Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရာသီပေါ်သီးနှံများ ရိတ်သိမ်းရန် နေရပ်ပြန်လိုကြသည့် ယာဒိုဒေသက စစ်ဘေးရှောင်များ
=======================

YT၊ ဂျူချန်း (မဇ္ဈိမ)။ ။ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုဒေသက စစ်ရှောင်နေကြသူတွေက လက်ရှိ ရာသီပေါ်သီးနှံတွေကို ရိတ်သိမ်းဖို့အတွက် နေရပ်ပြန်လိုကြတယ်လို့ စစ်ရှောင်တွေအတွက် ကူညီရေးဆောင်ရွက်နေသူတွေကပြောပါတယ်။

လက်ရှိနေရပ်မပြန်နိုင်ကြသေးတဲ့အတွက် တနိုင်တပိုင်စီးပွါးရေးလုပ်ငန်းတွေ ထိခိုက်ကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်နေတဲ့ ကိုဖိုးဇော်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွါးတာဖြစ်ပြီး လက်ရှိတိုက်ပွဲ ငြိမ်နေပေမယ့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် စစ်ဘေးရှောင်တွေ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

နေရပ်မပြန်နိုင်ကြသေးတဲ့ သံတောင်ကြီးမြို့နယ်က ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ ကလေထကျေးရွာ၊ ဝါဘမ်းခိုကျေးရွာ၊ လိုရာဒိုကျေးရွာ၊ ပရယ်စိုးကျေးရွာတို့က စစ်ဘေးရှောင် ၂,၀၀၀ ကျော်အတွက် ဆေးဝါးအပါအဝင် တခြားအကူအညီတွေလိုအပ်နေတယ်လို့လည်း သိရပါတယ်။

ရုပ်သံ တင်ဆက်/တည်းဖြတ်-ဂျူချန်း

https://youtu.be/8ZC2dloPH7s?si=L2w6UZZcG9mp1LLa

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9😁2
​​မြန်မာနိုင်ငံသို့ ဘေးကင်းပြီး သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် ရိုဟင်ဂျာများ တောင်းဆို 
=========================

နိုင်ငံရင်း မြန်မာနိုင်ငံသို့ သာတူညီမျှသော နိုင်ငံသားဖြစ်ခွင့်နှင့်အတူ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်နေရသော အတင်းအကြပ် နေရပ်ရွှေ့ပြောင်းလာရသည့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာက သောကြာနေ့တွင် စုရုံးပြီး တောင်းဆိုကြသည်။ 

မြန်မာနိုင်ငံမှ ရိုဟင်ဂျာများ အစုပြုံလိုက် ထွက်ခွာရမှု ခြောက်နှစ်မြောက်ပြည့်အဖြစ် အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်က ဒုက္ခသည်စခန်းများအနှံ့ ၎င်းတို့က စုရုံးကြခြင်း ဖြစ်ပြီး ကြေညာစာတမ်းများကိုလည်း ကိုင်ဆောင်ထားကြသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းနီးပါးရှိပြီး အများစုမှာ ၂၀၁၇ ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်၌ စစ်တပ်၏ လူမဆန်သော ဖြိုခွင်းခြင်းများကြောင့် ထွက်ပြေးလာကြသူများ ဖြစ်သည်။ တောင်ပိုင်း ကော့ဘဇားခရိုင်က လူပြည့်သိပ်သော စခန်းများ၌ အများစုက နေထိုင်နေရဆဲဖြစ်ကာ ခန့်မှန်း ၃၀,၀၀၀ ခန့်အား ၂၀၂၀ နောက်ပိုင်းမှစကာ ဘာဆန်ချာကျွန်းငယ်သို့ ပြောင်းရွှေ့ပေးထားသည်။
👍11😁3
​​လုံခြုံရေးတိုးမြှင့်ထား၍ စကြဝတေးမင်းကြီးသပိတ် ယာယီရပ်နားထားရ
=========================

မင်းထက်
(မဇ္စျိမ)။ ။စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို နေ့စဥ်နီးပါးပြုလုပ်နေသည့် ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှ စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများ လုံခြုံရေးတိုးမြှင့်ချထားသည့်အတွက် သပိတ်လုပ်ငန်းများ ယာယီရပ်နားထားရသည်ဟု သိရသည်။

အဆိုပါ သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်တည်ထောင်ခဲ့သော သပိတ်ကော်မတီဖြစ်ပြီး စစ်အာဏာသိမ်းမှု နှစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်း ဖွဲ့စည်းခဲ့သည့် တခုတည်းသော သပိတ်ကော်မတီဖြစ်သည်။

သပိတ်ကော်မတီ စတင်တည်ထောင်ပြီးနောက် ကြံခင်းမြို့ပေါ်နေရာများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားပါ ဘန်နာများအား ကိုင်စွဲဆန္ဒထုတ်ဖော်ခြင်း၊ ညသပိတ်များနှင့် လူမဲ့သပိတ်များ ပြုလုပ်ဆန္ဒထုတ်ဖော်ခြင်းများကို နေ့စဥ်နီးပါးပြုလုပ်ခဲ့သည်ဟု သပိတ်ကော်မတီအဖွဲ့ဝင် တဦးကပြောသည်။

