စစ်အာဏာရှင်နှင့် တရုတ်ကုမ္ပဏီများကို ဆန့်ကျင်ဆန္ဒပြကြသည့် ကျေးရွာပေါင်းစုံသပိတ်
👍8❤3🔥1

=======================
ပါခွီး
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်နှင့် တရုတ်ကုမ္ပဏီများဆန့်ကျင်ရေး ချီတက်ပွဲကို ယနေ့ စက်တင်ဘာလ ၅ ရက်တွင် ပြုလုပ်ကြသည်ဟု သိရသည်။
လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်” စာတမ်းကိုင်ဆောင်ပြီး ချီတက်ခဲ့ကြခြင်းဖြစ်သည်။
စစ်အာဏာရှင်နှင့် တရုတ်ကုမ္ပဏီဖြစ်သော မြန်မာ-ဝမ်ပေါင်၊ မြန်မာ-ယန်စီကုမ္ပဏီများ ပူးပေါင်းပြီး ပြည်သူများကို ဖိနှိပ်သတ်ဖြတ်နေသောကြောင့် သပိတ်မှောက်ကြခြင်း ဖြစ်သည်။
ဝမ်ပေါင်-ယန်စီ ကုမ္ပဏီများ၏ လုပ်ငန်းခွင်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နေရာပေးထား သည်ဟု ဆိုသည်။ ယင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်မှုအပြင် နေအိမ်များပါ မီးရှို့ဖျက်ဆီးနေသည့်အတွက် သပိတ်မှောက်ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၈၉၆ ရက်မြောက် ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။
စာတည်း ။ ။ ဖူးသိမ်ကျ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ချီတက်ဆန္ဒပြ
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍12🔥1
Media is too big
VIEW IN TELEGRAM
အာဆီယံရင်းနှီးမြှုပ်နှံမှုဖိုရမ်သို့ စစ်ကောင်စီရဲ့ DICA ညွှန်ကြားရေးမှုးချုပ် တက်ရောက်
Watch more detail - https://youtu.be/J11pO5LSNIg
#reels
#shorts
#BusinessRoundUp
#MizzimaTV

😁5❤1🤬1
လှိုင်သာယာ၌ ၇ နှစ်အရွယ်ကလေးအပါအဝင် မိသားစုဝင် ၃ ဦး အသတ်ခံရ
=====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ ၁၈ ရပ်ကွက်၊ ရွှေရင်အေးဘုရားလမ်းနှင့် အနန္တသူရိယလမ်းထောင့်ရှိ နေအိမ်တအိမ်တွင် စက်တင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က ခုနစ်နှစ်အရွယ်ကလေးအပါအဝင် မိသားစုဝင်သုံးဦး အသတ်ခံရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
အသတ်ခံရသူများမှာ ဦးဌေးလွင်၊ ဇနီးဖြစ်သူ ဒေါ်စုလှိုင်ဝင်းနှင့် အသက် ခုနစ်နှစ်အရွယ်ခန့် သားဖြစ်သူ မောင်ဖြိုးမြတ်ကိုကိုတို့ဖြစ်ကြောင်းသိရသည်။
“အသတ်ခံရတဲ့သူက ငွေတိုးချေးစားတဲ့ လူပါ၊ သေဆုံးမှုကတော့ အတည်ပြုပါတယ်။ ပုဂ္ဂိုလ်ရေး အငြိုး ကြောင့် လုပ်သွားတာပါ” ဟု HTY Scout Information မှတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
အသတ်ခံရသူ ဦးဌေးလွင်မှာ ဓားဒဏ်ရာ လေးချက်၊ ဒေါ်စုလှိုင်ဝင်းမှာ ဓားဒဏ်ရာ သုံးချက်နှင့် မောင်ဖြိုး မြတ်ကိုကိုမှာ ဓားဒဏ်ရာသုံးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၄ ရက်နေ့ညပိုင်း၌ အခင်းဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့များလာရောက်သွားကြောင်း ဒေသခံတဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူများအနက်မှ နှစ်ဦးကိုဖမ်းမိထားပြီး တဦးလွတ်မြောက်နေကြောင်း ဒေသခံ၏ပြောကြား ချက်ကြောင့် လှိုင်သာယာမြို့မရဲစခန်းအား ဖုန်းခေါ်ဆိုသော်ခဲ့လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။
