Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
Aug - 8 [ 12 Pm ] Mizzima News Hour

Mizzima Headline News

#12pmnews #mizzimanewshour #reels #shorts
👍2🍌1🖕1
အာဆီယံနိုင်ငံများရဲ့စစ်ရေးလေ့ကျင့်ရေးအစည်းအဝေးကို နိုင်ငံပေါင်း (၁၁) နိုင်ငံတတ်ရောက်ခဲ့
======================

ဝေဖန်မှုတွေမြင့်တတ်နေတဲ့ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး စားပွဲတင်လေ့ကျင့်ခန်းအစည်းအဝေးကို ရုရှား၊ တရုတ် နဲ့ အိန္ဒိယနိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အဆိုပါစစ်ရေး လေ့ကျင့်ခန်းကို အာဆီယံအဖွဲ့ဝင်နိုင်ငံ အများစုတက်ရောက်ခဲ့ပေမယ့် စင်ကာပူနိုင်ငံပါဝင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

အဆိုပါအကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး ပူးတွဲလေ့ကျင့်ခန်းအစီအစဉ်ကို မြန်မာ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘရူးနိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့က စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့ အပါအဝင် အာဆီယံအဖွဲ့ရဲ့ဆွေးနွေးမှု မိတ်ဖက် နိုင်ငံအချို့ ပူးပေါင်းတက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။

အဆိုပါစားပွဲတင် လေ့ကျင့်ခန်း tabletop exercise ကို မြန်မာနိုင်ငံ နေပြည်တော်မှာ သြဂုတ် ၂ ရက်ကနေ ၄ ရက်အထိ ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံဟာ လာမယ့်လမှာ အာဆီယံနိုင်ငံများနဲ့ ဆွေးနွေးဖက်နိုင်ငံများရဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးလေ့ကျင့်ခန်းကို အိမ်ရှင်အဖြစ် ထပ်မံကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပမယ့် လေ့ကျင့်ခန်းအတွင်း မြေပြင်စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်များကို အဓိကထား လုပ်ဆောင်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။

ADMM ဆိုတာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံ ကာကွယ်ရေးကဏ္ဍအတွင်း အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ပြီး၊ ADMM-Plus ကတော့ မိတ်ဖက် နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ရုရှားနဲ့ အမေရိကန်နိုင်ငံတို့က ကာကွယ်ရေးဝန်ကြီးတွေ ပါဝင်ပါတယ်။

ADMM ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာဆီယံရဲ့ မဏ္ဍိုင်သုံးရပ်ထဲက တစ်ခုဖြစ်တဲ့ “အာဆီယံ လုံခြုံရေး အသိုက်အဝန်း “ ကို အကောင်အထည် ဖော်ဖို့ ဖြစ်ပါတယ်။

ADMM ရဲ့ ကျွမ်းကျင်ပညာရှင် အလုပ်အဖွဲ့ ၇ ဖွဲ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ လက်ရှိပူးတွဲဥက္ကဋ္ဌ တွေက အကြမ်းဖက် မြန်မာစစ်တပ်နဲ့ ရုရှားနိုင်ငံက တာဝန်ယူထားတာဖြစ်ပါတယ်။

စစ်ရေးအဆင့်မှာ အာဆီယံကာကွယ်ရေး ဦးစီးချုပ်တွေ၊ တပ်မှူးတွေ၊ လေတပ်အကြီးအကဲတွေ၊ ရေတပ်အကြီးအကဲတွေ၊ စစ်တပ်ထောက်လှမ်းရေး အကြီးအကဲတွေ ပါဝင်တဲ့ အစည်းအဝေးတွေ စီစဉ်ကျင်းပပါတယ်။

အာဆီယံရဲ့ အခြားအစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားပြုမှုတွေကို ချန်လှပ်ထားပေမယ့်လည်း ADMM ကတော့ အကြမ်းဖက် မြန်မာစစ်ကောင်စီအပေါ် တရားဝင်မှုနဲ့ ပံ့ပိုးမှုတွေ အစဉ်တစိုက် ပေးအပ်နေတာ ဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

ADMM အစည်းအဝေးတွင် စစ်အုပ်စုကို ပါဝင်တက်ရောက်ခွင့်ပြုခြင်းဟာ အာဆီယံအနေဖြင့် စစ်အုပ်စုကို ပံ့ပိုးကူညီမှုနှင့် တရားဝင်မှု ပေးနေခြင်းသာ ဖြစ်ပြီး၊ ဒါဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေထဲမှာ ကြံရာပါအဖြစ် ရောက်ရှိသွားမှာဖြစ်သလို၊ နိုင်ငံတစ်ဝှမ်း အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်နေတဲ့ စစ်အုပ်စုကို ပိုမိုရဲတင်းစွာဖြင့် ကျူးလွန်နိုင်စေဖို့ အားပေးအားမြှောက် ပြုရာလည်း ရောက်လိမ့်မယ် လို့ အိတ်ဖွင့်ပေးစာထဲမှာ သတိပေးထားပါတယ်။