"သပိတ်မလုပ်ဖြစ်တာကတော့ မြို့နယ်တွင်းမှာလုံခြုံရေးတိုးမြှင့်ထားတာရယ်၊ နှစ်ဘက်စစ်ရေးတင်းမာမှုအပေါ် ချိန်ဆပြီးသွာနေတာရယ်ကြောင့်ပါ။သပိတ်အဖွဲ့ရဲ့ လုံခြုံမှုအတိုင်းအတာပေါ်မူတည်ပြီး လုပ်ရတာဆိုတော့ သပိတ်လုပ်ငန်းတွေ နားနေရတာပေါ့"ဟု ၎င်းကဆိုသည်။

၎င်းတို့ သပိတ်ကော်မတီ၏ ရည်ရွယ်ချက်မှာ ပြည်သူများတော်လှန်ရေးအပေါ် သွေးအေးမသွားစေရန်၊ စစ်အုပ်စု၏ ယုတ်မာမှုများကို တကမ္ဘာလုံးသိရှိစေရန် ရရာနည်းဖြင့် တော်လှန်နေခြင်းဖြစ်ပြီး လုံခြုံရေးအခြေအနေကောင်းပါက ဆန္ဒထုတ်ဖော်ခြင်းများကို ဆက်လက်ပြုလုပ်သွားမည်ဟု ဆက်လက်ပြောသည်။

ထိုသို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များကို ပြုလုပ်ခဲ့သည့်အတွက် စစ်ကောင်စီတပ်များနှင့်ရဲများက သပိတ်ကော်မတီဝင်များ၏သတင်းများအား ကြံခင်းမြို့ပေါ်တွင် လိုက်လံစုံစမ်းနေခြင်းများရှိသည်ဟု သပိတ်ကော်မတီအဖွဲ့ဝင်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ကြံခင်းမြို့ပေါ်အပြင်၊ ကြံခင်း၊ မြန်အောင်မြို့နယ်များနှင့် ကပ်နေသည့် ရခိုင်ရိုးမတောင်ခြေအစပ်ကျေးရွာများတွင် အထိုင်ချတပ်စွဲထားပြီး ဒေသခံများအား မတရားဖမ်းဆီးမှုများပြု လုပ်နေသည်ဟု သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#စစ်အာဏာရှင်ဆန့်ကျင်ရေး
#ကြံခင်းမြို့နယ်
#စကြဝတေးမင်းကြီးသပိတ်
#Hardnews

ဓာတ်ပုံ- ပုံဟောင်းဖြစ်သည်။
#“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁3❤1
​​Bitcoin ကပညာရေးဆိုင်ရာ တွန်းအားပေးမှုနှင့် အနောက်အာဖရိကတွင် ဆွဲဆောင်နေလျက်ရှိ 
========================

အနောက်အာဖရိကရှိ Bitcoin ကိုမွေးစားခြင်းကို crypto powerhouse နှင့် ဒေသရဲ့ စီးပွားရေးအချက်အချာဖြစ်တဲ့ နိုင်ဂျီးရီးယားကလွှမ်းမိုးထားပါတယ်။ ဒါပေမယ့် ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်နောက်ခံကို ဆန့်ကျင်သည့်အနေဖြင့် Bitcoin ပညာရေးဆိုင်ရာ ကြိုးပမ်းမှုများကလည်း ပြင်သစ်ဘာသာကို အဓိကသုံးတဲ့ အနောက်အာဖရိကတွင် ပွက်ပွက်လောရိုက်နေလျက်ရှိပါတယ်။ 

ဆီနီဂေါက ပထမဆုံး Bitcoin လဲလှယ်ရေးနှင့် ပညာရေးစင်တာကို မကြာသေးမီက ဖွင့်လှစ်ခဲ့ပြီး လူ 17 သန်းသာရှိတဲ့ နိုင်ငံဟာ ဒီဇင်ဘာလတွင် မြို့တော် Dakar တွင် Bitcoin ဖိုရမ်ကို လက်ခံကျင်းပမည်ဖြစ်ပြီး၊ Nourou ဟုခေါ်သော ပြည်တွင်း Bitcoin ထောက်ခံသူဟု လူသိများသော လွတ်လပ်သော Bitcoin node ကို လုပ်ဆောင်တဲ့ ဒီဇင်ဘာလတွင် လက်ခံကျင်းပမှာဖြစ်ပါတယ်။

ပြင်သစ်ဆန့်ကျင်ရေး စိတ်ဓာတ်ဟာ ဒေသတွင်းတွင် သမိုင်းဝင်ရှိခဲ့သော်လည်း မကြာသေးမီက လူထုဆန္ဒပြပွဲများတွင် ပိုမိုထင်ရှားလာခဲ့ပါတယ်။ အိမ်နီးချင်း မာလီနိုင်ငံက ၁၉၆၀ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီးကတည်းက ပြင်သစ်ကို နိုင်ငံရဲ့တရားဝင်ဘာသာစကားအဖြစ် မကြာသေးမီက ရုတ်သိမ်းခဲ့ပါတယ်။ နိုင်ဂျာနိုင်ငံ၊ မာလီအရှေ့ဘက်နှင့် နိုင်ဂျီးရီးယားမြောက်ပိုင်းတွင် မကြာသေးမီက စစ်တပ်အာဏာသိမ်းမှုက ပြင်သစ်သမ္မတ Emmanuel Macron နှင့် ဒေသတွင်းရှိ ပြင်သစ်ရဲ့ စစ်ရေးဗျူဟာအတွက် သိသာထင်ရှားသော ဆုတ်ယုတ်မှုကို ကိုယ်စားပြုနေလျက်ရှိပါတယ်။ ပြင်သစ်နာမည်ကြီးသတင်းစာ Le Monde က အာဏာသိမ်းမှုက နိုင်ဂျာနိုင်ငံရဲံ့ Sahel ဒေသတွင် ပြင်သစ်စစ်ရေးဗျူဟာအတွက် “ပြင်းထန်သော ထိုးနှက်ချက်အသစ်” ဟု မှတ်ချက်ပေးခဲ့ပါတယ်။ 