ယခုဖြစ်စဉ်သည် ပြည့်သူများ၏ အသက်အန္တရာယ်လုံခြုံမှုမရှိတော့သည်ကို မီးမောင်းထိုးပြခြင်းဖြစ်ပြီး ဥပဒေမဲ့လုပ်ရပ်များ ပိုမိုများပြားလာကြောင်း လှိုင်သာယာမြို့နယ်နေ အမျိုးသမီးတဦးက ပြောသည်။
“ဥပဒေမှ မစိုးမိုးတာ။ လမ်းသွားလည်း ကြောက်ရတယ်၊ လိုင်းကားစီးလည်း ကြောက်ရတယ်၊ ကိုယ့်အိမ် မှာကိုယ်နေလည်း မလုံခြုံဘူး” ဟု ဆိုသည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကို အခွင့်ကောင်းယူကာ ခိုးဆိုး လုနှိုက်မှုများ၊ လူသတ်မှုများနှင့် ရာဇဝတ်မှုများ ပိုမိုများပြားလာသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#နိုင်ငံရေးအခြေအနေ
#လှိုင်သာယာ

🤬8👍7❤1
This media is not supported in your browser
VIEW IN TELEGRAM
မြန်မာ - တရုတ်နယ်စပ် နှစ်နိုင်ငံ ယာယီဝင်ထွက်ခွင့်ကတ် ပြုလုပ်ပေးနေ
Watch more detail - https://youtu.be/J11pO5LSNIg
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/J11pO5LSNIg
#reels
#shorts
#BusinessRoundUp
#MizzimaTV
🔥3😁2
ဘဏ်စုငွေများ အလိုအလျောက် ပျောက်ဆုံးသွားပြီးနောက်
===================
ကီရာ
(မဇ္ဈိမ)။ ။ ဦးစန်းအောင်၏ သမီးဖြစ်သူပိုင်ဆိုင်သော ကမ္ဘောဇ Special Account နှင့် Old Account မှငွေသိန်း၁၀၀ ကျော်သည် ၎င်းတို့ အိပ်မောကျနေစဉ်အချိန်တွင် အလိုအလျောက် ထုတ်ယူအခိုးခံရခြင်းကို ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ထုတ်ယူအခိုးခံရခြင်းကို နောက်တနေ့ နံနက်မှသာ ၎င်းတို့သိရှိခဲ့ရပြီး တခါသုံး One Time Password OTP ကုတ်များသည် ၎င်း၏ဖုန်းသို့ စာတို (sms) အဖြစ် လေးကြိမ်ဆက်တိုက် ရောက်ရှိနေခြင်းမှ မသင်္ကာသဖြင့် ၎င်း၏ မိုဘိုင်း Banking အက်ပလီကေးရှင်းကို ဝင်ကြည့်ရာမှ အကောင့်နှစ်ခုမှ ငွေများသည် Mytel Pay Wallet (09681074802 - ဟေမာန် နှင့် 09897138327- မင်းကိုအောင်တို့အကောင့်များထံသို့ ငွေများ ရောက်ရှိသွားကြောင်း တွေ့လိုက်ရသည်။
“ ဖြစ်ဖြစ်ချင်း ဘဏ်ကို လိုက်သွားတယ် ဘုရင့်နောင် ဘဏ်ခွဲကို လိုက်သွားတယ် ဘဏ်မန်နေဂျာနဲ့ တွေ့တယ် ဒါကို အရေးဆိုတယ် ။သူတို့ကပြောတာကတော့ ဟုတ်ကဲ့ပါပေါ့ ပြီးတော့ သိပ်မကြာခင် ရဲစခန်းမှာ အမှုဖွင့်ပါ ပြောလာတော့ အမှုသွားဖွင့်ပေးလိုက်တယ် “ဟု ဦးစန်းအောင်မှ ဖြစ်စဉ်အစပိုင်းအခြေအနေကို ပြောပြသည်။
ငွေထုတ်ယူမှုဖြစ်ပွားပြီးနောက် ဘဏ်သို့ သွားရောက်အကြောင်းကြားခြင်း နှင့် ရဲစခန်းသို့ အမှုဖွင့်ခြင်းများကို လုပ်ဆောင်ခဲ့သော်လည်း ရက်ပေါင်း ၂၇ရက်ကြာသည့်အထိ မည်သည့်တုံ့ပြန်မှုကိုမှ ပြန်လည်ရရှိခြင်း မရှိသည့်အတွက် ဦးစန်းအောင်မှ အဆိုပါဖြစ်စဉ်ကို လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
