Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
နွေဦးခေါ်သံ
=========

မဇ္ဈိမနဲ့ The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းတို့ ပူးပေါင်းတင်ဆက်တဲ့ “နွေဦးခေါ်သံ” အနုပညာကဏ္ဍလာပါပြီ။ ဒီအစီအစဉ်က The Call ခေါ်သံ အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ကဗျာ၊ ဆောင်းပါး စတဲ့ အနုပညာလက်ရာများကို The Call ဝိုင်းတော်သူ ဝိုင်းတော်သားတွေ ခံစား ရွတ်ဆို တင်ဆက်ထားတာ နားဆင်ကြရအောင်ပါရှင်။

ဒီတစ်ပတ်မှာတော့ 

- ဆောင်းပါးရှင်”မောင်မိုးအေး"ရဲ့ “နွေဦးဇာတ်” ဆိုတဲ့ အက်ဆေး

- ဆောင်းပါးရှင်”မောင်နှင်းအေး” ရဲ့ "အဆင်ပြေလောက်တဲ့လက်ခံသူဟာ မင်းမဟုတ်ခဲ့ရင်” ဆိုတဲ့ စကားပြေကဗျာ

- ကဗျာဆရာ “သဝေ” ရဲ့ “ကောင်းကင်ပေါ်ခတ်နှိပ်ထားတဲ့ ကြယ်များ” ဆိုတဲ့ ကဗျာ တွေကိုနားဆင်ကြရမှာပါ။

https://youtu.be/MpZS0voyqGI

#နွေဦးခေါ်သံ
#mizzima 
#thecall 
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤7🔥2🥰1😁1
ပုဂံကို မပြန်ပါနဲ့ဆို | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” − အပိုင်း (၆၆)
=============

"အရှင်မင်းကြီး စားတော်အုပ်ကိုစားရင်လဲ အဆိပ်သင့်ပြီးသေရတော့မယ်၊ မစားရင်လဲ ဓါးလှံ လက်နက်တွေနဲ့ အသတ်ခံရတော့မယ်”
... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/IxIAPjM_nm8

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🍌3❤1
​​ယခုလအတွင်း ဗီးနက်စ်ဂြိုဟ်နှင့် အနီးဆုံးကပ်ပြီး ပျံသန်းသွားမည့် Parker Solar Probe အာကာသယာဉ်
================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5👍1🔥1
​​အပင်အခြေပြု ပြည်ကြီးငါးဟင်းလျာအား 3D ပုံနှိပ်နည်းပညာဖြင့် တီထွင်
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤3👍1🔥1
​​ဒါးလက်စ်မြို့မှ ဟူစတန်မြို့သို့ မိနစ် ၉၀ အတွင်း အရောက်သွားနိုင်သည့် မြန်နှုန်းမြင့်ရထား
======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4🔥1
ဒိုင်မော်ဖို့စ်ဥက္ကာခဲအူတိုင်ကို စူးစမ်းလေ့လာသွားမည့် ဟယ်ရာမစ်ရှင်
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
​​အားကစားသမိုင်းသစ်ကို ကျနော် ရေးထိုးချင်ပါတယ်' - အလ်-ဟီလာလ်နဲ့ပူးပေါင်းတဲ့ နေမာ
=========================

ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာဟာ ပြင်သစ်ချန်ပီယံ ပဲရစ်စိန့်ဂျာမိန်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အလ်-ဟီလာလ်ဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘာစီလိုနာကစားသမားဟောင်းအတွက် သဘောတူညီမှုဟာ ယူရိုသန်း ၉၀ (ပေါင် ၇၇.၆ သန်း)ခန့်အပြင် add-ons ကြေးအပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။

"ကျနော် ဥရောပမှာ အများကြီးအောင်မြင်ခဲ့ပြီး ထူးခြားတဲ့ အချိန်တွေကို ပျော်ရွှင့်ခဲ့ပါတယ်။ ဒါပေမယ့်ကျနော် အမြဲတမ်း ကမ္ဘာလုံးဆိုင်ရာ ကစားသမားဖြစ်လိုပြီး နေရာအသစ်တွေမှာ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းသစ်တွေနဲ့အတူ ကိုယ့်ကိုယ်ကို စမ်းသပ်ချင်ခဲ့တယ်"လို့ သူက ပြောပါတယ်။

