Media is too big
VIEW IN TELEGRAM
သက်တမ်း ၅၆ နှစ်ပြည့်ပြီဖြစ်တဲ့ အာဆီယံထဲ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းနေရဆဲ
Watch more detail - https://youtu.be/vlusrfad-D4
#PoliticalNews #reels #shorts #MizzimaTV

😁6👍5
တရုတ်စီးပွားဆက်ဆံရေး တံခါး အဖွင့်၊ အပိတ် “ပိုလီဂရပ်”| VOA On Mizzima
=====================
တရုတ်နိုင်ငံဟာ ကမ္ဘာတဝန်းက ရင်းနှီးမြှပ်နှံသူတွေနဲ့ တံခါးပွင့်ဆက်ဆံရေးကို ကျင့်သုံးနေပါတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတင်ကြိုအကဲဖြတ်တဲ့ ကုမ္ပဏီတွေ နှိပ်ကွက်ခံရတာပါ။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ် ရုပ်သံဗီဒီယိုမှာ တင်ဆက်ထားပါတယ်။
https://youtu.be/7mKJAZa6dkE
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
တရုတ်စီးပွားဆက်ဆံရေး တံခါး အဖွင့်၊ အပိတ် “ပိုလီဂရပ်”| VOA On Mizzima
တရုတ်နိုင်ငံဟာ ကမ္ဘာတဝန်းက ရင်းနှီးမြှပ်နှံသူတွေနဲ့ တံခါးပွင့်ဆက်ဆံရေးကို ကျင့်သုံးနေပါတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတင်ကြိုအကဲဖြတ်တဲ့ ကုမ္ပဏီတွေ နှိပ်ကွက်ခံရတာပါ။ အချက်အလက် အခြေခံပြီး မှားမှန်အတည်ပြုထားတဲ့ VOA ရဲ့ ပိုလီဂရပ်ဖ်…
👍6🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဘင်္ဂလားဒေ့ရှ်မှာ ဒါဇင်နဲ့ချီတဲ့ကိုရမ်ကျမ်းတွေမီးရှို့မှုအပေါ် လူထောင်နဲ့ချီကန့်ကွက်ဆန္ဒပြ
#InternationalNews #reels #shorts #Mizzima

👍7😁2
၂၅ နှစ်ပြည့် မဇ္ဇျိမ မီဒီယာ အပေါ် တော်လှန်ရေးအင်အားစုများ သဘောထား (ရုပ်သံ သတင်း)
=======================
MTO ၊ စိုင်းခန့် ၊ ဂန္ဓမာ ။ ။ ၁၉၉၈ ခုနှစ်က စတင်ခဲ့တဲ့ မဇ္စျိမမီဒီယာဟာ အခု ၂၀၂၃ ခုနှစ်မှာတော့ နှစ်ပေါင်း ၂၅ နှစ် ပြည့်ခဲ့ပါပြီ။
လွတ်လပ်မှု၊ တရားမျှတမှု၊ တာဝန်သိမှုဆိုတဲ့ မဇ္စျိမရဲ့ ဆောင်ပုဒ်နဲ့အတူ လက်ရှိ နွေဦးတော် လှန်ရေး ကာလမှာလည်း အခက်အခဲတွေ ကြားကနေ ပြည်သူတွေဆီ သတင်းစီးဆင်းမှု မပြတ်လတ်စေဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မဇ္စျိမ သတင်းဌာနကို လုပ်ငန်းလိုင်စင်ပိတ်သိမ်းခဲ့ပြီး ရုံးခန်းကို ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မဇ္စျိမသတင်းဌာနအနေနဲ့ ပြည် သူတွေ သတင်းမှန်တွေ သိရှိနိုင်ရေး နည်းလမ်းမျိုးစုံနဲ့ သတင်းတွေကို ယနေ့ အထိတိုင် တင်ဆက် ပေးနေတာပါ။
လက်ရှိနွေဦးတော်လှန်ရေးကာလတွေမှာလည်း တော်လှန်ရေးလုပ်ဆောင်နေတဲ့ အနယ်နယ်အရပ်ရပ် မှ တော်လှန်ရေးအဖွဲ့အစည်းတွေ ၊ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့အစည်းမျိုးစုံး နဲ့ ဆက် သွယ်ချိတ်ဆက်ပြီး သတင်းမှန်တွေ တင်ဆက်နိုင်ရေးအစွမ်းကုန် ကြိုးစား ရွက်နေပါတယ်။
ဒါကြောင့်လည်း မဇ္ဇျိမမီဒီယာ ရဲ့ ရပ်တည်ချက် ဆောင်ရွက်ချက်တွေ နဲ့ ပတ်သတ်လို့ မြောင်မြို့နယ် ကာကွယ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ CDSOM ရဲ့ ခေါင်းဆောင် ကို နွေဦးမြောင် က အခုလိုပြော ပါတယ်
သတင်း - MTO ၊ စိုင်းခန့်၊ ဂန္ဓမာ
တင်ဆက် ၊ တည်းဖြတ် MTO