ထိုသို့ လူမှုကွန်ရက်တွင် ပြန်လည်မျှဝေပြီးနောက် ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများကဆက်သွယ်လာပြီး ၎င်းတို့ အတတ်နိုင်ဆုံး ဖြေရှင်းပေးမည့်အကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ပြောသည်။ သို့သော် လက်ရှိအချိန်ထိလည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မည်သည့်အခြေအနေမှ ပြန်လည်ကြားရခြင်း မရှိသေးပေ။
“ သူတို့ တာဝန်ရှိတဲ့သူတွေကိုယ်တိုင် အိမ်ထိလိုက်လာပါတယ်။ ဒါလေးကို ခဏလေး နားလည်ပေးပါပေါ့ ဦးအောင်ကိုဝင်းကလည်း တိုက်ရိုက်ပြောနေပါတယ်။ နောက်တခု ဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ကလည်း ငါ့ဆီကို ဖုန်းဆက်တယ် နာမည်လည်းမေ့နေပါပြီ ။ ဦးလေးတဲ့ ကျွန်တော်တို့စစ်ဆေးနေပါတယ် လုပ်ငန်းရဲ့ သဘောတရားအရတော့ သူတို့ကို အချိန်လေးပေးပါပေါ့ မနစ်နာစေရပါဘူး ပြောတယ်။ ဒီလိုအဆင့်က လူတွေကတောင် ဒီလိုမျိုးတွေ လာပြောတယ်ဆိုတော့ သူတို့လုပ်ပေးမယ်လို့ ယုံကြည်မိတယ် ။ ဒါပေမယ့်လည်း ခိုင်လုံတဲ့ အကြောင်းအရာတွေ ဘာဖြစ်တယ် ဘာညာကတော့ ဘာမှ မလာသေးဘူး။ ဘာမှကို မထူးလာလို့ လိုင်းပေါ်တက်ရေးလိုက်တာပါ။ အဲ့မှာ အုတ်အောင်းသောင်းနင်း ဖြစ်သွားပြီးတော့ ချက်ချင်း ဘဏ်ရဲ့ နယကကြီး ကိုယ်တိုင်ကကို အန်ကယ့်ရဲ့ မိတ်ဆွေတယောက်ဆီကတဆင့် ချိတ်ဆက်ပြီး ဖုန်းဆက်လာတယ်။ သူတို့ တွေ့ချင်ပါတယ် ။ဒီကိစ္စကို ဒီလို အသိပေးတာ ကျေးဇူးတင်ပါတယ် ဘာညာပေါ့ အဲ့ကနေတဆင့် တာဝန်ရှိတဲ့သူတွေက အိမ်ထိရောက်လာပြီး သူတို့ မေတ္တာရပ်ခံပါတယ် ၊ ကျွန်မတို့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ် အဲ့ဒါလေး အချိန်လေး ခဏပေးပါ ဆိုပြီးတော့ ပြောတဲ့အဆင့်ကနေ အခုကတော့ ကြာသွားပါပြီ ဘာမှမထူးလာသေးပါဘူး”ဟု ၎င်းက ပြောသည်။

👍21😁4😢2
This media is not supported in your browser
VIEW IN TELEGRAM
KNU ညောင်လေးပင်ခရိုင်မှာ စစ်ရှောင်ပြည်သူ နှစ်သိန်းကျော်အထိတိုးလာ
Watch more detail - https://youtu.be/J11pO5LSNIg
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/J11pO5LSNIg
#reels
#shorts
#BusinessRoundUp
#MizzimaTV
🔥7😢6🤬3👍2
စက်တင်ဘာလ (၅) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
=================
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့တွေ့ဆုံပြီး အီလက်ထရောနစ် မဲပေးစက်ကို မိတ်ဆက်ခဲ့တဲ့အကြောင်းနဲ့အတူ မင်းတပ်မြို့မှာ သောက်သုံးရေနဲ့ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတဲ့အကြောင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့ စီးပွားရေးသတင်းတွေကို ကြားကြရမှာဖြစ်ပြီး နိုင်ငံတကာဘက်မှာတော့ အာဆီယံထိပ်သီး အစည်းအဝေးကို ထိုင်းဝန်ကြီးချုပ်သစ် မတက်ရောက်နိုင်ဘူးဆိုတဲ့ အကြောင်းနဲ့အတူ ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံတစ်ဝှမ်းက ဆိုင်ပိုင်ရှင်တွေ ဆန္ဒပြခဲ့ကြတယ်ဆိုတဲ့ အကြောင်း တွေကို နားဆင်ကြရပါမယ်။
