Mizzima
✔
47.7K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကော့ကရိတ်တွင် စစ်တပ်ဗိုလ်ကြီးကို PDF ဖမ်းဆီးရမိ
👍9👏1😁1
ကော့ကရိတ်တွင် စစ်တပ်ဗိုလ်ကြီးကို PDF ဖမ်းဆီးရမိ
==================

မောင်ခက်နွေ
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေတွင် တပ်ထောက်ဗိုလ်ကြီးတဦးကို ဖမ်းဆီးရမိသည်ဟု Justice Soldier PDF က ဒီကနေ့ ထုတ်ပြန်လိုက်သည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက်တွင် ကော့ကရိတ်မြို့နယ် ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးတဦးကို အရပ်ဝတ်ဖြင့် ဖြတ်သန်းသွားလာချိန်တွင် မသင်္ကာသောကြောင့် စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့သည်ဟု Justice Soldier PDF ကဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မဇ္ဈိမ မှ Justice Soldier PDF ကိုဆက်သွယ်သော်လည်း လက်ရှိအချိန်ထိ ဆက်သွယ်၍မရသေးပေ။
ဖမ်းဆီးခံရသည့် တပ်ထောက်ဗိုလ်ကြီးမှာ အသက် ၃၃ နှစ်အရွယ် ကိုရဲမင်းထွန်းဆိုသူဖြစ်ပြီး မိခင်တပ်ရင်းမှာ အမှတ် (၂၀၇) ခြေမြန်တပ်ရင်းမှဖြစ်ကာ လက်ရှိတွင် ခမရ (၃၀၅)မှာ တာဝန်ထမ်းဆောင်နေသည်ဟု ဖမ်းဆီးခံရသည့် ဗိုလ်ကြီးက ဆိုသည်။

လက်ရှိတွင် “အမှတ် (၂) တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသကွပ်ကဲရေး အဆင့်ဆင့်ကို ကျွန်တော်တို့ ပို့ပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမယ်” ဟု Justice Soldier PDF ၏ ခေါင်းဆောင်ရဲဘော်ဇွဲက လူမှုကွန်ရက်တွင် အသိပေးထားသည်။
အလားတူ ဩဂုတ်လ ၂၈ ရက်နေ့ကလည်း လွိုင်ကော်မှတနိုင်းသို့ ပြောင်း ရွှေ့မည့် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး) ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားသေးသည်။

သေနတ်ကျည်ဆန်များအပါအဝင် ဗိုလ်မှူးချုပ်မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကားများကို စစ်ဆေးစဉ် သြဂုတ်လ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#PDF
#ကော့ကရိတ်မြို့နယ်
#ကျားဖြူစစ်ကြောင်း

ပုံစာ - ဖမ်းဆီးခံရသည့် ဗိုလ်ကြီး ရဲမင်းထွန်းကိုမြင်တွေ့ရစဉ် (ပုံ - Justice Soldier PDF)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21❤1👏1😁1
​​တလလျှင် ဒေါ်လာ ၂၀ ဖြင့် PRF 2.0 ထောက်ပို့တပ်သားအဖြစ် ပါဝင်ရန် NUG ဖိတ်ခေါ်
========================

ဂျူချန်း
(မဇ္ဈိမ)။ ။နိုင်ငံတဝှမ်းမှ ပြည်သူ့ခုခံစစ် ဆင်နွှဲနေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကို ထောက် ပံ့နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF 2.0)တွင် တလလျှင် ဒေါ်လာ ၂၀ နှင့်တန်ဖိုးညီမျှသည့် ထောက်ပို့ငွေပါဝင်ခြင်းဖြင့် ထောက်ပို့တပ်သားများအဖြစ် ပါဝင်ကြရန် ဖိတ်ခေါ်ထားသည်။

“တော်လှန်ရေးကို အောင်မြင်ချင်တယ်။ PDF တွေအတွက် ဘာလုပ်ပေးရမလဲဆိုရင် ပေးစရာမက်ဆေ့ချ် နှစ်ခုပဲရှိပါတယ်။ တခုကတော့ ထောက်ပို့တပ်ဖွဲ့ဝင်ဖို့ပါ။ ဒုတိယတခုကတော့ ထောက်ပို့တပ်သား စည်းရုံး ပါ။ ဒီနှစ်ခုကိုလိုက်နာရင် တော်လှန်ရေးမအောင်စရာ အကြောင်းမရှိပါဘူး” ဟု NUG-MOD စီမံခန့်ခွဲရေး နှင့် ဘဏ္ဍာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြားကပြောသည်။

