Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
#Pakistan's #K2 porters, the unsung masters of the mountains
================

Under mountains that dagger the sky, a misfit caravan of Pakistani porters trudge towards K2 carrying live chickens and lawn furniture for adventurers seeking an audience with the world's second-highest peak. Tour operators typically quote between $2,000 and $7,000 for the trip starting in Askole -- a village in Pakistan's northeastern Gilgit-Baltistan region where jeeps end their muddling journeys and spill trekkers sporting neck pillows and parasols, as well as more hardbred mountain-climbers. Porters -- doing the dogsbody work carting luggage, dining tents and pantries of provisions -- make something like 30,000 to 40,000 rupees ($105 to $140) each trip in the four-month summer season, less than the price of high-end hiking trousers one firm recommends clients wear. Growing numbers of people arriving at K2 has also meant more rubbish. Sajid Ali Sadpara, whose father Ali Sadpara died during a K2 climb in 2021, is now trying to clean the mountain in his honour.

*This video was shot before the death of porter Mohammed Hassan on the climb to K2 on July 27.

https://youtu.be/pNGj_7dm8cg
👍4🔥2
ဩဂုတ်လ (၂၁) ရက်၊ á€Š ၇ နာရီ The Mizzima Prime Time မဇ္စျိမ ပင်မသတင်းအစီအစဥ်
=========================

⁃ ရန်ကုန်တိုင်း PDF တပ်ရင်းတွေ တိုးချဲ့ဖွဲ့စည်းမယ့် သတင်း

⁃ အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း တဲ့ သတင်း 

⁃ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ပြောတဲ့သတင်း

⁃ မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို အချိန်ပိုင်း သွားလာခွင့်ပြုတဲ့သတင်း

⁃ နိုင်ငံတဝှမ်း မိုးလျော့ကျလာနိုင်တဲ့ သတင်းနဲ့ အာဏာသိမ်းတာမဟုတ်ကြောင်းနဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို တုံ့ပြန်သွားမယ့်အကြောင်း နိုင်ဂျာအာဏာသိမ်းစစ်တပ်ကပြောတဲ့ သတင်းတွေအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/ujl5lnym7gs?feature=share

#7pmnews 
#themizzimaprimetime 
#MizzimaTV
👍9🤣2
​​ထန်တလန်ရှိ စခန်းသိမ်းတိုက်ပွဲက သိမ်းဆည်းရမိသော လက်နက်များ
=============

ပါခွီး

(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ ၏ ဟောင်ကဘုံး စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ပြီးနောက် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းတပ်ဖွဲ့ သတင်းရင်းမြစ်များက ပြောသည်။

ဟောင်ကဘုံး စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ ၁၄ ရက်၊ နံနက် ၅ နာရီအချိန်တွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သိမ်းဆည်းရမိသော လက်နက်များမှာ MA – 1 အမျိုးအစား သေနတ် သုံးလက်၊ RPG နှစ်လက် အပါအဝင် ကျည်ဆန်များနှင့် ခဲယမ်းများ၊ စစ်ကောင်စီတပ်သားများ အသုံးပြုသော ခြင်းတောင်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိကာ စစ်ကောင်စီတပ်သားနှစ်ဦးကိုလည်း အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စခန်းကိုသိမ်းဆည်းနိုင်ခဲ့ပြီး ဌာနချုပ်အတွင်းသို့ ထဝက်ခန့် ဝင်ရောက် နိုင်ခဲ့သော်လည်း လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ချင်းကာကွယ်ရေးတပ် CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကို ပြောဆိုထားသည်။

စခန်းသိမ်း ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ထန်တလန်မြို့နှင့် ငါးမိုင်အကွာရှိ ခွာဖိုကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်းတကျာင်းနှင့် လူနေအိမ်အချို့ ပျက်စီးခဲ့သည်။

စာတည်း။ á‹ နောင်နောင်

ပုံအညွှန်း- စခန်းသိမ်း တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ (ဓါတ်ပုံ - The Chin Journal)

#ထန်တလန်
#ဟောင်ကဘုံး
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍10😁2
မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ရေကြီးရေလျှံမှုဖြစ်ပွား
👍3🔥3
မန္တလေးတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ရေကြီးရေလျှံမှုဖြစ်ပွား
================

007

(မဇ္စျိမ) ။   á‹ မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက်ပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပွားသည်ဟု ဒေသခံများထံမှ သိရသည်။

