အာရှစီးပွားရေးး | VOA on Mizzima
===================
ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ နှစ်တရာပြည့်လာပြီဖြစ်တဲ့ ဂျပန်ထုတ် ဆန်တိုရီ ဝီစကီတွေ ဒေသတွင်းမှာ ဝယ်လိုအား ကောင်းနေပေမယ့်၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်နိုင်ဦးမှာ မဟုတ်သေးတဲ့အကြောင်းနဲ့ တရုတ်− သြစတြေးလျ နှစ်နိုင်ငံ ကုန်သွယ်ရေးတင်းမာမှုကို လျှော့ချနိုင်ဖို့ သြစတြေးလျကတင်ပို့တဲ့ မုရောစပါးအပေါ် အခွန် ကောက်ယူတာကို တရုတ်က ရပ်ဆိုင်းလိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
https://youtu.be/tqcnVt1zAvs?si=Fk7U3RSCUlyQSIx3
#VOA
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

YouTube
အာရှစီးပွားရေးး | VOA on Mizzima
ဒီတပတ် အာရှစီးပွားရေးကဏ္ဍမှာတော့ နှစ်တရာပြည့်လာပြီဖြစ်တဲ့ ဂျပန်ထုတ် ဆန်တိုရီ ဝီစကီတွေ ဒေသတွင်းမှာ ဝယ်လိုအား ကောင်းနေပေမယ့်၊ ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်နိုင်ဦးမှာ မဟုတ်သေးတဲ့အကြောင်းနဲ့ တရုတ်− သြစတြေးလျ နှစ်နိုင်ငံ ကုန်သွယ်ရေးတင်းမာမှုကို လျှော့ချနိုင်ဖို့…
👍10🔥1
This media is not supported in your browser
VIEW IN TELEGRAM
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့ ဩစတြေးလျတပ်တွေ စစ်ရေးလေ့ကျင့်မှုပြုလုပ်
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Philipine #Austria

👍5🔥4
This media is not supported in your browser
VIEW IN TELEGRAM
Aug - 28 [12 Pm] Mizzima News Hour
Mizzima Headline News
#12pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍8🍌1
NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်
==================
အရှေ့တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံလို့ ရန်ကုန်မြို့ သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သံရုံးတာဝန်ခံကို စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာပြည်တွင်းကနေထွက်ခွာဖို့ အကြောင်းကြားခဲ့တာလို့ စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက အရှေ့တီမောနိုင်ငံကို NUG နဲ့ မဆက်ဆံဖို့ ဆက်တိုက်သတိပေးနေပေမယ့် အရှေ့တီမောအစိုးရဟာ NUG နဲ့ ထိတွေ့နေပြီး ဒီလုပ်ဆောင်ချက်တွေဟာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အရှေ့တီမော သံရုံးနဲ့ သံတမန်တွေ ကို မြန်မာနိုင်ငံထဲက ထွက်ခွာသွားဖို့ ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို အရှေ့တီမောအစိုးရ က ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းဌာန ကဖော်ပြထားပါတယ်။
သံတမန်နှင်ထုတ်ခံရပေမဲ့ အရှေ့တီမောအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာစစ်တပ်အနေနဲ့လည်း လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့၊ လက်ရှိအကျပ်အတည်း ဖြေရှင်းရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာဖို့ ထပ်မံတိုက်တွန်းထားပါတယ်။
အရှေ့တီမောဟာ မြန်မာ့ ပြဿနာကို အာဆီယံက ကြိုးစား ဖြေရှင်းနေမှုတွေကို ထောက်ခံမှာ ဖြစ်သလို နိုင်ငံတကာ အသိုက်အဝန်းကလည်း အာဆီယံကို ပူးပေါင်း ကူညီစေလိုကြောင်း တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတာကိုတော့ ပီပီပြင်ပြင် ရှုတ်ချရမှာဖြစ်ကြောင်း၊ မြန်မာစစ်တပ် ကျူးလွန်နေတဲ့ ကိစ္စတွေဟာ ယူကရိန်း ကျူးကျော်စစ်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ ခြားနားမှု မရှိလှကြောင်း ဟော်တာက ထောက်ပြသွားပါတယ်။
အရှေ့တီမောဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာပြည်သူတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ် ဖြိုခွင်းနေတဲ့ လုပ်ရပ်တွေအပေါ် အတိအလင်း ဝေဖန် ကန့်ကွက်ခဲ့သလို မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံက ထိထိရောက်ရောက် ကူညီဖြေရှင်းနိုင်စွမ်း မရှိရင် အာဆီယံ အဖွဲ့ထဲကို ဝင်ရောက်ဦးမှာ မဟုတ်ဘူးလို့ပါ နိုင်ငံရဲ့ ဝန်ကြီးချုပ် ဇာနာနာ ဂူစ်မာအိုက ပြောထားဖူးပါတယ်။
အရှေ့တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံလို့ ရန်ကုန်မြို့သံရုံးမှာ တာဝန် ထမ်းဆောင်နေတဲ့ သံရုံးတာဝန်ခံကို မြန်မာပြည်တွင်းက ထွက်ခွာဖို့ အကြောင်းကြားခဲ့တဲ့လုပ်ရပ်ကို နိုင်ငံရေး အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက အရှေ့တီမောနိုင်ငံရဲ့သမ္မတဖိတ်ကြားချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ တီမောလက်စတေးနိုင်ငံကို သွားရောက်ခဲ့ပြီး အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ရောက်ခဲ့သလို သမ္မတ ဟိုဆေးရားမို့စ်ဟော်တာနဲ့တွေ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားပေးခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် စစ်ကောင်စီက ကြေညာထားခဲ့တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တန်ပြန်ကြေညာထားပါတယ်။
https://youtu.be/PD3UmSKvpqw?si=GhH9UH50SropQ6Qu
#PoliticalNews
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

