Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ဖူကူရှီးမား ရေဆိုးထုတ်လွှတ်မှုနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အနှောက်အယှက်ပေးတဲ့ လုပ်ရပ်တွေကို ဂျပန်ရှုတ်ချ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍12😁3
​​ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်အတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး ကြိုးပမ်း 
====================

ထိုင်းဝန်ကြီးချုပ်ဟောင် သက်ဆင်ရှင်နာဝတ်ထရာအတွက် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် ရရှိရန် လိုအပ်သမျှ အထောက်အထား မှတ်တမ်းများကို ၎င်း၏ ရှေ့နေတဦးက ပြင်ဆင်လျက် ရှိသည်။ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားမည့် ရက်ကိုတော့ မသတ်မှတ်ရသေးကြောင်း ရှေ့နေဖြစ်သူ ဝင်ယတ် ချတ်မွန်ထရီက ပြောသည်။ ပုံမှန်အားဖြင့် ပြစ်ဒဏ်၏ သုံးပုံတပုံ သို့မဟုတ် အနည်းဆုံး ထောင်ဒဏ်ရှစ်နှစ် ကျခံပြီးသော အကျဉ်းသားများအနေဖြင့် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်အတွက် လျှောက်ထားနိုင်သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍6
​​အိန္ဒိယက စင်္ကာပူသို့ ဆန်တင်ပို့ရောင်းချမှုကို ခွင့်ပြုပေး
===================

အိန္ဒိယအစိုးရသည် စင်္ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုများကို ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက်တွင် ပြောသည်။အိန္ဒိယနှင့် စင်္ကာပူသည် တူညီသည့် အကျိုးစီးပွားများ၊ နီးကပ်သော စီးပွားရေး ဆက်ဆံမှုနှင့် ပြည်သူအချင်းချင်းအကြား အားကောင်းသည့် ဆက်သွယ်မှုတို့ဖြင့် သွင်ပြင်လက္ခဏာဆောင်သည့် အလွန် ရင်းနှီးသော မဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုတရပ် ရှိနေကြောင်း အိန္ဒိယ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ်တွင် ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥3
This media is not supported in your browser
VIEW IN TELEGRAM
ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ထောင်ဒဏ်ကို ပါကစ္စတန်တရားရုံး ဆိုင်းငံ့

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
😁6👍5
သြဂုတ်လ ( ၃၀ ) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=====================

01:00-ထိုင်းရောက်မြန်မာလုပ်သားတွေ မြဝတီနဲ့ကော့သောင်းမှာ အလုပ်လုပ်ခွင့်သက်တမ်း တိုးနိုင်မယ်ဆိုတဲ့သတင်း

03:38-ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ၁၅ ဦးကျဆုံး

05:36-တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နဲ့ TNLA တိုက်ပွဲပြင်းထန်တဲ့သတင်း

07:57-ရန်ကုန်ရှိ စစ်ကောင်စီလက်အောက်ခံနေရာ ၆ ခု ၃ ရက်ဆက် ဖောက်ခွဲ တိုက်ခိုက်ခံရတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

https://youtu.be/1QfiijMnzIA?si=WPLvLFVan1FSmxKT

#4pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍11🤮1
Media is too big
VIEW IN TELEGRAM
ယူကေနိုင်ငံခြားရေးဝန်ကြီး တရုတ်ကိုအလည်အပတ်လာရောက်မယ့်အကြောင်း ဘေဂျင်းပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍9🤮1
Media is too big
VIEW IN TELEGRAM
အီရတ်မှာ အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးအတွင်း ပြင်သစ်စစ်သည် ၁ ဦးသေဆုံး

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍7😢2🔥1
​​မတ္တရာတွင် ၁ ရက်အတွင်း သတ်ဖြတ်ခံထားရသည့် အလောင်း ၃ လောင်းတွေ့ရှိ
====================

007
(မဇ္စျိမ)။ ။ မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်တွင် တရက်အတွင်း သတ်ဖြတ်ခံထားရသည့် အလောင်း သုံးလောင်းတွေ့ရှိပြီး ၎င်းတို့မှာ စစ်ကောင်စီလက်အောက်ခံများ ဖြစ်ကြကြောင်း မတ္တရာမြို့ ဒေသခံက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက် နံနက် ၁၀ နာရီခန့်က ဆိပ်သာကျေးရွာအနီးတွင် ဇီးဖြူကုန်းကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးစာရေး ကိုနောင်ထွန်းဦး (အသက် ၂၃နှစ်)၊ စျေးဟောင်းကျေးရွာ အဝင်လမ်း လမ်းဘေး လယ်ကွင်းတွင် နေ့လယ် ၂ နာရီခန့်က စျေးဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘိုဌေး(အသက် ၆၄ နှစ်) နှင့် ဝန်တင်ကုန်းကျေးရွာအနီးတွင် ကြံခိုင်ရေးပါတီဝင် အမျိုးသား (အသက် ၃၀ အရွယ်ခန့်)၏ ရုပ်အလောင်းများကို ဒဏ်ရာများဖြင့် တွေ့ရကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုက်အဝန်းထံက သိရသည်။

