စင်ကာပူဘဏ်UOBကမြန်မာနှင့်ဆက်နွယ်မှုဖြတ်တောက်ရန်တင်းကျပ်သည့် အစီအမံချမှတ်|Business Round Up(9.8.2023)
===================
- နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုပင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
- စင်ကာပူဘဏ် UOB က မြန်မာနှင့် ဆက်နွယ်မှုဖြတ်တောက်ရန် တင်းကျပ်သည့် အစီအမံများ ချမှတ်
- အရန်ဆန်ထုတ်ရောင်းပေမယ့် ဆန်ဈေးအတက်ကြမ်းနေဆဲ
- စင်ကာပူတွင် သူနာပြု ၄,၀၀၀ နီးပါး ခေါ်ယူမည်ဖြစ်ပြီး နေထိုင်ရန် အဆောင်များစီစဉ်ပေးမည်ဟုဆို
https://youtu.be/Y_AEjq3TiPE
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စင်ကာပူဘဏ်UOBကမြန်မာနှင့်ဆက်နွယ်မှုဖြတ်တောက်ရန်တင်းကျပ်သည့် အစီအမံချမှတ်|Business Round Up(9.8.2023)
- နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းကိုပင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိဟု အာဏာသိမ်းစစ်ခေါင်းဆောင်ပြော
- စင်ကာပူဘဏ် UOB က မြန်မာနှင့် ဆက်နွယ်မှုဖြတ်တောက်ရန် တင်းကျပ်သည့် အစီအမံများ ချမှတ်
- အရန်ဆန်ထုတ်ရောင်းပေမယ့် ဆန်ဈေးအတက်ကြမ်းနေဆဲ
…

👍16❤3🔥2
Media is too big
VIEW IN TELEGRAM
ယူကရိန်းအရှေ့ပိုင်း လူနေရပ်ကွက်တွေကို ရုရှားကတိုက်ခိုက်မှုကြောင့် လူ ၇ ဦးထက်မနည်း သေဆုံး
#InternationalNews #reels #shorts #Ukraine #Mizzima

