Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျိုက်ထိုမြို့ရှိ KRF တပ်ဖွဲ့ဝင် နေအိမ်ချိပ်ပိတ်ခံရ 
===============

YT 

(မဇ္ဈိမ)။      ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြိိို့နယ်၊ တောင်သူစုရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု (KRF) ​တပ်ဖွဲ့ဝင် ကိုရန်ရှင်းအောင်​၏ နေအိမ်ကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်သိမ်းဆည်းသွားကြောင်း ဒေသခံများနှင့် ကာယကံရှင် ကိုရန်ရှင်းအောင်ထံက သိရသည်။ 

ယမန်နေ့ ဩဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းတွင် တောင်သူစုရပ်ကွက်၊ နှင်းဆီလမ်းရှိ ကိုရန်ရှင်းအောင်​၏ နေအိမ်ကို စစ်ကောင်စီတပ်သားများ၊ ရဲ၊ ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးကောင်စီဝင်များ၊ မြို့နယ် ထွေအုပ်ရုံးမှ ဝန်ထမ်းများက လာရောက်ချိပ်ပိတ်သွားခြင်းဖြစ်သည်။

" ကျွန်တော့်ဆီကို သူများပြောပြတော့ နေ့လယ် ၁၂ ခွဲလောက်မှာမှ သိရတာခင်ဗျ။ အိမ်က ဘယ်သူမှ မနေဘူး။ မနေဘူးဆိုတာက ကျွန်တော့်အစ်မလင်မယားရော ကျွန်တော်ရော ကျွန်တော့်ဦးလေးရော သပိတ်ကာလတည်းက အကုန်လုံး ၅၀၅ တွေဆိုတော့ အိမ်မှာ ဘယ်သူမှ မရှိကြဘူး" ဟု ကိုရန်ရှင်းအောင်က မဇ္ဈိမကိုပြောသည်။

အဆိုပါနေအိမ်တွင် ယခင်က ကိုရှင်းအောင်​နှင့်အစ်မဖြစ်သူ CDM ကျောင်းဆရာမ ဒေါ်ခင်ငြိမ်းချမ်း​ တို့၏ မိသားစု နှင့် ဦးလေးဖြစ်သူတို့ အတူတကွ နေထိုင်ခဲ့ကြပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် နေထိုင်သူမရှိကြကြောင်း ကိုရန်ရှင်းအောင်ထံက သိရသည်။ 

ကိုရန်ရှင်းအောင်သည် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင် ဆန္ဒပြခြင်းကို ပြုလုပ်ခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ 
 
ကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ဈ) တို့ဖြင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသည့် ကိုရန်ရှင်းအောင်သည် နေအိမ်ချိပ်ပိတ်ခံခဲ့ရသော်လည်း စစ်အာဏာရှင်အား ဆက်လက်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း ပြောသည်။

" ဒီကောင်တွေက ဥပဒေမှမရှိတာ သူတို့ရေးထားတဲ့ ဥပဒေတောင် သူတို့ပြန်ဖောက်ဖျက်သေးတာပဲ။ ကျန်တဲ့ဟာကတော့ အထွေအထူး ပြောစရာမရှိတော့ပါဘူး။ မပြီးသေးဘူး ကျွန်တော်တို့အလှည့်ပြန်လာမယ်။ အဲ့ဒါပဲ ပြောချင်ပါတယ်" ဟု ကိုရန်ရှင်းအောင်က ဆက်လက်ပြောဆိုသည်။ 

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ​၏ နေအိမ်၊ တော်လှန်ရေးအတွင်း တက်ကြွလှုပ်ရှားသည့် ဒေသခံများ​၏ နေအိမ် စုစုပေါင်း အလုံး ၂၀ ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။ 