ပြင်သစ်စကားပြော အနောက်အာဖရိကတစ်ဝှမ်းတွင် အစားထိုးငွေကြေးစဥ်းစားမှုများ အခြေခံအချက်တစ်ခု ရှာဖွေနေမှုများ ဖြစ်ပေါ်နေပါတယ်။ ဆီနီဂေါရဲ့ နည်းလမ်းရှာဖွေသူ အရေအတွက် တိုးပွားလာပြီး ငွေစုဖို့နှင့် လဲလှယ်မှုနည်းလမ်းတစ်ခုအဖြစ် Bitcoin သို့ ပြောင်းလဲနေပါတယ်။ ဘီနင်တွင် Bitcoin Mastermind Kassamoto မှ Cointelegraph သို့ Beninois သို့ပြောင်းသည့် Bitcoin အရေအတွက်သည်လည်း မြင့်တက်လာတယ်လို့ လည်း Cointelegraph သို့ပြောကြားဖူးပါတယ်။

Bitcoin Myanmar Initiative, [8/26/2023 3:04 PM]
ဆီနီဂေါအပါအ၀င် အာဖရိကနိုင်ငံများဟာဘာကြောင့် BTC ကိုအသုံးပြုသလဲ 

အနောက်နိုင်ငံများတွင် ငွေကြေးဆိုင်ရာ ဆွေးနွေးမှုနှင့် ပညာရေး အများအပြားက အွန်လိုင်းတွင်လုပ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် အနောက်အာဖရိကနိုင်ငံများတွင် အပြင်တွင်တွေ့ဆုံမှုများနှင့် လက်တွေ့ဘဝတွင် အပြန်အလှန်ဆက်ဆံခြင်းအပေါ် ကိုတော့ အလေးပိုထားပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်း၊ Bitcoin နှင့် ငွေကြေးအကြောင်း ဆွေးနွေးမှုများကို ClubHouse နှင့် X (ယခင် Twitter) ကဲ့သို့သော အွန်လိုင်းပလက်ဖောင်းများတွင် ပြုလုပ်ကြပါတယ်။ Norou က cryptocurrencies ဝယ်ယူခြင်းနှင့်ရောင်းချခြင်းအတွက် Dakar ရဲ့ ပထမဆုံး Bitcoin Physicial စတိုးဖြစ်တဲ့ Bitique ကိုဖွင့်လှစ်ခဲ့ပါတယ်။ အရောင်းအ၀ယ်ဝန်ဆောင်မှုများအပြင် လူကိုယ်တိုင် Bitcoin အကြောင်းကို လူကိုယ်တိုင်လေ့လာဖို့ ပညာပေးအစီအစဉ်များလည်း ရှိလိမ့်မယ်လို့ပြောကြားထားပါတယ်။ workshop များက နှစ်နာရီ သို့မဟုတ် သုံးနာရီကြာဖြစ်ပြီး လေ့ကျင့်မှုဖို့အတွက် လူပေါင်းတစ်သောင်းလောက်တော့ရှိမှာဖြစ်ပါတယ်။ ကလေးများအား Bitcoin နှင့် Lightning Network ကိုအသုံးပြုနည်းကိုသင်ကြားပေးတဲ့ "Baol Digital Kids" ပရိုဂရမ်ဟုခေါ်သော နိုင်ငံတစ်ဝှမ်းရှိ Bitcoin Senegal မှပြုလုပ်တဲ့ စာသင်ခန်းသင်ခန်းစာများနဲ့အတူ လူကိုယ်တိုင်လေ့ကျင့်မှုကလည်း တွဲနေပါတယ်။

layer-2 Lightning Network မှတစ်ဆင့် သူတို့ရဲ့ ပထမဆုံး satoshis များကို လက်ခံရရှိပြီး ပေးပို့တဲ့ ဗီဒီယိုမှာ ပါတဲ့ ကလေးတွေဟာ open-source Bitcoin tool BTCmap.org တွင် စာရင်းသွင်းထားသော တိုးပွားလာတဲ့ အရေအတွက်တွင် ငွေကို သုံးစွဲနိုင်ပါသည်။ 18 လအတွင်း Dakar က Bitcoin ရုံးခန်းငယ်တစ်ခုမှ crypto ကိုလက်ခံသေလူ ဆယ်ဂဏန်းအထိ စားသောက်ဆိုင်များနှင့် ကော်ဖီဆိုင်များအထိပင် တိုးတက်ခဲ့ပါတယ်။

