Mizzima
✔
47.5K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကန့်ဘလူခရိုင်ရှိ စစ်ဘေးရှောင်ကလေးများတွင် အရေပြားရောဂါလက္ခဏာ အဖြစ်များ
======================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ စစ်ဘေးရှောင်ကလေးငယ်များတွင် အရေပြားရောဂါ လက္ခဏာ အဖြစ်များနေသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)က သြဂုတ်လ ၂၅ရက်တွင် သတင်းထုတ်ပြန်သည်။

အသက် ၁၀နှစ်အောက်ကလေးငယ်များတွင် အရေပြားရောဂါ လက္ခဏာများဖြစ်သည့် ခန္ဓာကိုယ်၌ အနီစက်များ၊ အရေပြားအနာများပေါက်ကာ ရောင်ရမ်းခြင်း၊ အဖျားတက်ခြင်း၊ ယားယံခြင်းဝေဒနာများ ခံစားနေရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ကလေးတွေမှာက ဦးခေါင်းနဲ့ မျက်စိ၊ ခန္ဓာကိုယ်တစ်ခုလုံးမှာ အရေပြားအနာပေါက်တာများပါတယ်။ နောက်ပြီးတော့ တခြား ပွေး၊ဝဲ၊ညှင်း ပေါက်တာတွေလည်းတွေ့ရပါတယ်။ ကလေးတစ်ယောက်ဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးမှာ အနာပေါက်နေတာပါ။ ကလေးတွေကို သောက်ဆေးနဲ့လိမ်းဆေးတွေ ပေးပြီးကုသပေးနေပါတယ်ဗျ။ တကိုယ်ရေသန့်ရှင်းမှု အားနည်းလို့ အခုလိုအဖြစ်များနေတာပါ” ဟု ၎င်းတာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

ကန့်ဘလူခရိုင်ရှိ စစ်ဘေးရှောင်စခန်းများမှ ဒေသခံများသည် စစ်ဘေးရှောင်နေရင်း စားဝတ်နေရေးအတွက် ရုန်းကန်နေရ၍ မိဘများက ကလေးများအား ဂရုမစိုက်နိုင်ခြင်း၊ ရေရှားခြင်းနှင့် တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကြောင့် ကလေးငယ် ဦးရေ ၂၀ကျော်သည် အရေပြားအနာပေါက်ရောဂါခံစားနေရ ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် အချို့ကလေးငယ်များတွင် သွေးလွန်တုတ်ကွေး၊ အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါ၊ နားပြည်ယိုခြင်းများလည်း ရှိနေပြီး လူကြီးပိုင်းများတွင်မှုသွေးတိုးရောဂါ၊ ဆီးချိုရောဂါများ အဖြစ်များနေကြောင်း ယင်းအဖွဲ့ထံက သိရသည်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)သည် သြဂုတ်လ ဒုတိယပတ်အတွင်း အဆိုပါ စစ်ဘေးရှောင်စခန်းများ၌ သွားရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းဖြစ်ပြီး ဆေးဝါးလုံလုံလောက်လောက်မပေးနိုင်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခုလို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါအခက်အခဲတခုက ဆီးချိုနဲ့သွေးတိုးရောဂါလို ရောဂါမျိုးအတွက် ဆေးလုံလုံလောက်လောက်မပေးနိုင်တဲ့ပြဿနာတွေရှိနေပါတယ်။တကယ့်မြေပြင်မှာ အခြေခံဆေးဝါးများ၊သွေးတိုးဆီးချိုရော ဂါဆိုင်ရာဆေးဝါးတွေအများအပြားလိုအပ်လျက် ရှိနေတာကိုတွေ့ရပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တာဝန်ရှိသူက ဆိုသည်။

ကန့်ဘလူခရိုင် ၊ ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်းတိုက်နယ်ရှိ ဒေသခံ ၁၅,၀၀၀ကျော်သည် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် စစ်ရှောင်စခန်းများနှင့် နီးစပ်ရာတောတောင်ထဲတွင် တဲထိုးပြီး စစ်ရှောင်နေကြရဆဲဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)ထံက သိရသည်။

