Mizzima
✔
47.8K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
"အကြမ်းဖက်နှိမ်နင်းမှုကြား လူထုသပိတ်​တွေ ဘာ့ကြောင့် ဆက်ရှိနေလဲ"
===================

အယ်ခူ
အာဏာသိမ်းမှုကို သပိတ်မှောက်ဆန္ဒပြလို့ ထောင်ကျခဲ့တဲ့ ကိုလွင်မိုးသန့်ဟာ ထောင်ကထွက်လာတဲ့အခါမှာလည်း လူထုသပိတ်တွေကို ဦးဆောင်ပြီး လမ်းပေါ်ပြန်တက်လာပါတယ်။ လမ်းပေါ်တက် ဆန္ဒပြတာကို အကြမ်းဖက် ဖြိုခွဲတာ၊ ဥပဒေမဲ့ ပစ်သတ်တာ၊ ရိုက်နက် ဖမ်းဆီးတာ၊ ထင်သလိုတရားစီရင်တာတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရေတွက်လို့မရနိုင်အောင် များလွန်းပါတယ်။
လက်သုံးချောင်းထောင်ရုံ၊ ဆိုင်းဘုတ်ကိုင်ရုံ၊ သံပုံးတီးရုံ၊ မီးမှိတ်ရုံ၊ ဆိုင်ပိတ်ရုံ၊ တိတ်ဆိတ်နေရုံ၊ ပန်းပန်ရုံနဲ့တင် အသက်သေနိုင်လောက်အောင် နှိပ်ကွပ်ခံနေရတဲ့ မြန်မာပြည်သူတွေဟာ အကြမ်းမဖက်သပိတ်တွေနဲ့ ဘာ့ကြောင့်များ ဒီနေ့ချိန်ထိ အာဏာရှင်ကို ဆက်တိုက်နေရတာပါလဲ။

ကိုလွင်မိုးသန့်က အခုလိုမြင်ပါတယ်။

“လူထုလှုပ်ရှားမှုတွေက နိုင်ငံတကာကို ပြသဖို့အတွက်ရော၊ ပြီးတော့ ပြည်သူလူထုတွေ တော်လှန်ရေးမှာ ပိုပြီး အားစိုက်ဖို့၊ တော်လှန်ရေးနဲ့ အဆက်ပြတ်မသွားဖို့ပါ။ ဒါက သိပ်အရေးကြီးတယ်။ လူထုသပိတ်တွေ လိုကို လိုအပ်တယ်။”

website link >>> https://www.mizzimaburmese.com/article/132868
❤7💩4👍3
​​ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်သားများမှ ဒေသခံ ၃ဦးကို သတ်ဖြတ်
==================

ကိုခင်မောင်
(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်သို့ စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံ သုံးဦးအား သတ်ဖြတ်ပြီး သရက်ခေါင်းရွာရှိ နေအိမ်ငါးလုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်) မှ ယနေ့ စက်တင်ဘာလ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်များနှင့် ပျူစောထီးစုစုပေါင်းအင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာစဥ် စစ်ကြောင်းနှင့်တိုး၍ အင်တောပေါက်တဲတိုက်မှ အသက်၆၀နှစ်အရွယ် ဦးကံထွန်း၊‌ ဖလံချိုင်ရွာမှ အသက်၂၅နှစ်အရွယ် မောင်ကောင်းမြတ် နှင့် ရင်ခတ်ကုန်းရွာမှ အသက် ၁၉နှစ်အရွယ် မောင်ရဲမင်းတို့ကို သြဂုတ်လ ၃၀ရက်တွင် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည်ဟု ယင်းအဖွဲ့ကဆိုသည်။

