Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လေယာဉ်ဆီကဏ္ဍကို ပစ်မှတ်ထားပြီး အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ 
=====================

ကိုယ့်ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲနေသည့် မြန်မာစစ်ကောင်စီအား လေယာဉ်ဆီ ရရှိအောင် ကူညီပေးနေသည့် နိုင်ငံခြားကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပါအဝင် မြန်မာအပေါ် အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောသည်။ 

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ၂၀၂၁ ဖေဖော်ဝါရီက အာဏာသိမ်းခဲ့သည့် စစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးရာတွင် ပါဝင်နေသော လူပုဂ္ဂိုလ်များအဖြစ် SHOON ENERGY ကုမ္ပဏီပိုင်ရှင် ခင်ဖြူဝင်းနှင့် Asia Sun ကုမ္ပဏီပိုင်ရှင် ဇော်မင်းထွန်းတို့အပြင် ၎င်းတို့နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခုဖြစ်သော PUMA ENERGY MYANMAR PTE. LTD၊ PEA PTE.LTD (PUMA ENERGY IRRAWADDY AVIATION PTE LTD) နှင့် SHOON ENERGY PTE. LTD (ASIA SUN AVIATION PTE. LTD ) တို့ကိုပါ ထည့်သွင်းကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။ 

မြန်မာနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍနှင့် ပတ်သက်သော အပေးအယူ လုပ်ဆောင်မှုများကို မြန်မာပြင်ဘက်က ကုမ္ပဏီများအား ပိတ်ဆို့ထားသည့် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးထားသော အထူးအမိန့်အရ မြန်မာနိုင်ငံ၏ လေယာဉ်ဆီ ဆန်းစစ်ထုတ်ပြန်ထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။ 

“မြန်မာစစ်ကောင်စီအတွက် မရှိမဖြစ် နောက်ထပ် ကဏ္ဍတစ်ရပ်အပေါ် ပစ်မှတ်ထားပြီး ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ရတာပဲ၊ ကိုယ့် အရပ်သား ပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းနေနိုင်စွမ်းတဲ့ စစ်ကောင်စီရဲ့ ရင်းမြစ်တွေကို ကျွန်တော်တို့ ပိတ်ဆို့တာပဲ”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက် အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးစုံစမ်းစစ်ဆေးမှုဌာန၏ လက်ထောက်အတွင်းရေးမှူး ဘရိန်းနယ်ဆင်က ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

မြန်မာစစ်ကောင်စီသည် ပြည်သူများအား ဖိနှိပ်ရာ၌ ပို၍ အကြမ်းဖက်သော လေကြောင်းတိုက်ခိုက်မှုများကို တိုး၍ မှီခိုအားထားလာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပြီး အရပ်သားများ သေဆုံးရသည့် မကြာသေးသော လေကြောင်းတိုက်ခိုက်မှုများကို ကိုးကားဆိုသည်။ အာဏာသိမ်းချိန်မှစပြီး အရပ်သားပြည်သူ ၃,၉၀၀ ကျော်ထက်မနည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်းလည်း ခန့်မှန်းဖော်ပြသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုကို ဖော့လျော့ပြောဆိုလျက် ရှိသည့် မြန်မာစစ်တပ်တာဝန်ရှိသူများကမူ သောင်းကျန်းသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ပြောဆိုလျက် ရှိသည်။ 
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းပြီး ဖြိုခွင်းမှုများအတွင်း အတိုက်အခံ ထောင်ပေါင်းများစွာကို သတ်ဖြတ်၍ လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာသည့်နောက် မြန်မာစစ်ခေါင်းဆောင်များအား အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ 

ဇွန်လအတွင်းကလည်း အမေရိကန်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများမှ ဘဏ္ဍာဝင်ငွေများကို လည်ပတ်နေသည့် နိုင်ငံပိုင် ဘဏ်နှစ်ဘဏ်ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခဲ့၍ စစ်ကောင်စီ၏ နိုင်ငံခြားငွေ ရရှိမှုကို ဖြတ်တောက်နိုင်လိမ့်မည်ဟု တက်ကြွလှုပ်ရှားသူများက မျှော်လင့်ခဲ့ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။)
👍15👏4😁2
This media is not supported in your browser
VIEW IN TELEGRAM
နိုင်ငံကိုပြန်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ဆေးရုံတက်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Thailand
👍5😁1🤣1
​​ကစားသမားဘဝရဲ့ 'အချိန်တိုင်းကို ပျော်ရွှင်လိုတယ်'လို့ မက်ဆီ ပြော
=====================

