Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဟိုင်းကြီးကျွန်းရေတပ်တွင် တပ်ပြေးများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ဟုဆို
==================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းရေတပ်စခန်းတွင် တပ်မှထွက်ပြေးသူများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါရေတပ်စခန်းမှ ထွက်ပြေးသည့်တပ်ပြေးများ များလာသည့်အတွက် အင်အားနည်းလာခြင်းဖြစ်သည်ဟု စစ်ကောင်စီနှင့်နီးစပ်သူက ပြောသည်။

"လူမသိသူမသိ တပ်ကထွက်ပြေးတာတွေ အများကြီးရှိတယ်။ ကိုကိုးကျွန်းကိုလည်း ဟိုင်းကြီးရေတပ်က အလှည့်ကျသွားထိုင်ရတယ်။ အဲ့တာတွေကြောင့် အခုသက်ကြီးရွယ်အိုတွေနဲ့ အိုနာကျိုးကန်းတွေပဲ ရှိတော့တယ်။တိုက်ပွဲဘာညာဖြစ်လာရင် ခံတောင်ပစ်ရဲမှာမဟုတ်ဘူး၊ အကုန်ပြေးမဲ့ရုပ်တွေ။ အဲ့တာကြောင့် ထပ်မပြေးအောင် ရေတပ်ချုပ်လာပြီး စည်းရုံးလိုက်၊ မင်းအောင်လှိုင်ကလာပြီး စည်းရုံးလိုက် လုပ်နေရတာပေါ့"ဟု ၎င်းကဆိုသည်။

ဟိုင်းကြီးရေတပ်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့ထွက်ပြေးစဥ် လက်နှက်ငယ်များကိုပါယူဆောင်သွားခြင်းမျိုးရှိသည်ဟုသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဟိုင်းကြီးကျွန်းရေတပ်မှ စစ်ကောင်စီတပ် သားနှစ်ဦး လက်နက်နှင့်အတူထွက်ပြေးခဲ့သည့်အတွက် စစ်ကောင်စီတပ်များ ပိုက်စိတ်တိုက် လိုက်လံဖမ်းဆီးခဲ့သည်။

ယင်းပြင် ယခုနှစ် သြဂုတ်လ ပထမပတ်အတွင်းက အဆိုပါ ရေတပ်စခန်းမှ စစ်ကောင်စီတပ်သား သုံးဦး ထပ်မံထွက် ပြေးသွားခဲ့သည့်အတွက် မြို့အဝင်အထွက်ဂိတ်များနှင့် ရေကြောင်းထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှုများပြု လုပ်ခဲ့သေးသည်။

ယခင်က ဟိုင်းကြီးကျွန်းရေတပ်စခန်းတွင် ရေတပ်ဗျူဟာ (၄)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပရခ(ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၃၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ဟိုင်းကြီးကျွန်းရေတပ်စခန်းမှ ထွက်ပြေးသည့် တပ်​ပြေးအများအပြားရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း အဆိုပါရေတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိသည်ဟု ဟိုင်းကြီးကျွန်းတွင်နေထိုင်သူတဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာသည့် ရဲနဲ့ စစ်သား စုစုပေါင်း ၁၆,၀၀၀ ဝန်းကျင်ရှိပြီဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ခုနှစ် ဧပြီလတွင်ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#NUG
#CDM
#ဟိုင်းကြီးကျွန်း
#Hardnews

#“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

ဓာတ်ပုံ - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စစ်ခေါင်းဆောင် ဟိုင်းကြီးကျွန်းရေတပ်စခန်းသို့လာရောက်စဥ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍7
​​လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကိုဝေဖန်သည့် တေးသံရှင်ဗျူဟာ ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခံရ
=========================

ဂျူချန်း
(မဇ္ဈိမ)။ ။စစ်ကောင်စီလက်ထက်တွင် လျှပ်စစ်မီးပုံမှန်မရရှိခြင်းကို ဝေဖန်ခဲ့သည့် တေးသံရှင်ဗျူဟာအား အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးက ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း ၎င်း၏မိသားစု ထံမှ သိရသည်။

“ဒီနေ့(ဩဂုတ်လ၂၃)မှာ အမိန့်ချလိုက်တာ ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင်က တရားခွင်မှာ စီရင်ချက်ချ တဲ့နေရာမှာ မရှိတဲ့လူပါ၊ သူများကြားသလိုပဲ ကြားရတာပါ” ဟု ဗျူဟာ၏ဖခင်ဖြစ်သူ တေးရေးနိုင်မြန်မာ ကမဇ္ဈိမကိုပြောသည်။

မေလ ၂၃ ရက်နေ့ ညပိုင်းတွင် တေးသံရှင်ဗျူဟာက ၎င်း၏ လူမှုကွန်ရက်တွင် စစ်ကောင်စီလက်ထက်၌ လျှပ်စစ်မီးရရှိခြင်းအခြေအနေကို အရပ်သားအစိုးရလက်ထက်နှင့်နှိုင်းယှဉ်၍ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ ပြီး နောက် မေလ ၂၄ ရက်နေ့ စစ်ကောင်စီက နေအိမ်သို့လာရောက်ဖမ်းဆီးသွားခဲ့သည်။

