်နား ” လို့ခေါ်တဲ့ VK ဟာ သူမရဲ့ အကလှုပ်ရှားမှုတွေကို သဘောကျလာတာကြောင့် သူ့ရဲ့ဆိုင်မှာ အက လေ့ကျင့်ခွင့်ပေးထားပါတယ် ။

မကြာမီမှာ သူမဟာ နိုင်ငံအဆင့်ပြိုင်ပွဲအတွက် ကျောင်းသားတွေကို လေ့ကျင့်ရွေးချယ်ပေးသည့် အကသင်တန်းကျောင်းတွင် VKကို သူမရဲ့ ဖခင်အနေနဲ့ အကူအညီတောင်းပြီး ကျောင်းအပ်နှံပြီး စာရင်းသွင်းခဲ့ပါတယ် ။

နိုင်ငံအဆင့်ပြိုင်ပွဲအတွက် သူမဘယ်လိုတွေပြင်ဆင်မလဲ ? VK ကရောဘယ်လိုလူမျိုးလဲ ?

လက်ရှမီ နဲ့ VK ရဲ့ပတ်သက်မူကရော ဘာလဲ ဆိုတာကိုတော့ Mizzima + Channel မှာ စောင့်မျှော်ကြည့်ရူနိုင်ပါပြီ။
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်

App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak

#New ပြသမည့်ရက်။ ။ ၃.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၄.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍3😁2
​​ဘီးလင်းတွင် ၂ ရက်ဆက် တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ် အင်အား ၁၀၀ ခန့် ထပ်တိုး
=====================

YT
(မဇ္ဈိမ)။ ။ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုတွင် နှစ်ရက်ဆက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့် ထပ်မံဖြည့်တင်းထားကြောင်း သထုံခရိုင် PDF တာဝန်ခံနှင့် တပ်မဟာ (၁) KNLA သတင်းရင်းမြစ်ထံက သိရသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာနှင့် ချောင်းစောင့်ကျေးရွာဘက်မှနေ၍ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ဝီယော်ကျေးရွာရှိ ဝီယော်စစ်ကောင်စီစခန်းသို့ အင်အားဖြည့်တင်းရန်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ကာကွယ်ရေးပူးပေါင်းတပ်တို့ ဇူလိုင်လ ၃၁ ရက် နှင့် သြဂုတ်လ ၁ နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုစစ်ကြောင်းတွင် စစ်ကောင်စီတပ်က နောက်ထပ်အင်အား ၁၀၀ ခန့် ဖြည့်တင်းကာ ဝီယော်စခန်းဘက်သို့ ဆက်လက် ဦးတည်သွားနေကြောင်း သိရသည်။ထုံးဘိုကြီးနှင့် ပိန္နဲတောကျေးရွာအကြားရှိ ဝီယော်စခန်းတွင် ခြေမြန်တပ်ရင်း ခမရ -၉ က အင်အား ၃၀ ဝန်းကျင်ဖြင့် အထိုင်ချထားသည်။ အဆိုပါ စခန်းသည် တော်လှန်ရေးအင်အားစုများ​၏ ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏ တိုက်ခိုက်ခံရသော စခန်းဖြစ်သည်။

" မိချောင်းအိုင်၊ ခလောက်အင်းနားမှာ ၃၁ ရက်နေ့က ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးယောက်ကျတယ်။ သေတယ်ပေါ့။ နှစ်ယောက်ဒဏ်ရာရတယ်။ ဒီဘက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း နှစ်ယောက် မစိုးရိမ်ရ ဒဏ်ရာရထားပါတယ်။ ကားတစ်စီး မီးရှို့ခံရတယ်လို့ ပြောပေမယ့် ကြေးနန်းထဲ မပါလာတော့ အတည်ပြုနေဆဲပါပဲ" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းခွန်းက မဇ္ဈိမကိုပြောသည်။

ဇူလိုင်လ ၃၁ ရက် နေ့လယ်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မိချောင်းအိုင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုး ထိုစစ်ကောင်စီတပ်သားများနှင့် တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့၊ တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီးစစ်ကြောင်းတို့ကြား ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

