This media is not supported in your browser
VIEW IN TELEGRAM
ဩစတြေးလျမြောက်ပိုင်းက စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်မရိန်းတပ်သား ၃ ဦးသေဆုံး
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Austria #American

❤4👍2😢2
တိုက်ပွဲများကြောင့် သွားလာခွင့်ပိတ်ထားသော မြစ်ကြီးနား-ဖားကန့်လမ်း ပြန်ဖွင့်
🔥5👍3

======================
ကချင်လေး
(မဇ္ဈိမ)။ ။တိုက်ပွဲများကြောင့် သွားလာခွင့်ပိတ်ထားသည့် ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းကို ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက် ၈ နာရီမှစပြီး နှစ်ဖက်တပ်များက လမ်းပြန်ဖွင့်ပေးလိုက်သည့်အတွက် ခရီးသည်တင်ယာဥ် များ အတက်အဆင်းပြုလုပ်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ကာမိုင်းမှ ဖားကန့်ဘက်သို့ စစ်ကြောင်းထိုးလာရာ ယင်း စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က နန့်ယားကျေးရွာမရောက်မီ ကျောက်ထုကျေးရွာ အနီး၌ပစ်ခတ်တိုက်ခိုက်ရာမှ တိုက်ပွဲများစတင်ဖြစ်ပွားပြီး စစ်ရေးတင်းမာလာသောကြောင့် အဆိုပါလမ်း အား နှစ်ဖက်တပ်များက ပိတ်ဆို့ထားခြင်းဖြစ်သည်။
ငါးရက်ကြာ သွားလာခွင့်ပိတ်ထားသည့် မြစ်ကြီးနား-ဖားကန့်လမ်းကို ယနေ့နံနက်တွင် စစ်ကောင်စီတပ် နှင့် KIA တို့မှ ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ကားသမားတဦးကပြောသည်။
“ဒီနေ့ အကုန်ဖွင့်ပေးလိုက်ပြီ။ တက်တဲ့သူတွေလည်း တက်သွားကြပြီ၊ ဆင်းတဲ့သူတွေလည်း အကုန်ဆင်း လာကြပြီ။ နန့်ယားဂိတ်မှာဆို ကား သုံး၊ လေးစီးလောက်ပဲ ကျန်တော့တယ်။ ခုရက်ပိုင်း ဒီဘက်မှာ တိုက်ပွဲ တွေမရှိတော့ဘူးဆိုတော့ နှစ်ဖက်နားလည်မှုနဲ့ ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ သိရတယ်”ဟု အမည်မဖော် လိုသူကားသမားတဦးက ပြောသည်။
နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်၏ ယာဉ်ရပ်နားစခန်းတွင် ခရီးသည် ၁,၀၀၀ ကျော်နှင့် ကုန်ကားအစီး ရေ ၃၀၀ ခန့် ငါးရက်ကြာပိတ်ဆို့ခံခဲ့ရပြီး ယနေ့နံနက်ပိုင်း၌ လမ်းဖွင့်ပေးလိုက်သည့်အတွက် အတက် အဆင်းလုပ်နေပြီဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနား-ဖားကန့်လမ်းကို သွားလာခွင့် ပြန်လည်ခွင့်ပြုထားသော်လည်း စစ်ရေးတင်းမာမှုရှိနေဆဲဖြစ် ၍ ခရီးသွားပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် KIA မှ သတိပေးထားကြောင်း သိရသည်။
ဩဂုတ် လ ၂၂ ရက်နေ့က ကာမိုင်းမှတက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် နန့်ယားကျေးရွာ၌ နှစ် ရက်တာနားနေရာမှ ၂၆ ရက်နေ့တွင် ဖားကန့်ဘက်သို့ ဆက်လက်ထွက်ခွာလာသွားကြောင်း မဇ္ဓျိမမှစုံစမ်း သိရှိထားသည်။
KIA ဦးဆောင်သည့် PDF ပူးပေါင်းအဖွဲ့က လမ်းကြောင်းတလျှောက် ပိတ်ဆို့ထားဆဲဖြစ်၍ နန့်ယားကျေး ရွာမှ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသော ကိုးတန်းကျောင်းသားတဦးနှင့် ရှစ် တန်းကျောင်းသားတဦးပါဝင်ပြီး ကချင်ဘာသာရေးဆရာ နှစ်ဦးလည်းပါဝင်ကြောင်း သိရသည်။
