This media is not supported in your browser
VIEW IN TELEGRAM
ရာထူးလက်ခံရယူခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်အသစ် သက်တမ်းလေးနှစ်အတွင်း တိုးတက်ပြောင်းလဲမှုလုပ်ဆောင်ဖို့ ကတိပြု
#mizzimaplushd #internationalnews #mizzima #mizzimanews #Thailand #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

ကျိုက်ထိုတွင် BGF ဗိုလ်ကြီးနှင့် ဇနီးပစ်ခတ်ခံရပြီးသေဆုံး
===================
ဂျူချန်း
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည််နယ်ခြားစောင့်တပ်BGFဗိုလ်ကြီးနှင့် ဇနီးဖြစ်သူသည် ယမန်နေ့ ဩဂုတ်လ ၂၄ ရက် နံနက်က ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နှင့်ပဲခူးစစ်ဒေသခွဲက သတင်းထုတ်ပြန်သည်။
ကျိုက်ထိုမြို့မှ BGFမှ စီးပွားရေးတာဝန်ခံ ဗိုလ်ကြီးဝင်းစိုးကို ဝေါမြို့နယ်ပကဖ နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တို့ ပူးပေါင်း၍ ကျိုက်ထိုမြို့ ကော့ထင်းကျေးရွာနှင့် ဘုရားကြီးကျေးရွာအနီးတွင် ဩဂုတ်လ၂၄ရက် နံနက် ၇နာရီ ၃၀မိနစ်ခန့်က ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။
BGF မှ ဗိုလ်ကြီးဝင်းစိုးမောင်းနှင်လာသော Mark II ကားကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ ကားမှာ မြောင်းထဲ ထိုးကျသွားပြီး ဗိုလ်ကြီးဝင်းစိုးနှင့် ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ပဲခူးစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။ ထို့အပြင်သေနတ်နှစ်လက်၊ ဖုန်းတလုံးနှင့် သက်သေခံကတ်ပြားများ သိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"သူက စီးပွားရေးအဓိကလုပ်တာ။ ပိုက်ဆံရ အကုန်လုပ်တယ်” ဟု KRF ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။
ဗိုလ်ကြီးဝင်းစိုးသည် ကျိုက်ထိုမြို့နယ်အတွင်း ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မြို့ခံအမျိုးသားတဦးကိုသေနတ်ဖြင့် ပစ်သတ်ခဲ့ဖူးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထို့အပြင် ၎င်းကိုယ်တိုင်လောင်းကစားဝိုင်းများကို ဦးဆောင်ပြုလုပ်ကာ ရဲများကိုသတင်းပေးဖမ်းခိုင်းပြီး ပေါင်းစားခြင်း၊ တရားမဝင် ကားမှောင်ခိုလုပ်ငန်း လုပ်ကိုင်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီနှင့် ပူးပေါင်း၍ သောင်နုမြေ ဧက ၃၀၀ ကို မတရား သိမ်းယူခြင်း၊ ကျေးရွာသူ/သားများထံမှ လယ်ယာမြေများကို ခြိမ်းခြောက်၍ ဈေးနှိမ်ဝယ်ယူခြင်း၊ ကျေးရွာများကို လျှပ်စစ်မီးကို ဖြတ်တောက်ခြင်း၊ မီတာခ၊ ဆက်ကြေးများ ကောက်ခံ၍ စစ်ကောင်စီထံ ပေးသွင်းခြင်း၊ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် ဖမ်းဆီး ရိုက်နှက်နှိပ်စက်ခြင်း၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို ထောက်လှမ်း၍ သတင်းပေး ဖမ်းဆီးခိုင်းခြင်းများကို ကျူးလွန်လုပ်ဆောင်ခဲ့သူ ဖြစ်ကြောင်း KRFနှင့်ပဲခူးစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။
ဗိုလ်မှူးချုပ်အဆင့်ရှိ စောချစ်သူခေါင်းဆောင်သော ကရင်ပြည််နယ်ခြားစောင့်တပ် BGFသည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်အဖြစ်ရပ်တည်နေသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် စစ်ကောင်စီနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
စာတည်း - အေးချမ်း
#mizzima
#ကျိုက်ထိုမြို့
#BGF
#ပဲခူးစစ်ဒေသခွဲ
#KRF
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍19🔥2❤1👏1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲမယ်လို့ဆိုနေပေမယ့် အင်အားကြီးပါတီတွေကိုမှတ်ပုံတင်ခွင့် ချမပေး
#Political #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

