မြန်မာပြည်သူနှင့်အတူ ရပ်တည်ကြောင်း U.S နှင့် U.K သံရုံးများမှ “၈၈၈၈” အထိမ်းအမှတ်နေ့တွင်ထုတ်ပြန်
👍18😁1🤮1

=================
ဂျူချန်း
(မဇ္ဈိမ)။ ။ ယနေ့ ဩဂုတ်လ ၈ ရက်တွင် ကျရောက်သည့် ၃၅ နှစ်မြောက် “၈၈၈၈” လူထုအရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဟု အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးတို့က ထုတ်ပြန်သည်။
ဒီမိုကရေစီရရှိရေးအတွက် ဆယ်စုနှစ်ချီကာ ကြိုးပမ်းနေသည့် မြန်မာပြည်သူလူထု၏ စိတ်ဓာတ်နှင့် ရဲရင့်မှုများကို လေးစားဂုဏ်ယူကြောင်းနှင့် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူနှင့်အတူ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးနှင့် ဗြိတိသျှသံရုံးတို့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီအား မြန်မာပြည်သူတို့၏ ရပိုင်ခွင့်ဖြစ်သည့် လူ့အခွင့်ရေးများကို လေးစားလိုက်နာပေးရန်အတွက်လည်း အမေရိကန်သံရုံးက တောင်းဆိုထားသည်။
“မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး ပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုနှင့် လူအခွင့်အရေးများကို လေးစားလိုက်နာရန် စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုပါသည်” ဟု အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် စတင်ခဲ့သော “၈၈၈၈” အရေးတော်ပုံကြီးသည် မြန်မာနိုင်ငံတွင် လူတန်းစားအလွှာပေါင်းစုံပါဝင်သည့် အကြီးမားဆုံးသော လူထုလှုပ်ရှားမှု တစ်ခုအဖြစ် သမိုင်းဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေး ထပ်မံပေါ်ပေါက်ခဲ့သည်။
“၈၈၈၈” အရေးတော်ပုံတွင် မပြီးဆုံးခဲ့သည့် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းရေး လူထုတိုက်ပွဲသည် ၂ဝ၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် အဆုံးသတ်နိုင်လိမ့်မည်ဟု “၈၈၈၈” တွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေးသမားများက မှတ်ချက်ပြုကြသည်။
ယနေ့တွင် ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးရှေ့၌ ထိုင်းရောက်မြန်မာနိုင်ငံသားများက ထိုင်းအစိုးရနှင့် အမေရိကန်သံရုံးတို့၏ ခွင့်ပြုချက်ဖြင့် “၈၈၈၈” အရေးတော်ပုံ ၃၅ နှစ်မြောက် အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ခု လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖိနှိပ်မှုများကြားမှ “၈၈၈၈” အရေးတော်ပုံ လူထုလှုပ်ရှားများ ဆင်နွှဲနေကြပြီး ဩဂုတ်လ ၅ ရက်နေ့ကလည်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ နှင့် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တို့၌ ပြည်ပရောက်မြန်မာများ စုဝေးကာ ၃၅နှစ်မြောက် “၈၈၈၈” အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် လူထုလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#၈၈၈၈
#အမေရိကန်သံရုံး
#ဗြိတိသျှသံရုံး
ပုံအညွှန်း - ဆူးလေလမ်းမ လူကူးကုန်းကျော်တံတားပေါ်တွင် ၈၈၈၈ စာတန်းပါ အင်္ကျီများကိုချိတ်ဆွဲ၊ ဩဂုတ် ၈၊ ၂၀၂၃ ဓာတ်ပုံ-DPNS)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍16❤2😁1🤮1
ရွေးကောက်ပွဲကျင်းပနိုင်ရေး နိုင်ငံတစ်ဝန်း တည်ငြိမ်အောင် ဆောင်ရွက်သွားရန် စစ်ကောင်စီခေါင်းဆောင်ပြော
=================
001
မဇ္စျိမ။ ။ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏အဖွဲ့ဝင်များကို ယမန်နေ့ ဩဂုတ်လ ၇ ရက်က ပြောသည်။
အရေးပေါ်ကာလ သက်တမ်းထပ်တိုးပြီးနောက် အပြောင်းအလဲအချို့ ပြုလုပ်ထားသည့် စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပထမအကြိမ်အဖြစ် နေပြည်တော်တွင် တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ရာနှုန်းပြည့် ကျင်းပအောင်မြင်ရန် ခက်ခဲသော်လည်း စွမ်းအားရှိသမျှ လုပ်ဆောင်ရမည်ဖြစ်ပြီး အဆိုပါရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် အစိုးရကို အာဏာလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ထပ်မံပြောဆိုသည်။
ထို့အပြင် နိုင်ငံတည်ငြိမ်အေးချမ်းရေး ၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုအပေါ် နှောင့်ယှက်မှုများ ရှိနေမည်ဆိုပါက ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် နှောင့်နှေးစေကြောင်းလည်း ထည့်သွင်းပြောဆိုသည်။
စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲလမ်းကြောင်းဖောက်နိုင်ရန်အတွက် အကြမ်းဖက်ဖိနှိပ်မှုများပြုလုပ်ကာ ကြိုးပမ်းနေသော်လည်း ၎င်းမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာဘဲ ရွေးကောက်ပွဲကျင်းပနိုင်ရေး အကျပ်အတည်းမှာ ပို၍ ကြီးမားလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောသည်။
“အခုချိန်မှာဆိုရင်လည်း တပ်ပြေးတွေ၊ ကျဆုံးတွေများတယ်၊ တပ်က အင်အားစုလို့မရတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတဲ့ အခြေအနေအောက်မှာ သူ့အနေနဲ့ တခြားရွေးချယ်စရာ မရှိပါဘူး။ စစ်အုပ်ချုပ်ရေးဆက်တိုးချဲ့သွားဖို့ပါပဲ။ သူ မကျမဆုံးမချင်း အဲ့တာလုပ်ကိုင်သွားမယ့် သဘောရှိပါတယ်။ သူမျှော်မှန်းတဲ့ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်မယ့် အခြေအနေကတော့ မြန်မာပြည်မှာ မရှိတော့ပါဘူး”ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။
စစ်ကောင်စီခေါင်းဆောင်အနေဖြင့် ယခင်က ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသော်လည်း လက်ရှိတွင် ဩဂုတ်လ ၁ ရက်နေ့မှစကာ နောက်ခြောက်လအထိ အရေးပေါ်ကာလသက်တမ်း ထပ်တိုးထားသည်။
ဇူလိုင်လ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကာလုံအစည်းအဝေးတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မတည်ငြိမ်သည့် ဒေသများကို ချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပခြင်းနှင့် ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မဖြစ်မနေပြုလုပ်ခြင်း စသည့် အခင်းအကျင်းနှစ်ရပ်ကို တင်ပြပြီး အဆိုပါ အခင်းအကျင်း နှစ်ခုစလုံးအတွက် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိရန်လိုကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခဲ့သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ရွေးကောက်ပွဲ
#စစ်ကောင်စီ
ပုံအညွှန်-စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အညာဒေသခံများ။(Photo/Mizzima)
------------------------