နေမာဟာ ပီအက်စ်ဂျီနည်းပြ လူးဝစ် အင်းနရစ်ရဲ့ ရာသီသစ်အတွက် အစီအစဉ်တွေရဲ့ အစိတ်အပိုင်းမှာ မပါဝင်ခဲ့ဘူး။
၂၀၁၇ မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀၀ နဲ့ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့သူ တိုက်စစ်မှူးဟာ လောရီယန့်နဲ့ သရေကျတဲ့ စနေနေ့ရဲ့ လီဂူဝမ်းပွဲစဉ်အတွက် သူတို့ရဲ့ အသင်းလူစာရင်းကနေ ချန်ရစ်ခံခဲ့ပါတယ်။

"ကျနော်က အားကစားသမိုင်းသစ်ကို ရေးထိုးချင်ပါတယ်၊ ဆော်ဒီပရိုလိဂ်က လက်ရှိအချိန်မှာ ကြီးမားတဲ့ စွမ်းအင်နဲ့ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေ ရှိပါတယ်"လို့ နေမာက ပြောပါတယ်။
"ဆော်ဒီအာရေးဗီးယားမှာ နှစ်တွေကြာအောင်ကစားခဲ့တဲ့ ဘရာဇီးလ်ကစားသမားစာရင်းရှည် နောက်ကို လိုက်ရင်း တော်တော်များများ ကျနော် ကြားသိလေ့လာခဲ့ပြီးပါပြီ။ ဒီတော့ ဒါဟာ လိုချင်တဲ့နေရာလို့ ကျနော် ယုံကြည်ပါတယ်။"

"အလ်-ဟီလာလ်ဟာ ထူးခြားကောင်းမွန်တဲ့ ပရိသတ်တွေရှိတဲ့ အသင်းကြီးတစ်သင်းဖြစ်ပြီး အာရှရဲ့အကောင်းဆုံးအသင်းဖြစ်ပါတယ်။ ဒါဟာ မှန်ကန်တဲ့ကလပ်အသင်းနဲ့အတူ အချိန်မှန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ ခံစားချက်ကို ကျနော်ကို ပေးပါတယ်။ အနိုင်ရပြီး ဂိုးတွေသွင်းယူရတာကို နှစ်သက်ပါတယ်။ ဆော်ဒီအာရေဗီးယားနဲ့ အလ်-ဟီလာလ်တို့မှာ ဆက်လုပ်သွားဖို့ ကျနော် စီစဉ်ထားပါတယ်။"

ဒီတိုက်စစ်ကစားသမားဟာ ပြင်သစ်ကလပ်မှာ တစ်နှစ်ဝင်ငွေ ယူရို ၂၅ သန်း (ပေါင် ၂၁.၆ သန်း) ရရှိနေတယ်လို့ သိခဲ့ရပါတယ်။
ပီအက်စ်ဂျီမှာ သူ (၂)နှစ်စာချုပ်နဲ့ ရရှိခဲ့တဲ့ ပမာဏထက် ၆ ဆများတဲ့ တစ်နှစ်လုပ်ခ ယူရို သန်း ၁၅၀ (ပေါင် ၁၂၉.၂ သန်း)ကို ဆော်ဒီအာရေးဗီးယားမှာ ရရှိမှာဖြစ်ပါတယ်။

အလ်-ဟီလာလ်ရဲ့ ဥက္ကဌ ဖာဟက် ဘင်ဆာ့ဒ်က နေမာကို "ကမ္ဘာ့လုံးဆိုင်ရာ အိုင်ကွန်"တစ်ယောက်နဲ့ "ရပ်တန့်မရတဲ့ တိုက်စစ်အားပြုသူ"လို့ ခေါ်ဆိုခဲ့ပါတယ်။

ဘရာဇီးလ်သားဟာ ပီအက်စ်ဂျီအတွက် (၁၇၃) ပွဲ ကစားပေးခဲ့ပြီး လီဂူးဝမ်း ဖလား ၅ လုံးအပါအဝင် ဆုဖလားပေါင်း ၁၃ လုံးနဲ့ ၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်အောင်လည်း ကူညီပေးခဲ့ပါတယ်။