🔥5😢5
ဖြူးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကို သတ်ဖြတ်
========================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ဖြူးမြို့နယ် အောက်ကြာအင်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KNLA PDF ပူးပေါင်းတပ် တို့ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အရပ်သားခုနစ်ဦး ကိုပါ သတ်ဖြတ်သွားကြောင်း ရိုးမစစ်ကြောင်း(၂)မှတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
အောက်ကြာအင်းကျေးရွာတွင် ဩဂုတ်လ ၈ ရက်နေ့ကတည်းက စစ်ရေးတင်းမာနေ၍ အုတ်ဖြတ်ကျေး ရွာဘက်မှ KNLA ၊ PDF ပူးပေါင်းတပ်မှ လက်နက်ကြီးပစ်ကူ ပေးခဲ့ရကြောင်းဆိုသည်။
“ကျွန်တော်တို့ စစ်ကြောင်းနဲ့တော့ လှမ်းတာပေါ့။ မုန်းရဲ့အောက်ဘက်ခြမ်းပေါ့။ မနေ့ကတည်းကဖြစ်ဖို့ ကျွန်တော်တို့ဘက်က ဝိုင်းကူထားတော့ နည်းနည်းတန့်သွားတာ။ မနက် ၅ နာရီကနေ ၈ နာရီအထိ ပစ်နေ တဲ့လက်နက်ကြီးက အလုံး ၁၀၀ လောက်ရှိမယ် ခန့်မှန်းတယ်။ အခုတော့ ကျွန်တော်တို့ဘက်က တပ် ဆုတ်ပေးလိုက်ပါပြီ” ဟု ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူက ပြောသည်။
မွန်းလွဲပိုင်းအထိရရှိထားသောသတင်းများအရ တိုက်ပွဲဖြစ်ပွားနေသည့် အောက်ကြာအင်းကျေးရွာအတွင်း ထွက်မပြေးနိုင်၍ကျန်ရှိနေသော ရွာသားခြောက်ဦး လည်လှီးအသတ်ခံရပြီး တဦးမှာ မီးရှို့သတ်ဖြတ်ခံ ထားရကြောင်း ၎င်းကဆိုသည်။
သတ်ဖြတ်ခံရသည့် အရပ်သား အရေအတွက်အတိအကျနှင့် သတ်ဖြတ်ခံထားရသူများ၏ အသေးစိတ် အချက်အလက်များကိုမူ မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ထို့ပြင် အောက်ကြာအင်းကျေးရွာကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေပြီး မီးလောင်ဆုံးရှုံးမှု ပျက်စီးမှု အရေအတွက်ကို စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် တိတိကျကျ မသိရှိရသေးပေ။
ဩဂုတ်လ ၈ ရက်နေ့က အောက်ကြာအင်းဘက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့် အုတ်ဖြတ်ကျေး ရွာမှ စစ်ကောင်စီတပ်ကို ရိုးမစစ်ကြောင်း(၂)မှတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား ငါးဦးသေ ဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း ဆိုသည်။
စစ်ရေးတင်းမာနေ၍ ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ဖြူး၊ ကျောက်တံခါးနှင့် မုန်းမြို့နယ်တို့ ကို စစ်ကောင်စီက မိုဘိုင်းအင်တာနက်လိုင်းဖြတ်တောက်ထားပြီး ယနေ့ ဩဂုတ် ၉ ရက်၊ မွန်းလဲပိုင်းအထိ အသုံးပြု၍မရသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များမှ ပြောသည်။
ထို့အတူ KNLA ဘက်မှလည်း ယနေ့တွင် နတ်သံကွင်းမြို့သို့ ကုန်းလမ်း၊ ရေလမ်း အဝင်အထွက်မပြုရန်နှင့် ကျောက်တံခါးမြို့နယ်၏ အရှေ့ဘက်ခြမ်းကျေးရွာများတွင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာ ခြင်းမပြုရန် အရေးပေါ် သတိပေးချက်ထုတ်ပြန်ထားသည်။
ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက်ကြီး၊ နတ်သံကွင်းမြို့တို့သည် နယ်မြေချင်းထိစပ်လျက်ရှိသည့် မြို့နယ် များဖြစ်ပြီး စစ်တောင်းမြစ်ဝှမ်း၏ ဘေးတွင်တည်ရှိနေကြသည့် မြို့နယ်များဖြစ်သည်။
ယနေ့ ဩဂုတ် ၉ ရက်၊ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသော အောက်ကြာအင်းကျေးရွာသည် ဖြူးမြို့ နယ်၏အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဘေးကပ်လျက်တွင် တည်ရှိသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
ပုံစာ - အောက်ကြာအင်းကျေးရွာအားစစ်ကောင်စီမှ မီးရှို့ဖျက်ဆီးနေသည်ကိုအဝေးမှမြင်တွေ့ရစဉ်။
#ဖြူးမြို့နယ်
#အောက်ကြာအင်းရွာ
#ရိုးမစစ်ကြောင်း
#ပဲခူးတိုင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🤬10👍5😢3😁2
သြဂုတ်လ ၉ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===================
01:01-စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ထပ်မံကျူးလွန်နေတယ်လို့ ကုလ စုံစမ်းအရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်တဲ့သတင်း
03:27-ဘီးလင်းမှာ မိုးရွာသွန်းနေမှုကြောင့် ယာယီအရေးပေါ်ကယ်ဆယ်ရေးစခန်း ၂၈ ခုအထိ တိုးလာတဲ့သတင်း
05:07-ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပတဲ့သတင်း
06:31-ဘင်္ဂလားဒေ့ရှ်မှာ ဒါဇင်နဲ့ချီတဲ့ကိုရမ်ကျမ်းတွေမီးရှို့မှုအပေါ် လူထောင်နဲ့ချီကန့်ကွက်ဆန္ဒပြတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/uYvXk4u8VrE
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
===================
01:01-စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ထပ်မံကျူးလွန်နေတယ်လို့ ကုလ စုံစမ်းအရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်တဲ့သတင်း
03:27-ဘီးလင်းမှာ မိုးရွာသွန်းနေမှုကြောင့် ယာယီအရေးပေါ်ကယ်ဆယ်ရေးစခန်း ၂၈ ခုအထိ တိုးလာတဲ့သတင်း
05:07-ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပတဲ့သတင်း
06:31-ဘင်္ဂလားဒေ့ရှ်မှာ ဒါဇင်နဲ့ချီတဲ့ကိုရမ်ကျမ်းတွေမီးရှို့မှုအပေါ် လူထောင်နဲ့ချီကန့်ကွက်ဆန္ဒပြတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/uYvXk4u8VrE
#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ၉ ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01-စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုတွေကို အကြိမ်ကြိမ် ထပ်မံကျူးလွန်နေတယ်လို့ ကုလ စုံစမ်းအရေးအဖွဲ့ အစီရင်ခံစာထုတ်ပြန်တဲ့သတင်း
03:27-ဘီးလင်းမှာ မိုးရွာသွန်းနေမှုကြောင့် ယာယီအရေးပေါ်ကယ်ဆယ်ရေးစခန်း ၂၈ ခုအထိ တိုးလာတဲ့သတင်း
05:07-ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့…

👍6😁2
Media is too big
VIEW IN TELEGRAM
ပြင်းထန်တဲ့ ရာသီဥတုကြောင့် တောင်ကိုရီးယားကင်းထောက်ပွဲတော်သို့ လာရောက်သူတွေ ဘေးလွတ်ရာသို့စတင်ထွက်ခွာ
#InternationalNews #reels #shorts #Mizzima #Southkorea