" ထပ်ပြီးတော့ ချိပ်ပိတ်မယ့် အိမ်တွေလည်းရှိသေးတယ်တဲ့ ဈေးထဲမှာ ပြောနေကြတယ်။ ကလေးတွေရဲ့ အိမ်တွေပေါ့။ လုပ်ချင်တာ လုပ်နေကြတဲ့အကောင်တွေပဲလေ ဘာမှမလုပ်လည်း ဖမ်းချင်ဖမ်းမယ်။ ချိပ်ပိတ်ချင်ပိတ်မယ်။ ကျွန်မတို့က ဘာလုပ်နိုင်မှာလဲ" ဟု ကျိုက်ထိုမြို့ပေါ် ဒေသခံက မဇ္ဈိမကိုပြောသည်။

ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က ကျိုက်ထိုမြို့နယ် NLD ပါတီဝင်၊ မုပ္ပလင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကိုကိုနိုင်​၏ နေအိမ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် တော်လှန်ရေးအင်အားစု( KRF ) ဒု- တာဝန်ခံ ကိုရဲသွေးညီ​၏ ယောက္ခမနေအိမ်တို့ကို စစ်ကောင်စီတပ်​က ချိပ်ပိတ်ခဲ့သေးသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#KRF တပ်ဖွဲ့ဝင် 
# နေအိမ်ချိပ်ပိတ်ခံရ

ပုံအညွှန်း- ချိပ်ပိတ်ခံရသည့် KRF ရဲဘော် ကိုရန်ရှင်းအောင်​၏ နေအိမ် (ဓါတ်ပုံ- စစ်ကောင်စီပြန်ကြားရေးချန်နယ်)

------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥6👍4🤬2
ကြယ် - Violin Instrumental(Orchestral Version)
===============

ပဒေသာပင်နဲ့ Artists'Shelter တို့ ပူးပေါင်းစီစဉ်တင်ဆက်တဲ့ "ကြယ်" Violin Instrumental

တော်လှန်ရေးမှာလူသိများထင်ရှားခဲ့တဲ့ "ကြယ်" သီချင်းကို တယောသမား အယောက်(၄၀) ကျော်နဲ့ Performance Art များ ပေါင်းစပ်ပြီး ဖန်တီးတင်ဆက်ထားခြင်းဖြစ်ပါတယ်။

https://youtu.be/eVLI7ygQq1Y?si=59cBMkh1u2O4LHNx

#ကြယ်
#Violin
#Artists
#ပဒေသာပင်
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🤮1
​​တော်လှန်ရေးအင်အားစုများ စုစည်းညီညွတ်စွာတိုက်ပွဲဝင်ကြရန် NUG ယာယီသမ္မတနှင့် ဝန်ကြီးချုပ် သတိပေး
==================

မောင်ခက်နွေ

(မဇ္ဈိမ)။ ။၂၀၂၃ နှစ်ကုန်ပိုင်းတွင် တော်လှန်ရေးအရှိန်မြင့်လာခြင်းကြောင့် အင်အားစုများအနေဖြင့် လမ်း ကြောင်း မယိမ်းမယိုင်ဘဲ စုစုစည်းစည်းဖြင့် ဘုံရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် သတိ ထားပြီးသွားကြရမည့်အချိန်ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေ အစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလ နှင့် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က သတိပေးလိုက်သည်။

ဩဂုတ်လ ၂၉ ရက်က ကျင်းပခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ (၂၉) ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းဝေးတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

"ကျွန်တော်တို့နိုင်ငံလို သမိုင်းကြောင်းရှည်လျားပြီး မတူကွဲပြားမှုတွေနဲ့တည်ရှိနေတဲ့ နိုင်ငံဖြစ်တဲ့အပြင် နှစ်ပေါင်းများစွာ သွေးခွဲအုပ်ချုပ်မှုတွေနဲ့နေထိုင်လာရတဲ့ တိုင်းပြည်ဖြစ်နေတာမို့ ဒီလိုတော်လှန်ရေးကာ လမှာ စိန်ခေါ်မှုတွေကလည်း အင်မတန်များမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေ ဘယ် လောက်များများ ဒါတွေကိုရင်ဆိုင်ကျော်လွှားပြီး စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ဖို့၊ ဖက်ဒရယ်နိုင်ငံ တော်တည်ထောင်နိုင်ဖို့ ကျွန်တော်တို့မှာ ယုံကြည်ချက် ခိုင်ခိုင်မာမာရှိနေတာဟာ ဒီတော်လှန်ရေးကို မဖြစ်မနေ အောင်မြင်စေမယ့် အကြောင်းတရားတစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။ 

