ပဲခူးမြို့ပေါ် ရပ်ကွက်များတွင် ရေဝင်ရောက်နေ၊ ရေဘေးစခန်း ၁၀ ခုကျော် ဖွင့်လှစ်ထား
👍4🔥2😱1

=====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ပဲခူးမြို့တွင် မြစ်ရေလျှံ၍ ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းကစပြီး ရန်ကုန်−မန္တလေး အမြန်လမ်းဟောင်း ရေကျော်ကာ မြို့ပေါ် ရပ်ကွက်များသို့ ရေဝင်ရောက်နေကြောင်း ပဲခူးမြို့ဒေသခံများနှင့် ရေဘေးကူညီကယ် ဆယ်ရေး လုပ်ဆောင်နေသူများက မဇ္ဈိမကို ပြောသည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီးနောက် ပဲခူးမြစ်ရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်များ၏ ၇၀ ရာနှုန်းခန့်ကို ရေများဝင်ရောက်လာနေခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
လက်ရှိ မြို့ပေါ်ရပ်ကွက်များတွင် ရေဘေးသင့် အရေးပေါ် ကူညီကယ်ဆယ်ရေး စခန်း ၁၀ ခုနှင့်အထက် ဖွင့်လှစ်ထားရကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
"ရန်ကုန်−မန္တလေးလမ်း (လမ်းဟောင်း) မှာ ရေကျော်တာ ပေါင်လောက် ရောက်နေပြီ။ ဆိုင်ကယ်တွေ သွားခွင့်မပေးတော့ဘူး။ ရွှေသာလျောင်း ဘုရားလမ်းလည်း ရေကျော်နေပြီ။ မြို့ရဲ့ ၇၀ ရာနှုန်းလောက် ရေဝင်နေပါပြီ။ ကျွန်တော်တို့ ကြားတာတော့ ဇောင်းတူဆည်ကနေလည်း ရေလွှတ်လိုက်တာကြောင့် ပါမယ် ထင်ပါတယ်" ဟု ကျွန်းသာယာရပ်ကွက်အတွင်း ရေဘေးသင့်ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတစ်ဦးက ပြောသည်။
ပဲခူးမြို့တွင်းကို ဖြတ်သန်းဖောက်လုပ်ထားသော ရန်ကုန်−မန္တလေးလမ်းဟောင်းတွင် ရေကျော်နေကြောင်းနှင့် ကူညီကယ်ဆယ်ရေးများလည်း ဆက်လက်လုပ် ဆောင်နေဆဲဖြစ်ကာ ရေဘေးရှောင် အိမ်ထောင်စုများ တိုးလာနေဆဲဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။
ပဲခူးမြို့ပေါ်တွင် ရပ်ကွက် ၃၄ ခုရှိပြီး ရပ်ကွက်အများစုတွင် မြစ်ရေများ ဝင်ရောက်နေခြင်း ဖြစ်သည်။
ယနေ့နံနက်ပိုင်းအထိ ရရှိထားသော အချက်အလက်များအရ ကျွန်းသာယာ၊ ဖောင်တော်ဦးကွက်သစ်၊ မဇင်း၊ မြို့သစ်၊ အိုးလေးစု၊ ကျွန်းသာယာ၊ ဇိုင်းမြောက်၊ ရွာသစ်၊ ကျောက်ကြီးစုရပ်ကွက်များ အပါအဝင် ရပ်ကွက်နှင့် ကျေးရွာ စုစုပေါင်း ၂၀ ခန့်တွင် ရေဝင်ရောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်းသာယာရပ်ကွက်တွင် ရေဝင်ရောက်နေမှု အများဆုံးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းကြောင် ထိုရပ်ကွက်အတွင်းရှိ ရွှေနံ့သာဘုန်းကြီးကျောင်း၊ သီရိဇေယျာ ဘုန်းတော်ကြီး ပညာသင်ကျောင်း၊ ဝင်းနီးဓမ္မာရုံနှင့် မင်္ဂလာဇေယျုံ ကျောင်းတိုက်တို့တွင် ရေဘေးရှောင် စခန်းများဖွင့်လှစ်ထားကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်၌ ဖွင့်လှစ်ထားသော ရေဘေးရှောင်စခန်း လေးခုတွင် ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းအထိ လာရောက်တိမ်းရှောင်နေသည့် အိမ်ထောင်စု ၆၀၀ ခန့်ရှိနေပြီး ဆက်လက်တိုးလာနေဆဲဖြစ်ကြောင်းလည်း သိရသည်။
“မိုးကလည်း မပျက်ဘူး။ ရေတက်တာက နှစ် ရက်ပဲ ရှိဦးမယ်ဗျ။ တက်တဲ့အရှိန် မြန်တယ်” ဟု ပဲခူးမြို့ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် ပဲခူးမြို့ပေါ်၌ ရေများဝင်ရောက်နေသော မြေနိမ့်ပိုင်းရပ်ကွက် အချို့၌ လူတစ်ရပ်နီးပါး ရေဝင်ရောက်နေသကဲ့သို့ နေအိမ်များလည်း ရေနစ်မြုပ်နေကြောင်း သိရသည်။
ပဲခူးမြစ်ရေ၏ စိုးရမ်ရေမှတ်သည် ၈၈၀ စင်တီမီတာဖြစ်ပြီး ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် တိုင်းတာချက်များအရ မြစ်ရေသည် ၉၃၃ စင်တီမီတာသို့ ရောက်ရှိကာ စိုးရိမ်ရေမှတ်ကျော်လွန်နေကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ဓာတ်ပုံ- ပဲခူးမြို့ပေါ်တွင်ရေဝင်ရောက်နေမှုအခြေအနေ (လူမှုကွန်ရက်)
#ပဲခူး
#ရေတက်
#ရေနစ်
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍8🔥3😱1
This media is not supported in your browser
VIEW IN TELEGRAM
August - 10 [2 Pm] Mizzima News Hour
Mizzima Headline News
#2pmnews #mizzimanewshour #reels #shorts #mizzimadailynews