အလ်-ဟီလာလ်ဟာ အစဉ်အလာအားဖြင့် ဆော်ဒီအာရေဗီးယားရဲ့ ထိပ်တန်းကလပ်တွေထဲမှ အသင်းတစ်သစ်းဖြစ်ပြီး အာရှချန်ပီယံလိဂ်ဖလားကို လေးကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။
သူတို့ဟာ ဆော်ဒီအာရေးဗီးယားရဲ့ Public Investment Fund (PIF)က ပိုင်ဆိုင်တဲ့ အယ်လ်-နာဆာ၊ အယ်လ်ဟီလီနဲ့ အလ်-အီတီဟဒ်တို့နဲ့အတူ ကလပ်လေးခုထဲမှ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
👍7❤1🔥1
​​ဆန်ဖရန်စ္စကို၌ အချိန်ပြည့် လည်ပတ်နိုင်ပြီဖြစ်သည့် မောင်းသူမဲ့ကားများ
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤5🔥1
Media is too big
VIEW IN TELEGRAM
Aug - 16 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
😁3🍌1
ဖက်ဒရယ် နိုင်ငံရေးစနစ် နဲ့ အချုပ်အခြာအာဏာ| Beyond Panglong Oath Ep-16
=====================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။
နိုင်ငံရေးသိပ္ပံ လေ့လာသူဒေါ်ခင်မမမျိုးနဲ့ ဖက်ဒရယ်နဲ့ အခြေခံဥပဒေရေးရာ လေ့လာသူ ဦးခင်မောင်၀င်းတို့က ဆွေးနွေးတင်ဆက်သွားမှာဖြစ်လို့ Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/QH1h3PI7Svs

#ပင်လုံသစ္စာ
#ဖက်ဒရယ်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤9👍2🔥1💩1
​​သဘာဝပတ်ဝန်းကျင်၊ လူသားမျိုးဆက်တွေနဲ့ အလင်းညစ်ညမ်းမှု
===================

မဇ္ဈိမ။ ။ လနဲ့ကြယ်လို သဘာဝအလင်းပေးမှုတွေကနေ ဆီမီးခွက်၊ ဖယောင်းတိုင်၊ လျှပ်စစ်မီးနဲ့ LED အထိ ခေတ်အဆက်ဆက် လူတွေက အလင်းကို အသုံးပြုလာကြပါတယ်။ ခေတ်စနစ်တွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အလင်း ရရှိမှုဟာလည်း တဖြည်းဖြည်း မြို့ပြနေရာလပ်မကျန် ထိန်ထိန်လင်းလာခဲ့ပြီး အလင်းတုတွေရဲ့အပြုသဘော မ ဆောင်တဲ့ အခြေအနေတွေကိုရင်ဆိုင်လာရပါတယ်။ အလင်းအတုတွေရဲ့အကျိုးသက်ရောက်မှုတွေကို နက္ခတ္တဗေဒ ပညာရှင်တွေက ၁၉၇၀ မှာ အလင်းညစ်ညမ်းမှုပြဿနာအနေနဲ့ ပထမဆုံးအသိအမှတ်ပြုခဲ့ပါတယ်။ အလင်းညစ်ညမ်းမှုဆိုတာ လူတွေဖန်တီးထားတဲ့ အလင်းရောင်တု (Artificial light) ကို အလွန်အကျွံအသုံးပြုတဲ့ နေရာကနေ ထွက်ပေါ်လာပြီး သဘာဝစနစ်ထဲကရှိပြီးသား အလင်းနဲ့အမှောင်တွေရဲ့သဘာဝပုံစံတွေကိုပြောင်းလဲစေတာတွေကို ရည်ညွှန်းပါတယ်။ အလင်းညစ်ညမ်းမှုအမျိုးအစားတွေက စူးရှတောက်ပတဲ့အလင်းများ (Glare) ၊ အလင်း ရှုပ်ပွခြင်း (Clutter) ၊ မလိုအပ်တဲ့အလင်းရောင်များ ကျူးကျော်ခြင်း (Light trespass) နဲ့ (Skyglow) တို့ဖြစ်ပါတယ် (Nordling, 2023)။ အလင်းညစ်ညမ်းခြင်းရတဲ့ အကြောင်းရင်းတွေထဲမှာ ညံ့ဖျင်းတဲ့မြို့ပြစီမံကိန်းတွေ၊ လူဦးထူထပ်မှုတွေ၊ အလင်းကိုအလွန်အကျွံအသုံးပြုမှုတွေ၊ အလင်းရောင်ပြန်ဟပ်တက်တဲ့ မီးခိုးမြူနဲ့တိမ်တွေ၊ ကားနဲ့ တခြား မော်တော်ယာဉ်တွေကနေထွက်လာတဲ့ မီး၊ လမ်းမီး၊ အိမ်တွေကနေ ထွက်လာတဲ့အလင်းရောင်တွေနဲ့ငါးဖမ်းလှေတွေက အလင်း၊ လုံခြုံရေးမီးတွေ၊ ရေနံလုပ်ငန်းတွေကနေ ထွက်တဲ့ မီးရောင်တွေနဲ့ မြို့ဧရိယာတွေကအလင်းရောင်တွေပါဝင်ပါတယ် (Rinkesh, n.d.)။ ဒီလိုအမျိုးအစားစုံလင်လှပြီး တနေ့ထက်တနေ့ သဘာဝအမှောင်အရပ်တွေ ပျောက်ကင်းပြီးအရိပ်မဲ့တဲ့အထိ အလင်းတွေကို တပ်ဆင်အသုံးပြုလာကြတာကြောင့် သဘာဝပတ်ဝန်းကျင်၊ တိရစ္ဆာန်များ၊ ဂေဟစနစ်နဲ့လူသားတွေရဲ့ကျန်းမာရေးဆိုင်ရာ ပြဿနာတွေက တိုးလာပါတယ်။ အလင်းညစ်ညမ်းမှုတွေက သဘာဝပတ်ဝန်းကျင်၊ တိရစ္ဆာန်များ၊ ဂေဟစနစ်နဲ့ လူသားတွေရဲ့ကျန်းမာရေး ကိုဘယ်လို ထိခိုက်စေတာလဲ။

