Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာပေါင်းစုံသပိတ် ၈၆၈ ရက်မြောက် ချီတက်ဆန္ဒပြ
=====================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဩဂုတ်လ ၇ ရက် ယနေ့ ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” စာတမ်း ကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
“ဘဏ္ဍာရေးတိုက်ပွဲဆိုတာ ရန်သူဖက်ဆစ်တပ်ရဲ့ ငွေအိတ်ကို “ဟောင်းလောင်း” ဖြစ်အောင်လုပ်ကြဖို့နဲ့ တော်လှန်ရေးအတွက် ငွေအိတ်ကို “ဖောင်း” လာအောင် လုပ်ကြဖို့ပါပဲ” ဟု ဆန္ဒပြပွဲဦးဆောင်သူတဦးက ပြောကြားသည်။

ယနေ့ချီတက်ပွဲသည် ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၆၈ ရက် မြောက် ချီတက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
စာတည်း။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
👍13😁2🔥1😢1
​​စစ်ကောင်စီရေတပ်နှင့် ဆက်နွယ်ပတ်သက်မှုအတွက် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီ စုံစမ်းစစ်ဆေး
=========================

မြန်မာအာဏာသိမ်းစစ်အုပ်စု၏ စစ်ရေယာဉ် မုတ္တမအတွက် အဓိက ပစ္စည်းအစိတ်အပိုင်းများ ပေးသွင်းရောင်းချခဲ့သည့် MAN Energy Solutions ကုမ္ပဏီကို ဂျာမနီနိုင်ငံ၊ အော့စ်ဘာ့ဂ်မြို့ အစိုးရရှေ့နေက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ထားကြောင်း NGO အဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar က ပြီးခဲ့သည့်သီတင်းပတ် သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁3💩1
ထိုင်း-မြန်မာ ကုန်သွယ်နေသည့် အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွား
😢3🔥2
ထိုင်း-မြန်မာ ကုန်သွယ်နေသည့် အာရှကားလမ်းပိုင်း ပြိုကျမှု ဖြစ်ပွား
=================

မဇ္ဈိမ
ထိုင်း- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုနေသည့် အာရှလမ်းပိုင်း တစ်နေရာသည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် မြေပြိုကျမှု ဖြစ်ပွားနေ၍ ခရီးသည်တင် ကားများ၊ ကုန်တင်ကားများ သွားလာ၍ မရဘဲ ပိတ်မိနေကြောင်း ကားသမားများနှင့် မြဝတီမြို့ခံ များက မဇ္ဈိမကို ပြောသည်။

မြဝတီမြို့နှင့် ကော့ကရိတ်မြို့ကြားရှိ တောနော်ရေတံခွန်အနီး အာရှလမ်းပိုင်း ပြိုကျမှုသည် ဩဂုတ်လ ၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ကျရေ ပြင်းထန်စွာ တိုက်စားပြီးနောက် အာရှလမ်းပိုင်း ပြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ‌မြဝတီမြို့ခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

“လမ်းပြိုတာ တောနော်ရေတံအနီးအနားမှာပါ၊ တောင်ကျရေ တအားထိုးဆင်း ပြီးတော့ ကားလမ်းပါ တစ်ခါတည်း ပြတ်သွားတာပေါ့” ဟု မြဝတီမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ခန့်မှန်းခြေ ပေ ၄၀ အကွာအဝေးခန့် ပြတ်တောက်သွားသော အာရှလမ်းပိုင်း‌ မြေပြိုမှုသည် ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့ကျေးရွာ၊ တောနော်ရေတံခွန်အနီးတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ကော့ကရိတ်~မြဝတီ အာရှလမ်း၊ တောနော်ရေတံခွန်အနီး လမ်းမကြီး မြေပြိုပြီး မည်သည့်ယာဉ်မှ သွားလာမရပါ” ဟု ကော့ကရိတ်မြို့ရှိ လူမှုကူညီ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးကလည်း ဖေ့စ်ဘွတ် လူမှုကွန်ရက်တွင် ရေးသားထားသည်။