👍3😁2
မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘိန်းဖြူ ၁ ကီလိုကျော်ဖမ်းမိ
=======================
ပါခွီး
(မဇ္စျိမ)။ ။အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် မြန်မာနိုင်ငံသားနှစ်ဦးထံမှ ဘိန်းဖြူ တကီလို နှင့်ငါးဂရမ် ဖမ်းဆီးရမိကြောင်း ဒေသတွင်းထုတ်လွှင့်သည့် ဇိုးနက်တီဗွီချန်နယ်မှ ဩဂုတ်လ ၉ ရက်က ကြေညာခဲ့သည်။
အိုက်ဇောလ်မြို့၊ ဇွမ်းသွီရပ်ကွက် ZEDA လမ်းခွဲတွင် တာဝန်ရှိသူများက ဩဂုတ်လ ၉ ရက်၊ နံနက် ၆ နာရီခွဲ တွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန၏ ထုတ်ပြန်ချက်ကိုကိုးကားပြီး ဖော် ပြခဲ့ခြင်းဖြစ်သည်။
ဘိန်းဖြူနှင့်အတူဖမ်းဆီးရမိသူများမှာ အသက် ၂၅ နှစ်အရွယ် ဗျက်ဇာအွေလ်းနှင့် ဗျက်လမ်မောလ်ရီးတို့ ဖြစ်ပြီး ၎င်းတို့သည် စစ်ဘေးရှောင်များဖြစ်သည်ဟု ထွက်ဆိုခဲ့ကြကြောင်း ဆိုသည်။
ထို့ပြင်၎င်းတို့နှစ်ဦးသည် အိုက်ဇောလ်မြို့၊ ဗောင့်ကွန်ရပ်ကွက်နှင့် မီဇိုရမ်-မြန်မာနယ်စပ် ဇိုးခွားထားလ် ကျေးရွာတွင် နေထိုင်ကြသူများဟုသိရသည်။
“အမှန်က စစ်ဘေးရှောင်တွေ မဟုတ်ပါဘူး၊ ကုန်သည်တွေပါ။ ဖမ်းခံရတော့ သက်သာလို့သက်သာငြား စစ်ဘေးရှောင်လို့ပြောတာဖြစ်မယ်။ သူတို့နှစ်ယောက်နေရပ်တွေကိုက တယောက်ကမြို့တော်မှာ တယောက်ကနယ်စပ်မှာ အဲဒီမှာကိုက ယုတ္တိမရှိတော့ဘူး၊ စစ်ဘေးရှောင်တွေဆို စခန်းထဲအတူရှိပြီး နေတဲ့ နေရာကလည်း အတူတူဖြစ်ရမှာလေ”ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသည့် အဖွဲ့အစည်း တခုမှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။
ယင်းကဲ့သို့ မူးယစ်ဆေးဝါးရောင်းဝယ်သူများကြောင့် စစ်ဘေးရှောင်များအပေါ် ဒေသခံများက အမြင် စောင်းလာပြီး စေတနာပျက်လာမည့်အရေး စိုးရိမ်နေရကြောင်း ဆိုသည်။
ယခုဖမ်းဆီးမိသူနှစ်ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဥပဒေဖြင့် တရားစွဲဆိုပြီးနောက် အကျဉ်းထောင်သို့ပို့ဆောင်ကာ ချုပ်နှောင်ထားကြောင်း သိရသည်။
ယခင်က အိန္ဒိယဖက်သို့ မူးယစ်ဆေးဝါးတင်ပို့သည့်လမ်းကြောင်းများဖြစ်သော မဏိပူရပြည်နယ်တွင် လူမျိုးရေး အဓိကရုဏ်းများဖြစ်ပေါ်နေပြီး ခရီးသွားလာမှု မလွယ်ကူခြင်းနှင့် ဘင်္ဂလားဒေ့ရှ်ဖက်မှလည်း စစ်ရေးတင်းမာမှုများကြောင့် မီဇိုရမ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုစိပ်လာကြောင်း စစ်ဘေးရှောင် များကိုကူညီသူက ဆိုသည်။
ဆက်လက်ပြီးလည်း မူးယစ်ဆေးဝါးဖမ်းဆီးရမှုမြင့်တက်နိုင်ခြေရှိပြီး ဒေသခံအာဏာပိုင်များနှင့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၏ နားလည်ထောက်ခံမှုရရှိရန် စစ်ဘေးရှောင်များကလည်း ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများမလုပ်ကြရန်လိုကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများ အပါအဝင် မြန်မာပြည်သား ၅၀,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံအတွင်းရှိ မီဇိုရမ် ၊ မဏိပူရ ၊ နာဂလဲန်းနှင့် နယူးဒေလီ ပြည်နယ်များတွင် ခိုလှုံလျက်ရှိသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
ဓါတ်ပုံ -အဖမ်းဆီးခံရသူနှစ်ဦးနှင့် မူးယစ်ဆေးဝါးများ (ဇိုးနက်တီဗွီချန်နယ်)
#အိန္ဒိယ
#မီဇိုရမ်
#မူးယစ်ဆေးဝါး
#ဘိန်းဖြူ

👍5😱3❤2🔥1👏1
သြဂုတ်လ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================
01:04-ဗြိတိန်ဝန်ကြီးချုပ်ထံ စုပေါင်းလက်မှတ်ထိုးထားတဲ့ ပန်ကြားလွှာ ပေးအပ်တဲ့သတင်း
01:44-စစ်တပ်ပိုင်ထုတ်ကုန်တွေ ရောင်းအား၇၀ရာခိုင်နှုန်းအထိ ထိုးကျမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်တဲ့သတင်း
04:30- “ထုအင်အား” တည်ဆောက်ပြီး ၁ ခုတည်းသော စီမံချက်အောက် မဟာဗျူဟာထိုးစစ် ဆင်နွှဲရမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြောတဲ့သတင်း
06:07-ကျောက်တံခါးတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများရရှိတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/Oh2Fs0TQLfM
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
သြဂုတ်လ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04-ဗြိတိန်ဝန်ကြီးချုပ်ထံ စုပေါင်းလက်မှတ်ထိုးထားတဲ့ ပန်ကြားလွှာ ပေးအပ်တဲ့သတင်း
01:44-စစ်တပ်ပိုင်ထုတ်ကုန်တွေ ရောင်းအား၇၀ရာခိုင်နှုန်းအထိ ထိုးကျမည့် ဘဏ္ဍာရေးနှင့် စီးပွားရေးတိုက်ပွဲ သပိတ် စတင်တဲ့သတင်း
04:30- “ထုအင်အား” တည်ဆောက်ပြီး ၁ ခုတည်းသော စီမံချက်အောက်…