တေးသံရှင်ဗျူဟာ ဖမ်းဆီးခံရပြီးနောက် တစ်ပတ်ခန့်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရခဲ့ ပေ။ ယင်းနောက် ဖမ်းဆီးခံရပြီးသုံးလအကြာ ဩဂုတ် ၂၃ ရက်နေ့တွင် အင်းစိန်ထောင်တွင်းရှိ အထူး တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အပြင် နိုင်ငံအကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) တို့ဖြင့် ထောင် ဒဏ် နှစ် ၂၀ ချမှတ်လိုက်ခြင်းဖြစ်ပြီး မိသားစုနှင့်လည်းတွေ့ခွင့်မရကြောင်း ဇနီးဖြစ်သူ မခင်ချစ်ကြည်က ပြည်တွင်းမီဒီယာများတွင် ဖြေကြားထားသည်။

စစ်ကောင်စီအနေဖြင့် မူလက တေးသံရှင်ဗျူဟာကို အမြင့်ဆုံးထောင်ဒဏ်သုံးနှစ်အထိသာ ချမှတ်နိုင် သည့် ပုဒ်မ ၅၀၅(က)ဖြင့်သာ စွဲဆိုခဲ့သော်လည်း အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်သည့် ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုလိုက်ခြင်းသည် အငြိုးကြီးစွာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ဥပဒေပညာရှင်တဦးကသုံးသပ်သည်။

“သာမာန်ရိုးရိုးအမှုလို့မရှုမြင်ဘဲ အမြင့်ဆုံးပုဒ်မနဲ့ စွဲလိုက်တဲ့သဘောပေါ့။ စွဲဆိုတဲ့ပုဒ်မကတော့ ပြင်းထန် တယ်။ တကယ်ဆိုရင် ဒါမဖြစ်သင့်ဘူးပေါ့နော်။ ၁၂၄ နဲ့ကျတော့ ပစ်မှုနဲ့ ပစ်ဒဏ်မမျှဘူး” ဟု ဥပဒေပညာ ရှင်တစ်ဦးကမဇ္ဈိမကိုပြောသည်။

စစ်တပ်မှအာဏာသိမ်းလိုက်ပြီးနောက် မြန်မာနိုင်ငံတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆုံးရှုံးလာပြီး စစ်ကောင်စီက၎င်းတို့အား မထောက်ခံသူများကို ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ ၂၄,၄၁၀ ဦးရှိပြီး ၁၉,၈၉၅ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက် ၇,၁၇၅ ဦးသည် ထောင်ဒဏ်ချမှတ်ခြင်းခံ ထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။
စာတည်း။ ။စောဖေ

#တေးသံရှင်ဗျူဟာ
#အင်းစိန်ထောင်
#အထူးတရားရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢9👍8🔥2🤬2😁1
သြဂုတ်လ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

-စစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးတဲ့ ကုမ္ပဏီတွေကို အမေရိကန်ထပ်မံ အရေးယူတဲ့သတင်း
 
-ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ PDF ၁၀ ဦး အလင်းဝင်လာတယ်လို့ စစ်ကောင်စီဝါဒဖြန့်တဲ့သတင်း 

-အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း ၄
နိုင်ငံပူးတွဲချေမှုန်းမယ်ဆိုတဲ့သတင်း 

-နိုင်ငံကိုပြန်လာတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ဆေးရုံတက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/BTqsS5EH-sY?si=kZV5NDzdyP66I5uU

#2pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤣2
UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံ
===============

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူသားချင်း စာနာထောက်ထား ရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ဟာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ်နဲ့ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr Martin Griffiths နဲ့ သြဂုတ် ၂၁ ရက်မှာ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

သြဂုတ် ၁၅ ရက်နေ့က UNOCHA အကြီးအကဲ မစ္စတာ မာတင်ဂရစ်ဖစ်ဟာ နေပြည်တော်သို့သွားရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ယင်းတွေ့ဆုံမှုအပြီး NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရာ UN အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီနဲ့သာ ဆက်ဆံမှုပြုလုပ်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသားညီညွတ်ရေး အစိုးရအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ မြေပြင်ရှိ အရပ်ဖက်လူ့အဖွဲ့ အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအားလုံးနှင့် ပွင့်လင်းမြင်သာစွာ ဆက်ဆံသည့် တန်းတူညီမျှမှုရှိသည့် ဆက်ဆံရေးအား ကျင့်သုံးသွားရန် လိုအပ်ကြောင်းကို NUG ဝန်ကြီးများက တိုက်တွန်းပြောကြားခဲ့ပြီးနောက် အခုလိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးတွေက ကုလသမဂ္ဂ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီက လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို ကြိုးကိုင်ပြီး လက်နက်သဖွယ် အသုံးချ နေမှုကို ထောက်ကူပေးနေပြီး မြန်မာပြည်သူလူထုကတော့ စစ်ကောင်စီရဲ့ ဖန်တရာတေနေတဲ့ လိမ်စဉ်တွေ ကို ကောင်းစွာ နားလည်သဘောပေါက်ကြတယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။ 
 
