Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ပထမရီပတ်ဗလစ်ကန်စကားစစ်ထိုးပွဲ သုံးသပ်ချက် | VOA On Mizzima
==================

လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲအတွက် ပထမဆုံးကျင်းပတဲ့ ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲကို Winsconsin ပြည်နယ် Milwaukee မြို့ မှာ ကျင်းပပြီး ကိုယ်စားလှယ်လောင်း ၈ ယောက် ပါဝင် ဆွေးနွေးပွဲပါတယ်။ လူထုစစ်တမ်းတွေမှာ ရှေ့ဆုံးက ပြေးနေတဲ့ သမ္မတဟောင်း Donald Trump ပါဝင်ခြင်း မရှိပေမဲ့လည်း သူနဲ့ပတ်သက်တဲ့ သဘောထားမှတ်ချက်တွေက စကားစစ်ထိုးပွဲရဲ့ အဓိက အကြောင်းအရာတွေထဲက တခုဖြစ်ခဲ့ပါတယ်။ လေ့လာသူတွေကတော့ လက်ရှိ ယှဉ်ပြိုင်နေသူတွေဟာ သမ္မတဟောင်း Donald Trump ကိုကျော်ပြီး ပါတီကိုယ်စားပြု သမ္မလောင်းဖြစ်နိုင်ဖို့ မလွယ်ဘူးလို့ သုံးသပ်ပါတယ်။ VOA သတင်းထောက် Steve Herman ရဲ့ သတင်းပေးချက်နဲ့အတူ ဦးသိန်းထိုက်ဦး တင်ဆက်ထားပါတယ်။

https://youtu.be/ZdMIRxI_Sd8?si=hnjroDLV4-o7KtrR
  
#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥1
​​ကိုင်လီယန် အမ်ဘာပေ - ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပီအက်စ်ဂျီတိုက်စစ်မှူးအတွက် နွေရာသီအပြောင်းအရွှေ့ကို ၁၀၀ ရာခိုင်နှုန်း ပယ်ချ
=====================

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ကာလို အန်ဆယ်လော့တီဟာ ဒီနွေရာသီမှာ ပဲရစ်စိန့်ဂျာမိန်းမှ တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုထားပြီး လာလီဂါအသင်းဆီး ပြောင်းရွှေ့နိုင်မယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေခဲ့တာပါ။
ပီအက်စ်ဂျီတို့ဟာ လာမယ့်နှစ်မှာ သူ့ရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ သူ့ကို အလွတ်နဲ့ လက်လွတ်ဆုံးရှုံးရမယ့် အန္တရာယ်ထက် ပြင်သစ်အသင်းခေါင်းဆောင်ကို ရောင်းချဖို့ လမ်းဖွင့်ထားခဲ့တယ်လို့ ယုံကြည်ရပါတယ်။

အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ မေးမြန်းရာမှာ အန်ဆယ်လော့တီက "No၊ ကျနော် အဲဒါကို ၁၀၀ ရာခိုင်နှုန်း ပယ်ချပါတယ်"လို့ ပြောပါတယ်။

"ကျနော်တို့ရဲ့ လူစာရင်းက ပိတ်သိမ်းသွားပြီလို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ရဲ့ကစားသမားတွေက ကျနော်တို့ရဲ့ရာသီအတွက် စဉ်းစားနေပါတယ်။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အမ်ဘာပေဟာ လော်ရီယန့်နဲ့ ကစားခဲ့တဲ့ ကလပ်ရဲ့ ရာသီအဖွင့်ပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့ အပတ်က ပီအက်စ်ဂျီနဲ့ တူးလူးတို့ ၁-၁ သရေကျခဲ့တဲ့ ပွဲမှာ လူစားလဲဝင်ရောက်လာပြီးနောက် ပင်နယ်တီတစ်လုံးသွင်းယူခဲ့ပါတယ်။