“ ဦးကံထွန်းကို လက်ပြန်ကြိုးတုပ်ပစ်သတ်ပြီး ရေထဲချထားတာ၊ကောင်းမြတ်ကလည်း အင်တောပေါက်တဲတိုက်ဘက်မှာပဲ စစ်ရှောင်ရင်း စစ်ကြောင်းနဲ့တိုးလို့သတ်ခံရတာ၊ ရဲမင်းက သူတို့ရွာ ရင်ခတ်ကုန်းထိပ်မှာပဲ စစ်ရှောင်ရင်း ကင်းပုန်းနဲ့တိုးတာ၊ အဲ့ကလေးကို ဖမ်း သေနတ်နဲ့ထောက်ပြီး ကားတွေကိုလည်း တားခိုင်းတာမျိုး‌တွေလုပ်တယ်၊ ပြီးတော့ ပစ်သတ်ခဲ့တာပါ” ဟု ‌ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးစစ်ကြောင်းသည် သြဂုတ်လ ၃၀ရက် နံနက် ၁၁နာရီအချိန်တွင် သရက်ခေါင်းရွာရှိ နေအိမ် ငါးလုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့( ကန့်ဘလူခရိုင်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သရက်ခေါင်းရွာသည် တတိယအကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလနှင့် မေလတို့တွင် နှစ်ကြိမ်တိုင်မီးရှို့ခံရကာ နေအိမ် ငါးလုံးနှင့် စာသင်ဆောင် သုံးဆောင် မီးလောင်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ အမှတ်(၁) သကြားစက်တွင် အထိုင်ချတပ်စွဲထားသော ခလရ (၃၆၁)မှ စစ်ကောင်စီတပ်သားများဖြစ်ပြီး သြဂုတ်လ ၂၅ရက်မှစ၍ ဇီးကုန်းတိုက်နယ်နှင့်ထန်းကုန်းတိုက်နယ်အတွင်းတွင် စစ်ကြောင်းထိုးလာကာ ပြည်သူပိုင်ပစ္စည်းများခိုးယူခြင်း၊‌ နေအိမ်မီးရှို့ခြင်းနှင့် အပြစ်မဲ့ဒေသခံများအား သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဩဂုတ်လ ၂၅ ရက်နေ့တွင်လည်း ဇီးကုန်းတိုက်နယ် ရွာသစ်ရွာနှင့် ဆီဆုံရွာတို့ကို ထိုစစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဆီဆုံကျေးရွာမှ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားတဦးနှင့် ရွာသစ်ရွာမှ အမျိုးသားနှစ်ဦးကို သတ်ဖြတ်သွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်များနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များ စစ်ကြောင်းထိုးလာရောက်လာသောကြောင့် ကျေးရွာ ၁၄ ရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်ဦးရေ ၂၀,၀၀၀ကျော်အတွက် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများအရေး‌‌ပေါ်လိုအပ်လျက်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်) ထံမှသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကန့်ဘလူခရိုင်
#ပျူစောထီး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬8❤5👍3
​​ကွန်ကရစ်တွေ ပိုမိုကြံ့ခိုင်လာစေဖို့အတွက် ကော်ဖီစွန့်ပစ်ပစ္စည်းများကို အသုံးပြု
==================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
စက်တင်ဘာလ (၁) ရက် ၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
==================

- စစ်ကောင်စီ လေတပ်ချုပ်ဦးဆောင်တဲ့ အာဆီယံလေတပ်အကြီးအကဲများ ညီလာခံနေပြည်တော်မှာ ပြုလုပ်မယ့်သတင်း

- ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM ဝင်လိုပါက ဆက်သွယ်နိုင်ပြီး လုံခြုံမှုပေးသွားမယ်လို့ KNPP ပြောတဲ့သတင်း

- NCA ၈နှစ်ပြည့်အခမ်းအနား ကျင်းပသွားဖို့ စစ်ကောင်စီ စီစဉ်နေတဲ့သတင်း

- မန်းတိုင်းကျန်းမာရေးဌာနရုံး ဗုံး၃လုံးပစ်တိုက်ခိုက်ခံရပြီး လက်ထောက်ညွှန်မှူးအပါ ၅ဦး ဒဏ်ရာရသွားတဲ့ သတင်း