လက်ရှိတော်လှန်ရေးသည် အမှားကင်းကင်းဖြင့် စစ်ကောင်စီ၏လှည့်ကွက်များကို ကျော်လွှားသွားရန် အသင့်ဖြစ်နေသည့် တော်လှန်ရေးဖြစ်ပြီး ပေါင်းစပ်ညှိနှိုင်းကာ ဆက်လက်အားထုတ်သွားရန်တိုက်တွန်း လိုသည်ဟု ၎င်းက ဆက်ပြောသည်။ 

ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်သူကိုကာကွယ်ပေးရမည့်သူများဖြစ်ပြီး လမ်း ကြောင်းလွဲလာပါက တော်လှန်ရေးအတွက် ထိခိုက်မှုရှိလာမည်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။ 

“ငြိုငြင်စရာဖြစ်ရပ်တွေများပြားလာရင် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုလည်း တစထက်တစ ပျယ် လွင့်သွားနိုင်တာကို ကြီးစွာ သတိထားရမှာ ဖြစ်ပါတယ်။ ဘုံရည်မှန်းချက် တူညီနေကြပြီဆိုရင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတွေမှာ ဘယ်လိုပဲ ကြီးမားတဲ့အခက်အခဲနဲ့ အတားအဆီးတွေရှိနေပါစေ အပြန် အလှန်လေးစားမှု၊ နားလည်မှုတွေနဲ့ ဒီအခက်အခဲတွေကို မုချကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” ဟု လည်း ဆိုသည်။

ယာယီသမ္မတ ဒူဝါလရှီးလကလည်း လက်ရှိတော်လှန်ရေးသည် စစ်မျက်နှာမျိုးစုံကိုဖွင့်လှစ်ပြီး တိုက်ပွဲဝင် နေရခြင်းကြောင့် မဟာဗျူဟာကျကျဖြင့်စွမ်းဆောင်နိုင်မှသာလျှင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်းဆိုသည်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ကဏ္ဍအသီးသီးမှာ ပုခုံးထမ်းတာဝန်ဆောင်ရွက်နေကြတဲ့ ရဲဘော် ရဲဘက်များကို ကျွန်တော့်အနေနဲ့တိုက်တွန်းလိုတာက ကျွန်တော်တို့ တော်လှန်ရေးဟာ ပြည်သူနဲ့ ကင်း ကွာတဲ့ တော်လှန်ရေးမဖြစ်ရေးဟာ တော်လှန်ရေးသစ္စာတခုဖြစ်တယ်ဆိုတာ အမြဲဂရုပြုထားကြဖို့ ဖြစ်ပါ တယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ လုပ်ငန်းဆောင်တာတွေ မည်မျှပင်များပြားသည်ဖြစ်ပါစေ ပြည်သူလူထုနဲ့ ချိတ်ဆက်မှု၊ တသားတည်းဖြစ်မှုတွေကို အမြဲတမ်း ထိပ်ဆုံးမှာထားရမှာဖြစ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားသည်။

တော်လှန်ရေးနှင့်အစိုးရ၏ အသက်သွေးကြောသည် ပြည်သူလူထု၏ထောက်ခံမှုဖြစ်ပြီး ပြည်သူလူထုနှင့် တသားတည်းရပ်တည်ရန် အရေးကြီးကြောင်း၊ ဘုံသဘောတူညီချက်ချင်းတူညီလျှင် ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ဒူဝါလရှီးလက သတိပေးပြောဆိုသည်။ 

ပုံစာ - အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၉ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးအားတွေ့မြင်ရစဉ် (ပုံ - Acting President Duwa Lashi La Facebook )

