သြဂုတ်လ ၁၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
===========================
-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ ရိက္ခာဂိုဒေါင် စီးနင်းခံရတဲ့သတင်း
-Non CDMတွေကို ပြည်သူ့စစ်လုပ်ခိုင်းတာဟာ အိမ်ကြက်ချင်းအိုးမဲသုတ်ကာခွပ်ခိုင်းခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောတဲ့သတင်း
-အာဆီယံရဲ့ အကူအညီနဲ့ မြန်မာစစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေရရှိနေပြီး NUG၊ PDF တို့ကို တိုက်ရာမှာ အကျိုးရှိကြောင်း စစ်တပ်သတင်းစာ ရေးသားတဲ့သတင်း
-ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရေယာဉ်တွေ တိုက်ခိုက်ခံရတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/9BbvTPAYYbo
#12pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
သြဂုတ်လ ၁၇ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:04-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ ရိက္ခာဂိုဒေါင် စီးနင်းခံရတဲ့သတင်း
02:19-Non CDMတွေကို ပြည်သူ့စစ်လုပ်ခိုင်းတာဟာ အိမ်ကြက်ချင်းအိုးမဲသုတ်ကာခွပ်ခိုင်းခြင်းဖြစ်တယ်လို့ ဒေသခံတွေပြောတဲ့သတင်း
03:58-အာဆီယံရဲ့ အကူအညီနဲ့ မြန်မာစစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေရရှိနေပြီး…

👍11🔥1😁1
17.8.2023 (Thursday) တွင် ထုတ်လွှင့်တင်ဆက်ပြသမည့် အစီအစဉ်
==================
Highlight
နှောင်ကြိုးဖွဲ့ ကလဲ့စား (ညနေ - ၇ နာရီ)
India Movie - Ippadai Vellum(ည- ၈ နာရီ)
Korea Movie -Office(ည- ၁၀ နာရီခွဲ)
Mizzima+ channel တွင် ပြသနေ့သည့် အချိန်မှာပဲ Mizzima App တွင်လည်း Live Stream တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
#mizzimatv

😁3
ဗမာလူမျိုးများပါဝင်လာသဖြင့် တော်လှန်ရေး လုံးဝအောင်မြင်မည်ဟု KA စစ်ဦးစီးချုပ်ပြော
======================
002
(မဇ္ဈိမ)။ ။ဗမာလူမျိုးများပါဝင်လာသဖြင့် တော်လှန်ရေး လုံးဝအောင်မြင်မည်ဟု ကရင်နီတပ်မတော်(KA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ၇၅ နှစ်မြောက် ကရင်နီတပ်မတော်နေ့ မိန့်ခွန်းတွင် ပြောသည်။
" မြန်မာပြည်မှာ ဗမာလူမျိုးအများစုမှာ တော်လှန်ရေးတွင် ပါဝင်တော်လှန်လာကြပြီဖြစ်သောကြောင့် တော်လှန်ရေးအင်အား ကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ ရောက်ရှိမည်ဟု လုံးဝ ယုံကြည်သည်" ဟု KA စစ်ဦးစီးချုပ်က ပြောသည်။
တော်လှန်ရေးမအောင်မြင်ပါက သားစဉ်မျိုးဆက်ခုနစ်ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမည်ကို အတတ်ပြောရဲကြောင်း၊ ယင်းကြောင့် ကိုယ်ကျိုးအတ္တများကို ဥပေက္ခာပြုပြီး တပ်မှုးများက ဦးဆောင် လမ်းပြရန်နှင့် စည်းလုံးညီညွတ်ကြရန် ၎င်းက သတိပေးသည်။
" မိမိတို့တပ်သည် ကြေးစားတပ်မဟုတ်ပါ၊ မျိုးချစ်တပ်ဖြစ်သည်နှင့်အညီ ကြေးစားတပ်များထက် စည်းကမ်းရှိရမည်။ ဥပဒေကို လေးစားပါ၊ အမိန့်နာခံကြပါ၊ စည်းကမ်းရှိကြပါ၊ လူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးကြပါ" ဟု KA စစ်ဦးစီးချုပ်က မှာကြားသည်။
တော်လှန်ရေးမှာ အောင်မြင်မှုကို ရရှိတော့မည်ဖြစ်သည့်အချိန်တွင် ရန်သူကို အထင်မသေးရန်နှင့် အထင်မကြီးရန် လိုအပ်ကြောင်း၊ အောင်မြင်တော့မည်ဟုဆိုကာ ဘဝင်မြင့်ပြီး အောက်ခြေမလွတ်ရန် ကရင်နီလူမျိုးများကို KA စစ်ဦးစီးချုပ်က တိုက်တွန်းသည်။
" တော်လှန်ရေးဆိုသည်မှာ သတ်သင့်သောလူကို သတ်ရမှာပဲ၊ သေသင့်သောလူလည်း သေရမှာပဲ၊ တော်လှန်ရေး၏နိယာမသဘော တရားဖြစ်သည်။ ထို့ကြောင့် ရန်ငါသိရမည်၊ သို့မှသာ ရန်ငါပြတ်နိုင်မှာ တပ်မှူးများမတွေဝေပါနှင့်။ မြန်မာစကားပုံတစ်ခု၏ လူ့အလိုကို နတ်မလိုက်နိုင်ပါ။ ရန်သူ၏ အခြေအနေမကောင်းတော့သည်ကို မြေပြင်တွင်ရှိနေသော တပ်မှူး တပ်သားများ ပိုတွေ့မြင်ရမည်ဖြစ်သည်" ဟု KA စစ်ဦးစီးချုပ်က ပြောသည်။
တော်လှန်ရေးတွင် လူထုကို မှန်မှန်ကန်ကန်ဦးဆောင်ရမည်ဖြစ်ပြီး လူ့အခွင့်အရေးများကိုလည်း လေးစားကြရန် အထူးမှာကြားလိုသည်ဟု စစ်ဦးစီးချုပ်က ပြောသည်။
ကျဆုံးသွားသည့် သွေးသောက်ရဲဘော်ရဲဘက်၏ ဝိညာဉ်နှင့် အသက်ပေးကြသော ပြည်သူပြည်သားများ၏ မျက်နှာများကို ထောက်ရှုကြပါရန်၊ မြို့ပျက်ရွာပျက် အိမ်ပျက် ဘဝပျက်သွားသော လူထုမျက်နှာ ငဲ့ကြည့်ကြပါရန်၊ နိုင်ငံရေးအချောင်သမားများ၊ ဘာသာရေးအချောင်သမားများအား မယုံကြရန် အထူးမှာကြားလိုပါသည်" ဟု KA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။
ကရင်နီပြည်နယ်၏ တော်လှန်ရေးအဖွဲ့အစည်းများဖြစ်သည့် KA၊ KNDF၊ KPDF တို့ကို စေတနာအပြည့်ဖြင့် ကူညီထောက်ပံ့ပေးကြသည့် ရဟန်းရှင်လူပြည်သူများ၊ အဖွဲ့အစည်းများကို အထူးကျေးဇူးတင်ကြောင်း စစ်ဦးစီးချုပ်က ဆိုသည်။
ကရင်နီတပ်မတော် KA ကို ၁၉၄၈ ခုနှစ် သြဂုတ် ၁၇ ရက်တွင် တပ်မှူး ခုနစ်ဦး ရဲဘော်ခုနစ်ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#KA
#KNDF
#KPDF
#ကရင်နီတပ်မတော်နေ့
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