" တိုက်ပွဲက အရမ်းတော့ မကြာလိုက်ဘူး ။ ဒါပေမဲ့ သူတို့ဘက်က စစ်ကြောင်းထပ်တိုးလာလို့ ဒီဘက်က တပ်ဆုတ်တော့ လမ်းမကောင်းတာနဲ့ ဖိုးဝှီးတစ်စီး ပြန်မယူနိုင်လို့ ချန်ခဲ့ရတယ်။ အဲ့ဒီကားကို ရန်သူက မီးရှို့သွားတယ်" ဟု တပ်မဟာ (၁) KNLA သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

တောကျီးကန်းစစ်ကြောင်း ပိုင်ဆိုင်သည့် ဖိုးဝှီးကားကို ပြန်ယူရန် အခက်အခဲရှိ၍ တိုက်ပွဲဖြစ်ပွားရာ အနီး ထားခဲ့ရာမှ စစ်ကောင်စီတပ်က မီးရှို့သွားကြောင်း သိရသည်။​

သြဂုတ်လ ၁ ရက်က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ဦးရေကို စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း၎င်းကဆိုသည်။
ဘီးလင်းမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ​၏ နယ်မြေသက်မှတ်ချက်အရ တပ်မဟာ (၁) နယ်မြေအတွင်း တည်ရှိပြီး တပ်မဟာ (၁) KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီယာဉ်တန်းများအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်ရင်းများအား ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားလေ့ရှိသော နယ်မြေဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အင်အား ၁၀၀ ခန့်ထပ်တိုး
#ဝီယော်စခန်း

ပုံအညွှန်း- တိုက်ပွဲဝင်နေသည့် KNLA တပ်သားတစ်ဦး
( ဓါတ်ပုံ- KNU)
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍13👏4🤬2
​​ကားမိုင်းပေါက်ကွဲမှုဖြစ်ပြီးနောက် သံလွင်တံတား(ဘားအံ) ဖြတ်သန်းသွားလာခွင့် အချိန်ပြောင်းလဲ
===================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဘားအံမြိို့နယ်၊ သံလွင်တံတား (ဘားအံ) အနီး စစ်ဆေးရေးဂိတ်အရှေ့၌ ကားမိုင်းပေါက်ကွဲမှုဖြစ်ပြီးပွားနောက် စစ်ကောင်စီက သံလွင်တံတား (ဘားအံ) ပေါ်သို့ ဖြတ်သန်းသွားလာချိန်အား ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

သံလွင်တံတား (ဘားအံ) ပေါ်သို့ ဖြတ်သန်းသွားလာချိန်အား ယခင်ကာလက နံနက် ၆ နာရီမှ ည ၁၀ နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ပြုထားသော်လည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ နံနက် ၆ နာရီမှ ည ၇ နာရီအတွင်းသာ ဖြတ်သန်းသွားလာရန် စစ်ကောင်စီက ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၆ နာရီ ၄၀ မိနစ်အချိန်က သံလွင်တံတား (ဘားအံ)၊ ဘားအံမြို့၊ တရုတ်လှရွာဘက်ခြမ်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အရှေ့တွင် အိမ်စီးကားတစ်စီး၌ မိုင်းထောင်၍ ဖောက်ခွဲခံခဲ့ရပြီးနောက်မှစ၍ လုံခြုံရေးအရဟုဆိုကာ တံတားပေါ်သို့ ဖြတ်သန်းသွားလာချိန် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။

" ပေါက်ကွဲမှုဖြစ်ပြီးတော့ လုံခြုံရေးအရဆိုပြီး ပြောင်းလဲသတ်မှတ်လိုက်တာပေါ့။ အရင်က မနက် ၆ ည ၁၀ အထိ သွားလာလို့ရတယ်။ အခုကတော့ မနက် ၆ ည ၇ နာရီ ဖြစ်သွားပြီ" ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

