Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန် မြောက်ဒဂုံတွင် တ‌ည်ဆောက်ဆဲ နဂါးရုံဘုရားပြိုကျ၊ပန်းရံလုပ်သား ၂ဦး ဒဏ်ရာရ
===================

ဂန္ဒမာ(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ တောင်မြောက်လမ်းဆုံအနီးရှိ တည်ဆောက်ဆဲ နဂါးရုံဘုရားသည် ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက် ၁၀ နာရီ ခန့်က ပြိုကျခဲ့ရာ ပန်းရံလုပ်သားနှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၁၆) ရပ်ကွက် ၊ သဲအင်းဂူဘုရားလမ်း၊ဘူတာရုံကျောင်းတိုက်အတွင်းမှ နဂါးရုံဘုရားသည် ပန်းရံလုပ်သားအချို့ လုပ်ငန်းခွင်ဝင်နေစဉ် ပြိုကျခဲ့ခြင်းဖြစ်သည်။
"တကယ်က ဘုရားပေါ်မှာ လူသုံးယောက်ရှိတာ၊ တစ်ယောက်က လွတ်သွားတယ်" ဟု ဖြစ်စဉ်ကို သိသူတဦးကပြောသည်။

အထက်ပါ ဖြစ်ရပ်ကြောင့် ပန်းရံလုပ်သား အသက် ၃၉ နှစ်အရွယ် ဦးသန့်ဇော်သည် ဘယ်ဘက်ပုခုံး ၊ ဦးခေါင်းနောက်စေ့နှင့် ခြေလက်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ဦးဌေးလွင်သည် ဦးခေါင်းထိခိုက်ခဲ့ကာ ခြေကျိုးဒဏ်ရာလည်းရရှိခဲ့ကြောင်း သိရသည်။

"ဘိလပ်မြေပျော်ကျတာ။ ရာသီဥတုကြောင့်လည်းဖြစ်နိုင်တယ်"ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

နဂါးရုပ်ထုပြိုကျမှုတွင် အုတ်အကျိုးအပဲ့များကြား ညပ်နေသူနှစ်ဦးကို မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေး အဖွဲ့များက မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင်အပြီးသတ်ကယ်ထုတ်နိုင်ခဲ့ပြီး လက်ရှိတွင် သင်္ဃန်းကျွန်းစံပြ ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်းသိရသည်။

အဆိုပါနဂါးရုံဘုရားအား ၂၀၂၂ ခုနှစ်မှ စတင်ကာ ဆရာတော်တပါးက တည်ဆောက်ခဲ့ကြောင်းသိရပြီး ရန်ကုန်တိုင်းအတွင်းရှိ နဂါးရုံဘုရားများထဲတွင် အကြီးဆုံးဟု ဒေသခံများက ပြောသည်။ တည်ဆောက်ရာတွင် ခိုင်ခန့်မှု အားနည်းခြင်း၊ အတွင်းဘက်တည်ဆောက်မှုတွင် သံချည်၊ သံကွေးများ ပျော့‌နေခြင်း၊ နဂါးခေါင်း၏ အလေးချိန်ကို ကိုယ်ထည်မှ မနိုင်ခြင်းတို့ကြောင့် ပြိုကျခြင်းဟု ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူတဦးကပြောသည်။

စာတည်း - အေးချမ်း

#mizzima
#ဒဂုံမြို့သစ်မြောက်ပိုင်း
#နဂါးရုံဘုရား
#ပြိုကျ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁3
This media is not supported in your browser
VIEW IN TELEGRAM
ပါကစ္စတန်မှာ ရေကြီးမှုကြောင့် လူပေါင်း ၁ သိန်းနီးပါး ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Pakistan
😢2🔥1👏1
​​ရေစကြိုတွင် ပျူစောထီးကားကို တိုက်ခိုက်မှု ၆ ဦးသေဆုံးပြီး သေနတ် ၅လက် ရဟုဆို
========================