စစ်ကောင်စီဟာတရားဝင်မှု ရရှိရေးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်း စဉ်တွေကို အလွဲ သုံးစားလုပ်ဖို့ အမြဲစဉ်းစားနေတာကို သတိပြုဖို့ လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး သတိပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCH A)အကြီးအကဲရဲ့ မြန်မာခ ရီးစဉ်ဟာ ပြည်သူတွေအတွက် တစုံတရာအကျိုးမဖြစ်စေဘဲ စစ်ကောင်စီအတွက် အသုံးချခံခဲ့ရတဲ့ခ ရီးစဉ်သာဖြစ်တယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၅၁၄ ဖွဲ့က ဩဂုတ်လ ၂၂ ရက် ရက်နေ့ထုတ်ပြန်ပါတယ်။

တရားဝင်ကိုယ်စားပြုသူတွေ၊အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံပြီးသာ ဆောင်ရွက်သင့်တယ်လို့လည်း ထောက်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် (၃၁) ရက်အထိ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိလာပြီ ဖြစ်ပြီး ယင်းအနက် လူဦးရေ ၁ ဒသမ ၆ သန်းနီးပါးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာသော ပဋိပက္ခနဲ့ မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း သိရပါတယ်။

https://youtu.be/u1KLCnc9zDE?si=bhe6Ch6Xmk5iU-d1

#Political News
#MizzimaTV
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁1🤮1
India's lunar spacecraft lands safely near the Moon's little-explored south pole, sparking wild celebrations and applause among technicians guiding the mission. India has become the first nation to land a spacecraft, the Chandrayaan-3, on the Moon’s south pole. Prime Minister Narendra Modi joined the celebrations via live broadcast from the sidelines of the BRICS diplomatic summit in South Africa. This was a historic triumph for the world's most populous nation and its ambitious, cut-price space programme.

https://youtu.be/k2jSX6q4fXU?si=Xi14B38UZQOuDhMM
👍4😁2
စစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးတဲ့ ကုမ္ပဏီတွေကို အမေရိကန်ထပ်မံ အရေးယူ
===============

မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ချိမှုမှာ တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို အမေရိကန် အစိုးရက ပိတ်ဆို့အရေးယူမှုအသစ်တွေ ထပ်မံချမှတ်လိုက်ပါတယ်။

စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေတဲ့ Shoon Energy ကုမ္ပဏီနဲ့ ကုမ္ပဏီ ပိုင်ရှင် ဒေါ်ခင်ဖြူဝင်း၊ အမေရိကန် အစိုးရက အရင် ပိတ်ဆို့အရေးယူမှု ချမှတ်ထားပြီးသား ဖြစ်တဲ့ Asia Sun ကုမ္ပဏီ အုပ်စုထဲက ကုမ္ပဏီ ၁၁ ခုရဲ့ ပိုင်ရှင် ဦဇော်မင်းထွန်းတို့ကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်ကြောင်း ဩဂုတ် ၂၃ ရက်နေ့က ကြေညာပါတယ်။

ဒါ့အပြင် အခု ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ ပါဝင်တဲ့ ဒေါ်ခင်ဖြူဝင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပိုင်ဆိုင်တဲ့ P.E.I Energy နဲ့ PEIA ကုမ္ပဏီတွေကိုလည်း ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းကြောင်း ကြေညာလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ လေယာဉ်ဆီ တင်ပို့ရောင်းချတဲ့ လုပ်ငန်းလုပ်ကိုင်နေသူတွေကို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့ ချမှတ်နေပြီး၊ မနေ့က ကြေညာချက်မှာလည်း မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူမှုနဲ့ ဖြန့်ဖြူးရောင်းချမှုအတွက် တာဝန်ရှိသူ နှစ်ဦးနဲ့ လုပ်ငန်း သုံးခုကို ပိတ်ဆို့အရေးယူတဲ့ စာရင်းမှာ ထည့်သွင်းလိုက်တာ ဖြစ်တဲ့အကြောင်း၊ ဒီလို ပိတ်ဆို့အရေးယူမှုတွေ တိုးချဲ့လိုက်ခြင်းအားဖြင့် စစ်ကောင်စီကို ပိုမိုဖိအားပေးရာရောက်ပြီး၊ မြန်မာပြည်သူတွေအတွက်လည်း ကူညီရာရောက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ မက်သရူး မေလာက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ပြည်သူများကို သတ်ဖြတ်မှုများ အရှိန်အဟုန်မြှင့်တင် သတ်ဖြတ်နေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုများကို ဆက်တိုက် ချမှတ်နေတာဖြစ်ပါတယ်။
အာဏာသိမ်းပြီး ကိုယ့်ပြည်သူကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖိအားပေးတဲ့ အနေနဲ့ အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေသုံးစွဲနေတဲ့ စစ်ကောင်စီရဲ့ ဘဏ်နှစ်ခုကို အရေးယူပိတ်ဆို့ ဒဏ်ခတ်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေး ဝန်ကြီးဌာနက ၂၀၂၃ ဇွန်လ ၂၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးခဲ့ရာမှာလည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်အပေါ် လေယာဉ်သုံးလောင်စာဆီနဲ့ ငွေကြေးတွေဖြတ်တောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ထပ်မံတောင်းဆိုထားပါတယ်။

လူ့အသက်တွေ ထပ်မံမဆုံးရှုံးဖို့နဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေ ရပ်တန့်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နောက်ဆက်တွဲ အရေးယူမှုတွေ စတင်ဆောက်ရွက်ဖို့ ဦးကျော်မိုးထွန်းက ပန်ကြားခဲ့ပါတယ်။