ယခင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အဖြစ် ပြည်တွင်းပြည်ပ နိုင်ငံအသီးသီးမှ ထောက်ပို့တပ် သားများပေးပို့သည့် အလှူငွေဖြင့် နိုင်ငံတဝှမ်းရှိ PDF တပ်ရင်း ၃၀၀ ကျော်ထံသို့ ၁၇ လအတွင်း ဒေါ်လာ ၁၀.၉၃ သန်း ပို့ဆောင်နိုင်ခဲ့ပြီး လက်ရှိ PRF 2.0 အစီအစဉ်တွင် ယခုထက်ပိုသည့်ပမာဏကို ထောက်ပံ့နိုင် ရန် ရည်မှန်းထားကြောင်း ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင်ကျင်းပသည့် “ပြည်သူ့တော်လှန်ရေးထောက် ပို့တပ် PRF 2.0 အစီအစဥ်အသစ်” မိတ်ဆက်ခြင်းအခမ်းအနား၌ NUG-MOD စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြားက ပြောသည်။

ထောက်ပို့တပ်သားအဖြစ်ပါဝင်ရန် လစဉ် အမေရိကန်ဒေါ်လာ ၂၀ နှင့်တန်ဖိုးညီမျှငွေကို ထောက်ပို့ရန် လိုအပ်ပြီး နိုင်ငံအသီးသီးမှ ပြည်သူများအနေဖြင့် ပါဝင်နိုင်ကြောင်း သိရသည်။

ယခင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF)အစီအစဉ်တွင် ထောက်ပို့တပ်သားများမှ ပေးလှူသည့် ထောက်ပံ့ငွေကို နိုင်ငံတဝှမ်းရှိ PDF တပ်ဖွဲ့များထံသို့ အချိုးကျ ခွဲဝေပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ PRF 2.0 အစီအစဉ်တွင်မူ ထောက်ပို့တပ်သားမှ မိမိကြိုက်နှစ်သက်သည့် တိုင်းနှင့်ပြည်နယ်ကို ရွေးချယ် ထောက်ပံ့နိုင်ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ထောက်ပို့တပ်သားစာရင်းနှင့် မြေပြင်တွင် ရန်ပုံငွေသုံးစွဲခြင်းကို ပွင့်လင်း မြင်သာစွာ တင်ပြမည်ဖြစ်ပြီး အကယ်၍ ထောက်ပို့တပ်သားအားနည်းသည့် တိုင်းနှင့်ပြည်နယ်များတွင် အသုံးစားရိတ် မလုံလောက်ပါက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ၏ ပြည်ထောင်စု အရန် ရန်ပုံငွေမှကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ကိုကျော်ကြားက ရှင်းပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စတင်ဖွဲ့စည်းချိန်မှစ၍ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာကာ လက် ရှိတွင် စစ်ခေါင်းဆောင်ထိပ်ပိုင်းအရာရှိများ၏ဝပ်ကျင်းဖြစ်သည့် နေပြည်တော်ကို အကြိုထိုးစစ်ဆင်နိုင် သည့် အနေအထားအထိရောက်ရှိလာသဖြင့် မြေပြင်တွင် လိုအပ်ချက်များစွာရှိလာပြီး တိုးမြင့်လာသည့် စစ်အသုံးစားရိတ်များကို ထောက်ပံ့နိုင်ရန် ထောက်ပို့တပ်သားများစွာ လိုအပ်ကြောင်း သိရသည်။

“ထိုးစစ်အကြိုကာလကို ချဉ်းကပ်တဲ့အခါမှာ တိုးမြင့်လာတဲ့ စစ်ရေးအသုံးစားရိတ်ကို ထိရောက်အောင် ကာကွယ်နိုင်ဖို့ဆိုရင် ကျနော်တို့ရဲ့ PRF ထောက်ပို့တပ်သည် အင်မတန်အရေးကြီးလာပါတယ်။ PDF သည် ထုနဲ့တင်ထားတဲ့အနေအထားဖြစ်တယ်။ အဲဒီတော့ PRF ကိုလည်း ထုနဲ့ရမယ့် အချိန်ကာလဖြစ် ပါတယ်။ ဒီအပေါ်မှာ ကျနော်တို့ အာရုံစိုက်ရမယ့်အချိန်ကာလဖြစ်ပါတယ်” ဟု စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြားကပြောသည်။