👍30❤11👏2😁1🤮1
ဟိုက်ပါဆိုးနစ်လက်နက်များ "ဗွီအိုအေ ပုံပြရုပ်သံ" | VOA on Mizzima
==================
အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်တို့ဟာ ဟိုက်ပါဆိုးနစ်လက်နက်တွေကို ကြားဝင်ဖြတ်တိုက်လို့ရမယ် ဒုံးကျည် ပူးတွဲတီတွင်ဖို့ သဘောတူညီချက်ရခါနီးပြီလို့ ဂျပန်က သတင်းတွေမှာ ဖော်ပြပါတယ်။ ဟိုက်ပါဆိုးနစ် လက်နက်ဆိုတာ ဘယ်လို လက်နက်မျိုးပါလဲ။ AFP ရဲ့ ပုံပြရုပ်သံကို တင်ဆက်ပေးထားပါတယ်။
https://youtu.be/88I80_DEqYY
#VOA
#MizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်တို့ဟာ ဟိုက်ပါဆိုးနစ်လက်နက်တွေကို ကြားဝင်ဖြတ်တိုက်လို့ရမယ် ဒုံးကျည် ပူးတွဲတီတွင်ဖို့ သဘောတူညီချက်ရခါနီးပြီလို့ ဂျပန်က သတင်းတွေမှာ ဖော်ပြပါတယ်။ ဟိုက်ပါဆိုးနစ် လက်နက်ဆိုတာ ဘယ်လို လက်နက်မျိုးပါလဲ။ AFP ရဲ့ ပုံပြရုပ်သံကို တင်ဆက်ပေးထားပါတယ်။…
👍9🔥1
အာဆီယံအကူအညီဖြင့်စကစတပ်စစ်ရေးလေ့ကျင့်မှုများရပြီးNUG၊PDFကိုတိုက်ရာတွင်အကျိုးရှိဟုစစ်တပ်သတင်းစာရေးသား
=====================
သြဂုတ်လဆန်းပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများနှင့် ရုရှား၊ တရုတ်၊ အိန္ဒိယတို့ ပါဝင်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်း ခုခံတော်လှန်နေသူများကို တန်ပြန်တိုက်ခိုက်ရေးအတွက် အကျိုးရှိကြောင်း စစ်ကောင်စီ၏ အာဘော် မြန်မာ့အလင်းသတင်းစာက သြဂုတ် ၁၆ တွင် ရေးသားဖော်ပြထားသည်။
အာဏာသိမ်း မြန်မာစစ်တပ်နှင့် ရုရှားတို့ ဦးဆောင်ပြီး သြဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါ လေ့ကျင့်ခန်းကို စင်ကာပူမှလွဲပြီး ကျန်အာဆီယံနိုင်ငံများအားလုံး တက်ရောက်ခဲ့သည်။
လတ်တလော နိုင်ငံရေး အခြေအနေတွေအရ NUG၊ PDF တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ပူးပေါင်းဆောင်ရွက်ခွင့်ရခဲ့တာက စစ်ကောင်စီအတွက် အတွေ့အကြုံကောင်းတွေရရှိခဲ့ကြောင်း ရေးသားထားတာဖြစ်ပါတယ်။
အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများဆွေးနွေးပွဲ (ADMM-Plus) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ထိုဆွေးနွေးပွဲသည် လာမည့်လအတွင်း ရုရှားတွင် ပြုလုပ်မည့် မြေပြင်စစ်ရေးလေ့ကျင့်ခန်းမတိုင်မီ အကြိုဆွေးနွေးပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။
ထို့အတူ အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စုမဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပြီး စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊မြန်မာနှင့်စွမ်းပကားထက်မြက်သော လက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက်အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိသည်ဟု ဆိုသည်။
လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊စီးပွားရေး၊လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်သည်ဟုလည်း သြဂုတ် ၁၅ ရက်က ရုရှားနိုင်ငံ၊မော်စကိုမြို့ရှိ ရုရှားတပ်မတော်မျိုးချစ်ပန်းခြံတွင်ပြုလုပ်ခဲ့သည့် (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ သို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကVideo Message ဖြင့် ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။
အာဏာသိမ်းစစ်တပ်သည် ရုရှားနှင့်အတူ ADMM-Plus ၏ ပူးတွဲသဘာပတိအဖြစ် ၂၀၂၁ ခုနှစ်ကတည်းက တာဝန်ယူထားသည်။
မြန်မာစစ်တပ်နှင့် ရုရှားတို့ ဦးဆောင်ပြီး ပြီးခဲ့သည့်နှစ်အတွင်းက ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆွေးနွေးပွဲများကို ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့က ဆန့်ကျင်သပိတ်မှောက်ခဲ့သည်။
မြန်မာနှင့် ရုရှားတို့ ဦးဆောင်ပြီး စက်တင်ဘာလအတွင်း ရုရှားနိုင်ငံမှာကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်ခြင်းကို ချက်ချင်းဖျက်သိမ်းပေးရန် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး ADMM ကို မြန်မာ့လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar (JFM) က တောင်းဆိုထားသည်။
အာဆီယံ၏အကူအညီဖြင့် မြန်မာစစ်တပ်ဟာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခွင့် ရနေတာဖြစ်ပြီး အာဆီယံသည် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရေးကို ပံ့ပိုးကူညီရမည့် တာဝန်ပျက်ကွက်နေရုံတင်မကဘဲ စစ်ကောင်စီကျူးလွန်နေသည့် စစ်ရာဝတ်မှုများကို တက်တက်ကြွကြွ ကူညီနေတယ်လို့လည်း ထောက်ပြထားသည်။
https://youtu.be/cBke2E0xwsM
#Political News