အဲဒီနောက်မှာတော့ အပတ်စဉ်ကဏ္ဏအနေနဲ့ “ဆက်သွယ်မေးမြန်းချက်” အစီအစဉ်တွေကို နားဆင်ရဖို့ရှိပြီး နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်သွားဖို့ရှိပါတယ်။
https://youtu.be/9hWWoY6P320?si=5orMH0aJB5cKAs3l
#Mizzimaradio
#Eveningradio
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စက်တင်ဘာလ (၅) ရက်၊ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်(UEC)က နိုင်ငံရေးပါတီ ၃၆ ပါတီနဲ့တွေ့ဆုံပြီး အီလက်ထရောနစ် မဲပေးစက်ကို မိတ်ဆက်ခဲ့တဲ့အကြောင်းနဲ့အတူ မင်းတပ်မြို့မှာ သောက်သုံးရေနဲ့ လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတဲ့အကြောင်းတွေ ပါဝင်တဲ့ နောက်ဆုံးရ ပြည်တွင်းသတင်းနဲ့…
🤮4👍3❤1
Media is too big
VIEW IN TELEGRAM
မြန်မာ့ ကုန်ထုတ်လုပ်မှု ဈေးနှုန်းဖိအားကြောင့် ကုန်ကြမ်းရရှိရန် ခက်ခဲလာနေ
Watch more detail - https://youtu.be/J11pO5LSNIg
#reels
#shorts
#BusinessRoundUp
#MizzimaTV
Watch more detail - https://youtu.be/J11pO5LSNIg
#reels
#shorts
#BusinessRoundUp
#MizzimaTV
👍5🔥2
မြဝတီတွင်နေထိုင်သူများ စစ်ကောင်စီတပ်စွဲထားသည့်နေရာများနှင့် ဝေးဝေးနေကြရန် Federal Wings သတိပေး
=================
002
(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နေထိုင်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထားသည့် နေရာများ နှင့် ဝေးဝေးနေကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဖြစ်သည့် Cobra စစ်ကြောင်းတို့၏ စီမံခန့်ခွဲမှုလက်အောက်ခံ Federal Wings က သတိပေးထား သည်။
ဒရုန်းတိုက်ခိုက်မှုများသည် တိကျမှုရှိသည်မှာ မှန်သော်လည်း မလိုလားအပ်သည့် ဘေးထွက်ထိခိုက်မှုများ မှ ရှောင်ရှားနိုင်ရန်အတွက် မြဝတီမြို့တွင်နေထိုင်သော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စွဲထား သည့် ရုံးများ၊ တပ်စခန်းများနှင့် ဝေးရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ပေးကြပါရန် အထူး မေတ္တာရပ်ခံ သတိပေးပန်ကြားအပ်ကြောင်း Federal Wings က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထို့ပြင် စစ်ကောင်စီအားတော်လှန်တိုက်ခိုက်ရာတွင် လက်နက်ကိုင်ထားသူများကို ထိခိုက်စေသည့် ရည် ရွယ်ချက်ရှိကြောင်း၊ လက်နက်မကိုင်ထားသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်ကောင်စီဝန်ထမ်း၏ မိသားစုဝင်များအနေဖြင့် သက်ဆိုင်ရာ ရုံးဌာနများ၊ လိုင်းခန်းများမှ စွန့်ခွာဖယ်ရှားကြရန် အထူးသတိပေး အပ်ကြောင်း Federal Wings က ဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့များအခြေချတပ်စွဲနေသည့် မြ၀တီမြို့ထွေအုပ် ရုံးနှင့်ရဲစခန်းအား