https://youtu.be/VlzTzv2HjLo
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

လွတ်လပ်မှု၊ တရားမျှတမှု၊ တာဝန်သိမှုဆိုတဲ့ မဇ္စျိမရဲ့ ဆောင်ပုဒ်နဲ့အတူ လက်ရှိ နွေဦးတော် လှန်ရေး ကာလမှာလည်း အခက်အခဲတွေ ကြားကနေ ပြည်သူတွေဆီ…

👍19🤮1
စစ်ကောင်စီတပ်ကစစ်ရာဇဝတ်မှုများကိုအကြိမ်ကြိမ်ထပ်မံကျူးလွန်နေဟုကုလ စုံစမ်းအရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်
=====================
စစ်ကောင်စီတပ်နဲ့ ယင်းလက်အောက်ခံ ပြည်သူ့စစ်များက အရပ်သားတွေအပေါ်ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို မကြာခဏ ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား အဖွဲ့ IIMM က သြဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
စစ်ကောင်စီကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားများကို မခွဲခြားဘဲ အင်အားအလွန်အကျွံသုံး တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခံရသူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ပြည်သူနေအိမ်များကို ရွာလုံးကျွတ်မီးရှို့ခြင်းတို့ ပါဝင်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
မြန်မာစစ်တပ်နဲ့ လက်ဝေခံ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ၂၀၂၂ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ဇွန်လ အတွင်း စစ်ပွဲနဲ့ ဆက်နွယ်တဲ့ စစ်ရာဇဝတ်မှု သုံးမျိုးကို မကြာခဏ ကြိမ်ဖန်များစွာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေရှိနေကြောင်း ရေးသားထားပါတယ်။
စစ်ရာဇဝတ် မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ သိသိသာသာတိုးလာနေတာကို ရရှိထားတဲ့ သက်သေအထောက်အထားတွေက ဖော်ပြနေပြီး ပြစ်မှုကျူးလွန်သူ တစ်ဦးချင်းစီ တာဝန်ခံမှုရှိစေရန် လုပ်ဆောင်ရာမှာ တရားရုံးများကအသုံးပြုနိုင်မယ့် အထောက်အထားများ စုဆောင်းနေပါတယ် လို့ IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
IIMM ရဲ့ အစီရင်ခံစာကို မျက်မြင်သက်သေ ၂၀၀ ကျော်ရဲ့ ထွက်ဆိုမှု၊ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အသံဖိုင်များ၊ စာရွက်စာတမ်းများ၊ မြေပုံများ၊ ဂြိုလ်တုပုံရိပ်များ၊ လူမှုကွန်ရက်သတင်းများနဲ့မှုခင်းဆိုင်ရာ အထောက်အ ထားများ အပါအဝင် အရင်းမြစ်ပေါင်း ၇၀၀ ကျော်ထံမှ အချက်အလက်များကို စုဆောင်းတင်ပြထားတာဖြစ်တယ်လို့ဆိုပါတယ်။
ဒါအပြင် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးမှာ ဖမ်းဆီးထားတဲ့အရပ်သားတွေ ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုတွေဖြစ်တယ်လို့ ကိုးကားရေးသားထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM သို့မဟုတ် ယန္တရား) ကို ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်ကျုးလွန်တဲ့ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုနဲ့ တခြားသော နိုင်ငံ တကာ ဥပဒေများ ချိုးဖောက်ခြင်းများအတွက် အထောက်အထားများ စုဆောင်းရန်နဲ့ စိစစ်သုံးသပ်ရန်အတွက် ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