မြစ်ကြီးနား-ဖားကန့်လမ်းကို ငါးရက်အကြာ၌ ပြန်ဖွင့်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ကလူသားဒိုင်း အဖြစ်ဖမ်းဆီးသွားသည့် အရပ်သား ၃၀ ကျော်မှာ လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိ သေးကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံ ဒေသခံများ၏ အခြေအနေအသေးစိတ်ကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းလျှက်ရှိသည်။
စာတည်း။ ။စောဖေ
#ကချင်ပြည်နယ်
#မြစ်ကြီးနား-ဖားကန့်လမ်း
#စစ်ရေးတင်းမာ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6🔥4
This media is not supported in your browser
VIEW IN TELEGRAM
Aug - 28 [4 Pm] Mizzima News Hour
Mizzima Headline News
#4pmnews #mizzimanewshour #mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🍌5
သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
====================
https://youtu.be/G9mcAozyVa4?si=SQNxONWpMLs5BFFP

YouTube
သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို…

🔥4👍1
Media is too big
VIEW IN TELEGRAM
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားမှာ အမှိုက်ပုံမီးလောင်မှုကြောင့် အရေးအပေါ်အခြေအနေ ကြေညာ
#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts

🔥4
စစ်ကိုင်းတိုင်းမှာ လေကြောင်းအန္တရာယ် အသိပညာပေး
=================
KMN (မဇ္စျိမ)။ ။စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းဝင်ရောက်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေ များလာ တာကြောင့် လေကြောင်းအန္တရာယ်အသိပညာပေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒေသခံ မြေပြင်သပိတ် အင်အားစုတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ လူထုလူထု နိုင်ငံရေးဟောပြောပွဲတွေပြုလုပ်နေပြီး ကလေးသူငယ်တွေနဲ့ ရပ်ရွာလူထုကို လေကြောင်းအန္တရာယ် အသိပညာပေးမှုတွေလည်းပြုလုပ်နေတယ် လို့ ရွာပေါင်းစုံသပိတ်ဦးဆောင်သူတဦးကပြောပါတယ်။
ဝက်လက်မြို့နယ်မှာလည်း လေကြောင်းအန္တရာယ် အသိပညာပေးမှုတွေဆက်လုပ်ဖို့ရှိတယ်လို့ မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။
ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
https://youtu.be/OQ2XhTXJNww?si=GwgDp0tZriI1qD1Y
#Mizzima
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ…

👍5🔥3
မိုက်ကယ်ကျော်မြင့်က ကြံ့ခိုင်ရေးဥက္ကဋ္ဌ ဦးခင်ရီ ဆဲခြင်းမဟုတ်၊ ၎င်း အိမ်မွေးခွေးကို ပြောခြင်းဟုဆို
==================
ကီရာ