PRF 2.0 အစီအစဉ်ကို လာမည့် စက်တင်ဘာလတွင် စတင်မည်ဖြစ်ပြီး ထောက်ပို့တပ်သားအဖြစ် မြန်မာ နိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ အမေရိကန် ဒေါ်လာ ၂၀ နှင့်ညီမျှသည့် သက်ဆိုင်ရာနိုင်ငံအလိုက် တန်ဖိုး ငွေဖြင့် ပါဝင်နိုင်ပြီး လုံခြုံမှုကိုလည်း ဦးစားပေးဆောင်ရွက်ထားကြောင်း ဆိုသည်။

လက်ရှိတွင် မြေပြင်၌ တိုက်ပွဲဝင်နေသည့် PDF သိန်းချီရှိနေပြီး ၎င်းတို့ကို ထောက်ပံ့နေသည့် ထောက်ပို့ တပ်သား ၂၀,၀၀၀ ဝန်းကျင်သာ ရှိသေးသဖြင့် ထောက်ပို့တပ်သားများစွာ လိုအပ်နေသေးကြောင်း သိရ သည်။

စာတည်း။ ။စောဖေ

#ထောက်ပို့တပ်သား
#PRF2.0
#အမျိုးသားညီညွတ်ရေးအစိုးရ
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍18❤3🤮1
This media is not supported in your browser
VIEW IN TELEGRAM
အာဏာသိမ်းစစ်တပ်က နှင်ထုတ်ခံရတဲ့ပြင်သစ်သံအမတ် နိုင်ဂျာမှာပဲ ရှိနေဆဲဖြစ်ကြောင်း မက်ခရွန်ပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍5🔥1
တမူးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့ သွားရောက်တိုက်ခိုက်
======================

ပါခွီး
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ဩဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်စခန်းတခုကို ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တမူးမြို့နယ်၊ ထင်းဇင်နှင့် ဘုက္ကန်ကျေးရွာအကြားရှိ Y.C.D.C ကုမ္ပဏီ ကျောက်မီးသွေးဝင်းအတွင်း အင် အား ၆၀ ခန့်ဖြင့် အထိုင်ချထားသည့် စစ်ကောင်စီတပ်စခန်းကို နံနက် ၇ နာရီခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိကာ NLA ဘက်မှ ရဲဘော် တဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်းအမျိုးသား လွတ်မြောက်ရေးတပ်တော်(NLA)တာဝန်ရှိသူက ပြောသည်။

“ထိတွေ့တိုက်ပွဲအတွင်းမှာ MI 35 နဲ့ လေကြောင်းပစ်ကူ နှစ်ကြိမ်လာပါတယ်။ ဒုတိယအကြိမ်မှာ MI 35 ကပတ်ပြီးပစ်ကူပေးတဲ့အချိန်မှာ MI 17 က စစ်ကူနဲ့ ထောက်ပို့တွေချပြီး ဒဏ်ရာရတဲ့သူတွေကို သယ်သွား တယ်” ဟု NLA တပ်ဖွဲ့ တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ကလည်း Y.C.D.C ဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို NLA နှင့် မဟာမိတ်များဖြစ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ ထာလ်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TDA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံး ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

https://youtu.be/7CfAWq03BHM?si=yFudJSF8yyJiSs6X

#စစ်ကိုင်းတိုင်း
#တမူးမြို့နယ်
#စစ်ကောင်စီတပ်
#လေကြောင်းတိုက်ခိုက်မှု

ရုပ်သံအညွှန်း - လေကြောင်းမှ တပ်အင်အားတိုးချဲချထားခြင်းပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့လေယာဉ်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥1👏1
This media is not supported in your browser
VIEW IN TELEGRAM
ဆူဒန်စစ်တပ်အကြီးအကဲ ပို့ဆူဒန်မြို့သို့ရောက်ရှိ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍9❤1
​​Bitcoin နှင့် cryptocurrency များရဲ့ စီးပွားရေးအပေါ်အကျိုးသက်ရောက်မှုများ
====================

