Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ဒါဖာမှာတိုက်ပွဲတွေပြင်းထန်နေစဉ်မှာပဲ ဆူဒန်စစ်တပ်အကြီးအကဲ အီဂျစ်ကိုသွားရောက်

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👍10🔥1
​​ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
================

YT
(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာမှ စစ်ကောင်စီလက်အောက်ခံ ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း တပင်ရွှေထီး စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ငွေထွန်း(ခ) မောင်တူး နေအိမ်သို့ဆိုင်ကယ်ဖြင့်ပြန်လာစဉ် ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးကွင်းအနီး၌ ပူးပေါင်း တပ်ဖွဲ့မှ ရဲဘော်နှစ်ဦးက ဆိုင်ကယ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

“သူက ရွေးကောက်ပွဲကတည်းက စစ်တပ်ဘက်ကလူ။ အပစ်ခံပေမယ့်မသေဘူး၊ ဆေးရုံမှာပဲရှိသေးတယ်၊ မစိုးရိမ်ရပါဘူး”ဟု ဦးအောင်ငွေထွန်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ အမျိုးသမီးတဦးကမဇ္ဈိမကိုပြော သည်။

ဦးအောင်ငွေထွန်းသည် ဝမ်းဗိုက်တွင် သေနတ်နှစ်ချက်ထိမှန်ခဲ့၍ မော်လမြိုင်စစ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ပေါင်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ရာထူးမှအမြန်ဆုံးနှုတ်ထွက်ရန် တောင်ပိုင်းစစ်ဒေသ(၂)၊ သထုံခရိုင် တပ်မဟာ(၁)၊ KNLA/PDF တပ်ရင်း(၂)၊ တပင်ရွှေထီးပူးပေါင်းစစ် ကြောင်းကတောင်းဆိုထားပြီး ဆက်လက်ပြုလုပ်နေပါက အသက်အန္တရာယ်အား တာဝန်ယူမည်မဟုတ် ကြောင်းဆိုထားသည်။

ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများ တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်ရှင်းလင်းမှု မကြာခဏခံရလေ့ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်ကလည်း ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်မှ ရာအိမ်မှူး ကျော်စိုးမိုး (ခ)စတီး အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)မှ ရဲဘော်များ၏ သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခြင်းခံခဲ့ရပြီး နေရာ ၌ပင် သေဆုံးခဲ့သည်။

စာတည်း။ ။စောဖေ

#မွန်ပြည်နယ်
#ပေါင်မြို့နယ်
#တပင်ရွှေထီးစစ်ကြောင်း

ပုံအညွှန်း- ဦးအောင်ငွေထွန်း​၏ ဓါတ်ပုံ (ဓါတ်ပုံ - တပင်ရွှေထီးစစ်ကြောင်း)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍17👏2🔥1😁1
This media is not supported in your browser
VIEW IN TELEGRAM
ယူကရိန်းမှာ လေ့ကျင့်ပျံသန်းမှုအတွင်း သေဆုံးခဲ့ရတဲ့ အမေရိကန်လေယာဉ်မှူးရဲ့ ဈာပနအခမ်းအနားကျင်းပ

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts #Ukraine #American
👍12😢1🤮1
This media is not supported in your browser
VIEW IN TELEGRAM
အီရန်ကိုအထီးကျန်ဖြစ်အောင် အနောက်အုပ်စုရဲ့ကြိုးပမ်းမှု မအောင်မြင်ကြောင်း အီရန်သမ္မတပြော

#mizzimaplushd #internationalnews #mizzima #mizzimanews #mizzimadailynews #myanmarnews #todaynews #newsupdate #Reels #Shorts
👏8😁2
​​တရုတ်တွင် လက်ထပ်ထိမ်းမြားခြင်းနှင့်ကလေးမွေးဖွားမှုမြှင့်တင်ရန် သတို့သမီး အသက် ၂၅ နှစ်အောက်ငယ်သည့် မောင်နှံများကို ငွေသားဆုချီးမြှင့် 
=======================

