Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​MIZZIMA JOB ANNOUNCEMENT
=================

"Breaking Boundaries with words: Join Mizzima as an Experienced Journalist"

Are you an accomplished journalist with a knack for crafting compelling narratives in English? Do you have a passion for telling stories that resonate with readers? If you're ready to take your journalistic expertise to new heights, we invite you to be part of our dynamic team!

How to Apply:
Send your application to hrdepartment@mizzima.com with the subject line: " Journalist Application - [Your Name]". We welcome applications until [15 September 2023].
🤮1
Media is too big
VIEW IN TELEGRAM
ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေကြောင်း NUG ယာယီသမ္မတ ပြော

Watch more detail - https://youtu.be/JJ81Jz5XMyI

#PoliticalNews
#reels
#shorts
#MizzimaTV
👍10❤1👏1🤮1
သြဂုတ်လ ၂၃ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:07-ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ပေမယ့်လည်း ဈေးနှုန်းမြင့်တက်နေဆဲလို့ စစ်ကောင်စီ ညည်းတွားတဲ့သတင်း

03:05- “သတင်းအချက်အလက်တွေက စစ်ကောင်စီကိုအရေးယူဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တယ်”လို့ NUG သမ္မတရုံးပြောတဲ့သတင်း

07:59-ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေကြောင်း NUG ယာယီသမ္မတ ပြောတဲ့သတင်း

11:21-နိုင်ငံအနှံ့မှာ ပြည်သူ့ထောက်ပံ့ငွေနဲ့ ဒရုန်း အစင်း ၄၀၀ ကျော် ပို့ဆောင်ထားကြောင်း NUG ထုတ်ပြန်တဲ့သတင်းအပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

https://youtu.be/AcHoySJO5qo

#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🍌1
This media is not supported in your browser
VIEW IN TELEGRAM
သုံးနှစ်အတွင်း ပထမဆုံးအဖြစ် မြောက်ကိုရီးယားရဲ့ နိုင်ငံတကာလေယာဉ် ဘေဂျင်းသို့ဆင်းသက်

#Internationalnews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤2
ကျောက်တံခါးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် ၂ ခု မိုင်းခွဲခံရ
👍6🔥1
ကျောက်တံခါးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ရထားလမ်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင် ၂ ခု မိုင်းခွဲခံရ
===================

ရွှေနွယ်
(မဇ္ဈိ)။ ။ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ပဲနွယ် ကုန်းနှင့်တောကျွဲအင်းအကြားရှိ ရန်ကုန်-မန္တလေးရထားလမ်း မိုင်တိုင်(၁၁၇/၈)နှင့်(၁၁၇/၉)
အကြား လမ်း ပိုင်းကို မိုင်းခွဲခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၂)စစ်ဒေသခွဲထံ မှ သိရသည်။

မိုင်းခွဲမှုကြောင့် ရထားလမ်းမှ ဇလီဖားတုံးခြောက်တုံးပျက်စီးခဲ့ပြီး ရထားသံလမ်း ၁၆ ပေခန့်ပျက်စီးခဲ့ ကြောင်း စစ်ကောင်စီ၏ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။

ထို့ပြင် ဩဂုတ်လ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်ကလည်း သဲဖြူရွာသစ်အနီးရှိ တောင်ငူ−သာယာကုန်း လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်အမှတ် ၂၂၂ နှင့် ၂၂၃ တာဝါတိုင်နှစ်ခုကိုလည်း မိုင်းခွဲခဲ့ကြောင်း သိရ သည်။

ဓာတ်အားလိုင်း တာဝါတိုင်နှစ်ခုမှာ ပြိုကျသည့်အခြေအနေသို့မရောက်ရှိသော်လည်း အခြေသံချောင်း များပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ ဘယ်လိုစစ်ဆင်ရေးကိုပဲ ဆောင်ရွက်ဆောင်ရွက် ပြည်သူကိုထိခိုက်မှု အနည်းဆုံးဖြစ် အောင် စဉ်းစားပြီးမှဆောင်ရွက်ပါတယ်။ ဆောင်ရွက်ခဲ့တဲ့စစ်ဆင်ရေးတွေကလည်း လိုအပ်လို့ဆောင်ရွက် တာပါ” အမှတ် (၂) စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးမှ မဇ္ဈိမကိုပြောသည်။