(မဇ္ဈိမ)။ ။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှုသုံးမှုဖြင့်တရားစွဲဆိုခြင်းခံထားရသော အစွန်း ရောက်လူမျိုးဘာသာရေးဝါဒီ မိုက်ကယ်ကျော်မြင့်က ၎င်းအနေဖြင့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီကို ဆဲဆို ခြင်းမဟုတ်ဘဲ ၎င်း၏ အိမ်မွေးခွေးလေးကိုသာရည်ညွှန်းခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမကိုပြောသည်။
“ကျွန်တော်မှာက ခွေးလေးတကောင်မွေးထားတယ် ခင်ရီပေါ့။ ကျွန်တော်က အဲဒီနေ့က အပြင်ကပြန်လာ တော့ ခွေးလေးနှစ်ကောင်ပေါ့ နိုနိုရယ် ခင်ရီရယ် မွေးထားတာ။ အဲ့ဒါကို ကျွန်တော်က လှမ်းခေါ်တဲ့အချိန် မှာ နိုနိုကပဲလာပြီးတော့ ခင်ရီပေါ့ ဒီခွေးလေးကမလာလို့ ဟျောင့် ခင်ရီ မင်းကို ငါခေါ်ရင် မင်းက အမြီး ယမ်းပြရမှာလေလို့ ကျွန်တော်က ဒီလိုလေး ရေးလိုက်တာ။ ကျွန်တော်တို့ သားအဖနှစ်ယောက်ကြားထဲက သံယောဇဉ်ကို ဖော်ကျူးလိုက်တာပါ။ အဲဒီတော့ ခင်ရီလို့ပြောလိုက်တာ ဘယ်လိုဖြစ်လို့ ကြံခိုင်ရေးဥက္ကဋ္ဌ ဖြစ်သွားရတာလဲမသိဘူး။ ဗမာပြည်မှာ ခင်ရီဆိုတာက ခွေးနာမည်ရှိသလို လူနာမည်တွေလည်း အများ ကြီးပဲလေ။ ကျွန်တော်ရေးလိုက်တာက ခင်ရီပဲရေးလိုက်တာကို ဘယ်လိုဖြစ်လို့ ကြံခိုင်ရေးဥက္ကဋ္ဌဆိုပြီး တပ်လည်း ကျွန်တော်လည်း မသိဘူး” ဟု မိုက်ကယ်ကျော်မြင့်က ၎င်း၏အိမ်မွေးခွေးလေးကို အွန်လိုင်းမှ တဆင့်ပြသ၍ မဇ္ဈိမကိုပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က မိုက်ကယ်ကျော်မြင့်က ၎င်း၏လူမှုကွန်ရက်မှတဆင့် အနီရောင်နောက်ခံဖြင့် “ဟျောင့် ခင်ရီ ငါက မင်းနာမည်ကိုခေါ်ရင် မင်းကဖင်မြီးယမ်းပြရမှာ မဟုတ်လား”ဟူ၍လည်းကောင်း “ ငါ မိုက်ကယ်ကျော်မြင့် ဟျောင့် ခင်ရီ မင်းကို …..ပဲထင်တယ်ကွာ” ဟူ၍ လည်းကောင်း ရေးသားခဲ့သည်။
အဆိုပါရေးသားမှုနှင့်ပတ်သက်၍ စစ်လော်ဘီတဦးဖြစ်သူ စစ်သွေးဇာနည်က “ ပြည်ခိုင်ဖြိုးပါတီ ဦးခင်ရီ အား အနီရောင်ဖြင့် မဖွယ်မရာရေးသားတင်ခဲ့သောပိုစ့်ကို ပြည်ခိုင်ဖြိုးပါတီမှ အမှုဖွင့်မည့်သတင်း ကြားသိ သွားသဖြင့် ၎င်းတင်ထားခဲ့သည့် အနီရောင်ပိုစ့်နှစ်ခုအား ကြောက်လန့်ပြီး ပြန်ဖြုတ်သွားကြောင်း သိရှိရ။ မင်းပြန်ဖြုတ်သွားပေမယ့် ပြည်ခိုင်ဖြိုးက SS ယူထားပြီးဖြစ်။ အော် ဒီကောင် အတော်ကြောက်တတ်ပါ လား။ ဟျောင့် ဖင်မြီးယမ်းပြရမှာ မင်းဟ” ဟု ဖေ့စ်ဘွတ်တွင် တုံ့ပြန်ရေးသားခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီ၏ မဟာမိတ်များဖြစ်ကြသော မိုက်ကယ်ကျော်မြင့်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီတို့အကြား မတ်လကတည်းကပင် တရားစွဲဆိုမှုများနှင့် တိုင်ကြားမှုများရှိခဲ့ကြသည်။ ကြံ့ခိုင်ရေးပါတီ၏ဗဟိုကော်မတီဆုံးဖြတ်ချက်ဖြင့် ဆက်သွယ်ရေးပုဒ်မ ၆၆(က)ဖြင့် ရန်ကုန်တိုင်း မရမ်း ကုန်းမြို့မရဲစခန်းတွင် တမှုနှင့် နေပြည်တော်တွင် နှစ်မှုဖွင့် တရားစွဲထား၍ မိုက်ကယ်ကျော်မြင့် တရားရင် ဆိုင်နေရသည်။