https://youtu.be/86cpMAsFen8
#PoliticalNews
#Mizzima

စစ်ကောင်စီတပ်နဲ့ ယင်းလက်အောက်ခံ ပြည်သူ့စစ်များက အရပ်သားတွေအပေါ်ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို မကြာခဏ ပြောင်ပြောင်တင်းတင်းကျူးလွန်နေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား အဖွဲ့ IIMM က သြဂုတ်လ ၈ ရက်နေ့ ထုတ်ပြန်တဲ့…
👍13👏2😁1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ထပ်မံကျူးလွန်နေဟု ကုလ စုံစမ်းအရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်
Watch more detail - https://youtu.be/86cpMAsFen8
#PoliticalNews
#reels
#shorts
#MizzimaTV

👍17🔥2
သြဂုတ်လ ၉ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================
01:09-သက်တမ်း ၅၆ နှစ်ပြည့်ပြီဖြစ်တဲ့ အာဆီယံထဲ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းနေရဆဲဖြစ်တဲ့သတင်း
04:40-အုတ်ဖိုမှာ CDM သူနာပြုဆရာမကို သတ်ဖြတ်မှုမှာ ပါဝင်သူ ရာအိမ်မှူးပစ်ခတ်ခံရပြီး သေဆုံးပြီး ရဲကားမိုင်းဆွဲခံရတဲ့သတင်း
06:50-ဖြူးမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးပြီး ဖြူးအပါအဝင် မြို့ ၃ ခုကို မိုဘိုင်းအင်တာနက်လိုင်း စစ်ကောင်စီဖြတ်တောက်တဲ့သတင်း
08:00-စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ထပ်မံကျူးလွန်နေတယ်လို့ ကုလ စုံစမ်းအရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။
https://youtu.be/gfcuGWjIGag
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
01:09-သက်တမ်း ၅၆ နှစ်ပြည့်ပြီဖြစ်တဲ့ အာဆီယံထဲ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းနေရဆဲဖြစ်တဲ့သတင်း
04:40-အုတ်ဖိုမှာ CDM သူနာပြုဆရာမကို သတ်ဖြတ်မှုမှာ ပါဝင်သူ ရာအိမ်မှူးပစ်ခတ်ခံရပြီး သေဆုံးပြီး ရဲကားမိုင်းဆွဲခံရတဲ့သတင်း
06:50-ဖြူးမှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးပြီး ဖြူးအပါအဝင် မြို့ ၃ ခုကို မိုဘိုင်းအင်တာနက်လိုင်း စစ်ကောင်စီဖြတ်တောက်တဲ့သတင်း
08:00-စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ထပ်မံကျူးလွန်နေတယ်လို့ ကုလ စုံစမ်းအရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်တဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။
https://youtu.be/gfcuGWjIGag
#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ၉ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:09-သက်တမ်း ၅၆ နှစ်ပြည့်ပြီဖြစ်တဲ့ အာဆီယံထဲ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ ကြိုးပမ်းနေရဆဲဖြစ်တဲ့သတင်း
04:40-အုတ်ဖိုမှာ CDM သူနာပြုဆရာမကို သတ်ဖြတ်မှုမှာ ပါဝင်သူ ရာအိမ်မှူးပစ်ခတ်ခံရပြီး သေဆုံးပြီး ရဲကားမိုင်းဆွဲခံရတဲ့သတင်း
06:50-ဖြူးမှာ စစ်ကောင်စီတ…

👍11🍌1
EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်နေဟု စစ်ခေါင်းဆောင်စွပ်စွဲ
========================