စီးပွားရေးအပေါ် cryptocurrencies ရဲ့ သက်ရောက်မှု
Cryptocurrency က ငွေကြေးဆိုင်ရာ ဆန်းသစ်တီထွင်မှုတစ်ခုမျှသာဖြစ်ပြီး လူမှုရေး၊ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုပုံစံတစ်ခုဖြစ်ပါတယ်။ လက်လှမ်းမီနိုင်သော လက္ခဏာအားဖြင့် cryptocurrencies က စီးပွားရေးကို ကြီးမားစွာ အထောက်အကူပြု တွန်းအားပေးရန် အလားအလာရှိနေပါတယ်။ Cryptocurrencies များဟာ cryptographic algorithms ဖြင့် စီမံခန့်ခွဲတဲ့ ဒစ်ဂျစ်တယ် ပိုင်ဆိုင်မှုများဖြစ်ပါတယ်။ cryptocurrencies အမျိုးအစားအမျိုးမျိုးရှိပါတယ်။ Bitcoin (BTC) က လူသိအများဆုံး cryptocurrency ဖြစ်ပြီး အခြားထောင်ပေါင်းများစွာ coin များဟာလည်း အချိန်နှင့်အမျှ ထွက်ပေါ်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့် cryptocurrency တွင် တန်ဖိုးသတ်မှတ်ထားသော စျေး တည်ငြိမ်သော coin များ ဥပမာ၊ fiat ငွေကြေး သို့မဟုတ် ရွှေကဲ့သို့သော ကုန်ပစ္စည်းများပါဝင်ပါတယ်။

Cryptocurrencies စျေးနှုန်းများ ပြုပြင်နေပြီး အကြောက်တရားနှင့် လောဘအညွှန်းကိန်း ခုန်တက်လာသောအခါ cryptocurrencies ရဲ့ ကျယ်ပြန့်သောသက်ရောက်မှုကြောင့် နေ့စဉ်စျေးနှုန်းအတက်အကျထက် ကျော်လွန်သွားနိုင်တာကို သတိပြုဖို့ အရေးကြီးပါသည်။ Cryptocurrency အသုံးပြုမှု ကိစ္စများနှင့် အရင်းခံ blockchain နည်းပညာများကို အတိုးနှုန်းဖြင့် တီထွင်လျက်ရှိပါတယ်။

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအပေါ် cryptocurrencies ရဲ့ ကြီးမားသောစီးပွားရေးအကျိုးသက်ရောက်မှုဟာ ယခင်ကမဖြစ်နိုင်သောအရာများကိုကျော်လွန်သွားနိုင်ပါတယ်။ Cryptocurrencies မှမဟုတ်ပါဘူး မည်သည့်ကိရိယာ နည်းပညာကဲ့သို့မဆို ကောင်းကျိုးနှင့် ဆိုးကျိုးများရှိပါတယ်။ cryptocurrency ရဲ့ အပြုသဘောဆောင်သော သက်ရောက်မှုများကတော့ လေးနက်ပါတယ်။
အကြီးမားဆုံးအားသာချက်များထဲမှတစ်ခုကတော့ သုံးစွဲနိုင်မှုဖြစ်ပါတယ်။ cryptocurrencies ဖြင့် ဘဏ်ကဲ့သို့သော Third Party ရဲ့ ဝင်ရောက်စွက်ဖက်မှုမရှိဘဲငွေပေးချေနိုင်ပါတယ်။ လက်ရှိဘဏ္ဍာရေးစနစ်ရဲ့ လက်ရှိအနေအထားက တစ်ကမ္ဘာလုံးရှိ လူများစွာကို ပျက်ကွက်စေတယ်လို့ စောဒကတက်ခဲ့ပါတယ်။ တစ်ကမ္ဘာလုံးရှိ လူ ၁.၇ ဘီလီယံကျော်တွင် ဘဏ်စာရင်းမရှိပါဘူး။
လူတိုင်း သုံးစွဲနိုင်မှုက cryptocurrencies ကို ကမ္ဘာတစ်ဝှမ်းတွင် ငွေကြေးဆိုင်ရာများတွင် ပါဝင်မှုကို လှုံ့ဆော်ပေးနေပါတယ်။ မိုဘိုင်းလ်ဖုန်းများရှိသည့်အနက် တစ်ဘီလီယံခန့်ရှိသော ဝန်ဆောင်မှုနည်းပါးသောနှင့် ဘဏ်မရှိသောလူဦးရေအတွက် cryptocurrencies ကိုအသုံးပြုခြင်းက ငွေကြေးပါဝင်မှုအား အတိုင်းအတာတစ်ခုအထိ ပံ့ပိုးပေးပါတယ်။ ထိုအချက်က cryptocurrencies က စီးပွားရေးအတွက် အခြေခံအားဖြင့် ကောင်းမွန်စေတယ်လို့ စောဒကတက်နိုင်ပါတယ်။
ငွေကြေးဖောင်းပွမှုမှ crypto ကဘယ်လိုကာကွယ်သလဲ။