👍6😁3
This media is not supported in your browser
VIEW IN TELEGRAM
အငြင်းပွားနေတဲ့ သောင်တင်သင်္ဘောနဲ့ပတ်သက်ပြီး တရုတ်နဲ့သဘောတူညီချက်ကို မသိရှိကြောင်း ဖိလစ်ပိုင်ပြော
#internationalnews #reels #shorts #China #Philipines #Mizzima

👍7🔥2
ရေးမြို့နယ် အစင်ကျေးရွာ ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် အရပ်သား ၂ဦး သေဆုံး
========================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ယမန်နေ့ ဩဂုတ်လ ၉ရက် နံနက် ၈နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှုးရုံးအဖွဲ့ဝင် တစ်ဦး နှင့် အရပ်သားတစ်ဦး ပွဲချင်းပြီးသေဆုံးကာ နောက်ထပ်အရပ်သား တစ်ဦးသည် ဆေးရုံအရောက်တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း ဒေသခံမှသိရသည်။
“ဆိုင်ကယ်နဲ့လာတယ် လူနှစ်ယောက်၊ လာတော့ အုပ်ချုပ်ရေးမှုးရုံးကလူတွေ သောက်တဲ့ဝိုင်းကို လှမ်းပစ်တယ်၊ အဲ့မှာ အုပ်ချုပ်ရေးမှုးရုံးအဖွဲ့က နှစ်ယောက်ထိသွားတယ်၊ တစ်ယောက်က ဆုံးသွားတယ်။ နောက်တစ်ယောက်က စစ်တပ်ဆေးရုံမှာ၊ ကျန်တာကတော့ အရပ်သားတွေ။ ” ဟု ဒေသခံက မဇ္ဈိမ ကိုပြောသည်။
ဩဂုတ်လ ၉ ရက်နေ့ နံနက် ၈နာရီခန့်တွင် အစင်ကျေးရွာ ဈေးထိပ်ရှိ ဦးချစ်ဆွေလက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်များဖြစ်သည့် ဦးယဉ်ဝေ၊ ဦးဝင်းထိုက်၊ ဦးမြင့်စိုး၊ ဦးသူတို့ လက်ဖက်ရည်သောက်နေစဉ် အမည်မသိသေနတ်သမား နှစ်ဦးမှ လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်။
ပစ်ခတ်မှုအတွင်း အုပ်ချုပ်ရေးမှုးရုံး၏ အတွင်းရေးမှူး ဖြစ်သူ ဦးယဉ်ဝေနှင့် အနီးရှိ အရပ်သား ဦးအောင်သိန်းတို့ သေနတ်ထိမှန်သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်ထဲမှ ဦးဝင်းထိုက်၊ အရပ်သားများဖြစ်ကြသည့် မောင်မျိုးထွန်း နှင့် ဦးသိန်းအောင်တို့ ဒဏ်ရာရှိခဲ့သည်။
ဒဏ်ရာရရှိသူများအား မော်လမြိုင် ကုတင် ၃၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြပြီး ဆေးရုံအရောက်တွင် မောင်မျိုးထွန်း ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
“အုပ်ချုပ်ရေးမှုးရုံးဝိုင်းကလူတွေကို ပစ်တာ၊ နှစ်ယောက်ထိပြီး ကျန်တဲ့လူတွေက လုံးဝလွတ်သွားတယ်။ မျိုးထွန်းကတော့ ဆေးရုံရောက်မှသေတယ်။ ပွဲချင်းပြီးသေသွားတာကတော့ ဦးအောင်သိန်းနဲ့ ဦးယဉ်ဝေနဲ့။ သေနတ်သံကတော့ အများကြီးပဲ၊ နာရီဝက်လောက်ရှိတယ်” ဟု ဒေသခံက ပြောသည်။
အစင်ကျေးရွာသည် အာဏာသိမ်းပြီးနောက်ပိုင်း ပစ်ခတ်မှု လေးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ရာ ယခုအကြိမ်ပစ််ခတ်မှုအတွင်း အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ကြောင်း ဒေသခံက ပြောသည်။
ယခုပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် စစ်ကောင်စီသတင်းပေးဖြစ်သည့် အစင်ကျေးရွာ၏ ရာအိမ်မှူးတစ်ဦးပစ်သတ်ခံရကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂ရက်နေ့တွင်လည်း အစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မြင့်နှင့် ပြည်သူ့စစ်ဟောင်း ဦးနေလှတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အစင်ကျေးရွာ
#ရာအိမ်မှူး
#မွန်ပြည်နယ်
#ရေးမြို့နယ်၊

👍10😢2❤1
Manipur has witnessed 'a dance macabre', says Indian home minister
====================
https://youtu.be/rL4PpPcP7nY