သြဂုတ်လဆန်းပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံများနှင့် ရုရှား၊ တရုတ်၊ အိန္ဒိယတို့ ပါဝင်သော အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်း ခုခံတော်လှန်နေသူများကို တန်ပြန်တိုက်ခိုက်ရေးအတွက် အကျိုးရှိကြောင်း စစ်ကောင်စီ၏…
😁11❤4👍2💩2🔥1
Media is too big
VIEW IN TELEGRAM
အာဆီယံ၏အကူအညီဖြင့် မြန်မာစစ်တပ်က စစ်ရေးလေ့ကျင့်မှုများရရှိနေပြီး NUG၊ PDF တို့ကို တိုက်ရာတွင် အကျိုးရှိဟု စစ်တပ်သတင်းစာ ရေးသား
Watch more detail - https://youtu.be/cBke2E0xwsM
#Asian #မြန်မာစစ်တပ် #NUG #PDF #စစ်ရေးလေ့ကျင့်မှု #VideoNews #shorts #reels

🤣16😁4
OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - https://bit.ly/3qCTUfp
#Mizzima
#Weekly
#PDF
#MAGAZINE
#Mizzima
#Weekly
#MAGAZINE
👍3🥱1
မြဝတီ တိုက်ပွဲတွေကြောင့် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်
=================
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လက်ခတ်တောင် တာဝါတိုင်တောင်ကုန်းစခန်း ပြန်လည်ရရှိရေး ထိုးစစ်ဆင် လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်ပူးပေါင်းတပ်များကြား တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ထိုင်းဘက်ခြမ်း တာခ့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ် ယူပြီး လုံခြုံရေးအတွက် ပြင်ဆင်တာတွေလည်း ရှိနေအကြာင်း သိရပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာပါ လုံခြုံရေး တင်းကျပ်ထားကြောင်းသိရပါတယ်။
ဒါ့အပြင် ထိုင်း−မြန်မာ နယ်စပ် ဖွတ်ဖရ မြို့နယ်၊ ထဆောင်ရမ်း မြို့နယ်အတွင်းက တောလမ်း တွေမှာပါ လုံခြုံရေး တိုးချပြီး လမ်းတွေကို ယာယီ ပိတ်ထားဖို့ ထိုင်းဘက်က ဆုံးဖြတ်ထားကြောင်းလည်း သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့အတွင်း စစ်ကောင်စီဘက်က လက်လွှတ်ခဲ့ရတဲ့ လက်ခတ်တောင် စခန်းကုန်းကို ပြန်လည် ရယူဖို့ ကြိုးစားနေတာမှာ စစ်ကောင်စီတပ်တွေနဲ့ BGF နယ်ခြားစောင့်တပ်တွေက တဘက်၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် နဲ့ ပြည်သူ့ကာကွယ်ရေး တပ်တွေ ပါတဲ့ ပူးပေါင်းတပ်တွေက တဘက် တိုက်ပွဲ ပြင်းထန်နေတာပါ။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ နယ်စပ်တဝိုက် စစ်လေယာဉ်တွေ ဝဲပျံနေတာတွေကြောင့် ထိုင်းဘက်ခြမ်း နယ်စပ်မျဉ်းကို ကျော်ပြီး လက်နက်ကျည်တွေ ကျမှာကို ထိုင်းဘက်က စိုးရိမ်တာကြောင့် နယ်စပ်တလျှောက် လုံခြုံရေး စောင့်ကြပ် စစ်ဆေးတာ ကင်းလှည့်တာတွေ ပိုပြီး လုပ်လာနေတာဖြစ်ပါတယ်။
လက်ခတ်တောင်ဒေသမှာ ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်မဟာ (၆) က တပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေပါတဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ ရောင်နီတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လတ်ခတ်တောင် စခန်းကုန်းကိုတော့ ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၂၁ ရက်နေ့က သိမ်းယူထားခဲ့တာ ဖြစ်ပါတယ်။
နှစ်ဘက် ထိခိုက် ကျဆုံးမှုတွေ ရှိသလို၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေလို့ ဘာသာရေး အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်က ပြောပါတယ်။