ADMM အလုပ်အဖွဲ့ဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်တွေအတွက် အသုံးချခံ ဖြစ်နေပြီး၊ စစ်အုပ်စုဟာ တရားဝင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDFs) နဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့အတွက် ဒေသတွင်း အကူအညီရယူဖို့ ADMM အလုပ်အဖွဲ့ကို အသုံးချနေတယ်လို့ JFM က ဆိုထားပါတယ်။

https://youtu.be/zsxPfpcj_9I

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤7👍5😁3👏1🤬1
သြဂုတ်လ (၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
====================

01:02− ဘုတလင်မြိို့မီးသတ်ဌာနရုံးက ဦးစီးမှူးအပါအဝင် ၁၈ဦးကို မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းတဲ့သတင်း

02:13− စစ်ကောင်စီကလက်ခံကျင်းပတဲ့ အာဆီယံနိုင်ငံများရဲ့စစ်ရေးလေ့ကျင့်ရေး အစည်းအဝေးကို နိုင်ငံပေါင်း၁၁ နိုင်ငံတတ်ရောက်ကြတဲ့သတင်း

05:14− မကြာမီမှာ ထိုးစစ်ကာလရောက်ရှိလာတော့မယ်လို့ NUG ကာကွယ်ရေး ဒုတိယအတွင်းဝန်ပြောတဲ့သတင်းနဲ့

06:38− ဒီကနေ့ရဲ့ ရန်ကုန်မြို့က ၈၈၈၈ လူထုလှုပ်ရှားမှုသတင်းတွေ အပါအဝင် တခြား အရေးကြီးသတင်းတွေ စိတ်ဝင်စားဖွယ်သတင်းတွေ နဲ့ ဒီကနေ့အတွက် ငွေလဲနှုန်းနဲ့ကုန်စျေးနှုန်း တွေကိုလည်း တင်ဆက်ပေးသွားမှာပါ။

https://youtu.be/jrnt41hpDQM

Photo - CJ
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌2
ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲပြင်းထန်နေ
=====================

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ စစ်ကောင်စီတပ်က လက်တလော ထိုးစစ်ဆင်နေမှုတွေပြုလုပ်လာတာကြောင့် နိုင်ငံတစ်ဝန်း တိုက်ပွဲများပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်တွေ အပြင်းအထန် စစ်ကြောင်းဆင်တိုက်ခိုက်နေတဲ့ ရှမ်း-ကယားဒေသ ဒီးမော့ဆိုနဲ့ဖယ်ခုံမှာ ရက်ရှည်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပြီး တိုက်ပွဲတွေအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုကာ ဦးတည်ရာမရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာသူရွာသားတွေ ဘေးလွတ်ရာ ဒေသတွေဆီ တိမ်းရှောင်နေကြရပါတယ်။လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်တွေက အပြင်းအထန် စစ်ကြောင်းဆင် တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ရှမ်း-ကယားဒေသ နေရာအနှံ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား ခုချိန်ထိ ကြိုကြားကြိုကြား နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

အလားတူ ရှမ်း-ကယားနယ်စပ်က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် စက်တော်ရာကျေးရွာ ခေါင်းအိကျေးရွာဘက်မှာလည်း နှစ်ဖက် ပစ်ခတ်သံတွေ နေ့စဉ်နဲ့အမျှ ကြားနေရတဲ့အကြောင်း အနီးအနားမှာ တိမ်းရှောင်နေတဲ့ ရွာခံအမျိုးသမီးတဦးက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ဟိုင်းဆန်အုပ်စု၊ ခိုင်းဖက်နမ်ကျေးရွာအနီးမှာ ဩဂုတ် ၆ ရက် မနက် ၆ နာရီကစလို့ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား တိုက်ပွဲပြင်းထန်နေပါတယ်။

အင်အား ၇၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ် ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ ခိုင်းဖက်နမ်ကျေးရွာအနီး တပ်စွဲထားတဲ့ SSPP တပ်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး သြဂုတ်လ ၆ ရက်နေ့ မနက်မှာ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ယခုအချိန်ထိ ၎င်းဒေသအတွင်းတွင် နှစ်ဖက် စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲထပ်ဖြစ်နိုင်ချေရှိကြောင်းလည်း SSPP က ထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှာ သြဂုတ် ၆ ရက် နေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဇွန်လကတည်းက တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ခုထိလည်း နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝန်းမှာ တည်ငြိမ်မှုမရှိသေးတာကြောင့် အရေးပေါ်ကာလ နောက်ထပ် ခြောက်လ သက်တမ်းတိုးကြောင်း စစ်ကောင်စီက ဇူလိုင်လ ၃၁ ရက်မှာကြေညာခဲ့ပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်မျက်နှာအမြောက်အများဖွင့်ပြီး ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။

https://youtu.be/zLuAN4NT93s

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12👏2🔥1🥰1
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမြေပြိူမှုများဖြစ်ပေါ်နေ
===================