မြန်မာလူထုရဲ့ အသံကို နားထောင်ပြီး လုံခြုံရေးကောင်စီ အနေနဲ့ အရေးပါ တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်သူလူထုရဲ့ အသက်တွေကိုကယ်တင်နိုင်ဖို့ အချိန်မကျန်တော့ကြောင်း ဦးကျော်မိုးထွန်းက ထပ်မံသတိပေးခဲ့ပြီး မနှစ်က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ချက် အပြီးမှာလည်း စစ်အာဏာရှင်တွေဟာ လူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက်ကျူးလွန်နေကြောင်း ထောက်ပြခဲ့ပါတယ်။

https://youtu.be/v1xO1iA4jhU?si=INLmRlsX6P41aGVg

#Political News
#MizzimaTV
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏2🔥1🤣1
​​ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခဲ့သည့် ဦးထွန်းမြင့်အောင် YMBA အသင်းမှ ရာသက်ပန် ထုတ်ပယ်ခံရ
===============

ကီရာ

(မဇ္ဈိမ)။ ။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားဆွဲဆိုခဲ့သည့် ညီညီ ခေါ် ဦးထွန်းမြင့်အောင်သည် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)၏ အသင်းဝင်အဖြစ်မှ ရာသက်ပန် ထုတ်ပယ်ခံရသည်။

သြဂုတ်လ ၂၂ ရက်က ၎င်း၏ လူမှုကွန်ရက်မှတဆင့် “ဘုန်းကြီးကားဖြင့် ကေတီဗီ သွားကဲကြသည့် ညီအစ်ကိုမောင်နှမ တသိုက် သောက်လဲသောက် ဆိုလဲဆို ကလဲကပေါ့”ဟု ရေးသားထားခဲ့သည်။ 

ထိုသို့လူမှုကွန်ရက်ပေါ်တင်ပြီး နောက်ရက် သြဂုတ်လ ၂၃ ရက်တွင် “ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) အသင်းဝင်အမှတ် _ ရာ/၄၈၉၈ ဦးထွန်းမြင့်အောင် (နိုင်ငံသားမှတ်ပုံတင်အမှတ် -၁၂/မရက(နိုင်)—————)သည် ဤအသင်းကြီး၏ အကျိုးစီးပွားကို ထိခိုက်စေသော အကြောင်းကိစ္စများ လုပ်ဆောင်နေကြောင်း တွေ့ရှိရသဖြင့် YMBA အလုပ်အမှုဆောင်အဖွဲ့၏ အထူးအစည်းအဝေးဆုံးဖြတ်ချက် (၁)အရ အထက်ပါ ဦးထွန်းမြင့်အောင်အား ၂၀၂၃ခုနှစ် သြဂုတ်လ ၂၃ရက်နေ့မှ စ၍ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ရာသက်ပန် အသင်းဝင်အဖြစ်မှ ထုတ်ပယ်လိုက်သည်”ဟု ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)က ထုတ်ပြန်ခဲ့သည်။ 

ဦးထွန်းမြင့်အောင်သည် လူမှုကွန်ရက်ပေါ်တင်ရာတွင် လုံခြုံစိတ်ချရသော Music Zoneကို ၎င်းတို့ကဲဖို့ အထူးစီစဉ်ပေးပါသော အေးမြင့်သာယာ အုပ်ချုပ်ရေးမှူးအစ်ကိုကြီးကို အထူးကျေးဇူးတင်ကြောင်းနှင့် အဆိုပါ ကေတီဗီသို့ သွားရောက်ကြသူများမှာ ဦးထွန်းမြင့်အောင် ၊ နောင်နောင်၊ ဒေါ်ကရင်မ၊ ဒေါ်ယွန်းနှင့် ဒေါ်ယဉ်မင်းပိုက်တို့ ဖြစ်ကြောင်း အမည်များ ရေးသားထားခဲ့ပြီး ၎င်းတို့ သီချင်းဆို ကခုန်နေသည့် ခုနစ်မိနစ်ကျော် ဗီဒီယို နှင့် သုံးမိနစ်ကျော်ဗီဒီယိုကို ပူးတွဲတင်ထားခဲ့သည်။
ထိုဗီဒီယိုအား အများက ဝိုင်းဝန်းဝေဖန်၍ “ဘုန်းကြီးကားဖြင့် ကေတီဗီသွားကဲကြသည်” ဆိုသော စာသားကို ၎င်းက ပြန်လည်ပြင်ဆင်ရေးသားခဲ့သည်။ 

ဦးထွန်းမြင့်အောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ( နေပြည်တော် )၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူတစ်ဦးဖြစ်ပြီး ရန်ပွဲတစ်ခုကြောင့် ထောင်ကျခဲ့ရာမှ NLD ပါတီနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သူဖြစ်သည်။ ၎င်းသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်က သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖောက်ဖျက်မှုဖြင့် တရားစွဲ အမှုဖွင့်ခဲ့ပြီး ထိုလုပ်ဆောင်မှုသည် နိုင်ငံရေး၊ အမျိုးသားရေးတွင် သမိုင်းလှရန် ၊သမိုင်းကျန်ရန်အတွက်ဟု ၎င်းကိုယ်တိုင် ပြောဆိုခဲ့သည်။ 