ဝန်တင်ကုန်းကျေးရွာအနီးတွေ့ရှိရသူသည် ကြံခိုင်ရေးပါတီဝင် ဟုတ်၊ မဟုတ်ကို မဇ္ဈိမက အတည်ပြုနိုင်ခြင်းမရှိသေးပါ။
"တစ်ယောက်က ထွေ/အုပ်စာရေး၊ နောက်တစ်ယောက်က ရစဖမှူး(ရပ်/ကျေးအုပ်ချုပ်ရေးမှူး) သူက အသက်၆၀ကျော်နေပြီ။ နောက်ထပ်တစ်ယောက်ကတော့ ကြံ့အုပ်စုကလို့ပဲသိထားသေးတယ်။ နာမည်နေရပ်လိပ်စာမသိသေးဘူး။ သုံးယောက်စလုံး၊ တစ်ရက်အတွင်း သေဆုံးအလောင်းတွေ တွေ့ခဲ့တာ" ဟု မတ္တရာဒေသခံသတင်းရင်းမြစ်က ပြောသည်။

၎င်းတို့အား မည်သူက သတ်ဖြတ်သွားသည်ကို လက်ရှိအချိန်အထိ မသိရှိရသေးပေ။ ပြီးခဲ့သည့် ဇွန်လ ၉ ရက်ကလည်း ဘိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းသည် ၎င်း၏ နေအိမ်ခြံဝင်းအတွင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။

လက်ရှိတွင် မတ္တရာမြို့နယ် တောင်ပြုန်းကြီးကျေးရွာတွင် တောင်ပြုန်းပွဲတော် ကျင်းပလျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#အလောင်း ၃ လောင်းတွေ့ရှိ
#မတ္တရာမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😡2🔥1
​​မူဆယ်တွင် စစ်တပ်နှင့်ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ၃ဦးသေဆုံးဟုဆို
==================

ဂျူချန်း
(မဇ္ဈိမ)။ ။ မူဆယ်မြို့၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီးတွင် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး၊ ပြည်သူ့စစ် တဦး သေဆုံးသွားကြောင်း မြို့ခံများကပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၄နာရီခန့်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုံအဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ဂိတ်ကြေးကောက်ခံသည့် ကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ သေနတ်ဖြင့်နှစ်ဘက်ပစ်ခတ်ကြခြင်းဟုမြို့ခံတဦးက ပြောသည်။

“ပြည်သူ့စစ်က လမ်းတဖက်ကနေ ကူးလာပြီး မျက်နှာချင်းဆိုင်မှာရှိတဲ့ ဂိတ်ရှေ့မှာ အနီးကပ်ပစ်တာ တွေ့ရတယ်။ဗိုလ်ကြီးတယောက်နဲ့ စစ်သားတယောက်၊ ပြည်သူ့စစ်တယောက်သေတယ်"ဟု ယင်းဖြစ်စဉ်ကို မျက်မြင်တွေ့သည့် မူဆယ်မြို့ခံက မဇ္ဈိမကိုပြောသည်။
ပစ်ခတ်မှုသည် ၁၅မိနစ်ခန့်ကြာခဲ့သည်ဟု သိရသည်။သေဆုံးသူနှစ်ဦးအနက် တဦးမှာစစ်ဆေးရေးဂိတ်တွင် အရပ်ဝတ်ဖြင့် ရှိနေသည့် စစ်ကောင်စီတပ် ဗိုလ်ကြီးဖြစ်ကြောင်း ဒေသခံက ပြောသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ပစ်ခတ်မှုဖြစ်ပွားသည့် စီစီတီဗီရုပ်သံမှတ်တမ်းသည် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့လာခဲ့ပြီး ဓာတ်ပုံမှတ်တမ်းအချို့တွင်လည်း အရပ်ဝတ်ဖြင့် သေဆုံးနေသူတဦး၊ ဒဏ်ရာရထားသူတဦး၊ ကွန်မန်ဒိုဘောင်းဘီဝတ်ဖြင့် လဲကျနေသူတဦး၊ ပြည်သူ့စစ်ယူနီဖောင်းဖြင့် သေဆုံးနေသူတဦးကို တွေ့မြင်ရသည်။