အရှေ့တီမောနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံလို့
ရန်ကုန်မြို့ သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ သံရုံးတာဝန်ခံကို စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မြန်မာပြည်တွင်းကနေထွက်ခွာဖို့ အကြောင်းကြားခဲ့တာလို့ စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ပါတယ်။…

👍13❤2
သြဂုတ်လ (၂၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
========================
01:00 - NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်တဲ့သတင်း
04:16 - မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမယ်လို့ NUG ပြောတဲ့သတင်း
06:18 - နှစ်သောင်းတန်ငွေစက္ကူကိုသုံးစွဲရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ NUG ပြောတဲ့သတင်း
12:00 - ဒီကနေ့ မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/AHheMfJdEVA?si=fKMx6-ckBr4F54Vn
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
01:00 - NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်တဲ့သတင်း
04:16 - မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမယ်လို့ NUG ပြောတဲ့သတင်း
06:18 - နှစ်သောင်းတန်ငွေစက္ကူကိုသုံးစွဲရင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ NUG ပြောတဲ့သတင်း
12:00 - ဒီကနေ့ မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စက်သုံးဆီစျေး နဲ့ စားအုန်းဆီစျေးတွေအပါအဝင် တခြား စိတ်ဝင်စားဖွယ်နဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/AHheMfJdEVA?si=fKMx6-ckBr4F54Vn
#12pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
သြဂုတ်လ (၂၈)ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:00 - NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်တဲ့သတင်း
04:16 - မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမယ်လို့ NUG ပြောတဲ့သတင်း
06:18 - နှစ်သောင်းတန်ငွေစက္ကူကိုသုံးစွဲရင်…

👍10🍌1
Media is too big
VIEW IN TELEGRAM
တရုတ်နဲ့ပတ်သက်လို့ လက်ရှိအနေအထားအတိုင်း ရပ်တည်သွားမယ့်အကြောင်း ထိုင်ဝမ်ဒုသမ္မတပြောကြား
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