လီယွန်နယ် မက်ဆီကတော့ သူ့ရဲ့ကစားသမားဘဝရဲ့ လက်ကျန်အချိန်တိုင်းကို ပျော်ရွှင်လိုပြီး သူ ဘယ်အချိန် အနားယူမလဲဆိုတာကို စိတ်ထဲမှာ ရက်သတ်မှတ်ထားတာမရှိဘူးလို့ ဆိုပါတယ်။

အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ မက်ဆီဟာ Leagues Cup ဗိုလ်လုပွဲမှာ နက်ရှ်ဗေးလ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရအပြီး ကလပ်သစ် အင်တာမိုင်ယာမီနဲ့အတူ သူ့ရဲ့ ပထမဆုံးဖလားကို ရရှိခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့လက မိုင်ယာမီအသင်းနဲ့ နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပေမယ့်လည်း ဒီစာချုပ်ကို နောက်ထပ်သက်တမ်းတိုးဖို့ သူ့ရဲ့အနာဂတ်ကို စပြီးတော့တောင် မစဉ်းစားရသေးဘူးလို့ သူက ပြောပါတယ်။

"ရိုးရိုးသားသားပြောရရင် ကျနော် (အနားယူမယ့်) အဲဒီ့အကြောင်းကို မတွေးထားသေးပါဘူး။ ကစားရတာကို နှစ်သက်ပါတယ်၊ ကွင်းထဲမှာ ဘောလုံးနဲ့အတူ ပြိုင်ဆိုင်နေရတာ၊ လေ့ကျင့်နေရတာကို ပျော်ရွှင်ပါတယ်"လို့ ဘလွန်းဒီအော်ခုနစ်ကြိမ်ဆုရှင်က Apple TV+ နဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

"နောက်ထပ်ပိုပြီး ဘယ်လောက်များများ ကစားရလိမ့်မယ်ဆိုတာ ကျနော် မသိပေမယ့် အခွင့်ကောင်းရအောင်ယူရင်း တတ်နိုင်သလောက်တော့ ကြိုးစားပါ့မယ်၊ ကျန်းမာကြံ့ခိုင်သေးရင်တော့ တွေ့ရမှာပါ။ စဉ်းစားဖို့၊ ခွဲခြမ်းစိတ်ဖြာပြီး ရွေးချယ်ဖို့ကို နောက်ပိုင်းမှာ အချိန်ရှိပါသေးတယ်။"လို့ သူက သူ့ရဲ့မေဂျာလိဂ်ဘောလုံးကလပ်အသစ်အတွက် စနေနေ့က အောင်ပွဲမရခင် မှတ်တမ်းတင်ထားတဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာပါ။

“ဒီနေ့ အရေးကြီးဆုံးအရာက ကျန်နေသေးတဲ့အရာမှာ ပျော်နေဖို့ပဲ၊ ဘာပဲဖြစ်ဖြစ် ဒါက နည်းနည်းလေးလည်းဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်တယ်”လို့ သူက ပြောပါတယ်။

"အချိန်တိုင်းကို ပျော်ရွှင်ပါ။ အထူးသဖြင့် ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက ပြန်မလာဘူးလေ။ ပြီးတော့ ကျနော် ဘာမှ နောင်တမရချင်ပါဘူး"လို့ သူက ဖြည့်ဆွတ်ပြောဆိုသွားပါတယ်။ 