India's home minister and close aide of Prime Minister Narendra Modi tells the parliament that the ethnic strife-torn state of Manipur is witnessing "a dance macabre" as he appealed to the warring groups to stop fighting during the no-trust vote debate brought…
🔥1
မန္တလေးတွင် ယာဉ်ထိန်းရဲလိုင်းခန်း ဒုတိယအကြိမ် ဗုံးပစ်တိုက်ခိုက်ခံရ
=======================
007
(မဇ္စျိမ)။ ။မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက် ၈၂ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြားရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့၀န်ထမ်းလိုင်းခန်း ယမန်နေ့နံနက်ပိုင်းက ဒုတိယအကြိမ် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဆိုင်ကယ်စီးလာသူနှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက် ပြေးသွားခြင်းဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်။
“အုန်းကနဲကြားလိုက်လို့ ထွက်ကြည့်တော့ ဘဲဥ(ယာဉ်ထိန်းရဲ)လိုင်းခန်းထဲ ဗုံးပစ်ခံရတာလို့ သိရတယ်။ ရပ်ကွက်ရုံးနဲ့လည်းသိပ်မဝေးတော့ ချက်ချင်းပဲ စကစတွေရောက်လာတယ်။ အထိအခိုက်ရှိမယ် ထင်တာ ပဲ အောင်မြေသာစံထဲက ဆေးရုံကားတစီး အ၀င်အထွက်လုပ်တာတွေ့လိုက်တယ်” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော No More Dictatorship People Defense Force-NMD အဖွဲ့က ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး စစ်ကောင်စီအတွက်ငွေရှာပေးနေခြင်းကြောင့် ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့တာ၀န်ခံ Zeus က ပြောသည်။
“ပြည်သူတွေဆီက ငွေညှစ်ရာမှာ အဓိကပါ၀င်နေတဲ့ ဘဲဥ(ယာဉ်ထိန်းရဲ)တွေ အပြင်ထွက် ငွေညှစ်နေချိန် သူတို့လိုင်းခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုအတွင်း ယာဉ်ထိန်းရဲလိုင်းခန်းအတွင်းမှ ပျက်စီးထိခိုက်ဒဏ်ရာရမှုရှိကြောင်း NMD အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသော်လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
NMD အဖွဲ့သည် ပြီးခဲ့သည့်ဇွန်လ ၁၀ ရက်နေ့ညကလည်း အဆိုပါလိုင်းခန်းအား ပထမအကြိမ် ဗုံးပစ် တိုက်ခိုက်ခဲ့ဖူးသည်။
စစ်အုပ်စုက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ စွန့်စားတိုက်ခိုက်နေခြင်းဖြစ်ပြီး မန္တလေးမြို့တွင် တော် လှန်ရေးအင်အားစုများ သွေးမအေးကြောင်း၊ မြို့ကို စစ်ကောင်စီမထိန်းချုပ်နိုင်ကြောင်း ပြသရန်လည်း ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ခံ Zeus ကဆိုသည်။
၎င်းအဖွဲ့သည် သြဂုတ်လ ၁ ရက်နေ့ကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ နန်းတွင်းနှင့် အမရပူရ မြို့နယ် ထောက်လှမ်းရေး (၁၆)၀င်းအတွင်းသို့ လက်လုပ် ၈၀ မမစိန်ပြောင်းဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သေး သည်။
ပုံစာ- မန္တလေးကျုံးဘေးတွင် ယာဥ်ဖမ်းဆီးရေးလုပ်နေသည့် ယာဥ်ထိန်းတပ်ဖွဲ့ (ပုံဟောင်း)
Photo CJ
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#ယာဉ်ထိန်းရဲလိုင်းခန်း
#အောင်မြေသာစံမြို့နယ်

👍13😁4👏2
ရန်ကုန်- မော်လမြိုင်လမ်းမကြီးပေါ်တွင်ရေပြန်ကျ၍ ကား၊ ဆိုင်ကယ်များ ပြန်လည်ဖြတ်သန်း
======================
YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းနှင့် ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်တွင် ရေအနည်းငယ်ပြန်ကျနေပြီဖြစ်၍ ယာဉ်များဖြတ်သန်းသွားလာနိုင်ပြီဟု ဒေသတွင်း သတင်းရင်းမြစ်များနှင့် လူမှုကူညီရေးအသင်းတာဝန်ရှိသူအချို့ထံက သိရသည်။
ယမန်နေ့ ဩဂုတ်လ ၉ ရက်နေ့က မိုးရွာ၍ တောင်ကျရေစီးခြင်းနှင့် ဘီးလင်းမြစ်ရေမြင့်တက်မှုကြောင့် ရေလျှံခဲ့သောကြောင့် ဘီးလင်းမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် မည်သည့်ကားမှဖြတ်သန်း၍မရဘဲ လှေဖြင့်ကူးရသည့်အထိ ဖြစ်ပေါ်ခဲ့သည်။
ယနေ့ ဩဂုတ်လ ၁၀ ရက်၊ နံနက် ၁၀ နာရီမေးမြန်းချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ပြန်လည်လျော့ကျလာခဲ့ပြီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ရေမရှိသလောက် နည်းပါးသွားပြီဟု ဒေသတွင်းလူမှုကူညီရေးအသင်းတာဝန်ရှိသူက ဆိုသည်။
" ရေလျော့သွားပါပြီ၊ ရေလုံးဝမရှိတော့ပါဘူး။ ကားအကြီးရော ကားအသေးရော အကုန်ဖြတ်လို့ရပါပြီ။ ကားလမ်းမပေါ် ရေလျှံတဲ့နေရာလေးခုမှာ သုံးခုက လုံးဝ ရေမရှိတော့ဘူး။ ကျန်တဲ့နေရာတစ်ခုက ဘီးလင်းမြို့နယ် တောင်ကလေးမှာပါ။ ရေရှိသေးတယ်ဆိုပေမယ့် အဲ့ဒီမှာလည်း ဆိုင်ကယ်ပါဖြတ်လို့ရနေပါပြီ " ဟု ဘီးလင်းမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် ဘီးလင်းမြို့နယ်၌ မိုးရွာသွန်းခြင်းမရှိတော့ကြောင်းနှင့် ရေကြီးရေလျှံမှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ရေဘေးသင့်ဒေသခံအချို့သည်လည်း ၎င်းတို့၏နေရပ်များသို့ ပြန်နေကြပြီဖြစ်ကြောင်း သိရသည်။
ဇူလိုင်လနောက်ဆုံးအပတ်မှစတင်ကာ မိုးရွာသွန်းခြင်း၊ တောင်ကျရေစီးဆင်းခြင်းတို့ကြောင့် ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်လာကာ မြို့အနိမ့်ပိုင်း မြို့ပေါ်ရပ်ကွက်များ၊ မြစ်ကမ်းနားရှိကျေးရွာများသာမက ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်အထိ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်မြင့်တက်မှုကြောင့် မြစ်ကမ်းနားဘေးရှိ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းတွင်လည်း ရေကြီးရေလျှံမှု ဖြစ်ပွားသည်မှာ ၁၀ ရက်ကျော်လာပြီ ဟုဆိုသည်။
" သထုံမှာတော့ ဘီးလင်းမြစ်ရေလျှံလို့ အဓိကရေကြီးရတာတော့ ဒုံဝန်းကျေးရွာပေါ့။ ဒုံဝန်းကျေးရွာ အနိမ့်ပိုင်းရပ်ကွက်တွေထဲ ရေတွေဝင်ရောက်တယ်။ ဇူလိုင်လ လကုန်ပိုင်းကတည်းကပေါ့။ အခုထိလည်း ဝင်ရောက်ဆဲပဲ။ ဒီဘက်မှာတော့ ကယ်ဆယ်ရေးစခန်းဖွင့်တာ မရှိဘူး။ နေလို့မရတဲ့သူတွေက အမြင့်ပိုင်းတွေ ပြောင်းနေကြတာရှိပါတယ်။ မနေ့က ရေအမှတ်ထက်တော့ ဒီမနက်က တစ်ပေလောက် ပြန်ကျသွားပါပြီ" ဟု သထုံမြို့နယ် သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။
မွန်ပြည်နယ်တွင် ဘီးလင်းမြစ်အပြင် မိုးရွာသွန်း၍တောင်ကျရေစီးဆင်းမှုကြောင့် အတ္ထရံမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တိုးလာပြီး ကျိုက်မရောမြို့နယ်၊ မြို့ပေါ် အနိမ့်ပိုင်း ရပ်ကွက်အချို့နှင့် အနိမ့်ပိုင်းကျေးရွာများတွင် ရေကြီးရေလျှံကာ နေအိမ်အတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး
ဓါတ်ပုံ- ဘိုဘိုဝင်း ပုံအညွှန်း- ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက်ပိုင်း ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမအခြေအနေ
#မွန်ပြည်နယ်
#ဘီးလင်းမြစ်ရေ
#ရန်ကုန်
#မော်လမြိုင်လမ်း

