Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ယင်းမာပင်မြို့နယ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင်
😢7😁2
ယင်းမာပင်မြို့နယ်က ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင်
=======================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်း ချင်းတွင်းမြစ်ကြောင်းတလျှောက်တွင် စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်း နှစ်ဖက်ညှပ်၍ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေ ခြင်းကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

ဩဂုတ်လ ၅ ရက်နေ့မှ စတင်ကာ စစ်ရှောင်နေရခြင်းဖြစ်ပြီး စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း စစ်ဘေးရှောင် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

“စစ်ရှောင်နေရတာ ဒီနေ့ရောဆို သုံးရက်ရှိပြီ။ အိမ်ကလည်း နိုင်သလောက် ဆန်၊ ဆီလေးတွေထည့်ခဲ့တာ တော့ရှိတယ်။ စစ်ရှောင်ရက်ကြာလာတော့ စားဖို့သောက်ဖို့ အဆင်မပြေတာတွေ ဖြစ်လာတယ်။

တခြား ရွာတွေသွားဖို့ဆိုတာလည်း လူကများတော့အားနာတယ်။ အဲဒီတော့ဖြစ်သလို တောထဲကသစ်ပင်အောက် မှာ တဲထိုးပြီးနေရတာပေါ့။ မိုးမရွာရင်အဆင်ပြေပေမဲ့ မိုးကရွာနေတော့ နေဖို့အခက်ကြုံနေတယ်” ဟု ဆိုသည်။

နီးစပ်ရာ တောတောင်များနှင့် ဘေးလွတ်ရာထွက်ပြေးနေရသည် စစ်ရှောင်များသည် လက်ရှိတွင် ရက် ဆက်မိုးရွာသွန်းမှုကြောင့် နေထိုင်ရေးအတွက် လွန်စွာခက်ခဲနေကြောင်းလည်း စစ်ဘေးရှောင်များက ပြောသည်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းရှိ ချင်းတွင်းမြစ်ကြောင်းတလျှောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေခြင်းကြောင့် စုန်းချောင်း၊ ပန်းတိမ်ပြင်၊ စေသူ၊ ကျောက်မှော်၊ ကျောက်ကုန်းနှင့် ကြက်လျှာ စသည့် ကျေးရွာများမှ လူဦးရေ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာစစ်ရှောင်နေရခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#ယင်းမာပင်
#စစ်ရှောင်
#Mizima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5👍2😁2😱2
Media is too big
VIEW IN TELEGRAM
ရာဟုလ်ဂန္ဒီရဲ့ အသရေဖျက်မှုပြစ်ဒဏ်ကို အိန္ဒိယထိပ်တန်းတရားရုံးက ဆိုင်းငံ့ထားဖို့ အမိန့်ချမှတ်

#InternationalNews #reels #shorts #Mizzima #India
👍3🔥2
သြဂုတ်လ (၇)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

00:19 - မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု အဆုံးသတ်ရေး အပါအဝင် ရပ်တည်ချက်ခြောက်ရပ် NUCC နဲ့ NUG ထုတ်ပြန်တဲ့သတင်း

03:41 - ၈၈၈၈ လုံးအရေးတော်ပုံကြီး (၃၅) နှစ်ပြည့် အကြိုသပိတ် ရန်ကုန်မှာ ပြုလုပ်တဲ့သတင်း

09:17 - ဒဏ်ခတ်အရေးယူထားတဲ့ စစ်ကောင်စီဘဏ် နှစ်ခုနဲ့ ပတ်သက်မှုတွေရပ်ဆိုင်းဖို့ အမေရိကန် သတိပေးတဲ့ သတင်းနဲ့

11:40 - မနီလာပင်လယ်အော်မှာ တရုတ်ရဲ့မြေယာပြန်လည်ဖော်ထုတ်ခြင်းအတွက် စိုးရိမ်ကြောင်းအမေရိကန်ပြောတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/-RG7wHvi04I

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁2🥰1
​​CDF တပ်ဖွဲ့ဝင် ၂၀၀ အိန္ဒိယသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းသည်ဆိုသည်မှာ မဟုတ်မှန်
=======================