😁15❤3👍3
အုတ်ဖိုတွင် CDM သူနာပြုဆရာမအား သတ်ဖြတ်မှု၌ ပါဝင်သူ ရာအိမ်မှူးပစ်ခတ်ခံရပြီး သေဆုံး၊ရဲကားမိုင်းဆွဲခံရ
====================
https://youtube.com/shorts/oqSBsJKNfHs?feature=share

YouTube
အုတ်ဖိုတွင် CDM သူနာပြုဆရာမအား သတ်ဖြတ်မှု၌ ပါဝင်သူ ရာအိမ်မှူးပစ်ခတ်ခံရပြီး သေဆုံး၊ရဲကားမိုင်းဆွဲခံရ
ရွှေနွယ် (မဇ္ဈိမ)။ ။ပဲခူးတိုင်းအနောက်ခြမ်း၊အုတ်ဖိုမြို့နယ်၊ထန်းပင်ကုန်းကျေးရွာ၌ CDM သူနာပြုဆရာမအား သတ်ဖြတ်မှုတွင်ပါဝင်ခဲ့သည့် ရာအိမ်မှူးကို ပစ်ခတ်ရာ သေဆုံးသ...
👍11👏4❤1🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျပန်သို့သွားရောက်
#internationalnews
#reels
#shorts
#internationalnews
#reels
#shorts
🔥4👍1
သြဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===============
https://youtu.be/BBu2XVnJn1s