ထို့အပြင် ၎င်းသည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် နေအိမ် ဗုံးခွဲ ခံရမှုကိုလည်း ကြုံတွေ့ခဲ့ရပြီး ၎င်းနှင့် ၎င်းမိသားစုများအား စစ်ကောင်စီက လုံခြုံရေးပေးရန် တောင်းဆိုခဲ့သော်လည်း ရရှိခြင်း မရှိခဲ့ကြောင်း ၎င်းကိုယ်တိုင် ပြောဆိုထားခဲ့သည်။

သို့သော် လတ်တလောတွင် ဦးထွန်းမြင့်အောင်သည် ပြည်ထဲရေးအစောင့်အရှောက်ဖြင့် နေထိုင်နေသူတစ်ဦးဖြစ်ပြီး ပြည်ထဲရေးကို ပိုင်နိုင်နေသည့်အတွက် အမျိုးဘာသာကို ပြန်လည်စော်ကားနေသူတစ်ဦးဖြစ်သည်ဟု ဝေဖန်ခံနေရသည်။ 

 ဦးထွန်းမြင့်အောင်သည်” လူကြီး တစ်ဦး ၁,၀၀၀ များလို့လား များလည်း ဘာဖြစ်လဲ။ ၁၀,၀၀၀ လည်း ဘာဖြစ်လဲ ။ ဗလီဆောက်နေတာ မဟုတ်ဘူး ။ ကုလားကို ကျွေးနေတာ မဟုတ်ဘူး ။ ဘင်္ဂလီကို ကျွေးနေတာ မဟုတ်ဘူး။ ဘင်္ဂလီအတွက် လုပ်ပေးနေတာ မဟုတ်ဘူး ။ ကိုယ့်ဘာသာ ဒီဘုရားအတွက်ပဲ သွားမှာ ဘာတွေ လာဖောင်းထုနေတာလဲ “ဟု မာရဝိဇယဘုရား ဝင်ကြေးကောက်တာနဲ့ ပတ်သက်၍ Live လွင့်ပြောဆိုခဲ့သည့် အမျိုးသားရေး ၊ ဘာသာရေး အစွန်းရောက်သူလည်း ဖြစ်သည်။ 

ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ညီညီ(ခ) ဦးထွန်းမြင့်အောင် ဦးဆောင်သည့် အဖွဲ့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နေပြည်တော်သို့ ၎င်းတို့၏ လုံခြုံရေးအကာအကွယ်ပေးရန် အသနားခံစာများကို လဝ(လျှို့ဝှက်) ပေးပို့ခဲ့ကြသေးသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#YMBA
#ဦးထွန်းမြင့်အောင်

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11👏4❤2😁2🔥1
မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးသတ်ဖြတ်ခံရမှု ပါဝင်သူ ၇ဦးကို သေဒဏ်အပါ ပုဒ်မ ၃ခုဖြင့် NUG တရားရုံးတွင် စွဲဆို
🤬5👍3🤣2
မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးသတ်ဖြတ်ခံရမှု ပါဝင်သူ ၇ဦးကို သေဒဏ်အပါ ပုဒ်မ ၃ခုဖြင့် NUG တရားရုံးတွင် စွဲဆို
================

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဩဂုတ်လ ၁၀ရက်က ဖြစ်ခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးအား သတ်ဖြတ်မှု၌ ပါဝင်သူ ခုနစ်ဦးကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မအပါအဝင် ပုဒ်မ သုံးခုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင်တရားစွဲဆိုလိုက်သည်။

မုံရွာမြို့၊ထန်းတောကျွန်းဆွယ်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးမအေးငြိမ်းသူသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ရက်နေ့ နံနက်တွင် ၎င်း၏ နေအိမ်အတွင်း လက်နက်ကိုင်လူတစု၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုအမှုတွင် ပါဝင်ပတ်သက်သူ အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးထားပြီး မုံရွာမြို့နယ်လုံခြုံရေးအဖွဲ့က အမှုတည်ဆောက်ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တရားရုံးတွင် ပုဒ်မသုံးခုဖြင့် တရားစွဲလိုက်သည်ဟု မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊လုံခြုံရေးနှင့်ကာကွယ်ရေးကော်မတီက ယမန်နေ့ ဩဂုတ်လ ၂၃ရက်တွင် ထုတ်ပြန်သည်။

တရားစွဲဆိုလိုက်သည့် အမှုများမှာရာဇသတ်ကြီးပုဒ်မ ၃၉၅(ဓါးပြမှု)၊ ပုဒ်မ ၃၉၆ (လူသတ်မှုပါသော ဓားပြမှု)၊ပုဒ်မ ၃၉၇( သေစေရန်ဖြစ်စေ၊ အပြင်းအထန်နာကျင်စေရန်ဖြစ်စေ၊ အားထုတ်မှုပါသော လုယက်မှု(သို့တည်းမဟုတ်)ဓားပြမှုတို့ဖြစ်သည်။ရာဇသတ်ကြီးပုဒ်မ ၃၉၆အား ကျူးလွန်သူကို သေဒဏ်ဖြစ်စေ၊ တသက်တကျွန်းဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ၁၀နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ ပုဒ်မ ၃၉၅၏ ပြစ်ဒဏ်တွင်လည်းတသက်တကျွန်းဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ၁၀နှစ်အထိ ထောင်ဒဏ်ဖြစ်စေချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