မကြာသေးမီက Nourou က ကွန်ရက်ပြတ်တောက်ခြင်းမှ ကာကွယ်နိုင်တဲ့ Bitcoin node တစ်ခုကို စနစ်ထည့်သွင်းပြီးတာနဲ့ တပ်ဆင်ခွင့်ပြုတဲ့ Blockstream ဂြိုလ်တုကိရိယာကို ပါတယ်။ 
အနောက်အာဖရိကတွင် လက်ခံရရှိခဲ့အင်တာနက်ဝန်ဆောင်မှုက တစ်ခါတစ်ရံတွင်ကွက်တိကွက်ကြားဖြစ်နိုင်ပြီး အားကိုးမရနိုင်ပါဘူး ။ Blockstream အရ ဂြိုလ်တုကိရိယာအစုံက ချိတ်ဆက်ထားသောကြောင့် မည်သည့် node ကိုမဆို စစ်ဆေးရန်အတွက် အဆက်မပြတ် streaming လုပ်ထားခြင်းက သေချာစေပါတယ်။
👍5🔥2❤1
​​စစ်ယာဉ်တန်းနှင့် ကင်းပုန်းဝပ် စစ်ကြောင်းကို KNU တိုက်ခိုက်
=====================

YT
(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကျိုက်ထိုမြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ကင်းပုန်းဝပ်စစ်ကြောင်းတခုကို KNU ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားဘက်က မဇ္ဈိမကို အတည်ပြုသည်။

ဘီးလင်းမြို့နယ်မှ ကျိုက်ထိုမြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်ကားသုံးစီး၊ အင်အား ၃၀ ကျော်ပါ စစ်ယာဉ်တန်းကို ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား တနေရာတွင် ဩဂုတ်လ ၂၅ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

"(စစ်ကောင်စီတပ်) ယာဉ်တန်း ရှေ့ပြေးစက်လတ် တင်လာတဲ့ ကားသေးလေးက ပြန်လည်ပစ်ခတ်တာ ရှိပါတယ်၊ ကင်းပုန်းယူထားတဲ့ အဖွဲ့ကလည်း ပစ်ပါတယ်" ဟု ဘီးလင်း ပကဖ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်၏ ယာဉ်တန်းပါ ရှေ့ပြေးကားပေါ်မှ စက်သေနတ်ဖြင့် ပြန်လည်ပစ်ခတ်ခြင်းနှင့် သံတံတားစစ်ကောင်စီဂိတ်စခန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။

KNU တပ်မဟာ (၁) လက်အောက်ခံ တိုက်ခိုက်ရေးတပ်ဖြစ်သော KNLA နှင့် ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ဘီးလင်း ပကဖ (BPDF)၊ သထုံမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ပူးပေါင်းတပ်ဖွဲ့က ၄၀ မမ၊ လက်နက်ငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်များကို စုံစမ်းနေဆဲဖြစ်ပြီး KNLA တပ်မဟာ (၁) ပူးပေါင်းတပ်ဖွဲ့ဘက်တွင် အထိအခိုက်မရှိကြောင်း ဆိုသည်။

ထို့အပြင် ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာအတွင်းရှိ ဒေါက်ရပ်တိုက်နယ် ဆေးရုံတွင် ကင်းပုန်းဝပ် အထိုင်ချထားသော စစ်ကောင်စီတပ်ကိုလည်း ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင် KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

ထိုစစ်ကြောင်းသည် ယခုဆင်းလာသည့် စစ်ကားသုံးစီးပါ ယာဉ်တန်းကို ကင်းပုန်းဝပ် လုံခြုံရေးလာယူသည့် ယာဉ်တန်းဖြစ်သည်။ ဩဂုတ်လ ၂၄ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နောက် ဒေါက်ရပ်တိုက်နယ်ဆေးရုံတွင် ကင်းပုန်းဝပ်ထားခြင်း ဖြစ်သည်။

"၂၄ ရက်နေ့က ဒီဘက်ပူးပေါင်းအဖွဲ့တွေက စစ်ယာဉ်တန်း လာမယ်လို့ သတင်းရထားလို့ မိုင်းသွားစောင့်ဆွဲတာ၊ ဒါပေမယ့် ယာဉ်တန်းက ရောက်မလာဘဲ ဒေါက်ရပ်ရွာထဲကို ကင်းပုန်းလာချတာနဲ့ တိုးတော့ တိုက်ပွဲစဖြစ်တာပေါ့၊ အဲ့ဒီအချိန်ကနေစပြီး စစ်ကောင်စီက ပတ်ဝန်းကျင်ကို တနေကုန် လက်နက်ကြီး တောက်လျှောက်ပစ်တော့တာပဲ" ဟု KNLA သတင်းရင်းမြစ်တဦးက မဇ္ဈိမကို ပြောသည်။

ယင်းကင်းပုန်းဝပ် စစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က သုံးဦးသေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က တပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဆိုသည်။

ထိုကင်းပုန်းစစ်ကြောင်းသည် ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေါက်ရပ်တိုက်နယ် ဆေးရုံအတွင်း တပ်ရုတ်သိမ်းပြီး ပြန်လည်ထွက်ခွာသွားပြီဟု သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းကလည်း ဘီးလင်းမြို့နယ်၊ ရွှေသံလွင် တိုးဂိတ်အဟောင်းတွင် အထိုင်ချ စစ်ဆေးရေး ပြုလုပ်နေသည့် စစ်ကောင်စီတပ်နှင့် ရဲများအား တပ်မဟာ (၁) KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ဘီးလင်း
#KNLA
#တိုက်ပွဲဖြစ်
#Mizzima
Photo- KNLA စစ်သားများကို တွေ့ရစဉ်