လက်ခတ်တောင်စခန်းကုန်းကို ၅ ရက်အတွင်း ပြန်လည် သိမ်းယူဖို့ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းရင်းမြစ်က ပြောပါတယ်။
ဒီအတွက် လက်နက်ကြီး ပစ်ခတ်တာတွေက ပြင်းထန်နေပြီး တိုက်ပွဲအနီးနားက ဘာသာရေး အဆောက်အဦးတွေ ပျက်စီးတာတွေ ရှိတယ်လို့လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ခေါင်းဆောင်က ပြောပါတယ်။
https://youtu.be/ZPEpe_GlAKI
#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ လက်ခတ်တောင် တာဝါတိုင်တောင်ကုန်းစခန်း ပြန်လည်ရရှိရေး ထိုးစစ်ဆင် လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်ပူးပေါင်းတပ်များကြား တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်တာကြောင့် ထိုင်းဘက်ခြမ်း တာခ့်ဒေသ အုပ်ချုပ်ရေးအဖွဲ့ အရေးပေါ် အစည်းအဝေး ခေါ် ယူပြီး…
👍13🔥1👏1🤮1
မုံရွာ - ချောင်းဦးလမ်းပိုင်းတွင် ကြေးနီပြားများတင်ဆောင်လာသည့် ယာဉ်တန်း မိုင်းဆွဲခံရ
=====================
ပါခွီး (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ကြေးနီပြားများသယ်ဆောင်လာသည့် ယာဉ်တန်းအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်ခွာလာသော ကြေးနီပြားများတင်ဆောင်လာသည့် ယာဉ်တန်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 People Defense Force က ဩဂုတ်လ ၁၆ ရက်နေ့က ထုတ် ပြန်ထားသည်။
စစ်ကောင်စီတပ်မှပိုင်ဆိုင်သော ဦးပိုင်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ထုတ်လုပ်သည့် ကြေးပြားများ တင် ဆောင်လာသော ကားခုနစ်စီးပါ ယာဉ်တန်းကို ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၁၂ နာရီ ၄၀ မိနစ်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တွဲကားတွေနဲ့ ကြေးနီတွေသယ်လာမယ်လို့ သတင်းရထားတာနဲ့ စောင့်ပြီး လေးလုံးတွဲ ပဒေသာမိုင်းနဲ့ ဆွဲခဲ့တာပါ” ဟု Area 71 People Defense Force တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ယာဉ်တန်း၏ပထမဆုံးတွဲကား၏ ခေါင်းပိုင်းကိုထိမှန်ပြီး နေရာတွင်ထိုးရပ် သွားခဲ့ကာ ယာဉ်မောင်းသေဆုံးသည်ဟုယူဆကြောင်း ဆိုသည်။
အနောက်မှအသင့်လိုက်ပါလာသည့် တယ်လီဖုန်းလှိုင်းနှောက်စက်(Jammer)တပ်ထားသည့်ကားနှင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများမှ ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Area 71 People Defense Force နှင့် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဩဂုတ်လ ၁၅ ရက်နေ့ကလည်း မုံရွာ-မန္တလေးလမ်းပေါ်တွင် မုံရွာအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား များရွှေ့ပြောင်းလာသည့်ယာဉ်တန်း မိုင်းဆွဲခံရသဖြင့် နိုင်ငံရေးအကျဉ်းသား ဒေါက်တာဇော်ထွယ်အောင် အသက်ဆုံးရှုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
https://youtu.be/0_fF3TMK6vI
#မုံရွာ-ချောင်းဦးလမ်းပိုင်း
#မိုင်းဆွဲတိုက်ခိုက်
#စစ်ကိုင်းတိုင်း
#Hard_News

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်ခွာလာသော ကြေးနီပြားများတင်ဆောင်လာသည့်…

👍13❤4😁2
Media is too big
VIEW IN TELEGRAM
မြဝတီ တိုက်ပွဲတွေကြောင့် ထိုင်းဘက်က လုံခြုံရေးတိုးမြှင့်
Watch more detail - https://youtu.be/ZPEpe_GlAKI
#မြဝတီ #မြန်မာစစ်တပ်#ထိုင်း၊ လုံခြုံရေးတိုးမြှင့်
#VideoNews #shorts #reels