စာတည်း‌။ ။အောင်ကျော်ဖြိုး

#Mizzima
#အရေပြားရောဂါ
#ကန့်ဘလူ

ပုံအညွှန်း။ ။ ကန့်ဘလူခရိုင်မှ စစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေစဥ် ဓာတ်ပုံ။ ။ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ( ကန့်ဘလူခရိုင်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢5🔥2
​​အပြန်အလှန် ငွေပေးချေမှုများ၌ ဒေသတွင်း ငွေကြေးကို သုံးစွဲမှု မြှင့်တင်ရန် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ လက်မှတ်ရေးထိုး
=======================

အပြန်အလှန် ငွေပေးငွေချေမှုများ၌ ဒေသတွင်း ငွေကြေးများကိုသာ သုံးစွဲမှုအား မြှင့်တင်နိုင်ရေးအတွက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် သဘောတူညီချက်တရပ်ကို သောကြာနေ့၌ လက်မှတ်ရေးထိုးသည်။

လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာ သုံးရပ်သည် ယခု သုံးနိုင်ငံကြား ကိုယ်ပိုင်ငွေကြေးများဖြင့် အပြန်အလှန် ငွေပေးချေမှုများ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန် မူဘောင်ချမှတ်ခြင်း ဖြစ်ကြောင်း Bank Indonesia (BI) ၊ Bank Negara Malaysia (BNM) နှင့် Bank of Thailand (BOT) တို့၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြသည်။

အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် ပြုလုပ်သည့် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများ အစည်းအဝေး ပြင်ပန်း၌ အဆိုပါ ဗဟိုဘဏ် သုံးခု၏ အုပ်ချုပ်ရေးမှူးများက သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်း ဖြစ်သည်။

“ချမှတ်မူဘောင်ရဲ့ အတိုင်းအဆဟာ ခုဆိုရင် တဖြည်းဖြည်း အကောင်အထည်ဖော်နေတဲ့ ကုန်သွယ်ရေးနဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအပြင် နယ်စပ်ဖြတ်ကျော် ငွေပေးငွေချေ လုပ်ဆောင်မှုတွေ ပိုပြီး သင့်တော်လာအောင် ချဲ့ထွင်တာပဲ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်၌ ဆိုသည်။

“အခု မူဘောင်သစ်ဟာ ပိုပြီး လက်သင့်ခံနိုင်ပြီး ထိရောက်တဲ့ ဒေသတွင်းသုံး ငွေကြေးနဲ့ နယ်စပ်ဖြတ်ကျော် ပေးချေမှု အစပျိုးမှုနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်ကောင်း ဖြစ်လာမယ်”ဟု ထုတ်ပြန်ချက်က ဖော်ပြထားသည်။
👍3
This media is not supported in your browser
VIEW IN TELEGRAM
👉 အသက် ၂၁ နှစ်ကြီးတဲ့သူနဲ့ တွဲနေတဲ့ မင်းသမီး Lee Yeol Eum

Full Video Link - https://youtu.be/0rrwyMCWatk

#entertainmentnews #celecity #Reels #Shorts #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #LeeYeolEum
❤2👍2🍌1
စစ်ကောင်စီ စစ်ကြောင်းကြောင့် ကနီမြို့နယ် ဒေသခံထောင်ချီ တိမ်းရှောင်
👍3🤬2🔥1😁1
စစ်ကောင်စီ စစ်ကြောင်းကြောင့် ကနီမြို့နယ် ဒေသခံထောင်ချီ တိမ်းရှောင်
=======================

KMN
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ကျောက်ကုန်းရွာဘက်မှ ကနီမြို့နယ်ဘက်သို့ ယမန်နေ့ ဩဂုတ်လ၂၅ ရက် ညကစ၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ကျေးရွာကိုးရွာခန့်မှ ဒေသခံထောင်ချီတိမ်းရှောင်နေရကြောင်း ကနီမြို့နယ်သပိတ်ဦးဆောင်သူတဦးက ပြောကြားသည်။

ကနီမြို့နယ် ကျောက်ကုန်းကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေပြီးအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
"မနေ့ညကစပြီး ညတွင်းချင်း စစ်ဘေးတိမ်းရှောင်နေရတာပါ။ဒီနေ့အထိပြည်သူတွေပြေးနေရဆဲပါပဲ" ဟု ကနီမြို့နယ်သပိတ်ဦးဆောင်သူ က ပြောကြားသည်။