👍13❤2🔥1
ဒီပဲယင်းမြို့အဝင် စစ်ကောင်စီဂိတ် အလစ်အငိုက်တိုက်ခိုက်ခံရ
=====================
မောင်ခက်နွေ
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အဝင်တွင် ပြည်သူများထံမှ ငွေကြေးတောင်းခံနေသည့် စစ်ကောင်စီတပ်ဂိတ်ကို မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force-PDF)မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့တွင် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အင်အား ၂၀ ခန့်ရှိသည်ဟု ဆိုသည်။
“မိနစ် ၂၀ ကျော်လောက် တိုက်ပွဲကြာတယ်၊ ကျွန်တော်တို့ဘက်က ထိခိုက် ကျဆုံးတာတော့မရှိဘူး၊ သူတို့ တပ်ကူမလာခင် ကျွန်တော်တို့ ပြန်ဆုတ်လာတယ်” ဟု ခေါင်းဆောင် ရဲဘော်ဇီးကွက်က ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ လေးဦး ထိခိုက်ခဲ့ပြီး ထိုအထဲမှ တစ်ဦးသေဆုံးကာ၊ သေဆုံးသူမှာ စစ်တပ်မှဗိုလ်အဆင့်ရှိသူဖြစ်ကြောင်း ပုဂံပြည်ဘီလူးတပ် ခေါင်းဆောင် ရဲဘော်ဇီးကွက်က ပြောသည်။
ထိုတိုက်ပွဲကို ပုဂံပြည်ဘီလူးတပ် အပါအဝင် ဒီပဲယင်း ပကဖ၊ နယ်စည်းမခြား ဖက်ဒရယ်စစ်ကြောင်း၊ ရန်ကြီးအောင် PDF၊ ညောင်ဦးခရိုင် တပ်ရင်း ၅/တပ်ခွဲ -၂ (ရဲဘော်ညီနောင်) စသည့်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလျှက်ရှိရာ ရမခ(၇၀၂)၊ (၇၀၈)စသည့် စစ်ကောင်စီတပ်ရင်းများမှ စစ်ကြောင်းထိုးနေချိန် မြို့အဝင်ဂိတ်အား အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ဝင် ဂိတ်နားရှိ ကွက်သစ်ရပ်ကွက်တစ်ခုလုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ဆိုသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မီးရှို့ဖျက်ဆီး
#ဒီပဲယင်းမြို့နယ်
#စစ်ကြောင်းထိုး
#BaganOgreForcePDF