ZZ
(မဇ္ဈိမ) ။ ။ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) အဖွဲ့ဝင် ၂၀၀ လက်နက်ချကာ အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် တောင်းသည်ဆိုသောသတင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိနေသည်။ ယင်းမှာ မှားယွင်းနေသည်။

“ရန်ကြီးအောင်”အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၄ ရက်နေ့တွင် ပုံသုံးပုံဖြင့် “မြန်မာတပ် မတော်ကို အပြုတ်တိုက်မယ်ဆိုတဲ့ Cdf ချင်းပလုံးပဒက် အင်အား 200 ခန့် အိန္ဒိယနိုင်ငံသို့ လက်နက် အပ်နှံပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းသွားပါကြောင်း သတင်းရရှိပါသည်” ဟု (မူရင်းအရေးအသားတိုင်း) ရေးသားကာ ဖြန့်ဝေခဲ့သည်။

ထိုအကြောင်းသည် တယ်လီဂရမ်နှင့် ဂရုပ်ကိုးခုတွင် ပျံ့နှံ့လျက်ရှိပြီး ကြည့်ရှုသူ ၆,၀၀၀ ကျော်ရှိသည်။ အလားတူပင် ဖေ့စ်ဘုတ်တွင် ပြန်လည်ဖြန့်ဝေမှုများလည်း ရှိနေသည်။
မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါဖြန့်ဝေမှုတွင်ပါဝင်သည့် ဓာတ်ပုံနှင့် အကြောင်း အရာများအား အချက်အလက်စစ်ဆေးခဲ့သည်။

ဓာတ်ပုံများထဲမှ တတိယပုံသည် ၂၀၂၂ ခုနှစ်ကတည်းကရှိနေခဲ့သည့် ပုံဟောင်းဖြစ်သည်။ “Titus Tang” အမည်ရှိ YouTube အသုံးပြုသူက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ချင်းဘာသာစကားဖြင့် တင် ဆက်ထားသည့် ဗီဒီယိုဖိုင်၌ပါဝင်သည့် ဓာတ်ပုံဖြစ်သည်။

CDF တပ်ဖွဲ့ဝင်များ နိုင်ငံရေးခိုလှုံခွင့်တောင်းခံခြင်းနှင့်ပတ်သက်၍ အိန္ဒိယသတင်းဌာနများဖြစ်သည့် India Today ၊ NDTV ၊ The Indian Express ၊ The Economic Times တို့တွင် ရှာဖွေခဲ့ရာ၌ သတင်းတု ကဖော်ပြထားသည့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့် အိန္ဒိယနိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသည်ဟူသည့် အကြောင်းအရာကို မတွေ့ရချေ။

အလားတူပင် မြန်မာသတင်းဌာနများ၌လည်း ထိုအကြောင်းနှင့်ပတ်သက်၍ သတင်းဖော်ပြမှု မရှိပေ။
ချင်းပြည်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် Chinland Joint Defense Committee (CJDC) တပ်ဖွဲ့မှ တာဝန်ရှိသူတဦးကို အဆိုပါအကြောင်းအရာနှင့်ပတ်သက် ပြီး ဆက်သွယ်မေးမြန်းခဲ့သည်။
၎င်းမှ “မကြားမိပါဘူး အကို။ တကယ်လို့ရှိလာခဲ့ရင်လည်း ကျွန်တော်တို့ကြားသင့်ပါတယ်။ မသိလိုက်ဘူး နော်။ တစ်ဖက်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့သူ မရှိသေးဘူး” ဟု ပြောသည်။
ထို့ကြောင့် CDF တပ်ဖွဲ့ဝင် ၂၀၀ ခန့် လက်နက်ချကာ နိုင်ငံရေးခိုလှုံခွင့် အိန္ဒိယနိုင်ငံကိုတောင်းသည်ဆို သောသတင်းမှာ အမှန်တကယ်မရှိသည့်အကြောင်းအရာကို လုပ်ကြံဖန်တီးရေးသားထားသည့် သတင်း အမှားသာဖြစ်သည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#CNF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁6🤯1🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဂျီ-၂၀ ထိပ်သီးအစည်းအဝေးမတိုင်မီ နယူးဒေလီမှာ လမ်းဘေးခွေးတွေကိုရှင်းလင်း