အင်တာမိုင်ယာမီဟာ ကြာသပေးနေ့ရဲ့ U.S. Open Cup ဆီမီးဖိုင်နယ်မှာ စင်စင်နာတီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲကို တက်ရောက်နိုင်မှုနဲ့ နောက်ထပ် ဖလား တစ်လုံးနဲ့ လက်တကမ်းအကွာကို ရောက်ရှိခဲ့ပြန်ပါတယ်။
👍9❤2🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဟွန်ဆန်ရဲ့သားကို ကမ္ဘောဒီးယားလွှတ်တော်အမတ်တွေက ခေါင်းဆောင်သစ်အဖြစ်ရွေးချယ်ခဲ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Cambodia
👍5🤣1
​​အရပ်သားပြည်သူများကို မြန်မာစစ်တပ်က သတ်ဖြတ်နေမှုအပေါ် ကုလ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၃ နိုင်ငံက ပြစ်တင်ရှုတ်ချ
===================

တရုတ်နှင့် ရုရှား မပါဘဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကျန်အဖွဲ့ဝင် ၁၃ နိုင်ငံသည် ဩဂုတ် ၂၃ ရက်က ပူးတွဲကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး မြန်မာတွင် အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှုနှင့် “ရက်စက်သော အကြမ်းဖက်မှု” များအပေါ် ပြစ်တင်ဝေဖန်လိုက်သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနှင့် တိုက်ခိုက်မှုများ ရပ်တန့်ရေး မြန်မာအာဏာသိမ်းစစ်အုပ်စုကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃ နိုင်ငံက ပူးတွဲကြေညာချက်တွင် တိုက်တွန်းသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက သဘောတူခဲ့သည့် မြန်မာ့အရေးဆိုင်ရာ ကုလလုံခြုံရေးကောင်စီ၏ ပထမဆုံးသော ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် “လုံလောက်သည့် တိုးတက်မှု” ရှိမနေဟု ပူးတွဲထုတ်ပြန်ချက်တွင် ပြောသည်။ လုံခြုံရေးကောင်စီ၏ ပြီးခဲ့သည့် ဒီဇင်ဘာ ဆုံးဖြတ်ချက် မဲခွဲမှုတွင် မြန်မာအာဏာသိမ်းစစ်တပ်နှင့် ဆက်ဆံပတ်သက်နေသည့် တရုတ်၊ ရုရှားအပြင် ကောင်စီတွင် နှစ်နှစ်တာသက်တမ်းပြီးဆုံးသွားပြီဖြစ်သည့် အိန္ဒိယတို့က မဲမပေးဘဲ နေခဲ့ကြပြီး ကျန် ၁၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ခြင်းအားဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အကျပ်အတည်း ဖြေရှင်းရေး ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး လက်ထောက်အတွင်းရေးမှူးချုပ် ခါလက်ဒ် ခီအာရီ နှင့် မြန်မာနိုင်ငံသို့ သွားသည့် ခရီးစဉ်နှင့်ပတ်သက်ပြီး ကုလ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ မာတင် ဂရစ်ဖစ်သ်တို့က ကောင်စီ တံခါးပိတ်အစည်းအဝေး၌ ရှင်းလင်းတင်ပြပြီးနောက်တွင် ကုလဆိုင်ရာ ဗြိတိန်၏ ဒုတိယသံအမတ် ဂျိမ်းစ် ကာရီဘူကီက အခြားသော နိုင်ငံများမှ သံတမန်များ ဝန်းရံလျက် ထုတ်ပြန်ချက်ကို ဖတ်ကြားပြသည်။
👍23😁3
ဟွန်ဆန်ရဲ့သားကို ကမ္ဘောဒီးယားလွှတ်တော်အမတ်တွေက ခေါင်းဆောင်သစ်အဖြစ်ရွေးချယ်ခဲ့
=====================

https://youtu.be/_wNo8B4i-Ag?si=kEebi0m1czvM5RhS

#International
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🤣1
This media is not supported in your browser
VIEW IN TELEGRAM
ဖူကူရှီးမား ရေထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး ပို့ကုန်ကန့်သတ်ချက် ရုတ်သိမ်းပေးဖို့ ဂျပန်ဝန်ကြီးချုပ် တိုက်တွန်း