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်သည်းထန်စွာရွာသွန်းပြီးတောင်ကျချောင်းရေ အရှိန်ပြင်းတာကြောင့် ဩဂုတ်လ(၇)ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ မြေပြိုကျခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြတ်တောက်သွားတဲ့ လမ်း အရှည်က ပေ ၁၀၀ ကျော် နဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ကျော်ရှိဝန်းကျင်ရှိမယ်လို့ အနီးကပ်ကြည့်ခဲ့တဲ့ ကုန်တင်ယာဉ်မောင်းအချို့က ခန့်မှန်းပြောကြားပါတယ်။

မိုးဇလရဲ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ်တွင် ဒေသအလိုက်မိုးကြီးခဲ့ပြီး ၊ ကော့ကရိတ်မြို့နဲ့ မြဝတီမြို့တွင် မိုးရေချိန်(၅)လက်မကျော်ရှိကာ နောက်ရက်များမှာလည်း ကရင်ပြည်နယ်တွင် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ယင်းသို့ ကားလမ်းအောက်ခံမြေသားပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေပြီး ခရီးသွားလာလို့မရတော့သလို အဆိုပါအနီးနားတစ်ဝိုက်မှာ တောင်မြေထပ်မံပြိုကျဖွယ်လည်းရှိနေကြောင်း သတိပေးမှုများ ရှိနေပါတယ်။

ကရင်ပြည်နယ်တွင် မိုးသည်းထွန်စွာရွာသွန်းခဲ့ပြီး မြစ်ရေကြီးမှုကြောင့် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဖားအံ၊ လှိုင်းဘွဲမြို့နယ်တွင် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဘေးကို ကြုံတွေ့ခဲ့ရပြီး လူဦးရေသောင်းဂဏန်းခန့် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရတယ်လို့သိရပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်း ကစလို့ မိုး အဆက် မပြတ် ရွာသွန်းမှုကြောင့် သောင်ရင်း၊ သံလွင်၊ ဘီးလင်း မြစ်ရေတွေဟာ ဩဂုတ်လ ၂ ရက်နေ့ကနေ ဒီနေ့အထိ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက် လူပေါင်း တစ်သောင်းနှစ်ထောင် နီးပါး ရေဘေးနဲ့ ကြုံတွေ့နေကြရတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူတွေက ပြောပါတယ်။

မြဝတီမြို့မှာ လက်ရှိ မိုးဆက်ရွာနေပြီး ရေကြီးရေလျှံမှုဆက်ဖြစ်နေတဲ့အတွက် စားသောက်ရေးအပြင် နေထိုင်ရေးအခက်အခဲတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာတော့ ရေကြီးရေလျှံမှုကြောင့် နေအိမ် ရေနစ်မြုပ်တာတွေ ရှိခဲ့ပြီး အခုတော့ ရေကျစပြုနေပြီလို့ မြို့ပေါ်မှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့တွေကပြောပါတယ်။

လက်ရှိမှာတော့ သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ဒဿမ ၇ ပေ၊ သံလွင်မြစ်ရေက စိုးရိမ်ရေမှတ်အထက် ၂ ဒဿမ ၄ ပေ၊ ဘီးလင်းမြစ်ရေက စိုးရိမ်ရေမှတ် အထက် ၁ စင်တီမီတာကို ရောက်ရှိနေဆဲဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသအချို့ရေဘေးကြုံနေစဉ် လာမည့်ရက်အနည်းငယ်အတွင်း ရခိုင်နဲ့ချင်းပြည်နယ်မှာလည်း မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ် မင်းပြားမြို့မှာ လေးမြို့မြစ်ရေလျှံပြီး ရေကြီးနစ်မြုပ်မှုကြုံတွေ့နေရပါတယ်။

မြောက်ဦးမြို့နယ်၊တိမ်ညိုစစ်ရှောင်စခန်းမှာလည်း ရေပြည့်နေလို့ ကလေးတွေ သွားရလာရ အဆင်မပြေဖြစ်နေတယ်လို့ ဆိုကြပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ကုလားတန်မြစ်ရေသည် နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်တဲ့အတွက် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလက ထုတ်ပြန်ထားပါတယ်။

ရခိုင်မှာ စစ်ဘေးရှောင်တစ်သိန်းနီးပါးရှိနေပြီး ပြီးခဲ့တဲ့ မိုခါမုန်တိုင်းကြောင့်လည်း အဲဒီစစ်ရှောင်တွေရဲ့ နေအိမ်တွေ အများစု ပျက်စီးခဲ့ကြရကာ နေရေး၊‌ စားရေး အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်

https://youtu.be/MhGvlzpTbnQ

#politicalnews
#newsfeature
#mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥3😢1
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ မှုခင်းကျဆင်းရေး ပညာပေးဟောပြော
👍13😁2🤮1
ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ မှုခင်းကျဆင်းရေး ပညာပေးဟောပြော
===================

ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ ဖလမ်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဖလမ်းမြို့နယ်အတွင်းမှ ပြည်သူများနှင့်တွေ့ဆုံပြီး မှုခင်းကျဆင်းရေး ပညာပေး ဟောပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒုတိယမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့သည် ဖလမ်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး ခေါင်းဆောင်များနှင့် ပူးပေါင်း၍ မြို့နယ်အတွင်းရှိပြည်သူလူထုနှင့်တွေ့ဆုံကာ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးဆိုင်ရာ ပညာပေးဟောပြောဆွေးနွေးမှုများကို ဩဂုတ်လ ၆ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒေသတွင်းမှာ မှုခင်းတွေတိုးပွားလာနေပါတယ် ၊ လူသတ်မှု၊ ခိုးမှု၊ မုဒိမ်းမှုတွေရှိပြီး အဓိက အများဆုံးကတော့ မူးယစ်ဆေးဝါးအမှုတွေပါ၊ ဒီလိုအခြေအနေတွေကြောင့် ဟောပြောပွဲလုပ်ရတာပါ” ဟု ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဥက္ကဋ္ဌ စတီဗင် က မဇ္စျိမ ကို ပြောသည်။

ဟောပြောပွဲတွင်မှုခင်းကျဆင်းရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးများ ဆွေးနွေးခဲ့ပြီး ပြည်သူလူထုနှင့် ပိုမိုရင်းနှီးမှုရရှိရေးနှင့် ပြည်သူ့ရဲတပ်ဖွဲ့ က တရားဥပဒေနှင့်အညီ ပြည်သူကို ကာကွယ်စောင့်ရှောက်မည့်အကြောင်းအရာများ ပါဝင်ကြောင်းဆိုသည်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ အမှုတည်ဆောက်၍ မြို့နယ်တရားရုံးများတွင် တရားစွဲခြင်းများပြုလုပ်ကြောင်း သိရသည်။

ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည် ပြည်သူလူထုက ပေါက်ဖွားလာပြီး ပြည်သူလူထုမှ ပိုင်ဆိုင်ထားသည့်တပ်ဖွဲ့ဖြစ်သောကြောင့် တော်လှန်ရေးကာလဖြစ်သော်ငြားလည်း တစ်ပြည်နယ်လုံးရှိ ပြည်သူလူထုအားလုံး အတွက် တရားမျှတမှုရှိရေးအတွက် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မတရားမှုမှန်သမျှကို ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်ပြီး အမှုတိုင်တန်းကြဖို့ မေတ္တာရပ်ခံလိုကြောင်း ပြစ်မှုကျူးလွန်သူများကို မြို့အတွင်းထိ ဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်နေပြီဖြစ်ကြောင်း စတီဗင် က ဆက်လက်ပြောဆိုသည်။

ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် ဖက်ဒရယ် ရဲတပ်ဖွဲ့စနစ်အတွင်းက ပြည်နယ်ရဲအဖြစ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်ပြီး ပြည်နယ်ပြင်ပ ထွက်ပြေးတိမ်းရှောင်သူများကိုလည်း အတတ်နိုင်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိနေကြောင်း နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၉ရက်နေ့ကလည်း ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ၊ ကန်ပက်လက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထုနှင့်တွေ့ဆုံပြီး ဟောပြောဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ချင်းပြည်နယ်
#ပြည်သူ့ရဲတပ်ဖွဲ့
#ကန်ပက်လက်မြို့နယ်
#ဖလမ်းမြို့နယ်

Photo - ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖလမ်းမြို့နယ်အတွင်း ပညာပေးဟောပြောနေစဉ်

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮3😁1
ကမ္ဘာဒီးယားဘုရင်က ဟွန်ဆန်ရဲ့သားကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်
=====================

https://youtu.be/zmK8L7hk3to
👍5❤2
Media is too big
VIEW IN TELEGRAM
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးမြေပြိူမှုများဖြစ်ပေါ်နေ

Watch more detail - https://youtu.be/MhGvlzpTbnQ

#reels
#shorts
#politicalnews
👍5😢2🔥1👏1
​​ကွန်ဆာဗေးတစ်ပါတီနှင့် ညွန့်ပေါင်းဖွဲ့ရန် ဖျူထိုင်းပါတီ သဘောတူ
========================

မေရွေးကောက်ပွဲတွင် ဒုတိယအနိုင်ရသော ထိုင်းနိုင်ငံ၏ သာမန်လူထုအကျိုးမျှော် ဖျူထိုင်းပါတီက ကွန်ဆာဗေးတစ်ပါတီ Bhumjaithai ပါတီနှင့် ညွန့်ပေါင်းဖွဲ့မည်ဟု ကြေညာပြီး အစိုးရဖွဲ့စည်းရန်အတွက် ပူးပေါင်းရန် အခြားသော ပါတီများကိုလည်း လမ်းဖွင့်ပေးသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4👍1
Media is too big
VIEW IN TELEGRAM
ရှမ်း၊ ကချင်၊ ကရင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲပြင်းထန်နေ

Watch more detail - https://youtu.be/zLuAN4NT93s

#reels #shorts #politicalnews #Mizzima
🔥2👏2
​​ဟင်္သာတခရိုင်အတွင်း တောတွင်းဝင်ပေါက် ထွက်ပေါက်များကို စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့
=====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်အတွင်းမြို့နယ်များရှိ တောတွင်း ဝင်ပေါက် ထွက်ပေါက်များအားလုံးကို စစ်ကောင်စီတပ်ဖွဲ့အင်အား ၃၀၀ ကျော်ဖြင့်ပိတ်ဆို့ထားကြောင်း မြို့နယ်အသီးသီးရှိ ဒေသခံများကပြောသည်။