ရထားလမ်းပိုင်း ဖောက်ခွဲမှုစစ်ဆင်ရေးသည်လည်း အဓိကအားဖြင့် စစ်ကောင်စီ၏ ထောက်ပို့လမ်း ကြောင်း ဗျူဟာလမ်းကြောင်းဖြစ်သည့်အတွက် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက် နံနက် ၇ နာရီခန့်ကလည်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီ၏ လက်နက်ခဲယမ်းထောက်ပို့ရထားကို ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေး သည်။

မိုင်းဆွဲခံရသည့် ထောက်ပို့ရထားအား ရထားလမ်းပြန်လည်ပြင်ဆင်ပြီးသည့် လေးရက်မြောက်နေ့ ဩဂုတ် လ ၂၁ ရက်နေ့ညတွင် စစ်ကောင်စီမှ သယ်ဆောင်သွားပြီဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။

အဆိုပါဒေသများအတွင်း တော်လှန်ရေးအင်အားစုဘက်မှနယ်မြေစိုးမိုးမှုရရှိနိုင်ရေးအတွက် ကြိုးပမ်းနေ ခြင်းဖြစ်ကြောင်းလည်း အမှတ်(၂)စစ်ဒေသခွဲ၏ ဒုတိယစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကပြောသည်။

“နယ်မြေစိုးမိုးမှုအနေနဲ့ကတော့ ကျွန်တော်တို့ဗျူဟာအတိုင်း တဆင့်ချင်းသွားနေပါတယ်ဗျ” ဟု ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား တိုက်ခိုက်၍မနိုင်သည့်အခါ ဒေသခံများ ကို ဘေးအန္တရာယ်ပြုခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

"အဓိက ပြည်သူလူထုကို သူတို့ပေးချင်တဲ့အချက်က အကြောက်တရားပါပဲ။ ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့ တွေကြား သွေးခွဲဖို့ရည်ရွယ်တာဖြစ်ပါတယ်”ဟု အမှတ်(၂)စစ်ဒေသခွဲ၏ ဒုစစ်ဒေသခွဲမှူးက ပြောသည်။

စာတည်း။ ။စောဖေ

#ပဲခူးတိုင်း
#ကျောက်တံခါးမြို့နယ်
#ရန်ကုန်-မန္တလေးရထားလမ်း
#မိုင်းခွဲခံရ

ပုံအညွှန်း - မိုင်းခွဲခံရသည့်မီးရထားလမ်းပိုင်း
ပုံအညွှန်း - မိုင်းခွဲခံရသည့်လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များ

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤1🔥1
Media is too big
VIEW IN TELEGRAM
ဗဟိုအမေရိကအဖွဲ့မှဖယ်ရှားခံရခြင်းအပေါ် တရုတ်နဲ့နီကာရာဂွါကို ထိုင်ဝမ်အပြစ်တင်

#Internationalnews #American #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
🥴2
​​ဆော်ဒီအာရေဗီးယားအတွက် ပေါ်တိုအသင်းကနေ ပေါ်တူဂီကွင်းလယ်ကစားသမား အိုတာဗီယို ထွက်ခွာ
================

ကွင်းလယ်ကစားသမား အိုတာဗီယိုဟာ ပြောင်းရွှေ့ကြေး ပေါ်တိုအသင်းကနေ ဆော်ဒီကလပ် အယ်လ်-နာဆာအသင်းဆီ ယူရို သန်း ၆၀ (ဒေါ်လာ ၆၅.၁ သန်း)ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း ပေါ်တူဂီကလပ်က အင်္ဂါနေ့မှာ ပြောပါတယ်။

ဘရာဇီးနွယ်ဖွား အိုတာဗီယိုဟာ Internacional အသင်းကနေ ၂၀၁၄ မှာ ပေါ်တိုအသင်းကို ရောက်ရှိခဲ့ပြီး ၂၀၂၁ မှာ ပေါ်တူဂီအသင်းအတွက် နိုင်ငံတကာပွဲဦးထွက်ကစားခဲ့ပါတယ်။