👍15😁2👏1
ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတွင် ဖလပ်ရေယာဉ်အုပ်စု တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦးသေဆုံး
===================
လွှမ်းမိုး
(မဇ္ဈိမ) ။ ။ ကနီမြို့နယ် ၊ ချင်းတွင်းမြစ်ကြောင်း အတိုင်း ကနီမြို့ဘက်သို့ ဆန်တတ်လာသည့် စစ်ကောင်စီတပ် ရေယာဉ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နတ်ကြီး ကျေးရွာ အနီးတွင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG Pdf) ထံက သိရသည်။
ဩဂုတ်လ ၉ ရက် ညနေ ၂ နာရီ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူကို စစ်ကိုင်းတိုင်း ၊ ကနီမြို့ပေါ်တွင် မီးသင်္ဂြုဟ် ခဲ့ကြောင်း KLG တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ATက မဇ္ဈိမကို ပြောသည်။
“ စနိုက်ပါ သမားပစ်ခတ်မှုကြောင့် ဖလပ်ရေယာဉ်ပေါ်က စစ်သားတစ်ဦး ကနီဆေးရုံ အရောက်တွင် သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ၎င်း စစ်သားကို ကနီမြို့ ဆေးရုံ တောင်ဘက် သင်္ချိုင်းကုန်းမှာ မီးရှို့ သင်္ဂြုဟ်ခဲ့ကြောင်း အတွင်းသတင်းပေးအရ သိရတယ်” ဟု ၎င်း ကဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ရေယာဉ် အုပ်စုကို နတ်ကြီး ၊ နတ်မြောက် နှင့် ငါးဖျတ်ကျေး ရွာ အနီး နေရာသုံးခုကနေ လက်နက်ကြီးများ ဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း KLG PDF ထံက သိရသည်။
အဆိုပါ စစ်ကောင်စီတပ် ရေယာဉ်အုပ်စု သည် ကနီမြို့သို့ ရောက်ရှိနေခြင်းကြောင့် မြို့နှင့် နီးစပ်သည့် ပန်းဆိုင်း ၊ ငါးဖျတ် ၊ မင်းကုန်း နှင့် ညောင်ပင်ဝန်း စသည့် ကျေးရွာများမှ ဒေသခံ ဦးရေ ၄,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရပါသည်။
ထိုရေယာဥ်ကို သြဂုတ်လ ၈ ရက် နံနက်က ၅/99 PDF နှင့် ဒေါင်းညီနောင် တပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ရာ ရေယာဥ်တစ်စီး၏ စက်ခန်းထိမှန်ပျက်စီးခဲ့သေးသည်။
စာတည်း။ ။အောင်ကျော်ဖြိုး
စာအညွှန်း- ချင်းတွင်းမြစ်ကြောင်းအတွင်း တွေ့ရသည့် စစ်ကောင်စီ ရေယာဥ်တစ်စီး
#Mizzima
#ချင်းတွင်းမြစ်ကြောင်း
#စစ်ကောင်စီ ရေယာဥ်

👍21😁2👏1
မြန်မာနိုင်ငံကို လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားပြော
===================
မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီ ခန့်အပ်ထားတဲ့ သံတမန်ကို လက်နက်ပြပွဲ ဖိတ်ကြားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ မြန်မာ စစ်တပ်ထံ လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားဆဲဖြစ်ကြောင်း တောင်ကိုရီးယားက ပြောလိုက်တာဖြစ်ပါတယ်။
တောင်ကိုရီးယားအစိုးရက သူ့နိုင်ငံမှာကျင်းပတဲ့ လက်နက်အရောင်းပြပွဲ တက်ရောက်ဖို့ မြန်မာစစ်ကောင်စီသံတမန်တစ်ဦးကို ဖိတ်ကြားခဲ့တာဟာ "အလွန်စိုးရိမ်စရာ" ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးက ဇွန်လ ၆ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့ခဲ့ပြီးနောက် တောင်ကိုရီးယား အစိုးရက တုံ့ပြန်လိုက်တာပါ။
သံအမတ်ကြီးရဲ့ တက်ရောက်မှုဟာ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုရာ ရောက်သလို၊ တောင်ကိုရီးယားရဲ့ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု တားမြစ်ချက်အပေါ် သံသယဖြစ်ရတယ်လို့လည်း ဂျနီဗာမှာရှိတဲ့ တောင်ကိုရီးယားသံရုံးကို ပေးပို့တဲ့စာမှာ အထူးကိုယ်စားလှယ်က ရေးသားခဲ့တာပါ။
တောင်ကိုရီးယား နိုင်ငံခြားရေးဌာနကတော့ မြန်မာနိုင်ငံအပေါ် စစ်လက်နက် တင်ပို့မှု တားမြစ်ချက်ကို တင်းတင်းကြပ်ကြပ် ဆက်လက်ကျင့်သုံးနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။
ဖိတ်ကြားချက်ဟာလည်း မြန်မာနိုင်ငံ အပါအဝင် အာဆီယံအသင်းဝင်နိုင်ငံတွေထံ ပေးပို့ခဲ့တာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုဖို့နဲ့ ဖိအားပေးတာတွေ တိုးမြှင့်ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ခရီးစဉ်အပြီးမှာလည်း တိုက်တွန်းခဲ့ဖူးပါတယ်။
ဒီလိုဖိတ်တာဟာ တရားမဝင် အကြမ်းဖက်စစ်တပ်ကို အသိအမှတ်ပြုရာရောက်သလို အရပ်သားပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်ကို တောင်ကိုရီးယားရဲ့ လက်နက်တင်ပို့မှုဟာ သံသယဖြစ်စေတယ်လို့ မစ္စတာအန်ဒရူးကပြောထားပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံအပေါ် စစ်လက်နက်တင်ပို့မှုပိတ်ဆို့ရေး အပါအဝင် အရေးယူမှုတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေဆဲဖြစ်ပြီး၊ မြန်မာသံအမတ်ကို ဖိတ်ခဲ့တာဟာလည်း အာဆီယံ ၁ဝ နိုင်ငံကို ဖိတ်ကြားခဲ့တာသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားအစိုးရအနေနဲ့ မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ပိုပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအန်ဒရူးက တိုက်တွန်းထားပါတယ်။
ဆိုးလ်မြို့အရှေ့မြောက်ဘက် ၅၂ ကီလိုမီတာအကွာ Pocheon မှာ မေလ၂ ရက်နေ့က လုပ်တဲ့ စစ်လက်နက် အခမ်းအနားကို နိုင်ငံပေါင်း ၁၈ နိုင်ငံက နိုင်ငံခြားသံတမန်တွေ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံအမတ်ကြီး ဦးသန့်စင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်လက်နက်ပြပွဲမှာတော့ တင့်ကားတွေအပါအဝင် အခြားစစ်လက်နက်ပစ္စည်းတွေကို ပြသခဲ့တယ်လို့ သိရပါတယ်။
https://youtu.be/x_4E6EJ2ZfM
#Political News