ဟင်္သာတ၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ကြံခင်း စသည့်မြို့နယ်များရှိ တောင်ခြေကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲကာ ပိတ်ဆို့ထားခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

တောတွင်း ဝင်ပေါက်ထွက်ပေါက်များအား ပိတ်ဆို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ဟင်္သာတမြို့နယ် အခြေစိုက် ခလရ(၁၈)၊ ကျုံပျော်မြို့နယ် အခြေစိုက် ခလရ(၃၆) ၊မြန်အောင်မြို့နယ်အခြေစိုက် ခလရ(၅၁) နှင့် ရေကြည်မြို့ နယ်အခြေစိုက် အမှတ်(၃၄၄)အမြောက်တပ်တို့မှစစ်ကောင်စီတပ်ဖွဲ့များဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ ပိတ်ဆို့ခြင်းများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များက ပြုလုပ်နေခြင်းဖြစ်ပြီး ရခိုင်ရိုးမနှင့်ထိစပ်နေသည့် တောင်ခြေကျေးရွာများမှ ဒေသခံများကိုလည်း မတရားဖမ်းဆီးမှုများပြုလုပ်နေသည်ဟု ၎င်းကဆိုသည်။

"ပြီးခဲ့တဲ့ တစ်လအတွင်းမှာ လေးမျက်နှာဘက်က ဒေသခံ ၁၅ ယောက်နဲ့ ကြံခင်း မြန်အောင်ဘက်က ဒေသခံ ၃၀ နီး ပါးကို PDF နဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းတာတွေရှိတယ်။ တောနဲ့နီးတဲ့နေရာမှာနေပြီး အရင်ကဆန္ဒပြပွဲတွေမှာ ပါဖူးတဲ့လူတွေကို စွပ်စွဲပြီး ဖမ်းနေတာပါ"ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်ကပြောသည်။

ယင်းပြင် လေးမျက်နှာ ၊မြန်အောင်၊ ကြံခင်းမြို့နယ်များရှိ သစ်တောများအား မှီခိုစားသောက်နေရသည့် တောင်သူများအား တောအတွင်းသို့ဝင်ရောက်ခွင့်မပြုတော့ကြောင်း၊ စစ်ကောင်စီတပ်ကခွင့်ပြု၍ တောအတွင်းသို့ဝင်ခွင့်ထွက်ခွင့်ရလျှင်လည်း တစ်ရက်စာရိက္ခာအပြင် ပို၍ယူဆောင်ခွင့်မပြုကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် ကြံခင်းမြို့နယ်နှင့်အင်္ဂပူမြို့နယ်တို့ရှိ တောင်ခြေကျေးရွာအချို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများတပ်ဆင်ကာ တောအုပ်များအတွင်းသို့ချိန်ရွယ်ထားသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

"လက်နက်ကြီးတွေနဲ့ တောထဲကိုချိန်ပြီး အထိုင်ချနေတာ တော်တော်ကြာပြီ။ ဒေသခံတွေကိုလည်း ထောက်ပို့တွေဆိုပြီး ဖမ်းတာတွေရှိတယ်။ ဒေသခံတွေက PDF တွေ ဘယ်ဆီနေမှန်းတောင် သိကြတာမဟုတ်ဘူး။စစ်သားတွေမတရားလုပ်သမျှ ကြိတ်ခံနေရတယ်"ဟု ကြံခင်းဒေသခံ တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များက အင်အားအများအပြားသုံးကာ တပ်စွဲခြင်း၊ ဒေသခံပြည်သူများအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်းများကြောင့် ဒေသခံများစိုးရိမ်မှုများရှိနေကြသည်ဟု ၎င်းကဆက်လက်ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီသတင်းပေးများရှင်းလင်းခံရသည့်ဖြစ်စဥ်များနှင့် ဗုံးပေါက်ကွဲမှုများ အများအပြားဖြစ်ပေါ်ခဲ့သည်။
သို့သော် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ လက်ရှိအချိန်အထိ စစ်ကောင်စီသတင်းပေးများ ရှင်းလင်းခံရသည့်ဖြစ်စဥ်နှင့် ဗုံးပေါက်ကွဲမှုအနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဟင်္သာတခရိုင်
#ထောက်ပို့
#ပိတ်ဆို့

ဓာတ်ပုံ - ဟင်္သာတမြို့နယ်မှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်(ပုံဟောင်း)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬11❤2👍2🔥1👏1
Media is too big
VIEW IN TELEGRAM
အာဆီယံနိုင်ငံများရဲ့စစ်ရေးလေ့ကျင့်ရေးအစည်းအဝေးကို နိုင်ငံပေါင်း (၁၁) နိုင်ငံတတ်ရောက်ခဲ့