ပစ်ခတ်မှု ဖြစ်ပွားသည့် စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီတပ်နှင့် လုံထန်ပြည်သူ့စစ်တို့က ကုန်တင်ကားများ၊ ခရီးသည်တင်ကားများထံမှ ငွေတောင်းခံသည့် ဂိတ်ဖြစ်ကြောင်း ဒေသခံများကပြောသည်။
မူဆယ်မြို့နယ်အတွင်း ယခုရက်ပိုင်းတွင် စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်နှင့်တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲများဖြစ်ပွားနေသည်။ ထိုအခြေအနေတွင် စစ်ကောင်စီတပ်နှင့်၎င်း၏ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တို့ အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး စစ်‌ကောင်စီဘက်တွင် အုပ်ချုပ်ရေးနှင့် အမိန့်ပေးစနစ် ဖရိုဖရဲဖြစ်နေခြင်းဟု မူဆယ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကပြောသည်။

ပြည်သူ့စစ်အဖွဲ့များသည် စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် လုံထန်၊ ကောင်းခါး၊ ပန်ဆေး၊တာမိုးညဲနှင့် ပိန်းဆာပြည်သူ့စစ်အပါအဝင် ပြည့်သူ့စစ်အဖွဲ့ ဆယ်ဖွဲ့ထက်မနည်းရှိနေပြီ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ လောင်းကစားဝိုင်းများဖွင့်ခြင်း၊ ဒေသခံများထံမှ မတရားငွေတောင်းခြင်းဖြင့် စီးပွားရှာကြကြောင်း ဒေသခံများကပြောသည်။

ယခုတိုက်ပွဲနှင့် ပတ်သက်၍ မူဆယ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် လုံထန်ပြည်သူ့စစ်အဖွဲထံ မေးမြန်းရန်ကြိုးစားသော်လည်း အဆက်အသွယ်မရပေ။

စာတည်း - အေးချမ်း
#mizzima
#မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုံ
#စစ်ကောင်စီတပ်
#လုံထန်ပြည်သူ့စစ်
#အချင်းချင်းပစ်ခတ်မှု

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ(ပုံဟောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17❤4🔥1
This media is not supported in your browser
VIEW IN TELEGRAM
ဒါဖာမှာတိုက်ပွဲတွေပြင်းထန်နေစဉ်မှာပဲ ဆူဒန်စစ်တပ်အကြီးအကဲ အီဂျစ်ကိုသွားရောက်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍10🔥1
​​ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း တပင်ရွှေထီး စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ငွေထွန်း(ခ) မောင်တူး နေအိမ်သို့ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးကွင်းအနီး၌ ပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်နှစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“သူက ရွေးကောက်ပွဲကတည်းက စစ်တပ်ဘက်ကလူ။ အပစ်ခံပေမယ့်မသေဘူး၊ ဆေးရုံမှာပဲရှိသေးတယ်၊ မစိုးရိမ်ရပါဘူး”ဟု ဦးအောင်ငွေထွန်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ အမျိုးသမီးတဦးကမဇ္ဈိမကိုပြော သည်။

ဦးအောင်ငွေထွန်းသည် ဝမ်းဗိုက်တွင် သေနတ်နှစ်ချက်ထိမှန်ခဲ့၍ မော်လမြိုင်စစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ပေါင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ရာထူးမှအမြန်ဆုံးနှုတ်ထွက်ရန် တောင်ပိုင်းစစ်ဒေသ(၂)၊ သထုံခရိုင် တပ်မဟာ(၁)၊ KNLA/PDF တပ်ရင်း(၂)၊ တပင်ရွှေထီးပူးပေါင်းစစ် ကြောင်းကတောင်းဆိုထားပြီး ဆက်လက်ပြုလုပ်နေပါက အသက်အန္တရာယ်အား တာဝန်ယူမည်မဟုတ် ကြောင်းဆိုထားသည်။

ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများ တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်ရှင်းလင်းမှု မကြာခဏခံရလေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်မှ ရာအိမ်မှူး ကျော်စိုးမိုး (ခ)စတီး အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)မှ ရဲဘော်များ၏ သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခြင်းခံခဲ့ရပြီး နေရာ ၌ပင် သေဆုံးခဲ့သည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ပေါင်မြို့နယ်
#တပင်ရွှေထီးစစ်ကြောင်း