BTC ကဲ့သို့သော Cryptocurrencies များက ငွေကြေးဖောင်းပွမှုကို ကာကွယ်ဖို့ အစဉ်အလာအဖြစ် ယူဆခဲ့ကြပါတယ်။ အကန့်အသတ်ရှိသော Bitcoin ရဲ့ ထောက်ပံ့မှုနှင့်ဗဟိုချုပ်ကိုင်မှုကင်းစင်သော
သဘောသဘာဝက အလွယ်တကူရရှိနိုင်သော Bitcoin တန်ဖိုးနှင့် အချိန်ကြာလာသည်နှင့်အမျှ မတူးဖော်ရသေးသည့်အရာများကို တိုးမြင့်လာစေရန်အတွက်အထောက်အကူဖြစ်စေတယ်လို့
ယုံကြည်ထားကြပါတယ်။ အခြားရွေးချယ်စရာများသည်လည်း အရေးကြီးပါတယ်။ အချို့က ကောင်းမွန်သောကျောထောက်နောက်ခံပြုထားသော တည်ငြိမ်သောဒင်္ဂါးများဖြင့်သာ ပါဝင်ရန် ရွေးချယ်နိုင်ပါတယ်။ cryptocurrencies က ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းမှ လွတ်မြောက်ရန် မှန်ကန်သောနည်းလမ်းများ ဟုတ်မဟုတ်၊ ငွေကြေးမူဝါဒရဲ့ အခြားရွေးချယ်စရာများလို့ ယူဆခြင်းအပေါ်မူတည်ပါတယ်။

တစ်ကမ္ဘာလုံးတွင် တုန်လှုပ်နေသော ငွေကြေးဖောင်းပွမှုနှုန်းများက cryptocurrencies အပေါ် စူးစမ်းလိုစိတ်နှင့် လိုအပ်မှုကို လှုံ့ဆော်ပေးနေပါတယ်။ fiat ထက် cryptocurrency ရဲ့ အကျိုးကျေးဇူးများနှင့် အသုံးဝင်ပုံများကို အထူးသဖြင့် US ဒေါ်လာနှင့် 50% ထက်ပိုပြီး တန်ဖိုးဖြတ်ခြင်းခံရသောနိုင်ငံများတွင် ဖြစ်တဲ့ ဗင်နီဇွဲလား၊ လက်ဘနွန်၊ တူရကီ၊ ဆူရီနမ် သို့မဟုတ် အာဂျင်တီးနားတို့ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

ရာဇ၀တ်မှုလုပ်ငန်းများအတွက် အသုံးပြုမှု၊ ပတ်ဝန်းကျင်အပေါ် အန္တရာယ်ဟု ထင်မြင်ယူဆရသော သက်ရောက်မှုများနှင့် cryptocurrencies ရဲ့ မတည်ငြိမ်သောသဘောသဘာဝများကို မီးမောင်းထိုးပြတဲ့ cryptocurrencies အကြောင်း ဇာတ်ကြောင်းများလည်းရှိပါတယ်။ အချို့သော (ဆိုက်ဘာ) ရာဇ၀တ်ကောင်များက ငွေသားကဲ့သို့ cryptocurrency ကိုအသုံးပြုကြတယ်ဆိုတာ အံ့သြစရာတော့မဟုတ်ပါဘူး။ စိတ်ဝင်စားစရာ ကောင်းတာကတော့ တရားဝင် cryptocurrency အသုံးပြုမှု ကြီးထွားလာသည်နှင့်အမျှ ရာဇ၀တ်မှုဆိုင်ရာ အသုံးပြုမှု 2021 ခုနှစ်တွင် တရားမဝင်လိပ်စာများပါ၀င်သော အရောင်းအ၀ယ်များက cryptocurrency အရောင်းအ၀ယ်ပမာဏရဲ့ 15% သာ ဖြစ်တာကြောင့် တရားမဝင်လုပ်ဆောင်မှုများ အလွန်နည်းပါးလာပါတယ်။
👍5🔥1
​​အင်းတော်မြို့နယ် ၂ ရက်ဆက် တိုက်ပွဲအတွင်း ၂ ဖက်ထိခိုက်ကျဆုံးမှုရှိဟုဆို
====================