အကြမ်းဖက်မင်းအောင်လှိုင်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသား များအတွက် ဖက်ဒရယ်အခွင့်အရေးများ အပြည့်အ၀ ပေးထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဓိက ဆူးငြောင့်ခလုတ်များဖြစ်နေကြောင်း ပြောဆိုသွားပါတယ်။
စစ်ကောင်စီရဲ့ တည်ငြိမ်အေးချမ်းရေး နဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်နေမှုအပေါ် နှောင့်ယှက်မှုတွေရှိနေရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ပါ နှောင့်နှေးလိမ့်မယ် လို့ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောကြားထားတာဖြစ်ပါတယ်။
သြဂုတ် ၈ ရက်နံနက်ပိုင်းက နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ အကြမ်းဖက် မင်းအောင်လှိုင်က စစ်ကောင်စီရဲ့ ဦးတည်ချက် အသစ် ၅ ရပ်ကို ထုတ်ပြန်လိုက်ပြီး ယင်းဦး တည်ချက်များမှာ အာဏာကို ဆက်လက်ချုပ်ကိုင်ကာ သက်တမ်း ၆ လ အကြိမ်ကြိမ်တိုးမြှင့်မယ့် ဦးတည်ချက် အသစ်များ ပါဝင်လာတာကိုတွေ့ရပါတယ်။
လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်း ပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေး အပြည့်အ၀ ရရှိ လာအောင် အလေးထား ဆောင်ရွက်သွားမယ်လို့ အကြမ်းဖက် စစ်ကောင်စီက ဦးတည်ချက် အသစ်ကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။
မတည်ငြိမ်တဲ့ ဒေသတွေကို ချန်ထားပြီး တည်ငြိမ်တဲ့နေရာတွေမှာပဲ ရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတဲ့ အခင်းအကျင်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် အခင်းအကျင်း ကို စစ်ခေါင်းဆောင်က ကာလုံအစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော်တာဝန် လွှဲပြောင်းပေးဖို့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြောပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ လက်ရှိလုံခြုံရေးအခြေအနေအရ စစ်ခေါင်းဆောင်ပြောတဲ့ အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေဖို့ဆိုတာ မဖြစ်နိုင်ဘူး လို့ သုံးသပ်ထားကြပါတယ်။
စစ်ခေါင်းဆောင်က တချို့သော EAO တွေအနေနဲ့ NCA သဘောတူညီချက်တွေကို လိုက်နာတာမရှိဘဲ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်နေတာကြောင့် PDF အဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုမိုဆိုးရွားလာခဲ့တဲ့အတွက် အချို့ဒေသတွေမှာ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ အာဏာသိမ်းနှစ်နှစ်ကျော်ကာ လအတွင်း စစ်တပ်လက်ပါးစေတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ ၃၈၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်အဆောက်အအုံပေါင်း ၈၁,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပါတယ်။
https://youtu.be/V37rG5WsrJE
#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

EAOနဲ့PDFတွေကြောင့်ဒီမိုကရေစီနဲ့ဖက်ဒရယ်နိုင်ငံတည်ဆောက်ရာမှာအနှောင့်အယှက်ဖြစ်ဟုစစ်ခေါင်းဆောင်စွပ်စွဲ