လက်ရှိမှာ ကော့ကရိတ်မှ မြဝတီမြို့၊ မြဝတီမှ ကော့ကရိတ်မြို့သို့ ထွက်ခွာ လာ သော ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ကားများသည် လမ်းခုလတ်တွင် ပိတ်မိနေ ကြပြီး အချို့မှာ မြဝတီ- ရန်ကုန် လမ်းဟောင်းအတိုင်း ကွေ့ပတ်သွားလာရန် ပြင်နေကြကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တစ်ဘက်ကမ်းရှိ မြဝတီမြို့တွင်လည်း မြဝတီမြို့ အမှတ် (၁) ၊ အမှတ် ရပ်ကွက် (၅) အနိမ့်ပိုင်းတွင် ရေဝင်ရောက်မှုများ ရှိနေကြောင်း မြို့ခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်

#အာရှလမ်းမြေပြို
#မြဝတီ
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥2😢1
Media is too big
VIEW IN TELEGRAM
တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ပြင်းအား ၅.၄ ရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၁ ဦးဒဏ်ရာရရှိ

#InternationalNews #reels #shorts #China #Mizzima
👏4👍3😁3😢1
လဲချားမြို့နယ်မှ တပ်စခန်း ၁၀ ခု ဆုတ်ခွာပေးရန်ငြင်းဆန်ပြီးနောက် စစ်ကောင်စီတပ်နှင့် SSPP တို့ တိုက်ပွဲဖြစ်
👍7👏3😱2🔥1
လဲချားမြို့နယ်မှ တပ်စခန်း ၁၀ ခု ဆုတ်ခွာပေးရန်ငြင်းဆန်ပြီးနောက် စစ်ကောင်စီတပ်နှင့် SSPP တို့ တိုက်ပွဲဖြစ်
====================

001
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းမှ တပ်စခန်း ၁၀ ခု ဆုတ်ခွာပေးရန် အကြောင်း ကြားမှုကို ငြင်းဆန်ပြီးနောက် စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့ တိုက် ပွဲများဖြစ်ပွားနေကြာင်း သတင်းရရှိသည်။

ဩဂုတ်လ ၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှုများ ကာ နှစ်ဦးအရှင်ဖမ်းမိခဲ့ကြောင်း SSPP က ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

လဲချားမြို့နယ်၊ ဟိုင်းဆိုင်အုပ်စု၊ ခိုင်းဖက်နမ် နမ့်ပေါက်ကျေးရွာအနီးရှိ SSPP တပ်စခန်းကို စစ်ကောင်စီ တပ်က အင်အား ၇၀ ဖြင့် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး SSPP ဘက်ကလည်း လဲချားမြို့နယ်၊ မန်ဆေအုပ်စု၊ မက်လန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ ၅၇၃ ကို ပြန်လည်ခုခံစစ် ဆင်နွှဲခဲ့ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲမှာ နံနက် ၆ နာရီကျော်မှ ညနေ ၃ နာရီဝန်းကျင်အထိဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းကျဆုံးပြီး တပ်သားအချို့ဒဏ်ရာအပြင်းအထန်ရရှိသွားကာ စစ်သုံးယာဉ်တစီးကိုသိမ်း ဆည်းရရှိခဲ့ကြောင်း SSPP ကဆိုသည်။

တိုက်ပွဲအတွင်း SSPP ဘက်မှ ရဲဘော်တဦးကျဆုံးသွားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ယင်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေများကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးသကဲ့သို့ စစ်ကောင်စီဘက်မှလည်း တစုံတရာ ထုတ်ပြန်ခြင်းမရှိပေ။