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16❤5😁2
This media is not supported in your browser
VIEW IN TELEGRAM
👉 ရှိုးပွဲကနေရရှိတဲ့ ငွေများကို အလှူအတန်းပြုလုပ်ခဲ့တဲ့ အဆိုတော် Harry styles

Full Video Link - https://youtu.be/0rrwyMCWatk

#HarryStyles#entertainmentnews #celecity #Reels #Shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate
👍3❤2🌭1
​​ပုသိမ်ထောင်အကြမ်းဖက်ခံရမှုတွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်များကတရားစွဲ
===================

မင်းထက်
(မဇ္စျိမ)။ ။ပုသိမ်အကျဥ်းထောင် အကြမ်းဖက်ခံရမှုဖြစ်စဥ်တွင် သေလုမျောပါးရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၃၃ ဦးကို စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက တရားစွဲဆိုလိုက်သည်ဟု နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုများထံက သိရသည်။

ပုသိမ်အကျဥ်းထောင်အကြမ်းဖက်ခံမှုတွင် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၆၀ ကျော်အနက် ၃၇ ဦးကို ၎င်းတို့အကျဥ်းချခံထားရသည့် အခန်းများအတွင်းမှ ထောင်အာဏာပိုင်များက သြဂုတ်လ ဒုတိယပတ်အတွင်း ခေါ်ထုတ်သွားခဲ့သည်ဟု သိရသည်။
ထို့နောက် အဆိုပါ နိုင်ငံရေးအကျဥ်းသား ၃၇ ဦးအား တိုက်ပိတ်စစ်ဆေးမှုများပြုလုပ်ပြီး ၎င်းတို့အနက်မှ ၃၃ ဦးကို ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ်တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန်မိမိအလိုအလျောက် နာကျင်စေမှု/အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၃ ၊ ၃၃၂ ပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်ကပြောသည်။

"နိုင်ကျဉ်း ၁၆ ယောက်ကို ပုဒ်မ ၃၃၃ နဲ့တရားစွဲပြီး ၁၇ ဦးကို ပုဒ်မ ၃၃၂ နဲ့တရားစွဲတာပါ။ အရိုက်လည်းခံရတာလည်း နိုင်ကျဥ်းတွေပဲ တရားစွဲခံရတာလည်း နိုင်ကျဥ်းတွေပဲ။ စစ်တပ်နဲ့ သူတို့လက်အောက်ခံတွေ ယုတ်မာတာကတော့လမ်းဆုံးနေပြီ"ဟု ၎င်းကဆိုသည်။

ထိုသို့တရားစွဲဆိုမှုကို ထောင်အာဏာပိုင်များက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဥ်းသား၏ မိသားစုဝင်ကဆက်ပြောသည်။

တရားစွဲဆိုခံရသည့် နိုင်ရေးရေးအကျဥ်းသား ၃၃ ဦးကို ထောင်အာဏာပိုင်များက တိုက်ပိတ်ထားသည်ဟုသိရပြီး ထောင်ဝင်စာကန့်သတ်မှုများလည်းရှိနေသည့်အတွက် နိုင်ငံရေးအကျဥ်းသားများ၏ မိသားစုဝင်များ စိုးရိမ်နေကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက် ညပိုင်းက ပုသိမ်အကျဥ်းထောင်တွင် အကျဥ်းချခံထားရသည့် ကိုဖိုးလပြည့်၊ ကိုဝင်းထွန်းနိုင်(ခ)ခေါလေး ၊ ကိုဝင်းမင်းထက်(ခ)ကိုမဲကြီး အပါ အဝင်နိုင်ငံရေးအကျဥ်းသားရှစ်ဦးကို ထောင်မှူးနှင့် ထောင်ညွှန်မှူးဦးဇော်စစ်အောင်တို့ ဦးဆောင်ကာ သေလုမျောပါးဖြစ်သည်အထိ ရိုက်နက်ပြီးတိုက်ပိတ်ထားခဲ့သည်။

ဇန်နဝါရီလ ၆ ရက်မနက်ပိုင်းတွင် ရိုက်နှက်ခံရသူများအနက် ကိုဝင်းမင်းထက်(ခေါ်)ကိုမဲကြီးဆိုသူ ပျောက်ဆုံးနေပြီး ကျန်ခုနစ်ဦးမှာ တိုက်ပိတ်ခံထားရသည့်အတွက် ပြန်လွှတ်ပေးရန် နိုင်ငံရေးအကျဥ်းသားများက တောင်းဆိုခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက နိုင်ငံရေးအကျဥ်းသားများအား အကြမ်းဖက်မှုများပြုလုပ်ခဲ့သည်။
ထိုအကြမ်းဖက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ရဲများ၏ ရိုက်နှက်ပစ်ခတ်မှုများကြောင့် အသက် ၃၃ နှစ်အရွယ် ကိုဝေယံဖြိုး(ခေါ်)ရာစု ကျဆုံးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၆၇ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။

လက်ရှိတွင် အကြမ်းခံဖက်ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသား ၆၇ ဦးအနက် ၃၃ ဦးကို စစ်ကောင်စီလက် အောက်ခံများက တရားစွဲဆိုနေခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

#ပုသိမ်အကျဉ်းထောင်
#နိုင်ငံရေးအကျဉ်းသား
#စစ်ကောင်စီ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤬5😢3🔥1
Media is too big
VIEW IN TELEGRAM
👉 GMMTV နဲ့လက်တွဲဖြုတ်တော့မယ်လို့ ကြေညာခဲ့တဲ့ ထိုင်းမင်းသား Bright