စာတည်း။ ။စောဖေ

#အမျိုးသားညီညွတ်ရေးအစိုးရ
#တော်လှန်ရေး
#ဒီမိုကရေစီ
------------------------ 
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤13👍8🤮1
ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ကြိုတင်ဝင်ငွေခွန်ကောက်ခံ| Business Round Up (30.8.2023)
==============

- စစ်ကောင်စီကို ငွေကြေးတိုက်ရိုက်ထောက်ပံ့မှုမလုပ်ဘူးလို့ ဩစတြေးလျ သံရုံးထုတ်ပြန်

- ဘင်္ဂလားဒေရှ့်အစိုးရက မြန်မာအပါအဝင် နိုင်ငံပေါင်း(၉)နိုင်ငံကနေ ကြက်သွန်များဝယ်ဖို့စီစဉ်

- ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေကို စစ်ကောင်စီက ကြိုတင်ဝင်ငွေခွန်ကောက်ခံ

- အာရှလမ်းမကြီး မြေပြိုမှုကြောင့် ထိုင်းသို့ မြန်မာ့ပြောင်းတင်ပို့မှု နှောင့်နှေးခဲ့ရ

https://youtu.be/RjyF7RBKzFI?si=A7qYtjgxf5Hl0wpJ
 
#BusinessRoundUp
#mizzimatv
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤2
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာနဲ့အာရှဒေသမှာအွန်လိုင်းငွေလိမ်ဂိုဏ်းတွေလူပေါင်းသိန်းနဲ့ချီအဓမ္မခိုင်းစေခံနေရကြောင်းကုလထုတ်ပြန်

Watch more detail - https://youtu.be/e2s2IE_6_Fk

#PoliticalNews
#reels
#shorts
#MizzimaTV
👍6😁4❤2
​​"လွတ်လပ်ပြီး တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ” ကို အခြေခံပြီး ဆောက်ရွက်နေဟု NUG ပြော
=======================

မိုးသောက်
(မဇ္ဈိမ)။ ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လက်ရှိအချိန်တွင် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို အခြေခံပြီး နိုင်ငံတကာ ဆက်ဆံရေးကို ဆောင်ရွက်နေသည်ဟု ဩဂုတ်လ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားသည်။

"ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာပါဝင်တဲ့ နိုင်ငံခြားရေးမူဝါဒအရ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို အခြေခံပြီးတော့ ကျွန်မတို့ အထူးအားဖြင့် တော်လှန်ရေးအစိုးရဖြစ်တယ်၊ ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရဆိုတာကို ကျမတို့က အဓိက ထားပြောချင်ပါတယ်၊ ကြားကာလမှာ ကျမတို့တာဝန်ဟာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျပြီးတော့ ဖက်ဒရယ်ပဋိညာဉ်အရ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ထူထောင်မယ့် အခင်းအကျင်းတွေကို ဖန်တီးပေးနိုင်ဖို့က ကျမတို့အစိုးရရဲ့ တာဝန်တရပ်လည်း ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် အထောက်အကူ ဖြစ်နိုင်သည့် နိုင်ငံများ၊ နိုင်ငံတကာဥပဒေများ၊ လူ့အခွင့်ရေး စံချိန်စံညွှန်းများနှင့် ဆန့်ကျင်ခြင်းမရှိဘဲ လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒများအတိုင်း လုပ်ဆောင်နေကြောင်း ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရသည် အမေရိန်ကန်ပြည်ထောင်စုကဲ့သို့ အနောက်နိုင်ငံများနှင့် နီးကပ်သော ဆက်ဆံရေး ရှိသည်ကို တွေ့ရသည်။

သို့သော်လည်း အိမ်နီးချင်းနိုင်ငံလည်းဖြစ် အင်အားကြီးနိုင်ငံများတွင်လည်း ပါဝင်သည့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး၊ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် စစ်ဘေးရှောင်များစွာ ခိုလှုံနေသည့် ထိုင်းနိုင်ငံတို့နှင့် ဆက်ဆံရေးမှာမူ နှေးကွေးနေကြောင်း လေ့လာသူများက ပြောသည်။