သူဟာ အယ်-နာဆာအသင်းမှာ ပေါ်တူဂီအသင်းဖော် ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ တွဲဖက်ကစားရပါလိမ့်မယ်။

“ဒီအသင်းမှာ ကိုးနှစ်ကြာရှိနေပြီးနောက်မှာတော့ အသင်းက ထွက်ခွာရဖို့က ခက်ခဲပါတယ်”လို့ အသက် ၂၈ နှစ်အရွယ် ကစားသမားက ပေါ်တိုဝက်ဘ်ဆိုက်မှာ ပြောခဲ့ပါတယ်။
👍6🔥1
Media is too big
VIEW IN TELEGRAM
လက်နက်ကိုင် ၃ ဖွဲ့က NCA လမ်းကြောင်းကို သွေဖည်ပြီး စစ်တပ်ကို ပြန်တိုက်နေဟု စစ်ကောင်စီပြော

Watch more detail - https://youtu.be/ymkUZF2olKk

#PoliticalNews
#reels
#shorts
#MizzimaTV
👍3😁2🔥1
​​ယူကရိန်းအလံပါ အင်္ကျီနှင့်အမျိုးသမီးဓာတ်ပုံသည် လက်ခက်တောင်တွင် ရိုက်ကူးထားခြင်း မဟုတ်
===================

ZZ
(မဇ္ဈိမ)။ ။ယူကရိန်းအလံပါဝင်သော အင်္ကျီဖြင့် နိုင်ငံခြားသူအမျိုးသမီးတဦး မြန်မာပြည်ကိုခြေချလာသည် ဟုဆိုကာ ဓာတ်ပုံတပုံနှင့်အတူ သတင်းများထွက်ပေါ်လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။

“Ko Gyi Soon” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်က ဩဂုတ်လ ၂၁ ရက်နေ့တွင် ယူကရိန်းအလံပါ အင်္ကျီဝတ် ဆင်ထားသည့် အမျိုးသမီးပုံဖြင့် “လက်ခက်တောင်” ဟုဆိုကာ ရေးသားဖြန့်ဝေထားသည်။ ထိုအမျိုးသမီး သည် မြန်မာနိုင်ငံသို့ ခြေချလာကြောင်း၊ ယူကရိန်းမှ ကြားဝင်စွက်ဖက်လာပြီး ဘုရားကို ဒိုင်းအဖြစ်အကာ အကွယ်ပြုလုပ်နေကြောင်းနှင့် ဌာပနာများကို ယူကရိန်းကို သယ်ယူနိုင်ကြောင်း ရေးသားထားသည်။

ထိုပို့စ့်ကို ပြန်လည်ဖြန့်ဝေမှု ၁၄၅ ခုရှိနေပြီး တယ်လီဂရမ်ချန်နယ်နှင့်ဂရု(ပ်) ခြောက်ခုတွင်လည်း ပျံ့နှံ့ လျက်ရှိသည်။
ဓာတ်ပုံ၌ ပျက်စီးနေသည့်အဆောက်အဦးကိုနောက်ခံထားကာ ယူကရိန်းအလံပါအင်္ကျီနှင့် အမျိုးသမီး၊ စစ် ဝတ်စုံနှင့် စစ်သားတဦး၊ ဦးထုပ်နှင့်အမျိုးသားတဦးအပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) အလံကိုင်ဆောင်ထားသူတဦးတို့ ပါဝင်သည်။