စစ်ကောင်စီက လဲချားမြို့နယ်အတွင်းရှိ SSPP ၏ တပ်စခန်း ၁၀ ခုကို ဆုတ်ခွာပေးရန် အကြိမ်ကြိမ် အကြောင်းကြားခဲ့ပြီး SSPP ဘက်ကလည်း ဌာနချုပ်လုံခြုံရေးအတွက် မည်သည့်အကြောင်းပြချက်နှင့်မှ တပ်ပြန်မဆုတ်ပေးနိုင်ကြောင်း စစ်ကောင်စီထံ ပြန်လည်အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဩဂုတ်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် စစ်ကောင်စီက မန်ကျန်ရွာဘက်မှနေ၍ SSPP တပ် စခန်းရှိရာဘက်သို့ လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပြီးနောက် ဩဂုတ်လ ၆ ရက်နေ့ တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် ပင်လုံ-လဲချား-မိုင်းနောင်နှင့် လဲချားမြို့နယ်ထဲရှိ နမ့်တိန်းတံတားအဝင် တို့တွင် စစ်ကောင်စီက သွားလာခွင့်ပိတ်ထားပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း SSPP က ထုတ်ပြန် ထားသည်။

တိုက်ပွဲကြောင့် လဲချားမြို့နယ် ဟိုင်းဆိုင်အုပ်စု နောင်ကျန်၊ နမ့်ပေါက်၊ နမ့်လုတ်းကျေးရွာတို့မှ ဒေသခံများ ဟိုင်းဆိုင်ကျေးရွာဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မတ်လန်းကျေးရွာမှဒေသခံများလည်း လဲချားမြို့ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ရလျက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်တောင်ပိုင်း
#လဲချားမြို့နယ်
#ရှမ်းပြည်တိုးတက်ရေးပါတီ
#SSPP/SSA

Photo - SSPP Info

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏5🔥3
Media is too big
VIEW IN TELEGRAM
ဩစတြေးလျရဲ့ မုယောစပါးတင်သွင်းမှုအတွက် စည်းကြပ်ခွန်တွေဖယ်ရှားပေးမယ်လို့ တရုတ်ပြော

#InternationalNews #reels #shorts #Austria #China #Mizzima
👍2🔥1
ယင်းမာပင်မြို့နယ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင်
😢7😁2
ယင်းမာပင်မြို့နယ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင်
=======================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း ချင်းတွင်းမြစ်ကြောင်းတလျှောက်တွင် စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်၍ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေ ခြင်းကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

ဩဂုတ်လ ၅ ရက်နေ့မှ စတင်ကာ စစ်ရှောင်နေရခြင်းဖြစ်ပြီး စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း စစ်ဘေးရှောင် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“စစ်ရှောင်နေရတာ ဒီနေ့ရောဆို သုံးရက်ရှိပြီ။ အိမ်ကလည်း နိုင်သလောက် ဆန်၊ ဆီလေးတွေထည့်ခဲ့တာ တော့ရှိတယ်။ စစ်ရှောင်ရက်ကြာလာတော့ စားဖို့သောက်ဖို့ အဆင်မပြေတာတွေ ဖြစ်လာတယ်။

တခြား ရွာတွေသွားဖို့ဆိုတာလည်း လူကများတော့အားနာတယ်။ အဲဒီတော့ဖြစ်သလို တောထဲကသစ်ပင်အောက် မှာ တဲထိုးပြီးနေရတာပေါ့။ မိုးမရွာရင်အဆင်ပြေပေမဲ့ မိုးကရွာနေတော့ နေဖို့အခက်ကြုံနေတယ်” ဟု ဆိုသည်။

နီးစပ်ရာ တောတောင်များနှင့် ဘေးလွတ်ရာထွက်ပြေးနေရသည် စစ်ရှောင်များသည် လက်ရှိတွင် ရက် ဆက်မိုးရွာသွန်းမှုကြောင့် နေထိုင်ရေးအတွက် လွန်စွာခက်ခဲနေကြောင်းလည်း စစ်ဘေးရှောင်များက ပြောသည်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေခြင်းကြောင့် စုန်းချောင်း၊ ပန်းတိမ်ပြင်၊ စေသူ၊ ကျောက်မှော်၊ ကျောက်ကုန်းနှင့် ကြက်လျှာ စသည့် ကျေးရွာများမှ လူဦးရေ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ယင်းမာပင်
#စစ်ရှောင်
#Mizima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5👍2😁2😱2