" ဗုံးပေါက်တဲ့ နေ့က သေတာတွေ ရှိကြတယ်လေ၊ ဘာကွာသွားလဲဆိုတော့ သွားလာချိန်နည်းသွားတာပေါ့။ သူတို့ စစ်ဆေးနေတာနဲ့ ရစ်နေတာနဲ့ဆိုတော့ ခရီးက တော်တော်နဲ့ မရောက်တော့ဘူး။ ပြီးတော့ အရင်ကဆို အရပ်ဝတ်တွေနဲ့ ယူနီဖောင်းတွေနဲ့ရော ဒီတိုင်းစစ်တာများတယ်လေ၊ အခုဆို ကျည်ကာတွေပါ ဝတ်ထားကြတယ် " ဟု ဘားအံမြို့ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ်အရှေ့ ကားမိုင်းထောင် ဖောက်ခွဲမှုအား ဘားအံအခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Hpa An Guerilla Force က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အထိအခိုက် အကျအဆုံးများအား အတည်ပြုနေဆဲသာဖြစ်ကြောင်း အဆိုပါအဖွဲ့တာဝန်ခံက ဇူလိုင်လ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက မဇ္ဈိမကိုအတည်ပြုပြောဆိုသည်။

သံလွင်တံတား (ဘားအံ)သည် မြိုင်ကလေးကျေးရွာနှင့် ဘားအံမြို့အား ဆက်သွယ်ထားသော တံတားဖြစ်ပြီး အဆိုပါ တံတားအစပ်တွင် အခိုင်အမာစစ်ဆေးရေးဂိတ်ပြုလုပ်ထားကာ စစ်ကောင်စီ လက်အအောက်ခံ အုပ်ချုပ်ရေး၊ ရဲနှင့် စစ်သား ၅၀ ဦး ဝန်းကျင်ဖြင့် အထိုင်ချ၍ ခရီးသွားလာသည့် လူငယ်၊ လူရွယ်၊ သက်ကြီး၊ သက်ငယ်မရွေးအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အဆိုပါဂိတ်တွင် နိုင်ငံသားစီစစ်ရေးကဒ်ပြားစစ်ဆေးခြင်း၊ ခရီးဆောင်အိတ်များအတွင်း ရှာဖွေစစ်ဆေးခြင်း၊ အမျိုးသားများအား အဝတ်အစားချွတ်စေ၍ ခန္ဓာကိုယ်ပေါ်၌ နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် တက်တူးများ ရှိမရှိစစ်ဆေးခြင်းတို့အပြင် လက်ကိုင်ဖုန်းများအတွင်းရှိ အချက်အလက်များကိုပါ စစ်ဆေးလေ့ရှိသည်။

လက်ကိုင်ဖုန်းများအတွင်းရှိ မက်ဆင်ဂျာ (Messenger)၊ ဓာတ်ပုံခန်း (Gallery)၊ တယ်လီဂရမ် (Telegram) တို့အပြင် ဝှက်ထားသော ဖိုင်များကိုပါ ကွန်ပျူတာနှင့် ချိတ်ဆက်၍ စစ်ဆေးပြီး ထိို့သို့ စစ်ဆေးခံရမှုကြောင့် တော်လှန်ရေးနှင့် ဆက်နွယ်နေသည့် လူငယ်လူရွယ်များ၊သင်တန်းဆင်း ရဲဘော် အများအပြား မကြာခဏ ဖမ်းဆီးခံရကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ဘားအံမြိို့နယ်
#နွေဦးတော်လှန်ရေး
#Gallery
#သံလွင်တံတား
ဓါတ်ပုံ-( လူမှုကွန်ယက်) သံလွင်တံတား (ဘားအံ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍11😁4👏1😱1
Media is too big
VIEW IN TELEGRAM
Human Rights Barometer | စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်ပတ်သက်၍ အင်တာဗျူး

Watch more detail - https://youtu.be/OKb6jR3eyi4

#HumanRightsBarometer #စကားဝိုင်း #HumanRightsBarometershorts #reels
👍8😁2
ဩဂုတ်လ (၃) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမ ပင်မသတင်းအစီအစဥ်
=====================

- သာယာဝတီထောင်မှာ အသက် ၅၀ ကျော်အရွယ် CDM ကျောင်းအုပ်အပါအဝင် နိုင်ကျဉ်းအမျိုးသမီးတွေ တိုက်ပိတ်ခံရပြီး ရိုက်နှက်ခံထားရတဲ့သတင်း

- စစ်ခေါင်းဆောင်တည်တဲ့ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပြီး နောက် ၁ ရက်မှာပဲ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး အလုပ်ပြုတ်သွားတဲ့သတင်း

- ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်က “လုံးဝ အဓိပ္ပါယ်မရှိဘူး”လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ပြောလိုက်တဲ့အကြောင်း

- ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် အရန်ဆန်တွေ ထုတ်ရောင်းပေမယ့် ဆန်ဈေး အမြင့်ဆုံးကို ရောက်ရှိနေတဲ့သတင်း

- TNLA တပ်သား ၁၆ ယောက်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပေမယ့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့အကြောင်း

- အာဏာသိမ်းခံလိုက်ရတဲ့ နိုင်ဂျာကနေ ဥရောပနိုင်ငံသားတွေ ထွက်ခွာနေရတဲ့သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/zCoh8GJDASY?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🍌2
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၃ ဩဂုတ် ၂၀၂၃)
=======================

အကြမ်းဖက်စစ်ကောင်စီမှ ယတြာချေသလိုဖြင့် ဘုရားထုလုပ်တည်ထားကိုးကွယ်ပြီးနောက် ၎င်းတို့၏ ဝါဒဖြန့်ချိရေးသတင်းစာများ၏ ဖော်ပြချက်အရ ပြည်သူကို တစ်ပတ်သာ အခမဲ့ဖူးခွင့်ပေးမည်ဟု ရေးသားထားခြင်းကြောင့် ဘုရားအကြောင်းပြု ပိုက်ဆံရှာရန် စစ်ကောင်စီမှ စီစဉ်နေခြင်းဖြစ်သည်။ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီးက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်မည်ဟုဆိုထားသည့်အတွက် ရိုဟင်ဂျာများနှင့် ပြည်သူများအပေါ်စစ်တပ် ကျူးလွန်မှုများ အတွက် အရေးယူနိုင်ဖို့ နီးစပ်လာနိုင်ဖွယ်ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
❤5😁3👍1
Media is too big
VIEW IN TELEGRAM
Aug - 3 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍3🍌2
​​စံချိန်တင်ကျဆင်းသွားခဲ့သည့် အန္တာတိကရေခဲပြင်များ
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
​​အပြောင်းအလဲကြီးပြောင်းလဲလာသည့် ကမ္ဘာ့ကျောက်ထုလွှာများ
=====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4
​​ဂြိုဟ်ပတ်လမ်းကြောင်းထဲ ရောက်ရှိသွားပြီဖြစ်သည့် ကမ္ဘာ့အလေးဆုံး ဆက်သွယ်ရေးဂြိုဟ်တု
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁2
စစ်ကောင်စီတပ်၏အစုအပြုံလိုက်သတ်ဖြတ်မှုများနှင့်ပတ်သက်၍ အင်တာဗျူး| Human Rights Barometer - Episode 19
=====================

"ခမရ (၃၆၁) က မီးရှို့တဲ့စစ်ကြောင်း နဲ့ ခမရ (၃၆၈)က လူသတ်တဲ့စစ်ကြောင်းလို့ ဒေသခံတွေကပြောကြတယ်" ဟု NUG လူ့အခွင့်အရေးဝန်ကြီးပြောကြား

စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများနှင့်ပတ်သက်၍ အင်တာဗျူး

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးဝင်းမြင့်တို့၏ အမှုတချို့လျော့ပေါ့ပေးခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းတို့ မကြာသေးခင်က လုပ်ခဲ့သည်။ သို့သော် စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများလည်း တိုးပွားလာသည်ကိုတွေ့ရသည်။ စစ်ကိိုင်းတိုင်းတွင် အရပ်သားများကိုသတ်ဖြတ်ရန်နှင့် နေအိမ်များမီးရှို့ရန် အထူးပြုထားသော စစ်ကောင်စီတပ်စစ်ကြောင်းများဖြစ်သည့် ဘီလူးစစ်ကြောင်း၊ ကွန်မန်ဒို (ဝါ) လင်းယုံစစ်ကြောင်းနှင့် တပ်မ (၃၃) လက်အောက်ခံစစ်ကြောင်းများအကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆွေးနွေးထားသည်။

https://youtu.be/OKb6jR3eyi4

#Human Rights Barometer
#အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
#စစ်ကောင်စီ
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10🥰1😁1
“အညာက တော်လှန်ရေး ရပ်လိုက်ရင် နွေဦးတော်လှန်ရေးဟာ ပြီးဆုံးသွားနိုင်တယ်”
======================

