Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကလေးမြို့ တပ်ဦးသီတာရပ်ကွက်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ဒေသခံသေဆုံး
=============

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊တပ်ဦးသီတာရပ်ကွက်၊ ဘူတာလမ်းခွဲ ၊ ဂျွိုင်းစားသောက်ဆိုင်အနီးရှိ အမှိုက်ပုံးဘေးတွင် ယမန်နေ့ ဩဂုတ်လ ၁၄ရက် နံနက် ၈ နာရီ အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ဒေသခံတဦး သေဆုံးသွားကြောင်း မြို့ခံများထံက သိရသည်။

သေဆုံးသွားသူသည် အသက် ၃၉ နှစ်အရွယ် လွန်းလမ်းထန်ဆိုသည့် အမျိုးသားဖြစ်ပြီး ဆိုင်အနီး၌ အမှိုက်ရှင်းနေစဉ် မိုင်းပေါက်ကွဲပြီး ခြေနှစ်ချောင်းထိခိုက်မိကာ ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“စကစ(စစ်ကောင်စီတပ်ဖွဲ့)ဖက်က ထောင်တဲ့မိုင်း ဖြစ်ဖို့များပါတယ် ၊ မြို့ပေါ်နေရာတဝိုက်မှာ စစ်ကောင်စီ တပ်သားတွေသာ လှုပ်ရှားပြီး ထိကွဲနင်းမိုင်း၊ တိုက်မိုင်းတွေက စစ်ကောင်စီတပ်ဖွဲ့တွေ အသုံးပြုလေ့ရှိတဲ့ မိုင်းတွေဖြစ်ပါတယ်” ဟု ဒေသတွင်း လှုပ်ရှားနေသည့် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

မဇ္စျိမက ရရှိခဲ့သောဓာတ်ပုံတွင် ထိခိုက်ဒဏ်ရာသူသည် ခြေထာက်နှစ်ဖက်စလုံးတွင် ဒဏ်ရာအပြင်းထန် ရှိခဲ့သည်ကို တွေ့မြင်ရပြီး ၎င်းအား ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း အသက်ဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါ မိုင်းနှင့်ပတ်သက်ပြီး မည်သည့်တပ်ဖွဲ့မှ ထောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုမှုများမရှိသကဲသို့ မဇ္စျိမ အနေဖြင့် မိုင်းအမျိုးအစားနှင့် မိုင်းထောင်သည့်အဖွဲ့ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဩဂုတ်လ ၈ရက် မွန်းလွဲ ၁ နာရီအချိန်ကလည်း ကလေးမြို့မြောက်ဖက် ကလေး - လက်ပံချောင်း ကားလမ်းမပေါ်ရှိ ညောင်တောကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အသက် ၁၈နှစ်အရွယ် အမျိုးသားတဦး သေဆုံးပြီး အခြားအမျိုးသားနှစ်ဦးနှင့် နွားတစ်ကောင် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#မိုင်းပေါက်ကွဲမှု

ပုံအညွှန်း-မိုင်းပေါက်ကွဲ၍သေဆုံးသွားသည့် ကိုလွန်းလမ်းထန်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3👍3👏1😁1
This media is not supported in your browser
VIEW IN TELEGRAM
သမ္မတလောင်းလုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးဖို့အတွက် အီကွေဒေါက FBI ကိုအကူအညီတောင်းခံ

#internationalnews #reels #shorts #Mizzima
👍4😁1
ဖားကန့် မြေပြိုမှု ပျောက်ဆုံးနေသူ ၃၀ ကျော်အနက် ရုပ်အလောင်း ၆ ခု တွေ့ရှ်ိထား
😢5👍1😁1
ဖားကန့် မြေပြိုမှု ပျောက်ဆုံးနေသူ ၃၀ ကျော်အနက် ရုပ်အလောင်း ၆ ခု တွေ့ရှ်ိထား
====================

ကချင်လေး
(မဇ္ဈိမ)။ ။ဖားကန့်တွင် ကျောက်စိမ်းတူး‌ဖော်ရေးလုပ်ကွက်ဟောင်းမှ မြေစာပုံပြိုကျစဥ် ရေလှိုင်းနှင့်အတူမျောပါပျောက်ဆုံးနေသူများအနက် ခြောက်ဦး၏ ရုပ်အလောင်းကိုစတင်တွေ့ရှိပြီဟု ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