စစ်ကောင်စီ ခန့်အပ်ထားတဲ့ သံတမန်ကို လက်နက်ပြပွဲ ဖိတ်ကြားခဲ့တဲ့အပေါ် စိုးရိမ်မှုတွေ ထွက်ပေါ်လာချိန်မှာပဲ မြန်မာ စစ်တပ်ထံ လက်နက်တင်ပို့ ရောင်းချမှု ပိ…

👍17🔥3👎1
မြန်မာထံ လက်နက်ရောင်းချမှု ပိတ်ပင်ချက်က ပုံမှန်အတိုင်း ဆက်ရှိနေဆဲဟု တောင်ကိုရီးယား ပြော
================
လက်နက်အရောင်းပြပွဲတစ်ခုသို့ မြန်မာစစ်ကောင်စီခန့် သံအမတ်တစ်ဦးကို ဖိတ်ကြားခဲ့သော်ငြား မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှု ဆက်လက်ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ဩဂုတ် ၉ ရက်တွင် ပြောသည်။
ပြီးခဲ့သည့်မေလက တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ခံပြုလုပ်သော ပွဲအခမ်းအနား၌ မြန်မာစစ်ကောင်စီခန့် သံအမတ် ဦးသန့်စင် တက်ရောက်ခဲ့မှုအပေါ် “အလွန်တရာ စိုးရိမ်” မိကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ သောမတ်စ် အန်ဒရူးစ်က ထုတ်ဖော်ခဲ့သည်။
စစ်ကောင်စီခန့် သံအမတ်ကို ထိုအခမ်းအနား တက်ခွင့်ပြုခြင်းက မြန်မာအာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုပေးရာ ရောက်သလို မြန်မာစစ်တပ်ထံ လက်နက် လွှဲပြောင်းရောင်းချမှုအပေါ် တောင်ကိုရီးယား၏ ပိတ်ပင်ချက်နှင့်ပတ်သက်၍လည်း သံသယများကို ဖြစ်စေကြောင်း အန်ဒရူးစ်က ပြောသည်။
မြန်မာတွင် ၂၀၂၁ ခုနှစ်က နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရတစ်ရပ်ကို စစ်တပ်က ဖြုတ်ချ၊ အာဏာသိမ်းပြီးကတည်းက နိုင်ငံသည် အကျပ်အတည်းအောက် ကျရောက်နေခဲ့သည်။ အနောက်အုပ်စု အစိုးရအများစုက မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို သီးခြားအဆက်ဖြတ်၊ ဒဏ်ခတ်ပိတ်ဆို့ခဲ့သလို လက်နက်ရောင်းချမှုများအပေါ် ပိတ်ဆို့ထားခဲ့ကြသည်။ သို့သော် ရုရှားနှင့် တရုတ်အပါအဝင် အခြားနိုင်ငံတချို့က မြန်မာစစ်တပ်နှင့် နီးနီးကပ်ကပ် ဆက်လက် ဆက်ဆံနေဆဲဖြစ်သည်။
“မြန်မာမှာ စစ်အာဏာသိမ်းမှုကြောင့် အကျပ်အတည်း ပေါ်ပေါက်ပြီးနောက် မကြာမီက ထုတ်ဖော်ကြေညာခဲ့တဲ့ စစ်ဖက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းတွေ တင်ပို့မှုအပေါ် ပိတ်ပင်ချက်တစ်ရပ်အပါအဝင် မြန်မာအပေါ် ချမှတ်တဲ့ တန်ပြန်အစီအမံတွေကို မိမိတို့ အစိုးရဘက်က ဆက်လက်ပြီး တင်းတင်းကျပ်ကျပ် ဖော်ဆောင်လျက် ရှိနေဆဲပါ။ ဒီ ရပ်တည်ချက်မှာ အပြောင်းအလဲ မရှိပါဘူး” ဟု တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။
တောင်ကိုရီးယားလက်နက်ပြပွဲ၌ မြန်မာစစ်ကောင်စီခန့် သံအမတ် ပါဝင်ခြင်းက တရားမဝင်သော၊ လူမဆန်သော မြန်မာစစ်အုပ်စုကို တရားဝင်မှု ပေးရာ ရောက်သလို ဖြစ်သည်ဟု အန်ဒရူးစ်က ဂျီနီဗာရှိ တောင်ကိုရီးယား သံတမန်မစ်ရှင်အဖွဲ့သို့ ပေးစာထဲတွင် ပြောသည်။
အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများအတွက် မြန်မာစစ်အုပ်စုတွင် တာဝန်ရှိနေချိန် သံအမတ် ဦးသန့်စင်ကို ဖိတ်ကြားခြင်းက မြန်မာထံ လက်နက်တင်ပို့မှုအပေါ် တောင်ကိုရီးယား၏ ပိတ်ပင်ချက်နှင့်ပတ်သက်ပြီး သံသယများ ဖြစ်ပေါ်စေသလို ယင်းက လက်နက်ရောင်းချမှုတို့ကို ခွင့်ပြုနိုင်သည့် ရည်ရွယ်ချက်ကို သွယ်ဝိုက် ညွှန်းဆိုရာ ရောက်နိုင်သည်ဟု အန်ဒရူးစ်က ပြောသည်။
စစ်ကောင်စီခန့် သံအမတ်ကို ဖိတ်ကြားခြင်းသည် ထူထောင်ထားသည့် လုပ်ထုံးလုပ်နည်းအရ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံစလုံးကို ဖိတ်ကြားခြင်းသာ ဖြစ်ကြောင်းနှင့် ယင်းသည် မြန်မာစစ်တပ်အပေါ် ထားသည့် တောင်ကိုရီးယား၏ မူဝါဒနှင့် လုံးဝ မသက်ဆိုင်ဟု တောင်ကိုရီးယား၏ ဂျီနီဗာအခြေစိုက် သံတမန်အဖွဲ့က ပြီးခဲ့သည့်လက ပြောသည်။
အမေရိကန်၏ အနီးကပ် မဟာမိတ်ဖြစ်သည့် တောင်ကိုရီးယားသည် ၂၀၁၉ ခုနှစ်ကတည်းက မြန်မာနှင့် မည်သည့် လက်နက်အရောင်းအဝယ်ကိုမှ လုပ်ဆောင်ထားခြင်း မရှိသော်လည်း မြန်မာတွင် အဓိက ဖွံ့ဖြိုးရေး ပရောဂျက်များကို လုပ်ဆောင်ထားခဲ့သည်။
မြန်မာစစ်အုပ်စုကို တရားဝင်မှု ငြင်းဆန်ပိတ်ပင်ရန်နှင့် အကျပ်အတည်းကို ကူညီဖြေရှင်းရန် ပိုမို အားကောင်းသည့် အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရေး အန်ဒရူးစ်က နိုဝင်ဘာလ တောင်ကိုရီးယားခရီးစဉ်အပြီး တိုက်တွန်းခဲ့သည်။