MTO
မဇ္ဈိမ။ ။ရေစကြိုမြို့နယ်တွင် ယနေ့နံနက် အစောပိုင်းက ပျူစောထီးများ လိုက်ပါလာသည့်ကားကို တိုက်ခိုက်ရာ ပျူခြောက်ဦးသေဆုံးပြီး သေနတ်ငါးလက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေစကြို ပကဖ)က သတင်းထုတ်ပြန်သည်။

ယနေ့ ဩဂုတ်လ ၂၅ ရက်၊ နံနက် ၆ နာရီခန့်တွင်
ရေစကြိုမြို့နယ်၊ ဂွေးချိုရွာမှ ပျူစောထီး ခြောက်ဦးသည် ဆင်ချောင်းရွာသို့ ကားဖြင့်သွားစဉ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ရေစကြိုပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

“ဂွေးချိုပျူရွာက ပျူတွေက ဆင်ချောင်းက သူ့ဆရာဆီ ခိုးကြောင်ခိုးဝှက်သွားတာကို ကျတော်တို့ က လမ်းကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာ"ဟု ၎င်းက ပြောသည်။

တိုက်ခိုက်ပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့ များက သေနတ်ငါး လက် ၊ကျည်ဘောက် ရှစ်ခု နှင့် ကျည်ဆံ ၁၀၆ တောင့် တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ သေဆုံးရုပ်အလောင်း ခြောက်ခုကို အခြားပျူစောထီးများက လာရောက်ကောက်ယူသွားသည်ဟု ဆိုသည်။

ဆင်ချောင်းကျေးရွာနှင့် ဂွေးချိုကျေးရွာသည် ရွာချင်းကပ်လျက်ရှိသည့် ပျူရွာများဖြစ်ပြီး ပြည်သူများကို ဖမ်းဆီးငွေတောင်းခံခြင်း၊ ကား၊ဆိုင်ကယ်များကို ဖိအားပေးစစ်ဆေးခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများကပြောသည်။
တိုက်ခိုက်မှုကို ပခုက္ကူခရိုင်တပ်ရင်း(၉)နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင်ထိခိုက်မှုမရှိကြောင်း ရေစကြိုပကဖက သတင်းထုတ်ပြန်ထားသည်။ မကွေးတိုင်းအတွင်းပါဝင်သော ရေစကြိုမြို့နယ်သည် စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသည့် မြို့နယ်တခုဖြစ်သည်။

စာတည်း - အေးချမ်း

#mizzima
#ရေစကြိုမြို့နယ်
#ပျူစောထီးကား
#တိုက်ခိုက်
#ရေစကြိုပကဖ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥1🥴1
​​ဘီးလင်းတိုးဂိတ်အဟောင်းအား တပ်မဟာ(၁)ပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲ
=======================

YT
(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အကြားရှိ ဘီးလင်းတိုးဂိတ်အဟောင်း (ရွှေသံလွင် မြို့ဝင်ကြေး ဂိတ်အဟောင်း ) အား KNU တပ်မဟာ (၁) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့၊ ပူးပေါင်းစစ်ကြောင်းများက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံနှင့် ဒေသခံထံက သိရသည်။