မိုက်ကယ်ကျော်မြင့်ဘက်မှလည်း ကြံ့ခိုင်ရေးပါတီအနေဖြင့် မှတ်ပုံတင်ထားသောအဆင့်တွင် တရားဝင် နိုင်ငံရေးပါတီအနေဖြင့် လိမ်လည်ပြောဆိုသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီနှင့် ဗဟိုကော်မတီ အဖွဲ့ဝင်များအား အမှုဖွင့်ဆောင်ရွက်ပေးရန် နေပြည်တော် ဒဏ္ခိဏသီရိမြို့မရဲစခန်းသို့ ဧပြီ ၁၉ ရက်က ပေးပို့တိုင်ကြားခဲ့သော်လည်း ရဲက အမှုလက်ခံရန် ငြင်းဆန်သည်။
“ရဲစခန်းမှာ အမှုမှတ်တမ်းအနေနဲ့ပဲရှိနေတဲ့သဘောပဲ Action တော့ မကြားရသေးဘူး။ အကယ်၍ ကျွန်တော်တို့ တရားရုံးကိုရောက်ပြီဆိုရင်တော့ ကျွန်တော်အမှုတွေစပြီဆိုရင်တော့ ကျွန်တော်က ရဲစခန်း မှာ တိုင်တာကတိုင်တာပဲ သူတို့ကို တရားရုံးမှာလည်း ကျွန်တော်က အမှုဖွင့်တော့မှာပဲ” ဟု မိုက်ကယ် ကျော်မြင့်က ပြောသည်။
စစ်အုပ်စု၏အာဏာသိမ်းခံခဲ့ရသော အရပ်သားအစိုးရလက်ထက်က မိုက်ကယ်ကျော်မြင့်သည် အစ္စလာမ် ဘာသာဝင်များကို ပစ်မှတ်ထား၍ ဘာသာရေးအကြောင်းပြ ဆူပူမှုကြောင့် ထောင်ဒဏ်ကျခံဖူးသူတဦး ဖြစ်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် တိုင်းပြုပြည်ပြုကျောက်တိုင် တည်ထောင်ပေးအပ်မည် ဟု ကြွေးကြော်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
မိုက်ကယ်ကျော်မြင့်က သူ့အနေဖြင့် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီကို ဘယ်တော့မှမကြောက်ဟု ဆို သည်။
“ကျွန်တော်ပြောတဲ့ ခင်ရီဆိုတာက ခွေး ခင်ရီကိုပြောတာ ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ခင်ရီကို ပြောတာမဟုတ်ဘူး။ ကျွန်တော်ပြောတဲ့ခင်ရီက ကြံ့ခိုင်ရေး ဥက္ကဋ္ဌ ခင်ရီကိုပြောတာဆိုရင် ကျွန်တော်သမီးပါ သိက္ခာကျတယ်။ ကျွန်တော်မပြောပါဘူး အဲဒီလို။ ပြီးတော့ မြန်မာပြည်ထဲမှာ ကျွန်တော်အသက်သေဆုံးတဲ့အထိ မကြောက် မှာကတော့ ကြံ့ခိုင်ရေးပါတီပါတယ် ဦးခင်ရီပါတယ်”ဟု ၎င်းက ဆိုသည်။
စာတည်း။ ။စောဖေ
#မိုက်ကယ်ကျော်မြင့်
#ကြံ့ခိုင်ရေးပါတီ
#ဦးခင်ရီ
------------------------

👍16😁4
ချစ်သုဝေရဲ့ ဖခင်နဲ့ပတ်သက်တဲ့ သတင်းမှား | Misinformation Buster S3| Ep.79
====================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
- ယူကရိန်းအလံပါ အင်္ကျီနဲ့အမျိုးသမီးဓာတ်ပုံဟာ လက်ခက်တောင်မှာ ရိုက်ကူးထားတဲ့ ပုံ မဟုတ်တဲ့အကြောင်း
- ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ PDF များက ပြည်သူတွေကို သတ်ဖြတ်ခြင်းမရှိတဲ့အကြောင်းနဲ့
- ချစ်သုဝေရဲ့ ဖခင်နဲ့ပတ်သက်တဲ့ သတင်းမှား စတဲ့ တစ်ပတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးမှာပါ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
https://www.youtube.com/watch?v=X9rev96cUk4
#Misinformation_Buster
#Weekly_Package
#Fake_News
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
- ယူကရိန်းအလံပါ အင်္ကျီနဲ့အမျိုးသမီးဓာတ်ပုံဟာ လက်ခက်တောင်မှာ ရိုက်ကူးထားတဲ့ ပုံ မဟုတ်တဲ့အကြောင်း