Full Video Link - https://youtu.be/0rrwyMCWatk

#entertainmentnews #celecity #Reels #Shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate
👍8🌭1
GMMTV နှင့်လက်တွဲဖြုတ်တော့မယ်လို့ ကြေညာခဲ့တဲ့ ထိုင်းမင်းသား Bright | Cele City - Episode 33
==================

Mizzima +TV မှ နိုင်ငံတကာနောက်ဆုံးရ ဖျော်ဖြေရေးသတင်းများနဲ့အတူ Cele City အစီအစဉ်လေးရောက်ရှိလာပါပြီ.. ဒီအပတ်မှာဆိုရင်

-ကွာရှင်းမို့တရားရင်ဆိုင်နေရတဲ့ အဆိုတော် Britney Spears

-ဘောလီဝုဒ်မင်းသမီး Disha Pataniပုံကိုတက်တူးထိုးလိုက်တဲ့ မော်ဒယ် အဲလက်စ်

-GMMTV နှင့်လက်တွဲဖြုတ်တော့မယ်လို့ ကြေညာခဲ့တဲ့ ထိုင်းမင်းသား Bright

အပြင် တခြားဖျော်ဖြေရေးနှင့်ဆိုင်တဲ့သတင်းများပါ တင်ဆက်ပေးသွားမှာမို့ အပတ်စဉ် စနေနေ့ Mizzima + TV channel မှာ ညနေ ၄ ခွဲ အချိန်မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။ Mizzima + TV မှာ မကြည့်လိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima TV App မှာ ပြန်လည် ကြည့်ရှုနိုင်ပါပြီ။ App ဒေါင်းလုတ်ရယူရန် http://onelink.to/jnuwak (Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

https://youtu.be/0rrwyMCWatk?si=SrMq6IvIvZCI2WR_

#Celecity
#mizzimaTv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4😁1
​​PNO ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်မှ ကျည်ဆန် အတောင့် ၅၀၀ နှင့် ငွေကျပ်သိန်း ၉၀ သိမ်းဆည်းရရှိ
=================

ဂျူချန်း
(မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖာမူကျေးရွာတွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားသည့် ပအိုဝ်းအမျိုးသားတပ် (PNO/PNA) ခေါင်းဆောင်တဦး၏ နေအိမ်မှ ကျည်ဆန်အတောင့် ၅၀၀ ၊ငွေကျပ် သိန်း ၉၀ သိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူထံမှ သိရသည်။

ပင်လောင်း-ဖယ်ခုံ လမ်းမကြီးပေါ်တွင်ရှိသည့် PNO ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်ဝင်း၏ နေအိမ်ကို ဩဂုတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် ဖယ်ခုံ PDF တပ်ရင်း(၂) မှ ဝင်ရောက်စီးနင်းခဲ့ရာ ဦးမောင်ဝင်းကို မတွေ့သဖြင့် နေအိမ်တွင်းရှိ ကျည်ဆန်၊ စကားပြောစက်နှင့် ဆက်ကြေးကောက်ခံထားသည့် ပိုက်ဆံများကို သိမ်းဆည်းခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူက မဇ္ဈိမ ကို ပြောသည်။

“ဝင်စီးတဲ့အချိန်မှာ သူ့သားပဲ ရှိတော့ သူ့သားကို ဘာမှမလုပ်ခဲ့ဘူးပေါ့နော်။ အဲ့မှာရှိတဲ့ ပိုက်ဆံ သိန်း ၉၀ ရယ်၊ ကျည်အတောင့် ၅၀၀ ရယ်၊ ပြီးတော့ စစ်တပ်သုံး Icon(စကားပြောစက်) တလုံးရယ်ကို ကျနော်တို့ သိမ်းလာတယ်။ ” ဟု ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။

ဝင်ရောက်စီးနင်းချိန်တွင် ဦးမောင်ဝင်းမှာ အစည်းအဝေးတခုသို့ သွားနေသဖြင့် ၎င်းနှင့်အတူ သေနတ်လေးလက်ကိုပါ ယူဆောင်သွားသောကြောင့် သေနတ်ကိုမူ သိမ်းဆည်းရမိခြင်းမရှိခဲ့ကြောင်း သိရသည်။

ဦးမောင်ဝင်းသည် ပအိုဝ်းအမျိုးသားတပ် (PNO/PNA) ပြည်သူ့စစ်တွင် ဗိုလ်ကြီးအဆင့် ရှိသူဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ကျေးရွာများတွင် တအိမ်လျှင် တယောက် စစ်သင်တန်းတက်ရန် စုဆောင်းပေးသူဖြစ်ပြီး လူမပေးနိုင်ပါက ငွေကျပ် ၃၀,၀၀၀ မှ ၆၀,၀၀၀ အထိ ဆက်ကြေးကောက် ပိုက်ဆံစုကာ စစ်တပ်ထံသို့ လက်နက်ဝယ်ပေးရသည့် PNO ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်ကြောင်း ဖယ်ခုံ PDF တပ်ရင်း(၂) တာဝန်ရှိသူက ပြောသည်။