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🤮2
This media is not supported in your browser
VIEW IN TELEGRAM
တောင်တရုတ်ပင်လယ်တွင်းက ကင်းစခန်းသို့ ထောက်ပံ့ရေးတွေ ပြန်လည်လုပ်ဆောင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Philipine
👍6🔥1
သြဂုတ်လ ၂၄ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:00-UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံတဲ့ သတင်း

03:44- NUG ကို အရူးဟု ရည်ညွန်းပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့သတင်း

05:49-ဂန့်ဂေါနယ်က စစ်ရေးအချက်အချာကျတဲ့ စစ်တပ်စခန်းကုန်းတိုက်ခိုက်ခံရမှု ၃ဦးသေဆုံးပြီး သေနတ်တွေသိမ်းဆည်းရရှိတဲ့သတင်း

09:56-မြိတ်မှာ စက်သုံးဆီအကန့်အသတ်နဲ့ သာ ရရှိတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/xX6cjyObbJg?si=vaxQA6MT0JgkuJWz

#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11😁1🍌1
စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရတဲ့ လက်ခတ်တောင်စခန်းကုန်းမှာ ဘာတွေဖြစ်ခဲ့လဲ (ရုပ်/သံ)
======================

ဟန်ထူးဇော်
(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီနဲ့ ကရင်နယ်ခြား စောင့်တပ်တို့ ပူတွဲစခန်းထိုင်ထားတဲ့ လက်ခတ်တောင် စခန်းကုန်းကို ဇူလိုင်လ၂၁ရက်နေ့မှ ကော်ဘရာစစ်ကြောင်းနဲ့ ကျားသစ်နက်စစ်ကြောင်းက တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
လက်လွတ်ခဲ့ရတဲ့ အဲဒီစစ်စခန်းကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ၁၀ကြိမ်ကျော် စစ်ကြောင်းထိုးခဲ့ပေမယ့် အကျအဆုံးများပြီး ဆုတ်ခွါထွက်ခဲ့ရတာပါ။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီးအများအပြား ပစ်ခတ်ကာ လေကြောင်းပစ်ကူ (၁၀) ကြိမ်ကျော်ပြုလုပ်ခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း အခြေနေကို မဇ္ဈိမသတင်းထောက် ဟန်ထူးဇော်က ရှေ့တန်းကို သွားရောက် ရိုက်ကူးတင်ဆက်ထားပါတယ်။

ရိုက်ကူး= ငြိမ်းချမ်း
တင်ဆက် = ဟန်ထူးဇော်

https://youtu.be/lCxeYA0ln3E?si=zZBM4Rokug3qUYnG

#လက်ခတ်တောင်
#စခန်းကုန်း
#မြဝတီ
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏2😁2
တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲတပ်သား သေနတ် ၂ လက်ဖြင့် PDF ထံ အလင်း၀င်
❤13👏3😁2
တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာဝန်ကျနေသည့် ရဲတပ်သား သေနတ် ၂ လက်ဖြင့် PDF ထံ အလင်း၀င်
==================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတဦး သေနတ် နှစ်လက်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်လာကြောင်း သတင်းရရှိသည်။
ဆားလင်းကြီးမြို့နယ်ရှိ တရုတ်၀မ်ပေါင်ကုမ္ပဏီတွင် တာ၀န်ကျနေသည့် ရဲတပ်သားတဦးသည် ယနေ့ သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် သမန်းကျားကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်ချ အလင်း၀င်လာ ခြင်းဖြစ်သည်။

“သူက အာဏာသိမ်းပြီးတဲ့နောက် ရဲစုဆောင်းရေးမှာပါသွားတဲ့သူလို့ သိရတယ်။ အရင်ကလည်း CDM ဝင်ဖို့ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ဘဲ ထိပ်တုံးတွေဘာတွေ ခတ်တာခံခဲ့ရတယ်လို့ ပြောတယ်။ အချိန် ကြာလာပြီး သူ့ကို နည်းနည်းလေးမရိပ်မိတဲ့ အခြေအနေရောက်မှ ဒီကနေ့မှာ သေနတ်နှစ်လက်ယူပြီး CDM ၀င်လာတာပါ”ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာ၀န်ရှိသူတဦးက မဇ္စျိမကိုပြော သည်။

ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်း၀င်လာသူမှာ အသက် ၂၀ ၀န်းကျင်အရွယ်ရှိပြီး စစ်ကောင်စီလက်အောက် ခံရဲတပ်ဖွဲ့တွင် တပ်သားအဆင့်ရှိသူဖြစ်သည်။

၎င်းနှင့်အတူ အူဇီတလက်၊ G3 တလက်၊ ကျည်ဘောက်တခု၊ 7.62 ကျည် ၁၀ တောင့်၊ 9mm ကျည် ကိုး တောင့်နှင့် စကားပြောစက်တလုံးယူဆောင်လာပြီ ဆားလင်းကြီးမြို့နယ် သမန်းကျားပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့ထံလက်နက်ချကာ အလင်း၀င်ရောက်လာသည့်ရဲတပ်သားအကြောင်း အသေးစိတ် ကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး တာ၀န် ရှိသူက ဆိုသည်။

“ ရဲတပ်သားကတော့ လုံခြုံတဲ့နေရာကို ရောက်သွားပါပြီ။ လောလောဆယ်ကတော့ ကျွန်တော်တို့အနေနဲ့ သူ့အကြောင်းကို ဘာမှမထုတ်ပြန်ထားသေးဘူး၊ နေရပ်တွေ ဘာတွေပေါ့။ သူတို့မိသားစုရဲ့လုံခြုံရေး ရှိသေးတော့လေ။ သူတို့ မိသားစု တခြားတနေရာကို ရောက်သွားပြီဆိုမှ အပြည့်အစုံကို တင်ပြသွားမှာပါ” ဟု ၎င်းက ပြောသည်။

ဆားလင်းကြီးမြို့နယ်ရှိ တရုတ်၀မ်ပေါင်ကုမ္ပဏီမှ စစ်ကောင်စီတပ်သားတဦး ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက်များနှင့် အလင်း၀င်လာခြင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရ သည်။

ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာသည့် ရဲတပ်သားကို ဆုကြေးငွေများချီးမြင့်နိုင်ရန်အတွက် ရန်ပုံငွေလိုအပ်ချက်ရှိနေပြီး မိဘပြည်သူများအနေဖြင့် အလှုငွေများထည့်ဝင်လှုဒါန်းပေးကြပါရန်လည်း ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက မေတ္တာရပ်ခံထားသည်။

တရုတ်၀မ်ပေါင်ကုမ္ပဏီသည် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို စစ် ကောင်စီတပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

ကုမ္ပဏီ၀င်းအတွင်း စစ်ကောင်စီတပ် စခန်းချတပ်စွဲထားကာ အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်း ထိုးခြင်း၊ ကုမ္ပဏီအတွင်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် တရုတ်၀မ်ပေါင်ကုမ္ပဏီအနီးတဝိုက်နေရာများကို စစ်ကောင်စီတပ်က အင်အားအများအပြား ဖြင့် ပိတ်ဆို့စစ်ဆေးနေကာ ထွက်ပြေးသွားသည့် ရဲတပ်သားကို လိုက်လံရှာဖွေနေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#ဆားလင်းကြီးမြို့နယ်
#တရုတ်၀မ်ပေါင်ကုမ္ပဏီ
#ရဲတပ်သား
#အလင်းဝင်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁2
​​ဝဂ္ဂနာကြေးစားတပ်၏ အကြီးအကဲ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားဟု ရုရှား ပြော
=======================

ရုရှားစစ်တပ်ခေါင်းဆောင်များကို ဖြုတ်ချရန် ပြီးခဲ့သည့် ဇွန်လက ကြိုးပမ်းခဲ့သည့် ဝဂ္ဂနာကြေးစားတပ်၏ ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂိုဇင်သည် ဩဂုတ် ၂၃ ရက်က ပျက်ကျသွားသည့် လေယာဉ်တစင်းပေါ်တွင် လိုက်ပါသွားကြောင်းနှင့် ထိုလေယာဉ်ပျက်ကျမှုကြောင့် လိုက်ပါသွားသူအားလုံး သေဆုံးကြောင်း ရုရှား တာဝန်ရှိသူများက ပြောသည်။