- ဖိလစ်ပိုင် မနီလာမြို့မီးလောင်မှုအတွင်း လူ ၁၅ ဦးသေဆုံးသွားတဲ့သတင်းနဲ့

- နိုင်ငံခြားငွေတွေ လူမှုကွန်ယက်တွေမှာ ရောင်းဝယ်တယ်ဆိုပြီး ဖမ်းဆီးခံရမှုတွေရှိလာတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/live/ZS_013SOtKQ?si=gxYbP_wrWR4uWGxA

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6❤1😁1
​​ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား ထောင်ဒဏ် ၁ နှစ်သို့ ထိုင်းဘုရင် လျှော့ပေါ့ပေး 
=======================

ထိုင်း ဘုရင်မင်းမြတ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာ၏ ထောင်ဒဏ် ရှစ်နှစ် ပြစ်ဒဏ်အား တနှစ်သို့ လျှော့ပေါ့ပေးလိုက်ကြောင်း သောကြာနေ့က တော်ဝင်ပြန်တမ်းတွင် ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁6👍2
​​စက်တင်ဘာလ ၈ ရက်နေ့၌ အာကာသခရီးစဉ် ထပ်မံပျံသန်းသွားမည့် Virgin Galactic ကုမ္ပဏီ
=======================

#MizzimaTV
#hightech&gadget
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁ စက်တင်ဘာ ၂၀၂၃) 
===================

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်သာ ငြိမ်းချမ်းရေးဆွေးနွေးနေသည့်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ထိရောက်သည့် ရလဒ် တစ်စုံတစ်ရာ ထွက်ရှိခြင်း မရှိသည်ကို တွေ့ရသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၄ ဦး သေဆုံး
========================

MTO (မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ဘက်မှ ခင်ဦးမြို့နယ်ဘက်သို့ ဦးတည်လာသည့် အင်းအား ၁၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ ဝင် လေးဦး သေဆုံးကြောင်း Royal Tiger Guerrilla Force- RTGF ထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်က ခင်ဦး -မုံရွာ မီးရထားလမ်းအတိုင်း ချီတက်လာသည့် ထိုစစ်ကြောင်းကို ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း RTGFအဖွဲ့ ကိုစံဖဲ က ပြောသည်။

၎င်းက “ ခင်ဦး နဲ့ ကန်သာယာကြားမှာ မိုင်းတွေပါ ထောင်ပြီး အသင့်စောင့်နေတာ မိုင်းကွင်းထဲဝင်လာချိန် မိုင်းလည်းဆွဲတယ်။ စနိုက်ပါနဲ့လည်း ပစ်တယ်။ နောက်ပြီးအဖွဲ့ တွေကလည်း လက်နက်ငယ်တွေ နဲ့ ဝိုင်းပစ် ကြတာ မျက်မြင် လေးယောက် သေတယ် ။ ဒဏ်ရာရသူတွေလည်းရှိတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း အပြန်အလှန် ၁၅ မိနစ်ကျော် ပစ်ခတ်ခဲ့ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့ များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ကိုစံဖဲက ဆိုသည်။

“ သူတို့ဘက်က လက်နက်ကြီးတွေ နဲ့ ဆက်တိုက်ပစ်လာလို့ ကျွန်တော်တို့ ပြန်လည်ဆုတ်ခွာလာခဲ့ရတာ“ ဟု ကိုစံဖဲက ပြောသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအချိန်တွင် ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်နေကြောင်း ကိုစံဖဲက ဆိုသည်။

တိုက်ခိုက်မှုကို Royal Tiger Guerrilla Force- RTGF ၊ MRDA စေတန်တပ်ခွဲနှင့် ဒေါင်းစစ်သည် UG အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

https://youtu.be/_RnVZwGA15M?si=9svTo8Y3wHuMjfrj

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#ခင်ဦးမြို့နယ်
#RTGF
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U
👍10👏2❤1😁1
This media is not supported in your browser
VIEW IN TELEGRAM
Sep - 1 [ 7 Pm ] The Mizzima Primetime