👍4🔥2👏1
စစ်ကောင်စီက အီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးတာတွေလုပ်ဆောင်နေ
====================
အာဏာသိမ်းစစ်ကောင်စီဟာ လာမယ့်ရွေး ကောက်ပွဲမှာ အီလက်ထရောနစ်မဲပေးစက်တွေအ သုံးပြုဖို့ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အီလက်ထရွန်နစ်မဲပေးစက်အကြောင်း ဝန်ကြီးဌာနတွေကို ရှင်းလင်းပြသတာနဲ့ စမ်းသပ်မဲပေးတာတွေကိုဩဂုတ်လ ၁၄ ရက်မှာပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဟာ ပြီးခဲ့တဲ့ခြောက်လလောက်ကတည်းက မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုတဲ့ စက်ကရိယာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံပြသခဲ့တာလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဒီမဲပေးစက်တွေကို လာမယ့်ရွေးကောက်ပွဲမှာ ပြောင်းလဲ အသုံးပြုဖို့ရှိတယ်လို့ မီဒီယာတချို့ကို ပြောပါတယ်။
အဲဒီမဲပေးစက်ဟာ ပြည်တွင်းမှာ ထုတ် လုပ်တာဖြစ်တယ်လို့လည်း စစ်ကောင် စီကဆိုထားပြီး ဘယ်နိုင် ငံရဲ့ အကူအညီနဲ့ ထုတ်လုပ်တယ်ဆိုတာကိုတော့ ထုတ်မပြောထားပါဘူး။
လက်ရှိမှာ အီလက်ထရောနစ် မဲပေးစက်တွေအသုံး ပြုပြီး ရွေးကောက်ပွဲကျ င်းပနေတဲ့ နိုင်ငံဟာ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၅၀ ဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။
မဲရုံတွေအများအပြားဖွင့်ပြီး မဲကောက်ဖို့အခက်အခဲရှိနိုင်တဲ့မတည်ငြိမ်တဲ့ ဒေသတွေမှာ အဲဒီစက်ကို အ သုံးပြုလာနိုင်တယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။
စစ်ကောင်စီဟာ မဲစာရင်းပြုစုနိုင်ဖို့အ တွက်ကနဦးလူဦးစာရင်းကောက်ယူတာတွေကို ပြုလုပ်ထားပြီး လက်ရှိမှာ ပြန် လည်စစ်ဆေးနေတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။
မဲစာရင်းအကြောင်းပြကာ အရပ်သားအစိုးရလက်ထဲကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဟာ အာဏာ သိမ်းချိန်ကတည်းက ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်နေခဲ့ပေမယ့် အဆင်သင့်မဖြစ်နိုင်သေးတာကြောင့် အရေးပေါ်ကာလတွေကို တစ်ခုပြီးတစ်ခုထပ်တိုးယူနေရတာလည်းဖြစ်ပါတယ်။
အဲဒီလို အရေးပေါ်ကာလ ထပ်တိုးယူတာဟာစစ်တ ပ်ကိုယ်တိုင် ကိုင်စွဲထားတဲ့အခြေခံဥပဒေနဲ့ ညီညွှတ်မှုမရှိသလို အာဏာသိမ်းခဲ့တာဟာလည်း အခြေခံဥပဒေနဲ့ မညီဘူးလို့ ဥပဒေပညာရှင်တွေက ထောက်ပြ ပြောဆိုထားကြပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်တပ်လက် အောက်ခံ ဖွဲ့ စည်းပုံအခြေခံဥပဒေခုံရုံးကတော့ ဒါဟာ အခြေခံဥပဒေနဲ့ညီတယ်လို့ ပြောဆိုပါတယ်။
ဩဂုတ် ၁၅ ရက်နေ့ကလည်း ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲဖြစ်သူ မာတင်ဂရစ်ဖစ်နဲ့ စစ်ခေါင်း ဆောင်တို့ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် စစ်တပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ပြောခဲ့ပေမယ့် အခုဆို အရေးပေါ်ကာလသက်တမ်းထပ်တိုးပြီး အာဏာဆက်ယူထားတာ သုံးနှစ်ပြည့်တော့မှာလည်းဖြစ်ပါတယ်။
https://youtu.be/MfsDrRS9b2Y

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က အီလက်ထရွန်နစ်မဲပေးစက်အကြောင်း ဝန်ကြီးဌာနတွေကို ရှင်းလင်းပြသတာနဲ့ စမ်းသပ်မဲပေးတာတွေကိုဩဂုတ်လ ၁၄ ရက်မှာပြုလုပ်ခဲ့ပါတယ်။…

😁11👍4🔥2🤮2🥰1
UGC: Rescuers and volunteers recover dead bodies found after Myanmar jade mine landslide
===================
https://youtu.be/ATfPtPtIrGE

A rescue operation recovers several dead after a landslide at an unregulated jade mine in a remote part of Myanmar. The death toll has hit at least 31, with eight people still missing, rescuers said Wednesday. The disaster struck on Sunday outside northern…
🔥1
သြဂုတ်လ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==============================
-ဗမာလူမျိုးများပါဝင်လာတဲ့အတွက် တော်လှန်ရေး လုံးဝအောင်မြင်မယ်လို့ KA စစ်ဦးစီးချုပ်ပြောတဲ့သတင်း
-စစ်ကောင်စီက အီလက်ထရောနစ်မဲပေးစက်နဲ့ စမ်းသပ်မဲပေးတာတွေလုပ်ဆောင်နေတဲ့သတင်း
-မာရဝိဇယရုပ်ပွားတော်ကို လာရောက်သူတွေ ဖုန်းနဲ့ဓာတ်ပုံရိုက်ကူးမှုအတွက် အခကြေးငွေ ပေးဆောင်ရန်မလိုကြောင်း ပြင်ဆင်သတ်မှတ်တဲ့သတင်း
-ရွေးကောက်ပွဲအနိုင်ရသူကို ဝန်ကြီးချုပ်ဖြစ်နိုင်ခွင့်ပိတ်ဆို့ထားခြင်းအတွက် တိုင်ကြားထားတဲ့အမှုကို ထိုင်းတရားရုံးပယ်ချတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/7q2ycJIsSZ8
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
==============================
-ဗမာလူမျိုးများပါဝင်လာတဲ့အတွက် တော်လှန်ရေး လုံးဝအောင်မြင်မယ်လို့ KA စစ်ဦးစီးချုပ်ပြောတဲ့သတင်း
-စစ်ကောင်စီက အီလက်ထရောနစ်မဲပေးစက်နဲ့ စမ်းသပ်မဲပေးတာတွေလုပ်ဆောင်နေတဲ့သတင်း
-မာရဝိဇယရုပ်ပွားတော်ကို လာရောက်သူတွေ ဖုန်းနဲ့ဓာတ်ပုံရိုက်ကူးမှုအတွက် အခကြေးငွေ ပေးဆောင်ရန်မလိုကြောင်း ပြင်ဆင်သတ်မှတ်တဲ့သတင်း
-ရွေးကောက်ပွဲအနိုင်ရသူကို ဝန်ကြီးချုပ်ဖြစ်နိုင်ခွင့်ပိတ်ဆို့ထားခြင်းအတွက် တိုင်ကြားထားတဲ့အမှုကို ထိုင်းတရားရုံးပယ်ချတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။
https://youtu.be/7q2ycJIsSZ8
#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
သြဂုတ်လ ၁၇ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:07-ဗမာလူမျိုးများပါဝင်လာတဲ့အတွက် တော်လှန်ရေး လုံးဝအောင်မြင်မယ်လို့ KA စစ်ဦးစီးချုပ်ပြောတဲ့သတင်း
02:33-စစ်ကောင်စီက အီလက်ထရောနစ်မဲပေးစက်နဲ့ စမ်းသပ်မဲပေးတာတွေလုပ်ဆောင်နေတဲ့သတင်း
05:13-မာရဝိဇယရုပ်ပွားတော်ကို လာရောက်သူတွေ ဖုန်းနဲ့ဓာတ်ပုံရိုက်ကူးမှုအတွက်…