အလင်းညစ်ညမ်းမှုက ညရဲ့သဘာဝ၊ အာကာသရဲ့အလှတွေကိုဆုံးရှုံးစေနိုင်သလို ဂေဟစနစ်၊ အပင်၊ တိရစ္ဆာန်များနဲ့ လူသားတွေရဲ့ကျန်းမာရေးကိုပါ ခြိမ်းခြောက်ပါတယ်။ ပိုလျှံလုံလောက်တဲ့ လျှပ်စစ်ဓာတ်အားရရှိမှု အားကောင်းတဲ့ နိုင်ငံတိုင်းနဲ့မြို့ပြတွေက အလင်းပိုလျှံစွာရရှိမှု၊ အလင်းထိန်းချုပ်မှု အားနည်းခြင်းတွေက တစတစ သဘာဝပတ်ဝန်းကျင်ကို ဆုံးရှုံးမှုတွေကြုံလာစေပါတယ်။

ညရဲ့သဘာဝ၊ အာကာသရဲ့ အလှတွေကိုဆုံးရှုံးခြင်း
တယ်လီစကုပ်ထုတ်လုပ်သူ Celestron က အလင်းညစ်ညမ်းမှုက သဘာဝကောင်းကင်မြင်ကွင်းကို ဖုံးလွှမ်းသွားစေကြောင်း ပြောကြားခဲ့သလို National Geographic Society ကလည်း အလင်းညစ်ညမ်းခြင်းကိုဖြစ်စေတဲ့ အတုအယောင် အလင်းကို အလွန်အကျွံအသုံးပြုတာက ကြယ်တွေနဲ့ တခြားကောင်းကင်က အရာဝတ္ထုတွေကို ကြည့်နိုင်ခွင့် ထိခိုက်စေကြောင်းဖော်ပြထားပါတယ်။ Jason Pun Chun-shing ကလည်း ဟောင်ကောင် ကောင်းကင်က ကြယ်တွေကိုမြင်တွေ့နိုင်မယ့်နေရာတွေကို အလင်းညစ်ညမ်းမှုက ပျက်စီးစေကြောင်းပြောခဲ့ပါတယ်။ ဟောင်ကောင်အပြင် စင်ကာပူလိုနိုင်ငံကလည်း ကမ္ဘာပေါ်မှာ အလင်းညစ်ညမ်းမှုအဆိုးရွားဆုံး အဆင့်မှာသတ်မှတ်ခံရပြီး တဦးချင်းအလင်းရောင်အတုတွေကိုလည်း အလွန်အကျွံအသုံးပြုနေသလို စင်္ကာပူနိုင်ငံက
ကလေးတွေကလည်း အလင်းညစ်ညမ်းမှုကြောင့် နဂါးငွေ့တန်းအလှကို ခံစားခွင့်နိုင်ခွင့်ဆုံးရှုံးနေပါတယ် (Robert, 2016)။