ကိုခင်မောင်
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်တိတ်ဒေသတွင် စစ်ကောင်စီတပ်နှင့် ကျောင်းသား တပ်မတော် (ABSDF)တို့ကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိဟု Indaw Revolution – IR မှ သြဂုတ်လ ၂၈ရက်တွင် သတင်းထုတ်ပြန်သည်။

ဩဂုတ်လ ၂၇ ရက်မှစတင်၍ ၂၈ ရက်နေ့အထိ အင်းတော်မြို့အနောက်ဘက် ရှစ်မိုင်ခန့်အကွာရှိ မော်တိတ်ကျေးရွာတွင် တပ်စွဲထားသော အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် ကျောင်းသားတပ်မတော် (ABSDF) တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ခြင်းဟု Indaw Revolution – IR မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

“ တိုက်ပွဲက နှစ်ရက်ဆက်တိုက်ဖြစ်တာ၊ ၂၇ ရက်နေ့မှာက ​စစ်ကောင်စီတပ်သား နှစ်ယောက်သေတယ်၊ အဲဒါက အင်းတော်မြို့ထဲကို သယ်လာတယ်၊ ခြောက်ယောက်ကတော့ တိုက်ပွဲထဲမှာရှိတဲ့ မျက်မြင်ရဲဘော်က ပြောပြတာပါ။ ABSDF ကရဲဘော်တယောက်ကျတယ်၊ တယောက်ဒဏ်ရာရတယ်၊ စကစ က သေတဲ့သူ ဒဏ်ရာရတဲ့သူ ကားနှစ်စီးတိုက်ရတယ်လို့ ABSDF က ရဲဘော်တဦးက လှမ်းပြောထားတယ်” ဟု Indaw Revolution – IR မှ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်များသည် အထိနာနေသည့်အတွက် အင်းတော် စစ်တပ်ကုန်းမှ တိုက်ပွဲဖြစ်ပွားရာနေရာ မော်တိတ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်းလည်း ၎င်းတာဝန်ရှိသူထံမှ သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိအချိန်တွင် အင်အား ၆၀ခန့်ရှိသော စစ်ကောင်စီတပ်သားများသည် မော်တိတ်ရွာထဲတွင်ရှိနေပြီး ၊ မော်တိတ်ဒေသရှိ မော်တိတ်၊ ရွာသာယာ၊အောင်းကုန်း၊ နန့်သာ၊ ပေပင်၊ နန့်စင်-ကျွန်းတော စသည့် ကျေးရွာများမှ ဒေသခံ ၆,၀၀၀ကျော်ခန့်သည့် စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း Indaw Revolution – IR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်တွင်လည်း အင်းတော်-ကသာလမ်းပိုင်းတွင် လက်နက်ပစ္စည်းများနှင့် ပိုက်ဆံများသယ်လာသော စစ်ကောင်စီတပ်ကားနှစ်စီးကို KIA၊ KPDF၊ ABSDF ပူးပေါင်းအဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကားတစီးပျက်စီးပြီး စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးကြောင်း Indaw Revolution-IR ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#အင်းတော်မြို့နယ်
#IndawRevolution
#ABSDF

ပုံအညွန်း ။ ။ ကျောင်းသားတပ်မတော် (ABSDF) ရဲဘော်များ

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1
​​မြန်မာဆီ ရိုဟင်ဂျာများ ဆန္ဒအလျောက် နေရပ်ပြန်ရေး စတင်ရန် ဘင်္ဂလားဒေ့ရှ် ပြင်ဆင် 
=================