ဖားကန့်မြို့၊မနကျေးရွာအနီးမှ ကျောက်စိမ်းတောင်လုပ်ကွက်ဟောင်းမြေစာပုံသည် ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရေကန်ဘက်သို့ ပြိုကျခဲ့ရာ ကျောက်တူးနေသူများနှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၆ ဉီးထက်မနည်း ရေနစ်မြုပ်ပျောက်ဆုံးခဲ့သည်။ ယနေ့ ဩဂုတ်လ ၁၅ရက် နံနက်တွင် ရုပ်‌အလောင်းအချို့ ရေပေါ်ပြန်ပေါ်လာပြီး နေ့လယ်၁၂နာရီခန့်အထိ ခြောက်လောင်း ရှာဖွေတွေ့ရှိထားသည်ဟု သိရသည်။

"မိုးများနေတော့ ရေထဲဆင်းရတာက အဆင်မပြေဘူးဗျ။ အလောင်းတွေက ရေဝသွားမှ ပေါ်လာမှာ။ ခုတော့ တလောင်းပြီးတလောင်းပေါ်နေတာ” ဟု ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသူတဦးက မဇ္ဈိမကိုပြောသည်။

ယနေ့တွေ့ရှိထားသည့် ရုပ်အလောင်းခြောက်လောင်းအနက် ကိုဖြိုးခိုင်နှင့် ကိုစိုးထွန်းသိန်းတို့၏ ရုပ်အလောင်းကိုသာ နာမည်တကွ အတည်ပြုထားနိုင်ပြီး ကျန်လေးဦး၏ အမည်ကို မသိရှိရသေးပေ။ လက်ရှိအချိန်တွင် ဖားကန့်၌ မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် ရုပ်အလောင်းရှာဖွေရာတွင်လည်း သတိထားဆောင်ရွက်နေကြရသည်။

မြေစာပုံပြိုကျမှု၌ ပျောက်ဆုံးနေသူ ၃၆ ဦးရှိကြောင်း သက်ဆိုင်သူများ၏ မိသားစုဝင်များက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံ စာရင်းလာပေးထားသည်။ ရုပ်အလောင်းများရှာဖွေရေးကို ယနေ့အထိ လုပ်ဆောင်နေဆဲဟု သိရသည်။

စာတည်း - မောင်ကြီး

#mizzima
#ဖားကန့်
#မနကျေးရွာ
#မြေစာပုံပြို

Photos- CJ (ပျောက်ဆုံးနေသူများအား ရှာဖွေနေစဉ်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢2😁1
​​ဖိလစ်ပိုင်တွင် လူကုန်ကူးခံရသူ ၂၁ ဦးအား ကယ်တင် 
========================

ဖိလစ်ပိုင်နိုင်ငံ တာဝီတာဝီကျွန်းပြည်နယ် ဘွန်ဂါအိုအရပ်တွင် လူကုန်ကူးခံရသည်ဟု သံသယရှိသူ ၂၁ ဦးအား ကယ်တင်ခဲ့ရကြောင်း အနောက်ပိုင်း မန်ဒါနာအို ရေတပ်တပ်ဖွဲ့ (NFWM) အရ သိရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3
​​ရပ်စောက်တွင် ပျူခေါင်းဆောင်ပစ်ခတ်ခံရပြီး သေဆုံး၊ ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရ
=======================

ရောင်နီ
(မဇ္စျိမ)။ ။ စစ်ကောင်စီ၏လုံခြုံရေးတင်းကျပ်ထားသည့် ရပ်စောက်မြို့နယ်တွင် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပျူခေါင်းဆောင်တဦး ရှင်းလင်းခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အင််တောမြို့နယ်ခွဲ အမှတ် (၆) ရပ်ကွက်တွင် နေထိုင်သည့် ပျူခေါင်းဆောင် ဦးဆန်းညွန့် ဆိုသူကို သြဂုတ်လ ၁၃ ရက်နေ့၊ ညပိုင်းတွင် သေနတ်သမားများက လာရောက်ပစ်ခတ်သွားခြင်း ဖြစ်သည်။