ယက်ဗ်ဂျီနီ ပရီဂိုဇင်၏ အချိန်တိုတောင်းသော ပုန်ကန်မှုက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အတွက် အာဏာရပြီးနောက်ပိုင်း အကြီးမားဆုံး ရင်ဆိုင်ရသည့် စိန်ခေါ်မှုအဖြစ် ရှုမြင်ခံရသည်။
ယင်းနောက်ပိုင်း ဝဂ္ဂနာတပ်ဖွဲ့နှင့် ခေါင်းဆောင်ဖြစ်သူတို့၏ ကံကြမ္မာအပေါ်တွင် မသေချာမရေရာမှုတို့ ဖြစ်လာခဲ့သည်။
👍9
​​ဟိုင်းကြီးကျွန်းရေတပ်တွင် တပ်ပြေးများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ဟုဆို
==================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းရေတပ်စခန်းတွင် တပ်မှထွက်ပြေးသူများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါရေတပ်စခန်းမှ ထွက်ပြေးသည့်တပ်ပြေးများ များလာသည့်အတွက် အင်အားနည်းလာခြင်းဖြစ်သည်ဟု စစ်ကောင်စီနှင့်နီးစပ်သူက ပြောသည်။

"လူမသိသူမသိ တပ်ကထွက်ပြေးတာတွေ အများကြီးရှိတယ်။ ကိုကိုးကျွန်းကိုလည်း ဟိုင်းကြီးရေတပ်က အလှည့်ကျသွားထိုင်ရတယ်။ အဲ့တာတွေကြောင့် အခုသက်ကြီးရွယ်အိုတွေနဲ့ အိုနာကျိုးကန်းတွေပဲ ရှိတော့တယ်။တိုက်ပွဲဘာညာဖြစ်လာရင် ခံတောင်ပစ်ရဲမှာမဟုတ်ဘူး၊ အကုန်ပြေးမဲ့ရုပ်တွေ။ အဲ့တာကြောင့် ထပ်မပြေးအောင် ရေတပ်ချုပ်လာပြီး စည်းရုံးလိုက်၊ မင်းအောင်လှိုင်ကလာပြီး စည်းရုံးလိုက် လုပ်နေရတာပေါ့"ဟု ၎င်းကဆိုသည်။

ဟိုင်းကြီးရေတပ်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့ထွက်ပြေးစဥ် လက်နှက်ငယ်များကိုပါယူဆောင်သွားခြင်းမျိုးရှိသည်ဟုသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဟိုင်းကြီးကျွန်းရေတပ်မှ စစ်ကောင်စီတပ် သားနှစ်ဦး လက်နက်နှင့်အတူထွက်ပြေးခဲ့သည့်အတွက် စစ်ကောင်စီတပ်များ ပိုက်စိတ်တိုက် လိုက်လံဖမ်းဆီးခဲ့သည်။

ယင်းပြင် ယခုနှစ် သြဂုတ်လ ပထမပတ်အတွင်းက အဆိုပါ ရေတပ်စခန်းမှ စစ်ကောင်စီတပ်သား သုံးဦး ထပ်မံထွက် ပြေးသွားခဲ့သည့်အတွက် မြို့အဝင်အထွက်ဂိတ်များနှင့် ရေကြောင်းထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှုများပြု လုပ်ခဲ့သေးသည်။

ယခင်က ဟိုင်းကြီးကျွန်းရေတပ်စခန်းတွင် ရေတပ်ဗျူဟာ (၄)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပရခ(ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၃၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ဟိုင်းကြီးကျွန်းရေတပ်စခန်းမှ ထွက်ပြေးသည့် တပ်​ပြေးအများအပြားရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း အဆိုပါရေတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိသည်ဟု ဟိုင်းကြီးကျွန်းတွင်နေထိုင်သူတဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာသည့် ရဲနဲ့ စစ်သား စုစုပေါင်း ၁၆,၀၀၀ ဝန်းကျင်ရှိပြီဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ခုနှစ် ဧပြီလတွင်ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUG
#CDM
#ဟိုင်းကြီးကျွန်း
#Hardnews