Mizzima Headline News

#7pmnews #themizzimaprimetime #reels #shorts
👍5🍌1
​​လက်နက်ကိုင်အဖွဲ့များ ဇိုမီးဒေသမှ ထွက်ခွာရန် စစ်ကောင်စီနှင့်ပူးပေါင်းထားသည့် ZRA မှ သတိပေး
====================

(မဇ္ဈိမ) ။ ။ စစ်ကောင်စီတပ်နှင့်ပူးပေါင်းထားသည့် Zomi Revolution Army( ZRA )အရှေ့ပိုင်းတိုင်း၏ ခွင့်ပြုချက်မရရှိဘဲ လာရောက်အခြေချသည့် လက်နက်ကိုင်အဖွဲ့များကို ဇိုမီးဒေသအတွင်းမှ ထွက်ခွာသွားကြရန် ZRAအဖွဲ့မှ သတိပေးစာထုတ်ပြန်လိုက်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အနီးအခြေချထားသည့် CDF Tonzang တပ်ရင်း(၃)စခန်းကို မဏီပူရ်အခြေစိုက် Zomi Revolution Army (ZRA) အဖွဲ့နှင့် စစ်ကောင်စီတပ်ပူးပေါင်းပြီး ယမန်နေ့ ဩဂုတ် ၃၁ ရက် ညနေ ၃ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထိုသို့ သတိပေးစာထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ယမန်နေ့ညနေပိုင်းက စစ်ကောင်စီတပ်တွေနှင့်အတူ Zomi Revolution Army (ZRA) အဖွဲ့မှဝင်ရောက်တိုက်ခိုက်ခဲ့ရာ CDF Tonzang တပ်ရင်း( ၃)ရှိ စခန်းထဲက ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ၊ မဏီပူပြည်နယ် အခြေစိုက် ZRA သည် မြန်မာ့နွေဦးတော်လှန်ရေးတွင် မားမားမတ်မတ် ရပ်တည်တိုက်ပွဲဝင်နေကြသည့် ချင်းလက်နက်ကိုင် (CNF/A, CDFs) တပ်ဖွဲ့ဝင်များအပေါ် စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့ကလည်း ဟားခါး-ကလေးလမ်းပေါ်ရှိ တီးတိန်မြို့နယ် သိုင်းငင်ကျေးရွာတွင် ဒေသခံကာကွယ်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်အကြားဖြစ်ပွားသည့် တိုက်ပွဲများတွင်လည်း Zomi Revolution Army (ZRA) မှ စစ်ကောင်စီတပ်ဘက်မှ ၀င်ရောက်တိုက်ခိုက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၂ခုနှစ် ဧပြီလ ၇ ရက်ကနေ ၁၂ ရက်နေ့အထိ ချင်းအမျိူးသားတပ်ဦး (CNF)ဗဟိုဌာနချုပ် ဝိတိုရိယစခန်း၌ ကျင်းပပြုလုပ်ခဲ့သည့် ချင်းကာကွယ်ရေး ပူးပေါင်းကော်မတီ - Chinland Joint Defense Committee (CDJC) ၏ တတိယအကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ ချင်းပြည်နယ်အတွင်း Zomi Revolution Organization/Zomi Revolution Army (Eastern Command) အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

လက်ရှိတွင် Zomi Revolution Army (Eastern Command) (ZRA)အရှေ့တိုင်းအနေဖြင့် တီးတိန်၊ တွန်းဇန်မြို့နယ်များကို ၎င်းတို့၏ ဇိုမီးဒေသဟုသတ်မှတ်ပြီး ၎င်းနယ်မြေအတွင်းအခြေချနေသည့်ဒေသခံကာကွယ်ရေးတပ်များနှင့် CANတပ်များကို စစ်ကောင်စီတပ်နှင့်အတူပူးပေါင်းတိုက်ခိုက်နေကြောင်းလည်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မဏီပူပြည်နယ်
#ZRA
#CDJC
#CNF
#Hardnews
#Ethnic