Federal Wings ဒရုန်းတပ်ဖွဲ့မှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း ခလရ (၂၇၅) ယာယီတပ်ရင်းမှူး အောင်ကျော်မင်း၊ မြ၀တီခရိုင် အုပ်ချုပ်ရေး မှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ်ဦးစီး ဦးထွန်းထွန်းလင်း၊ ထွေ/အုပ်စာရေး ဦးပြည့်ဖြိုးအောင်နှင့် ယာဉ်ထိန်း ရဲအုပ် နေလင်းစိုးတို့ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦးဒဏ်ရာရရှိခဲ့ကာ ငါးဦးမှာ ဒဏ်ရာပြင်းထန် ခဲ့သည်။
Federal Wings မှာ စစ်ကောင်စီကို ဒရုန်းဖြင့် ခုခံတိုက်ခိုက်နေသည့်အဖွဲ့ဖြစ်ပြီး ဒရုန်းများကို နည်းပညာ အဆင့်မြှင့်တင်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု အဆိုပါအဖွဲ့က ပြောကြားထားသည်။
စာတည်း။ ။စောဖေ
#ကရင်ပြည်နယ်
#မြဝတီမြို့
#Federal_Wings

👍15👏2😁2
This media is not supported in your browser
VIEW IN TELEGRAM
Sep- 5 [ 7 Pm ] The Mizzima Primetime
Mizzima Headline News
#7pmnews #themizzimaprimetime #reels #shorts

👍6😁3🍌1
ရန်ကုန်တွင် စစ်ကိုင်းမှတ်ပုံတင်ကိုင်ဆောင်သူ အဆောင်နေအမျိုးသမီး ၁၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ
===================
ဓါတု၊ ဂန္ဓမာ
(မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ်တွင် စစ်ကောင်စီက စစ်ကိုင်းမှတ်ပုံတင် ကိုင်ဆောင်သူ အဆောင်နေအမျိုးသမီး ၁၁ ဦးကို ဧည့်စာရင်းဝင်စစ်စဉ် ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက မဇ္ဈိမကို ပြောသည်။
တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ ရာဇသူရလမ်းရှိ အဆောင်တိုက်ခန်းတခုကို စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဆိုသည်။
စစ်ကိုင်းမှတ်ပုံတင်တွေ့၍ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူတဦးကမဇ္စျိမကို ပြောသည်။
“အဆောင်နာမည် စုံစမ်းဆဲပါဗျ။ ပုံမှန်ဧည့်စစ်ပါ၊ စစ်ရင်းနဲ့ စစ်ကိုင်းတိုင်းမှတ်ပုံတင်တွေ့လို့ အဆောင်က မိန်းကလေး ၁၁ ယောက်လောက်ကို ရိုက်နှက်ပြီး ခေါ်သွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း တို့၌ နေထိုင်သူများအားစစ်ဆေးတွေ့ရှိပါက ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့နှိပ်စက်ခြင်းများ လုပ်ဆောင် လေ့ရှိကြောင်း စစ်ဆေးခံခဲ့ရသူများက ပြောသည်။
ထိုနေ့က အမျိုးသမီးအဆောင်သို့ စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီခန့် ရပ်ကွက်တာဝန်ရှိသူများ အပါ အဝင် လူ ၂၀ ဝန်းကျင်ဖြင့်ဝင်စစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ အဆိုပါရပ်ကွက်သို့ စစ်ကောင်စီတပ်က မကြာခဏဧည့်စာရင်းဝင်စစ်လေ့ရှိသည်ဟု ရပ်ကွက်တွင်နေထိုင် သူများကဆိုသည်။
အဆိုပါ အမျိုးသမီးများကို မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေ များကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