🔥2
ဦးဟန်နရီဗန်ထီးယူကို NLD ပါတီမှ ထုတ်ပယ်
=================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ယမန့်နေ့ ဩဂုတ်လ ၈ ရက်နေ့တွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဒုတိယဗဟိုကော်မတီ ကြားကာလအရေးပေါ်အစည်းအဝေးတွင် အများသဘောတူဆုံးဖြတ်လိုက်သည်ဟု ယနေ့တွင် NLD မှထုတ်ပြန်သည်။
"ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့်ပါတီ၏ ရည်ရွယ်ချက်များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာပြုထားသည့်အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည်ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်" ဟု NLD ၏ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ များအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကိုးဦးတို့အပြင် အဆင့်ဆင့်သော ပါတီဝင်အများအပြားတို့သည် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည့်အတွက် အကျဉ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးချုပ်နှောင်ခံနေရပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းသည်လည်း အကျဉ်းထောင်အတွင်း လုံလောက်စွာဆေးကုသခွင့်မရရှိခဲ့သည့်အတွက် အကျဉ်းထောင်အတွင်းဆုံးပါးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
အဆိုပါအခြေအနေများကြားမှပင် ပါတီမှယုံကြည်စွာတာဝန်ပေးထားခဲ့သည့် ဒုသမ္မတဖြစ်သော ဦးဟင်နရီဗန်ထီးယူသည် စစ်ရာဇဝတ်မှုပေါင်းကိုကျူးလွန်နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည်ကို ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် တွေ့ရှိလိုက်ရသည်ဟု ဆိုသည်။
"ပြီးခဲ့တဲ့ အစည်းအဝေးနှစ်ရပ်လုံးမှာ သူတောင့်ခံထားခဲ့တယ်။ ဒုတိယအကြိမ်မှာ ခေါင်းကွဲလို့ချော်လဲလို့ဆိုပြီး သတင်းကြားရတယ်။ တတိယအကြိမ်မှာအခုလိုဖြစ်လာတော့ NLD က ဒုတိယသမ္မတကြီးကိုယ်တိုင်က လူတွေသတ်ပြီးရွာတွေ လိုက်မီးရှို့နေတဲ့ စစ်ကောင်စီနဲ့ ဒါတွေသဘောတူပြီး လုပ်ပါတယ်ဆိုတာကတော့ ပါတီအနေနဲ့က ဒီတိုင်းကြည့်နေလို့မရပါဘူး" ဟု စမ်းချောင်းမြို့နယ်၊ ပါတီအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦး မှ မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူသည် ထိခိုက်ဒဏ်ရာများရရှိကာ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ လာရောက်ဆေးကုသမှုခံယူခဲ့ရကြောင်း ဇန်နဝါရီလအတွင်းက သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
အသက် ၆၅ နှစ်အရွယ်ရှိ ဗိုလ်မှူးဟောင်း ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD မှအနိုင်ရရှိပြီးနောက် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် NLD ကိုယ်စားလှယ်အဖြစ် ပါ၀င်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် နေအိမ်အကျယ်ချုပ်ဖြင့်ထားရှိခံရပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီမှ စွပ်စွဲကာ စွဲဆိုထားသည့် သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမှုများအတွက် ရုံးချိန်းတစ်ခုတွင် သက်သေအဖြစ်လာရောက်ထွက်ဆိုခဲ့သည်။
ထို့နောက် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်ပြုလုပ်သည့် ကာလုံအစည်းအဝေးသို့ ကျန်းမာရေးအကြောင်းပြချက်ဖြင့် တက်ရောက်ခြင်းမရှိခဲ့ပေ။
ယခင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်တို့က အာဏာသိမ်းစစ်ကောင်စီမှ ပြုလုပ်ခဲ့သည့် ကာလုံအစည်းအဝေးများသို့လည်း ကျန်းမာရေးအကြောင်းပြချက်ဖြင့် တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။
သို့သော် မကြာသေးမီ ဇူလိုင်လ ၃၁ ရက်နေ့ကပြုလုပ်သည့် ကာလုံအစည်းအဝေးကိုမူ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တက်ရောက်ခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း - ဇူလိုင်လ ၃၁ရက်နေ့တွင်ပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် မြင်တွေ့ရသည့် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ
#mizzima
#ကာလုံအစည်းအဝေး
#NLD
#ဦးဟင်နရီဗန်ထီးယူ
#စစ်အာဏာသိမ်း