ပုံ/ Zomi Revolution Army အဖွဲ့များ

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍11🤬7🔥2
ခင်ဦးမှာ လယ်ယာစိုက်ပျိုးနေချိန် စစ်ကြောင်းထိုးလာလို့ ပြည်သူများလယ်မစိုက်ရဘဲ ထွက်ပြေး
=========================

MTO
(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တောင်ဘက်ခြမ်းမှာ စစ်ကောင်တပ်က စစ်ကြောင်းထိုးနေလို့ ဒေသခံပြည်သူတွေ အရေးပေါ် တိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မနေ့က ဩရုတ်လ ၃၁ ရက်နေ့ နေ့လယ်ပိုင်းက စတင်ကာ ခင်ဦးမြို့နယ် တောင်ခြမ်းက ကျေးရွာတွေကိုလက်နက်ကြီးငယ်တွေ ပစ်ခတ်ဝင်ရောက်စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးနေချိန် ရုတ်တရက် စစ်ကြောင်းဝင်လာလို့ လယ်စိုက်နေရာက အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြရတာတွေလည်းရှိလို့ အခက်အခဲတွေဖြစ်နေတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြားရေးအဖွဲ့ က ကိုနေသူရ ဆိုပါတယ်။

https://youtu.be/DvYH-1Gg7ng?si=QKu_zbYlHfki-IvR

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#စစ်ကြောင်းထိုး
#ခင်ဦးမြို့နယ်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬7👍2🔥2😢1
​​ရေလယ်ကျွန်းရွာများကို စစ်သင်္ဘောမှ ရမ်းသန်းပစ်ခတ်ရာ အမျိုးသမီး ဒဏ်ရာရ
=======================

ဘတ်ဝှိုက်ဇာ
(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းရှိ ရွာများဘက်သို့ PDF များရှိသည်အထင်ဖြင့် စစ်ကောင်စီတပ်မှစစ်သင်္ဘောမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ယမန်နေ့ ညနေက အဆက်မပြတ် ရမ်းသန်းပစ်ခတ်မှုကြောင့် နွားစာ ရိတ်နေသည့်အမျိုးသမီးတဦး ခြေဖဝါးထုတ်ချင်း​ပေါက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ရေလယ်ကျွန်းရွာများဖြစ်သော ချင်းယားရွာ၊ ညောင်ပင်ရွာ၊ ဝါဘိုးရွာများဘက်သို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှိသည်အထင်ဖြင့် ဧရာဝတီမြစ်မှ ချင်းတွင်းမြစ်သို့ ဆန်တက်လာသည့် စစ်ကောင်စီ၏ ထောက်ပို့စစ်သင်္ဘောမှ ပွိုင့်ဖိုက်အပြင် ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်မှစ၍ နာရီဝက်တိတိ ထိုးစစ်ဆင်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

"စကစဘက်က မနေ့က Local PDF တွေရှိတယ်ထင်ပြီး လက်နက်ကြီးတွေနဲ့ရွာဘက်တွေကို ပစ်တာ နွားစာရိတ်နေတဲ့ အမျိူးသမီးကဝမ်းလျားမှောက်လိုက်တာ ခြေဖဝါးထုတ်ချင်း​ဖောက်ပေါက်ထွက်သွားတယ်၊ သူတို့ပစ်တော့ အိမ်ခြေ ၄၀၀ ကျော်က ရွာသားတွေ ထွက်ပြေးရတာပေါ့ ၊ အိမ်ခြေတွေ ထိခိုက်မှုတွေလည်းရှိတယ်၊ အခုမှ ရွာထဲကိုပြန်ဝင်ရတာ "ဟု ဒေသခံတဦးက မဇ္စျိမကိုပြောသည်။