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

🔥2👍1
This media is not supported in your browser
VIEW IN TELEGRAM
အာဏာသိမ်းခံထားရတဲ့ နိုင်ဂျာကို အလားတူအာဏာသိမ်းခံထားရတဲ့ မာလီနဲ့ ဘာကီနာဖာဆိုနိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့စေလွှတ်အားပေး
#internationalnews
#reels
#shorts
#internationalnews
#reels
#shorts
👍2😁2❤1
အိန္ဒိယသို့ ကုန်သွယ်နိုင်သည့် လမ်းကြောင်း ၄ ခု ကို ဘင်္ဂလားဒေ့ရှ် ခွင့်ပြုပေး
===================
ထရီပူရာနှင့် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အခြားပြည်နယ်များမှ ကုန်သည်များထံ သို့ ကုန်စည်ပို့ဆောင်ရန် လမ်းကြောင်း ၄ ခုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုလိုက်ကြောင်း Dhaka Tribune က ဖော်ပြသည်။
စစ်တကောင်းဆိပ်ကမ်း မှ အခ်ဟူရာ - အဂါ တလာ နှင့် ဗိဗဇာ - သီရိမန်တပူရ် သို့ ဆက်သွယ်သည့် လမ်း ကြောင်း နှင့် မိုင်းလားဆိပ်ကမ်း- အခ်ဟူရာ မှ အဂါ တလာ နှင့် ဗိဗဇာ-သီရိမန်တာပူ သို့ ဆက်သွယ်သည့် လမ်းကြောင်း ဟူ၍ လမ်းကြောင်း ၄ ခု ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
===================
ထရီပူရာနှင့် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အခြားပြည်နယ်များမှ ကုန်သည်များထံ သို့ ကုန်စည်ပို့ဆောင်ရန် လမ်းကြောင်း ၄ ခုကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုလိုက်ကြောင်း Dhaka Tribune က ဖော်ပြသည်။
စစ်တကောင်းဆိပ်ကမ်း မှ အခ်ဟူရာ - အဂါ တလာ နှင့် ဗိဗဇာ - သီရိမန်တပူရ် သို့ ဆက်သွယ်သည့် လမ်း ကြောင်း နှင့် မိုင်းလားဆိပ်ကမ်း- အခ်ဟူရာ မှ အဂါ တလာ နှင့် ဗိဗဇာ-သီရိမန်တာပူ သို့ ဆက်သွယ်သည့် လမ်းကြောင်း ဟူ၍ လမ်းကြောင်း ၄ ခု ဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥3
Media is too big
VIEW IN TELEGRAM
စွက်ဖက်ခြိမ်းခြောက်မှုတွေကို အကြောင်းပြကာ နိုင်ဂျာလေပိုင်နက်ကို အာဏာသိမ်းစစ်တပ်ပိတ်သိမ်း
#internationalnews
#reels
#shorts
#internationalnews
#reels
#shorts
🤬4😁2❤1
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ကြွေးကြော်သံဟာ ကျမတို့အားလုံးရဲ့ ရင်ထဲရောက်သွားပြီ
===================
"၈၈ တုန်းက မရှိခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ကြွေးကြော်သံဟာ ကျမတို့အားလုံးရဲ့ ရင်ထဲရောက်သွားပြီ" ဒေါ်နှင်းနှင်းမွှေး (DPNS)
လင်းသူရိန်
အခုဆိုရင် ၈၈၈၈ လူထုလှုပ်ရှားမှုကြီး ဆင်နွှဲခဲ့တာ (၃၅) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ဒီလို ( ၃၅ ) နှစ်ပြည့်တဲ့အချိန်ဟာ တကျော့ပြန် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ နွေဦးတော်လှန်ရေး ကိုလည်း ဆင်နွှဲနေတဲ့ အချိန်ဖြစ်ပါတယ်။
၈၈၈၈ အရေးတော်ပုံကာလ အမှတ်တရ နိုင်ငံရေးလှုပ်ရှားမှူတွေနဲ့ နွေဦးတော်လှန်ရေးကာလ အခြေအနေတွေကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကို မဇ္ဈိမ သတင်းထောက် လင်းသူရိန်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း/တည်းဖြတ် = လင်းသူရိန်
https://youtu.be/3NPaxyTmMss
#၈၈၈၈
#၃၅
#အရေးတော်ပုံ
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

အခုဆိုရင် ၈၈၈၈ လူထုလှုပ်ရှားမှုကြီး ဆင်နွှဲခဲ့တာ (၃၅) နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ ဒီလို ( ၃၅ ) နှစ်ပြည့်တဲ့အချိန်ဟာ…