တရုတ်တွင် ကြီးထွားလာနေသော လူဦးရေအကျပ်အတည်းကို တိုက်ဖျက်ရန် ကလေးမွေးဖွားမှုအတွက် မက်လုံးပေးမည့် ထိရောက်သောနည်းလမ်းသစ်များကို ရှာဖွေနေစဉ်မှာ နိုင်ငံ၏အချမ်းသာဆုံး ပြည်နယ်စာရင်းဝင်တစ်ခုက သတို့သမီး အသက် ၂၅ နှစ်နှင့်အောက် မင်္ဂလာမောင်နှံများအတွက် ငွေသားဆုချီးမြှင့်မည်ဟု ပထမဆုံးအကြိမ်အဖြစ် ကြေညာလိုက်သည်။

နိုင်ငံအနောက်ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ချန်ရှန်းကောင်တီတွင် သတို့သမီးအသက် ၂၅ နှစ် သို့မဟုတ် ထိုထက်ငယ်သော ကြင်စဦးဇနီးမောင်နှံများသည် ငွေသား ယွမ် ၁,၀၀၀ (အမေရိကန်ဒေါ်လာ ၁၃၈ ) ရရှိမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ တရုတ်နိုင်ငံတွင် အမျိုးသားများအတွက် တရားဝင်လက်ထပ်ခွင့်အသက်မှာ၂၂ နှစ်ဖြစ်ပြီး အမျိုးသမီးများမှာအတွက်မှာ ၂၀ နှစ်ဖြစ်သည်။

ယခုအရွေ့သည် ၁၉၇၀ နှောင်းပိုင်းမှစတင်ကာ ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော တစ်အိမ်ထောင် ကလေးတစ်ဦး မူဝါဒနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။ တရုတ်အစိုးရသည် မိသားစုစီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ် အရွယ်နှောင်းပိုင်းအိမ်ထောင်ပြုခြင်း၊ နောက်ကျမှ မွေးဖွားခြင်းနှင့် ကလေးနည်းနည်းမွေးဖွားခြင်းတို့ကို အားပေးခဲ့သည်။
👍10👏1
​​ဖိလစ်ပိုင်သို့ စူပါတိုင်ဖုန်းမုန်တိုင်း ဝင်ရောက်ပြီး ထိုင်ဝမ်နှင့် ဟောင်ကောင်ဆီ ခြိမ်းခြောက် 
====================

စူပါတိုင်ဖုန်းမုန်တိုင်း ဆာအိုလာသည် ဖိလစ်ပိုင် မြောက်ပိုင်းသို့ အရှိန်ဖြင့် ဝင်ရောက်တိုက်ခတ်သွားပြီးနောက်တွင် ထိုင်ဝမ်ကျွန်း တောင်ဘက်စွန်းသို့ ရောက်ရှိလာ၍ ထိုင်ဝမ်တောင်ပိုင်း နယ်မြေများတွင် ဗုဒ္ဓဟူးနေ့၌ ရုံးများ ပိတ်ထားပြီး လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းထားရကာ မုန်တိုင်းမှာ တရုတ်ကမ်းရိုးတန်းသို့ ဦးတည်လျက် ရှိနေသည်။
 
မြောက်ပိုင်းဧရိယာ၌ တတိယမြောက် အားအပြင်းဆုံး လေပြင်းတိုက်ခတ်မှု အချက်ပေးချက်ကို ဖိလစ်ပိုင်မိုးလေဝသဌာန ပါဂါဆာက ထုတ်ပြန်ထားပြီး “အန္တရာယ်ရှိသော” တိုင်ဖုန်းအဖြစ် သတိပေးချက် ထုတ်ထားသကဲ့သို့ နံနက်ပိုင်း ထုတ်ပြန်ချက်တွင် အိမ်ခြေအဆောက်အအုံများ ပျက်စီးနိုင်မှု ဘေးကိုလည်း ဆော်ဩထားသည်။ 

ထိုင်ဝမ်၌လည်း Kaohsiung နှင့် Pingtung ဒေသများတွင် ရုံးအချို့နှင့် စာသင်ကျောင်းများကို ပိတ်ထားပြီး လေယာဉ်ခရီးစဉ် တဒါဇင်ကျော်ကို ဖျက်သိမ်းထားသည်။
👍11🔥3
ဩဂုတ်လ (၃၀) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
========================

-အခုအချိန်ဟာ စစ်ကောင်စီ နဲ့ တွေ့ဆုံဆွေးနွေး ပြောဆိုရမယ့်အချိန်မဟုတ်ဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့သတင်း

-ရန်ကုန်မှာ ရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ခံ နေရာ ၆ ခု တိုက်ခိုက်ခံရတဲ့အကြောင်း