ဂေဟစနစ်၊ အပင်နဲ့တိရစ္ဆာန်များ ခြိမ်းခြောက်ခံရခြင်း
အလင်းညစ်ညမ်းမှုက ဂေဟစနစ်၊ အပင်နဲ့တိရစ္ဆာန်တွေကို ကမောက်ကမ ဖြစ်စေပါသေးတယ်။ Joshua Filmer ရဲ့ ဖော်ပြချက်အရ “အလင်းနဲ့အမှောင်စက်ဝန်းက အပင်နဲ့တိရစ္ဆာန်တွေရဲ့အပြုအမူတွေနဲ့ တိုက်ရိုက်ဆက်စပ်ပါတယ်။ အလင်းညစ်ညမ်းမှုက တိရစ္ဆာန်တွေရဲ့မိတ်လိုက်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ အိပ်စက်ခြင်းနဲ့ အမဲလိုက်ခြင်းတွေမှာ အပျက်သဘောတွေကိုဖြစ်စေပါတယ်။ တချို့သော လင်းနို့၊ ရက်ကွန်း၊ ကော့တေး၊ သမင်နဲ့ မျောက်တွေက သဘာဝ အမှောင်ကို လိုအပ်ကြပါတယ်။ Dung Beetles တွေက ကြယ်တွေကိုကြည့်ပြီး သွားလာလေ့ရှိသလို ငှက်မျိုးစိတ်တွေလည်းအမှောင်နဲ့ ကြယ်တွေကို အားကိုးပြီးရွှေ့ပြောင်းကြပါတယ်။
👍8🔥2
​​ဆီမီးဖိုင်နယ်မှာ သြစတြေးလျအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်အမျိုးသမီးအသင်းဟာ ဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး ၁၉၆၆ ကစရင် အဲဒီအဆင့်ကို ရောက်ရှိခဲ့တဲ့ ပထမဆုံးသော အင်္ဂလန်ဘောလုံးအသင်းဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ တနင်္ဂနွေနေ့ ဗိုလ်လုပွဲမှာ စပိန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#womensworldcup
#englandwomensfootball
#Mizzima
👍6🔥1😁1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၆ ဩဂုတ် ၂၀၂၃) 
======================

အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်သည် ဦးဇော်ဇော်အပါအဝင် ခရိုနီသဌေး များထံမှ ဘုရားတည်ရန်အတွက် အေးဓားပြတိုက်သည့်အပြင် ပြည်သူများကိုလည်း ဘုရားဘန်း ပြပြီး ဝင်ကြေးပိုက်ဆံ ကောက်စားသည်အထိ စီးပွားရေးသောင်းကျန်းနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤12😁1🤮1
​​ဟာကင် ဇီယက်ချ် -

ချယ်လ်ဆီးအသင်းဟာ မော်ရိုကိုလက်ရွေးစင်တောင်ပံကစားသမားကို ဂါလာတာဆာရေးထံ ရောင်းချဖို့ သဘောတူညီမှုရ
ချယ်လ်ဆီးအသင်းဟာ တောင်ပံကစားသမား ဟာကင် ဇီယက်ချ်ကို ဂါလာတာဆာရေးထံ ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

မော်ရိုကိုလက်ရွေးစင်ကစားသမားဟာ အခုအခါ တူရကီစူပါလီဂါကလပ်နဲ့ ဆေးစစ်မှုခံယူဖို့ မျှော်လင့်ရပါတယ်။

အသက် ၃၀ အရွယ် ကစားသမားဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ အခွင့်အရေးမသာခဲ့ဘဲ ပဲရစ်စိန့်ဂျာမိန်းနဲ့ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းတို့ထံ ပြောင်းရွှေ့ခဲ့ဖူးပါတယ်။