👍14😁4❤1👏1
မဏိပူရ်က သွေးထွက်သံယိုမှုများအတွက် မြန်မာက မတည်ငြိမ်မှုများကို အိန္ဒိယဝန်ကြီး အပြစ်ဆို
==================
အိန္ဒိယ အရှေ့မြောက်ပိုင်း မဏိပူရ်က တိုင်းရင်းသားပဋိပက္ခများအတွက် အိမ်နီးချင်း မြန်မာနိုင်ငံမှ မတည်ငြိမ်မှုများကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီး အမ်မစ်ရှားက ဗုဒ္ဓဟူးနေ့တွင် အပြစ်တင်လိုက်ပြီး မဏိပူရ်၌ အငြင်းပွားမှုများကို ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းရန် တိုက်တွန်းသည်။
မြန်မာနိုင်ငံက နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စိမ့်ဝင်နိုင်သော နယ်စပ်မှ မဏိပူရ်ပြည်နယ်ထဲ ဒုက္ခသည် ထောင်ပေါင်းများစွာ ဖြတ်ကျော်ဝင်ရောက်လာကြောင်း ရှားက လွှတ်တော်သို့ ပြောသည်။
မဏိပူရ်တွင် မေလမှစ၍ တိုင်းရင်းသား ပဋိပက္ခကြောင့် လူပေါင်း ၁၈၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ရာပေါင်းများစွာ ရှိကာ အိုးအိမ်မဲ့သူ ထောင်ပေါင်းများစွာ ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ၌ စစ်အာဏာသိမ်းချိန်မှစကာ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့က ဒီမိုကရေစီ လိုလားသော အင်အားစုများကို တိုက်ခိုက်လျက် ရှိနေသည်။ မြန်မာမြောက်ပိုင်းမှ ချင်းနှင့် မဏိပူရ်က ကူကီးတို့သည် တိုင်းရင်းမျိုးနွယ်စုတူများ ဖြစ်ကြသည်။
မဏိပူတွင် ကသည်းနှင့် ကူကီးတို့ကြား အများစုဖြစ်သော တိုင်းရင်းသား ပဋိပက္ခကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန်နှင့် ပြဿနာကို စေ့စပ်ညှိနှိုင်းမှုဖြင့် ဖြေရှင်းရန် ရှားက တိုက်တွန်းသည်။
တောင်ကုန်းဒေသများတွင် နေထိုင်ကြပြီး စီးပွားရေး အကျိုးအမြတ်နှင့် အစိုးရအလုပ်အကိုင်နှင့် ပညာရေးတို့ ရရှိနေသော ကူကီးများနှင့် မြေနိမ့်ဒေသတွင် နေထိုင်သော ကသည်းလူမျိုးများကြား မကျေချမ်းမှုများသည် မေ ၃ ရက်၌ ထိပ်တိုက်တွေ့မှုများသို့ ဖြစ်ပွားပေါ်ပေါက်သည်။
မဏိပူရ်ပြည်နယ် လူဦးရေ၏ ၁၆ ရာခိုင်နှုန်း ရှိသော ကူကီးလူမျိုးများကို အများစု လူဦးရေဖြစ်သော ကသည်းများနှင့်အတူ အထူးအခွင့်အရေး ပေးရန် ဖေဖော်ဝါရီလအတွင်း တရားရုံးတစ်ရုံးက အကြံပြုရာမှ ပဋိပက္ခများ စတင်သည်။
မြန်မာမှ ဒုက္ခသည်များ စီးဝင်ခြင်းသည် ကသည်းများကြား “မလုံခြုံမှုများ” ကို ခံစားရကြောင်း ရှားက ပြောသည်။ ထိုပြင် ဖေဖော်ဝါရီလက တရားရုံး စီရင်ချက်သည် “မီး ပိုထိုးပေးရာ ရောက်သည်”ဟုလည်း ၎င်းက ဆိုသည်။
အကြမ်းဖက်မှုများသည် နှေးကွေးစွာ ကျဆင်းလာပြီး ပြည်နယ်၌ စစ်တပ်နှင့် လက်ရုံးတပ် ၃၆,၀၀၀ နီးပါး ဖြန့်ကြက်ထားကြောင်း ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ အစိုးရအား အယုံအကြည်မရှိ အဆိုတင်သွင်းစဉ်၌ ရှားက ပြောခြင်း ဖြစ်သည်။
ကသည်းနှင့် ကူကီးအသိုင်းအဝိုင်းသို့လည်း မေတ္တာရပ်ခံရာတွင် “ကျေးဇူးပြုပြီး အကြမ်းဖက်မှုတွေကို စွန့်ပစ်ပါ၊ အိန္ဒိယဆီ လာပြီး ဆွေးနွေးပါ၊ ကျွန်တော်တို့နဲ့ အတူလာပြီး ဆွေးနွေးပါ”ဟု ပြောဆိုသွားခဲ့သည်။

🔥5🤮3💩1