NUG အနေဖြင့် ပထဝီနိုင်ငံရေးကို အလေးထားပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသည့် နိုင်ငံများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် ဒေါ်ဇင်မာအောင်က ထပ်လောင်းပြောကြားခဲ့သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#သံတမန်ဆက်ဆံရေး
#NUG
#Mizzima

Photo-( NUGနိုင်ငံခြားရေးဝန်ကြီးနှင့် အရှေ့တီမောသမ္မတတို့ တီမောနိုင်ငံတွင် တွေ့ဆုံခဲ့စဉ်)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15👏2🤮2😘2
This media is not supported in your browser
VIEW IN TELEGRAM
အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာ ရစ်ချ်တာစကေး ၇.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍6😱2🔥1
​​ထီးလင်းတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊ လမ်းပြအဖြစ် ဖမ်းဆီးခံရသည့် အရပ်သား နှင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၄ ဦး သေဆုံး
===================

ရောင်နီ
(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ အရပ်သား တဦး နှင့် စစ်ကောင်စီတပ်ဖွဲ့၀င် လေးဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း(၁၅၊ ၁၆၊ ၁၇) Yaw Revolution Army ထီးလင်းထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ကျားခဲကျေးရွာ တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ကျော်ပါ တပ်မ (၇၇) စစ်ကောင်စီတပ် ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ အရပ်သားသည် ကျားခဲကျေးရွာသားဖြစ်ပြီး စစ်ဘေးတိမ်းရှောင်ရာမှ ထန်းတောထဲတွင် စစ်ကောင်စီတပ်၏ လမ်းပြအဖြစ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

"အစကတည်းက စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ရင် ရှောင်ဖို့ ကျွန်တော်တို့ဘက်က သတိပေးချက်တွေ ထုတ်ပြန်တာရှိပါတယ်။ အဲ့ဒီကြားထဲက အခုလို ပြည်သူတစ်ယောက် ကျွန်တော်တို့ ထောင်တဲ့ မိုင်းကြောင့် ဖြစ်သွားတာ စိတ်မကောင်းပါဘူး။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့ ရုပ်အလောင်းကိုကျွန်တော်တို့ တပ်ဖွဲ့က ပြန်ဖော်ပြီး မိသားစုကို အပ်နှံပေးခဲ့ပါတယ်"YRA ထီးလင်းတာ၀န်ရှိသူ သခင်ဇော်က မဇ္စျိမကို ပြောသည်။

ကျားခဲကျေးရွာ ဒေသခံများသည် စစ်ဘေးတိမ်းရှောင်နေကြပြီး ရွာထဲတွင် လူမရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ကျားခဲကျေးရွာကို ၀င်ရောက်စဥ်က ပြည်သူပိုင်ပစ္စည်းများကို မွှေနှောက်ရှာဖွေယူဆောင်သွားခဲ့ကြောင်း သိရသည်။

“ ကျားခဲကျေးရွာမှာ ညအိပ်ပြီး ရွာတောင်ဘက်ကို ဆက်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ ရှေ့ထွက်ပွိုင့် အင်အား ၁၀ ယောက်ကျော်က ကျွန်တော်တို့ထောင်ထားတဲ့ တိုက်မိုင်းနဲ့ ထိတွေ့မှု ဖြစ်တာပါ။ သူတို့ဘက်က ၄ ဦး သေပြီး ၆ ဦး ဒဏ်ရာရပါတယ် ” ဟု ၎င်းကဆိုသည်။