စစ်ကောင်စီစစ်ကြောင်းထိုးခြင်းကြောင့် ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာကိုးရွာခန့်မှ ဒေသခံပြည်သူ ထောင်ချီ စစ်ဘေး လွတ်ကင်းရာ ထွက်ပြေး တိမ်းရှောင် နေကြရပြီး စားနပ်ရိက္ခာ၊အမိုးအကာများ လိုအပ်နေကြောင်းသိရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် စစ်ကိုင်းတိုင်း ကနီမြို့နယ် နှင့် ယင်းမာပင် မြို့အနယ်အစပ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ဌင်းကျေးရွာများအနီးတွင် သြဂုတ်လ ၁၈ ရက်နေ့မှ စ၍ ၂၄ ရက်နေ့ထိ စစ်ကောင်စီ စစ်ကြောင်းနှင့်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ခန့်သေဆုံးကာ တပ်စိတ်မှူး တဦးကို အရှင်ဖမ်းဆီးမိခဲ့ကြောင်း Dragon Brothers Task Force က သတင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ ‌အောင်ကျော်ဖြိုး

#Mizzima
#စစ်ဘေးရှောင်
#ကနီမြို့နယ်

ပုံအညွှန်း- ကနီမြို့နယ်တွင် ဩဂုတ်လ ၂၅ ရက်နေ့ညက တွေ့ရသည့် စစ်ဘေးရှောင်များ။(ဓာတ်ပုံ- Pyae Aung Naing Kani)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬6👍4❤1🔥1😁1
Media is too big
VIEW IN TELEGRAM
ကြက်သားအုန်းနို့ခေါက်ဆွဲ | Chef Eve's Easy Thai Cooking Show | Ep - 27
.
Watch more detail- https://youtu.be/jsErrmyTJQQ

#အုန်းနို့ခေါက်ဆွဲ #ChefEve’s #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍2🖕1
ကြက်သားအုန်းနို့ခေါက်ဆွဲ နဲ့ မုန့်လက်ကောက် | Chef Eve's Easy Thai Cooking Show | Ep - 27
=================

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့ ကြက်သားအုန်းနို့ခေါက်ဆွဲ နဲ့ မုန့်လက်ကောက် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + Channel ကနေ ကြည့်ရှုနိုင်ပါပြီ။ တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/jsErrmyTJQQ?si=Q-rKxe47yvn5iQpO

#EasyThaiCookingShow
#ChefEve
#NorthernThailandFood
#ThaiFood

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍4🔥1
ဩဂုတ်လ (၂၆) ရက်၊ စနေနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
===============

ဒီကနေ့ညမှာတော့

ထိုင်း-ကရင်နီနယ်စပ်တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့သတင်းနဲ့အတူ

ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးကို ဆက်လက်ထောက်ပံ့မယ်လို့ ကုလသမဂ္ဂ ကတိပြုတဲ့သတင်းအပါအဝင်

နောက်ဆုံးရပြည်တွင်းသတင်းတွေ၊ တစ်ပတ်အတွင်း နိုင်ငံတကာ၊ အားကစားနဲ့ စီးပွားရေး သတင်းတွေကိုနားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ သံစဉ့်အိမ်အစီအစဉ်ကို တင်ဆက်သွားမှာပါ။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

https://youtu.be/6l3qkbTBVng?si=3JMOgFUY1dd86sRi

#Eveningradio
#mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁3
Media is too big
VIEW IN TELEGRAM
မုန့်လက်ကောက် | Chef Eve's Easy Thai Cooking Show | Ep - 27

Watch more detail- https://youtu.be/jsErrmyTJQQ

#မုန့်လက်ကောက် #ChefEve’s #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍3🖕1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၆ ဩဂုတ် ၂၀၂၃) 
===================