မီးဖွားရန် ရက်ပိုင်းသာလိုတော့သည့် အသက်(၂၅)နှစ်အရွယ်မအေးငြိမ်းသူသည် သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ဝမ်းဗိုက်ထဲမှ ကလေးလည်း သေဆုံးသွားခဲ့သည်ဟု သိရသည်။ သတ်ဖြတ်မှုကို ကျူးလွန်သူများက ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တစီးလည်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။

အဆိုပါအမှုကို ကျူးလွန်သူများမှာ ကျွဲကြီး(ခ) ဘိုငွေ၊ ပြုံးကြီး (ခ) ကျော်စိုးထွန်း၊ အောင်ကြီး (ခ) အောင်မြင့်ခိုင်၊ ဘဂျမ်း (ခ) ကျော်သူစံ၊ တက်တူး(ခ) မိုးမင်းထက်၊ ကရင်(ခ) အောင်ဆန်းဦး၊ ကျားလေး(ခ) ဝင်းမင်းထက်တို့ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့၊လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ကျူးလွန်သူများမှာ ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တခုမှ အဖွဲ့ဝင်များဖြစ်ကြောင်းသတင်းများထွက်ပေါ်နေပြီး အသေးစိတ်ကို မဇ္စျိမအနေဖြင့် မသိရှိရသေးပေ။

"အကျဥ်းထောင်တခုမှာ ထိမ်းသိမ်းထားပြီး လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး တရားစီရင်ရေး အစီအမံများအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

မအေးငြိမ်းသူ၏ ဈာပနကို မုံရွာမြို့တွင် ဩဂုတ်လ ၁၂ရက်က ပြုလုပ်ခဲ့ရာ မြို့ခံအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြပြီး တရားမျှတမှုရှိရေးအတွက်တောင်းဆိုခဲ့ကြသည်။

စာတည်း - အေးချမ်း
#mizzima
#မုံရွာမြို့
#ကိုယ်ဝန်ဆောင်အမျိုးသမီး
#NUGအစိုးရတရားရုံး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🤣4❤3😢2🤬1
Media is too big
VIEW IN TELEGRAM
UNOCHA အကြီးအကဲက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံပြီးနောက် NUG ဝန်ကြီးများနဲ့ အွန်လိုင်းမှတွေ့ဆုံ

Watch more detail - https://youtu.be/u1KLCnc9zDE#UNOCHA

#အာဏာသိမ်း စစ်ခေါင်းဆောင်#NUG #VideoNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
❤13😁1🤮1
​​စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသူ ၂ ဦးနှင့် ကုမ္ပဏီ ၃ ခုကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့
===================

001
မဇ္စျိမ။ ။ မြန်မာပြည်သူများအား လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေသည့် စစ်ကောင်စီအတွက် ဂျက်လေယာဉ်ဆီဝယ်ယူဖြန့်ဖြူးပေးရာတွင် ပါဝင်ပတ်သက်သူ နှစ်ဦးနှင့် ဆက်စပ်ကုမ္ပဏီ သုံးခုကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထပ်တိုးထည့်သွင်းလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဌာနက ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသည့် Shoon Energy ကုမ္ပဏီနှင့် ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ဖြူဝင်း ၊ ၎င်းမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်သော P.E.I Energy နှင့် PEIA ကုမ္ပဏီတို့အား ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် Asia Sun Group ကုမ္ပဏီများထဲမှ ကုမ္ပဏီ ၁၁ ခု၏ ပိုင်ရှင် ဦးဇော်မင်းထွန်းကိုလည်း အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထပ်မံထည့်သွင်းလိုက်ကြောင်း သိရသည်။

စစ်ကောင်စီအတွက် အရေးကြီးသည့် နောက်ထပ် ကဏ္ဍတစ်ရပ်အပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုကို ချဲ့ထွင်ခြင်းဖြစ်ကာ အရပ်သားပြည်သူများအပေါ် နှိပ်စက်ညှဥ်းပန်းနေသည့် စစ်ကောင်စီ၏ ရင်းမြစ်များကို ထပ်ပြီး ဆုံးရှုံးစေခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးစုံစမ်းစစ်ဆေးမှုဌာန၏ လက်ထောက်အတွင်းရေးမှူး ဘရိုင်ယန် နယ်လ်ဆန်က ကြေညာချက်တွင် ထည့်သွင်း ပြောကြားခဲ့သည်။

စစ်ကောင်စီအတွက် လေယာဥ်ဆီတင်သွင်းပေးနေသူများ
အား ပိတ်ဆို့ အရေးယူမှုများ ချမှတ်မှုအပေါ် ကြိုဆိုကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက မဇ္စျိမကိုပြောသည်။