အရပ်သားသေဆုံးသွားခြင်းကို ယနေ့ သြဂုတ်လ ၃၀ ရက်တွင်မှ သိရှိခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က ထိုနေရာတွင်ပင် မြေမြှုပ်သွားခဲ့ကြောင်း YRA ထီးလင်းတာ၀န်ရှိသူက ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး၏ ရုပ်အလောင်းနှင့် ထိခိုက်သူများကို ဖောကားဖြင့် ထီးလင်းမြို့သို့ ပြန်လည် သယ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအခြေအနေကို မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
မိုင်းဆွဲခံခဲ့ရသည့် ထိုစစ်ကြောင်းသည် သြဂုတ်လ ၂၇ ရက်က စတင်ကာ ထီးလင်းမြို့နယ်တွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။ အဆိုပါ စစ်ကြောင်းသည် သြဂုတ်လ ၂၈ ရက်က ကျားခဲကျေးရွာတွင် ညအိပ်ရပ်နားပြီးနောက် သြဂုတ်လ ၂၉ ရက်တွင် မိုင်းဆွဲခံခဲ့ရခြင်းဖြစ်သည်။

“ မနေ့ကလည်း ဖြစ်စဥ်တစ်ခု ဖြစ်ခဲ့ပြီးပြီပေါ့။ ပြည်သူတွေ ဘယ်နေရာမှပဲ တွေ့တွေ့ သူတို့ စစ်ကြောင်းနဲ့ အတတ်နိုင်ဆုံး ဝေးအောင်ရှောင်စေချင်တယ်။ ပြည်သူတွေကို ဖမ်းဆီးမိရင် စစ်ကောင်စီတပ်က တနည်းမဟုတ် တနည်းနဲ့ အသုံးချမှာပါ။ စစ်ကောင်စီစစ်ကြောင်းတွေနဲ့ အတတ်နိုင်ဆုံး တိမ်းရှောင်ပြီး နေကြပါလို့ အသိပေးချင်ပါတယ်” ဟု YRA တပ်ဖွဲ့တာ၀န်ရှိသူ သခင်ဇော်က ပြောသည်။

ယနေ့ သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ထီးလင်းမြို့နယ် ပုဏ္ဏားကျေးရွာအတွင်း စစ်ကြောင်းထိုး ၀င်ရောက်မှုများ ရှိနေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ထီးလင်းမြို့
#မိုင်းဆွဲခံရ

ပုံအညွှန်း - Yaw Revolution Army ထီးလင်း တပ်ဖွဲ့၀င် ကာကွယ်ရေးရဲဘော်များ။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16😁3👏1🤮1
Media is too big
VIEW IN TELEGRAM
ဖူကူရှီးမား ရေဆိုးထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အနှောက်အယှက်ပေးတဲ့ လုပ်ရပ်တွေကို ဂျပန်ရှုတ်ချ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍12😁3
​​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး ကြိုးပမ်း 
====================

ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင်ရှင်နာဝတ်ထရာအတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် လိုအပ်သမျှ အထောက်အထား မှတ်တမ်းများကို ၎င်း၏ ရှေ့နေတဦးက ပြင်ဆင်လျက် ရှိသည်။ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမည့် ရက်ကိုတော့ မသတ်မှတ်ရသေးကြောင်း ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီက ပြောသည်။ ပုံမှန်အားဖြင့် ပြစ်ဒဏ်၏ သုံးပုံတပုံ သို့မဟုတ် အနည်းဆုံး ထောင်ဒဏ်ရှစ်နှစ် ကျခံပြီးသော အကျဉ်းသားများအနေဖြင့် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားနိုင်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍6
​​အိန္ဒိယက စင်္ကာပူသို့ ဆန်တင်ပို့ရောင်းချမှုကို ခွင့်ပြုပေး
===================

အိန္ဒိယအစိုးရသည် စင်္ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုများကို ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက်တွင် ပြောသည်။အိန္ဒိယနှင့် စင်္ကာပူသည် တူညီသည့် အကျိုးစီးပွားများ၊ နီးကပ်သော စီးပွားရေး ဆက်ဆံမှုနှင့် ပြည်သူအချင်းချင်းအကြား အားကောင်းသည့် ဆက်သွယ်မှုတို့ဖြင့် သွင်ပြင်လက္ခဏာဆောင်သည့် အလွန် ရင်းနှီးသော မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတရပ် ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ထောင်ဒဏ်ကို ပါကစ္စတန်တရားရုံး ဆိုင်းငံ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁6👍5
သြဂုတ်လ ( ၃၀ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:00-ထိုင်းရောက်မြန်မာလုပ်သားတွေ မြဝတီနဲ့ကော့သောင်းမှာ အလုပ်လုပ်ခွင့်သက်တမ်း တိုးနိုင်မယ်ဆိုတဲ့သတင်း