စစ်ကောင်စီလက်ထက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ထပ်မံနှုတ်ထွက်မှုများနှင့် အထွေထွေကုန် ဈေးနှုန်းကြီးမြင့်မှုများကြောင့် ပြည်သူလူထုအနေဖြင့် အထွေထွေကျပ်တည်းမှုများဖြင့် ရင်ဆိုင်ရ ဖွယ်ရှိနေပြီး လူမှုဘဝများသည် အရှေ့တောင်အာရှတွင် အနိမ့်ကျဆုံးရောက် ရှိလာနိုင်ဖွယ် ရှိနေသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9😁2🤬2
ဒေါ်လာကို ၆လ ထက်ပိုပြီး ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာတဲ့ သတင်း | Weekend News Roundup
====================

ဒီအစီအစဥ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Mizzima က ထုတ်လွှင့်ခဲ့တဲ့ သတင်းတွေထဲက စိတ်၀င်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို ရွေးချယ်ပြီး ပြန်လည် ထုတ်လွှင့်ပေးသွားမှာပါ။

−အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်းတဲ့သတင်း

−ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကို အရေးယူပေးဖို့ တောင်းဆိုတဲ့သတင်း

−ထိုင်ဝမ်ကိုပြင်းထန်တဲ့သတိပေးမှုအဖြစ် တရုတ်က ကျွန်းတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်တဲ့သတင်း

−အမေရိကန် တောင်ကိုရီးယားနဲ့ ဂျပန်ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပူးတွဲထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရုတ်ကန့်ကွက် တဲ့သတင်း

−ဒေါ်လာကို ၆လ ထက်ပိုပြီး လက်ဝယ်ကိုင်ဆောင်ပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာတဲ့ သတင်း

−ထိုင်းဘတ်ငွေဈေးဂယက်ကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တော်လှန်ရေးအတွက် လက်နက်ခဲယမ်းဝယ်ယူဖို့ ခက်ခဲလာဟုဆို တဲ့သတင်း

https://youtu.be/wvSj97EFBRs?si=Bm-bKj_5PMnIY4-K

#weekendnewsroundup
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍17🤣4❤2🎉2🔥1
​​စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသည့် ရပ်ကွက်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ
====================

007
(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူပေးထားသည့် ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ယနေ့ ဩဂုတ်လ ၂၆ရက် နေ့လယ် ၁ နာရီခန့်က ဗုံးပစ် တိုက်ခိုက်ခံလိုက်ရကြောင်း ဒေသခံများထံကသိရသည်။

“ရပ်ကွက်ရုံးမှာ တပ်စွဲထားတဲ့စစ်သားတွေကို၊ ဆိုင်ကယ်နဲ့လာတဲ့ နှစ်ယောက်က ဗုံးနဲ့လှမ်းထုပြီးထွက်ပြေးသွားတာ၊ တယောက်ထိတယ်၊ စစ်သားလား ရဲလားတော့ မသိရသေးဘူး၊ ဆေးရုံကားတစီးနဲ့ လာသယ်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

မဟာအောင်မြေမြို့နယ် ၈၂ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းကြားရှိ ရတနာဘုမ္မိ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုက်အဝန်းထံမှ သိရသည်။

“မှန်ကာပါတဲ့ ဆိုင်ကယ်စီးဦးထုပ် ဆောင်းထားတဲ့လူနှစ်ယောက်က၊ အနက်ရောင်ဆိုင်ကယ်နဲ့ရောက်လာပြီး၊ ခပ်လှမ်းလှမ်းကနေ လှမ်းပစ်သွားတာပါ” ဟု နီးစပ်သူတဦးက ပြောသည်။

ရုံးအစောင့် စစ်ကောင်စီတပ်သားတဦး လဲကျသွားသည်ကို မြင်တွေ့လိုက်ရကြောင်း ဒေသခံများကဆိုသော်လည်း ပစ်ပေါက်လိုက်သော လက်လုပ်ဗုံးသည် ရုံးအရှေ့အုတ်တံတိုင်းအနီး ကျရောက်ပေါက်ကွဲ့ခြင်းသာဖြစ်ကြောင်း လူပစ္စည်းထိခိုက်ပျက်စီးမှု မရှိကြောင်း စစ်ကောင်စီကိုဝါဒဖြန့်ပေးနေသည့် သတင်းများက ထုတ်ပြန်ထားသည်။

မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားခြင်းဖြစ်ကြောင်း မသိရသေးဘဲ တိုက်ခိုက်မှုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က မန္တလေးမြို့တွင်းသွားလာနေသော ဆိုင်ကယ်များအား တင်းကျပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