“ ဦးဆန်းညွန့်က ပျူခေါင်းဆောင်၊ ၁၃ ရက်နေ့ ညက သူ့ရဲ့ အိမ် အပေါ်ထပ်မှာ သေနတ်နဲ့ ပစ်ခံရတာ။ ဘယ်သူတွေလုပ်လဲဆိုတာတော့ မသိရသေးဘူး။ သူကတော့ နေရာမှာပဲ သေတယ်။ သူ့ဇနီးလည်း ပေါင်မှာ သေနတ်မှန်တဲ့ ဒဏ်ရာရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ဦးဆန်းညွန့်ဆိုသူသည် အသက် ၅၀ အရွယ်ခန့်ရှိပြီး ဗထူးတပ်မြို့တွင် ပြုလုပ်သည့် ပျူစောထီးသင်တန်းကို ဦးဆောင်နေသူဖြစ်ကာ ၎င်း၏ သားဖြစ်သူသည်လည်း ရဲတပ်ဖွဲ့၀င်တဦး ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းသည် မြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ စစ်အာဏာသိမ်းဆန့်ကျင်သူများ ဖမ်းဆီးခံရမှုတွင် အဓိက တာ၀န်ရှိသူဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“ ရှမ်းတောင်မှာ ပျူသင်တန်းက ရပ်စောက်ဗထူးမှာပဲ လုပ်ကြတော့ အဲ့မှာ သူက ဦးစီးပြီး ကူတယ်။ အင်တောမြို့တ၀ိုက် ကျောက်ဂူအုပ်စုနဲ့ တ၀ိုက် အဖမ်းခံရသူ အားလုံးက သူ့ပယောဂ မကင်းပါဘူး။ အုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌတွေတောင် သူ့လောက် မလှုပ်ရှားကြဘူး” ဟု ၎င်းက ပြောသည်။

ပျူခေါင်းဆောင် ဦးဆန်းညွန့် ရှင်းလင်းခံရလိုက်ရသည့် ရပ်စောက်မြို့နယ် အင်းတော်မြို့နယ်ခွဲသည် စစ်ကောင်စီတပ်လေ့ကျင့်ရေးကျောင်းများတည်ရှိသည့် ဗထူးတပ်မြို့နှင့် ၃၆ မိုင်သာ ကွာေ၀းသည်။

“ ရပ်စောက်မြို့နယ်မှာ ဒီလို ရှင်းလင်းခံရတဲ့ ဖြစ်စဥ်က အာဏာသိမ်းပြီးနောက် ပထမဆုံးပါ။ အင်တောမြို့နယ်ခွဲကလည်း ဗထူးတပ်ရဲ့ စိုးမိုးနယ်မြေဆိုတော့ ဗထူးတပ်က အရာရှိတွေတော့ ခံပြင်းနေမှာပဲ” ဟု ရပ်စောက်ဒေသခံတဦးက ဆိုသည်။
ပစ်ခတ်မှုဖြစ်စဥ်ပြီးနောက် စစ်ကောင်စီတပ်က ရပ်စောက်မြို့ပေါ်တွင် နေထိုင်သည့် ပြည်သူလေးဦးနှင့် အင်တောမြို့နယ်ခွဲက ပြည်သူတဦး စုစုပေါင်း ပြည်သူ ငါးဦးကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကို မကြာသေးခင်က အသစ်ဖွဲ့စည်းထားသည့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်းသတင်းများ ထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကောင်စီတပ် လုံခြုံရေးတင်းကျပ်ထားသည့် ရပ်စောက်မြို့နယ်အနီးတွင် ယခုကဲ့သို့ ပျူခေါင်းဆောင်တဦး ပစ်ခတ်ခံရကာ သေဆုံးခဲ့သည့်အတွက် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ထောက်ခံသူများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

“ လက်ရှိမှာတော့ ရပ်စောက်နဲ့ အင်တော တ၀ိုက်မှာ ဟန်ပြကင်းလှည့်တာမျိုးတွေ ရှိနေတယ်။ ရွာတွေကိုလည်း ကင်းပတ်နေကြတယ်။ ” ဟု ရပ်စောက်ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်ရှိ ဗထူးတပ်နယ်အတွင်းကို ကာကွယ်ရေးအဖွဲ့တခုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် လေးဦး ထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဥ်တခု ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဗထူးတပ်နယ်
#ကာကွယ်ရေးအဖွဲ့
#ရပ်စောက်မြို့နယ်

ပုံအညွှန်း - သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သည့် ပျူခေါင်းဆောင် ဦးဆန်းညွန့်။ ( ဓာတ်ပုံ - ပေးပို့)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9❤1
This media is not supported in your browser
VIEW IN TELEGRAM
Aug - 15 [4 Pm] Mizzima News Hour

Mizzima Headline News

#4pmnews #mizzimanewshour #reels #shorts
👍1🌭1🍌1
ပေါ်ဆန်းဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိဖြစ်လာ | Business Round Up (15.8.2023)
==================

- ရွှေတုံး၊ ရွှေခဲများကို အွန်လိုင်းမှ ဝယ်ရောင်းကြရန် စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ တိုက်တွန်း