👍12👏4🥴3💩1
အဓိက စင်ကာပူဘဏ် UOB က မြန်မာနှင့် ဆက်နွယ်မှုကို ဖြတ်တောက်
========================
အဓိက စင်ကာပူဘဏ်တစ်ခုက မြန်မာတွင် လုပ်ငန်းအဆက်အဆံ ထားရှိမှုကို ဖြတ်တောက်လိုက်ပြီ ဖြစ်ရာ သက်ဆိုင်ရာ ဘဏ်ချင်း ဆက်နွယ်မှု အဆုံးသတ်ပြီဖြစ်၍ ယင်းသည် မြန်မာအာဏာသိမ်း စစ်ကောင်စီ၏ ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွင် ပါဝင်နိုင်မှုအား သိသိသာသာ ကန့်သတ်လိုက်ရာ ရောက်ရှိမည် ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
အဓိက စင်ကာပူဘဏ်တစ်ခုက မြန်မာတွင် လုပ်ငန်းအဆက်အဆံ ထားရှိမှုကို ဖြတ်တောက်လိုက်ပြီ ဖြစ်ရာ သက်ဆိုင်ရာ ဘဏ်ချင်း ဆက်နွယ်မှု အဆုံးသတ်ပြီဖြစ်၍ ယင်းသည် မြန်မာအာဏာသိမ်း စစ်ကောင်စီ၏ ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွင် ပါဝင်နိုင်မှုအား သိသိသာသာ ကန့်သတ်လိုက်ရာ ရောက်ရှိမည် ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18👏4🔥2
မြဝတီ-ရန်ကုန်ကားခ ကျပ် ၁၇၀,၀၀၀ အထိရှိ၊ အာရှလမ်းမကြီး အသုံးပြုမရသေးဘဲ ယခင်လမ်းဟောင်း များမှသာ သွားလာနိုင်
👍7🔥2😱1
မြဝတီ-ရန်ကုန်ကားခ ကျပ် ၁၇၀,၀၀၀ အထိရှိ၊ အာရှလမ်းမကြီး အသုံးပြုမရသေးဘဲ ယခင်လမ်းဟောင်း များမှသာ သွားလာနိုင်
===================
YT
(မဇ္ဈိမ)။ ။မြဝတီ-ကော့ကရိတ် လမ်းကြောင်းတွင် ကားအကြီးများ သွားလာမရနိုင်သေး၍ မြဝတီမှ ရန်ကုန်သို့ သွားလာသည့် ခရီးစရိတ်မြင့်တက်လာကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေစီးဆင်းမှုတို့ကြောင့် တောင်ပြိုကာ လမ်း၊ တံတားများပျက်စီးနေ သည့် မြဝတီ- ကော့ကရိတ် လမ်းပိုင်းသုံးခုအနက် နှစ်ခုတွင် ကားအသေးများပြန်လည် သွားလာနိုင်ပြီဖြစ် ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
“မြဝတီကနေ ရန်ကုန်ကို ကားအသေးပဲသွားလို့ရတဲ့အတွက် လေးယောက်စီးကားပေါ့ အနောက်ခန်း သုံး ယောက်စီးမယ်၊ ရှေ့ခေါင်းခန်းမှာတယောက်စီးတဲ့ကားမျိုးနဲ့ဆိုရင် တယောက် ၁၇၀,၀၀၀ ၊ အံစာတုံးကား နဲ့ဆိုရင်တော့ တယောက် ၈၀,၀၀၀ ပါ။ အခုရက်ထဲမှာ ကားဈေးတွေ တအားတက်တဲ့အတွက် ဈေးတက် သွားတာပါ” ဟု မြဝတီမှ ရန်ကုန်သို့ အိမ်စီးကားဖြင့်ဝန်ဆောင်မှုပေးနေသူတဦးက မဇ္ဈိမကို ပြောသည်။
“ဈေးတွေအရမ်းများတယ်၊ အခွင့်အရေးက နှစ်ခါမရဘူးလေ။ တောင်းလိုက်တဲ့ဈေးတွေ ညနေက မေးတာ ၁၇၀,၀၀၀ အခုမေးတော့ ၂၅၀,၀၀၀” ဟု ဒေသခံတဦးကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေ ထားသည်။
မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီး၊ ဒေါနတောင်ပေါ်လမ်းဟောင်း၊ ထို့ကော်ကိုး-နဘူးလမ်းတို့သည် ထိုင်း-မြန်မာ ကုန်သွယ်ရေး အတွက် အဓိက အသုံးပြုနေရသည့် လမ်းပိုင်းများဖြစ်သည်။
လက်ရှိတွင် ဒေါနတောင်ပေါ်လမ်းဟောင်းပေါ်ရှိ ရေတိုက်စား၍တံတားနိမ့်ကျလျက်ရှိသောနေရာနှင့် ထို့ ကော်ကိုး-နဘူးလမ်းရှိ ရေတိုက်စားထားသောလမ်းနေရာအား စစ်ကောင်စီလက်အောက်ခံ လမ်း၊ တံတား ဆောက်လုပ်ရေးအဖွဲ့က ပြင်ဆင်ပြီးဖြစ်၍ အဆိုပါလမ်းနှစ်လမ်းတွင် အိမ်စီးကားအသေးများ သွားလာ နိုင်ပြီဖြစ်သော်လည်း ကုန်တင်ကားများသွားလာရန် အဆင်မပြေသေးကြောင်း သိရသည်။
တောင်ပေါ်လမ်းဟောင်းမှာ ကားအသေးတွေ သွားလို့ရနေပါပြီ။ ရေတိုက်စားလို့ ပျက်စီးနေတဲ့နေရာကို မြဝတီမြို့ လမ်းတံတားဆောက်လုပ်ရေးက ပြင်ဆင်ပြီးသွားပါပြီ။ အာရှလမ်းကတော့ ပိတ်နေတုန်းပါပဲ။ ထို့ကော်ကိုးလမ်းမှာတော့ ကားသွားလို့ရအောင် ကျောက်တွေခင်းထားပေးတယ် ကားအသေးတွေတော့ သွားလို့ရနေပါပြီ" ဟု ဒေသတွင်းလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
“ကုန်သွယ်ရေးအနေနဲ့ကတော့ ကားအကြီးတွေနားထားရတာပေါ့။ ကားအသေးတွေပဲ သွားလို့ရနေသေး တော့ ကဲ့ပြီးသယ်ပေါ့၊ ဒီလောက်ပဲရပါသေးတယ်။ တောင်ပေါ်လမ်းကကျဉ်းတော့ အတက်အဆင်း ယာဉ် တွေနဲ့ ပိတ်နေဆဲပါပဲ” ဟု အဆိုပါ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် မြဝတီမှ ကော့ကရိတ်၊ ဘားအံသို့ ဆင်းမည့် ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်ယာဉ်ကြီး များသည်လည်း မြဝတီတွင် ပိတ်မိနေပြီး မြဝတီသို့တက်မည့် ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်ကြီး များသည်လည်း ကော့ကရိတ်တွင် ရပ်တန့်ထားရကြောင်း သိရသည်။
လက်ရှိတွင် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ပြင်ဆင်ရန်ကြိုးစားနေဆဲဖြစ်ပြီး ရာသီဥတုအခြေ အနေအရ ပြန်လည်အသုံးပြုရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဩဂုတ်လ ၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်တွင် လာမည့် ဩဂုတ်လ ၁၀ ရက်နေ့အထိ နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ဓါတ်ပုံ( Sett Paing Aung) ပုံအညွှန်း- ဒေါနတောင်လမ်းဟောင်းတွင် ယနေ့ ဩဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းက သွားလာနေသည့် အိမ်စီးကားများ
#မြဝတီ-ကော့ကရိတ်လမ်း
#အာရှလမ်းမကြီး
#တောင်ပြိုမှု