အကြမ်းဖက်မင်းအောင်လှိုင်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တိုင်းရင်းသား များအတွက် ဖက်ဒရယ်အခွင့်အရေးများ အပြည့်အ၀ ပေးထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အဓိက ဆူးငြောင့်ခလုတ်များဖြစ်နေကြောင်း…
😁9👍5👏1
ပုလောတွင် စစ်ကောင်စီတပ်က လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်၍ အသက် ၇ နှစ် အရွယ်ကလေး ထိခိုက်ဒဏ်ရာရ
====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ပုလောမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လက္ကူကျေးရွာမှ အသက် ၇ နှစ် အရွယ်ကလေးငယ် တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မှော်ကြောင်းရွာတွင် ဆက်သွယ်ရေးစခန်းအဖြစ် တပ်စွဲထား သည့် စစ်ကောင်စီတပ်က လက်နက်ကြီးလေးလုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တလုံးအား ကျည်ထိမှန်ကာ အသက် ၇ နှစ် အရွယ်ကလေးတဦး ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“တိုက်ပွဲ ဖြစ်တာမျိုးမရှိပါဘူး၊ စစ်တပ်က တမင်သက်သက်ပစ်တာ။ နာရီဝက်တခါပစ်ဆိုတော့ လူတွေ ကကြောက်ပြီး အကာအကွယ်ယူ ပုန်းနေကြရတယ်”ဟု လက္ကူရွာမှ အမျိုးသားတဦးက ပြောသည်။
ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းတွင် ပုလောမြို့နယ် မီးလောင်ချောင်းနှင့် ဇရပ်ဆိပ်ကျေးရွာများဘက်သို့ ပလ မြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများကပြောသည်။
“မနေ့က စစ်တပ်ကလက်နက်ကြီးနဲ့ထုတော့ ရွာခံတွေ ထွက်ပြေးရတာပေါ့။ ညနေပိုင်းမှာတော့ ပုံမှန်အ တိုင်းပြန်ဖြစ်သွားလို့ ရွာထဲပြန်ဝင်နေကြပြီ” ဒေသခံတဦးကပြောသည်။
ပုလောမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသလည်းဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ပုံအညွှန်း-လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် လက္ကူကျေးရွာ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#လက်နက်ကြီး
#အကြောင်းမဲ့ပစ်ခတ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။ပုလောမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လက္ကူကျေးရွာမှ အသက် ၇ နှစ် အရွယ်ကလေးငယ် တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မှော်ကြောင်းရွာတွင် ဆက်သွယ်ရေးစခန်းအဖြစ် တပ်စွဲထား သည့် စစ်ကောင်စီတပ်က လက်နက်ကြီးလေးလုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေအိမ်တလုံးအား ကျည်ထိမှန်ကာ အသက် ၇ နှစ် အရွယ်ကလေးတဦး ထိခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“တိုက်ပွဲ ဖြစ်တာမျိုးမရှိပါဘူး၊ စစ်တပ်က တမင်သက်သက်ပစ်တာ။ နာရီဝက်တခါပစ်ဆိုတော့ လူတွေ ကကြောက်ပြီး အကာအကွယ်ယူ ပုန်းနေကြရတယ်”ဟု လက္ကူရွာမှ အမျိုးသားတဦးက ပြောသည်။
ထို့အတူ ယင်းနေ့မွန်းလွဲပိုင်းတွင် ပုလောမြို့နယ် မီးလောင်ချောင်းနှင့် ဇရပ်ဆိပ်ကျေးရွာများဘက်သို့ ပလ မြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများကပြောသည်။