၂၀၂၂ နှစ်လယ်ပိုင်းမှစတင်ကာ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားတပ် (PNO/PNA) နယ်မြေစိုးမိုးသည့် ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့ရှိ ကျေးရွာများအပြင် ရှမ်းတောင်ပိုင်းရှိ ပအိုဝ်းလူမျိုးများနေထိုင်ရာ ကျေးရွာများတွင် တအိမ်တယောက် မဖြစ်မနေ စစ်သင်တန်းတက်ရောက်ရန် တပ်သားစုဆောင်နေပြီး PNO မှ စစ်သင်တန်းပေးနေကြောင်း ဆီဆိုင်မှ ဒေသခံတဦးက ပြောသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#PNO
#ပြည်သူ့စစ်ခေါင်းဆောင်

ပုံစာ- ဦးမောင်ဝင်းနေအိမ်မှ သိမ်းဆည်းရရှိသည့် ပစ္စည်းများ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍22🥰3👏3🥴1
This media is not supported in your browser
VIEW IN TELEGRAM
👉 Company ရဲ့ တင်းကြမ်မှုတွေကြောင့် Panic attack ပါရရှိနေကျတဲ့ Fifty Fifty အဖွဲ့သားများ

Full Video Link - https://youtu.be/0rrwyMCWatk

#entertainmentnews #celecity #Reels #Shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #FiftyFifty
👍2
ကန့်ဘလူခရိုင်ရှိ စစ်ဘေးရှောင်ကလေးများတွင် အရေပြားရောဂါလက္ခဏာ အဖြစ်များ
ကန့်ဘလူခရိုင်ရှိ စစ်ဘေးရှောင်ကလေးများတွင် အရေပြားရောဂါလက္ခဏာ အဖြစ်များ
======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များတွင် အရေပြားရောဂါ လက္ခဏာ အဖြစ်များနေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က သြဂုတ်လ ၂၅ရက်တွင် သတင်းထုတ်ပြန်သည်။

အသက် ၁၀နှစ်အောက်ကလေးငယ်များတွင် အရေပြားရောဂါ လက္ခဏာများဖြစ်သည့် ခန္ဓာကိုယ်၌ အနီစက်များ၊ အရေပြားအနာများပေါက်ကာ ရောင်ရမ်းခြင်း၊ အဖျားတက်ခြင်း၊ ယားယံခြင်းဝေဒနာများ ခံစားနေရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ကလေးတွေမှာက ဦးခေါင်းနဲ့ မျက်စိ၊ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေပြားအနာပေါက်တာများပါတယ်။ နောက်ပြီးတော့ တခြား ပွေး၊ဝဲ၊ညှင်း ပေါက်တာတွေလည်းတွေ့ရပါတယ်။ ကလေးတစ်ယောက်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးမှာ အနာပေါက်နေတာပါ။ ကလေးတွေကို သောက်ဆေးနဲ့လိမ်းဆေးတွေ ပေးပြီးကုသပေးနေပါတယ်ဗျ။ တကိုယ်ရေသန့်ရှင်းမှု အားနည်းလို့ အခုလိုအဖြစ်များနေတာပါ” ဟု ၎င်းတာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

ကန့်ဘလူခရိုင်ရှိ စစ်ဘေးရှောင်စခန်းများမှ ဒေသခံများသည် စစ်ဘေးရှောင်နေရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေရ၍ မိဘများက ကလေးများအား ဂရုမစိုက်နိုင်ခြင်း၊ ရေရှားခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ကလေးငယ် ဦးရေ ၂၀ကျော်သည် အရေပြားအနာပေါက်ရောဂါခံစားနေရ ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် အချို့ကလေးငယ်များတွင် သွေးလွန်တုတ်ကွေး၊ အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ၊ နားပြည်ယိုခြင်းများလည်း ရှိနေပြီး လူကြီးပိုင်းများတွင်မှုသွေးတိုးရောဂါ၊ ဆီးချိုရောဂါများ အဖြစ်များနေကြောင်း ယင်းအဖွဲ့ထံက သိရသည်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)သည် သြဂုတ်လ ဒုတိယပတ်အတွင်း အဆိုပါ စစ်ဘေးရှောင်စခန်းများ၌ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းဖြစ်ပြီး ဆေးဝါးလုံလုံလောက်လောက်မပေးနိုင်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခုလို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါအခက်အခဲတခုက ဆီးချိုနဲ့သွေးတိုးရောဂါလို ရောဂါမျိုးအတွက် ဆေးလုံလုံလောက်လောက်မပေးနိုင်တဲ့ပြဿနာတွေရှိနေပါတယ်။တကယ့်မြေပြင်မှာ အခြေခံဆေးဝါးများ၊သွေးတိုးဆီးချိုရော ဂါဆိုင်ရာဆေးဝါးတွေအများအပြားလိုအပ်လျက် ရှိနေတာကိုတွေ့ရပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက ဆိုသည်။

ကန့်ဘလူခရိုင် ၊ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်ရှိ ဒေသခံ ၁၅,၀၀၀ကျော်သည် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် စစ်ရှောင်စခန်းများနှင့် နီးစပ်ရာတောတောင်ထဲတွင် တဲထိုးပြီး စစ်ရှောင်နေကြရဆဲဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)ထံက သိရသည်။