😁8👍2🔥1🎉1
တစ်ကိုယ်ကောင်းဆန်တဲ့ဖူကူရှီးမားရေထုတ်လွှတ်မှုအတွက်တရုတ်ကဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကိုရပ်ဆိုင်း
================
https://youtu.be/vYrUjjJyZF0?si=xMVsRpKNHcvaf7E_

YouTube
တစ်ကိုယ်ကောင်းဆန်တဲ့ဖူကူရှီးမားရေထုတ်လွှတ်မှုအတွက်တရုတ်ကဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကိုရပ်ဆိုင်း
တစ်ကိုယ်ကောင်းဆန်တဲ့ဖူကူရှီးမားရေထုတ်လွှတ်မှုအတွက် တရုတ်က ဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကို ရပ်ဆိုင်း
#InternationalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ.…

👍4
ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်မည့် ပြည်သူ့စစ်ဆိုသူ ၁၄ဦး ကာကွယ်ရေးတပ်ဖွဲ့ဖမ်းဆီး
👍10😁2👏1

=======================
ပါခွီး
(မဇ္စျိမ) ။ ။ ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ်မှ စစ်သင်တန်းတက်ရောက်ခဲ့ပြီး ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် အမျိုးသား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ က ဩဂုတ်လ ၂၄ရက်တွင်ထုတ်ပြန်သည်။
သာပေါင်းမြို့နယ် ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်သင်တန်းဆင်း ပြည်သူ့စစ်(ပျူစောထီး)ဆိုသူများမှာ ဝမ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် လာရောက်ချိန် ဆားလင်းကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂၄ရက် မနက် ၁၁နာရီ အချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“တရားဥပဒေစိုးမိုးရေး နယ်မြေလုံခြုံရေးဆောင်ရွက်နေတုန်း ဖမ်းဆီးရမိတာပါ ၊ သူတို့အလုပ်က ကုမ္ပဏီလုံခြုံရေးယူပေးရမယ်လို့ ပြောတယ်ခင်ဗျ ၊ အထဲရောက်သွားရင်တော့ စကစနဲ့ တရုတ်တွေခိုင်းတဲ့နေရာမှာ လုပ်ရမှာလို့လည်း သိရပါတယ်” ဟု ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးမှ ကိုထက်နိုင် က မဇ္စျိမ ကို ပြောသည်။
အဆိုပါ ပျူစောထီးများသည် ကုမ္ပဏီအတွင်းရောက်လျှင် သင်တန်းထပ်မံတက်ရောက်ရမည်ဖြစ်ကြောင်းနှင့် လစာမှာ ၃၀၀,၀၀၀ကျပ်(သုံးသိန်း) ဖြစ်ပြီး ကြီးကြပ်သူအဆင့်က ၅၀၀,၀၀၀ (ငါးသိန်း) ရရှိမည်ဖြစ်ကြောင်း ဖမ်းဆီးခံရသူများက ထွက်ဆိုသည်ဟု သိရသည်။
ဝမ်ပေါင်ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်မည့်သူများကို Union Liberation Front (ULF) အဖွဲ့ဝင် Alpha Column တပ်ခွဲ(၁) Alpha Special Force နှင့် တပ်ခွဲ(၃) နှင့် ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ ရဲဘော်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိခဲ့သည် ပျူစောထီးများကို ဥပဒေကြောင်းအရ လိုအပ်သလို ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