- ရွှေကျင်-ညောင်လေးပင်လမ်းပိုင်းမှာ PDF များက ပြည်သူတွေကို သတ်ဖြတ်ခြင်းမရှိတဲ့အကြောင်းနဲ့
- ချစ်သုဝေရဲ့ ဖခင်နဲ့ပတ်သက်တဲ့ သတင်းမှား စတဲ့ တစ်ပတ်အတွင်းမှာ ပျံ့နှံ့နေခဲ့တဲ့ သတင်းတုသတင်းမှားတွေကို စုစည်းတင်ဆက်ပေးမှာပါ။
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
https://www.youtube.com/watch?v=X9rev96cUk4
#Misinformation_Buster
#Weekly_Package
#Fake_News
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ချစ်သုဝေရဲ့ ဖခင်နဲ့ပတ်သက်တဲ့ သတင်းမှား | Misinformation Buster S3| Ep.79
မဇ္ဈိပရိသတ်များအားလုံး မင်္ဂလာပါ။ သတင်းတု/မှား များကို တိုက်ဖျက်ခြင်း (Misinformation Buster) အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီတပတ်မှာတော့
- ယူကရိန်းအလံပါ အင်္ကျီနဲ့အမျိုးသမီးဓာတ်ပုံဟာ လက်ခက်တောင်မှာ ရိုက်ကူးထားတဲ့ ပုံ မဟုတ်တဲ့အကြောင်း
- ရွှေကျင်…

👍9🔥1
ကျောက်ကြီးနှင့်ဖြူးမှ စစ်ရေးပစ်မှတ်များတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦး သေ၊ ၃ဦး ဒဏ်ရာရဟု MOD ထုတ်ပြန်
====================
ရွှေနွယ်
(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ကျောက်ကြီးနှင့် ဖြူးမြို့နယ်မှ စစ်ကောင်စီတပ်စွဲထားရာနေရာများကို နယ်မြေရှင်းလင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ လေးဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ယမန်နေ့ ဩဂုတ်လ ၂၇ ရက်နေ့ညတွင် သတင်းထုတ်ပြန်သည်။
ကျောက်ကြီးမြို့နယ်၊ မုန်းနယ်မှကရင်ကျ၊ သမန်းကျင်းတာဆုံ၊ အုတ်ဖြတ်တံတားအရှေ့ပိုင်းနှင့် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဩဂုတ်လ ၂၅ရက်တွင် PDF အထူးကွန်မန်ဒိုတပ်ရင်းရိုးမစစ်ကြောင်း (၂)၊ KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ခြင်းဟု MODက ထုတ်ပြန်သည်။
ကျောက်ကြီးမြို့နယ်အတွင်း ဩဂုတ်လ ၂၅ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်မှ ည ၉ နာရီ ၁၅ မိနစ်ခန့်အထိ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း၊ မွန်းလွဲ၁ နာရီ ၃၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခိုအောင်းရာနေအိမ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ရာတွင် စစ်ဗိုလ်တဦးသေဆုံး၍ သုံးဦးဒဏ်ရာရသွားကြောင်း သတင်းထုတ်ပြန်သည်။
ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီးနောက်ပိုင်းတွင် အဆိုပါ ဒေသများကို စစ်ကောင်စီတပ်က လက်နက်ကြီးမကြာခဏ ပစ်ခတ်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင်လည်း လေကြောင်းမှ ကင်းထောက်နေကြောင်း အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) တာဝန်ရှိသူက ပြောသည်။