" အဲ့ဒီနေရာမှာက ၂၀၁၅၊ ၂၀၁၆ လောက်က တိုးဂိတ်ဖွင့်တာပေါ့၊ အခုတော့ အဲ့ဒီနေရာမှာ တိုးဂိတ်ကို ပိတ်ပြီး တိုးဂိတ်က တခြားနေရာကို ရွှေ့သွားတာ။ အဲ့ဒီနေရာမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက စစ်ဆေးရေးဂိတ်ပုံစံမျိုး၊ ပိုက်ဆံတောင်းတဲ့ဂိတ်ပေါ့ဗျာ၊ အဲ့ဒီလိုလုပ်ထားတယ်" ဟု သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက် ၇ နာရီ ၂၃ မိနစ်အချိန်တွင် ဘီးလင်းတိုးဂိတ်အဟောင်းအား တပ်မဟာ(၁) တပ်ရင်း (၃) တပ်ခွဲ (၂) KNLA၊ PDF၊ တပင်ရွှေထီးစစ်ကြောင်း၊ တောကျီးကန်းစစ်ကြောင်းတို့က ဒရုန်းဖြင့် ဗုံးသီး လေးလုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှု၌ တိုးဂိတ်အတွင်း ဗုံးသီးများ ထိမှန်ပေါက်ကွဲမှုရှိ၍ ဂိတ်အတွင်းရှိ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး၍ တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဂိတ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်၊ ရဲများက တိုးဂိတ် ပတ်ဝန်းကျင်သို့ သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘီးလင်းရွှေသံလွင်တိုးဂိတ်အဟောင်းတွင် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပျူစောထီး အယောက် ၃၀ ဝန်းကျင်ဖြင့် အထိုင်ချကာ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ် နေ့စဉ်သွားလာနေသည့် ယာဉ်ကြီး၊ ယာဉ်ငယ်မရွေး အစစ်အဆေးပြုလုပ်နေပြီး ၎င်းတို့ သံသယဝင်ပါက လက်ကိုင်ဖုန်းအတွင်းရှိ ဓာတ်ပုံ၊ တယ်လီဂရမ်တို့ကို ရှာဖွေစစ်ဆေးလျက်ရှိသည်။

" ဒီတော်လှန်ရေးဘက်က ဖမ်းဆီးခံရတာမျိုးလည်းရှိတယ်။ ပြီးတော့ အဓိကကတော့ ပြည်သူတွေဆီကနေ ငွေကြေးမတရားကောက်ခံတာတွေ၊ ပြီးတော့ မတရားစစ်ဆေးဆောင်ရွက်ပြီးတော့ ပိုက်ဆံတောင်းတာတွေ၊ ကားတွေ ယာဉ်တွေမှာ မတရားတောင်းတာတွေ ပြုလုပ်နေတာပေါ့" ဟု သထုံခရိုင် PDF တာဝန်ခံက ဆက်လက်ပြောဆိုသည်။

ယမန်နေ့က တော်လှန်ရေးအင်အားစုများ​၏ စစ်ဆင်ရေးအပြီးတွင် ဘီးလင်းတိုးဂိတ်အဟောင်း၌ အစစ်အဆေး ပိုမိုတင်းကျပ်လာခဲ့ပြီး ကားလမ်းကိုပါ နံနက် ၉ နာရီအထိ သွားလာခွင့်ပိတ်ထားခဲ့ကြောင်း ဘီလင်းမြို့နယ် ဒေသခံတဦးက ပြောသည်။

" လမ်းကတော့ ၉ နာရီကျော်ကျော်လောက်ထိ ပိတ်ထားတယ်ဗျ။ အသွားရော အလာရော။ အရင်ကဆို ဂိတ်ဘေးမှာ ဆိုင်ကယ်သွားလမ်းဆိုပြီး ရှိတော့ ဆိုင်ကယ်တွေဆို အဲ့ဒီကနေပဲ သွားတာလေ။ အခုက ကားတွေသွားတဲ့လမ်းတွေထဲကပဲ ဝင်ရတယ်။ ဆိုင်ကယ်ဘောက်၊ မှတ်ပုံတင် အစစ်အဆေးခံရတယ်" ဟု ဘီးလင်းမြို့နယ် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

ရွှေသံလွင်တိုးဂိတ်အဟောင်း ပစ်ခတ်ခံရမှုအပြီး နံနက် ၁၀ နာရီဝန်းကျင်ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအနီးတွင် KNUတပ်မဟာ(၁) KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်သားများအကြား ထိပ်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့ကြောင်း အဆိုပါ တိုက်ပွဲအတွင်း အထိအခိုက် အကျအဆုံးများအား စုံစမ်းနေဆဲဖြစ်ကြောင်း ဆိုသည်။