လတ်တလောအချိန်တွင် တရုတ်ကုမ္ပဏီ ဝမ်ပေါင်၊ ဦးပိုင်နှင့် စစ်ကောင်စီတပ်များ ပူးပေါင်းပြီး ပြည်သူပိုင်မြေယာများကို မတရာသိမ်းယူပြီး ခြံစည်းရိုးခတ်ခြင်းများကို လုပ်ဆောင်နေကြောင်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
၎င်းအပြင် ဝမ်ပေါင်ကုမ္ပဏီအတွင်း စစ်ကြောင်းများဝင်ရောက်လာသည့်အခါ နေထိုင်စားသောက်ရန် စီစဥ်ပေးခြင်း ၊ ပြည်သူ့စစ်(ပျူစောထီး) များနှင့်စစ်မှုထမ်းဟောင်း သားသမီးများကို ခေါ်ယူပြီး စစ်သင်တန်းပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်များသည် ဝမ်ပေါင်ဝင်းအတွင်းမှ အနီးနားကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခြင်း ၊ ပြည်သူများအား ဖမ်းဆီး ၊နှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ကုမ္ပဏီလည်ပတ်နိုင်ရေး စစ်ကြောင်းများအင်အားဖြည့်တင်းနိုင်ရေးများ လုပ်ဆောင်နေကြောင်း အတွင်း (ဖရဲသီး) သတင်းပေးမှတဆင့် သိရကြောင်း ဆိုသည်။
ဝမ်ပေါင်ကုမ္ပဏီအတွင်းတွင် စစ်ကောင်စီတပ်သား ၄၀ ဝန်းကျင်ခန့်ရှိပြီး ပြည်သူစစ် (ပျူစောထီး) ၁၀၀ ကျော်ခန့် လုံခြုံရေးယူထားပြီး ရံဖန်ရံခါ စစ်ကြောင်းများ ဝင်ထွက် သွားလာလျက်ရှိကြောင်း သိရသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများမပြုလုပ်ကြရန် နှင့် ဝန်ထမ်းများအနေဖြင့် CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါ ဝင်ကြရန် နှင့် စစ်တပ်၏ နိုင်ငံခြားဝင်ငွေရလမ်းကို ဒေါက်တိုင်မလုပ်ကြရန်ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးက ကိုထက်နိုင်က မေတ္တာရပ်ခံထားသည်။
လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနှင့်အတူ ရပ်တည်ဝင်ရောက်လာပါက ထိုက်တန်သော ချီးမြှင့်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Alpha Column တွင် တပ်ခွဲ (၁) AlPha Special Force ၊ တပ်ခွဲ(၂) Triple Two Task Force ၊ တပ်ခွဲ(၃) Chindwin Galone Yarzar Guerrilla Defense Force ၊ တပ်ခွဲ (၄) Monywa Truth Of Force နှင့် တပ်ခွဲ(၅) Yinmarbin Local PDF တို့ ပူးပေါင်းပါဝင်ကြောင်းသိရသည်။
၎င်းတပ်ဖွဲ့ဝင်များသည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် ခရိုင်ကွပ်ကဲမှု၏ စီမံညွှန်ကြားချက်နှင့်အညီ လှုပ်ရှားကြောင်း သိရသည်။
ဩဂုတ်လ ၂၄ရက် ယမန်နေ့ နံနက်ပိုင်းတွင် ဝမ်ပေါင်ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၂၀ အရွယ် ရဲတပ်သားတဦး သေနတ်နှစ်လက် ၊ ကျည်ဆန်အချို့ ၊ စကားပြောစက်နှင့်အတူ သမန်းကျား ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ဝင်ရောက်ခိုလှုံလာကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
ဖမ်းဆီးရမိသည့် ပြည်သူ့စစ် (ပျူစောထီး) များကို တွေ့ရစဉ်
ဓါတ်ပုံ ( ချင်းတွင်ဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့)
#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#သာပေါင်းမြို့နယ်
#ဝမ်ပေါင်ကုမ္ပဏီ