-ထန်တလန်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးပြီး ချင်းပူးပေါင်းတပ်ဖွဲ့က ၁၅ ဦးကျဆုံးတဲ့သတင်း

-မူဆယ်တွင် စစ်ကောင်စီတပ် မဟာမိတ်အချင်းချင်း ပစ်ခတ်လို့ ၃ ဦး သေဆုံးတဲ့ အကြောင်း

-ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်လုပ်ခွင့်သက်တမ်း မြဝတီနဲ့ကော့သောင်းမှာတိုးနိုင်မယ့်သတင်းနဲ့

-အီရန်ကိုအထီးကျန်ဖြစ်အောင် အနောက်အုပ်စုရဲ့ကြိုးပမ်းမှုမအောင်မြင်ကြောင်း အီရန်သမ္မတပြောတဲ့ သတင်းအပါအဝင် အရေးကြီးတဲ့ သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/FFnJ1XzU-OA?si=-DnPOb0guvA9uzb9

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🤮2
​​ယင်းမာပင်မြို့နယ် သံပုရာပင်ရိုးကျေးရွာမှ နေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ် မီးရှို့
=========================

လွှမ်းမိုး
(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သံပုရာပင်ရိုးကျေးရွာမှ နေအိမ် ၁၇ လုံးကို စစ်ကောင်စီတပ် က ဩဂုတ်လ ၂၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်အစပ်ရှိသစ်ကွင်းများမှ သစ်များထုတ်ယူနေပြီး လုံခြုံရေးအကြောင်းပြကာ စစ်ကြောင်းထိုးပြီး ကျောက်ကုန်းကျေးရွာနှင့် ကျောက်မှော်ကျေးရွာများ၌ တပ်စွဲနေခြင်းကြောင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံသောင်းနှင့်ချီ၍ စစ်ရှောင်နေရကြောင်း သိရ သည်။

“စစ်သားတွေက တရွာဝင် တရွာထွက်နဲ့ စစ်ကြောင်းထိုးပြီး အိမ်တွေက ကလေးစီးစက်ဘီးပါမကျန် ခိုးနေ တာ။ ကိုယ်နေတဲ့ရွာမီးရှို့ခံရပေမဲ့ ဘယ်သူအိမ်ပါသွားမှန်း တိတိကျကျမသိရသေးတော့ စိုးရိမ်နေရတယ်” ဟု သံပုရာပင်ရိုး ကျေးရွာမှ စစ်ရှောင်တဦးက ဆိုသည်။
အိမ်ခြေ ၆၀၀ ခန့်ရှိသည့် သံပုရာပင်ရိုးကျေးရွာကို မီးရှို့ခံရမှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အိမ်ချင်းကပ်နေ သဖြင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသကာကွယ်ရေးခေါင်းဆောင်တဦးကပြောသည်။

“ အိမ်ချင်းကပ်နေတော့ မီးစွဲလောင်မှုအားကောင်းသွားတာ။ မီးလောင်တဲ့ အိမ်ခြေကတော့ ၁၇ လုံး ရှိပါ တယ်” ဟု ဒေသကာကွယ်ရေးခေါင်းဆောင်တဦးက ဆိုသည်။

လက်ရှိတွင် ယင်းမာပင်နှင့် ကနီမြို့နယ်အစပ်၌ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ စစ်ရေး တင်းမာနေပြီး ပြည်သူများအနေဖြင့် အသွားအလာသတိပြုကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများကြောင့် ယင်းမာပင်နှင့် ကနီမြို့နယ်အစပ်ရှိ စုန်းချောင်း၊ ကျောက်မှော်၊ စည်သူ၊ ပန်းတိမ်ပြင်၊ နွားခြံကုန်း၊ ကျောက်ကုန်းကျေးရွာများမှ ဒေသခံသောင်းနှင့်ချီ၍ စစ်ရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

#စစ်ကိုင်တိုင်း
#ယင်းမာပင်မြို့နယ်
#ကနီမြို့နယ်
#စစ်ရေးတင်းမာ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢8👍4❤1🔥1
​​ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်က ဒေသခံအမျိုးသား ၂ ဦးအား အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်
====================