Watch more detail - https://youtu.be/zsxPfpcj_9I

#reels #shorts #politicalnews #Mizzima
🤬13👍2❤1👏1😁1
ရန်ကုန်တိုင်း မြို့နယ်အများစု၌ ဧည့်စာရင်းတိုင်လျင် ဓာတ်ပုံအပြင် ကိုယ်ရေးအချက်အလက်ပါ ဖြည့်စွက် ရ
🔥3👏1😁1
ရန်ကုန်တိုင်း မြို့နယ်အများစု၌ ဧည့်စာရင်းတိုင်လျင် ဓာတ်ပုံအပြင် ကိုယ်ရေးအချက်အလက်ပါ ဖြည့်စွက် ရ
=============

မဇ္ဈိမ။ á‹á€›á€”်ကုန်တိုင်းဥတွင်းရသိ မြို့နယ်အများစု၌ ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းတိုင်ကြားပါက ဧည့်စာရင်းစာအုပ်၌ မိသားစုလိုက် ဓာတ်ပုံများကပ်ထားရသည့်အပြင် တဦးချင်း၏ ကိုယ်ရေးအချက် အလက်များကိုပါ ဖြည့်စွက်နေရကြောင်း သိရသည်။

ဧည့်စာရင်းဖြင့်နေထိုင်သည့် မိသားစုဦးရေကိုဖော်ပြရပြီး စာရွက်တရွက်ချင်းတွင် တယောက်ချင်း ဓာတ်ပုံ ကပ်ထားရပြီး ကိုယ်ရေးအချက်အလက် အပြည့်အစုံဖြည့်သွင်းရသည့်အပြင် အိမ်ရှင်ကိုယ်တိုင်မှလည်း အိမ်ငှား(ဧည့်သည်)များကို တာဝန်ယူကြောင်း ခံဝန်ကတိလက်မှတ်ထိုးရသည်ဟု သိရသည်။

“ကျွန်တော်တို့ ဧည့်စာရင်းစာအုပ်နဲ့နေလာတာကြာပြီ တခါမှဒီလိုမလုပ်ရဘူး။ ဒီတခေါက် ဧည့်စာရင်း သွားတိုင်တော့ စာအုပ်အဝါလေးတအုပ်ဝယ်ရတယ်၊ ဧည့်စာရင်းစာအုပ်ပေါ့။ အဲဒီမှာ အချက်အလက်တွေ ကို ဖြည့်ရတယ်။ မိသားစုပုံအပြင် တယောက်ချင်း အချက်အလက်ဖြည့်ရတယ်။ အရင်က ဘယ်မှာနေတာ၊ ဘာအလုပ်လုပ်တယ်၊ အဲဒါတွေကိုဖြည့်ရတယ်။ နောက်ပြီး ဧည့်စာရင်းစစ်လို့မိရင် အရင်ကလို ဒဏ်ငွေ မဆောင်ခိုင်းဘဲ ပေါ်တာခေါ်မယ်ဆိုပြီးပြောသံကြားတော့ ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်သူတွေ ပြည့်နေ တယ်” ဟု သာကေတမြို့နယ်မှ ဧည့်စာရင်းဖြင့်နေသူတဦးကဆိုသည်။

အိမ်ထောင်စုစာရင်း၊ ဧည့်စာအုပ်များတွင် မိသားစုပုံများကပ်ထားရခြင်းသည် နဝတ/နအဖ စစ်အစိုးရ လက်ထက်ကကျင့်သုံးခဲ့သည့်ပုံစံကို ပြန်လည်ကျင့်သုံးနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“အရင်စစ်အစိုးရ လုပ်ပုံနဲ့တပုံတည်းပါပဲ။ ကော်ပီကူးထားတဲ့အတိုင်းပဲ။ အရင်ကဆို အိမ်ရှေ့အပေါက်ဝ လူမြင်ကွင်းမှာ မိသားစုပုံနဲ့ကိုယ်ရေးအချက်လက်တွေကို ပလက်စတစ်လောင်းပြီး ချိတ်ထားရတယ်။ 

မိသားစုဝင်ငါးဦးမှာ နှစ်ယောက်ပျောက်နေရင် ဘယ်သွားတာလဲ၊ ပြည်ပမှာ အလုပ်သွားလုပ်တယ်ဆိုရင် လည်း ပတ်စပို့စ်မိတ္တူစာအုပ်ကိုပါ ပူးတွဲကပ်ထားရတယ်။ ဒါမှမဟုတ် တခြားမှာ အလုပ်သွားလုပ်တယ် ဆိုရင်လည်း ခရီးသွားထောက်ခံစာ တိုင်ကြားထားလား။ အဲဒါတွေကအစ တွဲထားရတယ်။ ကျွန်မတို့ဆိုရင် အစ်ကိုက မလေးရှားမှာအလုပ်သွားလုပ်တယ်၊ တရားဝင်သွားပြီးတော့ လုပ်တာပါ။ တနှစ်စာ ထောက်ခံ ချက်ပေးပါဆိုတာတောင် မရဘူး၊ တလတခါ ခရီးလွန်တိုင်ရတယ်။ အလှူငွေထည့်ရတာ‌ပေါ့။