"အဲ့ဒီလိုမျိုး ပိတ်ဆို့အရေးယူတာကို ကျွန်တော်တို့က ကြိုဆိုတယ်။ ဘာလို့လဲဆို ကျွန်တော်တို့မြေပြင်မှာက တရားမျှတမှုအတွက်ပဲ တိုက်နေတယ်။ ပြီးတဲ့အခါမှာ ဒီလေယာဥ်နဲ့က စစ်ပွဲထဲမှာပဲ အသုံးပြုတာမျိုး မဟုတ်ဘဲ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့အရပ်သားတွေပေါ့နော်။ အရပ်သားပြည်သူတွေကိုပါ သူတို့က (စစ်ကောင်စီ) ရန်သူသဖွယ်သတ်မှတ်ထားပြီးတော့မှ ဒါတိုက်ခိုက်နေတာမျိုးတွေ လုပ်တဲ့အတွက် ဒါက စစ်ရာဇဝတ်မှု တော်တော်လေးကို ပြောင်ပြောင်တင်းတင်းလုပ်နေတယ်လို့ပြောလို့ရတယ်။ ဒီလိုမျိုး လုပ်ဆောင်နေတဲ့အထဲမှာမှ အဲ့ဒီလိုမျိုး အဓိက ပါဝင်နေတဲ့ လေယာဥ်ပေါ့လေ။ လေကြောင်း တိုက်ခိုက်မှုတွေကို အဓိကအထောက်အကူပြုနေတဲ့ လေယာဥ်ဆီပုံစံမျိုးပေါ့နော် အဲ့ဒီလိုမျိုးတင်သွင်းတာတွေဘာတွေကို ပိတ်ဆို့အရေးယူတာမျိုးကိုတော့ ကျွန်တော်တို့ KNDFအနေနဲ့ကြိုဆိုပါတယ်"ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် မြန်မာပြည်သူများကို ဖိနှိပ်ရာ၌ လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်မှုများကို ပို၍ အားထားလာနေပြီး မကြာသေးခင်ကလည်း စစ်ကိုင်းတိုင်းရှိ ညောင်ကုန်းကျေးရွာအနီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ပြီးခဲ့သည့် ဧပြီလနှင့် ဇွန်လအတွင်း စစ်ကိုင်းတိုင်းတွင် အမျိုးသမီးနှင့်ကလေးသူငယ်များအပါအဝင် အရပ်သား ၈၀ အထိ သေဆုံးခဲ့ရကြောင်းလည်း အမေရိကန် ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာသိမ်းချိန်မှစပြီး အရပ်သားပြည်သူ ၃,၉၀၀ ကျော်ထက်မနည်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့ပြင် ယခု ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အုပ်ချုပ်ရေးကြေညာခံရသည့် မြို့နယ် ၄၀ တွင် မတ်လမှ မေလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု စံချိန်တင်မြင့်မားခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ ISP Myanmar ၏ ဩဂုတ်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#အမေရိကန်ဒဏ်ခတ်အရေးယူ
#လေယာဉ်ဆီ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏3😁3
Media is too big
VIEW IN TELEGRAM
စစ်တပ်အတွက် လေယာဉ်ဆီဝယ်ပေးတဲ့ ကုမ္ပဏီတွေကို အမေရိကန်ထပ်မံ အရေးယူ

Watch more detail - https://youtu.be/v1xO1iA4jhU

#ကုမ္ပဏီ#လေယာဉ်ဆီ#အမေရိကန် #VideoNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍11😁2
အွန်လိုင်းမှလိမ်လည်မှုကျူးလွန်တဲ့ရာဇဝတ်မှုများကိုတရုတ်မြန်မာလာအိုထိုင်း၄နိုင်ငံပူးတွဲချေမှုန်းမည်
===================

မြန်မာနိုင်ငံအခြေစိုက် ဆိုင်ဘာရာဇဝတ်မှုဂိုဏ်းတွေကိုချေမှုန်းဖို့ တရုတ်က ထိုင်း၊လာအိုတို့နဲ့ အလုပ်အတူလုပ်မယ်လို့ ပြောလိုက်တယ်လို့ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံရုံးက သတင်းထုတ်ပြန် လိုက်ပါတယ်။

ထိုင်းနဲ့လာအိုသံအမတ်ကြီးတွေနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်း Chen Hai က အင်္ဂါနေ့က ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ အွန်လိုင်း လောင်းကစားတွေနဲ့ လိမ်လည်မှုတွေဟာ အများပြည်သူရဲ့ အသက်နဲ့ အိုးအိမ်ဥစ္စာတွေကို အလွန်အမင်း ထိခိုက်ပျက်စီးစေတာကြောင့် အလိမ်ခံရသူတွေကို ရှာဖွေကယ်တင်ပြီး လောင်းကစားဂိုဏ်းတွေကို ချေမှုန်းရာမှာ အထောက်အကူပြုဖို့ မြန်မာစစ်ကောင်စီနဲ့ ကြိုးစားပေါင်းစပ်ညှိနှိုင်းမယ်လို့ ကြေညာချက်က ပြောထားပါတယ်။

အွန်လိုင်းလိမ်လည်နေသူတွေနဲ့ လူကုန်ကူးမှုကျူးလွန်သူတွေကို တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေက တာဝန်ရှိသူတွေ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးအပြီး ကြေညာချက်ထွက်လာတာလို့ တရုတ်နိုင်ငံအခြေစိုက် South China Morning Post သတင်းက ဖော်ပြပါတယ်။