ဇီယက်ချ်ဟာ ၂၀၂၀ မှာ ပေါင် ၃၃.၃ သန်းဖြင့် ချယ်လ်ဆီးဆီ ရောက်ရှိလာပြီးနောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၀၇ ပွဲ ကစားပေးခဲ့ပါတယ်။
#hakimziyech
#Chelsea
#galatasaray
#turkishsuperlig
#Mizzima
👍3🔥1
မိုးဗြဲ PDF အထူးမွမ်းမံသင်တန်း အမှတ်စဥ်(၂) အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပနိုင်
❤11👍7😁2🕊1
မိုးဗြဲ PDF အထူးမွမ်းမံသင်တန်း အမှတ်စဥ်(၂) အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပနိုင်
========================

ကိုဇာနည်
(မဇ္စျိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၏ အထူးမွမ်းမံသင်တန်း အပတ်စဥ်(၂)ကို ဇူလိုင်လ ၂၂ ရက်မှ သြဂုတ်လ ၁၂ ရက်နေ့အထိ အခက်အခဲများကြားမှ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း မိုးဗြဲ PDF က သြဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

သင်တန်းအတွင်း ရဲဘော်များကိုယ်ခံပညာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတို့ကို အဓိကထား ပို့ချ လေ့ကျင့်စေကာ အခက်အခဲများကြောင့် သင်တန်းကာလ ၂၀ ရက်သာ သတ်မှတ်ပြီး ရဲဘော် ၃၂ ဦးဖြင့်သာ ပြုလုပ်နိုင်ခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ အမှတ် (၁၀၀၁) MBPDF ရဲ့ အဓိကစစ်ရေးလှုပ်ရှားနေရတဲ့ မိုးဗြဲမြို့အတွင်းမှာ စစ်ကောင်စီ တပ်တွေနဲ့ တိုက်ပွဲဖော်ဆောင်မှု မပြုလုပ်သေးပေမဲ့ မစ်ရှင်အသေးစားတွေနဲ့ စကစတပ်ကို တိုက်ခိုက်နေ ပါတယ်။ နောက်ထပ် အထူးမွမ်းမံသင်တန်းပြုလုပ်နိုင်ရေးနဲ့ လိုအပ်နေတဲ့ စစ်အသုံးအဆောင်ပစ္စည်း အချို့ ဖြည့်တင်းနိုင်ရေးအတွက် အကူအညီများစွာလိုအပ်နေပါသေးတယ်” ဟု မိုးဗြဲ PDF ထောက်ပို့ တာဝန်ရှိသူတဦးကပြောသည်။

မိုးဗြဲမြို့ကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အဓိက လိုအပ်လျှက်ရှိသော လက်နက်၊ ခဲယမ်းများနှင့် စစ်ရေး အသုံးအဆောင်ပစ္စည်းများ ဝယ်ယူစုဆောင်းနိုင်ရန် အလှူရှင်များ၏ ကူညီမှုရရှိမှသာ ဝယ်ယူနိုင်မည်ဖြစ် သည့်အတွက် ပြည်တွင်းပြည်ပမှအလှူရှင်များအား အမှတ် (၁၀၀၁)၊ MBPDF ကို ထောက်ပံ့ကူညီပေး ကြပို့ မေတ္တာရပ်ခံကြောင်းဆိုထားသည်။