အခုအဲဒီ‌ ခေတ်ကို ပြန်ရောက်လာပြီ” ဟု သာကေတမြို့နယ်မှအမျိုးသမီးတဦးကလည်း ပြောသည်။
ဧည့်စာရင်းဥပဒေတွင် မည်သူမဆို ဧည့်စာရင်းတိုင်ကြားရန်ပျက်ကွက်ပါက ကျပ် ၁၀,၀၀၀ ထက်မပိုသော ဒဏ်ငွေကို ပေးဆောင်ရမည်ဖြစ်ပြီး၊ ပေးဆောင်ရန်ပျက်ကွက်ပါက ထောင်ဒဏ်ခုနစ်ရက်ထက်မပိုသော ပြစ်ဒဏ်ကို á€žá€€á€şá€†á€­á€Żá€„်တရဏးရုလးက ချမှတ်ရမည်ဟု ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်၌ ပြင်ဆင်ထုတ် ပြန်ခဲ့သော စတုတ္ထအကြိမ် ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေတွင် ဖော်ပြထားသော်လည်း ဧည့်စာရင်းစစ်သူ များက ဧည့်စာရင်းမတိုင်သူ၊ ရက်လွန်သူများကို ရုံးသို့ခေါ်ယူခြိမ်းခြောက်ကာ လူအခြေအနေကိုကြည့် ပြီး á€€á€ťá€•် ၁၀၀,၀၀၀ နှင့်အထက် တောင်းယူမှုများလည်းရှိနေကြောင်း သိရသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရလက်ထက်က ပယ်ဖျက်ခဲ့သည့်ဧည့်စာရင်းဥပဒေကို စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖွဲ့စည်းပုံအ‌ခြေခံဥ‌ပဒေပုဒ်မ(၄၁၉)အရဟုဆိုကာ ရပ်ကွက်နှင့်ကျေးရွာ များအလိုက် ဧည့်စာရင်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရန်ကုန်
#ဧည့်စာရင်း
#ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေ

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏4👍3🔥1😁1😢1
​​နိုင်ငံအနှံ့ မိုးများနိုင် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် ရေဘေးနှင့် မြေပြိုခြင်းကို ပြင်ဆင်ထားရန် NUG သတိပေး
=============

ဂျူချန်း

(မဇ္ဈိမ)။ ။ ဩဂုတ်လ ဒုတိယအပတ်အတွင်း ယနေ့ ဩဂုတ်လ ၈ ရက်နေ့ နှင့် မနက်ဖြန် ဩဂုတ် ၉ ရက်နေ့တို့တွင် နိုင်ငံအနှံ့မိုးကြီးနိုင်ပြီး ထိုနှစ်ရက်အတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် ရေဘေးနှင့် မြေပြိုခြင်းအန္တရာယ်ကို အထူးသတိထားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန( MOHADM)မှ သတိပေးထားသည်။

ဩဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း တို့တွင် မိုးရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် ရေဘေးနှင့် မြေပြိုခြင်းအန္တရာယ်ကို အထူးအလေးထားပြင်ဆင်ထားကြရန် NUG- MOHADM မှ ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လေးမြို့မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် သုံးပေခွဲသို့ ရောက်ရှိနေကြောင်းနှင့် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ရွှေကျင်မြစ်ရေသည် စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့်သို့ ရောက်ရှိနေပြီဖြစ်ပြီး နောက်တစ်ရက်အတွင်း ထိုမြစ်နှစ်ခုသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ​ယနေ့ ဩဂုတ်လ ၈ ရက်နေ့နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ထိုကြောင့် မြောက်ဦးမြို့နယ်နှင့် ရွှေကျင်မြို့နယ်ရှိ မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် ဒေသခံများအနေဖြင့် ရေကြီးခြင်းဘေးန္တရာယ်ကို အထူးသတိပြုနေထိုင်ကြရန် မိုးဇလမှ သိပေးထားသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ယမန်နေ့ည တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ယနေ့ နံနက် ၁၁နာရီခွဲအချိန်တွင်မူ မိုးသည်းထန်ခြင်း မရှိသော်လည်း အနည်းငယ် ဆက်လက်ရွာသွန်းနေပြီး မိုးအုံ့ဆိုင်းနေဆဲဖြစ်ရာ အနိမ့်ပိုင်းနေရာများတွင် ရေတက်လာပါက ပြောင်းရွှေ့ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း တိမ်ညိုစစ်ရှောင်စခန်း ပြန်ကြားရေးတာဝန်ခံ ဦးစိုးနိုင်က မဇ္ဈိမကို ပြောသည်။