“မနေ့က စစ်တပ်ကလက်နက်ကြီးနဲ့ထုတော့ ရွာခံတွေ ထွက်ပြေးရတာပေါ့။ ညနေပိုင်းမှာတော့ ပုံမှန်အ တိုင်းပြန်ဖြစ်သွားလို့ ရွာထဲပြန်ဝင်နေကြပြီ” ဒေသခံတဦးကပြောသည်။
ပုလောမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်ဖြစ်ပြီး စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသလည်းဖြစ်သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ပုံအညွှန်း-လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် လက္ကူကျေးရွာ
#တနင်္သာရီတိုင်း
#ပုလောမြို့နယ်
#လက်နက်ကြီး
#အကြောင်းမဲ့ပစ်ခတ်
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬4😢3🔥1
Media is too big
VIEW IN TELEGRAM
EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ အနှောင့်အယှက်ဖြစ်နေဟု စစ်ခေါင်းဆောင်စွပ်စွဲ
Watch more detail - https://youtu.be/V37rG5WsrJE
#PoliticalNews
#reels
#shorts
#MizzimaTV
Watch more detail - https://youtu.be/V37rG5WsrJE
#PoliticalNews
#reels
#shorts
#MizzimaTV
😁18👏1
သြဂုတ်လ ၉ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
-AA တပ် ချင်းပြည်နယ် တောင်ပိုင်း ဝင်ရောက်မှု ဒေသခံတွေ စိုးရိမ်တဲ့သတင်း
-EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ
အနှောင့်အယှက်ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်စွပ်စွဲတဲ့သတင်း
-ပုလောမှာ စစ်ကောင်စီတပ်က လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်လို့ အသက် ၇ နှစ် အရွယ်ကလေး ထိခိုက်ဒဏ်ရာရတဲ့သတင်း
-လျှပ်တပြက်ရေကြီးမှုနဲ့ မြေပြိုမှုများကြောင့် ဗီယက်နမ်မြောက်ပိုင်းမှာ လူ ၈ ဦးထက်မနည်းသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/nKV3w-0SL3E
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
====================
-AA တပ် ချင်းပြည်နယ် တောင်ပိုင်း ဝင်ရောက်မှု ဒေသခံတွေ စိုးရိမ်တဲ့သတင်း
-EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ
အနှောင့်အယှက်ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်စွပ်စွဲတဲ့သတင်း
-ပုလောမှာ စစ်ကောင်စီတပ်က လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်လို့ အသက် ၇ နှစ် အရွယ်ကလေး ထိခိုက်ဒဏ်ရာရတဲ့သတင်း
-လျှပ်တပြက်ရေကြီးမှုနဲ့ မြေပြိုမှုများကြောင့် ဗီယက်နမ်မြောက်ပိုင်းမှာ လူ ၈ ဦးထက်မနည်းသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/nKV3w-0SL3E
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ၉ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:03-AA တပ် ချင်းပြည်နယ် တောင်ပိုင်း ဝင်ရောက်မှု ဒေသခံတွေ စိုးရိမ်တဲ့သတင်း
02:33-EAO နဲ့ PDF တွေကြောင့် ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံတည်ဆောက်ရာမှာ
အနှောင့်အယှက်ဖြစ်နေတယ်လို့ စစ်ခေါင်းဆောင်စွပ်စွဲတဲ့သတင်း
05:06-ပုလောမှာ စစ်ကောင်စီတပ်က…

👍11🤮1
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပ
===================
ဂျူချန်း