ရှမ်း-ကယားနယ်စပ်လမ်းမတလျောက်တွင် ပြီးခဲ့သည့်ဇူလိုင်လက စစ်ကောင်စီတပ်နှင့် ဒေသခံ ပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး မိုးဗြဲမြို့အတွင်း နေရာအနှံ့တွင် စစ်ကောင်စီတပ်မှ နေရာထားပြီး ဒေသခံပြည်သူများ အားလုံး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က မိုးဗြဲမြို့ကိုစခန်းချနေရာယူထားသည့်အတွက် ဒေသခံပြည်သူများ နေအိမ်မပြန်နိုင်သေးကြောင်း သိရသည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်တောင်ပိုင်း
#မိုးဗြဲPDF
#အထူးမွမ်းမံသင်တန်း
#Hard news
#Ethnic
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤3😁2
​​Non CDM များကို ပြည်သူ့စစ်လုပ်ခိုင်းခြင်းသည် အိမ်ကြက်ချင်းအိုးမဲသုတ်ကာခွပ်ခိုင်းခြင်းဟု ဒေသခံများ ပြော
===================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကောင်စီလက်အောက်တွင် တာ၀န်ထမ်းဆောင်နေသည့် Non-CDM များကို ပြည်သူ့စစ်လုပ် ခိုင်းခြင်းသည် အိမ်ကြက်ချင်း အိုးမဲသုတ်ကာခွပ်ခိုင်းခြင်းသာဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်၏ အရန်အင်အား ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် သြဂုတ် လ ၁၇ ရက်နေ့နောက်ဆုံးထားပြီး ဌာနဆိုင်ရာ စာရင်းပြုစုပေးပို့ရန် စစ်ကောင်စီ၏ ညွှန်ကြားစာထွက် ပေါ်လာသည့်အပေါ် ဒေသခံများက အထက်ပါအတိုင်း မှတ်ချက်ပြုပြောဆိုခြင်း ဖြစ်သည်။

“ အမှန်တကယ်တော့ သူတို့မှာ အင်အားမရှိတော့လို့ပါ။ Non တွေကို ပြည်သူ့စစ်လုပ်ခိုင်းတဲ့အပြင် အခု လိုစာထုတ်ပြီး အင်အားဖြည့်ဖို့လုပ်နေတာက ရုပ်ပျက်လွန်းတယ်။ အိုးမဲသုတ်ပြီး အိမ်ကြက်ချင်းခွပ်ခိုင်း တဲ့သဘောပဲ။ စစ်ကောင်စီက အလုံးစုံပျက်စီးရေးကို သေချာပေါက် ဦးတည်နေတာပါ” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီ၏ညွှန်ကြားစာတွင် “အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ပြည်သူစစ်မဟာဗျူဟာ ဖော်ဆောင်ရန်အတွက် တပ်မတော်၏ အရန်အင်အားများအား ပြည်သူ့စစ်တပ်ရင်းအသွင် ဖွဲ့စည်းခြင်း၊ အင်အားအခြေအနေပေါ်မူတည်၍ တာ၀န်ခွဲဝေပေးခြင်းနှင့် အရေးကြုံလာပါက အရန်အင်အားများဖြင့် ဖွဲ့စည်းတာ၀န်ပေးအပ်မည့် အစီအစဥ်များကို ရေးဆွဲတင်ပြရမည်” ဟု ဖော်ပြထားသည်။

ထို့ပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ပြည်နယ်ရုံးများ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများရှိ ခရိုင်ရုံးနှင့် မြို့နယ်အလိုက် ဝန်ထမ်း စာရင်းကို ပြုစုပြီး ဩဂုတ်လ ၁၇ ရက်နေ့အရောက်တင်ပြရန် ညွှန်ကြားစာတွင် ရေးသားထား သည်။
လက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်က ပင်းတယမြို့နယ်ရဲစခန်းတွင် လူဦးရေ ၂၀ ၀န်းကျင်ကို အချုပ်သားပုံစံစောင့်ကြည့်ကာ ပြည်သူ့စစ်သင်တန်း ပုံမှန်ပေးနေကြောင်း ဒေသခံများက ဆိုသည်။

“စစ်ကောင်စီအနေနဲ့ သူတို့ရည်ရွယ်သလို ဖြစ်မလာတာ အာဏာသိမ်းစကတည်းကပါပဲ။ အခုလည်း Non CDM တွေကို မတရားအမိန့်ချပြီး စကစရဲ့အရန်အင်အား ပြည်သူ့စစ်လုပ်ဆောင်နေတာက သူတို့ရဲ့ Standard Army စစ်အင်အား ၄၀၀,၀၀၀ ဟာ စာရွက်ပေါ်ကစာရင်းပဲရှိတာ အသေအချာပါပဲ” ဟု ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)၏ တာ၀န်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး - Danu People’s Liberation Front(DPLF) ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ သည်။