“ယုံကြည်မှု တည်ဆောက်တဲ့ လုပ်ငန်းစဉ် တစိတ်တပိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ လာမယ့်လမှာ မြန်မာနိုင်ငံဆီ သွားရောက်ဖို့ ရှိတယ်၊ မြန်မာက အဖွဲ့တဖွဲ့လည်း ဒီကို မကြာခင်လာပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်”ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာဆက် ဘင် မိုမန်းက တနင်္ဂနွေနေ့တွင် သတင်းထောက်များအား ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤮1
​​ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား ၄ ဦး ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှု ကုလထံ တိုင်ကြားထားဟု NUG ထုတ်ပြန်
=====================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား လေးဦးအား ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်မှုကို ကုလသမဂ္ဂ၏ လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ထံ ပေးပို့တိုင်ကြားထားကြောင်း NUG အစိုးရ၏ လူအခွင့်အရေး၀န်ကြီးဌာန (MOHR)က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်၏ တပ်မ( ၃၃ )သည် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်ရှိ ကျီးကန်းတောင်ရွာနှင့် မြောက်ရွာသို့ ၀င်ရောက်လာခဲ့သည်။
ထိုသို့ ၀င်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သည့်အပြင် ကိုယ်၀န်ဆောင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်(မုဒိမ်းကျင့်)ကာ လည်ပင်းလှီးသတ်ဖြတ်ခြင်း၊ စစ်ရှောင်ပြည်သူသုံးဦးကို လည်ပင်းလှီးသတ်ဖြတ်ခြင်း ပြုလုပ်ခဲ့ကြောင်း NUG လူအခွင့်အရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဖြစ်စဥ်မှ ရရှိလာသည့် အချက်အလက်များကို Independent Investigative Mechanism for Myanmar(IIMM)သို့ ပေးပို့ထားပြီး အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာ၀န်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း MOHR က ဆိုသည်။
IIMM သည် မြန်မာနိုင်ငံတွင် ၂၀၁၁ နောက်ပိုင်းဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းလိုက်သည့် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား ဖြစ်သည်။

လက်ရှိအချိန်တွင် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှု ၆၇ ခုကို အချက်အလက်စုစည်းကာ မှတ်တမ်းတင်ထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#IIMM
#NUG
#MOHR
#၀က်လက်မြို့နယ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬4👍2❤1🤮1
​​တနင်္သာရီတွင် စစ်ကောင်စီတပ်က ရမ်းသန်းပစ်သည့်လက်နက်ကြီး ရဲတပ်သားမိခင်ကို မှန်
=====================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ တနင်္သာရီမြို့တွင် ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ရဲတပ်သားတဦး၏မိခင် ကျည်စထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တနင်္သာရီမြို့ရှိ ဌာနဆိုင်ရာရုံးများတည်ရှိရာ (ဒေသအခေါ်) လေသာတောင်မှ ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးကျည်များသည် ဘန်လောကျေးရွာဖက်ကိုသို့ စတင်ကျရောက်ပေါက်ကွဲ ခဲ့ပြီး နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့သည်။ ထပ်မံပစ်ခတ်ရာတွင် တနင်္သာရီမြို့၊ တပ်ဦးရပ်ကွက်မှ နေအိမ် တလုံးပေါ်သို့ကျရောက်ပေါက်ကွဲပြီး အသက် ၆၀ ဝန်းကျင် ဒေါ်ညွန့်၏နဖူး၌ ကျည်စထိမှန်ကာ ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

“ညက ပစ်ခတ်သံတွေတော့ ကြားတယ်။ အပြင်ကိုမထွက်ရတော့ သေချာမသိရဘူး။ ဒဏ်ရာရတဲ့ အမျိုး သမီးကြီးကိုတော့ စစ်ကောင်စီတပ်က ညတွင်းချင်း ဆေးရုံကိုပို့ပေးခဲ့တယ်။ ဒီမနက်တော့ ပြန်ဆင်းသွား ပြီးကြားတယ်”ဟု တနင်္သာရီမြို့ခံတဦးက ပြောသည်။
ဒဏ်ရာရရှိသူ၏သားမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး မောတောင်ရဲစခန်းတွင် တာဝန်ထမ်း‌ဆောင်နေကြောင်း သိရသည်။

မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်နှစ်လုံးကိုလည်း အဆိုပါအမျိုးသမီး၏ နေအိမ်အနီးမှတွေ့ရှိ ခဲ့ပြီး ရဲတပ်သားများက ယနေ့နက်ပိုင်းတွင် လာရောက် ရှင်းလင်းသွားခဲ့သည်။
တနင်္သာရီမြို့နယ်တွင် လွန်ခဲ့သည့် ငါးရက်ခန့်က‌လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာများသို့ စက်သေနတ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့နယ်လည်းဖြစ်သည်။