ပုံအညွှန်း- ဦးအောင်ငွေထွန်း​၏ ဓါတ်ပုံ (ဓါတ်ပုံ - တပင်ရွှေထီးစစ်ကြောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းမှာ လေ့ကျင့်ပျံသန်းမှုအတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်လေယာဉ်မှူးရဲ့ ဈာပနအခမ်းအနားကျင်းပ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Ukraine #American
👍12😢1🤮1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ကိုအထီးကျန်ဖြစ်အောင် အနောက်အုပ်စုရဲ့ကြိုးပမ်းမှု မအောင်မြင်ကြောင်း အီရန်သမ္မတပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👏8😁2
​​တရုတ်တွင် လက်ထပ်ထိမ်းမြားခြင်းနှင့်ကလေးမွေးဖွားမှုမြှင့်တင်ရန် သတို့သမီး အသက် ၂၅ နှစ်အောက်ငယ်သည့် မောင်နှံများကို ငွေသားဆုချီးမြှင့် 
=======================

တရုတ်တွင် ကြီးထွားလာနေသော လူဦးရေအကျပ်အတည်းကို တိုက်ဖျက်ရန် ကလေးမွေးဖွားမှုအတွက် မက်လုံးပေးမည့် ထိရောက်သောနည်းလမ်းသစ်များကို ရှာဖွေနေစဉ်မှာ နိုင်ငံ၏အချမ်းသာဆုံး ပြည်နယ်စာရင်းဝင်တစ်ခုက သတို့သမီး အသက် ၂၅ နှစ်နှင့်အောက် မင်္ဂလာမောင်နှံများအတွက် ငွေသားဆုချီးမြှင့်မည်ဟု ပထမဆုံးအကြိမ်အဖြစ် ကြေညာလိုက်သည်။

နိုင်ငံအနောက်ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ချန်ရှန်းကောင်တီတွင် သတို့သမီးအသက် ၂၅ နှစ် သို့မဟုတ် ထိုထက်ငယ်သော ကြင်စဦးဇနီးမောင်နှံများသည် ငွေသား ယွမ် ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၈ ) ရရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ တရုတ်နိုင်ငံတွင် အမျိုးသားများအတွက် တရားဝင်လက်ထပ်ခွင့်အသက်မှာ၂၂ နှစ်ဖြစ်ပြီး အမျိုးသမီးများမှာအတွက်မှာ ၂၀ နှစ်ဖြစ်သည်။

ယခုအရွေ့သည် ၁၉၇၀ နှောင်းပိုင်းမှစတင်ကာ ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ တရုတ်အစိုးရသည် မိသားစုစီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ် အရွယ်နှောင်းပိုင်းအိမ်ထောင်ပြုခြင်း၊ နောက်ကျမှ မွေးဖွားခြင်းနှင့် ကလေးနည်းနည်းမွေးဖွားခြင်းတို့ကို အားပေးခဲ့သည်။
👍10👏1
​​ဖိလစ်ပိုင်သို့ စူပါတိုင်ဖုန်းမုန်တိုင်း ဝင်ရောက်ပြီး ထိုင်ဝမ်နှင့် ဟောင်ကောင်ဆီ ခြိမ်းခြောက် 
====================

စူပါတိုင်ဖုန်းမုန်တိုင်း ဆာအိုလာသည် ဖိလစ်ပိုင် မြောက်ပိုင်းသို့ အရှိန်ဖြင့် ဝင်ရောက်တိုက်ခတ်သွားပြီးနောက်တွင် ထိုင်ဝမ်ကျွန်း တောင်ဘက်စွန်းသို့ ရောက်ရှိလာ၍ ထိုင်ဝမ်တောင်ပိုင်း နယ်မြေများတွင် ဗုဒ္ဓဟူးနေ့၌ ရုံးများ ပိတ်ထားပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းထားရကာ မုန်တိုင်းမှာ တရုတ်ကမ်းရိုးတန်းသို့ ဦးတည်လျက် ရှိနေသည်။
 
မြောက်ပိုင်းဧရိယာ၌ တတိယမြောက် အားအပြင်းဆုံး လေပြင်းတိုက်ခတ်မှု အချက်ပေးချက်ကို ဖိလစ်ပိုင်မိုးလေဝသဌာန ပါဂါဆာက ထုတ်ပြန်ထားပြီး “အန္တရာယ်ရှိသော” တိုင်ဖုန်းအဖြစ် သတိပေးချက် ထုတ်ထားသကဲ့သို့ နံနက်ပိုင်း ထုတ်ပြန်ချက်တွင် အိမ်ခြေအဆောက်အအုံများ ပျက်စီးနိုင်မှု ဘေးကိုလည်း ဆော်ဩထားသည်။ 