👍14❤2😁2👏1
စစ်တပ်ကရွေးကောက်ပွဲကျင်းပပြီးအာဏာလွှဲမယ်လို့ဆိုနေပေမယ့်အင်အားကြီးပါတီတွေကိုတော့မှတ်ပုံတင်ခွင့်ချမပေး
==================
ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေးဟာ စစ်ကောင်စီရဲ့ရည်မှန်းချက်ဖြစ်တယ်လို့ သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အလေးပေးပြောဆိုခဲ့ပါတယ်။
ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါက်ရှာဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကနေစပြီး ပါတီတွေပေါ် ဖိနှိပ်ထားတဲ့ နိုင်ငံ ရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကိုပြဌာန်းကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားကြဖို့ဖိတ်ခေါ်ခဲ့ပေမယ့် ယခုအချိန်ထိ အင်အားကြီးမားတဲ့၊အင်အားကြီးထွားနိုင်တဲ့ပါတီတွေကိုလွယ်လွယ်ကူကူနဲ့မှတ်ပုံတင်ချမပေးတဲ့ အခြေအနေရှိနေပါတယ်။
ဒါကြောင့် ဒီမိုကရေစီအင်အားစုတွေကတော့ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ပြောဆိုတာဟာ ယုံကြည်နိုင်စရာမရ်ှသလို ခေတ်နဲ့ မဆီလျော်တော့ဘူးလို့ တုံ့ပြန်ထားကြပါတယ်။
လက်ရှိမှာနိုင်ငံရေးပါတီပေါင်း ၃၆ ပါတီကိုမှတ်ပုံ တင်ခွင့်ပြုထားပြီးဖြစ်ပေမယ့် ANPအပါအဝင်အရင်ရွေးကောက်ပွဲတွေတုန်းက နေရာအများအပြားအနိုင်ရခဲ့တဲ့ တိုင်းရင်းသားပါတီကြီးတွေကိုတော့ မှတ်ပုံတင်ချထားမပေးသေးပါဘူး။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တော့ လိုအပ်တဲ့ စိစစ်မှုတွေပြုလုပ်ပြီးတဲ့အခါမှာ မှတ်ပုံတင်ခွင့်ပြုပေးသွားမယ်လို့ ပြီးခဲ့တဲ့ဩဂုတ် လ ၂၂ ရက်က ပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ပြုထားတဲ့ပါတီ ခုနစ်ပါတီနဲ့ တိုင်းနဲ့ပြည်နယ်အဆင့် ခွင့်ပြုထားတာ ၂၉ ပါတီရှိတယ်လို့ ပြောပါတယ်။
မှတ်ပုံတင်ခွင့်ပြုထားတဲ့ ပါတီ ၃၆ ခုမှာ ပါတီအသစ် ခြောက်ပါတီ ပါဝင်တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
အဲဒီအထဲမှာ စစ်တပ်ရဲ့ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊စစ်ကောင်စီအဖွဲ့ဝင် ဒေါ်သက်သက်ခိုင် တည်ထောင်ခဲ့တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီတို့နဲ့ ယခင်ရွေး ကောက်ပွဲတွေတုန်းက တစ်နေရာမှအနိုင်မရခဲ့တဲ့ပါတီငယ်တွေအများစု ပါဝင်နေတာ တွေ့ရပါတယ်။
အဲဒီအပြင်မှတ်ပုံတင်ခွင့်ပြုချက်ရထားတဲ့ ပါတီအများစုဟာ စစ်တပ်ကျော ထောက်နောက်ခံကြံ့ခိုင်ရေးပါတီနဲ့ နီးစပ်တဲ့ပါတီတွေ ဖြစ်ကြပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်း တရားဝင်ထုတ်ဖော် ပြောကြားထားပြီးဖြစ်ပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ မဖြစ်မနေလုပ်ရင် ပြည်သူအများစုက ထောက်ခံမှာ မဟုတ်ဘဲ ပူးပေါင်းပါဝင်မှု အားနည်းမယ်လို့ ဒီမိုကရေစီအင်အားစုတွေက တွက်ဆပါတယ်။
စစ်ကောင်စီဘက်တော့ ရွေးကောက်ပွဲအတွက် နိုင်ငံတစ်ဝန်းလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကို စာရင်းကောက်ယူပြီးဖြစ်တယ်လို့ ဇွန်လက ကြေညာထားပါတယ်။
မဲစာရင်းအကြောင်းပြကာ အရပ်သားအစိုးရလက်ထဲကနေ အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဟာ အာဏာ သိမ်းချိန်ကတည်းက ရွေးကောက်ပွဲအတွက် ပြင်ဆ င်မှုတွေ လုပ်နေခဲ့ပေမယ့် အဆင်သင့်မဖြစ်နိုင်သေးလို့ အရေးပေါ်ကာလတွေကို တစ်ခုပြီးတစ်ခု ထပ်တိုးယူနေရတယ်လို့ နိုင်ငံရေး အကဲခတ်တွေက ထောက်ပြကြပါတယ်။
https://youtu.be/ARBzn0D19gc?si=zvcJ91c5WIMrUdsU
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U

ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါက်ရှာဖို့ ကြိုးစားနေတဲ့…

👍10❤2😁2💩1
This media is not supported in your browser
VIEW IN TELEGRAM
August - 25 [2 Pm] Mizzima News Hour
Mizzima Headline News
#2pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍4🍌2👎1
မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို အီးယူ အကဲဖြတ်နေ
======================
ဥရောပသမဂ္ဂ အီးယူသည် မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို အကဲဖြတ်လျက် ရှိနေပြီဟု ဥရောပကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတဦးက ကြာသပတေးနေ့တွင် ပြောရာ ယင်းသည် မြန်မာနိုင်ငံအား ပေးအပ်ထားသည့် ကုန်သွယ်ရေး ဦးစားပေးမှုကို အပြောင်းအလဲ ဖြစ်လာစေနိုင်သော လမ်းကြောင်း ဖွင့်လှစ်လိုက်ခြင်းပဲ ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
ဥရောပသမဂ္ဂ အီးယူသည် မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို အကဲဖြတ်လျက် ရှိနေပြီဟု ဥရောပကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတဦးက ကြာသပတေးနေ့တွင် ပြောရာ ယင်းသည် မြန်မာနိုင်ငံအား ပေးအပ်ထားသည့် ကုန်သွယ်ရေး ဦးစားပေးမှုကို အပြောင်းအလဲ ဖြစ်လာစေနိုင်သော လမ်းကြောင်း ဖွင့်လှစ်လိုက်ခြင်းပဲ ဖြစ်သည်။
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
တစ်ကိုယ်ကောင်းဆန်တဲ့ ဖူကူရှီးမား ရေထုတ်လွှတ်မှုအတွက် တရုတ်က ဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကိုရပ်ဆိုင်း
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Japan #China