👍15🔥2😱2
This media is not supported in your browser
VIEW IN TELEGRAM
ဆွီဒင်မှာ မိုးသည်းထန်မှုကြောင့် ရထားလမ်းချော်တိမ်းမှောက်ရာက သုံးဦးဒဏ်ရာရရှိ
#InternationalNews #reels #shorts #Mizzima #Sweden

👍3😢3🔥2
သြဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
===================
https://youtu.be/eRLJUWmqaCE
===================
https://youtu.be/eRLJUWmqaCE
YouTube
သြဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
သြဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

🔥4
စစ်တွေအနီးပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့်စက်လှေမှ ရိုဟင်ဂျာရုပ်အလောင်း ၁၅ လောင်း ပြန်လည် တွေ့ရှိ
=====================
ရောင်နီ
(မဇ္စျိမ)။ ။ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးရှိပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည့် စက်လှေတွင် လိုက်ပါလာသူ များထဲမှ ရိုဟင်ဂျာ ၁၅ ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိထားကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့သွားရောက်ရန် ရိုဟင်ဂျာ ၅၀ ဦး ထက်မနည်း လိုက်ပါလာသည့်စက်လှေသည် ပြီးခဲ့ သည့် သြဂုတ်လ ၇ ရက်နေ့က စစ်တွေမြို့ ဘာဆာရာကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ခြင်း ဖြစ် သည်။
“ လက်ရှိအချိန်အထိ အလောင်း ၁၅ လောင်းတွေ့ပြီ။ ဒီနေ့တရက်တည်း ကိုးလောင်းတွေ့တယ်။ ခြောက် လောင်းကသယ်ပြီးပြီ နောက်သုံးလောင်းကသယ်နေဆဲ၊၊ ရှာဖွေရေးတွေကတော့ အဖွဲ့တဖွဲ့လွှတ်ပြီး ဆက် လက်လုပ်ဆောင်နေပါတယ်” ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူး ကိုဗျာလက ပြောသည်။
စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့သည့် ရိုဟင်ဂျာရုပ်အလောင်းများကို စစ်တွေမြို့နယ် ဗေဒါရွာ၊ သဲခုံရွာ အပါအ၀င် ပင်လယ်ကမ်းစပ်အနီးမှကျေးရွာများတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တွေ့ရှိခဲ့သည့် ရုပ်အလောင်း များကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ဆေးရုံကြီးနှင့်ရင်ခွဲရုံများသို့ ပို့ဆောင်ပေးနေကြောင်းသိရ သည်။
“ တွေ့ရှိတဲ့ အလောင်းတွေကို ကျွန်တော်တို့ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး ဆေးရုံကြီးကနေ ရင်ခွဲရုံကို ပို့ ဆောင်ပါတယ်။ သူတို့ပြောတာက ၅၀ ကျော်လောက် ရေနစ်တဲ့အထဲမှာ ပါသွားတယ်။ ပြန်လွတ်လာတာ ရှစ်ယောက် ရှိပါတယ်” ဟု ကိုဗျာလက ပြောသည်။
စက်လှေတိမ်းမှောက်မှုတွင် အသက်ရှင်လျက်လွတ်မြောက်လာသူ ရိုဟင်ဂျာအမျိုးသားရှစ်ဦးရှိပြီး ၎င်းတို့ ကို စစ်ကောင်စီတပ်နှင့်ရဲများက လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်တွေမြို့အနီး ပင်လယ်ပြင်တွင် တိမ်းမှောက်ခဲ့သည့်စက်လှေ၌ လိုက်ပါလာသည့် ရိုဟင်ဂျာများသည် ရသေ့တောင်မြို့နယ်မှဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြား အတည် ပြုချက်ရယူနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စက်လှေတိမ်းမှောက်မှုကြောင့် ကျန်ရှိနေသည့် ပျောက်ဆုံးနေသူများကိုလည်း ဒေသတွင်းရှိ လူမှုကူညီရေးအသင်းများက ဆက်လက် ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသည်။
“ရခိုင်ပြည်နယ်မှာ မုန်တိုင်း၀င်ပြီးတဲ့နောက် ရာသီဥတုက သိပ်မကောင်းသေးဘူး။ အခု စက်လှေတိမ်း မှောက်တဲ့ပင်လယ်ပြင်ဆိုလည်း လှိုင်းကြီးတဲ့အခြေအနေရှိတော့ အခုလိုဖြစ်ကြတာပါ”ဟု စစ်တွေဒေသခံ တဦးက ပြောသည်။
ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများသည် စား၀တ်နေရေးကျပ်တည်းမှုကြောင့် ရေလမ်းမှတဆင့် မလေးရှား နိုင်ငံအပြင် အခြားနိုင်ငံများကို တရားမ၀င် သွားရောက်နေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ ရခိုင်ပြည်နယ်မှာ စက်လှေတိမ်းမှောက်တာက မကြာမကြာ ဖြစ်တယ်။ တချို့ဆို လှေပေါ်ကပြုတ်ကျ ပြီးသေဆုံးတာတွေလည်းရှိတယ်။ အဲဒီလိုဖြစ်စဥ်တွေမှာ အကြောင်းကြားလို့ ကူညီကယ်ဆယ်မှုတွေ လုပ် ပေးနိုင်တာရှိသလို တချို့ကျ အကြောင်းမကြားလို့ မသိလိုက်ရတာတွေလည်း ရှိပါတယ်” ဟု ရွှေရောင် မေတ္တာဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူး ကိုဗျာလက ပြောသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
ပုံစာ - စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် ရိုဟင်ဂျာရုပ်အလောင်းများကို သယ်ယူနေစဥ်။ (ပုံ - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း)
#ရခိုင်ပြည်နယ်
#ရိုဟင်ဂျာ
#စက်လှေတိမ်းမှောက်