မန္တလေးမြို့တွင် ယခုလ ၁ ရက်နေ့မှ ယနေ့အထိ၊ စစ်ကောင်စီ၏နေရာ ၁၀ ခုထက်မနည်း တိုက်ခိုက်ခံထားရပြီး ယင်းနေရာများအနက် ခုနစ်နေရာကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ တခုဖြစ်သော No More Dectatorship People Defence Force အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#မဟာအောင်မြေမြို့နယ်
#အုပ်ချုပ်ရေးမှူးရုံး
#ဗုံးပစ်တိုက်ခိုက်မှု

ပုံအညွှန်း-ရတနာဘုမ္မိအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။(ဓာတ်ပုံ-CJ)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12👏4🥱2❤1
​​Time To Hunt
=============

ကိုရီးယားပိုက်ဆံ တန်ဖိုးထိုးကျပြီး တိုင်းပြည် ပျက်နေချိန်မှာ ဖောက်ထွင်းမှုနဲ့ ထောင်ကလွတ်လာတဲ့ ဂျွန်ဆော့ ..
အရာရာကို ဒေါ်လာ ပေးဝယ်နေရတဲ့ ခေတ်ပျက်ကြီးမှာ ထိုင်ဝမ်ကိုသွားပြီး ဘဝသစ် ပြန်စဖို စိတ်ကူးခဲ့တဲ့ "ဂျွန်ဆော့"..
“ဂီဟွန်း"နဲ့ "ဂျန်းဟို"တို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက် ..
ဒေါ်လာ‌တွေနဲ့ လည်ပတ်နေတဲ့ လောင်းကစားအိမ် တစ်လုံးကို သူတို လက်နက်တွေနဲ့ ဝင်စီးခဲ့ပြီး၊ အစီအစဉ်အတိုင်း အောင်မြင်ခဲ့သလို CCTV မှတ်တမ်းတွေ သိုလှောင်ထားတဲ့ ဟာ့ဒရိုက်ဗ်ကိုပါ
ဖြုတ်ယူလာခဲ့ပေမဲ့ သူတို မသိခဲ့တာက ဟာ့ဒရိုက်ဗ်ထဲမှာ VIP တွေရဲ့ လူသိမခံနိုင်တဲ့ လျှိဝှက်ဒေတာတွေ ရှိနေတာကိုပါ…
သူတို အိပ်မက်အတိုင်း ထိုင်ဝမ်ကိုသွားဖို ပြင်ဆင်နေချိန်မှာပဲ သူတိုနောက်ကနေ သေမင်းတမန် အရိပ်လို လိုက်နေပြီဆိုတာ သိလိုက်ရချိန်မှာတော့.....
အချင်းချင်း အသက်ပေးချစ်ကြတဲ့ လူငယ်လေးသုံးယောက်နဲ့ သေမင်းတမန် "ဟန်"ရဲ့ အသက်‌ကြေး အမဲလိုက်ပွဲ စတင်ခဲ့ပါတော့တယ်
Mizzima + တွင် ပြသနေသည့် အချိန်မှာပဲ Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

ပြသမည့်ရက်။ ။ 26.8.2023
#New ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀ )နာရီ
#Replay ပြန်လည်ပြသမည့်အချိန်။ ။ည (၁၀:၃၀ ) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U #MizzimaTV
👍7🔥1
ယင်းမာပင်မြို့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း
===============

ကိုခင်မောင်
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်ကြောင်းသည် ဒေသတွင်းနယ်မြေမငြိမ်သက်မှုကြားမှ “သွေးမအေးတဲ့ ရွှေနွယ်သွေး”စာတန်းနှင့် "ကြောက်ရွံ့မှုမရှိတော်လှန်လို့ အနာဂတ်ကိုဖန်တီးစို့" စာတန်းတို့ကို ကိုင်ဆောင်ပြီး ညနေခင်းဆည်းဆာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၇၇၀ ရက်မြောက်အဖြစ် ချီတက်သပိတ်မှောက်ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်မြို့နယ်
#ရွှေနွယ်သွေး

ဓာတ်ပုံ။ ။ သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း

Website Link - http://www.mizzimaburmese.com/article/132624

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13❤3😁2