ယမန်နေ့က ဘီးလင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ဆင်ရေးများတွင် တပ်မဟာ(၁) ပူးပေါင်းတပ်ဖွဲ့၌ အထိအခိုက်မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ဘီးလင်းတိုးဂိတ်အဟောင်းရှိ စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလာသည့် အမျိုးသမီးတဦးအပါအဝင် လူငယ်သုံးဦးအား လက်ကိုင်ဖုန်းစစ်ဆေး၍ PDF များနှင့် ဆက်နွယ်နေသည်ဟုဆိုကာ ဖမ်းဆီးခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)
ပုံအညွှန်း- ဘီးလင်းမြို့အဝင် ဆိုင်းဘုတ် (ဓါတ်ပုံ- လူမှုကွန်ယက်)

#mizzima
#KNU
#KNLA
#ဘီးလင်းမြို့နယ်
#သထုံမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13🔥2🥱1
ဘင်္ဂလားဒေ့ရှ်က မြန်မာ့ဆန်ထပ်မံ ဝယ်ယူဖို့ ကမ်းလှမ်း| Business Round Up (25.8.2023)
==================

- ထွက်သွားတဲ့ ရင်းနှီးမြှုပ်နှံမှုများထက် ပြန်ဝင်လာတဲ့ ရင်းနှီးမြှပ်နှံမှုက ပိုများကြောင်း စစ်ကောင်စီဝန်ကြီးပြော

- ယာယီဘေလီတံတားခင်းပြီးဖြစ်၍ မြဝတီ-ကော့ကရိတ်သွားအာရှလမ်းအား ပြန်လည်ဖြတ်သန်းခွင့်ပြု

- ကမ္ဘောဇဘဏ်နှင့် ထိုင်း KBank ပူးပေါင်းကာ ငွေလွှဲဝန်ဆောင်မှု လုပ်ဆောင်မည်ဟုကြေညာ

- ဘင်္ဂလားဒေ့ရှ်က မြန်မာ့ဆန်ထပ်မံ ဝယ်ယူဖို့ ကမ်းလှမ်း

https://youtu.be/_oXDJSWF414?si=Q95JEbGu6HH877KK
 
#BusinessRoundUp
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥5
ကြံခင်းမြို့နယ်တွင် ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
🔥2👏1😢1
ကြံခင်းမြို့နယ်တွင် ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
====================

မင်းထက်
(မဇ္စျိမ)။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၌ သြဂုတ်လ ၂၃ ရက်နေ့၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရိုဟင်ဂျာလူမျိုး ၂၇ ဦးကို စစ်ကောင် စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကြံခင်းမြို့နယ်၊ ဇီးပင်ကွင်းအုပ်စုရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွင် Dongfeng အမျိုးအစား ဖောကားနှင့်လိုက်ပါလာသည့် ရိုဟင်ဂျာများ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးကပြောသည်။

"ကြံခင်းမှာ အုတ်ပုံဂိတ်က တော်တော်ဆိုးတဲ့ဂိတ်ပါ။ အဲ့ဒီဂိတ်မှာ စစ်သားနဲ့ရဲတွေ စစ်နေတဲ့အချိန် ရိုဟင်ဂျာတွေပါလာတဲ့ကားက အဲ့ဒီဂိတ်ကနေဖြတ်လို့အဖမ်းခံရတာပါ" ဟု ၎င်းကဆိုသည်။