“အရင်က ဒါမျိုးမဖြစ်ဖူးဘူး၊ အာဏာသိမ်း နှစ်နှစ်ကျော်ကာလမှာ ပထမဆုံးပဲ၊ မိုးတညလုံးရွာခဲ့တာကနေ အနိမ့်ပိုင်းတွေ ရေနစ်ကုန်တာပဲ" ဟု ဒေသခံတဦးက ပြောသည်။

၃၅ လမ်း၊ ၇၃ လမ်းနှင့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများရှိရာ အောင်ပင်လယ်ရပ်ကွက်အတွင်း၌ ရေကြီးရေလျှံမှုဖြစ်ပွါးပြီး နံနက် ၈ နာရီခန့်အချိန်မှစ၍ ယာဉ်သွားလမ်းများပေါ် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု áŽá€„်းက ပြောသည်။

ယာဉ်သွားလမ်းများ ရေနစ်မြုပ်မှုကြောင့်၊ ယာဉ်ကြောပိတ်ဆို့မှု ငါးနာရီခန့်ဖြစ်ပွားခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ယာဉ်ကြောရှင်းလင်းခဲ့သည်ဟု ဒေသခံများက ဆိုသည်။

"သိပ္ပံလမ်းအရှေ့ဘက် ၆၂ လမ်းကနေ ယာဉ်ကြောစပိတ်တာ၊ အောင်ပင်လယ်အဝိုင်းအထိပဲ၊ ဘေးဘယ်ညာ ဘယ်လိုမှလည်းဖြတ်ထွက်လို့ မရတော့ လမ်းပေါ်တနာရီခွဲလောက်နေခဲ့ရတယ်၊ နောက်ဆုံး မဖြစ်တော့ဘူးဆိုပြီး၊ တွေ့တဲ့လမ်းထဲချိုး၀င်လိုက်ပြီး ယာဉ်ကြောရှင်းတော့မှ ပဲ ပြန်ထွက်ခဲ့ရတယ်၊ အောင်ပင်လယ်ဘက်မှာ တမနက်ခင်းလုံး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ခဲ့တယ်" ဟု အမည်မဖော်ပြလိုသည့် မြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် နံနက်ပိုင်း အလုပ်သွားကျောင်းသွားချိန်နှင့် ညနေပိုင်းအလုပ်ဆင်း ကျောင်းဆင်းချိန်တို့တွင် ယာဉ်ကြောပိတ်ဆို့မှု နေ့စဉ်ဖြစ်ပေါ်နေသော်လည်း ယနေ့တွင်ပုံမှန်ထက်ပိုမိုဆိုးရွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

စာတည်း ။   á‹ á€–ူးသိမ်ကဝ
ပုံအညွှန်း-မန္တလေးမြို့က ယာဉ်သွားလမ်းများပေါ် ရေနစ်မြုပ်မှုဖြစ်ပွါးနေသည့်မြင်ကွင်း

#မန္တလေးမြို့
#အောင်ပင်လယ်
#ရေကြီးရေလျှံ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2😁1😢1
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမားရေလွှတ်ရက်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဂျပန်ဝန်ကြီးချုပ်ပြော

#Internationalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🔥3
ဩဂုတ်လ (၂၁) ရက်၊ တနင်္လာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===================

အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း၊နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်ထားမယ်ဆိုရင် အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်ပြော၊ ဖူကူရှီးမားရေလွှတ်ရက်အတွက် မဆုံးဖြတ်ရသေးဘူးလို့ ဂျပန်ဝန်ကြီးချုပ်ပြောလိုက်တယ် ဆိုတဲ့ နောက်ဆုံးရ ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေအတူ စီးပွားရေးသတင်းတွေကိုလည်းနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ဒီနေ့အတွက် သတင်းသုံးသပ်ချက်၊ဒီညနေထိ နောက်ဆုံးရ ကုန်ဈေးနှုန်းတွေ၊ အပတ်စဉ် ကဏ္ဍအဖြစ် “Mizzima Editorial Talk” ကို နားဆင်ရမှာဖြစ်ပြီးတော့ တိုင်းရင်းသားတွေရဲ့အသံနဲ့အမြင်တွေကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်တွေကိုလည်း နားဆင်ရမှာပါ။

https://youtu.be/mb1Yp2TljH4

#eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁2
This media is not supported in your browser
VIEW IN TELEGRAM
တပတ်အတွင်း ဖော်ထုတ်ထားတဲ့ သတင်းတု/မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။