👍16🤮4😁1
This media is not supported in your browser
VIEW IN TELEGRAM
ဖိလစ်ပိုင်လှေတွေကို ရေအမြှောက်နဲ့ပစ်ခတ်ခြင်းအတွက် တရုတ်သံအမတ်ကို ဖိလစ်ပိုင်ဆင့်ခေါ်
#internationalnews
#reels
#shorts
#internationalnews
#reels
#shorts
👍7👏3🔥1
မဂႅလာပါလို့ မဇ္ဈိမ မိသားစုမှ နှုတ်ခွန်းဆက်သလိုက်ပါရစေ။
==================
၂၀၂၃ ခုနှစ် သြဂုတ်လ (၈) ရက်နေ့တွင် ပြည်သူများအတွက် သတင်းတင်ဆက်ပေးလာခဲ့သည်မှာ ၂၅ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။
စတင်ထုတ်လွှင့်တဲ့ ၁၉၉၈ ခုနှစ်မှ ယနေ့တိုင် အခိုင်အမာအားပေးခဲ့ကြတဲ့ ပရိသတ်များအား မဇ္ဈိမမိသားစုမှအထူးအလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေ။
၂၀၂၃ခုနှစ် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ အတွင်းရှိ ဒေသ အသီးသီးမှာ သတင်းပြတ်လပ်မှု မရှိစေရန် မဇ္ဈိမရေဒီယို အစီအစဥ်ကို နေ့စဥ်အောင်မြင်စွာ ထုတ်လွှင့်ပေးနိုင်ခဲ့ပြီး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက်လည်း တိုင်းရင်းသား ရုပ်သံအစီအစဥ်များကို ထုတ်လွှင့်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် Mizzima TV ကြည့်ရှုသူပရိသတ်များ အဆင်ပြေ ချောမွေ့စွာကြည့်ရှုနိုင်ရန် ၊
ပြည်တွင်းသာမက ပြည်ပ ပရိသတ်များပါ အခမဲ့ကြည့်ရှုနိုင်ရန် ထုတ်လွှင့်တဲ့ ဂြိုတ်တုလိုင်းများကို တိုးချဲ့ပြီးထုတ်လွှင့်နိုင်ခဲ့ပါတယ်. Mizzima TV free to Air channel ကို အရှေ့တောင်အာရှ အတွင်း မည့်သည့်နေရာဒေသကမဆို ဖမ်းယူကြည့်နိုင်တဲ့အပြင် satellite box အခက်အခဲရှိသူများပါ မကျန်ရလေအောင်လက်ကိုင်ဖုန်းတွေမှာ တိုက်ရိုက်ကြည့်ရှုနိုင်ပြီး အစီအစဥ်ပေါင်းများစွာပါ၀င်တဲ့ Mizzima TV application ကို ပြည်သူများ လက်၀ယ် ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်. ရုပ်သံအစီအစဥ်တင်ဆက်ရာတွင်လည်း သတင်းအပြင် စိတ်အမောများပြေနိုင်ရန် အခမဲ့ကြည့်ရှုနိုင်တဲ့ Mizzima+ TV ချန်နယ်ကို ထပ်မံထုတ်လွှင့်နိုင်ခဲ့ပါတယ်။
မဇ္ဈိမရဲ့ သတင်း၊ သုတ၊ ရသစုံအစီအစဥ်များကို ပရိသတ်များဆီ အရောက်ပေးပို့နိုင်အောင် အတူကြိုးစားအားထုတ်ခဲ့ကြတဲ့ မဇ္ဈိမဝိုင်းတော်သားများနဲ့ အတူ အစဉ်မပြတ် မဇ္ဈိမနှင့်အတူရှိနေခဲ့တဲ့ပရိသတ်ကြီးကို ထပ်မံ၍ အထူးကျေးဇူးတင်အပ်ပါတယ်။
ဆက်လက်ပြီးမလျော့သော လုံလဝီရိယဖြင့်ပြည်သူများနဲ့ရပ်တည်၍ မှန်ကန်သောသတင်းများကိုတင်ဆက်ပေးနေမယ့် လွတ်လပ်သောမီဒီယာအဖြစ် ဆက်လက်ကြိုးစားသွားပါမယ်လို့ ကတိပြုရင်း ...
အထူးကျေးဇူးတင်စွာဖြင့်
မဇ္ဈိမ မိသားစု
https://youtu.be/X6VCU_zXTOA

…

👍7😁2🤮2
Media is too big
VIEW IN TELEGRAM
ပါကစ္စတန်ရထားမတော်တဆမှုအပြီး အပျက်အစီးတွေကို စုံစမ်းစစ်ဆေးသူတွေက ရှာဖွေစစ်ဆေး
#InternationalNews #reels #shorts #Pakistan #Mizzima