စာတည်း‌။ ။အောင်ကျော်ဖြိုး

#Mizzima
#အရေပြားရောဂါ
#ကန့်ဘလူ

ပုံအညွှန်း။ ။ ကန့်ဘလူခရိုင်မှ စစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဥ် ဓာတ်ပုံ။ ။ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5🔥2
​​အပြန်အလှန် ငွေပေးချေမှုများ၌ ဒေသတွင်း ငွေကြေးကို သုံးစွဲမှု မြှင့်တင်ရန် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုး
=======================

အပြန်အလှန် ငွေပေးငွေချေမှုများ၌ ဒေသတွင်း ငွေကြေးများကိုသာ သုံးစွဲမှုအား မြှင့်တင်နိုင်ရေးအတွက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် သဘောတူညီချက်တရပ်ကို သောကြာနေ့၌ လက်မှတ်ရေးထိုးသည်။

လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ သုံးရပ်သည် ယခု သုံးနိုင်ငံကြား ကိုယ်ပိုင်ငွေကြေးများဖြင့် အပြန်အလှန် ငွေပေးချေမှုများ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မူဘောင်ချမှတ်ခြင်း ဖြစ်ကြောင်း Bank Indonesia (BI) ၊ Bank Negara Malaysia (BNM) နှင့် Bank of Thailand (BOT) တို့၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် ပြုလုပ်သည့် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများ အစည်းအဝေး ပြင်ပန်း၌ အဆိုပါ ဗဟိုဘဏ် သုံးခု၏ အုပ်ချုပ်ရေးမှူးများက သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

“ချမှတ်မူဘောင်ရဲ့ အတိုင်းအဆဟာ ခုဆိုရင် တဖြည်းဖြည်း အကောင်အထည်ဖော်နေတဲ့ ကုန်သွယ်ရေးနဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပြင် နယ်စပ်ဖြတ်ကျော် ငွေပေးငွေချေ လုပ်ဆောင်မှုတွေ ပိုပြီး သင့်တော်လာအောင် ချဲ့ထွင်တာပဲ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်၌ ဆိုသည်။

“အခု မူဘောင်သစ်ဟာ ပိုပြီး လက်သင့်ခံနိုင်ပြီး ထိရောက်တဲ့ ဒေသတွင်းသုံး ငွေကြေးနဲ့ နယ်စပ်ဖြတ်ကျော် ပေးချေမှု အစပျိုးမှုနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ကောင်း ဖြစ်လာမယ်”ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။
👍3
This media is not supported in your browser
VIEW IN TELEGRAM
👉 အသက် ၂၁ နှစ်ကြီးတဲ့သူနဲ့ တွဲနေတဲ့ မင်းသမီး Lee Yeol Eum

Full Video Link - https://youtu.be/0rrwyMCWatk

#entertainmentnews #celecity #Reels #Shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #LeeYeolEum
❤2👍2🍌1
စစ်ကောင်စီ စစ်ကြောင်းကြောင့် ကနီမြို့နယ် ဒေသခံထောင်ချီ တိမ်းရှောင်
👍3🤬2🔥1😁1
စစ်ကောင်စီ စစ်ကြောင်းကြောင့် ကနီမြို့နယ် ဒေသခံထောင်ချီ တိမ်းရှောင်
=======================

KMN
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောက်ကုန်းရွာဘက်မှ ကနီမြို့နယ်ဘက်သို့ ယမန်နေ့ ဩဂုတ်လ၂၅ ရက် ညကစ၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ကျေးရွာကိုးရွာခန့်မှ ဒေသခံထောင်ချီတိမ်းရှောင်နေရကြောင်း ကနီမြို့နယ်သပိတ်ဦးဆောင်သူတဦးက ပြောကြားသည်။

ကနီမြို့နယ် ကျောက်ကုန်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
"မနေ့ညကစပြီး ညတွင်းချင်း စစ်ဘေးတိမ်းရှောင်နေရတာပါ။ဒီနေ့အထိပြည်သူတွေပြေးနေရဆဲပါပဲ" ဟု ကနီမြို့နယ်သပိတ်ဦးဆောင်သူ က ပြောကြားသည်။

စစ်ကောင်စီစစ်ကြောင်းထိုးခြင်းကြောင့် ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာကိုးရွာခန့်မှ ဒေသခံပြည်သူ ထောင်ချီ စစ်ဘေး လွတ်ကင်းရာ ထွက်ပြေး တိမ်းရှောင် နေကြရပြီး စားနပ်ရိက္ခာ၊အမိုးအကာများ လိုအပ်နေကြောင်းသိရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် စစ်ကိုင်းတိုင်း ကနီမြို့နယ် နှင့် ယင်းမာပင် မြို့အနယ်အစပ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဌင်းကျေးရွာများအနီးတွင် သြဂုတ်လ ၁၈ ရက်နေ့မှ စ၍ ၂၄ ရက်နေ့ထိ စစ်ကောင်စီ စစ်ကြောင်းနှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ခန့်သေဆုံးကာ တပ်စိတ်မှူး တဦးကို အရှင်ဖမ်းဆီးမိခဲ့ကြောင်း Dragon Brothers Task Force က သတင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ‌အောင်ကျော်ဖြိုး

#Mizzima
#စစ်ဘေးရှောင်
#ကနီမြို့နယ်

ပုံအညွှန်း- ကနီမြို့နယ်တွင် ဩဂုတ်လ ၂၅ ရက်နေ့ညက တွေ့ရသည့် စစ်ဘေးရှောင်များ။(ဓာတ်ပုံ- Pyae Aung Naing Kani)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍4❤1🔥1😁1