မဇ္ဈိမ အချက်အလက်စစ်ဆေးသူများမှ ထိုပုံအားစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံမှ ပုံမဟုတ်ကြောင်း အတည်ပြု နိုင်ခဲ့သည်။
ပုံ၏ မူရင်းမှာ KNDG ဒုတိယစစ်ဦးစီးချုပ်(၂) မာဝီမှ ၎င်း၏ဖေ့စ်ဘုတ်အကောင့်တွင် ဩဂုတ်လ ၁၉ ရက် နေ့က “Solidarity from Karenni KNDF flag arrived to Ukraine” ဟုဆိုကာ Free Burma Rangers အဖွဲ့ ယူကရိန်းနိုင်ငံသို့သွားရောက်စဉ်က “ KNDF အနေဖြင့် ယူကရိန်းနဲ့အတူတူရှိကြောင်း တရားမျှတမှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြောင်း” သတင်းစကားပါးခဲ့ပြီး ယူကရိန်းနိုင်ငံတွင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံတပုံဖြစ်သည်။

ထို့ပြင် ယင်းပုံ၏ နောက်ခံတွင်ပါဝင်သည့် ပျက်စီးနေသည့်အဆောက်အဦးမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရုရှား-ယူကရိန်းကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံ ဒိုလီနာ(Dolyna) မြို့မှ The Orthodox ဘုရားကျောင်းကြီးပျက်စီးခဲ့သည့်နေရာဖြစ်သည်။
ထို့ကြောင့် ယူကရိန်းအလံပါ အင်္ကျီဝတ်ဆင်ထားသည့်အမျိုးသမီးသည် မြန်မာနိုင်ငံသို့ လာရောက်ခြင်းမရှိ သကဲ့သို့ ထိုပုံရိုက်ကူးခဲ့သည့် တည်နေရာမှာလည်း မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ လက်ခတ်တောင်တွင် မဟုတ်ချေ။

ထိုပုံသည် Free Burma Rangers အဖွဲ့ ယူကရိန်းနိုင်ငံသို့ သွားရောက်စဉ် ရိုက်ကူးခဲ့သည့် ဓာတ်ပုံတပုံ သာဖြစ်သည်။
ယူကရိန်းတွင် ရိုက်ထားသည့်ပုံဖြင့် မြန်မာနိုင်ငံတွင် ရိုက်ယူထားသယောင် သတင်းတုဖြင့် ဘာသာရေးနှင့် နိုင်ငံရေး ရောယှက်ကာ ထင်ယောင်ထင်မှားဖြစ်စေရန် ဖြန့်ဝေထားသည့် သတင်းတုသာ ဖြစ်သည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Ukraine
#KNDF
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3👎1🤬1🤣1
​​ညောင်လေးပင်အခြေစိုက် ခမရ(၂၀)က ကျေးရွာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်၍ နေအိမ်အချို့ ထိခိုက်ပျက်စီး
=====================

YT
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ(၂၀)က ကျေးရွာ များသို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ် ထိခိုက်ပျက်စီးမှု၊ အိမ်မွေးတိရစ္ဆာန်များအား ထိမှန် မှုများရှိနေကြောင်း သတင်းရရှိသည်။

“ဟောင်ဝှစ်ဇာတွေနဲ့ပစ်တာခင်ဗျ။ ချုံအင်းကျေးရွာကို ညက လေးလုံးကျပါတယ်။ ရေဖြူကန်ကျေးရွာ၊ တော်ဝိကျေးရွာအနီးဝန်းကျင်ကိုလည်း မနေ့ နေ့လည်က သုံးလုံးကျတယ်ဗျ။ ချုံအင်းကျေးရွာမှာတော့ နေအိမ်ထိခိုက်မှု အနည်းအကျဥ်းရှိပြီး နွားတကောင် ပေါင်ထိမှန်ဒဏ်ရာရပါတယ်။ ရွာသားထိခိုက်မှုတော့ မရှိပါဘူး” ဟု တော်လှန်ရေးရဲဘော်တဦးက မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ခမရ(၂၀) မှ စစ်ကောင်စီတပ်သားများက ညောင်လေးပင်မြို့နယ်၊ ချုံအင်း၊ ရေဖြူကန်၊ တော်ဝိ၊ ကွင်းဒလကြီး၊ ကွင်းဒလလေးကျေးရွာ၊ ပုဇွန်မြောင်း၊ ကျွန်းစုကျေးရွာများ ဘက်သို့ ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးများပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ညပိုင်း အထိပစ်ခတ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများအနက် အချို့သည် ချုံအင်း၊ တော်ဝိ၊ ရေဖြူကန် စသည့်ကျေးရွာ များနှင့် အနီးတစ်ဝိုက်တွင် ကျရောက်ပေါက်ကွဲမှုရှိခဲ့ကာ ချုံအင်းကျေးရွာမှ နေအိမ်အချို့ လက်နက်ကြီး ကျည်ထိမှန်ပျက်စီးခဲ့ပြီး ကွင်းဒလကြီးကျေးရွာမှ နွားသုံးကောင် ထိမှန်ခဲ့ကြောင်း သိရသည်။