ရန်ကုန်−မန္တလေးလမ်းဟောင်းပေါ်တွင် တည်ရှိသည့် ဖြူး၊ ကျောက်ကြီး၊ မုန်းနှင့် ကျောက်တံခါးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေသည်။ ဒေသတွင်း၌ စစ်ရှောင်ဦးရေများပြားလာပြီး စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုအချို့လည်းရှိနေသည်ဟု သိရသည်။ လက်ရှိတွင် ဒေသအတွင်း အချို့သောကျေးရွာများကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ နယ်မြေစိုးမိုးနိုင်သည့်အနေအထားရှိလာပြီဟု အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း (၂) ၏ တာဝန်ရှိသူကပြောသည်။
" စစ်ကောင်စီက မုန်းနဲ့ အုတ်ဖြတ်အနောက်ဘက်ကမ်းမှာပဲစိုးမိုးထားနိုင်တာပါ။ အချို့ကျေးလတ်နေရာတော်တော်များများတော့ PDF တွေလှုပ်ရှားသွားလာနိုင်ပါပြီ” ဟု ၎င်းကဆိုသည်။
ဓာတ်ပုံ - အထူးကွန်မန်ဒိုတပ်ရင်း-တောင်ပိုင်းတိုင်း
စာတည်း - အေးချမ်း
#mizzima
#ကျောက်ကြီး
#ဖြူး
#နယ်မြေရှင်းလင်း
#MOD

👍11😁2
This media is not supported in your browser
VIEW IN TELEGRAM
တပတ်အတွင်း ဖော်ထုတ်ထားတဲ့ သတင်းတု/မှား တွေကို ဂျူချန်းက တင်ဆက်ထားပါတယ်။
အပြည့်အစုံကြည့်ရန် - https://youtu.be/X9rev96cUk4
#Misinformation_Buster #Fake_News #reels #shorts #Package

🍌4
တယောသမား ၄၀ နဲ့ “ကြယ်” သီချင်းကို ပုံဖော်သူ တယောဖိုးစံနှင့် တွေ့ဆုံမေးမြန်းခြင်း
======================
ဂန္ဒမာ (မဇ္ဈိမ)။ ။ နွေဦးတော်လှန်ရေးကို ထင်ဟပ်ပြသနိုင်စေမည့် “ကြယ်” သီချင်းအား တယောသမား ၄၀ ကျော်ဖြင့် တယောအော်ဂတ်စထရာပုံစံ ပြန်လည်တီးခတ်ထားသည့် music video ကို ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက် ၉ နာရီက Padaythar P2P YouTube Channel တွင် တင်ဆက်ထားကြောင်း သိရသည်။
အဆိုပါ သီချင်းကို ထိုင်းနိုင်ငံ၊ နယ်စပ်မြို့တနေရာသို့ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ၊ မြန်မာစစ်တပ် ၏ အကြမ်းဖက်မှုများကြောင့် ပြောင်းရွှေ့ခိုလှုံနေထိုင်နေရသူများထဲမှ တယောသမားများကို စုစည်းကာ ရိုက်ကူးထားခြင်းဖြစ်သည်။
ရိုက်ကူးတင်ဆက်မှုများကို ပဒေသာပင်နှင့် တော်လှန်ရေးနယ်ပယ်မှ ညီအစ်ကိုမောင်နှမများက နိုင်ရာ ဘက်မှ စုပေါင်းအားဖြည့်ထားပြီး တယောအော်ဂတ်စထရာဖြင့် “ကြယ်” သီချင်းအား ပြန်လည်ပုံဖော်သူ တယော ဖိုးစံနှင့် Mizzima က တွေ့ဆုံမေးမြန်းထားသည်။
မေးမြန်း၊ ရိုက်ကူး - ဂန္ဒမာ
တည်းဖြတ် - ကိုဖိုးသား
https://youtu.be/tIEiREypPDo?si=kfY_LcBIYjmLkulC
#ကြယ်
#တယောဖိုးစံ
#ပဒေသာပင်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
ဂန္ဒမာ (မဇ္ဈိမ)။ ။ နွေဦးတော်လှန်ရေးကို ထင်ဟပ်ပြသနိုင်စေမည့် “ကြယ်” သီချင်းအား တယောသမား ၄၀ ကျော်ဖြင့် တယောအော်ဂတ်စထရာပုံစံ ပြန်လည်တီးခတ်ထားသည့် music video ကို ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက် ၉ နာရီက Padaythar P2P YouTube Channel တွင် တင်ဆက်ထားကြောင်း သိရသည်။