စာတည်း။ ။စောဖေ

#တနင်္သာရီတိုင်း
#လက်နက်ကြီး
#ရမ်းသန်းပစ်ခတ်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6👏2🔥1
သြဂုတ်လ (၂၉)ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:59 − မြန်မာစစ်ကောင်စီရေတပ်ကို ရေအောက် အသံစနစ်သုံး ကိရိယာတွေ ရောင်းချခဲ့ကြောင်း စင်္ကာပူနိုင်ငံသား ၂ ဦးဝန်ခံတဲ့သတင်း

03:41 − မြန်မာစစ်တပ်ကို ထောက်ပံ့နေတဲ့ အိန္ဒိယကုမ္ပဏီ ၇ ခုကို Burma Campaign UK က နာမည်ပျက်စာရင်းသွင်း

05:37 − UNOCHA အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမယ့် အကူအညီပေးရေး အခြေအနေ တိုးတတ်ပြောင်းလဲလာခြင်းမရှိလို့ ရခိုင်ဒေသခံတွေပြောတဲ့သတင်းနဲ့

08:31− ဒုဗိုလ်မှူးကြီး ၁ဦး နဲ့ ဗိုလ်ကြီး၁ဦး တပ်တွင်းပုန်ကန်မှုနဲ့ အမြင့်ဆုံးထောင်ဒဏ်နဲ့ သေဒဏ် ချမှတ်ခံရတဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်း တွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/3yWmM3x42sU?si=V1xj6-nMl2HbodcG

#4pmnews
#Mizzimanewshour
#mizzimatv
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥1
ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား ၄ ဦး ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှု ကုလထံ တိုင်ကြားထားဟု NUG ထုတ်ပြန်
👍9🤬2🤣1
ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား ၄ ဦး ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခံရမှု ကုလထံ တိုင်ကြားထားဟု NUG ထုတ်ပြန်
====================

ရောင်နီ
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ကိုယ်၀န်ဆောင်အမျိုးသမီးအပါအ၀င် အရပ်သား လေးဦးအား ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်မှုကို ကုလသမဂ္ဂ၏ လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ထံ ပေးပို့တိုင်ကြားထားကြောင်း NUG အစိုးရ၏ လူအခွင့်အရေး၀န်ကြီးဌာန (MOHR)က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်၏ တပ်မ( ၃၃ )သည် စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်ရှိ ကျီးကန်းတောင်ရွာနှင့် မြောက်ရွာသို့ ၀င်ရောက်လာခဲ့သည်။
ထိုသို့ ၀င်ရောက်ပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သည့်အပြင် ကိုယ်၀န်ဆောင်အမျိုးသမီးတဦးကို အဓမ္မပြုကျင့်(မုဒိမ်းကျင့်)ကာ လည်ပင်းလှီးသတ်ဖြတ်ခြင်း၊ စစ်ရှောင်ပြည်သူသုံးဦးကို လည်ပင်းလှီးသတ်ဖြတ်ခြင်း ပြုလုပ်ခဲ့ကြောင်း NUG လူအခွင့်အရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဖြစ်စဥ်မှ ရရှိလာသည့် အချက်အလက်များကို Independent Investigative Mechanism for Myanmar(IIMM)သို့ ပေးပို့ထားပြီး အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာ၀န်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း MOHR က ဆိုသည်။
IIMM သည် မြန်မာနိုင်ငံတွင် ၂၀၁၁ နောက်ပိုင်းဖြစ်ပွားခဲ့သည့် ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းလိုက်သည့် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား ဖြစ်သည်။

လက်ရှိအချိန်တွင် လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အနေဖြင့် မြန်မာနိုင်ငံအတွင်း စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှု ၆၇ ခုကို အချက်အလက်စုစည်းကာ မှတ်တမ်းတင်ထားသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#IIMM
#NUG
#MOHR
#၀က်လက်မြို့နယ်

ပုံအညွှန်း - ရန်ကုန်တွင် စစ်ဆေးမှုလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံ - အဟောင်း)

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤣2🤬1
Media is too big
VIEW IN TELEGRAM
UNOCHA အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်ခဲ့ပေမယ့် အကူအညီပေးရေး အခြေအနေ တိုးတတ်ပြောင်းလဲလာခြင်းမရှိ

Watch more detail - https://youtu.be/IDQ_d_zhasU

#reels
#shorts
#politicalnews
😁5
ပေါင်မြို့နယ်ထွေအုပ်ရုံးနှင့် ဝန်ထမ်းအိမ်ရာ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရ
👍6🔥1