👍9😁3🍌1
ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားသို့ CRPH နှင့် မဟာမိတ်များ သ၀ဏ်လွှာပေးပို့
❤14👍3😁1🤮1
ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားသို့ CRPH နှင့် မဟာမိတ်များ သ၀ဏ်လွှာပေးပို့
======================
ဂျူချန်း
(မဇ္ဈိမ)။ ။ ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် ကျရောက်သည့် ၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားအား ကရင်နီတပ်မတော်(KA) ထိန်းချုပ်နယ်မြေများတွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အပါအဝင် မဟာမိတ်များက သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
အခမ်းအနားတွင် ကရင်နီတပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်မြတ်က မိန့်ခွန်းပြောကြားရာ၌ “တော်လှန်ရေး မအောင်မြင်လျှင် သားစဉ်မျိုးဆက် ခုနှစ်ဆက် ကျွန်ကဲ့သို့ ရုန်းကန်ရမည်ဟု အတတ်ပြောရဲပါသည်” ဟု သတိပေးသွားပြီး လက်ရှိတော်လှန်ရေးကို အောင်မြင်အောင် ကြိုးစားကြရန်၊ စည်းလုံးညီညွတ်ကြရန် KAနှင့်ကရင်နီအမျိုးသားကာကွယ်ရေးတပ်( KNDF) တပ်ဖွဲ့ဝင်များအား တိုက်တွန်းသည်။
လက်ရှိနွေဦးတော်လှန်ရေးတွင် ဗမာလူမျိုးအများစု ပါဝင်တော်လှန်နေကြသဖြင့် အောင်မြင်မည်ဟု လုံးဝယုံကြည်ကြောင်းလည်း ဆိုသည်။
ယနေ့ တွင်ကျရောက်သည့် ကရင်နီပြည်တပ်မတော်နေ့အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO) တို့က သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ အလျင်အမြန် ရောက်ရှိနိုင်ရေး ညီနောင်တိုင်းရင်းသားများနှင့်အတူ ဆက်လက်ပူးပေါင်းကြိုးပမ်းသွားမည်ဟု ကတိသစ္စာပြုကြောင်းCRPH၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံကို လွတ်လပ်ရေးကြေညာပြီးနောက် ၁၉၄၈ ဩဂုတ်လ ၉ ရက်နေ့တွင် ဖဆပလအစိုးရက ကရင်နီပြည်ရှိ ကရင်နီအမျိုးသားအစည်းအရုံးဌာနချုပ်ရှိရာ မန်းလား(မြလဲ) ရွာအား တိုက်ခိုက်ခဲ့သည်။ကရင်နီပြည်တော်လှန်ရေးအင်အားစုများက ခုခံတော်လှန်ခဲ့ကြရာ ထိုနေ့ကို ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ကြသည်။ တပတ်ခန့်အကြာ သြဂုတ် ၁၇ ရက်နေ့တွင် တပ်မှူးခုနစ်ဦး၊ရဲဘော်ခုနစ်ဦးဖြင့် လွတ်လပ်သော ကရင်နီပြည်ထောင်စုတပ်မတော်(UKSIA) ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ကရင်နီပြည်တပ်မတော် KA ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။
ယနေ့အခမ်းအနားသို့ ကရင်နီတပ်မတော် စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်၊ အမှတ်(၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအယ်မွှီး၊ အမှတ်(၃) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မယ်ရယ် အပါအဝင် ကရင်နီတပ်မတော် ဗိုလ်မှူးများ၊ တပ်သားများနှင့် ပြည်သူအချို့လည်း တက်ရောက်ခဲ့ကြသည်။
စာတည်း - မောင်ကြီး
#mizzima
#ကရင်နီပြည်တပ်မတော်နေ့
#ကရင်နီတပ်မတော်(KA)
#ဗိုလ်မှုးချုပ်အောင်မြတ်
#CRPH
ဓါတ်ပုံ- KnIC & CTER-Karenni
ပုံစာ- ၇၅ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အခမ်းအနား