03:38-ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံး

05:36-တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နဲ့ TNLA တိုက်ပွဲပြင်းထန်တဲ့သတင်း

07:57-ရန်ကုန်ရှိ စစ်ကောင်စီလက်အောက်ခံနေရာ ၆ ခု ၃ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်ခံရတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/1QfiijMnzIA?si=WPLvLFVan1FSmxKT

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🤮1
Media is too big
VIEW IN TELEGRAM
ယူကေနိုင်ငံခြားရေးဝန်ကြီး တရုတ်ကိုအလည်အပတ်လာရောက်မယ့်အကြောင်း ဘေဂျင်းပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍9🤮1
Media is too big
VIEW IN TELEGRAM
အီရတ်မှာ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးအတွင်း ပြင်သစ်စစ်သည် ၁ ဦးသေဆုံး

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7😢2🔥1
​​မတ္တရာတွင် ၁ ရက်အတွင်း သတ်ဖြတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့ရှိ
====================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်တွင် တရက်အတွင်း သတ်ဖြတ်ခံထားရသည့် အလောင်း သုံးလောင်းတွေ့ရှိပြီး ၎င်းတို့မှာ စစ်ကောင်စီလက်အောက်ခံများ ဖြစ်ကြကြောင်း မတ္တရာမြို့ ဒေသခံက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက် နံနက် ၁၀ နာရီခန့်က ဆိပ်သာကျေးရွာအနီးတွင် ဇီးဖြူကုန်းကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး ကိုနောင်ထွန်းဦး (အသက် ၂၃နှစ်)၊ စျေးဟောင်းကျေးရွာ အဝင်လမ်း လမ်းဘေး လယ်ကွင်းတွင် နေ့လယ် ၂ နာရီခန့်က စျေးဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုဌေး(အသက် ၆၄ နှစ်) နှင့် ဝန်တင်ကုန်းကျေးရွာအနီးတွင် ကြံခိုင်ရေးပါတီဝင် အမျိုးသား (အသက် ၃၀ အရွယ်ခန့်)၏ ရုပ်အလောင်းများကို ဒဏ်ရာများဖြင့် တွေ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

ဝန်တင်ကုန်းကျေးရွာအနီးတွေ့ရှိရသူသည် ကြံခိုင်ရေးပါတီဝင် ဟုတ်၊ မဟုတ်ကို မဇ္ဈိမက အတည်ပြုနိုင်ခြင်းမရှိသေးပါ။
"တစ်ယောက်က ထွေ/အုပ်စာရေး၊ နောက်တစ်ယောက်က ရစဖမှူး(ရပ်/ကျေးအုပ်ချုပ်ရေးမှူး) သူက အသက်၆၀ကျော်နေပြီ။ နောက်ထပ်တစ်ယောက်ကတော့ ကြံ့အုပ်စုကလို့ပဲသိထားသေးတယ်။ နာမည်နေရပ်လိပ်စာမသိသေးဘူး။ သုံးယောက်စလုံး၊ တစ်ရက်အတွင်း သေဆုံးအလောင်းတွေ တွေ့ခဲ့တာ" ဟု မတ္တရာဒေသခံသတင်းရင်းမြစ်က ပြောသည်။

၎င်းတို့အား မည်သူက သတ်ဖြတ်သွားသည်ကို လက်ရှိအချိန်အထိ မသိရှိရသေးပေ။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်ကလည်း ဘိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းသည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