😁4👍1
မြေပြိုမှုကြောင့် ထိုင်း မြန်မာနယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင် | Business Roundup (8.8.2023)
=======================
- အာရှလမ်းမကြီး မြေပြိုမှုကြောင့် ထိုင်း မြန်မာနယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်
- ပြည်ပရောက်အလုပ်သမားများ၏ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်ငွေလွှဲနှုန်းဖြင့် ပြန်ပို့ရမည်ဟု စစ်ကောင်စီညွှန်ကြား
- နိုင်ငံ့စီးပွားရေးအပေါ် မူတည်ပြီး Peninsula Yangon ဟိုတယ်စီမံကိန်း ပြန်လည်စတင်ရန်စီစဉ်နေ
- နိုင်ငံရေးရှုပ်ထွေးမှုများကြောင့် ထိုင်းရှိ မြန်မာလုပ်သားများ လုပ်ငန်းခွင် အပြောင်းအလဲ မပြုလုပ်ကြရန် သတိပေး
https://youtu.be/vn8hKPSuilE
#BusinessRoundUp
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

- နိုင်ငံ့စီးပွားရေးအပေါ် မူတည်ပြီး Peninsula Yangon ဟိုတယ်စီမံကိန်း…

👍13🔥3❤1😁1
သံတောင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေအိမ်များကို အကြောင်းမဲ့ မီးရှို့
==============
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ၁၃ မိုင်တွင် စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ ထံက သိရသည်။
ဩဂုတ်လ ၅ ရက်နေ့မှစ၍ သံတောင်မြို့ ၁၃ မိုင် မြို့အဝင်အထွက်ရှိတပ်စခန်းများမှ စစ်ကောင်စီတပ် သားများသည် မြို့ပေါ်ရပ်ကွက်များအတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များအား မီးရှို့ခြင်းဖြစ် ပြီး ဩဂုတ်လ ၇ ရက်နေ့အထိ မီးရှို့နေကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ၅ ရက်နေ့ကစရှို့တာ မနေ့က(ဩဂုတ်လ ၇)အထိ ရှို့တယ်။ ရပ်ကွက်(၁)၊ ရပ် ကွက်(၃)၊ ရပ်ကွက်(၄)က အိမ်တွေပါ။ ကျွန်တော့်အမျိုးအိမ်တအိမ်လည်း မီးရှို့ခံရတဲ့ထဲပါသွားတယ်”ဟု KNU တပ်မဟာ(၂)မှ သတင်းရင်းမြစ်တဦးက မဇ္ဈိမကိုပြောသည်။
သုံးရက်အတွင်း သံတောင်ကားလမ်းဘေးမှ နေအိမ်သုံးလုံးအပါအဝင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရပ် ကွက်(၁)၊ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄)တို့မှ နေအိမ်ရှစ်လုံး စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံထားရ ပြီး အခြား အတည်မပြုနိုင်သေးသော မီးရှို့ခံရသည့်နေအိမ်များလည်းရှိကြောင်း သတင်းရင်းမြစ်တဦးထံ မှ သိရသည်။
မီးရှို့ခံရသည့်နေအိမ်များသည် စစ်ကောင်စီ အာဏာမသိမ်းမီက မြို့နယ်အတွင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနယ်ပယ်များတွင် ပါဝင်ကူညီနေသည့် ရပ်မိရပ်ဖများ၏နေအိမ်များဖြစ်ကြောင်း ဒေသတွင်းဖြစ် စဉ်များအား မျှဝေပေးနေသည့် ThanDaungMuPoe က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထား သည်။
သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ ၁၃ မိုင်တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ တပ်မဟာ (၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲများပြင်းထန်ခဲ့ရာမှ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ယနေ့အထိ နေအိမ် များတွင် ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ဒေသခံအနည်းအကျဉ်းသာ နေထိုင်လျက်ရှိသည့် သံတောင်မြို့ ၁၃ မိုင်အတွင်းသို့ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ တပ်စခန်းများမှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒေသခံများအားဖမ်းဆီးခြင်းတို့ကို မကြာခဏပြုလုပ်လေ့ရှိပြီး ထိခိုက်သေဆုံးမှုလည်း မကြာခဏ ဖြစ်ပေါ် လေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း သံတောင်မြို့ ၁၃ မိုင်၊ ရပ်ကွက်(၂)မှ ကျောင်းဆရာမတဦး၏ နေအိမ်အပါအဝင် နေအိမ်သုံးလုံးအား စစ်ကောင်စီတပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#သံတောင်မြို့
#စစ်ကောင်စီတပ်
#အကြောင်းမဲ့မီးရှို့ဖျက်ဆီး

🤬15👍4❤1😁1
ဖရူဆိုအနောက်ခြမ်းရှိ စစ်ရှောင် ၁,၃၀၀ ခန့်အတွက် မိုးကာနှင့် ခြင်ထောင်များ အရေးပေါ်လိုအပ်
👍5🔥3😁1