“ဖမ်းဆီးထိန်းသိမ်းခွင့်နဲ့ပတ်သက်ရင် ရာဇဝတ်ကျင့်ထုံး ဥပဒေတွေအရဖြစ်စေ၊ တည်ဆဲ ရဲတပ်ဖွဲ့ဥပဒေ အရဖြစ်စေ၊ ရဲတပ်ဖွဲ့ကပဲ တရားစွဲအဖွဲ့အစည်းအနေနဲ့ ဆောင်ရွက်ခွင့်ရှိပါတယ်၊ စစ်တပ်က ဝင်ရောက်ပြီး တော့ဖမ်းဆီးခွင့်က ၁၉၅၉ ခု တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေမှာ ပြဌာန်းထားတာ လုံးဝ မရှိပါဘူး။ အဲဒါကြောင့် အရပ်သား နိုင်ငံသားပြည်သူတွေကို စစ်တပ်ကနေဝင်ရောက်ပြီး ဖမ်းဆီးတာက ဥပဒေနဲ့အညီ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်” ဟု ဝါရင့်ရှေ့နေတဦးက မဇ္ဈိမကို ပြောသည်။
အမျိုးသမီးများကို ရိုက်နှက်ခြင်းသည် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီသည် Gender အခြေပြု အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက မဇ္ဈိမကို ပြောသည်။
“အကြမ်းဖက် စစ်ကောင်စီလက်ထက်မှာဆိုရင်တော့ ဒီအကြမ်းဖက်မှုတွေက နိစ္စဓူဝဖြစ်နေမှာပဲ။ အမျိုး သမီးတွေ၊ မိန်းကလေးငယ်တွေကို ဦးတည်ပစ်မှတ်ထားပြီးတော့မှ လိင်ပိုင်းဆိုင်ရာအပါအဝင် ဒီ Gender ပေါ် အခြေပြုတဲ့အကြမ်းဖက်မှုတွေကိုလည်း ဆက်ပြီးတော့ ကျူးလွန်နေမှာပဲ ဖြစ်တယ်” ဟု ဆိုသည်။
စက်တင်ဘာလ ၃ ရက်နေ့ညက တောင်ဥက္ကလာပမြို့နယ်အပြင် မရမ်းကုန်းမြို့နယ်၊ သမိုင်းမုဒိတာ အိမ်ယာတွင်လည်း စစ်ကောင်စီတပ်နှင့်အတူ ၎င်း၏ လက်အောက်ခံများမှ တအိမ်ဝင်တအိမ်ထွက်ပြီး ဧည့်စာရင်းတိုင်ကြားခြင်း ရှိ၊ မရှိစစ်ဆေးခဲ့ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။ စောဖေ
#ရန်ကုန်
#အမျိုးသမီး၁၁ဦး
#စစ်ကောင်စီရိုက်နှက်
#Mizzima

🤬13👍6😱4❤1👎1
အာဏာသိမ်းမှုနောက်ပိုင်း TNLA ပိုမိုအင်အားကြီးလာပြီး နယ်မြေချဲ့ထွင်မှု အရှိန်မြင့်လာဟု နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ ထုတ်ပြန်
====================
001
(မဇ္စျိမ) ။ ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ပို၍အင်အားကြီးလာပြီး နယ်မြေချဲ့ထွင်မှုအရှိန် မြင့်တက်လာကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့ International Crisis Group (ICG)၏ စက်တင်ဘာလ ၄ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
တပ်သား ၁၀,၀၀၀ မှ ၁၅,၀၀၀ အတွင်း အင်အားရှိသည့် TNLA သည် ၎င်း၏ထိန်းချုပ်နယ်မြေနှင့် အနီး တဝိုက်မြို့များတွင် ပေါ်ပေါ်ထင်ထင်သွားလာနိုင်သည်အထိ အင်အားကြီးလာကြောင်း ICG ၏ “ခယောင်း လမ်းကို ပါးပါးနပ်နပ်လျှောက်လှမ်းခြင်း၊ ရှမ်းပြည်နယ်အတွင်း အင်အားကြီးထွားလာသည့် တအာင်း တပ်မတော်”ခေါင်းစဉ်ဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ရေးသားထားသည်။
အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီတပ်က ၎င်း၏အင်အားအများအပြားကို ရှမ်းပြည်နယ်မြောက်ပိုင်း မှ ဆုတ်ခွာစေပြီး စစ်တလင်းအသစ်များသို့ ပို့ဆောင်ကာ စစ်တပ်ဆုတ်ခွာသွားသည်နှင့် တပြိုင်နက် TNLA နှင့် မဟာမိတ်များသည် ၎င်းတို့၏လှုပ်ရှားမှုခွင်ကို ချဲ့ထွင်လိုက်ကြပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကို ရှမ်းမြောက်ဒေသမှ တိုက်ခိုက်နှင်ထုတ်ခဲ့ကြောင်း ICG က ဖော်ပြသည်။
စစ်ကောင်စီတပ်သည် စစ်မျက်နှာပြင်အများအပြားဖွင့်တိုက်ရပြီး ရှမ်းမြောက်ဒေသကို အာရုံမစိုက်နိုင် လေ TNLA က ၎င်း၏ “တအာင်းပြည်” တည်ထောင်ရေး နိုင်ငံရေးရည်မှန်းချက် ပြည့်ဝအောင် အင်အားပိုမို တည်ဆောက်လာရုံမက အုပ်ချုပ်ရေးယန္တရားတခုကိုလည်း ဖော်ဆောင်လာကြောင်း ဆိုသည်။
TNLA အနေဖြင့် အခြားအင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခြေရာအတိုင်း တအာင်း အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့်လက်တွဲပြီး တရားစီရင်ရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများပါဝင်သော အုပ်ချုပ်ရေး ယန္တရားများကို ဖော်ဆောင်နေကြောင်း သိရသည်။
“ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တအာင်းပြည်ပေါ်ထွက်ရေး ခရီးရှည်မှာ လမ်းခုလတ်တွင်သာ ရှိနေသေးသည်။ သို့သော် TNLAသည် အာဏာသိမ်းမှုနောက်ပိုင်း (အထူးသဖြင့်) အမျိုးသမီးများ ဦးဆောင်သည့် အဖွဲ့များ အပါအဝင် တအာင်းအရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားတခုကို လက်တွေ့ဖန်တီးနေသည်" ဟု ICG က ဆိုထားသည်။
ထို့ပြင် TNLA အနေဖြင့် အင်အားနှင့် ထိန်းချုပ်နယ်မြေ ခိုင်မာတောင့်တင်းအောင် အာဏာသိမ်းမှုအလွန် ပဋိပက္ခအခင်းအကျင်းတွင် (စစ်တပ်နှင့် ၎င်းကို ဆန့်ကျင်သည့် အဖွဲ့များအကြား) ဘက်တဘက်ကို ရွေး ချယ်ခြင်းထက် စည်းရိုးခွမူဝါဒကို ကျင့်သုံးခဲ့ကြောင်း ICG ၏ အစီရင်ခံတွင် ရေးသားထားသည်။
TNLA သည် စစ်တပ်နှင့် တတ်နိုင်သမျှ ထိပ်တိုက်တွေ့ ပစ်ခတ်မှုများကို ရှောင်ကြဉ်ခဲ့သကဲ့သို စစ်တပ်ဆန့် ကျင်ရေး လက်နက်ကိုင်အဖွဲ့များကို စစ်သင်တန်းပေးခြင်း၊ လက်နက်ထောက်ပံ့ခြင်းတို့ကို လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုဘဲ ကူညီခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်လည်း ပေါ်ပေါ်ထင်ထင်ထက် စာလျှင် တရားဝင်သဘောမျိုးမဟုတ်သည့် ဆက်ဆံရေးတရပ် ထားရှိကြောင်းလည်း ဆိုသည်။
တဖက်တွင်လည်း TNLA၏ အင်အားကြီးထွားလာမှုသည် ၎င်းနှင့် ၎င်းထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုကို အန္တရာယ်ပေးနိုင်ဆဲဖြစ်ပြီး လက်ရှိအခြေအနေ မှတဆင့် နယ်မြေပိုမိုချဲ့ထွင်ပါက အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ(သို့မဟုတ်)စစ်တပ်နှင့် ထိပ်တိုက်တွေ့ပြီး ပဋိပက္ခကို ဦးတည်စေနိုင်ကာ နယ်မြေ ချဲ့ထွင်ခြင်းမပြုလျှင်ပင် စစ်ကောင်စီတပ်အနေဖြင့် ယခင်ကစွန့်လွှတ်ခဲ့သော နယ်မြေများကို နောင်တချိန် တွင် ပြန်လည်သိမ်းပိုက်ရန် ကြိုးပမ်းလာနိုင်ကြောင်း ICG က သုံးသပ်ထားသည်။