YT
(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်ဆိပ်ကြီးမြို့နယ် (နို့တကောမြို့နယ်) တွင် ကျိုက်ဒုံအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားများက ဒေသခံအမျိုးသားနှစ်ဦးအား ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး( KNU ) ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် ညနေ ၅ နာရီခန့်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝေါ်လူးကျေးရွာမှ အသက် ၃၇ နှစ်အရွယ်နှင့် အသက် ၂၃ နှစ်အရွယ်ရှိ ဒေသခံအမျိုးသားနှစ်ဦးသည် ကျိုက်ဒုံဆေးရုံသို့ သွားစဉ်ပိုးရေးကျေးရွာနှင့် ကျိုက်ဒုံဆေးရုံ လမ်းဆုံ၌ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခြင်းခံခဲ့ရပြီး ည ၈ နာရီတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

" သူတို့က သာမန်ပြည်သူတွေပါပဲ။ ကျိုက်ဒုံ ဆေးရုံသို့ သွားစဥ် စစ်ကောင်စီရဲ့ ဖမ်းဆီးမှုခံရပါတယ်။ ဖမ်းဆီး မေးမြန်းတာတွေ ရိုက်နှက်ထားတာတွေကို ဘယ်သူမှ ပြန်မပြောဖို့ ပြောရင် သတ်ပစ်မယ် စသည်များ ခြိမ်းခြောက်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူတို့ နှစ်ဦးရဲ့ လုံခြုံရေးအတွက် အမည်ကိုချန်ထားလိုက်ရပါတယ်" ဟု KNU တပ်မဟာ (၆) ဒူးပလာယာခရိုင် ပြန်ကြားရေးက မဇ္ဈိမကိုပြောသည်။

ဝေါ်လူးကျေးရွာမှ အဆိုပါ ဒေသခံနှစ်ဦးအား ကျိုက်ဒုံမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁၃) လက်အောက်ခံ နည်းဗျူဟာ စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ (နဗဟ) နည်းဗျူဟာမှူး- ၂ သော်ဇင်နိုင်ဦးဆောင်သည့် အဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း KNU က ဆိုသည်။

ဖမ်းဆီးခံရသည်မှာ သုံးနာရီသာကြာမြင့်ခဲ့သော်လည်း ပြန်လည်လွတ်မြောက်လာချိန်တွင် ထိုအမျိုးသားနှစ်ဦး​၏ ခန္တာကိုယ်တွင် အညိုအမဲစွဲထင်ရာများ ရှိနေကြောင်း KNU က ထုတ်ပြန်သည့် ဓါတ်ပုံတွင် တွေ့ရသည်။

" သူတို့ရဲ့ ဒဏ်ရာနဲ့ နောက်ဆက်တွဲ အခြေနေကိုတော့ ကျနော်တို့ ဆက်သွယ်မေးမြန်းခြင်း မပြုရသေးပါဘူး။ လက်ရှိ သူတို့ရဲ့နေအိမ်မှာပဲ ကုသနေရတယ်လို့ သိရပါတယ်" ဟု KNU တပ်မဟာ (၆) ဒူးပလာယာခရိုင် ပြန်ကြားရေးက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်က အဆိုပါ အမျိုးသားနှစ်ဦးအား ၎င်းတို့ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သူ့ကိုမျှ ပြန်လည်ပြောဆိုခြင်းမပြုရန်နှင့် ပြောဆိုခဲ့ပါက ပြန်လည်ဖမ်းဆီး သတ်ဖြတ်မည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း KNU က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျိုက်ဒုံမြို့အခြေစိုက် စစ်ကောင်စီတပ်သည် ပြည်သူအား ဖမ်းဆီးနှိပ်စက်ခြင်းအပြင် ဒေသခံများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို မကြာခဏ ပြုလုပ်နေကြောင်း KNU ထံက သိရသည်။

ပုံအညွှန်း- ဖမ်းဆီးနှိပ်စက်ခံရသည့် အမျိုးသားတစ်ဦး (ဓါတ်ပုံ- KNU)
စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ကြာအင်းဆိပ်ကြီး
#ဖမ်းဆီးနှိပ်စက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤬4😢3❤1
Media is too big
VIEW IN TELEGRAM
Aug - 30 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍13
ဖက်ဒရယ် နိုင်ငံရေးစနစ်၊ Gender အခြေပြု ကာကွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေး| Beyond Panglong Oath Ep 18
===================

မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာရဲ့ ထွက်ပေါက်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ဒီမိုကရေစီစနစ် ဖေါ်ဆောင်ရေးဖြစ်တယ်လို့ အားလုံးက တညီတညွတ်တည်း ပြောနေကြပါတယ်။ နိုင်ငံရေးအင်အားစုတွေက ဖက်ဒရယ်ကိစ္စကို ကျယ်ကျယ်လောင်လောင် ပြောဆိုဆွေးနွေးနေကြတဲ့ အခုလိုအချိန်မှာ ဖက်ဒရယ်နဲ့ ပတ်သက်လို့ စဥ်းစားဖို့ လိုအပ်တဲ့ နိုင်ငံရေးသီအိုရီပိုင်းဆိုင်ရာတွေကို အစဖေါ်ထုတ်ပေးတဲ့အနေနဲ့ “ပင်လုံသစ္စာအလွန်၊ ဖက်ဒရယ်ရေးရာ ဆွေးနွေးစရာများ” အစီအစဥ်ကို Mizzima TV ကနေ ဗုဒ္ဓဟူးနေ့ ည ၇နာရီခွဲတိုင်း တင်ဆက်ပေးနေပါတယ်။
Mizzima News In Burmese Facebook Page နဲ့ Mizzima TV YouTube Channel တို့မှာလည်း အချိန်မရွေး ပြန်လည်ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/TNwxoY3yGwI?si=qUr_Di9UvbmmpQM-

#ပင်လုံသစ္စာ
#ဖက်ဒရယ်
#MizzimaTV
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12🔥1
​​မလေးရှားနိုင်ငံအား ကြီးမြတ်သော နိုင်ငံအဖြစ် ပြောင်းလဲရန် ပြည်သူများကို ဝန်ကြီးချုပ် တိုက်တွန်း 
======================

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် ယနေ့၌ ၎င်း၏ ဝန်ကြီးချုပ်အဖြစ် ပွဲဦးထွက် အမျိုးသားနေ့ မိန့်ခွန်း ပြောကြားခဲ့ပြီး မလေးရှားနိုင်ငံအား ကြီးမြတ်သော နိုင်ငံအဖြစ်သို့ ပြောင်းလဲဖော်ဆောင်သည့် လမ်းကြောင်းတွင် နိုင်ငံ၏ လွတ်လပ်ရေးအတွက် ဘေးကင်းရေးမှာ စည်းလုံးညီညွတ်မှုက အရေးကြီးဆုံးဖြစ်ကြောင်း အဓိကထား ပြောကြားခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10😁1
​​အွန်လိုင်း အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသား ၈၀ ကျော်ကို အင်ဒိုနီးရှား ဖမ်းဆီး
====================

အင်ဒိုနီးရှားတွင် အွန်လိုင်း အချစ်ဇာတ်လမ်းဆင် လိမ်လည်မှုများ ကျူးလွန်သည့် ဂိုဏ်းအဖွဲ့တခုကို စီမံခန့်ခွဲနေသည် ဆိုသည့် သံသယဖြင့် တရုတ်နိုင်ငံသား ၈၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဩဂုတ် ၃၀ ရက်တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13👏3🔥1
ကရင့်အမျိုးသားအာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံ | မရွှေမိုး (ကိုရီယား)ရဲ့ လေးညို့သံ − အပိုင်း (၆၇)
========================

“(ပင့်ကူအိမ်ထဲမှာ ခွေး-သေ ဝက်-သေ နေခဲ့ကြတော့မလား)
အာဏာရှင်ရဲ့အောက်မှာငြိမ်နေရင် ပင့်ကူအိမ်တောင်မှ ငြိလိမ့်မယ်၊ ရုန်းထွက်ရင်သံကြိုးတွေတောင်ပြတ်တောက်မယ်" ... ဆိုပြီး မရွှေမိုး ရေးသားထားတဲ့ ဆောင်းပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)က ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆နာရီခွဲတိုင်းမှာ Mizzima TV ကနေ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/kxKVRutoaWc?si=kJpBIo3Rizld-kG3

#မရွှေမိုးကိုရီးယား
#mizzimatv
-----------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍15🤮1
​​Tazza:The Hidden Card
============