#InternationalNews #reels #shorts #Mizzima
🤬7😢5👍2🔥2
KNU တပ်မဟာ (၁) သထုံခရိုင်က PDF တွေစစ်ကောင်စီထံလက်နက်ချတဲ့ဖြစ်စဉ်မရှိ|Misinformation Buster S3| Ep.77
================

မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့

- ပုဂံက ဘုရားကိုခြံခတ်ပြီး မြန်မာမဝင်ရဆိုတဲ့ ဖြစ်စဉ်အဟောင်းကို ပြန်လည်ဖြန့်ဝေနေကြတဲ့အကြောင်း နဲ့အတူ
- CDF တပ်ဖွဲ့ဝင် ၂၀၀ လောက်က လက်နက်ချပြီး အိန္ဒိယနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့် တောင်းတယ်ဆိုတဲ့ သတင်းမှား
- KNU တပ်မဟာ (၁) သထုံခရိုင်က PDF တွေ စစ်ကောင်စီထံ လက်နက်ချတဲ့ ဖြစ်စဉ် မရှိတဲ့ အကြောင်း စတဲ့ တစ်ပတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတုသတင်းမှားတွေကို ဂျူချန်းက စုစည်းတင်ဆက်ထားပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

https://youtu.be/hezMBzGOthk

#Misinformation_Buster
#Weekly_Package
#Fake_News
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10😁4
ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများ ပြင်းထန်စွာအရေးယူမည်ဟု ပဲခူးစစ်ဒေသခွဲ သတိပေး
👏11🔥2😁2👍1
ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများ ပြင်းထန်စွာအရေးယူမည်ဟု ပဲခူးစစ်ဒေသခွဲ သတိပေး
======================

ရွှေနွယ်
(မဇ္ဈိမ)။ ။သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆင်ရေးနယ်မြေတွင်ပါဝင်သော ပဲခူးရိုးမ အတွင်း မော်တော်ယာဉ်များတက်ခွင့် ပိတ်ပင်လိုက်ပြီး သစ်ခိုးထုတ်မှုများကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမည်ဟု ပဲခူးစစ်ဒေသခွဲက သတိပေးချက်ထုတ်ပြန်သည်။

ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများကို ထိန်းချုပ်ရန်ကြိုးစားခြင်းနှင့်ပတ်သက်သော အဆိုပါထုတ်ပြန်ချက် ကို ယနေ့ဩဂုတ်လ ၇ ရက်တွင် အသိပေးကြေညာခြင်းဖြစ်သည်။

ပြည်သူပိုင် သစ်တောသယံဇာတများအား ကာကွယ်ထိန်းသိမ်းရန်နှင့် တရားမဝင် သစ်ခိုးထုတ်မှုများအား ဖြတ်တောက်ရန်အတွက် ယင်းကဲ့သို့ဆောင်ရွက်ခြင်းဟု သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၈၀၂)၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

“ရည်ရွယ်ချက်က အဓိက သုံးချက်ရှိတယ်။ ဒီသစ်ကားတွေနဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ပို့ပေးနေ တာတွေရှိတယ်၊ မူးယစ်ဆေးဝါးသယ်နေတာတွေရှိတယ်။နောက်တခုက ဒီလမ်းကြောင်းဟာ စစ်ကောင်စီ ကို တလတလ သိန်းထောင်နဲ့ချီရှာပေးနေတဲ့ လမ်းကြောင်းဖြစ်တယ်။ နောက်ဆုံးတချက်ကတော့ ပြည်သူ ပိုင်သယံဇာတတွေဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ ထိန်းသိမ်းစောင့်ရှောက်ပေးရမယ့် တာဝန်ရှိတယ်" ဟု ၎င်းက ပြောသည်။

သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၃၈၀၂) ၏ စစ်ဆင်ရေးနယ်မြေတွင် လက်ပံတန်း၊ မင်းလှ နှင့် အုတ်ဖိုမြို့နယ်ပိုင် ပဲခူးရိုးမ ဧရိယာပါဝင်သည်။ ထိုဒေသတခုလုံးကို မော်တော်ယာဉ်များတက်ခွင့် အား ဩဂုတ်လ ၆ ရက်နေ့မှစ၍ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ လိုအပ်သည့် အရေးယူမှုများကို ပြင်းပြင်း ထန်ထန် ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။
ထိုတားမြစ်ချက်သည် ကားများဖြင့် နေ့စဉ် သစ်သယ်ထုတ်နေသူများကိုသာ အဓိကရည်ရွယ်ခြင်းဖြစ်ပြီး ပဲခူးရိုးမအမှီပြုလုပ်ကိုင်စားသောက်နေသော ပြည်သူများကိုထိခိုက်စေမည်မဟုတ်ဟု ပဲခူး စစ်ဒေသခွဲက ဆိုထားသည်။

“ကျွန်တော်တို့အဓိကရည်ရွယ်တာက နိုင်ငံခြားတင်ဖို့များစွာထုတ်နေသူတွေကိုပါ။ သစ်အစိုတွေ၊ ကောင်း ပေ့ ဆိုတဲ့အပင်တွေကို နေ့စဉ်ခုတ်ယူနေတာပါ” ဟု တပ်ရင်းတာဝန်ရှိသူမှ ဆိုသည်။

ပဲခူးရိုးမအတွင်း ရိုးမဖြတ်ကျော်လမ်း(စိန်ကန့်လန့်−မြို့ချောင်းလမ်း)တလျှောက်တွင် သစ်သယ်သည့်ကား များ နေ့စဉ်အစီးရေရာနှင့်ချီ၍ဖြတ်သန်းနေပြီး ကျောက်တံခါးမြို့နယ်နှင့် မင်းလှမြို့နယ်ဘက်ခြမ်းမှ လည်း ကားများဖြင့်မှ နေ့စဉ် သစ်ခုတ်သယ်ထုတ်နေမှုများရှိသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်သူများကို စစ်ကောင်စီဂိတ်များက ‌ငွေကြေးယူ၍ ခွင့်ပြုထားသည်ဟု သိရ သည်။ စစ်ကောင်စီနှင့်ပေါင်း၍ သစ်ခိုးထုတ်နေသူများကို ‌ အရေးယူမည်ဟု ပဲခူးစစ်‌ဒေသခွဲက ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကြေညာခဲ့သေးသည်။

ဇူလိုင်လ ၁၉ ရက်တွင် မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်းလမ်း ခါချဉ်တောင်အနီးတွင် စစ်ကောင်စီ တပ်နှင့်ပူးပေါင်း၍ သစ်နှင့်မီးသွေးများ ခိုးထုတ်လာသောကားအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တား ဆီးပစ်ခတ်ခဲ့ရာ လူနှစ်ဦးသေဆုံးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရလက်ထက်တွင် ပဲခူးရိုးမအတွင်းမှ သစ်ထုတ်လုပ်မှုကို ၂၀၁၇−၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၇ ခုနှစ်အထိ ၁၀ နှစ်ရပ်ဆိုင်းခဲ့သည်။ သို့သော် စစ်တပ်က အာဏာ သိမ်းပြီးနောက် ပဲခူးရိုးမအတွင်း သစ်ခိုးထုတ်မှုများ ဆိုးရွားနေကြောင်း ဒေသခံများကပြောသည်။

စာတည်း - မောင်ကြီး
စာမူတည်းဖြတ်။ ။စောဖေ

#mizzima
#ပဲခူးရိုးမ
#သစ်ခိုးထုတ်မှုများ
#ပဲခူးစစ်ဒေသခွဲ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဒီတပတ်ရဲ့ သတင်းတုတွေ့ရှိချက်တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

#Misinformation_Buster #Fake_News #reels #shorts #weekly_package

အပြည့်အစုံ ကြည့်ရန် - https://youtu.be/hezMBzGOthk
👍3🍌2
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်၊ လူသေဆုံးမှုရှိ
🔥1