အပြည့်အစုံကြည့်ရန် - https://youtu.be/SNg1x3Q5ZaI

#Misinformation_Buster #Fake_News #Package #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4😁1
MODက “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ဖွဲ့စည်းပြီး ၃လအတွင်း အမှုပေါင်း ၁၄၆ ခုအနက် စိစစ်ပြီး ၁၂ မှုကို သက်ဆိုင်ရာ ဌာနများသို့ လွှဲပြောင်း
==========================

ဂျူချန်း

(မဇ္ဈ်ိမ)။ ။ တော်လှန်ရေးကာလမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စစ်ဆေးဖော်ထုတ်နိုင်ဖို့အတွက် “တိုင်ကြားမှုများဆိုင်ရာကော်မတီ” ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

တိုင်ကြားလာတဲ့ အမှုတွေကို ကနဦး စုံစမ်းစစ်ဆေးညှိနှိုင်းတာတွေကိုလုပ်ဆောင်ပြီး သက်ဆိုင်ရာဌာနတွေဖြစ်ကြတဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွေဆီကို စနစ်တကျလွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အမှုပေါင်း ၁၄၆ မှုထဲကနေ တရားစီရင်ဖို့ သက်ဆိုင်ရာဌာနတွေကို ၁၇ မှု လွှဲပြောင်းပေးခဲ့ပြီး ၁၀၇ မှုကို စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး ပိတ်သိမ်းလိုက်တဲ့အမှု ၁၀ ခုရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်စုံစမ်းဖို့ အဆင်မပြေလို့ မှတ်တမ်းတင်ထားတဲ့အမှု ၁၂ မှုရှိတယ်လို့ MOD ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကပြောပါတယ်။

တိုင်ကြားလာတဲ့ အမှုတွေထဲမှာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက အများစုဖြစ်ပြီး ပြည်သူတွေက နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တွေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ တွေရဲ့ လုပ်ဆောင်ချက်အချို့ကို မကျေနပ်တာကြောင့် တိုင်ကြားမှုအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ရုပ်သံ တင်ဆက်/တည်းဖြတ်- ဂျူချန်း

https://youtu.be/QDyq6afzc4k

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍11🤮1
“စုစည်းမှုမရှိရင် ရန်သူကတော့ ဝမ်းသာနေမှာပဲ” (Editorial Talk)
=====================

လက်နက်ကိုင်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ အချင်းချင်းကြားက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်ရဲ့Mizzima Editorial Talk အစီအစဉ်မှာ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ မဇ္ဈိမ သတင်းထောက် ဂျူချန်းတို့က ဆွေးနွေးထားပါတယ်။

https://youtu.be/FWmb_JyrIlg

#EditorialTalk
#mizzimatv
#PDF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤1🤮1
ရန်ကုန်−မန္တလေးအမြန်လမ်းပေါ် ခရီးသည်ကားတိမ်းမှောက်မှု ၁ ဦးသေဆုံး၊ ၁၅ဦး ဒဏ်ရာရ
😢7❤1👍1
ရန်ကုန်−မန္တလေးအမြန်လမ်းပေါ် ခရီးသည်ကားတိမ်းမှောက်မှု ၁ ဦးသေဆုံး၊ ၁၅ဦး ဒဏ်ရာရ
===================

ရွှေနွယ်

(မဇ္ဈိမ)။ á‹á€›á€”á€şá€€á€Żá€”á€şâˆ’á€™á€”á€šá€á€œá€ąá€¸á€Ąá€™á€źá€”á€şá€œá€™á€şá€¸ မိုင်တိုင်အမှတ် ၇၇ အနီးတွင် á€á€›á€Žá€¸á€žá€Šá€şá€á€„်ကဏးတစဎးတိမ်းမသ္ဏက်ခဲအပဟဎး ခရီးသည် တဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရကြောင်း á€™á€Žá€¸á€žá€á€şá€Śá€¸á€…á€Žá€¸á€Œá€Źá€€ ထုတ်ပြန်သည်။

အမြန်လမ်း မိုင်တိုင်အမှတ်(၇၇/၅)နှင့်(၇၇/၆)ကြားတွင် ယနေ့ ဩဂုတ်လ ၂၁ ရက် မွန်းလွဲ ၃ နာရီမိနစ် ၄၀ အချိန်ခန့်က á€á€›á€Žá€¸á€žá€Šá€şá€á€„် ကားတစီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြောင်းထဲထိုးကျတိမ်းမှောက်ခဲ့ခြင်းဟု သိရသည်။

ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား တဦး သေဆုံးကာ á€Ąá€™á€ťá€­á€Żá€¸á€žá€™á€Žá€¸á€á€Śá€¸á€•á€źá€„á€şá€¸á€‘á€”á€şá€’á€á€şá€›á€Źá€›á€•á€źá€Žá€¸ áá„ ဦးသည် မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ဦးစီးဌာကထုတ်ပြန်သည်။

အဆိုပါကားသည် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာခြင်းဖြစ်ပြီး ခရီးသည်အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ငါးဦးနှင့် ကလေးငယ် တဦး စုစုပေါင်း ၁၆ ဦးလိုက်ပါလာကြောင်းသိရသည်။

" မိုးကများထားတော့ လမ်းကချောနေတာ။ဘေးမြေကလည်းပျော့နေတော့ စလစ်ဖြစ်ပြီးမှောက်သွားတာပါ”ဟု သွားရောက်ကူညီပေးခဲ့သည့် ဥသျှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ဒဏ်ရာရရှိသူများအား á€™á€Žá€¸á€žá€á€şá€Œá€Źá€”နသငအ် လူမှုကူညီရေးအဖွဲ့များက မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ မိုင်တိုင်အမှတ် (၆၀/၂)နှင့်(၆၀/၃)ကြားတွင် á€Ąá€­á€™á€şá€…ဎးကဏးတစဎး အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်ကျွန်းရှိ á€žá€…်ပင်ဥဏး တိုက်မိသောကြောင့် အမျိုးသားတဦး၊ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပုံအညွှန်း - အမြန်လမ်းတွင်တိမ်းမှောက်သွားသည့် Express ယာဥ် (Myanmar Fire Services Department) 

စာတည်း - အေးချမ်း
#mizzima
#ရန်ကုန်−မန္တလေးအမြန်လမ်း 
#ခရီးသည်တင်ကား
#တိမ်းမှောက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7❤1🔥1
​​အငြင်းပွား တောင်တရုတ်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ စီစဉ်နေ
=================

အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ရန်လိုသည့် လုပ်ဆောင်ချက်များကို မကြာသေးမီက မြင်တွေ့ခဲ့ရပြီးနောက် ဖိလစ်ပိုင်အနောက်ပိုင်းကမ်းလွန်ရှိ အဆိုပါပင်လယ်တွင် ယခုတစ်ပတ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့က စီစဉ်လျက်ရှိကြောင်း ဖိလစ်ပိုင် တာဝန်ရှိသူများက ဩဂုတ် ၁၃ ရက်တွင် ပြောကြားလိုက်သည်။ 

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16👏2❤1🔥1
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်စခန်းကို CDF တိုက်ခိုက်
❤11👍4👏2😁2
တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်စခန်းကို CDF တိုက်ခိုက်
==================

(မဇ္ဈိမ) ။  á‹ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်သည်။

မင်းဘူး-အမ်းလမ်းမကြီး-ငဖဲမြို့နယ် မြေလတ်ကျေးရွာအနီး တရုတ်ဓါတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်သည့်နေရာတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီစစ်စခန်းကို CDF-Asho က ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ကြာမြင့်ခဲ့သည်ဟု ချင်းကာကွယ်ရေး တပ်က ဆိုသည်။

‘’တိုက်ပွဲအတွင်း ရန်သူလက်နက်များ ရရှိရန်ကြိုးစားခဲ့သော်လည်း ကျည်လုံလောက်မှု မရှိသဖြင့် ၄၅ မိနစ်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များမှ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်” ဟု CDF-Asho က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ အရာခံဗိုလ်တဦး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ပြီး ကျန်အခြားအဆင့် တဦးသည် á€Ąá€•á€źá€„á€şá€¸á€Ąá€‘á€”á€şá€’á€á€şá€›á€Źá€›á€›á€žá€­á€•á€źá€Žá€¸ ဆေးရုံအရောက် ညနေပိုင်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း CDF-Asho ဘက် ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ စတင်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်၊ ရှမ်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်အထိ တင်ပို့နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ကူညီမှုများ မပြုလုပ်ပေးရန် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဆန္ဒပြ တောင်းဆိုနေကြပြီး တရုတ်ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်သားများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ယခုနှစ် မေလ ၇ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ကလည်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသော တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးရုံးကို ဒေသခံ ကာကွယ်ရေးအဖွဲ့ Natogyi Guerrilla Force (NGF) က တိုက်ခိုက်ခဲ့သည်။

စာတည်း။ . ။ နောင်နောင်

#တရုတ်ပိုက်လိုင်း
#စစ်ကောင်စီတပ်
#Mizzima
#ထိန်းချုပ်ရေးရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15❤2👏2😁2