“မနေ့က နေ့လည် ၁၂ နာရီ ၄၀ ခန့်ကစပြီး မိုးချုပ်တဲ့အထိ လက်နက်ကြီးနဲ့ ၁၅ ချက်လောက်ပစ်တယ်လို့ သိရတယ်။ ချုံအင်း၊ ကွင်းဒလကြီး၊ ကွင်းဒလလေး၊ ပုဇွန်မြောင်း၊ ကျွန်းစုစတဲ့ရွာနားတွေကို ကျတယ်။ လောလောဆယ်တော့ ကွင်းဒလကြီးက နွားသုံးကောင် ထိမှန်ထားတယ်။ မြေပြင်နဲ့ အဆက်အသွယ်ပြတ် သွားတဲ့အတွက် နေအိမ်ထိမှန်မှုတွေရှိပေမယ့် အတိအကျမသိရသေးပါဘူး” ဟု ဒေသတွင်း အမျိုးသမီး သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့က ခမရ(၂၀)မှ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့်မပစ်မီတွင် ညောင်လေးပင် မြို့နယ်အခြေစိုက် မြို့ပြပြောက်ကျား(UG) အဖွဲ့က စစ်ကောင်စီတပ်ရင်းတစ်ခုအား ဝင်ရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့သေးကြောင်း၊ တပ်ရင်းအမည်နှင့် ထိခိုက်မှုများအား စုံစမ်းနေဆဲသာဖြစ်ကြောင်း တော်လှန်ရေး ရဲဘော်တဦးထံမှ သိရသည်။

လက်ရှိတွင် ညောင်လေးပင်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ခြင်း၊ စစ်ဆေးရေး ဂိတ်များ တိုးမြှင့်ဖွင့်လှစ်မှုများ ပြုလုပ်လာကြောင်း သိရသည်။

“ပုဇွန်မြောင်းမှာ အရင်ကဂိတ်နှစ်ခုပဲရှိတာ၊ အခုဆို လေးခုလောက်ထိ တိုးထားပါတယ်။ တော်ဝိကျေးရွာ မှာလည်း အင်အားအနည်းငယ်ထပ်တိုးထားတယ်လို့ သိရတယ်။ သံဆိပ်ဘက်မှာလဲ အင်အား ၈၀ လောက် တိုးလာတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ညောင်လေးပင်၊ မုန်း၊ ကျောက်ကြီး၊ ကျောက်တံခါး၊ ရွှေကျင်၊ ဖြူးမြို့နယ်တို့သည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေအတွင်းတည်ရှိပြီး နေရာအနှံ့အပြား၌ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲများ မကြာ ခဏဖြစ်ပွားနေသည့် နယ်မြေများဖြစ်သည်။

စာတည်း။ ။စောဖေ

#ညောင်လေးပင်မြို့နယ်
#တပ်မဟာ(၃)
#ခမရ(၂၀)
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🤬3🔥2
​​ရခိုင်တွင် မိုခါမုန်တိုင်းအပြီး ၃ လကျော်ကြာသည်အထိ စာသင်ကျောင်းအချို့ ဆောက်လုပ်ပြီးစီးခြင်းမရှိသေး
=====================