အဆိုပါ ရေလယ်ကျွန်းဒေသတွင် လက်ရှိ၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ပေါင်း ၅၀ မှ နယ်မြေစိုးမိုးမှုရထားခြင်းဖြစ်၍ စစ်ကောင်စီတပ်ဘက်မှ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ မှအင်အားအလုံးအရင်းပါဝင်သည့် သင်္ဘောများဖြင့် ချင်းတွင်းမြစ်သို့ ဆန်တက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဆုံရာ ရွာပေါင်း ၄၀ ကျော်ရှိသည့် ရေလယ်ကျွန်းဒေသတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အခြေချစခန်းများသို့ အမြစ်ပြတ်ချေမှုန်းရန် စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ရက်ပိုင်းက ညွှန်ကြားထားသည့်သတင်းများ ထွက်ရှိနေကြောင်းဒေသခံများက ပြောသည်။
လွန်ခဲ့သော မေလ ၂၆ ရက်နေ့ကလည်း စစ်တပ်မှ ရေလယ်ကျွန်းရွာဘက်သို့ပိတ်ဆို့၍ အိမ်ခြေ ၇၀၀ ကို မီးတင်ရှို့ခဲ့ရာ ဒေသခံပြည်သူ ခြောက်ဦး သေဆုံး၍ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် တနှစ်သား ကလေးငယ်တဦးလည်း သေဆုံးခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေစကြိုမြို့နယ်
#LocalPDF
#ဧရာဝတီမြစ်
#ချင်းတွင်းမြစ်
#Hardnews

ဓါတ်ပုံ- (သြဂုတ်လ ၁၄ ရက်နေ့က ချင်းတွင်းမြစ်သို့ဆန်တက်လာသည့် စစ်သင်္ဘော)

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7🤬7❤1👏1
လူသားချင်းစာနာထောက်မှု အကူအညီတွေ ပေးတဲ့နေရာမှာ ပါဝင်လိုတယ်လို့ အပစ်ရပ် ၅ ဖွဲ့ ပြော
======================

လင်းသူရိန်
(မဇ္ဈိမ) ။ ။ စစ်ကောင်စီနဲ့ အပစ်ရပ်အဖွဲ့အချို့တွေ့ဆုံပွဲမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ညှိုနှိုင်းအကောင်အထည်ဖော်တဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ပါဝင်ခွင့်ရရှိရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

စစ်ကောင်စီနဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA )တို့တွေ့ဆုံပြီး နှစ်ပတ်နီးပါးအကြာမှာ ပြုလုပ်တဲ့ အဲ့ဒီတွေ့ဆုံပွဲမှာ ထိုအချက်ကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ PPSTအဖွဲ့က ကထုတ်ပြန်ထားပါတယ်။

အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ငါးဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA))အဖွဲ့တို့က စစ်ကောင်စီအဖွဲ့နဲ့ ဩဂတ်လ ၂၈ရက်နေ့ကစပြီး ၃၀ရက်နေ့အထိ သုံးရက်ကြာတွေ့ဆုံခဲ့တာပါ။

PPST၏ပြောရေးဆိုခွင့်ရှိသူ စောမြရာဇာလင်းက ဒေသအလိုက်အလုပ်လုပ်တဲ့နေရာမှာ EAOတွေ ပါဝင်နိုင်ဖို့အတွက် ပြောဆိုခဲ့ကြတာဖြစ်တယ်လို့ မဇ္ဈိမကို ပြောပါတယ်။

ရိုက်ကူး/တည်းဖြတ်- လင်းသူရိန်

https://youtu.be/idEWyrMTNIs?si=UjGj-WUuMhw9oOa6

#Mizzima
#အပစ်ရပ် ငါးဖွဲ့
#UNOCHA
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤10👍3🤔2🤮2
​​အုတ်ဖြတ်တံတားအနီး တိုက်ပွဲပြင်းထန်လျက်ရှိ စစ်ကောင်စီတပ်အထိနာဟုဆို
======================