“ရေကတော့ တဖြည်းဖြည်း တိုးတိုးတော့ လာတယ်။ ဒါပေမယ့် အန္တရာယ်ဖြစ်လောက်အောင်တော့ မဖြစ်သေးဘူးပေါ့။ အဲ့ဒါကြောင့် စောင့်ကြည့်နေတဲ့ အနေအထားပေါ့။ ဒီ့ထက်တိုးလာရင်တော့ ပြောင်းရွှေ့ရမယ့် အစီအစဉ်တော့ ရှိပါတယ်ခင်ဗျ။ ညကတော့ တော်တော်ကြီးတယ်။ ည တစ်ညလုံးလိုလို မိုးရွာနေတယ်။ အခုမိုးမကြီးဘူးပေါ့။ မိုးဖွဲဖွဲရွာနေတယ် မိုးတိမ်ကတော့ အုံ့နေတယ်” ဟု တိမ်ညိုစစ်ရှောင်စခန်း ပြန်ကြားရေးတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မိုးအနည်းငယ် ပြန်လည်လျော့ကျလာနိုင်ကြောင်း NUG- MOHADM မှ ခန့်မှန်းထားသည်။ သို့သော် ဩဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် ရခိုင်ပြည်နယ်၌ မိုးထပ်မံ သည်းထန်လာနိုင်ကြောင်း ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား မိုးရွာသွန်းနေပြီး ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မောင်တောမြို့နယ်များတွင် ရေကြီးရေလျှံ ဖြစ်ပွားနေရာ ဩဂုတ်လ ၇ ရက်နေ့တွင် မင်းပြားမြို့ ပြင်ယောင်းရွာတွင် ငါးနှစ်အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ ရေနစ်သေဆုံးခြင်း ဖြစ်ပွားခဲ့ကြောင်း á€’á€ąá€žá€á€˝á€„á€şá€¸á€žá€á€„á€şá€¸á€Œá€Źá€”á€™á€ťá€Źá€¸á€™á€ž ဖော်ပြထားကြသည်။

အလားတူ ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့နှင့် မြဝတီမြို့၊ မွန်ပြည်နယ် ကျိုက်မရောမြို့နှင့် ဘီးလင်းမြို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံ ဖြစ်ပွားနေကြောင်း သိရသည်။ 

ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ကျရေတိုက်စားမှုကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးသည် တောနော်ရေတံခွန်အနီးတွင် မြေပြိုကျကာ ကုန်သွယ်မှုပြတ်တောက်သွားခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#နယ်စပ်ကုန်သွယ်ရေးလမ်း
#NUG
#MOHADM

ပုံစာ - ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းကို ဩဂုတ်လ ၇ ရက်နေ့တွင် မြင်တွေ့ရစဉ်

--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12😢4🔥1
ပုလဲ ကျေးနင်းကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးဟုဆို
================

လွှမ်းမိုး

(မဇ္ဈိမ)။ á‹á€…စ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ကျေးနင်းကြီးရွာအနီး ယမန်‌နေ့ နံနက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

အင်အား ၉၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ယင်းမာပင်ခရိုင် အမှတ်(၁၂)တပ်ရင်းနှင့် အမှတ် (၆)တပ်ရင်း၊မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၇ ရက် နံနက် ၉ နာရီခန့်တွင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

“တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာက ကွင်းပြင်ကြီးမှာ ဖြစ်ခဲ့တာ ဆိုတော့ ရန်သူ့ အခြေအနေကို အကုန်မြင်နေရတာ ဖြစ်တယ်ဗျ။ စစ်ကောင်စီတပ် ရှေ့ပွိုင့် စစ်သား ငါးဦး အပါအဝင် စစ်သား ၁၀ ဦး လဲကျသွားတာကို တွေ့လိုက်ရတယ်” ဟု MRDA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ကျေးနင်းကြီးကျေးရွာအနီး ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက á€á€­á€Żá€„်းပတ်တိုက်ခိုက်ခဲအခဟင်းဖဟစ်ကဟ္ဏင်း ပုလဲမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။

စစ်ကောင်စီဘက်မှ သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲသည် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု၁ နာရီခန့်ကြာခဲ့ပြီး မြေပြင်စစ်ကြောင်းကို ဆွဲထုတ်နိုင်ရန်အတွက် á€…စ်က္ဏင်စဎတပ်က တိုက်လေယာဉ်ဖြင့် á€—ုလးကဝဲတိုက်ခိုက်ခဲအကဟ္ဏင်းဌးဇ္ဏ်ထက်က ပြောသည်။သို့သော် ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့ နှင့် စစ်အသုံးဆောင်ပစ္စည်းအချို့ ရရှိခဲ့သည်ဟု MRDA ကဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့တွင် ကျေးနင်းကြီးရွာအတွင်း တပ်စွဲထားပြီး ပြန်လည်ထွက်ခွာသွားခြင်းမရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။လတ်တလောတွင် á€•á€Żá€œá€˛á€™á€źá€­á€Żá€ˇá€”á€šá€şá€Ąá€á€˝á€„á€şá€¸ စစ်ကောင်စီစစ်ကြောင်းများကြောင့် ငှက်ပျောတော၊ ညောင်ပင်သာ၊ ဆင်ရှင်၊ ကြောင်သန်း၊ ကျေးနင်းကြီး၊ သေတ္တရာ၊ မင်းတိုင်ပင်ရွာများမှ ဒေသခံပြည်သူ အများအပြား စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - မောင်ကြီး

https://youtu.be/GI2QOJ-ZSMM

#mizzima
#ပုလဲမြို့နယ်
#ကျေးနင်းကြီးရွာ
#တိုက်ပွဲ
--------------------- 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤2👏2😁2