ဂျူချန်း
(မဇ္ဈိမ)။ ။ အင်အားပြင်း ဆိုင်ကလုန်း မိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်တွင်းရှိ စာသင်ကျောင်း ၂,၀၀၀ ကျော် ပျက်စီးခဲ့ရကာ မုန်တိုင်းတိုက်ခတ်ပြီး သုံးလကျော်ကြာသည်အထိ စာသင်ကျောင်းအားလုံးကို ပြင်ဆင်နိုင်ခြင်းမရှိသေးကြောင်း ပညာရေးဝန်ထမ်းများနှင့် ဒေသခံများထံက သိရသည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ရှိ စာသင်ကျောင်းများအပါအဝင် အဆောက်အအုံ အများအပြား ထိခိုက်ပျက်ဆီးခဲ့ရကာ လက်ရှိအချိန်အထိ စာသင်ကျောင်းများကို ဆက်လက်ဆောက်လုပ်နေဆဲဖြစ်ပြီး နေရာမလုံလောက်မှုကြောင့် အချို့ကျောင်းတွင် ကလေးများအား အတန်းအလိုက် အချိန်ခွဲကာ သင်ကြားပေးနေကြောင်း ဒေသခံထံကသိရသည်။

“စာသင်ကျောင်းကကျတော့ ဆောက်နေတုန်းပါပဲ။ အကုန်လုံး မပြီးသေးပါဘူး။ တချို့ အဆောက်အအုံတစ်ခုလုံး ပြိုသွားတဲ့ စာသင်ကျောင်းတွေဆိုရင်တော့ မပြီးသေးဘူးပေါ့။ စာသင်ကျောင်းတွေက ယာယီကျောင်းဆောင်အနေနဲ့ ဖွင့်တာတွေရှိတယ်။ တချို့ဆို မနက်ပိုင်းဆို မူလတန်းပြတယ်။ နေ့လယ်ပိုင်းဆို အလယ်တန်း အဲ့လိုမျိုး အတန်းတွေခွဲပြီး ပြတာမျိုးတွေရှိပါတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အလားတူ ပေါက်တောမြို့တွင် စာသင်ကျောင်း စုစုပေါင်း ၁၈၂ ကျောင်းရှိပြီး မြို့ပေါ်စာသင်ကျောင်းအချို့သာ ဆောက်လုပ်ပြီးစီးထားပြီး နယ်ဘက်ရှိ ကျောင်းများတွင် ဆောက်လုပ်ရန်ကျန်ရှိနေသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သည့် ဒေသခံထံက သိရသည်။

“မြို့ပေါ်ကျောင်းတွေကတော့ အကုန်လုံးပြီးပြီ။ မြို့ပေါ်မှာလည်း ကျောင်းအများကြီးမရှိပါဘူး။ နယ်ကျောင်းတွေတော့ ကျန်ဦးမယ်။ ယာယီ ဘုန်းကြီးကျောင်းတွေမှာ သင်နေတာမျိုးတွေရှိပါတယ်” ဟု ပေါက်တော်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့တွင်မူ မိုခါမုန်တိုင်းကြောင့် ကျောင်းပေါင်း ၁၉၈ ကျောင်းပျက်ဆီးခဲ့ရပြီး ယခု ဩဂုတ်လ ပထမ အပတ်တွင် ကျောင်းများအားလုံးကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးထံက သိရသည်။

“ပျက်ဆီးသွားတာ ၁၉၈ ဆောင်ရှိတယ်။ အကုန်လုံးတော့ ပြင်ပြီးပြီ။ ဒီလပထမ အပတ်လောက်ကစပြီး ပြီးသွားတာပါ။ အစိုးရက ချပေးတဲ့ပိုက်ဆံနဲ့ ကုမ္မဏီတွေက လာလုပ်ပေးတာ။ ကျနော်တို့မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက လာလုပ်ပေးတာပါ” ဟု ရသေ့တောင်မြို့ရှိ ပညာရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမ ကိုပြောသည်။
ရခိုင်ပြည်နယ်တွင် ပျက်ဆီးသွားသည့် စာသင်ကျောင်းများအတွက် စစ်ကောင်စီမှ ပြန်လည်ဆောက်လုပ်ရန်နှင့် ပြင်ဆင်ရန် ဘက်ဂျက်ချပေးကာ ဆောက်လုပ်ရေးကုမ္မဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ဆောက်လုပ်နေသည်ဟု ဒေသခံနှင့် ပညာရေးဝန်ထမ်းများက ပြောသော်လည်း မည်သည့်မြို့နယ်အတွက် ဘက်ဂျက်မည်မျှ ချပေးထားသည်ကိုမူ မသိရှိရကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၂၁၄၂ ကျောင်းထက်မနည်း ထိခိုက်ပျက်ဆီးခဲ့ရကာ နေအိမ် ၂၈၈,၅၃၀ လုံး ပျက်ဆီးခဲ့ရပြီး စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မှ လူ ၁၆၄ ဦး သေဆုံးခဲ့ရကြောင်း ရက္ခိုင့်တပ်တော်(AA) ဖွဲ့စည်းထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA) မှ ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မိုခါမုန်တိုင်း
#စာသင်ကျောင်း