ထို့ကြောင့် ပဋိပက္ခစစ်မီးကို တကျော့ပြန်တောက်လောင်နိုင်စေသဖြင့် လက်ရှိအနေအထားမှ နယ်မြေ ပိုမိုချဲ့ထွင်ခြင်းကို ရှောင်ကြဥ်ရန်လိုပြီး TNLA ထိန်းချုပ်နယ်မြေရှိ တအာင်းမဟုတ်သော အခြား တိုင်း ရင်းသား လူနည်းစုများကို ဖိနှိပ်ရန်စသည့် အပြုအမူမျိုးမလုပ်မိရန် သတိကြီးကြီးထားသင့်ကြောင်း ICG က သုံးသပ်ထားသည်။
အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းကိုလည်း ရပ်တန့်ပြီး တပ်သားသစ်စုဆောင်းမှုမူဝါဒကို ပြုပြင်ပြောင်း လဲသင့်ကာ ကလေးစစ်သားစုဆောင်းမှုကိုလည်း လုံးဝတားမြစ်ပြီး ထိထိရောက်ရောက်နှိမ်နင်းသင့် ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီတပ်နှင့် TNLA တို့ အကြား ပြီးခဲ့သည့် ဇူလိုင်လမှစ၍ ထိတွေ့တိုက်ပွဲများ ပြန်လည်ပြင်းထန်လာလျက်ရှိသည်။

👍23❤6😁2
ဝက်လက်မြို့နယ်က စစ်ဘေးရှောင်များ ဆေးဝါးအကူအညီ လိုအပ်(ရုပ်၊သံ)
====================
KMN (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်ဟာ ကျန်းမာရေး ချို့တဲ့ပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီစစ်ဘေးရှောင်တွေဟာ စစ်ကောင်စီစစ်ကြောင်းတွေကြောင့် စစ်ရှောင်နေကြရတာ တလကျော်ကြာမြင့် နေပြီး စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့က စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။
https://youtu.be/Zjl34GWJYdM?si=WHhNrMoeJEeTSVbN
#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#စစ်ဘေးရှောင်
တင်ဆက်၊တည်းဖြတ် - KMN
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
KMN (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်ဟာ ကျန်းမာရေး ချို့တဲ့ပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီစစ်ဘေးရှောင်တွေဟာ စစ်ကောင်စီစစ်ကြောင်းတွေကြောင့် စစ်ရှောင်နေကြရတာ တလကျော်ကြာမြင့် နေပြီး စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့က စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ တယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ပြောပါတယ်။
https://youtu.be/Zjl34GWJYdM?si=WHhNrMoeJEeTSVbN
#စစ်ကိုင်းတိုင်း
#ဝက်လက်မြို့နယ်
#စစ်ဘေးရှောင်
တင်ဆက်၊တည်းဖြတ် - KMN
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဝက်လက်မြို့နယ်က စစ်ဘေးရှောင်များ ဆေးဝါးအကူအညီ လိုအပ်(ရုပ်၊သံ)
KMN (မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်က စစ်ဘေးရှောင် ၅၀၀ ကျော်ဟာ ကျန်းမာရေး ချို့တဲ့ပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီစစ်ဘေးရှောင်တွေဟာ စစ်ကောင်စီစစ်ကြောင်းတွေကြောင့် စစ်ရှောင်နေကြရတာ တလကျော်ကြာမြင့် နေပြီး…

❤5👍3😢2🔥1
သစ်ချဆိပ်စခန်းသိမ်းပိုက်ခံရပြီးနောက် အရပ်သားပစ်မှတ်များကို စစ်ကောင်စီ ဦးတည်တိုက်ခိုက်နေဟုဆို
🤬12❤1👍1🔥1