😢7👍5😁2
This media is not supported in your browser
VIEW IN TELEGRAM
အမေရိကန်သံတမန်က နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပေမဲ့ အဖြေမရခဲ့
#InternationalNews #reels #shorts #American #Mizzima

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာ ၅၀ ကျော်မှာ PDF များ မဟုတ်
======================
JC
(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား ၅၀ ကျော်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များဟု ဖြန့်ဝေနေကြသည်။ ယင်းမှာ ဖြစ်စဉ်အမှန်ကို လွဲမှားစွာဖော်ပြထားခြင်း ဖြစ်သည်။
“ ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းတွင် KNU နယ်မှ ထွက်ပြေးကြသူ PDF များသည် မဲဆောက်မြို့နယ်၊ မယ်ပ ဂိတ်တွင် အသီးအရွက်ကုန်တင်ကား ၁ စီးကို ဖယ်ရှားစစ်ဆေးရာမှ PDF ပဒက်(၅၂)ဦး ဖမ်းဆီးခံခဲ့ရ” ဟု (မူရင်းအရေးအသားအတိုင်း) ကျော်စွာတယ်လီဂရမ်ချန်နယ်က ဩဂုတ်လ ၅ ရက်နေ့တွင် စတင်ဖြန့်ဝေ ထားသည်။
ထိုအကြောင်းကို တယ်လီဂရန်ချန်နယ်နှင့် ဂရုရှစ်ခုတွင်ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၃၀,၀၀၀ ကျော် ရှိနေပြီဖြစ် သည်။ အလားတူ ဖေ့စ်ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။
မဇ္ဈိမ အချက်အလက်စစ်ဆေးသူများမှ ထိုအကြောင်းကို အချက်အလက်စစ်ဆေးခဲ့ရာ အမှန်တကယ်ဖြစ် ပျက်ခဲ့သည့် အကြောင်းအရာကို လွဲမှားစွာဖော်ပြထားခြင်းဖြစ်ကြောင်း တွေ့ရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းက ဟင်းသီးဟင်းရွက်တင်သည့်ခြောက်ဘီးကားတစီးကို ထိုင်း နိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့သွားသည့်လမ်း မဲဆောက်မြို့အထွက် ဘန်ဟွေ ဟင်ဖွန် စစ်ဆေးရေးဂိတ်မှ စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၅၂ ဦးအား ဖမ်းဆီးရမိခဲ့သည်။ ထိုအကြောင်းကို သတင်းဌာနအသီးသီးမှ ဖော်ပြခဲ့ကြသည်။
VOA မှလင့်- https://shorturl.at/fghmY
Dawei Watch မှ လင့် - https://shorturl.at/wQV68
ဖမ်းဆီးခံရသူ မြန်မာအလုပ်သမားများအနေဖြင့် ဘန်ကောက်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် လမ်းစရိတ်အဖြစ် တဦးလျှင် ဘတ် ၂၀,၀၀၀ ပေးခဲ့ရသည်။ ကားသမား၏ ထွက်ဆိုချက်တွင်မူ ကားပေါ်၌ မြန်မာအလုပ်သမားများ လိုက်ပါလာသည်ကို မသိရှိကြောင်း ဆိုသည်။
ထိုကားတွင် လိုက်ပါလာသူများသည် မြဝတီ-မဲဆောက် အမှတ်(၁)တံတားမှ ယာယီနယ်စပ်ဖြတ်ကျော် ခွင့်လက်မှတ်ဖြင့် ဝင်ရောက်လာကြသည့် အရပ်သားများဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ လုံးဝမဟုတ် ကြောင်း ထိုင်းရောက်မြန်မာအရေးကူညီဆောင်ရွက်နေသူ ကိုဖိုးသင်္ကြန်က မဇ္ဈိမကိုပြောသည်။
“ရိုးရိုး ရွှေ့ပြောင်းအလုပ်သမားတွေပါ။ ယာယီ နိုင်ငံကူးလက်မှတ်တွေနဲ့လာတာလေ။ ဆိုတော့ PDF တွေ ဘာတွေဆိုရင်တော့ တော်လှန်ရေးက ကမောက်ကမဖြစ်သွားမယ်လေနော်။ အချို့လူတွေကလည်းဗျာ ကိုယ်ထင်သလိုတွေ လျှောက်ပြောနေကြတယ်။ မဟုတ်ပါဘူး” ဟု ကိုဖိုးသင်္ကြန်က ပြောသည်။
ထိုင်းသတင်းဌာနများတွင်လည်း မဲဆောက်မြို့တွင် ဟင်းသီးဟင်းရွက်တင်သည့် ကားတစီးပေါ်၌ တရား မဝင် မြန်မာရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားကြသည်။ PDF တပ်ဖွဲ့ဝင်များ ဟု ဖော်ပြထားခြင်း မရှိပေ။
လင့် - https://siamrath.co.th/n/467210
လင့် - https://shorturl.at/oLPU6
ထို့ကြောင့် မဲဆောက်မြို့အထွက်၌ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၅၀ ကျော်သည် PDF တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ သာမာန်ရွှေ့ပြောင်းအလုပ်သမားများသာ ဖြစ်သည်။ အမှန်တကယ်ဖြစ်ခဲ့သည့် ဖြစ်စဉ်အပေါ် အချက်အလက်များ လွဲမှားဖော်ပြကာ သတင်းတု ဖန်တီးထားခြင်းသာ ဖြစ်သည်။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
စာတည်း။ ။စောဖေ
#Misinformation_Buster
#Fake_News
#ရွှေ့ပြောင်းအလုပ်သမား
#ထိုင်းနိုင်ငံ
#မဲဆောက်မြို့