လက်ရှိတွင် မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင် တောင်ပြုန်းပွဲတော် ကျင်းပလျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အလောင်း ၃ လောင်းတွေ့ရှိ
#မတ္တရာမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😡2🔥1
​​မူဆယ်တွင် စစ်တပ်နှင့်ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ၃ဦးသေဆုံးဟုဆို
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီးတွင် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး၊ ပြည်သူ့စစ် တဦး သေဆုံးသွားကြောင်း မြို့ခံများကပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄နာရီခန့်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုံအဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ဂိတ်ကြေးကောက်ခံသည့် ကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ သေနတ်ဖြင့်နှစ်ဘက်ပစ်ခတ်ကြခြင်းဟုမြို့ခံတဦးက ပြောသည်။

“ပြည်သူ့စစ်က လမ်းတဖက်ကနေ ကူးလာပြီး မျက်နှာချင်းဆိုင်မှာရှိတဲ့ ဂိတ်ရှေ့မှာ အနီးကပ်ပစ်တာ တွေ့ရတယ်။ဗိုလ်ကြီးတယောက်နဲ့ စစ်သားတယောက်၊ ပြည်သူ့စစ်တယောက်သေတယ်"ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့သည့် မူဆယ်မြို့ခံက မဇ္ဈိမကိုပြောသည်။
ပစ်ခတ်မှုသည် ၁၅မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။သေဆုံးသူနှစ်ဦးအနက် တဦးမှာစစ်ဆေးရေးဂိတ်တွင် အရပ်ဝတ်ဖြင့် ရှိနေသည့် စစ်ကောင်စီတပ် ဗိုလ်ကြီးဖြစ်ကြောင်း ဒေသခံက ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ပစ်ခတ်မှုဖြစ်ပွားသည့် စီစီတီဗီရုပ်သံမှတ်တမ်းသည် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့လာခဲ့ပြီး ဓာတ်ပုံမှတ်တမ်းအချို့တွင်လည်း အရပ်ဝတ်ဖြင့် သေဆုံးနေသူတဦး၊ ဒဏ်ရာရထားသူတဦး၊ ကွန်မန်ဒိုဘောင်းဘီဝတ်ဖြင့် လဲကျနေသူတဦး၊ ပြည်သူ့စစ်ယူနီဖောင်းဖြင့် သေဆုံးနေသူတဦးကို တွေ့မြင်ရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီတပ်နှင့် လုံထန်ပြည်သူ့စစ်တို့က ကုန်တင်ကားများ၊ ခရီးသည်တင်ကားများထံမှ ငွေတောင်းခံသည့် ဂိတ်ဖြစ်ကြောင်း ဒေသခံများကပြောသည်။
မူဆယ်မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်နှင့်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ ထိုအခြေအနေတွင် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်‌ကောင်စီဘက်တွင် အုပ်ချုပ်ရေးနှင့် အမိန့်ပေးစနစ် ဖရိုဖရဲဖြစ်နေခြင်းဟု မူဆယ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောသည်။

ပြည်သူ့စစ်အဖွဲ့များသည် စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် လုံထန်၊ ကောင်းခါး၊ ပန်ဆေး၊တာမိုးညဲနှင့် ပိန်းဆာပြည်သူ့စစ်အပါအဝင် ပြည့်သူ့စစ်အဖွဲ့ ဆယ်ဖွဲ့ထက်မနည်းရှိနေပြီ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ လောင်းကစားဝိုင်းများဖွင့်ခြင်း၊ ဒေသခံများထံမှ မတရားငွေတောင်းခြင်းဖြင့် စီးပွားရှာကြကြောင်း ဒေသခံများကပြောသည်။

ယခုတိုက်ပွဲနှင့် ပတ်သက်၍ မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် လုံထန်ပြည်သူ့စစ်အဖွဲထံ မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရပေ။

စာတည်း - အေးချမ်း
#mizzima
#မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုံ
#စစ်ကောင်စီတပ်
#လုံထန်ပြည်သူ့စစ်
#အချင်းချင်းပစ်ခတ်မှု

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဒါဖာမှာတိုက်ပွဲတွေပြင်းထန်နေစဉ်မှာပဲ ဆူဒန်စစ်တပ်အကြီးအကဲ အီဂျစ်ကိုသွားရောက်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍10🔥1