ရွှေနွယ်
(မဇ္ဈိမ) ။ ။ပဲခူးတိုင်းအရှေ့ခြမ်းရှိ ကျောက်ကြီးမြို့နယ် အုတ်ဖြတ်တံတားအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များကြား ဩဂုတ်လ ၂၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဩဂုတ်လ ၂၉ ရက်နေ့မှ စတင်ဖြစ်ပွားနေသော တိုက်ပွဲသည် ယနေ့ စက်တင်ဘာ ၁ ရက်နေ့အထိ တင်းမာနေဆဲဖြစ်ကာ စစ်ဆိုင်ထားဆဲအခြေအနေဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အထိနာကာ သေဆုံးမှုများစွာရှိကြောင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများလည်းရှိကြောင်း အမှတ် (၂) စစ်ဒေသခွဲ ဒုတိယစစ်ဒေသခွဲမှုး ရဲဘော်တင်ဦးမှ မဇ္ဈိမကို အတည်ပြုပြောသည်။

"လက်ရှိအနေအထားက စစ်ဆိုင်ထားဆဲဖြစ်တယ်။ အချို့အချက်အလက်တွေကို စစ်ရေးအရ ပြောလို့မရသေးဘူး။ စစ်ကောင်စီဘက်က ကျဆုံးမှုများပါတယ်" ဟု ရဲဘော်တင်ဦးမှပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်ရှိနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိရာ နေရာသည် အုတ်ဖြတ်တံတား၏ အရှေ့ခြမ်း ကျောက်ကြီးမြို့နယ်အပိုင် ကျေးရွာများဘက်၌ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ကနဦးသိရှိရသည်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ CDM ဗိုလ်ကြီးဖြစ်သူ ရဲဘော်ဆဲဗင်း ကျဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅၀ ဦးခန့် ထိခိုက်ကျဆုံးမှုရှိနိုင်သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ မဇ္ဈိမမှ ကနဦးသိရှိထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကာ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထို့ပြင် ပဲခူးတိုင်းအရှေ့ခြမ်းတွင် ထန်းတပင်မြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့အတွင်း၌လည်း ပြင်းထန်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း အမှတ် (၂) စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် စောဒိုရှင်းမှ ပြောသည်။

“၂၉ ရက်နေ့က စပြီး ဒီမြို့တွေမှာ ဆက်တိုက်ဖြစ်နေတယ်။ စစ်ကောင်စီဘက်က လေယာဉ်သုံးတိုက်ခိုက်မှုတွေရှိတယ်။ စစ်ကောင်စီဘက်က အကျအဆုံးများတယ်။ ကျွန်တော်တို့ အရေအတွက်ကို စိစစ်နေတယ်” ဟု ရဲဘော် စောဒိုရှင်းမှပြောသည်။
အထူးကွန်မန်ဒိုတပ်ရင်း(တောင်ပိုင်းတိုင်း)၏ ယနေ့ စက်တင်ဘာလ ၁ ရက် ထုတ်ပြန်ချက်အရ ထန်းတပင်မြို့နယ် မြို့ဆိုးရွာရှိ စစ်တောင်းမြစ်ကူးတံတား စစ်ကောင်စီကင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကြောင်း သိရသည်။

အဆိုပါ ဒေသများသည် စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်နှင့် နီးကပ်စွာတည်ရှိနေသည့် ဒေသများဖြစ်သည့်အတွက် စစ်ကောင်စီတပ်ဘက်မှ မြေပြင်မှရော လေကြောင်းမှပါ အပြင်းအထန်ခုခံလျက်ရှိကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#KNLA
#PDF
#လေကြောင်း

ဓာတ်ပုံ - အထူးကွန်မန်ဒိုတပ်ရင်း- တောင်ပိုင်းတိုင်း

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍19👏3🔥2
စက်တင်ဘာလ( ၁ )ရက်၊ သောကြာနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
======================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