အယ်-ဟီလာအသင်းဟာ အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်ပေါင် ၂၅၉ သန်းနဲ့ ကမ်းလှမ်းခဲ့ရပြီးနောက် ဇူလိုင်လမှာ ပီအက်စ်ဂျီက ဆော်ဒီအာရေးဗီးယားကလပ်ကို ကစားသမားနဲ့ ဆွေးနွေးပြောဆိုခွင့်ပေးခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကိုင်လီယန် အမ်ဘာပေအတွက် အယ်လ်ဟီလာအသင်း 'ပေါင် ၂၅၉ သန်း' ကမ်းလှမ်းမှုပြုလုပ်

ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုခဲ့ပြီးနောက် အမ်ဘာပေရဲ့ အနာဂတ်ဟာ သံသယကြီးစရာဖြစ်နေ

ပီအက်စ်ဂျီဥက္ကဌ နာဆာ အယ်လ်ခါလိုင်ဖီကတော့ ဘာမှ မရဘဲ တိုက်စစ်မှူးကို ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပြီး အမ်ဘာပေကို မူလမျှော်မှန်းထားတဲ့အတိုင်း သူ့ရဲ့လက်ရှိစာချုပ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖွယ်ရှိတယ်လို့ ယူဆနေပါတယ်။

ဒီစာချုပ်က၂၀၂၅ အထိ ရှိမှာဖြစ်ပြီး ပီအက်စ်ဂျီက အမ်ဘာပေကို လာမယ့် နွေရာသီမှသာ ရီးယဲလ်ထံ ရောင်းချခွင့်ပြုမှာဖြစ်ပါတယ်။
အမ်ဘာပေဟာ ၂၀၁၇ မှာ မိုနာကိုကနေ ပီအက်စ်ဂျီကို ယူရိုသန်း ၁၈၀ (ပေါင် ၁၆၅.၇ သန်း)နဲ့ မပြောင်းရွှေ့ခင် ကနဦးမှာ အငှားနဲ့ သွားရောက်ခဲ့ပြီး သူဟာ ၂၆၁ ပွဲမှာ ကလပ်စံချိန်တင် ၂၁၃ ဂိုးသွင်းယူထားပါတယ်။
👍9
ကပ်ရောဂါလွန် ထိုင်းစီးပွားရေးလုပ်ငန်းအခြေအနေ | VOA On Mizzima
===================

ထိုင်းနိုင်ငံရဲ့ စီပွားရေးလုပ်ငန်းတွေအနေနဲ့ ကိုဗစ်ကာလနောက်ပိုင်း ပြန်ပြီး ဦးမော့လာနိုင်အောင် အဖက်ဖက်က ကြိုးစားနေပေမယ့် အခုချိန်ထိ တချို့လုပ်ငန်းတွေမှာ ဆုံးရှုံးမှုတွေ များလာတာကြောင့် ပိတ်သိမ်းလိုက်ရတာတွေရှိလာပါတယ်။ ဒီအခြေအနေတွေက ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင်တွေ အလုပ်သမားတွေမှာရော ဘယ်လောက်ထိ သက်ရောက်မှုတွေရှိနေပါလဲ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကနေ မညိုညိုလွင် သတင်းပေးပို့ထားပါတယ်။

https://youtu.be/LsWJDkteRxY?si=ghMOSCqt_rHEir1Q

#VOA
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6
ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ်က အလှမ်းကျယ်တဲ့ တိုးတက်မှုတွေအတွက် ကတိပြုခဲ့ပေမဲ့ ရေရာတဲ့အစီအမံတွေ ချမပြခဲ့
===================

https://youtu.be/FDEpni2I16s?si=oQypOk7dhwJnpeV8

#InternationalNews
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁3🔥1
ဩဂုတ်လ (၂၅) ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=========================

00:55- ဘုတလင်မှာ သံဃာ ၃ ပါး ပျောက်ဆုံးနေလို့ ပကဖ စုံစမ်းစစ်ဆေးနေတဲ့ သတင်း

02:08- ကရင်နီပြည်မှာ ပညာသင်ခွင့်ဆုံးရှုံးနေသူတွေအတွက် အခမဲ့ပညာရေးအစီအစဉ်ဖော်ဆောင်နေတဲ့ သတင်း