အဆိုပါ သီချင်းကို ထိုင်းနိုင်ငံ၊ နယ်စပ်မြို့တနေရာသို့ မြန်မာပြည်၏ နိုင်ငံရေးအခြေအနေ၊ မြန်မာစစ်တပ် ၏ အကြမ်းဖက်မှုများကြောင့် ပြောင်းရွှေ့ခိုလှုံနေထိုင်နေရသူများထဲမှ တယောသမားများကို စုစည်းကာ ရိုက်ကူးထားခြင်းဖြစ်သည်။
ရိုက်ကူးတင်ဆက်မှုများကို ပဒေသာပင်နှင့် တော်လှန်ရေးနယ်ပယ်မှ ညီအစ်ကိုမောင်နှမများက နိုင်ရာ ဘက်မှ စုပေါင်းအားဖြည့်ထားပြီး တယောအော်ဂတ်စထရာဖြင့် “ကြယ်” သီချင်းအား ပြန်လည်ပုံဖော်သူ တယော ဖိုးစံနှင့် Mizzima က တွေ့ဆုံမေးမြန်းထားသည်။
မေးမြန်း၊ ရိုက်ကူး - ဂန္ဒမာ
တည်းဖြတ် - ကိုဖိုးသား
https://youtu.be/tIEiREypPDo?si=kfY_LcBIYjmLkulC
#ကြယ်
#တယောဖိုးစံ
#ပဒေသာပင်
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
တယောသမား ၄၀ နဲ့ “ကြယ်” သီချင်းကို ပုံဖော်သူ တယောဖိုးစံနှင့် တွေ့ဆုံမေးမြန်းခြင်း
ဂန္ဒမာ (မဇ္ဈိမ)။ ။ နွေဦးတော်လှန်ရေးကို ထင်ဟပ်ပြသနိုင်စေမည့် “ကြယ်” သီချင်းအား တယောသမား ၄၀ ကျော်ဖြင့် တယောအော်ဂတ်စထရာပုံစံ ပြန်လည်တီးခတ်ထားသည့် music video ကို ယနေ့ ဩဂုတ်လ ၂၈ ရက် နံနက် ၉ နာရီက Padaythar P2P YouTube Channel တွင် တင်ဆက်ထားကြောင်း သိရသည်။…
👍9🔥1😁1
ချင်းတွင်းမြစ်အတွင်းမှ စစ်ကောင်စီ သစ်တင်ရေယာဉ်များကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်
======================
MTO (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မင်းဒေါင့်တံတားမှ သစ်များတင်ဆောင်ထွက်ခွာလာသည့် သုံးစီးပါ စစ်ကောင်စီရေယာဉ်တန်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ချင်းတွင်းမြစ်ကြောင်း တနေရာတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း Myaing Special People Defense Force (MSPDF) အဖွဲ့ထံ မှသိရသည်။
ချင်းတွင်းမြစ်ကြောင်းတနေရာတွင် RPG ၊ လက်လုပ်ရော့ကက်နှင့် လက်နက်ငယ်များဖြင့် မိနစ် ၂၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MSPDF မှ ကိုမြတ်ကြီးက ပြောသည်။
“ သင်္ဘောတွေကတော့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေမှန်ပြီး ပျက်စီးမှုတွေရှိတယ်။ လူထိခိုက် သေဆုံးမှုကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိခဲ့ကြောင်း ကိုမြတ်ကြီးက ဆိုသည်။
သစ်များတင်ဆောင်လာသည့် ရေယာဉ်တန်းမှာ ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းတွင် ပခုက္ကူ ရွှေတိုက်တန်း သစ်ဆိပ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း - MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MSPDF က ထုတ်ပြန်ထားသည်။
https://youtu.be/mW5jhBpNz3E?si=XzYdG-T_nIpefVqW
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#ချင်းတွင်းမြစ်
#စစ်ကောင်စီရေယာဉ်တန်း
-----------------------------------------.