👍8🤮1
Media is too big
VIEW IN TELEGRAM
NUG နဲ့ ဆက်ဆံတာကြောင့်ဆိုပြီး အရှေ့တီမော သံတမန်ကို စစ်ကောင်စီနှင်ထုတ်
Watch more detail - https://youtu.be/PD3UmSKvpqw
#PoliticalNews
#reels
#shorts
#MizzimaTV
Watch more detail - https://youtu.be/PD3UmSKvpqw
#PoliticalNews
#reels
#shorts
#MizzimaTV
👍7❤3😁3
မင်းတပ်မြို့တွင်းတိုက်ပွဲ စစ်တပ်ဘက်မှ ၂ဦးသေ၊ ၇ဦးဒဏ်ရာရဟုဆို
======================
ပါခွီး
(မဇ္စျိမ) ။ ။ ချင်းပြည်နယ်၊ မင်းတပ်မြို့၌ ဩဂုတ်လ ၂၆ရက် နံနက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF-Mindat ထံမှသိရသည်။
ခလရ (၂၇၄) တပ်မှ ကားနှစ်စီးဖြင့် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မင်းတပ်မြို့၊အရှေ့ပြင်ရပ်ရှိ ဝမ္မသူးမောင်ပန်းခြံအနီးတွင် CDF – Mindat က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကားနှစ်စီးနဲ့ ကင်းလှည့်လာတာကို စောင့်ပစ်ကြတာပါ။ စစ်ကောင်စီတပ်က နှစ်ယောက်သေပြီး ခုနှစ်ယောက် ဒဏ်ရာရသွားပါတယ်" ဟုCDF – Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ဌာနမှူး ဇလပ်သွေးက မဇ္စျိမ ကိုပြောသည်။
မိနစ် ၃၀ခန့်ကြာ အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို စစ်ကောင်စီတပ်က ကားပေါ်တင်ဆောင်သွားကြောင်း သိရသည်။
" လူနာတင်ကားလည်းခေါ်သွားတယ်။ တခြားကားတွေလည်း ခေါ်ပြီး ၂၇၄ တပ်ရင်းထဲ မောင်းဝင်သွားတယ်"ဟု CDF – Mindat ရဲဘော်တဦးကပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၀ရက်ညက စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းမှ လူနာတင်ကားတစီးကို လူငယ်တစုကမောင်းနှင်ယူဆောင်သွားခဲ့သည်။ယင်းဖြစ်စဥ်နောက်ပိုင်းတွင် စစ်ကောင်စီတပ်က မြို့တွင်း လုံခြုံရေးတိုးထားပြီး ဆေးရုံနှင့်ကျောင်းအပါအဝင် အစိုးရရုံးများကို ပိတ်ခိုင်းထားရာ ယနေ့ဩဂုတ်လ ၂၈ရက် အထိ ပြန်မဖွင့်သေးကြောင်း ဒေသခံများက ပြောသည်။
ဇွန်လိုင်လ ၃၀ရက်နေ့ကလည်း မင်းတပ်မြို့တွင်း ကင်းလှည့်လာသည့် စစ်ကောင်စီကားကို အရှေ့ပြင်ရပ်တွင် CDF – Mindat မှ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ခုနှစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ယခုရက်ပိုင်းတွင် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းအချို့ လှုပ်ရှားမှုရှိနေ၍ လုံခြုံရေးအထူးသတိပြုနေထိုင်ကြရန် ဒေသခံများအား CDF-Mindatက သတိပေးထားသည်။
စာတည်း - အေးချမ်း
#mizzima
#မင်းတပ်မြို့
#တိုက်ပွဲ
#CDF-Mindat
Photo - HKL / မင်းတပ်မြို့ထဲ၌ တွေ့ရသည့် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့(ပုံဟောင်း)
---------------------

👍19❤1🔥1
This media is not supported in your browser
VIEW IN TELEGRAM
အိန္ဒိယမှာ ရထားတွဲမီးလောင်မှုကြောင့် လူ ၉ ဦးသေဆုံး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #India

ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း နေရပ်ပြန်နိုင်ရေး ဆက်လက်ပံ့ပိုးမယ်လို့ ကုလ ပြော
=======================
ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး အခြေအနေတွေ ဖန်တီးပေးဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတစ်သန်း အပါအဝင် ပြည်တွင်း၊ပြည်ပမှာ ရိုဟင်ဂျာပြည်သူတွေ စစ် ဘေးရှောင်နေရဆဲဖြစ်ပါတယ်” လို့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှ ထွက်ပြေးရတာ ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ အ ခမ်းအနား ထုတ်ပြန်ချက်တစ်ခုမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖလော်ရင် စီယာဆိုတိုနီနိုက ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှု ကျူးလွန်နေတာတွေရဲ့ အရင်းအမြစ်ကို ရှာဖွေဖေါ်ထုတ်ပြီး ရေရှည်တည်တံ့မယ့် အဖြေရှာနိုင်အောင် သက်ဆိုင်ရာအဖွဲ့အားလုံး ၂ ဆတိုး ပါဝင်ဖြေရှင်းကြဖို့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်ကြောင်း ဖလော်ရင် စီယာဆိုတိုနီနိုကက နယူးရောက် ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွးတာပါ။
ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေဟာ လက်ရှိဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကြောင့်ရော မကြာသေးခင်က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုံး ဒဏ်ကြောင့်ပါ ဒုက္ခကြုံနေရဆဲဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ရင်းကို သူတို့သဘောနဲ့သူတို့ ဘေးကင်းစွာ၊ သိက္ခာရှိရှိ ရေရှည်ပြန်နေနိုင်အောင် အခြေနေတွေ ဖန်တီးပေးဖို့ ဆက်ပံ့ပိုးပေး နေကြောင်းလည်း ပြောပါတယ်။
မြန်မာ့အရေး ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သက်ဆိုင်ရာ အဖွဲ့အားလုံးက စုပေါင်းပါဝင်ပြီး ဖြေရှင်းကြဖို့လည်း တိုက်တွန်းပါတယ်။
၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေ အပါအ ဝင် ရိုဟင်ဂျာဒုက္ခသည် ၇၅၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ရိုဟင်ဂျာ ၂၄၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အွန်တာရီယို နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (OIDA) ရဲ့ အစီရင်ခံစာတစ်ရပ်က ဖော်ပြပါတယ်။
ဩဂုတ်လ ၂၅ ရက်နေ့က ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်နေထိုင်တဲ့ ကော့ဘဇားဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်တွေကြောင့် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပြီး လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ နေရပ်အမြန်ဆုံးပြန်နိုင်ရေး၊ မူရင်းနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိရေး၊ ဘေးကင်းလုံခြုံရေးနဲ့ ဂုဏ်သိက္ခာအတွက် အာမခံချက်ရရှိရေး ၊ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် ပြန်လည်အသိအမှတ်ပြုရေးနဲ့ နေရပ်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ထိရောက်တဲ့ အကူအညီတွေ လက်တွေ့ဆောင်ရွက်ပေးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်မှုတွေမြင့်တက်လာတာကြောင့် အထူးသဖြင့် ရိုဟင်ဂျာ အပါအဝင် လူနည်းစုဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ လူသားချင်းစာနာမှုအခြေအနေ ပိုဆိုးရွားလာတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၂၄ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
၂ဝ၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ပေးအရေးယူခံရတာကနေ ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်ဖို့၊ ရိုဟင်ဂျာတွေ အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်မှု ပြန်ပေးဖို့ ရှေ့ပြေးအသံအဖွဲ့အပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၃ဝဝ ကျော်ကလည်း တောင်းဆိုလိုက်ပါတယ်။
NUG အစိုးရအနေနဲ့ ရိုဟင်ဂျာတွေ နိုင်ငံသားဖြစ်မှုနဲ့ အခွင့်အရေးတွေအပြည့်အဝ ပြန်လည်ပေးအပ်ဖို့၊ NUG အနေနဲ့ စစ်ကောင်စီက ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေး စီမံကိန်းကို ချက်ချင်းရပ်တန့်အောင် ဆောင်ရွက်ဖို့အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေကို တောင်းဆိုပေးဖို့ စတဲ့အချက်တွေကိုလည်း ထည့်သွင်းတောင်းဆိုထားပါတယ်။
စစ်ကောင်စီဘက်ကလည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
https://youtu.be/LzsGhopzKkA?si=KjZAcdg5LYfYbx6m

“ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတစ်သန်း အပါအဝင် ပြည်တွင်း၊ပြည်ပမှာ ရိုဟင်ဂျာပြည်သူတွေ စစ် ဘေးရှောင်နေရဆဲဖြစ်ပါတယ်”…

👍10🤮1
Media is too big
VIEW IN TELEGRAM
မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ အကြံပြုချက်များကို အလေးထားဆောင်ရွက်သွားမယ်လို့ NUG ပြော
Watch more detail - https://youtu.be/xyS6QnC97mI
#PoliticalNews #reels #shorts #MizzimaTV

👍15🤮1
မူဆယ်တွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်ပွား
=================
ဂျူချန်း
(မဇ္ဈ်ိမ)။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၌ ယမန်နေ့ ဩဂုတ်လ ၂၇ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် TNLA တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏တပ်မ(၉၉)၊ ခမရ (၄၂၀)နှင့် မြို့မပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့သည် မူဆယ်မြို့နယ်၊ နမ့်တောင်းနှင့် ပန်ကြုံကျေးရွာကြားရှိ လမ်းမကြီးကို မြေကော်စက်ဖြင့် ဖျက်ဆီးရန် လာရောက်စဉ် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(TNLA) က တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။
" ဒီလမ်းက TNLA က ခင်းထားတဲ့လမ်းပါ။ စစ်ကောင်စီက ပထမတခါ လာဖျက်ထားပါသေးတယ်။ အခုတခါ ထပ်လာတော့ တိုက်ပွဲဖြစ်တာပါ"ဟု TNLA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ဘက်မှ တဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရသွားသည်ဟု TNLA ပြန်ကြားရေးအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။
နမ့်တောင်းကျေးရွာနှင့် ပန်ကြုံကျေးရွာ လမ်းပိုင်းသည် တရုတ်-မြန်မာ နယ်စပ် ကျင်စန်းကျော့ဂိတ်အထိ လမ်းပေါက်သည်။ ဒေသတွင်းရှိ နမ့်တောင်း၊ ဟိုနား၊ ပန်ကြုံ၊ ဖာဖိန့် စသည့် ကျေးရွာများမှ ဒေသခံများအပြင် တော်လှန်ရေးအင်အားစုများလည်း အသုံးပြုကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းကို ပြီးခဲ့သည့် ဩဂုတ်လ ၁၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က မြေကော်စက်များဖြင့် ဖျက်ဆီးခဲ့ရာ ဩဂုတ်လ ၂၃ ရက်နေ့တွင် TNLAက ပြန်လည်ပြုပြင်ပေးခဲ့သည်ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLA တပ်တို့ကြား ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၇ ရက်အထိ တိုက်ပွဲ ၁၉ ကြိမ် ဖြစ်ပွားခဲ့သည်။တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားကြောင်း TNLA က ထုတ်ပြန်ထားသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
စာတည်း ။ ။ အေးချမ်း
#မူဆယ်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲ
#TNLA
Photo -TNLA / တိုက်ပွဲအတွင်း ဒဏ်ရာရစစ်သားနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ

👍23🔥2👏2❤1
မြန်မာ့နွေဦးတော်လှန်ရေးနိုင်ငံတကာညီလာခံကထွက်လာတဲ့အကြံပြုချက်များကိုအလေးထားဆောင်ရွက်မယ်လို့ NUG ပြော
====================
မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံက ထွက်ပေါ်လာတဲ့ မျိုးဆက်အသီးသီးရဲ့ ဆွေးနွေးအကြံပြုချက်တွေကို အလေးထား ဆောင်ရွက်သွားမယ်လို့ NUG သတင်းအချက်အလက် နည်းပညာဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးတွေနဲ့ပတ်သက်ပြီး မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံကို အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ဘတ်ဖလိုးမြို့မှာ သြဂုတ် ၂၆ ရက်က ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
အာဏာသိမ်း နှစ်နှစ်ကျော်ကာလ နိုင်ငံတကာမှာရောက်နေတဲ့ ပြည်ပရောက်အင်အားစုတွေကို စုစည်းပြီး ပြည်တွင်းက တော်လှန်ရေးလှုပ်ရှားသူတွေနဲ့အတူ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကွန်ရက်တစ်ခု ပေါ်ပေါက်လာဖို့ ရည်ရွယ်တယ်လို့ ညီလာခံကျင်းပရေးကော်မတီဝင်က ပြောပါတယ်။
ဒီညီလာခံကို နှစ်ရက်ကြာ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ပြုတ်ကျရေး နဲ့ စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက် နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ကြိုးပမ်းမှုတွေ၊ ရည်မှန်းချက်တွေနဲ့ ပူးပေါင်းပါဝင်မှုတွေကို ဒီညီလာခံမှာ အဓိကထားဆွေးနွေးခဲ့တာဖြစ်ပါတယ်။
၂ ရက်ကြာကျင်းပပြီးနောက် ညီလာခံကနေထွက်ပေါ်လာမယ့် တော်လှန်ရေးဦးဆောင် အဖွဲ့အစည်းတွေရဲ့ အားသာချက်အားနည်းချက်တွေကို သက်ဆိုင်ရာအစုအဖွဲ့တွေဆီ အိတ်ပိတ်စာ ပေးပို့ပြီး အပြုသဘောဝေဖန်သွားမယ်လို့ ပြောပါတယ်။
ညီလာခံမှာပါဝင်တဲ့ မျိုးဆက်အသီးသီးရဲ့ဆွေးနွေးအကြံပြုချက်တွေဟာ အလေးထားဆောင်ရွက်သွားရမယ့် အနေအထားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ပြောကြားထားပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး နိုင်ငံတကာညီလာခံဟာ တတိယအင်အားစု တည်ဆောက်တာမျိုး မဟုတ်ဘဲ ပြည်သူ့အသံကို အနီးကပ်ဆုံး ချဉ်းကပ်နိုင်ဖို့ ရည်ရွယ်ချက်သာ ဖြစ်တယ်လို့ ညီလာခံ ကျင်းပရေးကော်မတီဝင်တွေက ပြောကြားထားပါတယ်။
ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကိုယ်စားလှယ်တွေ၊ NLD ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားအစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ပညာရှင်တွေ၊ မြေပြင် PDF အဖွဲ့တွေ၊ ပြည်ပရောက်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
https://youtu.be/xyS6QnC97mI?si=vK5KPmoPK2WkGVQK

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ပေါ်ပေါက်…

❤9👍5🤮4
Media is too big
VIEW IN TELEGRAM
ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း နေရပ်ပြန်နိုင်ရေး ဆက်လက်ပံ့ပိုးမယ်လို့ ကုလ ပြော
Watch more detail - https://youtu.be/LzsGhopzKkA

👍7🤮4