ပုံအညွှန်း -မိုခါမုန်တိုင်းကြောင့် ပျက်ဆီးခဲ့သည့် ပုဏ္ဏားကျွန်းက စာသင်ကျောင်း (မေ ၂၂)( ဓါတ်ပုံ-အင်တာနက်)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😢2🔥1😁1
​​Bhoomi
==============

အဖေနဲ့သမီးရဲ့ ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ရမဲ့ ဇာတ်လမ်းဖြစ်ပြီး မင်းသားကြီး Sanjay နဲ့ မင်းသမီး Aditi Rao တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်..

အက်ရှင် ဒရမ်မာအမျိုးအစားဖြစ်ပြီး Bollywood ကားကောင်းကောင်းတွေ ကြိုက်တတ်သူတွေအတွက် မကြည့်ရသေးရင် လုံးဝ လက်လွတ်မခံပါနဲ့လို့ ပြောချင်ပါတယ်နော်..

Mizzima + တွင် ပြသနေသည့် အချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက် ။ ။ 23.8.2023
ပြသမည့်အချိန်။ ။ ည (၈:၀၀) နာရီ
#Replay ပြန်လည်ပြသမည့်အချိန် ။ ။ 24.8.2023
ပြသမည့်အချိန်။ ။နေ့လည် (၂:၀၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

#Mizzima #bollywoodmovies #moviereviews
👍4🔥1
This media is not supported in your browser
VIEW IN TELEGRAM
နျူကလီးယားဓါတ်ရောင်ခြည်သင့်နေတဲ့ရေတွေကို စွန့်ပစ်ဖို့လုပ်ဆောင်နေကြောင်း ဂျပန်ကိုတရုတ်စွပ်စွဲ

#Nuclear #Internationalnews #Japan #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍2🔥1
မြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းရောင်းချမှုတားဆီးရန်စင်ကာပူကိုတောင်းဆို| Business Round Up(23.8.2023)
===================

- ဘဏ်စနစ်မပြိုလဲရန် ဗဟိုဘဏ်မှ ထောက်ပံ့မှုများပေးခဲ့သော်လည်း အချို့သောဘဏ်များက သစ္စာမရှိဟု စစ်ကောင်စီပြော

- မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းရောင်းချမှုတားဆီးရန် စင်ကာပူကို တောင်းဆို

- စစ်ကောင်စီရဲ့ ကုန်ဈေးှုနှုန်းကျဆင်းမှုအတွက် စည်းမျဉ်းတွေ ပံ့ပိုးမှုတွေက အရာမထင်ဟုဆို

- အင်ဒိုနီးရှားနိုင်ငံက ဆန်ထွက်နှုန်းကျနိုင်ခြေကြောင့် မြန်မာနှင့် ကမ္ဘောဒီးယားမှ ဆန်တင်သွင်းဖို့ စောင့်ကြည့်နေ

- ဒေါ်လာဈေးနှင့် ရွှေဈေး အနည်းငယ်ကျဆင်းလာပေမယ့် တည်ငြိမ်တဲ့အခြေအနေမရှိသေး

https://youtu.be/VxuhnbftyME
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁2👍1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေအပြီး ကက်ရှ်မီးယားသတင်းဌာန ပိတ်သိမ်းခံရ

#Internationalnews #India #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4🔥2