❤14👍5😁1🤮1
မာရဝိဇယရုပ်ပွားတော်သို့ လာရောက်သူများ ဖုန်းဖြင့်ဓာတ်ပုံရိုက်ကူးမှုအတွက် အခကြေးငွေ ပေးဆောင် ရန်မလိုဟု ပြင်ဆင်သတ်မှတ်
===================
ကီရာ
(မဇ္ဈိမ)။ ။စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်တွင် တည်ထားသော မာရဝိဇယရုပ်ပွားတော်သို့ လာရောက်မည့်သူများအနေဖြင့် ဖုန်းဖြင့်ဓာတ်ပုံရိုက်ကူးမှုအတွက် အခကြေး ငွေပေးဆောင်ရန်မလိုကြောင်း ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ပြင်ဆင်သတ်မှတ်လိုက်သည်။
မာရဝိဇယရုပ်ပွားတော်အတွက်ဖွင့်လှစ်ထားသည့် လူမှုကွန်ရက်စာမျက်နှာ၌ ဩဂုတ်လ ၁၅ ရက်နေ့ ညပိုင်းက လူကြီးတဦးလျှင် ဝင်ကြေး ၁,၀၀၀ ကျပ်၊ ကလေးတဦး (ရင်ခွင်ပိုက်မပါ) ၁,၀၀၀ ကျပ်၊ နိုင်ငံခြား သားတဦးလျှင် ၁၀ ဒေါ်လာ ၊ အပျော်ရိုက် (ဖုန်း၊ ကင်မရာ) တို့အတွက် ၅,၀၀၀ ကျပ် ကောက်ခံမည် ဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အလှဓာတ်ပုံရိုက်ခြင်း (ဗီဒီယိုအပါ) ၅၀,၀၀၀ ကျပ်နှင့် နာရီဝက်ကျော်တိုင်း ၅,၀၀၀ ကျပ် ထပ်မံ တိုးမြှင့်ကောက်ခံမည်ဟု ဖော်ပြထားသည်။ အလားတူ ယာဉ်ဝင်ခွင့်အနေဖြင့် တစီးလျှင် ကားပါကင်အထိ ၂၀,၀၀၀ ကျပ်နှင့် Buggy (လေးယောက်စီး)တစီးလျှင် တနာရီ ၁၀,၀၀၀ ကျပ် ကောက်ခံသွားမည်ဟုဆို သည်။
ယနေ့ ဩဂုတ်လ ၁၆ ရက် မွန်းလွဲပိုင်း၌ အဆိုပါ မာရဝိဇယရုပ်ပွားတော် လူမှုကွန်ရက်စာမျက်နှာတွင် ဘုရားဖူးများ ပိုမိုအဆင်ပြေစွာဖူးမျှော်နိုင်ရန်အတွက် ဝင်ကြေးများပြန်လည်ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။
ယင်းကြေညာချက်၌ မူလ ကောက်ခံရန်သတ်မှတ်ထားသည့် နှုန်းထားများပြောင်းလဲသွားခြင်းမရှိသော် လည်း အပျော်ရိုက် (ဖုန်း၊ ကင်မရာ)ဆိုသည့်နေရာတွင် အပျော်ရိုက်ကင်မရာအတွက် ၅,၀၀၀ ကျပ်ဟု သတ်မှတ်ထားပြီး ဖုန်းဖြင့်ရိုက်ကူးမှုအတွက် အခကြေးငွေကောက်ခံခြင်း မပြုတော့သည်ကို တွေ့ရသည်။
ယခုသို့ နှုန်းထားကောက်ခံမှုများ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်တပ်ထောက်ခံ အားပေးသူအချို့က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှ ဝေဖန်မှုနေကြသည်။
စစ်တပ်ထောက်ခံသူဘုန်းကြီးတပါးကလည်း “ ဒို့အဘက တောင်းချင်လွန်းလို့မဟုတ်ပါဘူး။ ကမ္ဘာ့အကြီး ဆုံး စကျင်ဆင်းတုဆိုတဲ့ဂုဏ်နဲ့ညီအောင် ကမ္ဘာ့ဈေးအကြီးဆုံး ဖူးခတောင်းတာ ဖြစ်မှာပါနော်”ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။
စစ်ကောင်စီက မာရဝိဇယရုပ်ပွားတော်သည် ကမ္ဘာတဝန်းလုံးတွင် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး အံ့ဖွယ်ရုပ်ပွားတော်ဖြစ်လာမည့်အတွက် နေပြည်တော်သို့ နိုင်ငံတကာခရီးသွားဘုရားဖူးများ ပိုမိုဝင် ရောက်လာနိုင်ကြောင်း ၎င်းထိန်းချုပ်ထားသော မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ဖူးသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#မာရဝိဇယရုပ်ပွားတော်
#ဝင်ကြေးကောက်ခံ
#နေပြည်တော်