ဒီကားလေးမှာတော့ ဂိုနီရဲ့တူဖြစ်သူ ဒယ်ဂီက လောင်းကစား‌မှောင်ခိုလောကကို ၀င်ရောက်ခဲ့တဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ် အလုပ်လုပ်ခါစမှာတော့ တောက်တိုမယ်ရ၀ယ်ပေးတဲ့အလုပ်ပါ သူဌေးသဘောကျသွားပြီးတော့ သူ့ကို ကတ်(Go Stop) ကစားခိုင်းခဲ့ရာကနေ သူ့ရဲ့အရည်အချင်းကို သဘောကျသွားပြီး လူယုံ‌တစ်ယောက်ဖြစ်လာပါတယ် သာမတ်ဘ၀ကနေ ချမ်းသာတဲ့ဘ၀ကို ညတွင်းချင်းပြောင်းလဲသွားခဲ့ပေမယ့် သူ့ရဲ့ကောင်းမွန်တဲ့ကံက ကြာရှည်မခံခဲ့ပါဘူး လိမ်လည်လှည့်စားမှုတစ်ခုမှာ ကြားခံအဖြစ်အသုံးချခံခဲ့ရပြီး ဘ၀ချက်ချင်းပျက်သွားခဲ့ပါတယ် ပြေးရင်းလွှားရင်းနဲ့ ဂိုဂွမ်ယိုးနဲ့ဆုံခဲ့ရပြီး လက်စားချေဖို့အတွက် ပြန်လည်ကြိုးပမ်းခဲ့တာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကို Mizzima + Channel မှာ စောင့်မျှော်ကြည့်နိုင်ပါပြီ။

Mizzima + တွင် ပြသနေသည့် ဇာတ်ကားများကို Mizzima App တွင်လည်း live stream ကြည့်ရှုနိုင်ပါသည်။

#New ပြသမည့်ရက်။ ။ ၃၀.၈.၂၀၂၃
ပြသမည့် အချိန် ။ ။ မနက် (၁၀:၀၀)နာရီ
ပြန်လည်ပြသမည့်အချိန်။ ။ ည (၁၀:၃၀) နာရီ

(Mizzima Media ကနေ သတင်းချန်နယ် သီးသန့် အဖြစ် Mizzima TV အပြင်၊ သတင်း နှင့် ဖျော်ဖြေရေး ချန်နယ် အဖြစ် Mizzima + တို့အား PSI စလောင်းများ၊ နှစ်ပေ စလောင်းများ နှင့် ရှစ်ပေ စလောင်း များမှ တစ်ဆင့် နေ့စဉ် နံနက် ၆ နာရီ မှ ည ၁၂ နာရီအထိ ထုတ်လွှင့်ပြသနေပါသည်)။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
👏7🔥1
​​ဘေးကင်းလုံခြုံမှုကို စမ်းသပ်ဖို့အတွက် အာကာသထဲ မနုဿစက်ရုပ်စေလွှတ်သွားမည့် အိန္ဒိယအာကာသသုတေသနအဖွဲ့အစည်း
===================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🔥1
​​မျိုးသုဉ်းမည့်ဘေးနှင့်ကြုံနေရသည့် ကြံ့များအား ကယ်တင်ဖို့အတွက် မျိုးပွားထောက်ကူစနစ်များ အသုံးပြုနေသည့် တောင်အာဖရိကနိုင်ငံ
=================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
ယင်းမာပင်၊အင်းဖျားရွာအနီးတိုက်ပွဲ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ PDF ရရှိ
===================

လွှမ်းမိုး (မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ အင်းဖျားကျေးရွာအနီးမှာ ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ရှေ့ပြေးကင်းထောက်တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး လက််နက်ခဲယမ်းတွေ သိမ်းဆည်းန်ိုင်ခဲ့တယ်လို့ ULF တပ်ပေါင်းစုက ထုတ်ပြန်ပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီက အောင်ဇေယျတပ်ကုန်းကနေ လက်နက်ကြီး ၁၀လုံးထက်မနည်း ပစ်ကူပေးခဲ့ပြီး လက်ရှိမှာ ကနီ၊ ယင်းမာပင် မြို့နယ်အစပ်ကို စစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ရုပ်သံတည်းဖြတ်-ဂျူချန်း

https://youtu.be/A4uTcAKgNv8?si=HBu_uKcN1-k13Mqu

-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤15👍12🔥1
​​ပိုးအိမ်အတွင်း သေဆုံးနေသည့် ရှေးဟောင်းမမ်မီပျားပေါင်းရာချီအား ရှာဖွေတွေ့ရှိ
====================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10🔥1