👍3
စစ်ကောင်စီက ထုတ်ဝေတဲ့ နှစ်သောင်းတန် ငွေစက္ကူများကို သုံးစွဲခြင်းမပြုရန် NUG က တားမြစ်မိန့်ထုတ်ပြန်
==================
ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် စစ်ကောင်စီထုတ်နှစ်သောင်းတန်များ အသုံးမပြုရန် နှင့် အသုံးပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အပြစ်ပေးအရေးယူမည်ဟု NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများ အား တားဆီး နှိမ်နှင်း ရန်ရည်ရွယ်၍ အကြမ်ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထိုအမိန့်ကို ထုတ်ပြန် ကြေညာလိုက်သည်ဟု သိရှိရသည်။
စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကုများကိုတရားမဝင်ငွေစက္ကူများအဖြစ်NUGကြားကာလဗဟိုဘဏ်က ထုတ်ပြန်ကြေညာပြီးဖြစ်၍ ထိုငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့သည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုပြစ်မှုကျူးလွန်ရာရောက်သောကြောင့်ဖြစ်သည်ဟု အထက်ပါအဖွဲ့ကဆိုသည်။
ပြည်သူများအနေဖြင့် တရားမဝင်နှစ်သောင်းတန် ငွေစက္ကူများကို ငွေကြေးလည်ပတ်မှု တွင် အသိအမှတ်ပြုလက်ခံ သုံးစွဲသော ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့် တကွ အသိပေးတိုင်ကြားကြပါရန် နှိုးဆော်တိုက်တွန်းထားပြီး တားမြစ်မိန့်ကို လိုက်နာ ဆောင် ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီသည် နှစ်သောင်းတန်ငွေစက္ကူများကိုထုတ်ဝေမည်ဖြစ်ကြောင်းဇူလိုင် ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုကြေညာအချက်အပြီး နိုင်ငံအတွင်း ကျပ်ငွေတန်ဖိုးထိုးကျကာ တစ်ဒေါ်လာလျှင်ကျပ် ၄၀၀၀ ၊ ရွှေတစ်ကျပ်သားကျပ်သိန်း ၄၀ အထိမြင့်တက်ခဲ့ကာ အထွေထွေစားသောက်ကုန်ဈေးနှုန်းများလည်း တရှိန်ထိုးမြင့်တက်လာသည်။
https://youtu.be/oQjViwzJX_U?si=3AyvdVgjJT4Xi_Lj
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
==================
ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် စစ်ကောင်စီထုတ်နှစ်သောင်းတန်များ အသုံးမပြုရန် နှင့် အသုံးပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အပြစ်ပေးအရေးယူမည်ဟု NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများ အား တားဆီး နှိမ်နှင်း ရန်ရည်ရွယ်၍ အကြမ်ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထိုအမိန့်ကို ထုတ်ပြန် ကြေညာလိုက်သည်ဟု သိရှိရသည်။
စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကုများကိုတရားမဝင်ငွေစက္ကူများအဖြစ်NUGကြားကာလဗဟိုဘဏ်က ထုတ်ပြန်ကြေညာပြီးဖြစ်၍ ထိုငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့သည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုပြစ်မှုကျူးလွန်ရာရောက်သောကြောင့်ဖြစ်သည်ဟု အထက်ပါအဖွဲ့ကဆိုသည်။
ပြည်သူများအနေဖြင့် တရားမဝင်နှစ်သောင်းတန် ငွေစက္ကူများကို ငွေကြေးလည်ပတ်မှု တွင် အသိအမှတ်ပြုလက်ခံ သုံးစွဲသော ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့် တကွ အသိပေးတိုင်ကြားကြပါရန် နှိုးဆော်တိုက်တွန်းထားပြီး တားမြစ်မိန့်ကို လိုက်နာ ဆောင် ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
စစ်ကောင်စီသည် နှစ်သောင်းတန်ငွေစက္ကူများကိုထုတ်ဝေမည်ဖြစ်ကြောင်းဇူလိုင် ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုကြေညာအချက်အပြီး နိုင်ငံအတွင်း ကျပ်ငွေတန်ဖိုးထိုးကျကာ တစ်ဒေါ်လာလျှင်ကျပ် ၄၀၀၀ ၊ ရွှေတစ်ကျပ်သားကျပ်သိန်း ၄၀ အထိမြင့်တက်ခဲ့ကာ အထွေထွေစားသောက်ကုန်ဈေးနှုန်းများလည်း တရှိန်ထိုးမြင့်တက်လာသည်။
https://youtu.be/oQjViwzJX_U?si=3AyvdVgjJT4Xi_Lj
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီက ထုတ်ဝေတဲ့ နှစ်သောင်းတန် ငွေစက္ကူများကို သုံးစွဲခြင်းမပြုရန် NUG က တားမြစ်မိန့်ထုတ်ပြန်
ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် စစ်ကောင်စီထုတ်နှစ်သောင်းတန်များ အသုံးမပြုရန် နှင့် အသုံးပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အပြစ်ပေးအရေးယူမည်ဟု NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့ …
အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့ …
👍7😁4👏1
This media is not supported in your browser
VIEW IN TELEGRAM
တရုတ်နဲ့ တိုက်ပွဲ ၆၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ကျဆုံးစစ်သည်တွေကို ထိုင်ဝမ်ခေါင်းဆောင် ချီးကျူးဂုဏ်ပြု
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #China

❤7🔥2
ဩဂုတ်လ (၂၅) ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================
00:56− စစ်ကောင်စီက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီး အာဏာလွှဲမယ်လို့ ပြောဆိုနေပေမယ့် အင်အားကြီးပါတီတွေကိုတော့ မှတ်ပုံတင်ခွင့် ချမပေးတဲ့သတင်း
04:21− ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်ပွဲ နယ်စပ်တွင် ပြုလုပ်တဲ့သတင်း
06:01− မင်းတပ်ဆေးရုံဝန်းထဲက လူနာတင်ကား ပျောက်ဆုံးနေတဲ့သတင်းနဲ့
09:26− ကျိုက်ထိုမှာ BGF ဗိုလ်ကြီးနဲ့ ဇနီးပစ်ခတ်ခံရပြီးသေဆုံးတဲ့သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/QNxMs_1vA7I?si=sCRIaQ103NTiQIQu
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

06:01− မင်းတပ်ဆေးရုံဝန်းထဲက…

👍9😁1🍌1
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီက ထုတ်ဝေတဲ့ နှစ်သောင်းတန် ငွေစက္ကူများကို သုံးစွဲခြင်းမပြုရန် NUG က တားမြစ်မိန့် ထုတ်ပြန်
Watch more detail - https://youtu.be/oQjViwzJX_U
#PoliticalNews #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍11😁4
မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ် ကားကြီး ကားငယ်အားလုံး သွားလာနိုင်ပြီဖြစ်
👍4🔥1