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
MTO (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မင်းဒေါင့်တံတားမှ သစ်များတင်ဆောင်ထွက်ခွာလာသည့် သုံးစီးပါ စစ်ကောင်စီရေယာဉ်တန်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ချင်းတွင်းမြစ်ကြောင်း တနေရာတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း Myaing Special People Defense Force (MSPDF) အဖွဲ့ထံ မှသိရသည်။
ချင်းတွင်းမြစ်ကြောင်းတနေရာတွင် RPG ၊ လက်လုပ်ရော့ကက်နှင့် လက်နက်ငယ်များဖြင့် မိနစ် ၂၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MSPDF မှ ကိုမြတ်ကြီးက ပြောသည်။
“ သင်္ဘောတွေကတော့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေမှန်ပြီး ပျက်စီးမှုတွေရှိတယ်။ လူထိခိုက် သေဆုံးမှုကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိခဲ့ကြောင်း ကိုမြတ်ကြီးက ဆိုသည်။
သစ်များတင်ဆောင်လာသည့် ရေယာဉ်တန်းမှာ ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းတွင် ပခုက္ကူ ရွှေတိုက်တန်း သစ်ဆိပ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ယခုတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း - MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ်(၈)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MSPDF က ထုတ်ပြန်ထားသည်။
https://youtu.be/mW5jhBpNz3E?si=XzYdG-T_nIpefVqW
စာတည်း။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#ချင်းတွင်းမြစ်
#စစ်ကောင်စီရေယာဉ်တန်း
-----------------------------------------.
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ချင်းတွင်းမြစ်အတွင်းမှ စစ်ကောင်စီ သစ်တင်ရေယာဉ်များကို ပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်
MTO (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မင်းဒေါင့်တံတားမှ သစ်များတင်ဆောင်ထွက်ခွာလာသည့် သုံးစီးပါ စစ်ကောင်စီရေယာဉ်တန်းကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ချင်းတွင်းမြစ်ကြောင်း တနေရာတွင် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း Myaing Special People…
👏15❤1👍1😁1
နှစ်မျိုးစပ်အင်ဂျင်တပ် ဒရုန်းကဲ့သို့ ပျံသန်းနိုင်မည့် Zapata ကုမ္ပဏီ၏ eVTOL ယာဉ်
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4
ကမ္ဘာ့အကြီးဆုံး ရေပေါ်လေစွမ်းအင်စက်ရုံအား နော်ဝေးနိုင်ငံ စတင်ဖွင့်လှစ်
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=====================
#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10❤2🔥1
လကမ္ဘာတောင်ဝင်ရိုးစွန်း၌ အာကာသယာဉ်ဆိုက်ကပ်နိုင်ခဲ့သည့် ပထမဆုံး နိုင်ငံဖြစ်လာသော အိန္ဒိယနိုင်ငံ

👍9❤2🔥1