(မဇ္ဈိမ)။ ။ ယနေ့ ဩဂုတ်လ ၉ ရက်နေ့တွင်ကျရောက်သည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားကို နယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) မှ ဖော်ပြထားသည်။
၎င်းအခမ်းအနားသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၊ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) တို့မှ သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
“တိုင်းရင်းသားပြည်သူများအတွက် အာမခံချက်မရှိမခြင်း မိမိတို့ကရင်နီအမျိုးသားခုခံတော်လှန်ရေးတာဝန်တွေ ပြီးဆုံးသွားမှာ မဟုတ်ဘဲ ဆက်လက်တွန်းလှန်တိုက်ထုတ်သွားရမည်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnIC) ၏ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ ဂုဏ်ပြု သဝဏ်လွှာတွင် ဖော်ပြထားသည်။
အမျိုးသားခုခံတော်လှန်ရေးတိုက်ပွဲသည် လက်ရှိအချိန်အထိ မပြီးဆုံးသေးဘဲ အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းနိုင်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ ဒီမိုကရေစီရေး၊ ပြန်လည်တည်ထောင်ရေးတို့အတွက် ကရင်နီပြည်နယ်ရှိ တော်လှန်ရေးအလွှာအသီးသီးမှ ဆက်လက်တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ မှ ထုတ်ပြန်သည်။
အလားတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတွင် တစ်နိုင်ငံလုံးနည်းတူ ကရင်နီအမျိုးသားများသည်လည်း စစ်အာဏာရှင်ကို ခုခံတော်လှန်လျက်ရှိပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) မှ ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့သည် လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ဩဂုတ်လ ၉ ရက်နေ့တွင် ဖဆပလ အစိုးရမှ သီးခြားလွတ်လပ်ခဲ့သည့် ကရင်နီပြည်နယ်ရှိ ကရင်နီအမျိုးသားအစည်းအရုံးဌာနချုပ်ရှိရာ မန်းလား(မြလဲ) ရွာအား လာရောက်တိုက်ခိုက်ခဲ့ရာမှ ကရင်နီတစ်မျိုးသားလုံး ပြန်လည် ခုခံတော်လှန်ခဲ့ကြသဖြင့် ထိုနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဓါတ်ပုံ-KnIC
ပုံစာ-၇၅ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား
#mizzima
#KSCC
#KnIC
#ဖဆပလ
#KNPP

Paypal
Donate to Mizzima Media Supporters Australia Incorporated
Help support Mizzima Media Supporters Australia Incorporated by donating or sharing with your friends.
👍14❤4🔥1
👍1
မြဝတီ-ကော့ကရိတ်လမ်း ပြတ်တောက်သဖြင့် အွန်လိုင်းမှ ထိုင်းကုန်ပစ္စည်း ရောင်းဝယ်သူများ အခက်တွေ့
===============
ဂျူချန်း
(မဇ္ဈ်ိမ)။ ။ အာရှလမ်း အပါအဝင် မြဝတီ-ကော့ကရိတ်လမ်းများ သွားလာ၍ မရသဖြင့် ထိုင်းကုန်ပစ္စည်းများကို အွန်လိုင်းမှ တစ်ဆင့် ရောင်းချနေသူများ အခက်တွေ့နေကြောင်း သိရသည်။ ထိုင်း-မြန်မာ နယ်စပ်ကုန်စည်စီးဆင်းရေးအတွက် အသုံးပြုနေသည့် ထိုလမ်းပိုင်းများတွင် မိုးသည်းထန်သဖြင့် တောင်ကျရေတိုက်စားကာ မြေပြိုမှုတို့ကြောင့် သွားလာ၍ မရတော့ခြင်းဖြစ်သည်။