MTO - မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အညာဒေသဟာ စစ်ကောင်စီ က ထင်မှတ်မထားလောက်အောင်ကို စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အစွမ်းကုန် တော်လှန်နေကြပါတယ်။

ဒီလိုတော်လှန်နေတဲ့ အပေါ် စစ်ကောင်စီတပ်ဘက်ကလည်း အညာဒေသကို အစွမ်းကုန် နည်းလမ်းမျိုးစုံနဲ့ နှိမ်နင်းနေ လို့ အခုဆို အညာဒေသက ရွာတွေဟာ မီးလောင်ပြင်တွေ ဖြစ်နေရပြီး စစ်ဒဏ်ကို အတော်လေးခံစားနေရပါတယ်။

နွေဦးတော်လှန်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အညာဒေသမှာ လက်ရှိတော်လှန်ရေးသာ ရပ်တန့်သွားပါက နွေဦးတော်လှန်ရေးဟာ ပြီးဆုံသွားနိုင်တယ်လို့ ရေစကြို မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ရဲ့ ခေါင်းဆောင် ရဲဘော်ဝေကြီးက မဇ္ဈိမကို ပြောပါတယ်။

တင်ဆက် ၊ တည်းဖြတ် = MTO

https://youtu.be/sMMeiC8Ub8Y

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍7🔥3😁1
သြဂုတ်လ (၃)ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယို အစီအစဉ်
=====================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ... ရွှေတောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မြခွာညိုဦးရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက ဒီကနေ့ ဩဂုတ်လ ၃ ရက်နေ့ မနက် ၉နာရီလောက်မှာ ချိပ်ပိတ်သွားခဲ့တဲ့ သတင်းနဲ့အတူ အရေးပေါ်ကာလ ခြောက်လသက်တမ်းထပ်တိုးကြောင်း ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းကာ ဝန်ကြီးအချို့ကိုလည်း အနားပေးလိုက်တဲ့သတင်း အပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့  နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။   
အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။  

....................................................
မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်ကို မတ်လ ၂၆ ရက်နေ့ကစပြီး Frequency ပြောင်းလဲထုတ်လွှင့်နေတာဖြစ်တဲ့အတွက် ယခင်ဖမ်းယူနေကျ လှိုင်းတိုမီတာ ၁၆ မီတာ ၊ ၁၇.၇၃ မီဂါဟဇ်ကနေ လှိုင်းတိုမီတာ ၁၃ မီတာ၊ ၂၁.၇၁ မီဂါဟဇ်ကို ပြောင်းလဲဖမ်းယူနားဆင်ကြဖို့အတွက် မေတ္တာရပ်ခံအပ်ပါတယ်။
ဖမ်းယူနားဆင်နိုင်မယ့်အချိန်ကတော့ ထုတ်လွှင့်နေကျဖြစ်တဲ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲကနေ ၇ နာရီခွဲအတွင်း ဖမ်းယူနားဆင်နိုင်မှာပဲဖြစ်ပါတယ်။

https://youtu.be/5yRGRSJch8o

#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1😁1
​​ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းသား ၃၆ ဦး ပြန်လွတ်လာ
===================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကောင်စီက ဓမ္မစကြာနေ့အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ရာ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှ အကျဉ်းကျခံနေသူ ၃၆ ဦးလွတ်မြောက်လာကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီက အကျဉ်းကျခံနေရသူ ၇,၇၄၉ ဦးကိုပြန်လွတ်ပေးရာ ကလေးမြို့အကျဉ်းထောင်မှ အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၃၆ ဦး လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

“ လိုက်ပြီးစုံစမ်းရသလောက်တော့ နာမည်ကြီး နိုင်ငံရေးအကျဉ်းသား (နိုင်/ကျဉ်း) တွေမပါဘူး။ ဘယ်လိုအမှုတွေ လွတ်တယ်ဆိုတာတော့ သေချာမသိရဘူး ” ဟု အမည်မဖော်လိုသည့် ဒေသခံက ပြောဆိုသည်။