ထိုင်ဝမ်၌လည်း Kaohsiung နှင့် Pingtung ဒေသများတွင် ရုံးအချို့နှင့် စာသင်ကျောင်းများကို ပိတ်ထားပြီး လေယာဉ်ခရီးစဉ် တဒါဇင်ကျော်ကို ဖျက်သိမ်းထားသည်။
👍11🔥3
ဩဂုတ်လ (၃၀) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
========================

-အခုအချိန်ဟာ စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုရမယ့်အချိန်မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့သတင်း

-ရန်ကုန်မှာ ရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ နေရာ ၆ ခု တိုက်ခိုက်ခံရတဲ့အကြောင်း

-ထန်တလန်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့က ၁၅ ဦးကျဆုံးတဲ့သတင်း

-မူဆယ်တွင် စစ်ကောင်စီတပ် မဟာမိတ်အချင်းချင်း ပစ်ခတ်လို့ ၃ ဦး သေဆုံးတဲ့ အကြောင်း

-ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့်သက်တမ်း မြဝတီနဲ့ကော့သောင်းမှာတိုးနိုင်မယ့်သတင်းနဲ့

-အီရန်ကိုအထီးကျန်ဖြစ်အောင် အနောက်အုပ်စုရဲ့ကြိုးပမ်းမှုမအောင်မြင်ကြောင်း အီရန်သမ္မတပြောတဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/FFnJ1XzU-OA?si=-DnPOb0guvA9uzb9

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮2
​​ယင်းမာပင်မြို့နယ် သံပုရာပင်ရိုးကျေးရွာမှ နေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ် မီးရှို့
=========================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သံပုရာပင်ရိုးကျေးရွာမှ နေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ် က ဩဂုတ်လ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အစပ်ရှိသစ်ကွင်းများမှ သစ်များထုတ်ယူနေပြီး လုံခြုံရေးအကြောင်းပြကာ စစ်ကြောင်းထိုးပြီး ကျောက်ကုန်းကျေးရွာနှင့် ကျောက်မှော်ကျေးရွာများ၌ တပ်စွဲနေခြင်းကြောင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံသောင်းနှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရ သည်။

“စစ်သားတွေက တရွာဝင် တရွာထွက်နဲ့ စစ်ကြောင်းထိုးပြီး အိမ်တွေက ကလေးစီးစက်ဘီးပါမကျန် ခိုးနေ တာ။ ကိုယ်နေတဲ့ရွာမီးရှို့ခံရပေမဲ့ ဘယ်သူအိမ်ပါသွားမှန်း တိတိကျကျမသိရသေးတော့ စိုးရိမ်နေရတယ်” ဟု သံပုရာပင်ရိုး ကျေးရွာမှ စစ်ရှောင်တဦးက ဆိုသည်။
အိမ်ခြေ ၆၀၀ ခန့်ရှိသည့် သံပုရာပင်ရိုးကျေးရွာကို မီးရှို့ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အိမ်ချင်းကပ်နေ သဖြင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးခေါင်းဆောင်တဦးကပြောသည်။

“ အိမ်ချင်းကပ်နေတော့ မီးစွဲလောင်မှုအားကောင်းသွားတာ။ မီးလောင်တဲ့ အိမ်ခြေကတော့ ၁၇ လုံး ရှိပါ တယ်” ဟု ဒေသကာကွယ်ရေးခေါင်းဆောင်တဦးက ဆိုသည်။

လက်ရှိတွင် ယင်းမာပင်နှင့် ကနီမြို့နယ်အစပ်၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ စစ်ရေး တင်းမာနေပြီး ပြည်သူများအနေဖြင့် အသွားအလာသတိပြုကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ယင်းမာပင်နှင့် ကနီမြို့နယ်အစပ်ရှိ စုန်းချောင်း၊ ကျောက်မှော်၊ စည်သူ၊ ပန်းတိမ်ပြင်၊ နွားခြံကုန်း၊ ကျောက်ကုန်းကျေးရွာများမှ ဒေသခံသောင်းနှင့်ချီ၍ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်တိုင်း
#ယင်းမာပင်မြို့နယ်
#ကနီမြို့နယ်
#စစ်ရေးတင်းမာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍4❤1🔥1