- ပေါ်ဆန်းဆန်တစ်အိတ် ကျပ်တစ်သိန်းကျော်အထိဖြစ်လာ

- မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထက်ဝက်ကျော် ကျဆင်းသွား

- ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်အတွင်း မြေစာပုံပြိုကျကာ လူ ၃၀ ကျော် ပျောက်ဆုံးနေ

https://youtu.be/mVgQMF_RTiE

#businessroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🔥2
This media is not supported in your browser
VIEW IN TELEGRAM
အီကိုဝက်စ်ရဲ့ပိတ်ဆို့အရေးယူမှုတွေဟာ ရှက်ဖွယ်ရာ လူမဆန်တဲ့ တရားမဝင်လုပ်ရပ်ဖြစ်ကြောင်း နိုင်ဂျာအာဏာသိမ်းစစ်အုပ်စုကပြော

#internationalnews #reels #shorts #Mizzima
❤2
ကလေးမြို့နယ်တွင် အမျိုးသမီးအပါအဝင် ဒေသခံ ၃ဦး မီးရှို့သတ်ဖြတ်ခံရ
😢2❤1
ကလေးမြို့နယ်တွင် အမျိုးသမီးအပါအဝင် ဒေသခံ ၃ဦး မီးရှို့သတ်ဖြတ်ခံရ
======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့က အမျိုးသမီးအပါအဝင် ဒေသခံသုံးဦးကို သတ်ဖြတ်မီးရှို့သွားကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့က သြဂုတ်လ ၁၄ရက်တွင် သတင်းထုတ်ပြန်သည်။

“ကျွန်းချောင်းကျေးရွာက သားအမိကိုသတ်ဖြတ်ပြီး အလောင်းကိုမီးရှို့ထားတဲ့ပြာ တွေ့တယ်၊ဆိုင်ကယ်တစီး မီးရှို့ထားတာလည်း တွေ့ရပါတယ်”ဟု ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက မဇ္စျိမသို့ပြောသည်။
မြို့လှရပ်ကွက်နှင့် စက္ကန့်ကျေးရွာကြားရှိ ကျောက်ခွဲစက်၊ အိမ်တလုံး၊ စက်ကြီးနှစ်စီးနှင့် ကားတစီးတို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားကြသည်ဟု ၎င်းကဆိုသည်။

“ကျောက်ခွဲစက်အနီးမှာလည်း အသက် ၃၀အရွယ် အမည်မသိအမျိုးသားအလောင်းလည်း တွေ့ပါတယ်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက မဇ္စျိမသို့ပြောသည်။

မီးရှို့သတ်ဖြတ်ခံရသည့် သားအမိနှစ်ဦးမှာ အသက် ၅၀နှစ်အရွယ် ဒေါ်ဟွေးအီယာန်နှင့် အသက် ၃၀နှစ်အရွယ် ကိုစမူအဲလ်တို့ဖြစ်ပြီး သြဂုတ်လ ၁၂ရက်က ကျွန်းချောင်းကျေးရွာမှ ကလေးမြို့ဘက်သို့ ဆေးခန်းပြရန် သွားနေစဥ် ထိုသို့ဖြစ်ပွားရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကလေးမြို့နယ် မြို့လှရပ်ကွက်နှင့် စက္ကန့်ရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား သြဂုတ်လ ၁၀ရက် ညနေ ၃နာရီအချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ သြဂုတ်လ ၁၂ရက်အထိ သုံးရက်ဆက်တိုက် ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၀ဦးသေဆုံးပြီး သေနတ်တလက် သိမ်းဆည်းရရှိကာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိကြောင်း ထုတ်ပြန်ချက်အရ သိသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
တိုက်ပွဲအပြီး သြဂုတ်လ ၁၃ရက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စက္ကန့်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ ထောင်ထားသော နင်းမိုင်း ၁၀ လုံးကိုလည်း အထိအခိုက်မရှိ ပြန်ဖြုတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အရပ်သားများအား အကြောင်းမဲ့သတ်ဖြတ်၊ ပြည်သူပိုင်ပစ္စည်းများ ခိုးယူပြီး လက်နက်အားကိုးပြီး သောင်းကျန်းနေသော တရားမဝင်လက်နက်ကိုင်အဖွဲ့ဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် အထက်ချင်းတွင်းဒေသအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန်ပီးက‌ ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ကလေးမြို့နယ်
#စစ်ကောင်စီတပ်
#မီးရှို့သတ်ဖြတ်

ပုံ -CNO Upper Chindwin Region (UCR)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁3👍2🤬1😢1
Media is too big
VIEW IN TELEGRAM
အိုဒက်ဆာမြို့ကိုပစ်မှတ်ထားတဲ့ ရုရှားရဲ့ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ပစ်ချခဲ့ရကြောင်း ယူကရိန်းပြော

#internationalnews #reels #shorts #Russia #Ukraine #Mizzima
👍3😁1