ဖမ်းဆီးခံသူများမှာ ရိုဟင်ဂျာ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ဖြစ်ပြီး ၎င်းတို့အား တင်ဆောင်မောင်းနှင်လာသည့် ကားသမား ဦးနေလှိုင်ဦးဆိုသူကိုလည်း စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူများအား ကြံခင်းမြို့မရဲစခန်းအချုပ်တွင်ဖမ်းဆီးထားသည်ဟုသိရပြီး မှတ်ပုံတင်အက်ဥပဒေဖြင့် အမှုဖွင့်အရေးယူရန် စစ်ကောင်စီလက်အောက်ခံများက လုပ်ဆောင်နေကြသည်ဟု သိရသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစတင်ကာ လက်ရှိအချိန်အထိ ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာသည့် ရိုဟင်ဂျာဦးရေ ၁,၀၀၀ ကျော်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့များမှ ဖမ်းဆီးထားသည်ဟု ရိုဟင်ဂျာလွတ် မြောက်ရေးညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကလည်း မှတ်ချက်ပြုထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ကြံခင်းမြို့နယ်
#ရိုဟင်ဂျာ
#စစ်ကောင်စီ

ဓာတ်ပုံ - ရိုဟင်ဂျာ ၂၇ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးထားစဥ်
#“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
BRICS အဖွဲ့က ဝင်ခွင့်ပြုလိုက်တဲ့ အဖွဲ့ဝင်သစ် ၆ နိုင်ငံရဲ့ အမည်စာရင်းကိုကြေညာ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #BRICS
👍1
မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းများ ရိက္ခာအခက်ကြုံ
😢4🔥1😁1
မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းများ ရိက္ခာအခက်ကြုံ
=====================

ပါခွီး
(မဇ္စျိမ) ။ ။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှာင် စခန်းများတွင် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း Network for Unity Association ( NUA) အဖွဲ့ထံက သိရသည်။

မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ် ၊ မာမစ် နှင့် ကော်လ်လက်စစ် ခရိုင်တို့ရှိ စခန်း ခြောက်ခုတွင် ရိက္ခာအခက်အခဲများကြုံတွေခဲ့ရပြီး ၎င်းတို့အဖွဲ့မှ အလှူရှင်များ၏ ကူညီမှုနှင့်အတူ အရေးပေါ်ရိက္ခာဖြန့်ဝေပေးခဲ့ကြောင်းဆိုသည်။

“ကျနော်တို့သွားခဲ့တဲ့ ကမ့်(Camp) တွေထဲမှာ တချို့က အစိုးရအသိအမှတ်ပြုပြီး ဖွင့်ပေးထားတာရှိတယ် ၊တချို့ကတော့ ပုဂ္ဂလိက ခြံမြေမှာ တဲထိုးပြီးနေကြတယ်။ သူတို့တွေ ၂၀၂၃ နှစ်ဆန်းကစပြီး အထောက်အပံ့အကူအညီတွေ မရကြတော့ဘူး၊ မိုးတွင်းဆိုတော့ အလုပ်အကိုင်ကလည်းရှားပါးတဲ့အတွက် မှိုချိုးမျှစ်ချိုးစား နေကြရတာ” ဟု NUA အထွေထွေအတွင်းရေးမှူး ဇိုးနွန်နာ က မဇ္စျိမ ကို ပြောသည်။

စစ်ဘေးရှောင်များတွင် စားဝတ်နေရေးအပြင် ဘာသာစကား အခက်အခဲနှင့် စခန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများမရှိဘဲ နီးစပ်ရာမြို့များသို့ သွားရောက်ကုသရကြောင်း သိရသည်။
မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်များ ကြုံတွေ့ရသည့် အကြောင်းအရင်းများအနက် ဒေသခံများထံမှ အကူအညီနှင့် အလှူရှင်များ နည်းပါးသွားရခြင်းသည် အဓိကဖြစ်ကြောင်း ဆိုသည်။

ဒေသခံများထံမှ အလှူနည်းပါးရခြင်းမှာ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ တင်သွင်းလာမှု မြင့်မားလာခြင်းနှင့် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်သော ရာဇဝတ်အမှုအခင်းများအပေါ် အမြင်မကြည်လင်မှုနှင့် ၎င်းတို့၏ လူမျိုးများ ပါဝင်ပတ်သက်သည့် မဏိပူရပြည်နယ် လူမျိုးစုအရေးအခင်းဖြစ်စဥ်များအပေါ်ပိုမိုအာရုံစိုက်သွားသည့်အတွက် ဖြစ်နိုင်ကြောင်း ဇိုးနွန်နာ က သုံးသပ်ပြောဆိုသည်။