#“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

ဓာတ်ပုံ - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စစ်ခေါင်းဆောင် ဟိုင်းကြီးကျွန်းရေတပ်စခန်းသို့လာရောက်စဥ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍7
​​လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကိုဝေဖန်သည့် တေးသံရှင်ဗျူဟာ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံရ
=========================

ဂျူချန်း
(မဇ္ဈိမ)။ ။စစ်ကောင်စီလက်ထက်တွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းကို ဝေဖန်ခဲ့သည့် တေးသံရှင်ဗျူဟာအား အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးက ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း ၎င်း၏မိသားစု ထံမှ သိရသည်။

“ဒီနေ့(ဩဂုတ်လ၂၃)မှာ အမိန့်ချလိုက်တာ ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင်က တရားခွင်မှာ စီရင်ချက်ချ တဲ့နေရာမှာ မရှိတဲ့လူပါ၊ သူများကြားသလိုပဲ ကြားရတာပါ” ဟု ဗျူဟာ၏ဖခင်ဖြစ်သူ တေးရေးနိုင်မြန်မာ ကမဇ္ဈိမကိုပြောသည်။

မေလ ၂၃ ရက်နေ့ ညပိုင်းတွင် တေးသံရှင်ဗျူဟာက ၎င်း၏ လူမှုကွန်ရက်တွင် စစ်ကောင်စီလက်ထက်၌ လျှပ်စစ်မီးရရှိခြင်းအခြေအနေကို အရပ်သားအစိုးရလက်ထက်နှင့်နှိုင်းယှဉ်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ ပြီး နောက် မေလ ၂၄ ရက်နေ့ စစ်ကောင်စီက နေအိမ်သို့လာရောက်ဖမ်းဆီးသွားခဲ့သည်။

တေးသံရှင်ဗျူဟာ ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ခန့်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရခဲ့ ပေ။ ယင်းနောက် ဖမ်းဆီးခံရပြီးသုံးလအကြာ ဩဂုတ် ၂၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အပြင် နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) တို့ဖြင့် ထောင် ဒဏ် နှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ပြီး မိသားစုနှင့်လည်းတွေ့ခွင့်မရကြောင်း ဇနီးဖြစ်သူ မခင်ချစ်ကြည်က ပြည်တွင်းမီဒီယာများတွင် ဖြေကြားထားသည်။

စစ်ကောင်စီအနေဖြင့် မူလက တေးသံရှင်ဗျူဟာကို အမြင့်ဆုံးထောင်ဒဏ်သုံးနှစ်အထိသာ ချမှတ်နိုင် သည့် ပုဒ်မ ၅၀၅(က)ဖြင့်သာ စွဲဆိုခဲ့သော်လည်း အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုလိုက်ခြင်းသည် အငြိုးကြီးစွာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ဥပဒေပညာရှင်တဦးကသုံးသပ်သည်။

“သာမာန်ရိုးရိုးအမှုလို့မရှုမြင်ဘဲ အမြင့်ဆုံးပုဒ်မနဲ့ စွဲလိုက်တဲ့သဘောပေါ့။ စွဲဆိုတဲ့ပုဒ်မကတော့ ပြင်းထန် တယ်။ တကယ်ဆိုရင် ဒါမဖြစ်သင့်ဘူးပေါ့နော်။ ၁၂၄ နဲ့ကျတော့ ပစ်မှုနဲ့ ပစ်ဒဏ်မမျှဘူး” ဟု ဥပဒေပညာ ရှင်တစ်ဦးကမဇ္ဈိမကိုပြောသည်။

စစ်တပ်မှအာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးလာပြီး စစ်ကောင်စီက၎င်းတို့အား မထောက်ခံသူများကို ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ ၂၄,၄၁၀ ဦးရှိပြီး ၁၉,၈၉၅ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် ၇,၁၇၅ ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံ ထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ

#တေးသံရှင်ဗျူဟာ
#အင်းစိန်ထောင်
#အထူးတရားရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍8🔥2🤬2😁1