04:49- မြိတ်မြို့က စွန့်ဦးတီထွင် အုန်းဆံမျှင်အလှပန်းအိုးတွေ ဈေးကွက်မှာ စတင်ဖြန့်ချီနေတဲ့ သတင်းနဲ့

09:15- ရွေးကောက်ပွဲဝင်ဖို့အတွက် အီးယူကော်မရှင်ဒုဥက္ကဌ ရာထူးမှနုတ်ထွက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/2TEIrrmDdmc?si=keEnHoxObqNLkE3W

#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁1
Media is too big
VIEW IN TELEGRAM
ကမ္ဘောဒီးယားဝန်ကြီးချုပ်သစ်က အလှမ်းကျယ်တဲ့ တိုးတက်မှုတွေအတွက် ကတိပြုခဲ့ပေမဲ့ရေရာတဲ့အစီအမံတွေ ချမပြခဲ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Cambodia
👍4🔥1
ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးပိတ်ဆွေးနွေးမှုပြုလုပ်ပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်
================

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးကို တံခါးပိတ်ဆွေးနွေးမှုတစ်ရပ် ယမန်နေ့က ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ဩဂုတ်လ ၂၃ရက်နေ့က ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေးကို တံခါးပိတ်ဆွေးနွေးခဲ့ပြီးနောက် တရုတ်နဲ့ ရုရှားကလွဲပြီး ကျန် ၁၃နိုင်ငံက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့အရေး ငြိမ်းချမ်းသောအဖြေတစ်ခုရှာဖို့၊ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့နဲ့ လုံခြုံရေးကောင်စီမှာ ဖြစ်နိုင်ဖွယ်နည်းလမ်းအားလုံး အသုံးချဖို့ စတဲ့ကတိကဝတ်တွေ မီးမောင်းထိုးပြရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ ဝင် ၁၂ နိုင်ငံနဲ့ ပူးပေါင်းရတဲ့အတွက် အမေရိကန်နိုင်ငံက စိတ်ကျေနပ်ရတယ်လို့ အမေရိကန်သံအမတ်ကြီး သောမတ်လင်ဒါဂရင်းဖီးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ၊ လူနေဧရိယာတွေမှာ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခြင်းအားဖြင့် စစ်ကောင် စီဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အ ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒီလို လုပ်ဆောင်မှုကြောင့် စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော် ကာလအတွင်း လူပေါင်း ၁.၆ သန်း ကျော်လောက် အစုလိုက် အိုးအိမ်ရွှေ့ပြောင်းမှုတွေတွေ့လာရတာပါ။

လူ့အခွင့်ရေးကောင်စီက လုပ်ပိုင်ခွင့်ပေးထားတဲ့ မြန်မာဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ IIMM ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း မြန်မာစစ်ကောင်စီရဲ့စစ်တပ်နဲ့ ဆက်နွယ်နေတဲ့လက်နက်ကိုင်အဖွဲ့တွေဟာ အရပ်သားနေထိုင်ရာနေရာတွေကို အင်အားအလွန်အကျွံသုံးပြီး ဘာမှခွဲခြားမနေဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပါအဝင် စစ်ရာဇဝတ်မှုတွေကို မရှက်မကြောက် တိုးပြီး ကျူးလွန်နေကြောင်း ခိုင်လုံတဲ့ အထောက်ထားတွေ ရှိနေပါတယ်။

ခေါင်းမာမာနဲ့ လူ့အခွင့်ရေးချိုးဖေါက်နေတဲ့ စစ်အာဏာရှင်ကို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ မှာဖေါ်ပြထားတာ ထက်ပိုတဲ့ အရေးယူမှုတွေ လုပ်ဖို့ အချိန်ရောက်နေပါပြီလို့ သောမတ် လင်ဒါဂရင်းဖီးကဆိုပါတယ်။

ယခုလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌအနေနဲ့ လူ့အခွင့်အရေးဟာ အမေရိကန်နိုင်ငံရဲ့ ဉီးစားပေး နိုင်ငံခြားရေးမူဝါဒဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို အပြည့်အဝ အလေးထားဖို့ ထိုက်တန်တယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါကြေညာချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရန်၊ အာဆီယံဘုံ သဘောတူညီချက် အကောင် အထည်ဖော်ရန်နဲ့ မြန်မာအပေါ် ချမှတ်ထားသော ဆုံးဖြတ်ချက်ကို လိုက်နာရန် စတဲ့အချက်တွေကို ကုလလုံခြုံရေးကောင်စီက ထပ်မံပြီး ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်သစ် ချမှတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ ဂျက်တိုက်လေယာဉ်တွေသုံးပြီး ပြည်သူလူထုနေထိုင်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ အများအပြား ဆက်ရှိနေသေးတာကိုကြည့်ရင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လက်နက်၊ လေယာဉ်ဆီ၊ ငွေကြေး ဖြတ်တောက်ဖို့ လိုနေတာ ထင်ရှားတယ်လို့ ထောက်ပြခဲ့ပါတယ်။

အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် အားလုံးကြားညှိနှိုင်းကြဖို့နဲ့ မြန်မာပြည်သူတွေကို အမြန်ဆုံးကူညီဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

https://youtu.be/v0mc4IdIhCw?si=06k-hUUFutgeclhb

#PoliticalNews
#Mizzima
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19😁2🤬1
Media is too big
VIEW IN TELEGRAM
ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးပိတ်ဆွေးနွေးမှုပြုလုပ်ပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်

Watch more detail - https://youtu.be/v0mc4IdIhCw

#PoliticalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍10😁1
လွတ်လပ်ရေးနေ့မှာ ပရီးမီးယားလိဂ်ကလပ်ကလပ်တွေ ယူကရိန်းကို ထောက်ခံကြောင်းပြသ
==========

ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့ဟာ ဆိုဗီယက်ယူနီယံကနေ လွတ်လပ်ရေးကြေညာခဲ့တာ ၃၂နှစ်ပြည့်တဲ့ ယူကရိန်းနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းများနဲ့အခြားနည်းလမ်းများဖြင့် ရုရှားရဲ့ လုပ်ရပ်တွေကြောင့် ခံစားနေရတဲ့ ယူကရိန်းပြည်သူတွေအား ၎င်းတို့ရဲ့ ထောက်ခံမှုကို ဆက်လက်ပြသနေပါတယ်။

ဒီနေ့ဟာ ယူကရိန်းရဲ့ လွတ်လပ်ရေးနေ့ဖြစ်တယ်။ ယူကရိန်းဘက်မှ ဆက်လက်ရပ်တည်ထောက်ခ့သွားမှာဖြစ်တယ်လို့ ပရီးမီးယားလိဂ်ကလပ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်နဲ့ ကျနော်တို့ရဲ့ ကလပ်အသင်းတွေဟာ ယူကရိန်းလွတ်လပ်ရေးနေ့ကို ဂုဏ်ယူစွာထောက်ခံပါတယ်လို့ လိဂ်အဖွဲ့ချုပ်ကလည်း ဖော်ပြခဲ့ပါတယ်။

လီဗာပူးလ်အသင်းကလည်း ဒီနေ့ဟာ ယူကရိန်းလွတ်လပ်ရေးနေ့ဖြစ်ပြီး ယူကရိန်းပြည်သူတွေနဲ့အတူ ကျနော်တို့ရဲ့ ဆက်လက်စည်းလုံးညီညွတ်မှုကိုပြသဖို့အတွက် အန်ဖီးလ်ဟာ ဒီကနေ့ညမှာ နိုင်ငံရဲ့အရောင်တွေနဲ့ ထွန်းညှိသွားမှာဖြစ်တယ်။ ပရိသတ်တွေအနေနဲ့လည်း ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပေးမှုအတွက် လှူဒါန်းနိုင်တယ်လို့ ရေးသားထားပါတယ်။
👍14🤣1
This media is not supported in your browser
VIEW IN TELEGRAM
ရာထူးလက်ခံရယူခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်အသစ် သက်တမ်းလေးနှစ်အတွင်း တိုးတက်ပြောင်းလဲမှုလုပ်ဆောင်ဖို့ ကတိပြု