👍6🖕4😁3🔥1🤮1
ခမရ (၆) တပ်ခွဲမှူးကို လက်အောက်ငယ်သားကပစ်ခတ်၍ လမ်းပေါ်တွင်သေဆုံး
====================
ရွှေနွယ်
(မဇ္ဈိမ) ။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ရွာအခြေစိုက် ခမရ (၆) မှ တပ်ခွဲမှူးအောင်မျိုးသူကို ၎င်း၏လက်အောက်ငယ်သားက လမ်းပေါ်တွင်ပစ်ခတ်၍သေဆုံးခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်များက မဇ္ဈိမသို့ပြောသည်။
ဩဂုတ်လ ၁၁ ရက်နေ့က တပ်ခွဲမှူးအောင်မျိုးသူက ၎င်း၏တပ်သားတစ်ဦးအား သေနတ်ကျည်ရှင်းခိုင်းစဉ် ကျည်မတော်တဆထွက်၍ သေဆုံးရခြင်းဟု ပစ်ခတ်သည့်တပ်သားက ထွက်ဆိုကြောင်း တပ်တွင်းသတင်းပေးက မဇ္ဈိမကို ပြောသည်။
" ပြောတာတော့ဗျ ကျည်ရှင်းခိုင်းလို့ရှင်းတယ်။ ရှင်းပေမယ့် သေနတ်ထဲမှာ ကျည်တစ်တောင့်ကျန်နေတာကို မသိဘူး။ သူ့ဆရာက မင်းကျည်ရှင်းထားတာ ရှင်းလို့လားမေးတဲ့အချိန် ဟာ ဆရာကလည်း ဒီမှာရှင်းပြီးသားလို့ပြောပြီး သူ့ဘက်ကိုလှည့်စမ်းပြချိန် လည်ပင်းကိုမှန်ပြီးသေတယ်လို့ ပြောတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က အတည်ပြုပြောသည်။
ပစ်ခတ်ခံရသည့် တပ်ခွဲမှူးအောင်မျိုးသူမှာ ဆေးရုံတင်ချိန်ပင်မရလိုက်ဘဲ လမ်းပေါ်၌ သေဆုံးခဲ့ပြီး လက်ရှိတွင်ပစ်ခတ်သည့်တပ်သားကို တပ်အတွင်း ဖမ်းဆီးထားသည်ဟု ကြားသိရသည်။
" အချုပ်ထဲမှာ သတ်ပစ်မယ်ကြားတယ် ” ဟု တပ်တွင်းသတင်းပေးက ဆက်လက်ဆိုသည်။
သို့သော် ဖြစ်စဉ်အသေးစိတ်နှင့် မည်သည့်လမ်းပေါ်၌သေဆုံးခဲ့သည်ကိုသိရှိရန် တပ်တွင်းသတင်းရင်းမြစ်ထံသို့ မဇ္ဈိမအနေဖြင့် ထပ်မံဆက်သွယ်နေဆဲဖြစ်သည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ အုတ်ဖိုမြို့နယ်မြေအောက်ပြောက်ကျားအဖွဲ့၏ တာဝန်ရှိသူက ထိုတပ်ခွဲမှူးအားမကျေနပ်သော လက်အောက်ငယ်သားက ပစ်သတ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။
" ၇ ရက်နေ့က တပ်ခွဲ (၄) က လုပ်တဲ့မစ်ရှင်နဲ့ပတ်သက်ပြီး တပ်တွင်းမှာ တော်တော်လေးဖိအားပေးနေတယ် ကြားထားပြီးသား။ ဗိုလ်ကတော့ ကျည်ရှင်းခိုင်းမှာ မဟုတ်ဘူး။ အနားရောက်လာတဲ့အချိန် ကျည်ရှင်းသလိုနဲ့ ပစ်သတ်လိုက်တာနေမှာ။ သေတာကလည်း လမ်းပေါ်မှာ။ ကျည်ရှင်းရင်း မဖြစ်နိုင်ပါဘူး။ ဒါကတမင်လုပ်တာပါ” ဟု ဆိုသည်။
ဩဂုတ်လ ၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် မစ်ရှင်မှာ CDM သူနာပြုဆရာမ မေဇွန်မိုးအားသတ်ဖြတ်ရာတွင်ပါဝင်သည့် ရာအိမ်မှူးဂျော့ကို ပစ်ခတ်ရှင်းလင်းပြီးနောက် လာရောက်စစ်ဆေးသည့် ရဲကားကို မိုင်းထပ်ဆွဲ၍ ရဲကားမှောက်ကာ ရဲနှစ်ဦးသေဆုံးသည့် ကိစ္စရပ်ဖြစ်သည်။
ထို့အပြင် လတ်တလော၌ ထိခိုက်သေဆုံးမှုများပြားနေသည့်ကြားမှ ပဲခူးရိုးမပေါ်သို့စစ်ကြောင်းထိုးရန် ဖိအားပေးခြင်း၊ အုတ်ဖိုမြို့နယ်အတွင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ကပြုလုပ်သည့် မစ်ရှင်များများပြားလာကာ ထိန်းမနိုင်ဖြစ်ခြင်းတို့အား တပ်တွင်းဖိအားပေးမှုများရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
သေဆုံးသူ တပ်ခွဲမှူး အောင်မျိုးသူသည် ဆေးပင်စင်တင်ထားပြီး အမိန့်မကျသေးသောကြောင့် ဆက်လက်၍ တာဝန်ထမ်းဆောင်နေသူဟုလည်း မဇ္ဈိမ၏သတင်းရင်းမြစ်အချို့ကပြောသည်။
၎င်း၏ရက်လည်ဆွမ်းသွတ်ကို ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့၊ ကျောင်းရှစ်ဆယ်လမ်းရှိ ယောက္ခမဖြစ်သူ၏နေအိမ်တွင် ပြုလုပ်ခဲ့ကြောင်းနှင့် စစ်ကောင်စီက နာရေးဖိတ်စာတွင်လည်း ရာထူးမထည့်ဘဲ တပ်အတွင်း၌သာ သဂြိုဟ်ခိုင်းခဲ့ကြောင်းသိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး
#ခမရ
#တပ်ခွဲမှူး
#သေနတ်
#တိမ်မြုပ်ရွာ
#ပဲခူး
ပုံအညွှန်း- သေဆုံးခဲ့သည့် တပ်ခွဲမှူးအောင်မျိုးသူ(ဓာတ်ပုံ-ပေးပို့)

👍9😁6👏3🔥1
ငါန်းဇွန်တွင် စစ်ဘေးရှောင်နေရသဖြင့် လူမရှိသောကျေးရွာကို စစ်ကောင်စီတပ် မီးရှို့
🤬4👍1🔥1😁1