ကလေးမြို့အကျဉ်းထောင်ထဲတွင် PDF – Kalay မှ ဆေးတပ်သားအမျိုးသမီးများ၊ ကျောင်းသားများနှင့် ဆန္ဒပြပွဲဦးဆောင်သူများ အကျဉ်းကျခံနေရဆဲဟု ဆိုသည်။

နိုင်ငံတစ်ဝန်းမှ ပြန်လည်လွတ်မြောက်လာသူများအနက် နိုင်ငံရေးအကျဉ်းသား ၂၁၀ ဦးဝန်းကျင်ကို အတည်ပြုနိုင်ခဲ့ပြီး ၈၂ ဦးကိုသာ အမည်နှင့်တကွအတည်ပြုနိုင်ဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ဩဂုတ်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ကလေးမြို့
#အကျဉ်းထောင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”
👍5🔥2😁1
ဒီပဲယင်း မရကန်ရွာအနီးတိုက်ပွဲ စစ်ကောင်စီ အထိအခိုက်များဟုဆို
==================

ရောင်နီ (မဇ္စျိမ)။ ။ ဒီပဲယင်းမြို့နယ်အတွင်း ယမန်နေ့ သြဂုတ်လ ၂ ရက်နံနက်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးပူးပေါင်းမဟာမိတ် ငါးဖွဲ့က ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသည်။

ဒီပဲယင်းမြို့နယ်၊မရကန်ရွာသို့ အင်အား ၁၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို သြဂုတ်လ ၂ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဟု Shwebo Justic Force တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

" ရွှေဘိုနယ်ကနေ ထွက်သွားပြီး မရကန်ကျေးရွာကို ဝင်ချိန် တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်ဖက်က ထိခိုက်မှုတွေ ရှိပါတယ်" ဟု ဒီပဲယင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO)၊ Shwebo Justice Force၊ ရွှေဘိုခရိုင်တပ်ရင်း ၉၊ တပ်ရင်း ၁၂၊ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲသည် ၁နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ဒရုန်းဖြင့် ကင်းထောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့‌ကြောင်း၊ကာကွယ်ရေးတပ်ဖွဲ့များကလည်း ပြောက်ကျားစနစ်ဖြင့် မိုင်းငါးလုံးဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့၀င်များ အထိအခိုက်များခဲ့သည်ဟုShwebo Justice Forceမှ တာဝန်ရှိသူကပြောသည်။

“ အခု နောက်ဆုံး သိထားရတဲ့ သတင်းအရ စစ်ကောင်စီဘက်က ၂၅ ဦးထက်မနည်း အထိအခိုက်ရှိခဲ့ပါတယ်” ဟု ယနေ့ ညနေ ၅နာရီခန့်က ဆက်သွယ်မေးမြန်းမှုကို ပြောပြသည်။

စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မဇ္စျိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ တိုက်ခိုက်မှုတွင် ကာကွယ်ရေး ရဲဘော်ခုနစ်ဦး ဒဏ်ရာရခဲ့ပြီး တဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် သြဂုတ်လ ၂ ရက် ညနေပိုင်းမှ စတင်ကာ မရကန်ကျေးရွာအတွင်း ၀င်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

" မနေ့က ညနေပိုင်းမှာ မရကန်ရွာကို ၀င်ပြီး မီးရှို့တယ်။၁နာရီခြားတခါလောက် တညလုံး မီးရှို့တယ်။ ” ဟု ဒေသခံ အမျိုးသားတဦးကပြောသည်။

နေအိမ် ၂၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ၄င်းက ဆိုသည်။ အဆိုပါ စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် မရကန်ကျေးရွာမှတဆင့် ခွန်တောင်းရွာ၊ ပင်စည်ရွာများကို ၀င်ရောက်ပြီးနောက် ဒီပဲယင်းမြို့နယ်အတွင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

စာတည်း - မောင်ကြီး

https://youtu.be/XcPuDBntP90

#mizzima
#ဒီပဲယင်းမြို့နယ်
#မရကန်ရွာ
#တိုက်ခိုက်
#Shwebo Justic Force
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍28😁2👏1
​​ပန်ဒါဝက်ဝံတွေ ဘာကြောင့် အဖြူအနက်ဖြစ်နေရသလဲ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3
​​ကမ္ဘာကို တုန်လှုပ်စေခဲ့သည့် ပေါက်ကွဲသံကြီး
===============

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1