ဆိုင်ဘာ ရာဇဝတ်မှုဂိုဏ်းတွေကို စုံစမ်း ချေမှုန်းနိုင်ဖို့အတွက် နိုင်ငံ ၄ နိုင်ငံ က ပေါင်းစပ်ညှိနှိုင်းရေးဌာနတခုကို ချင်းမိုင်မှာ ဖွင့်လှစ်မှာပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုဒေသ၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ဝတပ်ဖွဲ့ UWSA ထိန်းချုပ်တဲ့ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်ဒေသက ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေတာပါ။
မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေဟာ တရုတ်-ထိုင်း-မြန်မာ-လာအိုနိုင်ငံသားတွေအပြင် အာဆီယံဒေသတွင်းနိုင်ငံကသူတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာဖမ်းမိတဲ့ အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှု ဂိုဏ်းခေါင်းဆောင်အပါအဝင် တရုတ်နိုင်ငံသား နှစ်ဦးကို စစ်ကောင်စီ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ ရန်ကုန်လေဆိပ်ကတစ်ဆင့် သြဂုတ်လ ၂၃ ရက် မနက်ပိုင်းမှာ လွှဲပြောင်းပေးခဲ့တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၄ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးကို ရန်ကုန်မြို့ကနေ အင်ဒိုနီးရှားနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

အလားတူ ဒီနှစ်ဇွန်လအတွင်းမှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း ကျူးလွန်တယ်ဆိုတဲ့ တရုတ်နိုင်ငံသား ခြောက်ဦးကို မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

https://youtu.be/yknub9163MM?si=ecWJKhEdIfdgVTNy

#Political News
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
❤6👏2👍1
တရုတ်ကုမ္ပဏီများကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်
==================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ တရုတ်ကုမ္ပဏီများဖြစ်သော မြန်မာဝမ်ပေါင် ၊ မြန်မာယန်စီကုမ္ပဏီများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ဩဂုတ်လ ၂၄ရက် ယနေ့တွင် ပြုလုပ်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲ လုပ်နေတာ ချက်ချင်းရပ်” စာတန်းကို ကိုင်ဆွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင် ၊ ယန်စီကုမ္ပဏီများ၏ လုပ်ငန်းခွင်တွင် စစ်ကောင်စီတပ်များ စခန်းချရာ နေရာများဖြစ်ပြီး ယင်းနေရာများမှ အပြင်ထွက်၍ ပြည်သူများကို သတ်ဖြတ် ၊ နေအိမ် မီးရှို့ဖျက်ဆီး မုဒိမ်းကျင့် စသည့် လူမဆန်သောလုပ်ရပ်များလုပ်ကိုင် ဆောင်ရွက်နေပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေသောကြောင့် လက်မခံဘဲ သပိတ်မှောက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း ၈၈၅ ရက်မြောက် ချီတက်ခဲ့ခြင်းဖြစ်သည်။

#mizzima
#ယင်းမာပင်
#ဆားလင်းကြီး
❤9👍3😁3
၅ ပတ်ဆက်တိုက် မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေး | Business Round Up (24.8.2023)
==================

- ၄ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှုးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ၅ဝဝ ခန့် CDM လုပ်ဆောင်ခဲ့

- ၅ ပတ်ဆက်တိုက် မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေး

- နိုင်ငံပိုင်ဘဏ်များအပေါ် အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်မှုကြောင့် ထိခိုက်နစ်နာကြောင်း စစ်ကောင်စီဝန်ခံ

- ပြည်တွင်း ကြက်သွန်နီဈေးနှုန်း အမြင့်ဆုံးသို့ရောက်လာ

https://youtu.be/YmJLnuxOEXc?si=K6-9DiZiPWbN4O2Z
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥2
ရေဦးမြို့နယ် ကျောက်တိုင်ကျေးရွာအနီး တိုက်ပွဲတွင် စစ်သား ၃ ဦးသေဆုံး
===================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ် ၊ အောင်သာပျူရွာမှ ရိက္ခာရှာ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သား သုံးဦးသေဆုံးကာ ပျူစောထီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) စေတန် တပ်ခွဲထံမှ သိရသည်။

အဆိုပါ တိုက်ပွဲသည် ဩဂုတ်လ ၂၂ ရက် နေ့လယ် ၂ နာရီ အချိန်တွင် ဖြစ်ပွားခဲ့ပြီး မိနစ် ၄၀ ခန့်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း စေတန်တပ်ခွဲမှူးက ပြောသည်။

“ စစ်သားနှင့်ပျူ အင်အား ၂၀ လောက်ကို သာလွန်အင်အားနဲ့ ချုံခို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မျက်မြင် စစ်သား သုံးဦးသေဆုံးပြီး ပျူစစ်သား နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ် “ ဟု ၎င်းတပ်ခွဲမှူးက ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း အောင်သာပျူကျေးရွာမှ ၆၀ မမ လက်နက်ကြီးများ ၊ စက်လတ်များဖြင့် ပစ်ကူပေးခဲ့သည့်အတွက် ဒေသကာကွယ်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို MRDA စေတန်တပ်ခွဲ ၊ ကန့်ဘလူ ခရိုင် ပ.က.ဖ ၊TGYR ၊ ဗေဒါကြီး အဖွဲ့နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အောင်သာ ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များ၏ ရန်ကြောင့် ၎င်းကျေးရွာနှင့်နီးစပ်သည့် ကျောက်တိုင်ကျေးရွာမှ ဒေသခံပြည်သူများ စစ်ရှောင်နေရကြောင်းသိရသည်။

https://youtube.com/shorts/Xtdze-XQQG4?si=HMDfX1fRzSCKWZM6

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ပျူစောထီးကျေးရွာ
#စစ်ကောင်စီတပ်
#ရေဦးမြို့နယ်
#Hardnews
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤9👍5😁2