👍19😁2❤1
World must 'wake up' to Taiwan security threats: Japan ex-PM
=====================
https://youtu.be/7LGZHW9UCvQ

Former Japanese prime minister Taro Aso warns a Taipei security forum Tuesday that the international community must "wake up" to the worsening situation surrounding the Taiwan Strait, a hotspot waterway separating the democratic island from China.
------…
------…
😁2
တောင်တရုတ်ပင်လယ်၌ ဖိလစ်ပိုင်သင်္ဘောများကို ကာကွယ်ပေးသွားမည်ဟု အမေရိကန် ကတိပြု
=================
အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်၌ အကယ်၍ ဖိလစ်ပိုင်သင်္ဘောများ တိုက်ခိုက်ခံရပါက သင်္ဘောများကို ကာကွယ်စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ကတိပြုပြောဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စင်းက ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို မီးသတ်ပိုက်ဖြင့် ထိုးပက်ကာ ဟန့်တားသည့်ဖြစ်စဉ် ဖြစ်ပြီးနောက် တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် လက်ညှိုးထိုး ပြစ်တင်ပြောဆိုလျက် ရှိသည်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးနှင့် ဩဂုတ် ၈ ရက်က ဖုန်းခေါ်ဆိုမှုတွင် အော်စတင်က အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ဖွဲ့မှု၏ အလွန်ခိုင်မာသော သဘောသဘာဝကို ထပ်လောင်း အတည်ပြုခဲ့သည်ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ရိုက်ဒါက ပြောသည်။
ထို့ပြင် အမေရိကန်နှင့် ဖိလစ်ပိုင်အကြား နှစ်နိုင်ငံ လေ့ကျင့်သင်ကြားမှု၊ အပြန်အလှန် ပူးပေါင်းချိတ်ဆက်လုပ်ဆောင်မှုနှင့် ဖိလစ်ပိုင်စစ်တပ် အဆင့်မြှင့်တင်ခြင်းကို ထောက်ကူပံ့ပိုးမှုတို့နှင့်ပတ်သက်ပြီး နှစ်ဆ ကြိုးပမ်းအားထုတ်သွားမည်ဟုလည်း အော်စတင်က ကတိပြုခဲ့သည်ဟု ဆိုသည်။
တောင်တရုတ်ပင်လယ်ရှိ Second Thomas သောင်ခုံရှိ စစ်သည်တပ်ဖွဲ့ဝင်များထံ ရိက္ခာအထောက်အပံ့များ ထောက်ပို့ရန် သွားသည့် ဖိလစ်ပိုင်သင်္ဘောတစ်စင်းကို တရုတ်ကမ်းခြေစောင့်သင်္ဘောက ဟန့်တားခဲ့သည့် ဖြစ်စဉ် ဗီဒီယိုရုပ်သံတစ်ခုကို ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ပြီးနောက် ရက်များအကြာတွင် ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရို နှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့ ဖုန်းခေါ်ဆိုပြောဆိုခြင်း ဖြစ်သည်။
ဖိလစ်ပိုင်သည် သောင်ခုံကျောက်တန်းတွင် သောင်တင်ဆိုက်ကပ်လျက် ရှိသော ဒုတိယကမ္ဘာစစ်ခေတ် စစ်သင်္ဘောတစ်စင်းပေါ်တွင် စစ်တပ် တပ်ဖွဲ့ငယ်တစ်ခုကို ထားရှိသည်။ စပရက်တလေကျွန်းစုရှိ Mischeif ကျောက်တန်းတွင် တရုတ်၏ ဆောက်လုပ်ရေး လုပ်ဆောင်ချက်များကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တွင် တည်ဆောက်သော ကမ်းတက်ရေယာဉ်ကို ဖိလစ်ပိုင်က ၁၉၉၉ ခုနှစ်တွင် တမင် ဆိုက်ကပ်ထားခဲ့ခြင်း ဖြစ်သည်။
မီးသတ်ပိုက် အသုံးပြုခြင်း အပါအဝင် တရုတ်၏ အန္တရာယ်ပေးနိုင်သော ပင်လယ်ရေကြောင်း လုပ်ရပ်များက ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ထိခိုက်စေသလို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း အော်စတင်က ပြောသည်။