#mizzimaplushd #internationalnews #mizzima #mizzimanews #Thailand #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
​​ကျိုက်ထိုတွင် BGF ဗိုလ်ကြီးနှင့် ဇနီးပစ်ခတ်ခံရပြီးသေဆုံး
===================

ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည််နယ်ခြားစောင့်တပ်BGFဗိုလ်ကြီးနှင့် ဇနီးဖြစ်သူသည် ယမန်နေ့ ဩဂုတ်လ ၂၄ ရက် နံနက်က ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နှင့်ပဲခူးစစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမြို့မှ BGFမှ စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးဝင်းစိုးကို ဝေါမြို့နယ်ပကဖ နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တို့ ပူးပေါင်း၍ ကျိုက်ထိုမြို့ ကော့ထင်းကျေးရွာနှင့် ဘုရားကြီးကျေးရွာအနီးတွင် ဩဂုတ်လ၂၄ရက် နံနက် ၇နာရီ ၃၀မိနစ်ခန့်က ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။

BGF မှ ဗိုလ်ကြီးဝင်းစိုးမောင်းနှင်လာသော Mark II ကားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ကားမှာ မြောင်းထဲ ထိုးကျသွားပြီး ဗိုလ်ကြီးဝင်းစိုးနှင့် ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ပဲခူးစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။ ထို့အပြင်သေနတ်နှစ်လက်၊ ဖုန်းတလုံးနှင့် သက်သေခံကတ်ပြားများ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"သူက စီးပွားရေးအဓိကလုပ်တာ။ ပိုက်ဆံရ အကုန်လုပ်တယ်” ဟု KRF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

ဗိုလ်ကြီးဝင်းစိုးသည် ကျိုက်ထိုမြို့နယ်အတွင်း ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြို့ခံအမျိုးသားတဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့အပြင် ၎င်းကိုယ်တိုင်လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်ကာ ရဲများကိုသတင်းပေးဖမ်းခိုင်းပြီး ပေါင်းစားခြင်း၊ တရားမဝင် ကားမှောင်ခိုလုပ်ငန်း လုပ်ကိုင်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်း၍ သောင်နုမြေ ဧက ၃၀၀ ကို မတရား သိမ်းယူခြင်း၊ ကျေးရွာသူ/သားများထံမှ လယ်ယာမြေများကို ခြိမ်းခြောက်၍ ဈေးနှိမ်ဝယ်ယူခြင်း၊ ကျေးရွာများကို လျှပ်စစ်မီးကို ဖြတ်တောက်ခြင်း၊ မီတာခ၊ ဆက်ကြေးများ ကောက်ခံ၍ စစ်ကောင်စီထံ ပေးသွင်းခြင်း၊ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် ဖမ်းဆီး ရိုက်နှက်နှိပ်စက်ခြင်း၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ထောက်လှမ်း၍ သတင်းပေး ဖမ်းဆီးခိုင်းခြင်းများကို ကျူးလွန်လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း KRFနှင့်ပဲခူးစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ်အဆင့်ရှိ စောချစ်သူခေါင်းဆောင်သော ကရင်ပြည််နယ်ခြားစောင့်တပ် BGFသည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်အဖြစ်ရပ်တည်နေသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် စစ်ကောင်စီနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

စာတည်း - အေးချမ်း

#mizzima
#ကျိုက်ထိုမြို့
#BGF
#ပဲခူးစစ်ဒေသခွဲ
#KRF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19🔥2❤1👏1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲမယ်လို့ဆိုနေပေမယ့် အင်အားကြီးပါတီတွေကိုမှတ်ပုံတင်ခွင့် ချမပေး

#Political #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁8👍2🔥1🎉1
ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်မည့် ပြည်သူ့စစ်ဆိုသူ ၁၄ဦး ကာကွယ်ရေးတပ်ဖွဲ့ဖမ်းဆီး
👍10😁2👏1