ယင်းသို့ စားနပ်ရိက္ခာများခက်ခဲနေသဖြင့် ဩဂုတ်လ ၂၁ရက်နေ့က အိုက်ဇောလ်ခရိုင် အတွင်းရှိ ဆိုက်ရမ် ၊ စီမွှေး (၁) ၊ စီမွှေး(၂) ၊ မာမစ်ခရိုင်အတွင်းမှ ငါ့လ်ကျန်မ် ၊ ဒပ်ပချွပ် နှင့် ကော်လ်လက်စစ်ခရိုင် ခမ်ရမ်းစခန်းများသို့ ရူပီး ၁၅၀,၀၀၀(မြန်မာငွေ သိန်း၆၀) တန်ဖိုးရှိ စားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖြန့်ဝေပေးနိုင်ရန်အတွက် Project Chin Hills (USA ) မှ ရူပီး ၁၀၀,၀၀၀ ၊ ပူးတန်ပွီးရာ မှ စားသုံးဆီ ဖာ ၃၀ ၊ ပူးဇိုခူးမာ ထံမှ ရူပီး ၅၀,၀၀၀ နှင့် ပူးတွားလ်ငါ မှ ခေါက်ဆွဲခြောက် ၃၅၀ ပါဝင်ခဲ့ကြပြီး အလှူရှင်များနှင့် ဖြစ်မြောက်ရေးအတွက် အဓိက ဆောင်ရွက်ပေးသော အမေရိကန်မှ Rebecca Fanai အထူးကျေးဇူးတင်ကြောင်း UNA အတွင်းရေးမှူးက ဆိုသည်။

မီဇိုရမ်ပြည်နယ်အတွင်း ဆန်အပါအဝင် စားနပ်ရိက္ခာအခက်အခဲရှိနေသော မြန်မာ စစ်ဘေးရှောင်စခန်းများစွာရှိနေကြောင်းသိရပြီး အလှူရှင်များအနေဖြင့် ၎င်းတို့ နှင့် အတူပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က တိုင်းပြည်အာဏာလုယူပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ လွှတ်တော်ကိုယ်စားလှယ်များ ၊ CDMအပါအဝင် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၅၀,၀၀၀ ကျော် ခိုလှုံလျက်ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မီဇိုရမ်ပြည်နယ်
#စားနပ်ရိက္ခာ
#NUA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1😁1😢1
Media is too big
VIEW IN TELEGRAM
ဝဂ္ဂနာအကြီးအကဲ ပရီဂိုဇင်သေဆုံးခြင်း နောက်ကွယ်က ပဟေဠိများ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍4😁1
ဩဂုတ်လ (၂၅) ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=====================

00:58- ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးပိတ်ဆွေးနွေးမှုပြုလုပ်ပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်တဲ့ သတင်း

09:32- ကြံခင်းမြို့နယ်တွင် ရိုဟင်ဂျာ ၂၇ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ သတင်း

10:38- မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးပေါ် ကားကြီး ကားငယ်အားလုံး သွားလာနိုင်တဲ့ သတင်း နဲ့

12:17- ရာထူးလက်ခံရယူခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်အသစ်က သက်တမ်းလေးနှစ်အတွင်း တိုးတက်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ကတိပြုတဲ့ သတင်း အပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/s9lD5I9FhlU?si=tyMmUB8PjHzkLyJr

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ပရီဂိုဇင် လိုက်ပါသွားတဲ့ လေယာဉ်ပျက်ကျမှုဟာ ယူကရိန်းနဲ့ ဘာမှမပတ်သက်ကြောင်း ဇီလန်စကီး ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Ukraine
👍7🔥1
တာချီလိတ်မှ ရန်ကုန်သွား လေယာဉ်ပေါ်တွင် ကလေးမီးဖွားမှုဖြစ်
👍6🔥2