👍16🔥2
အာရှတွင် ဆန်ဈေးက ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးသို့ ထိုးတက်
=====================
ထိုင်းနိုင်ငံတွင် ခြောက်သွေ့ရာသီက စပါးအထွက်နှုန်းပေါ် ခြိမ်းခြောက်နေခြင်းနှင့် ထိပ်တန်း ဆန်တင်ပို့သည့် အိန္ဒိယက တင်ပို့မှုအချို့ကို တားမြစ်ထားခြင်းတို့ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်အဝင်ပေါ် စိုးရိမ်မှုများ မြင့်တက်နေခြင်းအားဖြင့် အာရှတွင် ဆန်ဈေးသည် ၁၅ နှစ်နီးပါးအတွင်း အမြင့်ဆုံးသို့ ထိုးတက်သည်။
အာရှ၏ စံအမှတ်ဖြစ်သော ထိုင်း (၅)မှတ်တန် ဆန်ဖြူဈေးသည် ၂၀၀၈ အောက်တိုဘာမှနောက်ပိုင်း ဈေးအကြီးဆုံးအဖြစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၈ ဒေါ်လာဈေးအထိ ခုန်တက်ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်း၏ ဗုဒ္ဓဟူးနေ့ အချက်အလက်အရ သိရသည်။
ဆန်သည် အာရှနှင့် အာဖရိကတွင် ပြည်သူ ဘီလီယံပေါင်းများစွာအတွက် မရှိမဖြစ် အာဟာရဖြစ်ကာ ဆန်ဈေး ထိုးတက်ခြင်းကြောင့် ကုန်ဈေးနှုန်းတက်သည့် ဖိအားများနှင့် ဝယ်ယူသူများအတွက် သွင်းကုန်အခွန် တိုးမြှင့်ခြင်းများ ထပ်ဆောင်း ဖြစ်လာနိုင်သည်။
ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်အစ ခြောက်သွေ့အခြေအနေကို ရင်ဆိုင်နေရခြင်းကြောင့် ရေနည်းပါးစွာ လိုအပ်သည့် ကောက်ပဲသီးနှံများ ပြောင်းစိုက်ရန် အာဏာပိုင်များက လယ်သမားများအား တွန်းအားပေးနေခြင်းအားဖြင့် ကမ္ဘာ့ဆန်ဈေးကွက်အဝင်ပေါ် ခြိမ်းခြောက်မှု ရှိလာခြင်း ဖြစ်သည်။
အဓိက စပါးစိုက်ရာ ဒေသများ၌ မိုးရွာသွန်းမှုသည် ပုံမှန်အောက် ၄၀ ရာခိုင်နှုန်း ရောက်ရှိနေသဖြင့် အိမ်ထောင်စုများ သုံးစွဲရန် ရေကို ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်သောကြောင့် စပါးစိုက်ပျိုးမှု လျှော့ချရန် တွန်းအားပေးလာရခြင်း ဖြစ်သည်။ အစိုးရက လယ်စိုက်တောင်သူများအား ယခုနှစ်၌ တစ်သီးသာ စိုက်ကြရန် ယခင်က တိုက်တွန်းထားခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံကလည်း ပြည်တွင်းဆန် ဈေးကွက်အဝင်ကို ကာကွယ်ရန် တင်ပို့မှုအချို့ကို ပြီးခဲ့သည့်လက တားမြစ်ခြင်းကြောင့် အချို့သောနိုင်ငံများတွင် စိုးရိမ်ပူပန်မှုဖြင့် အလုအယက် ဝယ်ယူမှုများ ဖြစ်ခဲ့သည်။ ထိုသို့ တားမြစ်ခြင်းကြောင့် ကြီးထွားလာသော ကမ္ဘာ့စားသုံးမှုကြားတွင် ကမ္ဘာလုံးဆိုင်ရာ ဆန်ရှားပါးမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မြင့်တက်ရသည်။
ယခုကဲ့သို့ ဈေးထိုးတက်ခြင်းကြောင့် ယူကရိန်အား ရုရှကျုးကျော်စစ်ကြောင့် ပင်လယ်နက်ဒေသမှ ဈေးကွက်တင်ပို့မှု လျော့ကျသဖြင့် လှုပ်ခတ်ပြီးသား ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးကွက်တွင် ဖိစီးမှုများ တိုးများစေသည်။
(မိုးသဲ ဘာသာပြန်သည်။)

👍11🔥2❤1
Hindi Medium
================
အခြေခံလူတန်းစား နှင့် လူလတ်တန်းစား လူလတ်တန်းစား နှင့် အထက်တန်းစားကြားက ကွာဟမှုတွေ ၊ ပညာရေးစနစ်ကို ငွေသုံးရမှုတွေကို သရော်ထားတဲ့ ဇာတ်ကားလေးပါ
ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။
အိရ်ဖန်းခန်းရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကတော့ သူ့ကိုကြိုက်တဲ့သူတွေ သိပြီးသားပါ ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။
မင်းသားကြီး အိရ်ဖန်းခန်းဟာ Hindi Medium ကိုရိုက်ကူးပြီး အပိုင်း (၂) အနေနဲ့ ၂၀၁၉ မတ်လမှာ English Medium ကို ရိုက်ကူးခဲ့ပါသေးတယ်။
English Medium ဇာတ်ကားကတော့ အိရ်ဖန်းခန်း နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။
အဲ့ဇာတ်ကားကိုတော့ ၂၀၂၀ ခုနှစ် မတ်လမှာ ရုံတင်ပြသခဲ့ပါတယ်
ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။
Mizzima+ Channel တွင် ပြသနေသည့်အချိန်မှာပဲ Mizzima TV App တွင်လည်း Live stream တိုက်ရိုက်ကြည့်ရှုနိုင်တာမို့MizzimaTV Application လေးကို download လုပ်ပြီးကြည့်လိုက်ကြရအောင်
App ဒေါင်းလော့လုပ်ရန် - http://onelink.to/jnuwak
#New ပြသမည့်ရက်။ ။ ၉.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ ည (၈:၀၀)နာရီ
ပြန်လည်ပြသမည့်ရက်။ ။ ၁၀.၈.၂၀၂၃
အချိန်။ ။ နေ့လည် (၂:၀၀) နာရီ
(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U”

👍8😁2
Media is too big
VIEW IN TELEGRAM
Aug - 9 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts #Mizzima

👍5😁2