“လက်ကားရောင်းတဲ့ သူတွေ အတော်ဒုက္ခရောက်တယ်။ ပစ္စည်းပို့မရတော့ ငွေမလွှဲကြဘူး။ အဲ့တော့ဒီဘက်မှာ ထပ်မှာထားတာတွေအတွက် ငွေမလည်ကြတော့ဘူး။ အခုတောင်ဘတ်ဈေးက ၁၀၂၀၊ ၁၀၃၀ ဝန်းကျင် ။ ကားလမ်းပျက်တော့ပိုဆိုးဦးမှာ” ဟု ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများအား မြန်မာနိုင်ငံအတွင်းသို့ တင်ပို့ရောင်းချနေသည့် အွန်လိုင်းရောင်းသူတစ်ဦးက မဇ္ဈ်ိမ ကိုပြောသည်။
လက်ရှိတွင် မြဝတီ-ကော့ကရိတ် လမ်းပိုင်း၌ ကုန်တင်ကားများ သွားလာ၍ မရကြသောကြောင့် ထိုင်းနိုင်ငံမှ မှာယူထားသည့် ပစ္စည်းများသည် လမ်းတွင် ကြန့်ကြာနေသဖြင့် ဝယ်ယူသူများအား တောင်းပန်ကာ ယာယီ အရောင်းရပ်နားထားရကြောင်း အွန်လိုင်းရောင်းဝယ်သူများက ပြောသည်။
ထို့အပြင် လက်ကားဆိုင်အများစုတွင် လက်ဝယ်ထားရှိသည့် ပစ္စည်းများသည်လည်း ကားလမ်းပျက်ခြင်းကြောင့် ပစ္စည်းပြတ်လပ်ကာ ကျန်ရှိနေသည့် ပစ္စည်းများသည်လည်း ဈေးတက်နေပြီး ဆိုင်အချို့မှာ ပစ္စည်းများကို မရောင်းဘဲ ခဏသိမ်းထားခြင်းလည်း ရှိကြောင်းသိရသည်။
“ကမ်းကူးခါနီးဖြစ်သွားတာဆိုတော့ သေချာမသိရသေးဘူး။ ထိုင်းကလာတဲ့ ပစ္စည်းတွေတော့ မြဝတီလမ်းပျက်လို့ဆိုပြီး ဈေးတက်နေပြီ။ ဈေးတွေတက်နေတာကတော့ အစုံပဲ။ သူတို့ပါးစပ်ဈေးဖြစ်နေတာ” ဟု အခြားအွန်လိုင်းရောင်းဝယ်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီ-ကော့ကရိတ် ၊အာရှလမ်းမကြီးသည် တောနော်ရေတံခွန်အနီးတွင် တောင်ကျရေတိုက်စားမှုကြောင့် ကားလမ်းပြိုကျသွားခဲ့ပြီး ကုန်သွယ်ရေး ရပ်တန့်သွားခဲ့သည်။ ထို့နောက် မြဝတီ-ကော့ကရိတ်သို့သွားမည့် ကုန်ကားများသည် ဒေါနတောင်လမ်းဟောင်းပိုင်းနှင့် ထို့ကော်ကိုး-နဘူး တောလမ်းတို့အား အသုံးပြုခဲ့ကြသော်လည်း မိုးရွာသွန်း၍ တောင်ကျရေစီးဆင်းမှု ကြောင့် အဆိုပါလမ်းနှစ်လမ်းလုံးမှာလည်း ပျက်စီးနေသဖြင့် ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့တွင် လုံးဝ သွားလာ၍ မရနိုင်တော့ကြောင်း သိရသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံစာ-တောနော်ရေတံခွန်အနီး ပြိုကျသွားသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး (ဩဂုတ်လ ၇ ရက်)
#Mizzima
#မြဝတီ-ကော့ကရိတ်လမ်း
#အာရှလမ်းမကြီး

👍10🔥2🤯1
India parliament debates no-confidence against Modi over Manipur violence
======================
https://youtu.be/erk82e1JQ6s

India's parliament debates a no-confidence motion against Prime Minister Narendra Modi's government moved by the newly formed alliance of opposition parties called “INDIA” against the ruling government following deadly violence in the northeastern state.…
🔥2👍1
ပြည်ဝင်ခွင့် ပိတ်ပင်ခံရသည့် အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးပေးရန် တရုတ်က ရုရှားကို တောင်းဆို
=====================
ရုရှားနိုင်ငံသို့ ဝင်ရောက်ရန် ငြင်းဆန်ခံခဲ့ရသည့် တရုတ်နိုင်ငံသားများ အား ပြုမူဆက်ဆံမှုအပေါ် ရုရှားရှိ တရုတ်သံရုံးက ပြစ်တင်ဝေဖန်ခဲ့ပြီး အဆိုပါ “အခွင့်အရေးချိုးဖောက်မှု” ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြသည်။

👍6😁3