INGO နဲ့ NGO တွေကို ပြည်ပနိုင်ငံတွေက အသုံးချနေတာကြောင့် ကြပ်မတ်ထိန်းသိမ်းရမယ်လို့ စစ်ခေါင်းဆောင် ပြောဆိုလိုက်တဲ့သတင်းနဲ့အတူ စစ်ကောင်စီ လေတပ်ချုပ်ဦးဆောင်တဲ့ အာဆီယံ လေတပ်အကြီးအကဲများညီလာခံ ကိုနေပြည်တော်မှာ ပြုလုပ်ဖို့ရှိတဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။ သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ ရှိပါတယ်။အဲ့ဒီနောက်မှာတော့ အပတ်စဉ်တင်ဆက်နေကျဖြစ်တဲ့ Insight Myanmar အစီအစဉ်ကိုနားဆင်ရမှာပါ။

https://youtu.be/GBsipITuZmk?si=apB9vFq5fZReDhA1

#Eveningradio
#Mizzimaradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8💩3❤1
မြောက်ဒဂုံတွင် အသံချဲ့စက်ကို ဗုံးပုံစံပြင်ဆင်၍ အာဏာရှင်ဆန့်ကျင်ရေးသီချင်းများဖွင့်
👍9😁1
မြောက်ဒဂုံတွင် အသံချဲ့စက်ကို ဗုံးပုံစံပြင်ဆင်၍ အာဏာရှင်ဆန့်ကျင်ရေးသီချင်းများဖွင့်
=======================

ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်တွင် အသံချဲ့စက်(ဘလူးတုစ်ဘောက်)ကို ဗုံးပုံစံပြင်ဆင်၍ အာဏာရှင်ဆန့်ကျင်ရေး သီချင်းများကို ဖွင့်လှစ်ခဲ့ကြောင်း ပစ်တိုင်းထောင် သပိတ်အင်အားစုထံက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက် ညနေပိုင်းတွင် မြောက်ဒဂုံမြို့နယ် မန္တလေးလမ်းရှိ ညနေစျေးတွင် ပြုလုပ်ခဲ့ကြောင်း ပစ်တိုင်းထောင် သပိတ်အင်အားစုမှ Casperကပြောသည်။

"စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ အလိုမရှိကြောင်း ပြသဖို့နဲ့ ပြည်သူတွေကိုလည်း စည်းရုံးလှုံ့ဆော်ချင်တာကြောင့်ပါ။ ဘလူးတုဘောက်စ် ပုံးပေါ်မှာ စာရေးထားတာက တမင်ရေးထားတာပါ။ ဘယ်သူမှ လာမကိုင်ရင် အချိန်ကြာကြာဖွင့်နိုင်အောင်ပါ။" ဟု ပစ်တိုင်းထောင် သပိတ်အင်အားစုမှ Casper က ပြောသည်။

သီချင်းဖွင့်သည့် အသံချဲ့စက်ပေါ်တွင် "ပြည်သူမကိုင်ရ အန္တရာယ်ရှိသည်" ဟု ရေးသားထားပြီး တိပ်အဝါဖြင့်ပတ်ကာ ထိပ်တွင်လည်း ဝါယာကြိုးများထားကာ ဗုံးပုံသဏ္ဌာန်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လူနာတင်ယာဉ်များ၊ စစ်ကောင်စီတပ်နှင့်လက်အောက်ခံအဖွဲ့များရောက်ရှိလာပြီး မန္တလေးလမ်း အဝင်အထွက်အား ပိတ်ဆို့စစ်ဆေးခြင်း၊ မြို့နယ် အဝင်အထွက်နှင့် မြို့နယ်တွင်းတွင် စစ်ကောင်စီတပ်က လှည့်ပတ်စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခင်ကလည်း ထိုကဲ့သို့ လူသူရှုပ်ထွေးသော ဈေးနေရာများတွင် အသံချဲ့စက်ဖြင့် တော်လှန်ရေးသီချင်းများဖွင့်ကာ လူထုလှုံ့ဆော်မှုပြုလုပ်သည့် ဖြစ်ရပ်များရှိခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး

#Mizzima
#မြောက်ဒဂုံ
#တော်လှန်ရေးသီချင်း
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21😁1