ယင်းသို့ကြေညာပြီးသည့်နောက်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန် ရေးတပ်ဖွဲ့များ လှုပ်ရှားနိုင်သည့်နေရာများကို ပျူစောထီးအင်အား ၈၀ အပါအ၀င် အင်အား ၁၀၀ ၀န်းကျင် ဖြင့် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပုံအညွှန်း - ပြည်သူ့စစ်သင်တန်းပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ။ (ပုံ - အဟောင်း)
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရှမ်းပြည်နယ်တောင်ပိုင်း
#ပြည်သူ့စစ်
#Non_CDM
#Hard news
#Ethnic
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11❤3🔥3
စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာတင်သင်္ဘောများကို ဒုတိယ ဧရာဝတီမြစ်ကျဉ်းအတွင်း ကာကွယ်ရေး တပ်ဖွဲ့တိုက်ခိုက်
=====================

KMN
(မဇ္ဈိမ)။ ။ကချင်ပြည်နယ် ရွှေကူမြို့ဆိပ်ကမ်းမှ ဗန်မော်မြို့သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ လက်နက်နှင့်ရိက္ခာတင်ဆောင်လာသည့် သင်္ဘောကိုးစီးတန်းကို ဒုတိယ ဧရာဝတီမြစ်ကျဉ်းအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း မြို့လှ K-PDF တပ်ရင်းမှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လက်နက်နှင့်ရိက္ခာတင်ဆောင်လာသည့်သင်္ဘောကိုးစီးတန်းအား မြို့လှ K-PDF တပ် ရင်း တပ်ခွဲ(၂) ဗိုလ်တခွန်အဖွဲ့မှ ၁၀၇ မမ ရှော့ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောတစီး၏ ခါးပိုင်း ကို ထိမှန်ခဲ့ကြောင်း၊ နောက်တစီးမှာလည်း ဒုတိယမြစ်ကျဉ်းအတွင်း၌ ရှော့တိုက်ဒုံးနှစ်လုံးထိမှန်ခဲ့၍ ထိခိုက်သွားသည့်သင်္ဘောနှစ်စီးကို နောင်မိုအထက်ဘက်၌ရပ်နားခဲ့ကာ ယနေ့ ညနေ ၄ နာရီခွဲ့ခန့်၌ နှစ်စီး တွဲကာ ပြန်ဆန်တက်လာပြီး စင်းခန်းဆိပ်ကမ်းသို့ရောက်ရှိရပ်နားနေကြောင်း သိရသည်။

စစ်သင်္ဘောသုံးစီးပါဝင်သည့် သင်္ဘောကိုးစီးအုပ်စုသည် ဇူလိုင် ၂၆ ရက်နေ့တွင် မန္တလေးမြို့ ဂေါဝိန်ဆိပ် ကမ်းမှစတင်ထွက်ခွာလာပြီး ဩဂုတ် ၇ ရက်နေ့က ရွှေကူမြို့နယ်သို့ ဝင်ရောက်ချိန်၌ ကာကွယ်ရေးတပ် များမှပစ်ခတ်ခဲ့သဖြင့် သင်္ဘောတစီးထိခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောကို ရွှေကူဆိပ်ကမ်း၌ ပြန်လည်ပြုပြင်နေစဉ် ခြေလျင်စစ်ကြောင်းက ဧရာဝတီမြစ်ကမ်း ဘေးရှိ ဆင်တပ်၊ ရေလဲ၊ မိုးစစ်၊ သင်္ဘောအင်းစသည့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သောကြောင့် ဒေသခံများ တိမ်းရှောင်နေရကြောင်း မြို့ခံများကပြောသည်။

ရွှေကူဆိပ်ကမ်း၌ ကိုးရက်ခန့်ရပ်နားထားသည့် စစ်သင်္ဘောသုံးစီးပါသင်္ဘောကိုးစီးအုပ်စုသည် ယနေ့ နံနက်ပိုင်းတွင် ဗန်မော်မြို့သို့ဆန်တက်နေခြင်းဖြစ်ပြီး မြို့လှ K-PDF တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

စာတည်း။ ။စောဖေ

https://youtu.be/rzd_oH0lbnU

#ဧရာဝတီမြစ်
#စစ်သင်္ဘော
#ဒုတိယမြစ်ကျဉ်း
#Hard news
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏2😁2❤1